မသာ တစ်ကောင်၏ မှတ်စုများ
မသာတစ်ကောင်၏ မှတ်စုများ
°°°°°°°°°°°°°°°°°°°°°°°°°°°°°
___________________________________
ဒီနေ ့။ ။
__________
ကောင်းကင်ကို
မတော်တဆ ကြည့်မိသည် ။
ကျွန်တော် ကြည့်လိုက်သည့်အခိုက်မှာပဲ ဖြုတ်ခနဲ ကြွေကျသွားသော ကြယ်တစ်ပွင့် ။
အဲသည် ကြယ်ပွင့်ကလေး ရဲ့ လက်ထဲမှာ
” Art ” ဆိုသော စာတန်းကလေးတစ်ခု ကိုင်လျက်သားးး
ဇောက်ထိုးးးး မိုးးးမျှော် ာ် ာ် ာ်
လိမ့်ကာာာာ လူးကာာာာ
သက် . . .ဆင်းးးးးကွယ်ယ်ယ် ပျောက် . . . ။
ကျွန်တော့် ရင်ထဲမှာ တုန်ရီလှိုက်မော . . . ဟင်းးးးခနဲ
သက်ပြင်းးးတစ်ချက်ချရင်းးးး
ကိုယ့် မှတ်တမ်းတွေ
ပြန် လှန်ကြည့်မိသည် ။
ငါ ဘယ်လောက် ကြာကြာ
လင်း နိုင် ဦးမှာ ပါလိမ့် လို ့ . . . . .
သီချင်းကလေးလို ညည်းလိုက်သည် ။
#########################
နှစ်ရက်မြောက်သော နေ ့။ ။
___________
ဆိုးဝါးမှု တစ်ခုခု ဖြစ်ပျက်ခဲ့သည် ။
သူတို့ကြောင့် လို ့ လက်ညှိုး ထိုးပစ်ချင်လို ့ ပြတင်းတံခါးကို ဆွဲ ဖွင့်လိုက်၏ ။
ပြတင်းတံခါး အပွင့်မှာ … … …
အပြင်ဘက်က လက်ညိုးတွေ . . . ကျွန်တော့်ဘက်ကို ပြွတ်သိပ်ပြီး ဝင်လာသည် ။
ဘုရားးးးးးးးး
အပြင်မှာ … … …
ကျွန်တော့်ကို လက်ညိုးတွေ အများကြီး ဝိုင်းထိုးရလောက်အောင် ဘာတွေများ ဖြစ်ပျက်နေပါလိမ့် ။
ကျွန်တော် … … …
စိတ်တိုတို နဲ့ ့ပြတင်း တံခါးကို မပိတ်ပဲ ကိုယ့် စိတ်ကို ပိတ် / အိပ်ပစ်လိုက်သည် ။
#########################
သုံးရက် မြောက်သော နေ ့။ ။
____________
အောင်မြင်မှု တွေ ရခဲ့ဖူးသည် ။
အဲဒီတုန်းက … … …
မင်းကြောင့် လို့ ့ပြောချင်လို ့
မှန်ရှေ ့မှာ ရပ်လိုက်တာ. . . . . . ။
မှန်ထဲမှာ မြင်နေရတဲ့ ကိုယ့်ပုံရိပ်က ဟိုဘက်လှည့်နေလို ့
ဘာမှ မပြောခဲ့ရ ။
အခုကျတော့လည်းး
မှန်ထဲမှာ
ကိုယ့်ပုံရိပ်နဲ ့ကိုယ်
မျက်နှာချင်းဆိုင် တွေ့ ့နေတာတောင် မင်းကြောင့် လို ့ မပြောချင်တော့ဘူးးး။
ဟူးးးးးးးး
##########################
လေးရက်မြောက်သော နေ ့။ ။
___________
စံပယ် ရယ် . . . .
ဒီနေ ့တစ်နေ့လုံး
နင့်ကို ငါ သတိရနေတာ . . . . ။
နင့်ပါးက သနပ်ခါး ရနံ ့လေး ကို
ငါ အရူးအမူး လွမ်းတယ် ။
မေခနဲ့ မလိခ ဆုံသလို . . .
နင့်အချစ်နဲ ့ငါ့အချစ် ဆုံခဲ့တုန်းက စပြီးးး ဧရာဝတီလို သံယောဇဉ်မြစ်ကြီး စီးဆင်းခဲ့တာ ပါဟာ ။
နင်နဲ ့ငါ ကြားမှာ … … …
ရေကာတာခြားပြီး မဝေးချင်ဘူးကွာ ။
ငါ . . . . . . လေ . . . . . . ငါ
မဆွေးရဲဘူး စံပယ်ရာ ။
##########################
ငါးရက်မြောက်သော နေ ့ ။ ။
_________
မိတ်ဆွေ တစ်ယောက်နှင့်
စကားစမြည် ပြောဖြစ်သည် ။
ထို မိတ်ဆွေသည် … … …
ကျွန်တော့်ကို ကြယ်တစ်ပွင့် ဖြစ်စေချင်သူ။
သို့သော် ကြယ်ပွင့်ကလေးးး ခပ်စောစော မကြွေစေလိုသူ ။
” စာပေလောက ထဲ ခြေစုံပစ် ဝင်တော့လေဗျာ “
ဟု ထိုမိတ်ဆွေက ပြောသည် ။
ကျွန်တော် . . .
ဘာမှ ပြန်မပြောပဲ
ပြုံးစိစိသာ လုပ်နေလိုက်ပါသည် ။
ဘယ် နယ်ပယ်ကို မဆို
ခြေစုံပစ် ဝင်လျှင် ” နာ” နိုင်ကြောင်းး
ကျွန်တော်က နာကျင်မှု ကို ထပ် မခံစားရဲတော့သူသာ ဖြစ်ကြောင်းး
ပြောာာာာာာာကိုိုု ို ို ို ို ို ို ို ို ို မပြောာာာာာချင်င်င်တောာာ့ဘူးးးးးးးးးးးး။
##################
ခြောက်ရက် မြောက်သော နေ ့ ။ ။
___________
ကျွန်တော် … … … … … … … … … ကိုယ့်တရား ကိုယ်ဟော . . .
ကိုယ့်ကို ကိုယ် ပြန် ပြောဆို ဆုံးမနေတုန်းမှာ . . .
ကျွန်တော် ့ အိမ်ထဲကို တစ်စုံတစ်ယောက် ဝင်လာသည်။
သေချာကြည့်မိတော့မှ
အိမ်ထဲ ဝင်လာသူမှာ မီးခွက်ကြီး ဖြစ်နေသည် ။
“ ဘာကိစ္စလဲ ´´ဟု
ကျွန်တော် မေးသောအခါ
“ ပြဿနာ လာရှာတာ ” ဖြစ်ကြောင်းး
သူ ့ကို သူ မီး ထွန်းလာကြောင်းး
မီးခိုးတလူလူ မှုတ်ထုတ်ရင်းး မီးခွက်ကြီးက ပြောပါသည် ။
ကျွန်တော်ကလည်း ပြောသင့်တာကိုတော့ ပြန်ပြောရပါလိမ့်မည် ။
ကျွန်တော့် အိမ်မှာ ပြဿနာ မရှိ /
လူသာ ရှိကြောင်း /
ပြဿနာများကို ခုတ်ထွင် ရှင်းလင်းပြီး မြေမြှုပ် ပစ်လိုက်ပြီ ဖြစ်ကြောင်း ခပ်တည်တည်ဖြင့် ပြန်ပြောရပါသည် ။
သူ ့ကိုယ် သူ မီးထွန်းပြီး
ပြဿနာ လာရှာသော မီးခွက်ကြီး စိတ်ပျက်လက်ပျက် ဟန်ဖြင့်ပြန်သွားသည်။
ရေနံဆီ အနံ ့တထောင်းထောင်း ထ ကျန်ရစ်ခဲ့သည်။
ကျွန်တော် … … …
နှာခေါင်းကို မပိတ်
အာရုံကို ပိတ်ပြီးး
စိတ် ငြိမ်နေလိုက်သည် ။
##########################
ခုနှစ်ရက် မြောက်သော နေ ့ ။ ။
___________
တကယ်တော့ … … … …
တစ်ခုခု ဖြစ်ပျက်သင့်သော်လည်း … … … ဘာဆိုဘာမှ မဖြစ်ပျက်ခဲ့သော
ခပ်ညံ့ညံ့ နေ့ ့တစ်နေ ့ဖြစ်သည် ။
##########################
ရှစ်ရက် မြောက်သော နေ ့ ။ ။
___________
ခေတ်သစ်စာရေးဆရာ တစ်ယောက်၏ စာအုပ်ကို ဖတ်မိသည် ။
“ရွှေခွက်နဲ ့တောင်းလည်းသူတောင်းစားပဲ “
ဆိုသည့်စကား ပါသည် ။
ကျွန်တော် အလွန့်အလွန် သဘောကျသွားသည် ။
နောက်ထပ်
(( အဲသည် စာရေးဆရာ ရေးထားသော ))
စာအုပ်တစ်အုပ်ထဲမှာလည်း
ကျွန်တော် သဘောကျသော စကားလုံးတစ်လုံး ထပ်တွေ့ ့ပြန်သည် ။
ဇာတ်ကောင်မင်းသမီးလေး၏ အလှကို ”သနပ်ခါးလိမ်းထားတဲ့ ပန်းကလေးတစ်ပွင့် ‘‘ ဟု တင်စားထားသည် ။
ဖတ်ပြီးးး မြင်ယောင် ကြည့်ရုံနဲ့ အတော်လေး ကြည်နူးနှစ်သက်စရာ ဖြစ်နေသည်။
အင်းးးးး
ကျွန်တော်လည်းးးးးး
သနပ်ခါးလိမ်းထားတဲ့ ပန်းကလေးတစ်ပွင့်ကို
ဘာခွက်မှ မပါပဲ (( ခွက် မရှိပဲ ))
လက်ဖြန် ့တောင်း ယူဖူးသည်။
ကျွန်တော်သည် ( _________ ) တစ်ယောက်ဖြစ်ဖူးသည် ။
###################
ကိုးရက် မြောက်သောနေ့ ။ ။
__________
စာရေးစားပွဲ မှာ ထိုင် / ကော်ဖီ ခါးခါး တစ်ခွက် ကို ကိုင်ပြီးး
ဖတ်လက်စ Poest Modern Art ဆိုင်ရာ ကျမ်းငယ်တစ်အုပ်ကို ဖတ်မလို ့ကြံတုန်းး
နံရံမှာ ချိတ်ထားသော ရွက်ဆုတ်ပြက္ခဒိန်လေးဆီ
အကြည့်ရောက် မိသည် ။
“မနေ ့က ´´ ကို
ဆွဲဆုတ် လွှင့်ပစ်ရဦးမည် ။
” မနေ ့က အလင်းဆက် ”
သေဆုံး သွားလေပြီ။
” ဒီနေ ့အလင်းဆက် ”
ဒီနေ ့မှာ … … ဘာဆက်လုပ်မလဲ ဆိုသော မေးခွန်းဝင်လာသည် ။
___________________
ကောင်းကင်ကို မော့ ကြည့်မိသည်။
ကျွန်တော် ကြည့်လိုက်သည့် အခိုက်မှာပဲ . . . . . . . . . . . .
. . . . . . . . . . . . . . .
. . . . . . . . . . . . . . .
. . . . . . . . . . . . . . .
±±±±±±±±±±±±±±±±±±±±±±±±±±±
လေးစားစွာဖြင့်
အလင်းဆက်
(((( ဘယ်ဝတ္ထု ကိုမှ မှီငြမ်းခြင်း တုပခြင်း မရှိပဲ / ကျွန်တော့် အတွေးကို ကျွန်တော်ရေးတတ်သလို ချရေးထားသော စာပေ ဖန်တီးမှု ပုံစံတစ်ခုသာဖြစ်ပါသည် ။ )))
22 comments
Inz@ghi
August 29, 2013 at 8:46 am
မသိပါဝူး
အလင်းဆက်တယောက် (မိုး)အလင်း sex(ထကြွသောင်းကျန်း) မိလို့
ပလပ်ကျွတ်ပီး တကယ်ကြွသွားပီအောင့်မေ့နေတာ..
မုန့်ဟင်းခါး စားချင်နေပါတယ်ဆိုမှ သူက တကယ်သေတာမဟုတ်တဲ့ ..
ကတောက်ခ်..
အလင်းဆက်
August 30, 2013 at 7:31 am
အဟိ
အလင်းsex တဲ့
ဆိုးပါဝူးးး
ဟို ဒညင်းဝက်ဆိုတာကြီးထက်တော့
ဆွဲဆောင်မှု ရှိသား
ားဟား
🙂
Wow
August 29, 2013 at 9:01 am
ရက်လည်ပြီးတာတောင် မုန့်ဟင်းခါးလေးဘာလေးမကျွေးဘူးလား
အလင်းဆက်
August 30, 2013 at 3:44 pm
တို ့ရက်လည် ရင်
ကဗျာဆန်ဆန်လေး ဖြစ်အောင်
ရေခဲမုန့် ပဲ ကျွေးစေချင်တယ်
🙂
garfield
August 29, 2013 at 9:08 am
ဘယ်သူ ဝိုင်းဝိုင်း နာ အကောက်ကောက်မယ်နော်။
အလင်းဆက်
August 29, 2013 at 7:42 pm
တိန်…
🙂
မဟာရာဇာ အံစာတုံး
August 31, 2013 at 9:17 am
မသာဝိုင်းကရဒဲ့ အကောက်ပိုက်ဆံကို
မုန့်ဝယ်စားဂေါင်းဘူးဒဲ့ …..
မုန့်ဝယ်စားရင် တလဲက လာတောင်းစားဒတ်ဒယ်ဒဲ့ …
မကျွေး လည်ဘင်း ညှစ်ဒတ်ဒယ်ဒဲ့ …
ကိုင်း … ဘိုလဲ ..
အလင်းဆက်
August 31, 2013 at 10:09 am
လည်ဘင်း ညှစ်တာများ
တို့တော့ ဖြုံပါဘူး
လည်ပင်းညစ်တာထက် ခံရခက်တာမျိုး
အညှစ်ခံရဖူးတယ်ဟ
ငွေညှစ်တာ
🙂
surmi
August 29, 2013 at 8:39 pm
လန့်လိုက်တာကွာ
ရွာထဲသရဲခြောက်နေတယ် ဆိုကာမှ 🙂
အလင်းဆက်
August 30, 2013 at 4:28 pm
အလန့်ထညက် ဖြစ်သွားတယ်ပေါ့
ဦးဆာရေ
🙂
Ko chogyi
August 29, 2013 at 9:56 pm
မနေ့ကသေသွားတဲ့ ဒညင်းဝက်
ဆပ်ကျန်ရန်ကျန်သောအကြွေးများ
ဒီနေ့အလင်းဆက် ဆပ်လိုက်ပါ။
အလင်းဆက်
August 31, 2013 at 7:36 am
ဟုတ်ပါ့ဗျာ
အကြွေးတွေ ဆပ်ရဦးမယ်
🙂
kyeemite
August 30, 2013 at 1:02 pm
မသာတစ်ကောင်
ကဗျာမဆောင်
ဗလာဂဂျောင်
မခွာနိုင်ပေါင် 😀
အလင်းဆက်
August 31, 2013 at 7:38 am
ဦးကြီးးး
ကာရန်တွေ လန်းနေပါလား
:kwi:
မဟာရာဇာ အံစာတုံး
August 30, 2013 at 1:16 pm
ဒီနေ့ … သေတယ် …
နှစ်ရက်မြောက်သော နေ ့ …. အသုဘ ချတယ် …
ခုနစ်ရက်မြောက်သော နေ့ … ရက်လည် ဆွမ်းသွပ်တယ် ….
ကြားရက်ထဲ ဖဲဝိုင်းထောင်ဒယ် …
ဒါဘာဗျဲစ် …
အလင်းဆက်
August 31, 2013 at 7:40 am
အံအံ
နီပေါလိုက်တော့လည်း ရှင်းသွားတာပဲ
🙂
Ma Ma
August 31, 2013 at 8:54 am
ဝိုင်းဝန်းထောပနာပြုနေကြပုံများ……….
ခမျာ ချစ်သုဝေလေးကို ဖက်ပြီး ငိုချင်နေအုံးမယ်။ 😀
အလင်းဆက်
August 31, 2013 at 10:11 am
အန်တီမမ က
တန်းသိနေတော့တာပဲ
🙂
ချစ်သုဝေကို ဖက်ပြီး ငိုလိုက်ချင်ဒယ်
အဟိ
:kwi:
ဦးကြောင်ကြီး
September 3, 2013 at 9:15 am
မသာဂျီးထလာဂါ
လျှာဂျီးထုတ်လျက်
ဒညင်းဝက်ဟု
အော်ခေါ်သည်
အလင်းဆက်
ဖင်တွန့်ကနဲ
ဖြစ်သွားသည်
ဂျပိုးကြမ်းအောက်မှ
ထိုးသောကြောင့်ဖြစ်၏
ရွှတ်ကနဲအသံပြု၍
ဟန်မပျက်
အီးပေါက်လိုက်သည်
ဆီးရီးယားတွင်
ဓာတ်ငွေ့အဆိပ်သုံး
သတ်ဖြတ်မှုနှင့်
နင်လားငါလား
ဖြစ်ရပ်ဆိုးတည်း…။
အလင်းဆက်
September 3, 2013 at 10:07 am
တိန် ။
ဘယ်လို စာသားတွေပါလိမ့်…။
ချစ်သုဝေရေ… ကယ်ပါ ။
🙂
YE YINT HLAING
September 3, 2013 at 3:30 pm
ချစ်သုဝေ က သူမအားလို့တဲ့ သူ့အကို လွှတ်လိုက်တယ်။ ဂိန်!
အလင်းဆက်
September 3, 2013 at 6:57 pm
တု အကိုဂျီးကို မတွေ့ချင်ဘူး..။
တုကိုပဲ..တွေ့ချင်တယ်..
အာဟိ
🙂