ငရမန်ကန်း အမှန်တရား
–
–
–
–
–
==============================
တစ်နေ့သ၌ လွန်စွာ အသား ဖြူသော လူတစ်ယောက်နှင့် လွန်စွာ အသား မည်းသော လူတစ်ယောက် တို့သည် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ လိုတရလမ်းလေးအတွင်း ဖွင့်လှစ်ထားသော လဖက်ရည်ဆိုင်လေး၏ ရှေ့မျက်နှာစာအကျဆုံး စားပွဲဝိုင်းတွင် ထိုင်လျက် ရောက်တတ်ရာရာ စကားများအား ပြောဆိုနေကြသည်ကို တွေ့ရလေ၏။ သူစိမ်းများ အနေဖြင့် ထိုလူနှစ်ယောက် ဤကဲ့သို့ ရင်းနှီးစွာ စကားစမြည် ပြောနေကြသည်ကို တွေ့ရပါမူ အထူးအဆန်း ဖြစ်နေလိမ့်မည် ဖြစ်သော်လည်း သင်္ဃန်းကျွန်း နယ်တစ်ဝိုက်တွင် နေထိုင်သူများ အဖို့မှာမူ အဆိုပါ မြင်ကွင်းမှာ ထူးဆန်းလိမ့်မည် မထင်မိချေ။
အဘယ်ကြောင့် ဆိုသော် ၎င်းတို့ နှစ်ဦးသည် သင်္ဃန်းကျွန်းနယ်တစ်ဝိုက် ဟုန်းဟုန်းတောက် ကျော်ကြားသော “ဘိုးငယ်” ဖြစ်သောကြောင့် ပင်တည်း။ “ဘိုးငယ်” ဆိုသည်ကို ရှင်းရသော် “ဘိုး” ဆိုသည်မှာ အသား မည်းနက်သော အစ်ကိုဖြစ်သူ “ဘိုးကြီး” ကို ရည်စူး ခေါ်ဝေါ်ခြင်း ဖြစ်ပြီး၊ “ငယ်” ဆိုသည်မှာ အသား ဖြူဆွတ်သော ညီငယ်ဖြစ်သူ “ငယ်ကြီး” အား ရည်စူး ခေါ်ဝေါ်ခြင်းပင် ဖြစ်လေသည်။ ယင်း အတွက်ကြောင့် ၎င်းတို့ နှစ်ယောက်အား “ဘိုးငယ်” ဟူ၍ ခေါ်ဝေါ်ကြလေ၏။
“ဘိုးငယ်” ဟူ၍ ခေါ်ဝေါ်ခြင်းမှာလည်း ၎င်းတို့၏ ရှေ့တွင် ခေါ်ဝေါ်ခြင်း ဖြစ်ကာ၊ ကွယ်ရာတွင်မူ “ဖြူမည်းညီနောင်” ဟူ၍သာ ခေါ်ဝေါ် သုံးစွဲတတ်ကြလေသည်။ အဘယ်ကြောင့် ရှေ့တွင် နာမည် အပြည့်အစုံ ခေါ်၍ ကွယ်ရာတွင် အမည်ပြောင် ခေါ်ဝေါ်ခြင်း ဖြစ်သတည်း ကိုမူ စာဖတ်သူများ အနေဖြင့် ရိပ်မိကြပေလိမ့်မည် ထင်ပါသည်။ ၎င်းတို့၏ ရှေ့တွင် အမည်ပြောင် ခေါ်ဝေါ် သုံးစွဲဝံ့သူ ဟူ၍လည်း သင်္ဃန်းကျွန်း နယ်တစ်ဝိုက်တွင် မရှိချေ။ ယင်းသို့ အမည်ပြောင်ဖြင့် ခေါ်ဝေါ်ခဲ့ပါကလည်း လွန်စွာ တုတ်ခိုင်လှသော ထိုလူနှစ်ယောက်၏ လက်အတွင်း မည်သို့ သက်ဆင်းသွားရမည်ကို သိနေသောကြောင့်ပင် ခေါ်ဝံ့သူ ဟူ၍ မရှိခြင်း ဖြစ်ပေသည်။
ထိုလူကြီး နှစ်ယောက် အကြောင်းအား နောက်များ အလျဉ်းသင့်ပါက ရေးသား ဖော်ပြသွားပါပေအံ့။ ယခုမူ အခြားသော အကြောင်းအရာ တစ်ခုသို့ ဆက်ဦးစို့။
=========================
ထိုလူကြီး နှစ်ယောက်နှင့် ကပ်လျက် လက်ဖက်ရည်ဆိုင် ရှေ့မျက်နှာစာတွင် မောင်ကျော် ဟူသော လူရွယ်တစ်ယောက် ဖွင့်လှစ်ထားသည့် ကွမ်းယာဆိုင်လေး တစ်ဆိုင် ရှိလေသည်။ အဆိုပါ ကွမ်းယာဆိုင်လေး၏ ရှေ့တွင်မူ ကွမ်းဝယ်သူများ စောင့်ဆိုင်းနေစဉ်အတွင်း ညောင်းညာခြင်းဘေးမှ ကင်းဝေးစေရန် ရည်ရွယ်၍ ထိုင်ခုံတန်းရှည် နှစ်ခုကိုလည်း ချထားပေးလေသည်။
ခုံတန်းရှည် နှစ်ခု၏ တစ်ဖက် တစ်ချက်တွင် မျက်မှန်ထူကြီးအား တပ်ဆင်ထားသော အသက် ၄ဝ ကျော်အရွယ် လူကြီးတစ်ဦးနှင့် ကတုံးပြောင်အောင် ရိတ်ထားသော လူကြီးတစ်ဦးတို့သည် မှာယူထားသော ကွမ်းယာများကို စောင့်ဆိုင်းနေရင်းဖြင့် စီးကရက်တစ်လိပ်စီ ဖွာရှိုက်ကာ စကားစမြည် ပြောနေကြသည်ကို တွေ့ရလေ၏။
ထိုအခိုက်တွင် လွယ်အိတ်ကြီး တစ်လုံးအား လွယ်လျက် တောသားများ ပုံစံကဲ့သို့ ထူထူအအ နိုင်လှသော လူရွယ်တစ်ယောက်သည် မောင်ကျော် ကွမ်းယာဆိုင်လေး ရှေ့သို့ ရောက်ရှိလာလေ၏။ အဆိုပါ တောသားသည် ကွမ်းယာဆိုင် ရှေ့တွင် စီးကရက် ကိုယ်စီဖြင့် စကားပြောနေကြသော မျက်မှန်ထူကြီးနှင့် လူအား မေးလေ၏။
“ဦးလေးကြီး ….။ ကျုပ် ဖိနပ်တစ်ဖက် ပြတ်သွားတာ ပြန်ချုပ်ချင်လို့၊ အဲ့ဒါ ဖိနပ်ချုပ်ဆိုင် ဘယ်နားမှာ ရှိသလဲခင်ဗျ”
ထိုအခါ … မျက်မှန်ထူကြီး တပ်ထားသော လူကြီးမှ ၎င်း၏ လက်ကို လက်ဝဲဘက်သို့ ညွှန်ပြရင်းဖြင့် ….
“ဒီအတိုင်း တည့်တည့်သွား၊ လှယဉ် ဆိုတဲ့ ဆိုင်လေး တွေ့လိမ့်မယ်။ ဖိနပ်ချုပ်ဆိုင် အဲ့ဒီ ဘေးမှာပဲ”
ဟူ၍ လမ်းညွှန်လေ၏။
ထိုအခါ ကတုံးပြောင်နှင့် လူကြီးမှာ တောသားအား ခြေဆုံးခေါင်းဆုံး တစ်ချက်ကြည့်လိုက်ပြီးနောက် မျက်မှန်ထူကြီးနှင့် လူကြီး ညွှန်ပြသော ဘက်သို့ပင် ညွှန်ပြကာ ….
“အေး … ဟုတ်တယ်။ အဲ့ဒီ အတိုင်းသွား၊ ညတင် ဆိုတဲ့ ဆိုင်လေး ရှိလိမ့်မယ်။ ဖိနပ်ချုပ်ဆိုင်က အဲ့ဒီဘေးမှာပဲ”
ဟူ၍ လမ်းညွှန်လေ၏။
ထိုအခါ တောသားမှာ မျက်စိ ကလည်လည်ဖြင့် အဆိုပါ လူကြီး နှစ်ယောက်အား ကြည့်လိုက်ပြီးလျှင် ….
“ဦးကြီးတို့ရယ်။ ရှင်းရှင်း ပြောပေးပါလားခင်ဗျာ။ ကျုပ်က လှယဉ် ကို အရင်ရှာရမှာလား၊ ညတင် ကို အရင် ရှာရမှာလား ခင်ဗျ”
ထိုအခါ မျက်မှန်ထူကြီးနှင့် လူကြီးမှ …. “ငါ ပြောတာ နားထောင်စမ်းပါ ငါ့လူရာ။ လှယဉ်ကို အရင်ရှာ၊ ဖိနပ်ချုပ်ဆိုင်က အဲ့ဒီဘေးမှာ” ဟူ၍ ပြောလေ၏။
ထိုအခါ ကတုံးပြောင်နှင့် လူကြီးမှ …. “ဒီမှာ ငါ့ကောင်၊ ညတင် ကို ရှာ၊ မင်းရဲ့ ဖိနပ်ချုပ်ဆိုင်က အဲ့ဒီဘေးမှာကွ” ဟူ၍ ဆိုလေ၏။
ထိုအခါ တောသားမှာ ၎င်း၏ ခေါင်းအား တဖျင်းဖျင်း ကုတ်၍ ….
“ဦးကြီးတို့ရယ်။ ကျုပ်က တောသားပါခင်ဗျ။ ကျုပ်ကို မျက်စိလည်အောင် မလုပ်ကြပါနဲ့လားခင်ဗျာ။ လှယဉ် ဘေးမှာလား၊ ညတင် ဘေးမှာလား ခင်ဗျ”
ဟူ၍ မျက်နှာငယ်လေးဖြင့် ဆိုလေ၏။
ထိုအခါ မျက်မှန်ထူနှင့် လူကြီးမှ ….
“ငါ့လူရာ။ ငါ ပြောတဲ့အတိုင်း သွားစမ်းပါ။ လှယဉ် ကို ရှာ။ ဖိနပ်ချုပ်ဆိုင်ကို ရောက်လိမ့်မယ်”
ဟူ၍ ပြောပြန်လေသည်။
ထိုအခါ ကတုံးပြောင်နှင့် လူကြီးမှ ….
“ငါ့ကောင်။ ညတင် ကို ရှာကွ။ ဖိနပ်ချုပ်ဆိုင်က အဲ့ဒီဘေးမှာ”
ဟူ၍ ပြောပြန်လေသည်။
ထိုအခါ တောသားမှာ ၎င်း၏ ခေါင်းအား တဖျင်းဖျင်းဖြင့် ထပ်မံကုတ်ရင်း ….
“ဦးကြီးတို့ရယ် ….။ ဖိနပ်ချုပ်ဆိုင်က လှယဉ် ဘေးမှာလား။ ညတင် ဘေးမှာလား ခင်ဗျ။ ကျုပ်ကို မျက်စိ လည်အောင် မလုပ်ကြပါနဲ့ခင်ဗျာ”
ဟူ၍ သနားစဖွယ် အသံလေးဖြင့် ဆိုရှာလေ၏။
ထိုအခါ မျက်မှန်ထူကြီး လူကြီးမှ စိတ်မရှည်သော လေသံဖြင့် “လှယဉ် ဘေးမှာပါဆိုနေမှ။ သူများ ပြောတာ နားယောင်မနေစမ်းနဲ့” ဟူ၍ ဆိုလေ၏။
ထိုအခါ ကတုံးပြောင်နှင့် လူကြီးမှ “ဒီမှာ ငါ့လူ။ ညတင် ဘေးမှာ။ ညတင် ဘေးမှာ။ ငါပြောတာ ယုံလိုက်စမ်းပါ ငါ့လူရာ” ဟူ၍ ဆိုလေ၏။
ထိုအခါ မျက်မှန်ထူနှင့် လူကြီးမှာ ကတုံးပြောင်နှင့် လူကြီးအား မကြည်သလို ကြည့်ရင်းဖြင့် …..
“ဟေ့ … ပြောင်ကြီး။ ဒီကောင်က ငါ့ကို အရင်လာမေးတာ။ မင်း အေးဆေးနေစမ်း။”
ဟူ၍ ပြောလေ၏။
ထိုအခါ ကတုံးပြောင်နှင့် လူကြီးမှ မျက်မှန်ထူနှင့် လူကြီးအား ခနဲ့တဲ့တဲ့ အသံဖြင့် ဤသို့ ဆိုလေ၏။
“ဟ မှုံကြီးရ။ မင်း မေးတော့ ငါက မဖြေရဘူးတဲ့လား။ ငါက စေတနာနဲ့ ဝင်ပြီး လမ်းညွှန်တာပဲလေကွာ။ သူ မေးတဲ့ ဖိနပ်ချုပ်ဆိုင် ကလည်း ညတင်ရဲ့ ဆိုင်ဘေးမှာ မဟုတ်လားကွ။ ငါ ဖြေတာ မှားနေလို့လား။ အဟား”
“ပြောင်ကြီး။ မင်း ညွှန်တာ မမှားဘူး။ အေး … ဒါပေမယ့် .. ဖိနပ်ချုပ်ဆိုင်က လှယဉ်ရဲ့ ဆိုင်ဘေးမှာကွ”
ဟူ၍ … ဒေါသတကြီးဖြင့် အော်ဟစ် ပြောလေ၏။
ထိုအခါ ကတုံးပြောင်နှင့် လူကြီးမှ ….
“ဟေ့ကောင် မှုံကြီး။ ညတင်ရဲ့ ဆိုင်ဘေးမှာကွ”
ဟူ၍ .. တစ်ဖန်ပြန်လည် အော်ဟစ်၍ ပြောလိုက်ပြန်လေ၏။
တောသားမှာမူ မျက်မှန်ထူနှင့် လူကြီးအား တစ်လှည့်၊ ကတုံးပြောင်နှင့် လူကြီးအား တစ်လှည့် ကြည့်ရင်းဖြင့် ၎င်း၏ ခေါင်းကိုသာ တွင်တွင်ကြီး ကုတ်၍ နေလေတော့၏။
===========================
အမှန်စင်စစ် အားဖြင့်မူ ဖိနပ်ချုပ်ဆိုင်မှာ လှယဉ် ဟူသော အမျိုးသမီး ပိုင်ဆိုင်သည့် ကုန်ခြောက်ဆိုင်လေးနှင့် ညတင် ဟူသော အမျိုးသမီး ပိုင်ဆိုင်သည့် သစ်သီးဆိုင်လေး ကြားတွင် တည်ရှိနေခြင်း ဖြစ်လေသည်။
မျက်မှန်ထူနှင့် လူကြီးမှာ လှယဉ် ဟူသော အမျိုးသမီး၏ ယောက်ျား ဖြစ်ပြီး၊ ကတုံး ပြောင်နှင့် လူကြီးမှာ ညတင် ဟူသော အမျိုးသမီး၏ ယောက်ျား ဖြစ်လေသည်။
အဆိုပါ လူကြီး နှစ်ယောက်သည် မတည့် အတူနေ လူကြီးနှစ်ဦး ဖြစ်ကာ ငယ်စဉ်အခါက အဆိုပါ အမျိုးသမီးနှစ်ဦးနှင့် ကြက်ခြေခတ်သဏ္ဍာန် ချစ်ကြိုက်ခဲ့ကြပြီး ကြက်ခြေခတ်သဏ္ဍာန် အိမ်ထောင်ကြခဲ့ကြခြင်း ဖြစ်လေသည်။
==============================
ကျွန်ုပ်၏ ဆိုလိုရင်းမှာမူ …..
အမှန်တရားတွင် အတ္တများ ရောယှက်နေသောအခါ တစ်ဖက်ကန်း ငရမန်ကန်းများကဲ့သို့ ဖြစ်တတ်လေသည်။ နှစ်ဦးနှစ်ဖက်စလုံး သူ့ပုံစံနှင့်သူ မှန်နေသည့် ကိစ္စရပ်များတွင် တစ်ဖက်သတ် ငြင်းခုန်ခြင်းသည် အနုပညာ မမြောက်ပေ။ လွန်စွာ မိုက်မဲပြီး အကျိုးမရှိသော ငြင်းခုန်ခြင်းသာ ဖြစ်လတံ့တည်း။
အသင် စာရှုသူများ အနေဖြင့် အထက်ပါ ကိစ္စရပ် အပေါ်တွင် မည်သို့ ထင်မြင်မိကြပါသနည်း ???
==============================
By – မဟာရာဇာ အံစာတုံး
==============================
37 comments
ရာမည
August 4, 2013 at 12:32 pm
ဖတ်လို့ အရမ်းကောင်းပါတယ်ခင်ဗျား …။ဘိုးငယ်တို့ကို စိတ်ဝင်စားနေမိပါပြီ ဆက်ရေးပေးပါဦး ။
မဟာရာဇာ အံစာတုံး
August 4, 2013 at 12:37 pm
ကိုကိုရဲဂျီးရယ် …
ဂလို လာအားပေးတွားဒယ် ကျေးဇူးကမ္ဘာဘာဘဲ ခီညော် ….
ဟိုအကြောင်းကို အလျဉ်းသင့်ရင် ဆက်ရေးတွားဘာ့မယ် ခီညော် …
သန်းကျူး ရှဲရှဲ သာဒု ဘာတော် .. အဲ .. ရှင် .. အာ … ဗျာ …
ရာမည
August 4, 2013 at 1:04 pm
အောင်မလေးဗျာ
ရဲတော့မလုပ်ပရစေနဲ့
လာလည်း ဖမ်းနေပါဦးမယ်
ရဲဟုတ်ဘူးဗျ 🙂
ကြွက်စ် 🙂
အလကားနောက်တာ
ရွာထဲမှာရဲအစစ်တွေရှိတယ် တိုးတိုးပြောာာာာာာ
မဟာရာဇာ အံစာတုံး
August 4, 2013 at 2:59 pm
ဟက်လူ ၊၊၊၊
ရွာထဲ ရဲအစစ်တွေ ရှိဒါဂို
ခညားဂ ဘိုသိဒါဒုံးးးး
ကျုပ်တောင် သိဘူးးးး ဟူးဟူး
Mr. MarGa
August 4, 2013 at 2:25 pm
လက်ဖဝါးနဲ့ လက်ဖမိုး
ဘယ်နဲ့ ညာ
ရှေ့နဲ့ နောက်
တစ်ဖက်ထဲ ကြည့် ပြောနေကြရင်တော့
သတ်လို့ကို ဆုံးမှာမဟုတ်
ဒါကြောင့်မို့
ကျုုပ်ကတော့ ကြားမှာပဲ နေတယ်
ခြံစည်းရိုး ခွထိုင်တယ်
ကဲ ဘာပြောချင်သလဲ 😀
မဟာရာဇာ အံစာတုံး
August 4, 2013 at 2:41 pm
ခြံစည်းရိုးတွေမှာ ၊၊၊၊၊၊
သံချွန်တွေ သံဆူးတွေ တပ်ထားတတ်တယ် ၊၊၊၊၊၊
ဒီတော့ကာ ၊၊၊၊၊၊၊၊ အဟမ်းးးးး
နင်က ခွထိုင်တယ် ဆိုတော့ကာ ၊၊၊၊၊၊ အဟမ်းးးး
စဉ်းစားသာ ကြည့်ပေတော့ ၊၊၊၊၊
Mr. MarGa
August 4, 2013 at 2:47 pm
ဒါဂ ဂလိုရှိတယ်လေကွယ်
သံချွန်တွေ တပ်ထားရင်တော့ ဘယ် ခွထိုင်မလဲ
ဘေးထိုင်ပြီး ဘုပဲ ပြောသပေါ့
တုံးပ
မဟာရာဇာ အံစာတုံး
August 4, 2013 at 2:56 pm
ဖြစ်ပြန်ဘီ ၊၊၊၊၊
ထားပါဒေါ့လေ ၊၊၊၊၊၊
နင် စိတ်ချမ်းသာရင် ကမ်ဘာဂျီး အေးချမ်းဘာဒယ် ၊၊၊၊၊၊
သာဒု ၊၊၊၊ သာဒု ၊၊၊၊၊
အရီးခင်
August 4, 2013 at 4:05 pm
ဘုရင်ကို ဖမ်းပြီး အကျဉ်းချဝံ့သူ
ငရန်မန်ကန်းကြီးအား တအားဂုဏ်ပြု မိတော့ …………
အဲဒါ မှား သတဲ့လား … 😛
မဟာရာဇာ အံစာတုံး
August 4, 2013 at 8:48 pm
အရီး ပေါဒါ …
နားလည်ဝူးဂျာ …
ဂုလို တား ပို့စ်လေးမှာ မန့်တွားဒါ …
သာဒု .. သာဒု ဘာ အရီးရာ ….
အရီးခင်
August 4, 2013 at 10:29 pm
နာလဲ သိဘူး။
ငရမန်ကန်း နာမည် ကြားလို့ “မှားတဲ့ ဘက်မှာ” သီချင်းညည်း သွားတာ။
😉
မဟာရာဇာ အံစာတုံး
August 4, 2013 at 10:34 pm
ဟာဂျာ …
အရီးဂလည်းဂျာ ….
နာလဲ သိဘူး .. ဒဲ့ဂျာ …
အိုက်ဒါဆိုဒေါ့လည်း တားလည်း သိဘူးလို့ဘဲ မှတ်ပလိုက်ဘီဂျာ …
အရီးဒို့ဂဒေါ့ ဂယ်ဘဲ …
ဒါ့ထက် .. အရီး (လတ်) က ဘယ်ပျောက်တွားဒဒုံးဟင်င်င် …. 🙄
အရီးခင်
August 4, 2013 at 10:38 pm
ဟို ပန်းချီဆြာ က အရီးခင် ခေါ်တာ သဘောကျသွားလို့။
ပိုပြီး ရွာဆန် သလားလို့။ 😛
မဟာရာဇာ အံစာတုံး
August 4, 2013 at 10:48 pm
တို့အရီးတို့များ …
တယ်လည်း ရွာဆန်ချင်လှသကိုး ….
အင်းလေ ….
မြို့ဂျီးပြဂျီးမှာဆိုဒေါ့ ရွာရဲ့ အငွေ့အသက်တွေကို တစ်ခါတစ်ခါ တမ်းတမိလေမပေါ့ … (ရမ်းတုတ်)
ဒါမှ မဟုတ် … ဂဇက်ရွာ ဆိုဒါကို ကိုယ်စားပြုမယ် ဆိုရင်ဒေါ့ဖြင့် …
အဟမ်းး ဂဇက်မြို့ ဖြစ်နေဘီနော် … လို့ …. (ဒိတ်မအောက်ဖို့)
အခု ဂဇက် က ရမ်းရမ်း လွှတ်မြန်နေလို့ မြို့ဖြစ်နေဘီလို့ ပေါဒါ ….
ဖွဘုတ်နဲ့ ဂူဂဲလ်တောင် ဖွတ်ချက်ဖွတ်ချက် ဖြစ်နေတဲ့ အချိန်မှာ ဂဇက်က ဖလန်းဖလန်းကို ထနေတော့တာပဲ …
ဒါနဲ့ပဲ .. ကျုပ်လည်း ရွာထဲ ပတ်မွှေနေတော့သတည်း …။
သာဒု … သာဒု … သာဒု ….
အရီးခင်
August 4, 2013 at 10:57 pm
အရီးတို့ အိမ်ရဲ့ ရှေ့မှာ မြက်ခင်းကျယ်ရှိတယ်။ မြင်းတွေ ရှိတယ်။ သစ်ပင်အုပ်ရှိတယ်။
လမ်းပေါ်မထွက်ရင် ကျေးလက်လေးပါဘဲ။
ညဖက် လူသွားလမ်းကျဉ်းလေးပေါ်က လမ်းမီးရောင်နီပြပြ လေး နဲ့ မို့ အဖွားမြို့ လေး ကို အမြဲ အမှတ်ရပါတယ်။
တစ်ခါတစ်လေမှ မဟုတ်။ 😛
ဦးကြောင်ကြီး
August 4, 2013 at 6:45 pm
လှယဉ်နဲ့ ညတင်ကို ခွရင် ကြွဖင်ဖို့ မမေ့နဲ့ ထဆင်ထူး..။
မဟာရာဇာ အံစာတုံး
August 4, 2013 at 8:52 pm
ဒက်ဒီကြောင်ကို
တင်နီလောင်အောင်
ဆင်ချည်တဲ့ တုတ်နဲ့ရိုက်တော့
အမငေးးး တဲ့ …။
uncle gyi
August 4, 2013 at 9:44 pm
ဘာမှအကျိုးဖြစ်စရာမရှိတဲ့ကိစ္စငြင်းနေကြရင်
အကျိုးမဲ့စရာတွေမကြာခင်ရောက်လာမှာအမှန်ဗျာ
မဟာရာဇာ အံစာတုံး
August 4, 2013 at 9:51 pm
အမှန်ဗျာ … ဆိုတော့ …
အန်တယ်ဂျီး ကိုယ်ဒွေ့များ ချိနေမလားဘဲ …
ချိရင်လည်း နှောင်းလူဒွေ၊ မတိသေးဒူဒွေ တိရအောင်
နီးနီးပါးပါး လှစ်ပြဘာလား ခီညာ ….
သာဒု ဘာ ….
အလင်းဆက်
August 4, 2013 at 10:17 pm
တစ်နေ့သ၌ ကျွန်မ သည်….
ဆိုပြီး…
မင်းသိင်္ခ နဲ ့.. ဂျူး. ..
ရေးဟန်တွေ..ပေါင်းစပ်ရေးကြည့်ပါလား..လို ့..
နာ နီ့ကို ပြောဖူးတယ်နော် ။
ဘယ်တော့အကောင်အထည်ဖော် ရေးမလဲ…
မဟာရာဇာ အံစာတုံး
August 4, 2013 at 10:27 pm
ဟယ် …..
ရေးမှာပေါ့ဟဲ့ ….
ငါက ဂျူး သိပ်မဖတ်ဒေါ့ ဂျူးရေးဟန်ကို သိပ်မသိဘူးဟဲ့ …
ဂျူးရေးဟန် လေသံဖမ်းမိနေသူက ကူဖေးလို့ မ မယ် ဆိုရင်ဖြင့် …
အဟမ်းးးး
နင် ပေါဒလို ရေးဖစ်လိမ့်မယ် … ထင်ဘာဒယ် …
ဒါမယ့် … စာရေးရမှာ ပျင်းစ်စ်နေဒယ်ဂွယ် ….
ခုတောင် အစက ဝတ္ထုရှည် ရေးမို့ဟာ ပျင်းစ်စ်သွားလို့ လမ်းဂျောင်း ပြောင်းလိုက်ဒါ … ဟီးးဟီးးး
အလင်းဆက်
August 4, 2013 at 10:40 pm
အေးးး
ရေးဇမ်းဘာ…
တနေ့သနှိုက်….ကျမသည်..ဆိုပြီး..စ..
ဝတ္ထု နာမည်ကို…
မိန်းမတစ်ယောက် ၏ ရတနာသိုက် ရှာပုံတော်…
ဒါမှ မဟုတ်….
ကျွန်မချစ်သော..မဟာမြိုင်ခရီးသည်…
ဒါမှမဟုတ်….
ကျွန်မ ၏ ဖျစ်ချင်တာဖျစ် မောင်ဘချစ်…
ဒါမှ မဟုတ်….
ပုန်နား ကျွန်မ ကွန်း
တစ်ခုခုပေါ့…
နီတို ့…ပေါင်းစပ်ရေး လိုက်လို ့ကတော့…
ဂန်ဒဝင် ဝတ္ထုကြီး.ဖျစ်သွားမှာ…ဟ
😆
ဦးဦးပါလေရာ
August 5, 2013 at 1:42 am
မပြည့်စုံတဲ့ အမှန်တရားကို အမှန်လို့ တထစ်ချ မယူဆနိုင်ဘူး…
အချင်းအရာတစ်ခု ပြည့်စုံတယ်လို့ တထစ်ချမပြောနို်င်တာလဲ အမှန်ပဲ….
တထစ်ချပြောနိုင်တဲ့ အမှန်တရားမတွေ့ရှိရင် ပြည့်စုံတယ်လို့ မပြောနိုင်ပြန်ဘူး…
အဲ…
အဲဒါ..
ကျုပ်ပြောတာ ဘယ်ရောက်သွားပလဲ…
မဟာရာဇာ အံစာတုံး
August 5, 2013 at 11:45 am
ဘယ်ရောက်သွားပလဲ မတိရင်
အစက ပြန်စပေါဂျာ …
ကျုပ်ကတော့ အမှန်တရားဟာ အမှန်တရားလို့ပဲ ထင်ဒယ်ဂျ …
အိုက်ဒီ အမှန်တရား အပေါ် မြင်တဲ့ အမြင်တွေကိုက ငရမန်ကန်း ဖြစ်နေဒါ …
အဲ ..
ကျော်စွာခေါင်
August 5, 2013 at 1:48 am
ဘာဘဲ ပြောပြော ကိုရီးယားစတိုင်လ် ကျောပိုးတာတို ့ ထမ်းတာတို ့က “ ငရမန်ကန်း ”က စခဲ့တာ…။
မြန်မာ ့ ကျောပိုးနည်း ကမ ္ဘာကို လွှမ်းရမည်..။
မဟာရာဇာ အံစာတုံး
August 5, 2013 at 11:48 am
ဒါဖင့် …
ကျောပိုးနည်းကို စတင်ဒူဟာ ငရမန်ကန်းဂျီးပေါ့ …
ဒါဖြင့် .. ဟိုသီချင်း .. ဘာတဲ့ ..
ငယ်အခါ တို့ဘပိုး .. ကြီးလာတော့ သူညားပိုး .. ဆိုဒဲ့ သီချင်းဟာ …
ငရမန်ကန်းဂျီးနဲ့ တစ်နည်းတစ်ဖုံတော့ ပတ်သက်မှု ရှိလိမ့်မယ် ထင်ဒယ် ….
ဦးကျောက်ခဲ
August 5, 2013 at 8:17 am
မောင်အံ… လှယဉ် နဲ့ ညတင် ကိုအသာထား…
ခင်ဗျားရေးတဲ့ ငရမန်ကန်း ဆိုတာ “ရာမန်ခန်း”တဲ့…
စစ်သူကြီး မဟာဗန္ဓုလ က “အဗ္ဗဒူလာ”တဲ့…
ကျောက်စ် ပြောတာမဟုတ်၊ ဝီကီထဲက “မြန်မာ့ အစ္စလာမ် သမိုင်း” မှာ ရေးထားတာ…
ဟီ ဟိ 😀
မဟာရာဇာ အံစာတုံး
August 5, 2013 at 11:49 am
အော် ..
သဂျီးမှ ဝီကီ ကို ကိုးကွယ်သလား မှတ်နေဒါ …
ဥငေးလည်း ဝီကီ သုံးဒတ်ဘာဘဲလား …
လဂါး စဒါ …
ဂုလို လာအားပေးတွားဒါ သာဒု ဘာ ဥငေးရေ …
kai
August 5, 2013 at 3:07 pm
မှန်ထားမှားတာဘေးချိပ်ပြီး.. အများသဘောမဲခွဲပါ..
မဲသာတဲ့အတိုင်းလုပ်ပါ…
မဲရှုံးတဲ့သူရဲ့သဘောထားကို.. အသိအမှတ်ပြုပါ…။
ဆိုတော့… မျက်မှန်ထူနှင့် လူကြီးရယ်.. ကတုံး ပြောင်နှင့် လူကြီးရယ်.. လမ်းမေးတဲ့လူရွယ်ရယ်မဲခွဲပေါ့…
အခြေခံအားဖြင့်.. လမ်းမေးတဲ့လူက အဆုံးအဖြတ်နေရာကျနေတာမို့.. သူလုပ်တာအမှန်ဖြစ်သွားပါကြောင်း…
ဒန်တန်တန်..
မဟာရာဇာ အံစာတုံး
August 5, 2013 at 4:41 pm
သူလုပ်တာအမှန်ဖြစ်သွားပါကြောင်း…
.. လို့ ပြောရင် လွဲဦးမယ် …
သူလုပ်တာ .. ဖြစ်သင့်တယ် ဖြစ်သွားပါကြောင်း …
.. လို့ ပြောတာက ပိုကောင်းမယ် ထင်ဘာဒယ် ခည …
ဘာပုလို့ဒုန်း ဆိုဒေါ့ …
သူ ကိုယ်တိုင် အမှား၊ အမှန် ဝေခွဲ မရ ဖြစ်နေတဲ့ ကိစ္စမှာ ..
အမှားကို ရွေးချယ်မိရင် မှားနိုင်ပါသေးတယ် …
KZ
August 5, 2013 at 3:16 pm
အမှန်တရား ဆိုတာ ကိုယ့် ဘက် သူ့ ဘက်အယူအဆ အမြင်နဲ့ လည်းဆိုင်တယ်ပြောကြတယ်။
အကျိုးနဲ့ အကြောင်း ကိုယ့်ဘက်က ဆီလျော်ရင်ကို ကိုယ့် အမှန်တရားပေါ့။
ဒါပေမဲ့
ကိစ္စတစ်ခုမှာ အမှန်တရား တစ်ခုပဲ ရှိတယ်လို့လည်း ပြောကြတယ်။
ဒါဆိုရင်ရော ဘယ်အရာမျိုးက အမှန်တရားဖြစ်နိုင်မလဲ။
အမှန်တရားက ဖိနပ်စီးနေတုန်း အမှားက ကဘာပတ်ပြီးပြီလို့လည်း ကြားဖူးတော့ ကိုယ်တွေ့တာ အမှားကြီးဖြစ်မှာလည်း ကြောက်ရသေးးးးး
အမှန်တရား ဆိုတာ အမှားတစ်ရံ ဆိုတော့ကာ အမှန်နဲ့ အမှားဟာလည်း ကျောချင်းကပ်ရက်ပေါ့နော်။
ဘာမှမဟုတ်ဘူးဟဲ့။
နိ ရေးတာဖတ်ပြီး မူးသွားလို့ နိ မူးအောင် ပြန်ရေးတာ။
😀
မဟာရာဇာ အံစာတုံး
August 5, 2013 at 4:43 pm
အော် …
မမဂျီးဒွေဂ အဲ့ဂလောက်ထိ ဂျစ်ဂျဒါ …
အပေါ်က ဟာဒွေ ဖတ်ပီး .. အင်း .. အဲ .. ဖြစ်နေဒုန်း ..
အောက်က စာကို တွေ့လိုက်ရဒေါ့ …
ဟွန့် … ဆိုပီး ဖစ်တွားဒယ် ..
ဂယ်ဗျဲစ် …
လုံမလေးမွန်မွန်
August 6, 2013 at 2:41 pm
နာဂတော့ နီ အမှန်တရားလို့ရေးတိုင်း လန့်နေတယ်…
ဝင်ဖတ်ကြည့်တော့မှ…
အဟမ်း..
နီဂ ဒါမျိုးဒေလည်း ရေးဒယ်ပေါ့… သာဓု.. 🙂
အရီးခင်
August 6, 2013 at 4:01 pm
အရီးထင်တာ အမှန်တရားလား လုံမ နဲ့ မောင်အံ ???? 😉
ဒါမှမဟုတ် လွဲနေလားမသိ?? 🙄
😛
ဦးကျောက်ခဲ
August 6, 2013 at 4:07 pm
အဟိ… ဖြေကြလေ၊ ဒီမှာ အရီးမေးနေတယ်…
😀
အရီးခင်
August 6, 2013 at 4:11 pm
မဖြေကြလဲ နေပါစေလေ။
အရီး ဆီကတော့ အောဝါဓ တွေ ထပ်လာတော့မယ် မှတ်။
😛
လုံမလေးမွန်မွန်
August 6, 2013 at 5:45 pm
သာမီး ကျောင်းမတက်ပါ.. 😛