အရိ်ပ်မလွတ်
“အရိပ်မလွတ်”
ဟိုတစ်လောကဆွမ်းကျွေးတစ်ခုမှာ ငယ်သူငယ်ချင်းတစ်ယောက်ရဲ့အကိုနဲု့ဆုံကြပါတယ်။
သူတို့က ဘိုးစဉ်ဘောင်ဆက် မြန်မာဆေးထုတ်လုပ်ရေး လုပ်ငန်းကိုလုပ်လာကြတာပါ။
သူတို့အဖိုးအဖွားလက်ထက်ကတည်းက စခဲ့တဲ့ နာမယ်နဲ့ဘဲဆွေမျိုးအစဉ်အဆက်လုပ်လာခဲ့ကြတာပေါ့။
အဖုးိအဖွားကနေ ပွားစည်းလိုက်တော့ အခုချိန်မှာတော့ဆွေမျိုးစုကြီးဖြစ်သွားတာပေါ့။
ဆွေမျိုးစုကြီးဖြစ်လာတဲ့အချိန်မှာလုပ်ငန်းတွေခွဲမထွက်ဘဲ ဒီဆေးနာမယ်နဲ့ဘဲလုပ်ကို်င်
စားသောက်ကြပါသတဲ့။
အဲတော့ ဆွေမျုးိစုတွေများလေ ဆိုင်ခွဲတွေများလေဖြစ်လာတော့တာပေါ့။
နောက်ပိုင်းဘာဖြစ်လာသလဲဆိုတော့ သူက ပင်ရင်း ငါက ပင်ရင်းဆိုအငြင်းပွားကြတော့တာပေါ့။
တစ်ယောက်နဲ့တစ်ယောက် စကားအပြိုင်အဆိုင်တွေဖြစ်လာကြတော့
တရားစွဲမယ် ပြုမယ်အဆင့်ထိရောက်ကုန်တော့ပေါ့။
သူကလဲ စိတ်ညစ်တဲ့အကြောင်းပြောသွားတာ အကြာကြီး ဝအီနေအောင်
နားထောင်လိုက်ရပါတယ်။
ကျနော်တို့ဆီမှာဒီလို ပုံစံတူပြဿနာတွေအများကြီးပါဘဲ။
အဖိုးအဖွားလက်ထက်က စခဲ့တဲ့ အောင်မြင်တဲ့လုပ်ငန်းရဲ့ နာမယ်တစ်ခုကို
သားစဉ်မြေးဆက် တီတွတ်ဂျွတ်ထိ ဒီနာမယ်ဘဲ ဝိုင်းပြီးလုပ်ကိုင်စားသောက်ကြတော့
ရေရှည်မှာ တော့ သူပိုင်ငါပိုင်အငြင်းပွားကြရတော့တာဘဲ။
မျိုးရိုးဂုဏ်ကို စောင့်ထိန်းတယ် ဆက်ခံတယ်ဆိုတာထက် ဒီနာမယ်ရဲ့
အရိပ်ကို အောက်ကို စုပြုံတိုးပြီးဝင်ခိုကြတာပါ။
ဒါကြောင့်လည်း နာမယ်လေးတစ်ခုထဲကို ဘဲ
ဟိုကလဲ ပင်ရင်း ဒီကလဲ ပင်ရင်း ဆိုတဲ့ဆိုင်းဘုတ်တွေရေးကြ။
အပြန်အလှန်သတင်းစာထဲထည့်ကြနဲ့သွားလေသူတွေကိုအရှက်ရအောင်
လုပ်နေသလိုပါဘဲ။
အောင်မြင်ခဲ့တဲ့လုပ်ငန်း တစ်ခု ရဲ့ အောင်မြင်သွားရတဲ့အကြောင်းတရား
အောင်မြင်သွားစေတဲ့လုပ်ငန်းလျို့ဝှက်ချက်ကို တတ်အောင်သင်ပြီး
အခြားနာမယ်တစ်ခုနဲ့ အောင်မြင်အောင်လုပ်ဘို့မစဉ်းစားဘဲ
ဒီအောင်မြင်ခဲ့တဲ့နာမယ်အောက်မှာဘဲ အလိုက်သင့်မျှောလိုက်ချင်ကြတာကိုး။
အရိပ်ဖြစ်လာစေတဲ့အကြောင်းတရားကို ဆက်အသုံးချပြီးနောက်ထပ်အရိပ်
တစ်ခုဖြစ်အောင်မဖန်တီးဘဲ ဒီအရိပ်လေးအောက်ဘဲဝိုင်းပြီးဝင်တိုးနေတော့
ဘယ်သူမှအရိပ်ကောင်းကောင်းမရတော့ပါဘဲ။
အဲတော့ အရိပ်များများရချင်တော့အပြိုင်အဆိုင် လုပြီး ရန်တွေဖြစ်ကြရတော့တာပေါ့။
ကျနော်တို့လူမျိုးက ဆွေဂုဏ်မျုးိဂုဏ်ထိန်းသိမ်းတယ်အမည်ခံပြီး
မှီချင်ကြတာ နေရာတကာပါဘဲ.။
တနည်းပြောရင် အရိပ်အောက်က ကို ထွက်ပြီး မစွန့်စားရဲကြတာပါ။
အင်းသူများကိုသာအာဘောင်အာရင်းသန်သန်နဲ့ဝေဖန်နေတာ
ဟိုလူကြီးတွေနဲ့ တွေ့လို့ မိတ်ဆက်ရင် ကျနော် အဖိုးက ဘယ်သူပါ
လို့ပြောပြီး ကိုယ့်ကိုကို်ယ် မိတ်ဆက်ပေးတုံးပါဘဲ။
ဒန် ဒန့် ဒန်
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
2-8-2013
20 comments
KZ
August 2, 2013 at 3:47 pm
သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားးးးး ဆိုသကိုးးးး
ခက်တာက ကောင်းကောင်းမနားးးးးး
ဟိုဆိတ် ဒီဆွနဲ့ အရိပ်ပေးတဲ့ အပင် ငှုတ်စိဖြစ်အောင်လည်း မလုပ်သင့်ဘူးကိုးးးဗျ။
ခွိခွိ။
ထင်ရာမြင်ရာ ဝင်ဖောတယ်လို့ပဲ မှတ်ပါလေ။
😀
မဟာရာဇာ အံစာတုံး
August 2, 2013 at 3:55 pm
ဖြစ်နေဘူးးးး
ကျုပ်နံမယ် ဂိုလည်း လာမယ့် သားစဉ်မြေးဆက် ..
ဂုလို ပင်ရင်း ပြဿနာ မဖြစ်ရလေအောင် ..
ခုတည်းဂ ခုနှစ်နဲ့တကွ မှတ်ပုံတင်ထားမှ …
မင်းမင်း
August 2, 2013 at 4:42 pm
ဒီတော့ တရားရုံး နဲ့ ပါတ်သတ်သမျှ
သော ပုဂ္ဂိုလ် ကြီးငယ်မဟူ
ကြီးငယ်မဟူ
ကြီးငယ်မဟူ
သိတယ်နော့်
ကိုပေါက်(မန္တလေး)
August 2, 2013 at 4:50 pm
ကုန်လဲကုန်ရော
ပြိးလဲပြီးရော နော့
အလင်း ဆက်
August 2, 2013 at 9:33 pm
ဒါတောင် အက်တာဟိ အတ်တာနော နာထော..ဆိုလား…
ပြောပြောနေကြသေးတယ် ။
uncle gyi
August 2, 2013 at 10:38 pm
ယဉ်ကျေးမှုကစပြင်မှရမယ့်ကိစ္စဆိုတော့မပြောတော့ဖူး
Ma Ma
August 3, 2013 at 7:56 am
ခက်တော့လည်း ခက်သားပဲ။
ဆေးတစ်မျိုး (လုပ်ငန်းတစ်ခု) နာမည်ပေါက်ဖို့ဆိုတာ အတော်ကြီးကိုခက်ခဲတော့ ရှိပြီးသား/ရပြီးသားနာမည်ကိုပဲ သုံးချင်ကြမှာပေ့ါ။
အဲဒီနာမည်တစ်လုံးရဲ့အရိပ်ထဲကို ဝိုင်းပြီး ဝင်ကြတာကို တော်သေးတယ်လု့ိမြင်မိတယ်။
ကိုယ့်ပတ်ဝန်းကျင်မှာတော့ မြင်ဖူးတာတော့ သားတွေသမီးတွေက မိဘလက်ငုတ်လုပ်ငန်းကို အထင်မကြီးပဲ ပေါ်ပင် (အိမ်ခြံမြေကား) တွေနောက်ကိုလိုက်ပြီး မိဘတည်ထောင်လာတဲ့လုပ်ငန်းကို ဖြုတ်ပစ်တယ်။
လုပ်ငန်းတစ်ခုနဲ့တစ်ခုက သဘာဝခြင်းမတူလေတော့ ကိုယ့်မိဘလုပ်ငန်းက ပုံမှန်ဝင်ငွေရပြီး အမြတ်အစွန်းကလည်း ကောင်းတယ်၊ နည်းပညာကို လူတိုင်းက ကိုယ့်လိုတတ်တာလည်း မဟုတ်ဘူးဆိုတာကို ကြာမှသိတဲ့အခါ ပြန်လည်ထူထောင်ဖို့ မလွယ်တော့ဘူး။
ဦးကြောင်ကြီး
August 3, 2013 at 8:28 am
မူပိုင်ခွင့် ဥပဒေ အားမကောင်းလို့ ဖြစ်တာပါ။ မိဖဘိုးဘွား လက်ထက်ကထဲက မူပိုင်ခွင့် မှတ်ပုံတင်ရကောင်းမှန်း လေးလေးနက်နက် မသိရင် ဖြစ်တတ်တယ်။ နားလည်သူများ နာမည်တမျိုးထဲမက အခြားဆင်တူရိုးမှား သံတူကြောင်းကွဲ အမည်တွေပါ မှတ်ပုံတင်ထားသင့်တယ်။ အနော်ဆို သဂျီးမာမွတ်ခိုမ် သာမီးဒေါ်ဂလေး၊ သမီးဒေါ်ဂလေး၊ သာမီးဒေါ်လေး သမီးဒေါ်လေး အဲဒီနာမည်တွေ ပတ်လည်ရိုက် မောင်ပိုင်စီးထားပီးပြီ။ :kwi:
lele kyi
August 3, 2013 at 8:55 am
အင်းးးးပို့စ်နဲ့တော့ သိပ်မဆိုင်ပါဘူး။ သူများတွေ ကနောက်ဆုံးပေါ် တွေ့ရှိချက်တွေ နဲ့ ပိုမိုကောင်းအောင်ပြုပြင်ဖို့ကြိုးစားနေကြချိန်မှာ မူလလက်ဟောင်း ဆိုတဲ့ အတွေးဟောင်းထဲကထွက်ဖို့သင့်ပါပြီလို့ထင်ပါတယ်။ အရည်အသွေးကိုစားသုံးသူကအဆုံးအဖြတ်ပေးသွားပါလိမ့်မယ်။
ကိုပေါက်(မန္တလေး)
August 3, 2013 at 9:18 am
lele kyiရေ
သိပ်ဆိုင်တာပေါ့ ။
အရင်ခေတ်က အသစ်ဆိုတာ ရဘို့ခက်တော့ အဟောင်းကိုဘဲကောင်းလုပ်ခဲ့ရတော့
မူလလက်ဟောင်းမှ ကောင်းတယ်ထင်ပြီး အသစ်လုပ်ဘို့ ခွန်အားတွေမရှိဖြစ်ကုန်တာက
အဓိကအချက်ပါဘဲ.
ဦးကျောက်ခဲ
August 3, 2013 at 11:20 am
အရိပ်မလွတ်ဆိုလို့…
မိဘရဲ့ မကောင်းတဲ့ ဆိုးမွေ၊ နာမည်ပျက် လောင်းရိပ်မိလို့…
အချောင် ကြားကနေ မြေဇာပင်ဖြစ်ရတဲ့ သားသမီးများကို မြင်တွေ့ရတိုင်း…
စိတ်မကောင်းဘူး အကိုပေါက်ရယ်…
Mr. MarGa
August 3, 2013 at 3:28 pm
နာမည်တစ်ခု ရဖို့ ဆိုတာ လွယ်တာမှ မဟုတ်တာနော့
ဒါပေသိ ဒီနာမည်ကို အကုန်ယူသုံးပြီး အားလုံးက ပင်ရင်း လုပ်နေကြတာကျတော့ မဟုတ်တော့ပြန်ဘူး
ဖြစ်သင့်တာက
အကုန်လုံး စုလိုက်
အားလုံး ရှယ်ယာဝင်
တစ်နေရာတည်းကနေပဲ ဖြန့်
အဲသလိုဆို ကောင်းမလားမသိ
koyinmaung
August 4, 2013 at 11:59 am
အဲ့ဒါမျိုး ဇလွန်ပြည်တော်ပြန်ဘုရားရှေ့က မဗေဒါပဲကြီးလှော် ပင်ရင်းဆိုပြီး
တခုမကတွေ့နေရတာ မေးကြည့်တော့ မောင်နှမတွေ စီပွား ခွဲသွားကြလို့တဲ့…..
uncle gyi
August 4, 2013 at 10:18 pm
အရိပ်မလွတ်လို့ခုတ်လိုက်တဲ့လမ်းဘေးသစ်ပင်
ကုန်လုနီးပါးပါပဲဗျာ
အရီးခင်
August 4, 2013 at 11:17 pm
ဝက်မလွတ် ဆိုတာလဲ ကြားဖူးတယ်။
သရက်သီး တစ်မျိုးလား မသိ။
မန့်ချင်ရာမန့်သည်။ 😉
ကိုပေါက်(မန္တလေး)
August 5, 2013 at 1:21 pm
ဝက်မလွတ်က ငှက်ပျောသီးပါ ကိုလတ်ကြီးရာ။
ကျော်စွာခေါင်
August 5, 2013 at 1:24 am
သိပေါင်ဗျာ….
ခုထိ… ရိတ် တာ လှီးတာ မလွတ်သေးတာများ.. ပြောတာလားလို ့…။
တကယ်ကလည်း..
ခုထိ အရိပ်မလွတ်သေးပါဘူးလေ…
နတ်နေကိုင်း ကြီးမှ မခုတ်သေးတာ….။
ဦးဦးပါလေရာ
August 5, 2013 at 1:30 am
နာမည်တစ်ခု ပေါက်အောင် တည်ဆောက်နိုင်ပြီးရင်
အဲသည်နာမည်ကို ဘယ်လို အမွေဆက်ခံ ခံစားကြရမယ်ဆိုတာကိုလဲ
လူကြီးမိဘများက ကြိုတင်စီမံသင့်တယ် ကိုပေါက်ရေ-
ညီအကို မောင်နှမ ဆိုတာကလဲ
ကြီးလာတဲ့အခါ ၊ ကိုယ့်ရပ်တည်မှု့နဲ့ကိုယ်အသီးသီးဖြစ်လာကြတဲ့အခါ
ငယ်ငယ်တုန်းကလို မိဘ အရိပ်အောက်မှာတုန်းကလို မဖြစ်နိုင်ကြတော့ဘူးပေါ့…။
ကိုပေါက်(မန္တလေး)
August 5, 2013 at 1:26 pm
ဦးပါရေ
(အောင်မြင်ခဲ့တဲ့လုပ်ငန်း တစ်ခု ရဲ့ အောင်မြင်သွားရတဲ့အကြောင်းတရား
အောင်မြင်သွားစေတဲ့လုပ်ငန်းလျို့ဝှက်ချက်ကို တတ်အောင်သင်ပြီး
အခြားနာမယ်တစ်ခုနဲ့ အောင်မြင်အောင်လုပ်ဘို့မစဉ်းစားဘဲ
ဒီအောင်မြင်ခဲ့တဲ့နာမယ်အောက်မှာဘဲ အလိုက်သင့်မျှောလိုက်ချင်ကြတာကိုး။
အရိပ်ဖြစ်လာစေတဲ့အကြောင်းတရားကို ဆက်အသုံးချပြီးနောက်ထပ်အရိပ်
တစ်ခုဖြစ်အောင်မဖန်တီးဘဲ ဒီအရိပ်လေးအောက်ဘဲဝိုင်းပြီးဝင်တိုးနေတော့
ဘယ်သူမှအရိပ်ကောင်းကောင်းမရတော့ပါဘဲ။)
ကျနော်ဖြစ်စေချင်တာ ဒီလိုလေးပါ။
အောင်မြင်မူ့သော့ချက်ဆိုတာ က မိသားစုဝင်တွေဘဲရကြတာမလား။
ဒီတော့……………………..
(ပြောသာ သူများကိုပြောနေတယ် ကျနော်ကိုယ်တိုင်ကတော့ သူများဝန်ထမ်းပါခင်ဗျာ)
kyeemite
August 6, 2013 at 3:55 pm
ဒါကြောင့် ကြော်ငြာတွေမှာ“မူလပထမလက်ဟောင်း” ဆိုတာတွေခေတ်စားနေတာ..