ရောင့်ရဲထားတဲ့အလွမ်းများ…
လူ့ဘဝဆိုသည်မှာ ပျော်ရွှင်စရာများ၊ ဝမ်းနည်းမှုများနှင့် ချုပ်လုပ်ထားသော ဝတ်စုံတစ်စုံမျှသာဖြစ်သည်ဟု ကျွန်တော်ထင်ပါသည်။ ကျွန်တော်သည် မိုးတိမ်များကို ငေးကြည့်ရင်း ဘာမှန်းမသိသေးသော ခံစားမှုတစ်မျိုးကို ခုခံကာကွယ်နေရ၏ မိုးသားများမှာ ပြာလွင့်နေပြီး ကျွန်တော့်မျက်လုံးများကို ဆွဲဆောင်လျက်ရှိသည်။ ပြတင်းပေါက်မရှိသော်လည်း မှန်ဝိုင်းလေးကနေ ငှက်နှစ်ကောင်သုံးကောင် မြောက်အရပ်သို့ ဦးတည်ပျံသန်းသွားကြသည်။ ကျွန်တော်ကြည့်နေသော မှန်ဝိုင်းဘောင်သေးသေးလေး ကျော်သွားသောအခါ ထိုငှက်များသည် မြင်ကွင်းထဲမှ ပျောက်သွားလေသည်။
လူဆိုတာ အသက်အရွယ်အလိုက်တော့ မျှော်လင့်ချက်တွေ ပြောင်းလဲကြသေးတယ် မဟုတ်လား ဟု ဒီအချိန် ထပ်ပြီး မေးလိုက်လျှင် သူမ ဘာဖြေဦးမလဲဟု ကျွန်တော်က တွေးမိနေသည်။ လောကမှာ အချစ်ဆိုသော အရာကို နှုတ်ဖြင့် ရှင်းပြပါဟု ဆိုလျှင် အချစ်သည် မေ့ချင်ဟန်ဆောင်ခဲ့သော အကြွေးများကဲ့သို့ နှုတ်မှ ထုတ်ဖော်ပြောကြားဖို့ ခက်လှသည်။ အကြွေးထူသော အဆောင်နေကျောင်းသား ကျွန်တော်က သူမ ဆီမှ အဖြေပြန်ရသောနေ့ တနင်္ဂနွေညနေမှာ သူမဆီက ကားခ အကြွေးယူပြီး ကျောင်းသို့အပြန် ကားကျပ်သဖြင့် ကျောင်းနောက်ကျလို့ ဒိုက်ထိုး ဒဏ်ပေးခံလိုက်ရသည်။ အဆောင်မှာမီးပြတ်သည်။ လက်ထဲမှာ ပိုက်ဆံပြတ်သည်။ ဘေးအပြောင် ထိပ်အမောက်ဖြစ်နေသော ပုံစံဆံပင်ကေကို တသသပွတ်ရင်းနဲ့ သူမ အချစ်က ဘာမှမရှိသော ဝလုံးလေး များကဲ့သို့ တမျိုးကြည့်ကောင်းနေသည်။ ထိုညက ကိုယ်လက်ကိုက်ခဲလို့ အဆောင်မှာ သိမ်းထားတဲ့ ပါရာစီတစ်မော့တစ်လုံး သောက်ပြီး သူမအတွက် ကဗျာတစ်ပုဒ် စပ်ခဲ့ပါသည်။
ညတုန်းက ကျွန်တော်အိပ်မက်မက်သည်။ အိပ်မက်ထဲ၌ သူမသည် ယဉ်ကြောထူသော ကားလမ်းမ တစ်ခုကို ဖြတ်ကူးနေ၏ နောက်တော့ သူမကို ကားတစ်စီးက ဝင်တိုက်ခါနီးတွင် အိပ်မက်ကလန့်နိုးလာသည်။ သူမအတွက် စိတ်ပူသွားရင်း အတူဖြတ်သန်းခဲ့သော အတိတ်တွေ အကြောင်း စဉ်းစားမိသည်။ ကျွန်တော် ကျောင်းပြီးသောအခါ အော်တိုမက်တစ် သင်္ဘောသားဘဝနဲ့ အောက်တိုမက်တစ် အလုပ်လက်မဲ့ဘဝကို တခါတည်း တန်းရသွားသဖြင့် ယမကာအရသာနဲ့ ဂီတာတစ်လက်ဖြင့် ဂီတကို ရူးသွပ်နေချိန်ဖြစ်သည်။ သို့သော် ထိုအခြေအနေကြားမှ သူမက ကျွန်တော့်ကို အနာဂတ်အတွက် အားတင်းထားဖို့ စိတ်ဓါတ်ခွန်အားများ မြင့်ပေးခဲ့သည်။ အင်းလျားကန်ဘောင် ညနေခင်း လေနုအေးကို ဂီတကိုရူးသွပ်တဲ့ လူငယ်ဆန်ဆန် ဒဂုံဘီယာတစ်ပုလင်း၊ ဂီတာတစ်လုံးဖြင့် ခေတ်ပေါ် ပန့်ခ်သီချင်းဆိုတိုင်း သူမက စိတ်ရှည်ရှည်ဖြင့် ဘေးက နားထောင် အားပေးနေတတ်သည်။ သူမ၏ နှလုံးသားက နူးညံ့ညင်သာသည့် သီချင်းတစ်ပုဒ်ဖြစ်ပြီး ကျွန်တော့်ခံစားမှုတွေက စကားလုံး ခွန်အားကောင်းသည့် ကဗျာတစ်ပုဒ်ဖြစ်သည်။ အနာဂတ်အလင်းသစ်တို့ ရောက်ဖို့အတွက် အမှောင်ထုက ကြာရှည်လွန်းလှပါသည်။ မိုးရာသီ၏ ရက်စွဲများကို ဖြတ်သန်းရင်း ကျွန်တော်တို့နှစ်ယောက်စလုံး စိမ်လန်းသည့် ပျော်ရွှင်မှုအကြောင်းကို တန်ဖိုးထား တတ်လာခဲ့သည်။ သို့သော်လည်း သဘာဝတရားသည် ကျွန်တော့်၏ မာကျောသော ခံစားမှုများကို ပြက်ရယ်ပြုနိုင်သေး၏
သဘာဝတရားသည် ပြဇာတ်များ၏ ဇာတ်ညွှန်းကို အကြိမ်ကြိမ်ပြန်လည် ကပြနေရသော်လည်း ချွတ်ချော် လွဲမှားဆိုတာတော့ ရှိတတ်စမြဲပါချစ်သူ… စိတ်ကူးနဲ့ လက်တွေ့ဘဝတို့သည်လည်း တစ်ထပ်တည်းကျအောင် ပြုလုပ်နိုင်သော်ငြားလည်း တကယ်တော့ လွဲမှားမှုတော့ ရှိစမြဲပါ.. ချစ်သူ ကျွန်တော်တို့ဟာ လွှဲမှားမှုများကိုလည်း ရောင့်ရဲနိုင်ရမည်။ သင်္ဘောသားတစ်ယောက် ပင်လယ်ထဲ အချိန်ကုန်ဆုံးရင်းနဲ့ အထီးကျန် အချိန်ဆိုတဲ့ စစ်သည်တွေက ပျိုမျစ်မှုတွေကို တိုက်ခိုက်နေကြသလို သူမနဲ့ ကျွန်တော့်ကြား သက်ရှိသက်မဲ့၊ လှပခြင်းတွေကို အိုမင်းရင့်ရော်တတ်စေပေမဲ့ ကျွန်တော်တို့ သုညက စတင် တည်ဆောက်ထားတဲ့ ချစ်ခြင်းတရားကို စစ်နိုင်သွားတယ် ရင့်ရော်သွားစေတယ်လို့တော့ မရှိခဲ့ပါဘူး။ ဟိုးမှာကြည့် မိုးကုတ်စက်ဝိုင်းရဲ့ ထောင့်အစွန်းလေး တစ်နေရာမှာ သူမအတွက် စိုက်ပျိုးထားတဲ့ ကျွန်တော့် အချစ်သစ်ပင်လေး ခုထိ ရှင်သန်တောက်ပလန်းဆန်းလို့…။
ဘဝ၏ သေးကွေးသော ဒဏ်ရာများကို ကျွန်တော်က ဥပေက္ခာပြုဖို့ ကြိုးစားသေးသော်လည်း သူမကတော့ ခပ်တည်တည်ပင် မသိချင်ယောင်ဆောင်နေတတ်သည်။ တိမ်တွေကလှသည်။ လိပ်ပြာတွေက ဝါဝါတွေချည်း။ ရှေ့ဆက်လျောက်ရန် လမ်းတို့၌ ဘယ်သူဖြစ်ဖြစ် ဖိနပ်စီးသင့်ပါသည်။ သူမက ကျွန်တော် သင်္ဘောတက်ဖို့ အဖက်ဖက်မှ ဇာတ်ညွှန်းဆွဲသောအခါ ကျွန်တော့် ဂစ်တာတီးသည့် လက်ကို စွန့်လွှတ်ပြီး သူမ မျက်ရည်ဝဲ မျှော်လင့်ချက်တွေအတွက် ကျွန်တော် ပင်လယ်ပျော်ဘဝရောက်သွားခဲ့သော်လည်း ဘယ်အရပ် ဘယ်ဆိပ်ကမ်းရောက်မှန်းမသိ ရောက်နေသော ကျွန်တော် ခေါ်ဆိုမည့်ဖုန်းသံကို သူမက မျှော်လင့်နေတတ်သော်လည်း ကျွန်တော်ကတော့ လစာထုတ်လို့ရသမျှ ငွေများကို ဆိပ်ကမ်းတစ်ခုတွင် သူငယ်ချင်းများဖြင့်ဝိုင်းဝန်း အရက်သောက်မှောက်ရင်း အလုပ်ပင်ပန်းမှု အချိန်တွေကို မေ့ပျောက်စွာ အမြန်ကျော်ဖြတ်တတ်သည်။ တိတ်ဆိတ်နေသော ပင်လယ်သံတွေကြား မိုးရေစက်များကို ကျွန်တော်က သတိရမိသည့်အခါ နမ်းရှိူက်နေကျ သူမ၏ ရွှေအိုရောင်ဆံပင်တွေသည် ကျွန်တော့်ကို ခြောက်လှန့်နေခဲ့၏ ပင်လယ်ထဲရောက်သောအခါ အရာအားလုံးကို မေ့ပျောက်ထားတတ်သော ကျွန်တော့်ရဲ့ ဥပေက္ခာတရားတို့တွင် သူမ ထားရှိသော သံယောဇဉ်ကိုတောင် အားနာစရာကောင်းလှသည်။
သူမသည် တရုတ်တန်းမှ ဘဲသားထမင်းပေါင်းနှင့် မြန်မာကားခပ်ညံ့ညံ့တွေကိုကြိုက်သော်လည်း ကျွန်တော်ကတော့ တရုတ်တန်းမှ ဘီယာနှင့် မြေပဲဆားလှော်သာကြိုက်သည်။ တခါတစ်ရံ ကျွန်တော်သည် သူမ၏ မိန်းမဆန်လွန်းသော အပြုအမူတစ်ချို့ကို စိတ်ပျက်သည်မှလွဲ၍ သူမကို မသရော်ခဲ့ဖူးပေ။
“ကို… တို့တွေ လက်ထပ်ပြီးရင် ကားတစ်စီးလောက်ဝယ်ရအောင်ကွာ၊ ရန်ကုန်မှာ ကားတစ်စီးတော့ လိုတယ်… သိလား”
“အေး.. ဝယ်ကွာ..”
“တွေ့လား… ကိုက ပြီးစလွယ်ပြောပြန်ပြီ” ထို့နောက်သူမက ကျွန်တော့်ကို ကားလိုချင်သည့်အကြောင်း နောက်ထပ်မပြောတော့ပေ။ ကျွန်တော်တို့၏ အခြားသော ဝေဒနာများတွင် မျှော်လင့်ခြင်းမနက်ဖြန်များ၊ ကော်ဖီခွက်များနှင့် ဘဏ်တစ်ခုရှေ့က ခုံပုလေး၊ လေဆိပ်ထဲမှ မျက်ရည်ဝဲသော သူမအကြည့်များလည်း ပါဝင်ခဲ့ကြသည်။ ကျွန်တော် သင်္ဘောတက်ပြီးလို့ ပြန်လာတိုင်း အရုပ်ကြိုက်တတ်သော သူမအတွက် လက်တဝါးစာ အရွယ်ရှိ အရုပ်ကလေးများဖြစ်သည့် ဖားရုပ်၊ မျောက်ရုပ်၊ မြွေရုပ်၊ ဝက်ဝံရုပ်၊ ခွေးရုပ်၊ ဘာသတ္တဝါမှန်းမသိသော ကာတွန်း အရုပ်ကလေးမျိုးစုံဝယ်လာပေးတတ်သည်။
“ကို… ဝယ်လာတဲ့အရုပ်တွေက ချစ်စရာကောင်းတာပဲ တစ်ရုပ်ကို ဘယ်လောက်ပေးရလဲဟင်“
“ဟီး… သုံးရုပ်ကို ဒေါ်လာ၂ဝ လောက်ပဲပေးရတယ်။”ကျွန်တော်က ရီရင်း ပြန်ဖြေသည်။ သူမက ပြုံးရင်း
“အရမ်းတန်တာပဲ။ အကုန်အကျတွေများနေဦးမယ် သိလား.. ကို.. ဟိုတစ်နေ့က မဂ္ဂဇင်းဖတ်တာ အခုက အဲ့ဒီဗေဒင်က မှန်နေပြီ။ ချစ်သူဆီက လက်ဆောင်ရမယ်တဲ့… ကိုရော ဗေဒင်ယုံလားလားဟင်”
ကျွန်တော်က သူမ အလိုကျ ခေါင်းညိတ်ပြရ၏ ထို့အခါ သူမက ကျေနပ်သွားတတ်ပြီး အရုပ်ကလေးတွေကို သေချာသိမ်းနေတဲ့ သူမကို ကြည့်ရင်း ကျွန်တော်က “ဒီအရုပ်တွေကို ကိုတို့ ကလေးလေးတွေရရင် ပြမယ်ကွ၊ သေချာသိမ်းထား”
“အဲ့ဒီကျရင် ကလေးတွေက ဒီအရုပ်တွေကို ဖျက်ဆီးပြီး ညစ်ပတ်အောင်လုပ်ရင် ဘယ်နှယ့်လုပ်မလဲ။ တို့ကတော့ အဲ့လိုလုပ်ရင် သူတို့ကို ရိုက်မှာပဲ”
ပြောပြီး ရယ်မောလိုက်သော ရယ်သံများသည် အနာဂတ်အတွက် အစိမ်းနုရောင်လတ်ဆတ်ခြင်းများ ကျွန်တော် မှတ်ဉာဏ်ထဲတွင် တောက်ပနေ၏ ပျင်းရိငြီးငွေ့ဖွယ် ပင်လယ်ပြင်၏ နေလုံးကြီး ပင်လယ်အောက်ထဲ ဝင်သွားတာ ကြည့်မိတိုင်း ညနေ ရုံးဆင်းပြန်လာသော သူမ လက်ဖဝါးလေးကို ဖွဖွဆုပ်ကိုင်၍ လမ်းလျှောက်ခဲ့စဉ်က အချိန်တို့သည် ညနေခင်းသီချင်းတစ်ပုဒ်ဖြစ်သွားသည်။ ဂစ်တာမတီးတာကြာပြီဖြစ်တဲ့လက် သံပြားတွေကြား လက်ကွက်တစ်ခုပြောင်းဖို့ သံချေးတက်နှေးကွေးရင်း ဂစ်တာ စတီးကြိုးများ ဖိနှိပ် ဘယ်လက်ထိပ်ဖျားက အသမာတွေ မပိုင်ဆိုင်တော့သလို ဂစ်တာလဲ မပိုင်ဆိုင်တော့။ ဒီညတော့ ဂီတာတီးချင်လွန်းသောကြောင့် ဘေးအခန်းက သူငယ်ချင်းဖားတစ်ယောက်ဆီမှ ဂစ်တာငှားပြီး ကော့တစ်ကွက်ကို ကျကျနန စကိုင်ရင်း အော်ဆိုနေကျ Idiot ၏ သီချင်းတစ်ပုဒ် ညဉ်းဆိုလိုက်သည်။
♦♦♦ အားတင်းထားပါဦး… မငိုနဲ့ကွာ ဆက်ပြီးတော့။ အရှူံးမပေးဘူးနော်..
ငါတို့ဘဝအတွက်ပေါ့။ အတူတူကြိုးစားခဲ့တာပဲ ကံတရားထင်သလောက်တော့
မရက်စက်ခဲ့တဲ့အတွက် တို့နှစ်ယောက်မျှော်လင့်နိုင်ပါသေးရဲ့…။ ……………..
အိပ်မက်တို့.. မဝေးတော့လို့ အားမလျှော့နဲ့.. အားမလျှော့နဲ့
CHO: (ဘေဘီ မင်းမျက်လုံးတို့ အားဖျော့ခိုက် ငါ့ရဲပုခုံးထက်မှေးစက်လိုက်..။
အခက်အခဲများအတွက် ငါရှေ့ကရှိတာပဲ။.. ဘယ်လိုအဆိုးဆုံးနေ့တို့ဖြတ်ရလဲ…
ရောင့်ရဲတဲ့အတွက် ကျေးဇူးတင်တယ်။ နောက်ထပ်အဆိုးတို့မရှိဖို့ကတိတွေပဲ
♦♦♦ ဘဝရဲ့အဓိပ္ပါယ်ကို ငါတို့အတူဖွင့်ပြီးတော့…. ဆက်ကြိုးစားကြမယ်… ဘာများခက်လို့လဲ…။
မနက်သစ်မရောက်ခင်မှာ အမှောင်ထုဟာ ကြာလွန်းခဲ့။ နွေးထွေးခြင်းတို့နဲ့
နေမင်းရဲ့ အလင်းရောင်လာတော့မယ်။ …. ။ ။
တေးသွား လက်ခတ်သံတို့သည် ရစ်သမ်မကျလှသော်လည်း သူမကို ချစ်မြတ်နိုးသည့် ကျွန်တော်၏ အနုပညာဖြစ်သည်။
ဘာပဲဖြစ်ဖြစ် အပြန်လမ်းမှာ ကံ့ကော်ပန်းတွေရှိလိမ့်မည်ဟု နေလောင်ထားသော အရေပြားဆဲလ်တွေကြားက ကျွန်တော်မျှော်လင့်ပါသည်။ ကျွန်တော်သည် တစ်နေ့တစ်ခြား ရှည်လာသော ကျွန်တော့်ဆံပင်တွေကို နောက်မှာ ကြိုးဖြင့် သိမ်းဆည်းထားလိုက်သည်။ သူမနှင့်တွေ့တော့မှ ဆံပင်ကို ဘယ်လိုအခြောက်ခံရမည်။ ဘယ်လိုကြိုးမျိုးနှင့် ချည်နှောင်ရမည်။ ဘယ်လိုပုံသွင်းရမည် အသေးစိတ် သူမပြောလိမ့်မည်။ အခုတော့ ကျွန်တော်က အားလုံးကို မေ့ထားလိုက်သည်။ လူအများနဲ့ လူမှုရေး များကင်းကွာနေသော ကျွန်တော်သည် ကမာ္ဘလောကကြီး၏ ဘယ်လိုအပြောင်းအလဲမျိုးမဆို အမှတ်တမဲ့ ဖြစ်သွားနိုင်သော်လည်း သူမ၏ စကားသံများနှင့် အနမ်းကိုတော့ မှတ်မိနေဦးမည်။
ဟိုးရှေ့မှာ ….. အလွမ်းများသည် ဆားနံ့သင်းနေသော ပင်လယ်ပြာပြာ လှိုင်းကြက်ခွပ်လေးတွေကြားတွင် ပုန်းခိုနေ၏ ဒါကို ဘယ်သူမှမသိပါစေနှင့် အထူးသဖြင့် ရွှေအိုရောင် ဆံပင်လှလှလေးရှိသော သူမ မသိပါစေနှင့်။
လေးစားစွာဖြင့်
ကိုရင်စည်သူ
19 comments
ဦးကျောက်ခဲ
August 17, 2013 at 11:48 am
မျက်နှာများတဲ့ ကစီသွပ်…
ရွာထဲမှာတော့ သေနပ်တရမ်းရမ်းနဲ့ တွေ့သမျှ ရွာသူလေးတွေကို လိုက်ပစ်နေပြီး…
ပြန်ခါနီးမှ အလွမ်းတွေ ဘာတွေနဲ့ ချွဲနေတယ်… အိုဘယ့် နှူးဘာဂိုဏ်းအုပ်…
😀
ကိုရင်စည်သူ
August 17, 2013 at 11:51 am
ဟုတ်ပါဘူး.. အူးကျောက်စ်ရဲ့… တားက ပျော်ပျော်နေဒတ်လို့ပါ…
ရွာက တမီးလေးတွေ ပျင်းနေမှာဆိုးလို့ သေနပ်သီး ရမ်းပေးတာပါ။
ဂယ်ဆို ကျေးဇူးတောင် တင်ဖို့ကောင်းဒေးတယ်…။
မချွဲတတ်လို့ အူးစတုံးလို မိန်းမတောင် ဘိုကင်ယူရသေးပါဘူးဗျာ.. ငဲငဲ…
အလင်းဆက်
August 17, 2013 at 12:39 pm
ပင်လယ်ပြင်ပေါ်မှာ
လှုပ်ရှား ရှင်သန်နေရတဲ့
လူငယ်တစ်ယောက်ရဲ့ ခံစားမှု အက်ဆေးး
ဖတ်ရတာ အနှစ်သာရ ရှိပြီးးး
အက်ဆေးတွေကို ပိုချစ်သွားစေတယ်ဗျာ
အင်းးးး
ကျွန်တော်လည်းး
တချိန်တုန်းက
ပင်လယ်ပြင်ပေါ်မှာ
စက်လှေ ကလေး ပေါ်မှာ ထိုင်ရင်း
ကောင်းကင် က ကြယ်တွေ ကို ငေးးးးရင်းးး
သနပ်ခါး ရနံ ့လေး ကို
လွမ်းမောဖူးတယ်
ကိုရင်စည်သူ
August 17, 2013 at 4:41 pm
ရေးဟန်ကွဲနေတဲ့ ခံစားမှုတစ်ခုကို အားပေးတဲ့
အလက်ဆင်းရေ.. ကျေးဇူးပါဗျို့…။။
စက်လှေပေါ်က ကြယ်တွေကြည့်ဖူးတော့..
တော်တော် စိတ်ကူးယဉ်ခဲ့မှာပဲ…
အောက်တော့ အချိန်စိုက်ပြီး ကြာကြာပြန်မကြည့်နဲ့..
ဗွမ်းခနဲဖြစ်သွားမယ်… ရေသူမလေးနဲ့ ဂျစ်နေရအူးမယ်..
Min Zarni
August 17, 2013 at 1:59 pm
ဆြာမင်းလူစကားလည်း ရွတ်ရွတ်နေသေးတယ်ဆိုရင်တော့
အင်း
ဟုတ်နေပါပြီလေ.
ကျုပ်လည်း မြက်လျှောပေမယ့် ကင်းကော်ဘရာသွပ်တို့. ဗိုက်ပရာကျောက်စ် တို့နဲ့မျိုးနွယ်တူပါပေ. ဟိ
ကိုရင်စည်သူ
August 17, 2013 at 4:25 pm
အင်းပေါ့.. ကန္နားစီးမိဂီ့.. ခုတော့ နင်က အဲ့လိုစကားတွေပြောနိုင်ပီပေါ့..
မြက်သိပ်မလျှောနဲ့…။ ဖားအံ့ကဆိုရင်တော့ ဖားကို မြွေမျိုနေတဲ့ ရုပ်ထုကို သတိရသား။
တကယ့်တော့ ကိုယ့်ဘွက ချည်တိုင်က ကြိုးရှည်ရှည်နဲ့ အလွှတ်ခဲ့ထားရတဲ့…
ကျားတစ်ကောင်ပါ… မအော်ရဲဘူး.. ဘွတ်..အဲ.. ပဲထွက်နေလို့… ဟီးး 😆
lele kyi
August 17, 2013 at 3:42 pm
လေးစားပါတယ် ကရင်စည်သွပ်။ ကျမ တလ လောက်အိုးပန်းစီး သွားတာတောင်ရူးချင်ချင်။ အဲ့ဒါတောင် အင်တာနက်ပေးသုံးထားတယ်။ ကြိုက်တဲ့နေရာသွား ဆေ့ဖ်တီး ရှိရင်ရတယ်။ အကုန်လုံးနဲ့လဲ ခင်ခင်မင်မင်ရှိတယ်။ ဒါပေမဲ့ မပျော်ပါဘူး။ ဘုတ်တွေလာတိုင်း မန်နေဂျာကိုသွားသွားပြောတာ ငါ ဘုတ်နဲ့ပြန်လိုက်သွားတော့မယ်လို့။ ဒါပေမဲ့ မလွှတ်ပါဘူး။ ဘုတ်နဲ့တောင် ၁ဝ နာရီလောက် မောင်းရတာ။ ဝီးဟောက်စ်ရဲ့ ဝင်းဂျ် လှေကားထစ်မှာ သွားငိုတာ။ ဟီးးပြန်စဉ်းစားရင်ပျော်စရာလည်းနည်းနည်းကောင်းသလားလို့။ ကျမ တို့သင်းဘောကသွားနေတာဟုတ်ဘူး။ စမ်းသပ်နေတာဆိုတော့ အရှေ့နည်းနည်းမောင်း ပြီး အနောက်ပြန်မောင်း အဲ့နားပဲပတ်ချာလည် လည်နေတာ။ ဘာမှ ကြည့်စရာရှိဘူး။ ကောင်းကင်နဲ့ ရေပြင်ကလွဲလို့။ ငှက်လည်းလာဘူး။ ငါးလည်းတွေ့ဘူး။ တခါတလေ သင်းဘော တစ်စီးတလေ ဘေးကဖြတ်သွားတာလောက်ပဲ။
ကိုရင်စည်သူ
August 17, 2013 at 4:29 pm
ဂျီးဒေါ် မလဲ့လဲ့ အဲ့လောက် နေသွားတာ.. ကျော့်လို သင်္ဘောသား ချောချောလေးတွေများ
လိုက်စကားမပြောဖူးလား… ဟီးးး ဒို့သာ ဆိုပြောတယ်လို့…
ရေချာခါ သင်္ဘောသစ်တွေဆို ကျော့်က ရှောင်ဒယ်… ပင်ပန်းလို့… ။
၁၄ လပြည့်ပီ… ပြန်ဖို့ အင်တင်တင်ဖြစ်နေလို့ ဘုရားဆေးထိုးနေရဒယ်…
မောင် ပေ
August 17, 2013 at 6:31 pm
မည်သို ့ပင် ဖြစ်ဖြစ်
သင်္ဘောသားများသည်
အာရကေ ကောင်းသည်
ထို ့ကြောင့်
ကုန်းပေါ်ပြန်တက်ကြသောအခါ
ပျော်ရွှင်ကြလေသတည်း။
lele kyi
August 17, 2013 at 7:41 pm
ဟဟ. ရှိပ့ ကရင်စီရေ။ လက်ပ်တော.ပေါ်မှာ သကြားလုံးတွေ လာထားသွား တာတို့။ တံခါးဖွင့်ပေးပြီး အားဖတားယူ လုပ်တာတို့။ ဟီးး အဲ့ဒါကြောင့်ပြောတာ တခါတလေပျော်ဖို့ကောင်းတယ်လို့။ အလုပ်နားချိန်ဆို ချိဖ်မိတ်တွေနဲ့ သူ့နိင်ငံ ကိုယ့်နိုင်ငံ အကြောင်းပြော။ မှတ်မှတ်ရရ 3rd mate ကောင်လေးတစ်ယောက်နဲ့ တော်တော်စကားပြောဖြစ်ခဲ့တယ်။ သူကမြန်မာနဲ့တော်တော်တူတာ။ ကျမ က သူ့ကိုမြန်မာထင်တာ။ သူကလဲကျမကိုသင်းဘောပေါ်တွေ့လို့ထူးဆန်းနေတာ။ နောက်တော့ မနေနိုင်ဘူး ကျမကိုလာမေးတယ် ဘယ်နိုင်ငံ ကလဲ တဲ့။ ကျမ က မြန်မာပေါ့ နင့်ကိုလဲ မြန်မာလူမျိုးမှတ်နေတာလို့။ သူက မက်ကဆီကိုက။ ချိဖ်မိတ်ကနောက်တယ်. နင် ရစ်ကီမာတင်ကိုသိလားတဲ့ အဲ့ဒါ သူပဲတဲ့။ သူ့နာမည်က မာတင်လေ။ တော်တော်ငယ်သေးတယ်။ အားရင် ဝှီးဟောက်စ်လာပြီးသူသင်းဘောစတက်ခဲ့တဲ့အတွေအကြုံတွေပြောပြတယ်။ ပြီတော့ ကျမရဲ့ အခန်းဖော်က အီတလီယန်းမ တော်တော် ခင်ဖို့ကောင်းတယ်။ ရိုးသားကြိုးစားတဲ့ ကောင်မလေးပါပဲ။ တော်တော်အလိုက်သိတတ်တယ် မရိုင်းဘူး။ ပြီးတော့ အီရန် အင်ဂျင်နီယာနဲ့ လဲတချို့အပိုင်းတွေ တွဲလုပ်ခဲ့ရတယ်။ တော်တော် ယဉ်ကျေးတဲ့ အီရန်ပါပဲ။ ကျမ က အီတလီယန်းမှတ်နေတာ။ အော်ပရေးရှင်း လုပ်တဲ့ သင်းဘောဆိုတော့ တော်တော်အလုပ်ရှုပ်ကြပါတယ်။ လူတော်တော်များများက သင်းဘောသားဆို ပိုက်ဆံရတာနဲ့ ရှုပ်တယ်ပဲထင်နေကြတယ်။ စိတ်ဓါတ်ကြံ့ခိုင်မှသင်းဘောတတ်နိုင်တာပါ။ သင်းဘောပေါ်ကစည်းကမ်းတွေက ကုန်းပေါ်ထက်ပိုတယ်။
ကိုရင်စည်သူ
August 17, 2013 at 8:17 pm
ရှိမယ်ဆိုတာ သိပါ့.. ဂျီးဒေါ်ရာ… 😳 တစ်နေ့တစ်နေ့ မြင်နေကျ အခွက်ကြီးတွေဆိုတော့
အရာရှိမိန်းမ တစ်ယောက်လောက် တက်လိုက်ရင်ကို ဒီကကောင်တွေက
အချိုးတွေပြောင်း နူးညံ့သွားတတ်ကြတာ..။
နိုင်ငံသားစုံရင် သူ့အထာနဲ့သူမို့ ပြသနာမရှူပ်သလို ကိုယ့်ဟာကိုယ်နေကြပါတယ်။..
ရွှေတစ်ကျိတ်စုလိုက်ရင်တော့…. အင်း..အင်း.. တပည့်မွေးပီး အထုတ်ဖြေနေတဲ့
သင်္ဘောတွေအကြောင်းရှိသေးတယ်။
တခါက အဖမ်းခံထားရတဲ့ စလုံးရေပိုင်နက်နားက Car Carrier သင်္ဘောကို
ရောက်သွားပုံလေး အကြောင်းညီညွှတ်ရင်တော့ ဖောက်သည်ပြန်ချပါ့မယ်..
ဂျီးဒေါ်ကော နောက်တစ်ခေါက်လောက် ပြန်မတက်ချင်တော့ဘူးလား..
nozomi
August 17, 2013 at 8:32 pm
တကယ်ကောင်းကြောင်း
တကယ်ခံစားသွားရကြောင်း
တော့ ပြောခွင့်ပြုပါ
ကိုရင်စည်သူ
August 17, 2013 at 8:42 pm
ကိုဂျီးနို.. ပြောခွင့်ပြုပါဒယ်… တမီးလေးတွေကလည်း ချစ်ခွင့်တွေလည်း ထပ်ပြုပါတယ်တဲ့နော်.. ဟီးးး
ရွာထဲက ပျောက်ချက်သားကောင်းလို့… ဒုံးပျံထွင်နေတဲ့ထဲများ ပါသွားပီလားလို့.. သတိရနေဒါ… 😳
Crystalline
August 17, 2013 at 8:45 pm
အဖြေရတဲ့နေ့မှာတင်အကြွေးယူတယ်ဆိုတော့ တော်တော်မျက်နှာပြောင်တာပဲ…
လူကိုတော့ခင်ပါသည်.. သို့သော်… အကြွေးသည်းခံပါ .. :kwi:
ကိုရင်စည်သူ
August 18, 2013 at 10:48 am
တိန်… ခရစ်ဂလေးဂလည်း ပြောင်ပါဖူးဗျာ.. လူကိုလည်ခင်ဘာ.. အကြေးယူခြင်းသည်းခံပါ။
သံသရာမှာ ထပ်ပီး တွေ့ချင်ဒေးလို့ အကြွေးယူဒယ်မှတ်ဘာဗျာ..
ချကားမဆပ်… ခရစ်လေး ဘောဘော ထောင်ထားရင် တားလေ အခမဲ့ ၆လလောက်
လိုက်ပြီး အလုပ်လုပ်ပေးဒယ်… တင်ပေးပါရား… အညှော်ခံများနေတဲ့ ကြောင်ဂျီးဆီသွားပီ…
အညှော်ထုတ်ပေးဂျမယ်လေ… 😆
ဦးကြောင်ကြီး
August 17, 2013 at 11:01 pm
ခရစ်စတယ်လေးက အကြွေးပေးဗူးဒဲ့… နင်ဘိုလုပ်မဲ…။ မရလုကွာ အတင်း…. 😛
kyeemite
August 19, 2013 at 11:05 am
ရောင့်ရဲထားတဲ့အလွမ်းများ…တဲ့လား
လွမ်းတာတော့ ရောင့်ရဲမနေပါနဲ့ကရင်စည်ရယ်
တဝကြီးလွမ်းပစ်စမ်းပါ…
မဟာရာဇာ အံစာတုံး
August 20, 2013 at 12:34 am
ကိုကို ….
ကိုကို ပျံလာရင် …
ချစ်တွက် ရေမွှေးလေး ခိုးဂဲ့ဘာနော် ….။
နို့မဟုတ်ရင် ကိုကိုနဲ့ ချစ် တွေ့ဒဲ့အခါ နံနေမှာစိုးညို့ ….။
ပုံ/
ချစ်ငပိ
အရီးခင်
August 20, 2013 at 5:06 am
ကိုရင်စည်လေး
အစ ကပြောတော့ အဖော်မရှာတော့ ဘူး ဆိုလားလို့။
😛