Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Wow အတွက် ဘရန်းဒက် – Branded Skin Care & Cosmetics

ဇီဇီOctober 2, 20135min144171

ဒီပို့(စ) ကို မရေးခင်လည်း အတော်စဉ်းစားရပါသေးတယ်။

အမျိုးသမီး အလှကြိုက် ကြီးငယ်မဟူ သိပြီးသားဖြစ်နေမှာ တစ်ကြောင်းးးးးး

ပြောလာမဲ့ ဘု စကားတွေကို ကြောက်တာ တစ်ကြောင်းပါ။

ကျနော် ဒီပစ္စည်းတွေကို သုံးတာ အားပေးတာမဟုတ်သလို၊ ပရိုမိုးရှင်းလုပ်နေတာလည်းမဟုတ်ပါ။

ကျနော်သိသလောက်ကို ရှာဖွေထားတာလေးတွေနဲ့ပေါင်းပြီး ရေးခြင်းဖြစ်ပါတယ်။

 

ကျနော် က အရေပြားတစ်ထောက် ကိစ္စကို သိပ်အရေးမထားခဲ့ပေမဲ့ စလုံးရောက်တဲ့ အချိန် သူတို့က ပေါ်ယံ ပါစင်နယ်လတီကို သိပ်ကြည့်တာကြောင့် ကိုယ့်ရဲ့ လူမှုရေး/အလုပ်အကိုင် စတာတွေမှာ သူများထက် ထိရောက်ဖို့ ကိုယ့်ကိုယ်ကို ပြန်ဂရုစိုက်ရပါတယ်။

အရင်က ကိုယ့် အမေ အလှအကြောင်းဘာပြောပြော နားမထောင်တဲ့ မိန်းမဟာ အသက်လေးလည်းရလာ၊ ဒါဟာ ကိုယ့် ဘဝ အတွက် အထောက်အပံ့အနေနဲ့ ပင်ပန်းစွာလေ့လာရပါတယ်။

 

ခု သိသလောက်ကို ပြောမှာပါ။

အရင်က အသားအရည်ထိမ်းသိမ်းမှု (Skin care) နဲ့

မိတ်ကပ်လိမ်းတာ (Cosmetic) ကို တူတူမှတ်ခဲ့တာမှာ

လေ့လာအပြီးမှာတော့ ကျနော်ကိုယ်တိုင်က Skin Care ဘက်ကို အားသန်သွားပါတယ်။

ခု ဒီမှာ ၂ ပိုင်း ပါမှာပါ။

မိတ်ကပ် (Cosmetic) ရယ်

အသားအရည်ထိမ်းသိမ်းမှု (Skin Care) ရယ်ပါ။

 

ဒီ ပို့(စ) ကတော့ ဘရန်း အခြေခံ ပို့(စ) မို့ ကယ်မိကယ် ပါဝင်တဲ့ ပစ္စည်းမျိုးတွေအကြောင်းပဲ ပါမှာပါ။

သဘာဝ အသီးအနှံကို သုံးချင်ရင်လည်း နောက် ကြုံတဲ့ တခေါက်မှာရေးပေးပါ့မယ်။

ဝါးကို ဒီ ၂ မျိုးရေးမယ်ပြောထားတာ၊ ခု ကတိတည်တယ်နော်။ မုန့်ဝယ်ကျွေးးးးးးးးး

 

:mrgreen:

~~~~~~~~~~~~~~~~~~~

A) Skin Care

A1) သိထားသင့်တဲ့ အသုံးများးး

Cleanser ဆိုတာ မျက်နှာပေါ်က မိတ်ကပ်/အဆီ/ဆဲ(လ) အသေ တို့ကို ဖယ်ရှားဖို့ အဓိကထုတ်ထားဖြစ်ပြီး ဝက်ခြံဖြစ်လာနိုင်တဲ့ အဆံလေးတွေကိုပါ ဖယ်ရှားနိုင်ပါသေးတယ်။

Skin Mostrizer/Skin Hydrater/Skin Serum ဆိုတာ မျက်နှာ ရေဓာတ်ကို  မခြောက်သွေ့အောင် ကာကွယ်ထားတဲ့ အပြင် မျက်နှာ အပေါ်ယံကို ပိုနူးညံ့နေအောင် ထိန်းထားနိုင်တဲ့ လိမ်းစရာ တစ်မျိုးပါ။ တစ်ချို့မှာ ဟိုင်ဒရေတာလို့ ဖော်ပြပါတယ်။ အာနိသင်နဲ့ အသုံး တူတူပါပဲ။

Toner/Freshener ဆိုတာ က ချွေးပေါက်ကျယ်တာကို ထိန်းညှိပြီး အသားကို အတွင်းပိုင်းထဲထိ သန့်အောင် ရည်ရွယ်ပြီး ထုတ်ထားတာပါ။ အရက်ပြန်ပါဝင်မှု အနည်း အများကို လိုက်ပြီး အသားအရည် တိုင်းနဲ့ မတည့်ပါဘူးးး.  တစ်ချို့က စကင် ဖရက်ရှင်နာလို့ ဖော်ပြပါတယ်။

Facial Foam ဆိုတာ ကျနော်တို့ အများဆုံးသိထားတဲ့ မျက်နှာသစ် ဆပ်ပြာပါ။ မျက်နှာ အရေပြားက တစ်ခြားနေရာနဲ့မတူလို့ ခါတိုင်းသုံးနေကြ ဆပ်ပြာတုံးတွေက ခွဲထွက်ပြီး ကျနော်တို့ သုံးနေခဲ့ကြပါ။ (ဆပ်စလူးနတ်ပူး မာကက်တာတွေ လက်ချက်နေမှာ)

Facial Scrub ဆိုတာ မျက်နှာသစ် ဆပ်ပြာထဲမှာ သဲလို မိုက်ခရို စေ့ လေးတွေနဲ့ ကျနော်တို့ သဲဆပ်ပြာလို့ ခေါ်ကြတဲ့ဟာပါ။ Foam က နေ့စဉ်သုံးလို့ ရပေမဲ့ Scrub က နေတိုင်းသုံးလို့ မကောင်းပါ.။ မျက်နှာ အပေါ်ယံအရေပြားကို ခပ်ကြမ်းကြမ်းတိုက်စားသွားတာမို့ပါ။

Skin whitening/lightening စသည်ဖြင့် ဖော်ပြကြပါတယ်။ အသားထဲက အမည်း (မယ်လနင်) တွေ စုဝေးမှုကို ကာကွယ်ပြီး အသားဖြူနုဖို့ ထုတ်လုပ်ထားတဲ့ ထုတ်ကုန်ပါ။ အသားကို ဖြူအောင် လုပ်ရတဲ့ ထုတ်ကုန်မို့ ကယ်မိကယ် ပါဝင်နှုံးမြင့်မားတဲ့ အတွက် စိတ်ချရတဲ့ တံဆိပ်ကို သုံးသင့်ပါတယ်။

Peel-off ဆိုတာက ဆားဝက်ခြံခေါင်းရှိတဲ့နေရာကို ကပ်ပြီးမှ အချိန်တစ်ခု အတွင်းပြန်ခွါရတဲ့ အရာမျိုးပါ။ ကပ်ခွါ အဝတ်စလေးမှသည် အရည်ပြစ်ပြစ် လိမ်းဆေးလိုမျိုးထိ ရှိပါတယ်။

Eye-Cream ဆိုတာကတော့ မျက်လုံးတစ်ဝိုက် အရေးအကြောင်းပေါ်တာ မျက်အိတ်တွဲကျတာ စတာတွေကို ကာကွယ်ဖို့ ထုတ်ထားတာပါ။

Make-Up Remover ဆိုတာကတော့ သာမာန်ဆပ်ပြာနဲ့ ပွတ်တိုက်ဖျက်နေရတာဆိုရင် အသားအရည်ကို ပျက်စီးစေတာကြောင့် လိမ်းထားတဲ့ မိတ်ကပ်တွေကို အလွယ်တကူဖျက်လို့ရအောင် ထုတ်လုပ်ထားတဲ့ ပစ္စည်းပါ။

Anti – Aging ဆိုတာ အသက် ၄ဝကျော် အမျိုးသမီးတွေ အတွက် ဦးစားပေးပြီး ထုတ်ထားတာပါ၊.၊အရေးအကြောင်းကာကွယ်ပေးပြီး လိမ်းချယ်မှုလွယ်ကူတဲ့ အမျိုအစားဖြစ်ပါတယ်။

Suncreen ဆိုတာ အသားအရည်ပျက်စီးစေတဲ့ နေ၊လေ၊ရေ မှ ကာကွယ်ဖို့ လုပ်ထားတဲ့ လိမ်းဆေးတစ်မျိုးပါ။

သတိပြုစရာ တစ်ခုက လိမ်းဆေးတွေမှာ ပုံစံ ၃ မျိုးလာတတ်ပါတယ်…….

၁) (Serum) လို့ ခေါ်တဲ့ အရည်ကြည်ကြည်ပြစ်ပြစ်

၂) (Liquid) လို့ ခေါ်တဲ့ အရည် ကြည်ကြည်ကျဲကျဲ

၃) (Lotion/cream) လို့ခေါ်တဲ့ အရည်ပြစ်နောက်နောက် စတဲ့ ပုံစံ ၃ မျိုးပါ။ အဲတော့ ဘယ် ထုတ်ကုန်လည်းဆိုတာ ခွဲရုံပါပဲ။

~~~~~~~~~~~~~~~~~~~

A2) အသားအရည် အမျိုးအစား မှာ အကြမ်းအားဖြင့် ၅ မျိုးခွဲထားတာပါ။

၁) သာမာန် အသားအရည် – ညီညာ၊ ချောမွေ့ပြီး ရေဓာတ် အဆီဓာတ်မျှတတဲ့ အသားအရေမျိုးပါ။ အဆီအလွန်ထွက်ခြင်းတို့ ခြောက်သွေ့အက်ကွဲခြင်းတို့ ဖြစ်ခဲတဲ့ အသားမျိုးမို့ အသားအရေကို ထိန်းသိမ်းဖို့သာလိုပြီး ပြုပြင်ဖို့ မလိုပါဘူးးး

၂) ခြောက်သွေ့ အသားအရည် – အသားမှာ ရေဓာတ်နည်းကာ ဘယ်လိုရာသီမှာဖြစ်ဖြစ် ခြောက်သွေ့က အရေးအကြောင်း ပေါ်လွယ်တဲ့ အသားအရေမျိုးပါ။ အေးတဲ့ ရာသီမှာဆိုလည်း ခြောက်လွန်းကာ အက်ကွဲတဲ့ အသားမျိုးမို့ မောစကျူရိုင်ဇာ ကို နေ့ရော ညပါ အသုံးပြုသင့်ပါတယ်။ လွန်ကဲတဲ့ အသားပြုပြင်နည်းတွေ မသုံးသင့်ပါဘူးတဲ့။

၃) အဆီပြန် အသားအရည် – နာမည်အတိုင်း အဆီရောင်လေး တပြောင်ပြောင်နဲ့ဖြစ်နေတဲ့ အသားအရည်မျိုးပေါ့။ (ကျနော့ အသားအရည်က ဒီ အမျိုအစားပါ။)  မျက်နှာပေါ်က ပိုလျှံ အဆီတွေက ပြင်ပ ဖုန်၊ အညစ်အကြေးမှုန် စတာတွေကို စုစည်းစေတာကြောင့် ဝက်ခြံတို့ ဆားဝက်ခြံတို့ အဖြစ်များတဲ့ အသားမျိုးပါ။ နေ့စဉ်သေချာသန့်စင်ဖို့လိုပြီး သုံးရမဲ့ အသားအရည် ပြုပြင်ပစ္စည်းတွေမှာ (oil-free, water-based) စတာတွေ ဖော်ပြထားတာတွေကိုပဲသုံးသင့်ပါတယ်။

၄) ပေါင်းစပ် အသားအရည် – အတွေ့များရတဲ့ အသားအရည်မျိုးပါတဲ့။ တီဇုန်လို့ခေါ်တဲ့ နဖူး၊ နှာခေါင်းနဲ့ မေးစေ့တွေမှာ အဆီပြန်သလောက် တစ်ခြား မျက်လုံးနဲ့ နှုတ်ခမ်း အပိုင်းတွေက ခြောက်သွေ့နေတာမျိုးပါ။ အဲလို အသားအရည်မျိုးက ခွဲခြားဂရုစိုက်ရမှာမို့ အသားအရည်ထိမ်းသိန်းပစ္စည်းတွေမှာ ပေါင်းစပ် အသားအရည် အတွက် ထုတ်လုပ်ထားတာကို ရွေးသုံးပါတဲ့။

၅) အထိမခံ အသားအရည် – တစ်ခုခု မှားတာနဲ့ နီလာမယ်။ ယားလာမယ်။ အဖုအပိမ့်တွေ ထလာမယ် ဆိုတဲ့အသားအရည်မျိုးပါ။ ကယ်မိကယ် လွန်ကဲစွာပါဝင်တတ်တဲ့ အသားရောင်ချွတ်ပစ္စည်းတို့၊ အသားအရည် ဆေးကြောရည်တို့ကို မသုံးသင့်ပါဘူးတဲ့။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

A3) ကိုယ် ဘယ်လို အသားအရည်မျိုး ပိုင်ဆိုင်သလဲ

ကိုယ့် အသားအရည်ဟာ ဘယ်အမျိုအစားထဲ ပါတာကို စမ်းသပ်ဖို့ နည်းတွေ လိုက်ရှာတော့ တစ်ချို့ဟာတွေက အဲဒီ ဆိုဒ်မှာတင် မေး/ဖြေ လုပ်ခိုင်းပြီး အသိပေးတာများပါတယ်။ ပို့(စ) အနေနဲ့ တင်ဖို့ကျတော့ အဲဒါက အဆင်မပြေပါဘူးးး။ ဆက်ရှာလိုက်တော့ အကြမ်းဖျင်းသိနိုင်တဲ့ နည်းလေး မျှထားတာလေးသွားတွေ့ပါတယ်။ လွယ်လည်း လွယ်တာမို့ မျှလိုက်ပါတယ်။  http://www.wikihow.com/Determine-Your-Skin-Type  ကပါ။

 

၁) မိတ်ကပ်ဖျက်၊ မျက်နှာသစ်လိုက်ပါ။ မျက်နှာသုတ်ပဝါနဲ့ ခြောက်သွားအောင်တို့ပြီးသုတ်ပါ။

၂) ဘာမှ မလိမ်း၊ မျက်နှာကို မတို့မထိပဲ  တစ်နာရီလောက် ထားပါ။ ကိုယ့် နဂို အသားအရည်အခြေအနေမှန်သိနိုင်အောင်ပါ။

၃) ပြီးရင် တစ်ရှူးလေးတစ်ရွက်နဲ့ မျက်နှာကို ဖိပြီး တို့လိုက်ပါ။ အထူးသဖြင့် တီဇုန်လို့ခေါ်တဲ့ နဖူး၊ နှာခေါင်းနဲ့ မေးစေ့တို့ကို သတိထားပြီး တို့ကြည့်ပါ။

၄) တစ်ရှူးက ညစ်/ဝါ သွားရင် အဆီပြန်တဲ့ အသားအရည်၊ ဒါမှမဟုတ် တစ်ရှူးမှာ အသားအရည် ဆဲ(လ) အသေ၊အမှုန်လေးတွေ များတွေ့မိရင် ခြောက်သွေ့အသားအရည်ရယ်လို့ အကြမ်းဖျင်း မှတ်ယူပါ။

၅) ဘာမှ မထူးခြားရင်တော့ သာမာန် အသားအရည်မျိုးပါ။

~~~~~~~~~~~~~~~~~~~~~~~~~~

 

A4) ယေဘူယျ အသားအရည် ထိမ်းသိမ်းလမ်းစဉ်များးးးး

၁) သန့်စင်ခြင်းးးး (Cleaning)

သာမာန် အသားအရည်နဲ့ ခြောက်သွေ့အသားအရည် အတွက် တစ်နေ့၂ ကြိမ် သန့်ရှင်းမှုက လုံလောက်ပါတယ်။ ပေါင်းစပ် အသားအရည်နဲ့ အဆီပြန် အသားအရည်ကတော့ အနည်းဆုံး ၂ ကြိမ်မှ အထက် လိုအပ်သလို သန့်ရှင်းသင့်ပါတယ်။

အထိမခံ အသားအရည်မျိုးကတော့ သူ့အတွက် သီးသန့် ဆပ်ပြာ အပျော့စားမျိုးကိုပဲသုံးပြီး သန့်ရှင်းသင့်ပါတယ်တဲ့။

 

၂) မျက်နှာဖုံး (Masks)

သန့်စင်ပြီး အသားအရည်ပေါ်မှာ မျက်နှာဖုံး တစ်မျိုးမျိုးကို သုံးပြီး အသားအရည် ထိန်းသိမ်းတာကို ဆိုလိုတာပါ။

မျက်နှာဖုံး ၃ မျိုးရှိပါတယ်။

ရွှံ့စေးအခြေခံမျက်နှာဖုံး (ဆိုင်တွေမှာ အဓိက လုပ်ပေးကြပါတယ်)

အဆီကို ခြောက်သွားစေတဲ့ အာနီသင်ကြောင့် အဆီပြန် အသားအရည် အတွက် သင့်တော်သတဲ့။

 

– ကပ်ခွါမျက်နှာဖုံး (လိမ်းဆေးခပ်ပြစ်ပြစ်ပုံစံလာပြီး ခြောက်သွားတဲ့ အချိန်မှာ ခွါရတာမျိုးပါ။)။

အသားကို ခြောက်သွားတတ်လို့ ခြောက်သွေ့အသားအရည်နဲ့ မသင့်တော်ပါဘူးတဲ့။

 

– အဝတ်မျက်နှာဖုံး (အာရှမှာ အသုံးများတဲ့ အမျိုအစားပါ။ အိမ်သုံး အလွယ်တကူအပြင် တစ်ခါသုံးမို့ တွင်ကျယ်လာတဲ့ အမျိုအစားပါ။)

အသားအရည် အမျိုးအစားတော်တော်များများနဲ့ သင့်တော်ပါသတဲ့။

 

၃) အသားအရည်ပြုပြင်ခြင်းးး (Exfoliating)

ကျနော့သဘော တစ်ခု အတိုင်းပြောရမယ်ဆိုရင် ဒီအပိုင်းက အိမ်မှာတင်လုပ်လို့ မရသလို တတ်သိနားလည်တဲ့ သူ က လုပ်ပေးတာမဟုတ်ရင် မလုပ်သင့်ပါဘူးးး

ဒီအပိုင်းမှာ အသားအရည်က မလိုအပ်တဲ့ အပိုင်းတွေ ဖယ်ရှားခြင်း၊ နှိပ်နယ်ခြင်းး၊ အရောင်ချွတ်ခြင်း စတာတွေပါဝင်ပါတယ်။

 

၄) အသားအရည် ကျစ်လစ်သန့်ရှင်းအောင် လုပ်ခြင်းးး (Toning) (အဟွတ်! ဘယ်လို ဘာသာပြန်ရမှန်းမသိတော့ဘူးး)

ကျနော် အထက်မှာ ပြောခဲ့တဲ့ တုန်နာ တို့ ဖရက်ရှင်နာတို့ သုံးရမဲ့ အပိုင်းပါ။

ဝါဂွမ်းနဲ့ဖြစ်စေ လက်ဖျားလေးနဲ့ဖြစ်စေ ပုတ်ပြီး လိမ်းရသလို ဖြန်းဆေးပုံစံလည်း လာပါတယ်။ (မျက်စိထဲမဝင်အောင်တော့ ဂရုစိုက်ပေါ့နော့)

အဓိက အဆီပြန်အသားအရည်ကို ရည်ရွယ်ထုတ်တာမို့ တခြား အသားအရည်အမျိုးအစားသုံးမယ်ဆိုရင် အယ်ကိုဟော နည်း/မပါ တာ ရွေးချယ်သုံးသင့်ပါတယ်။

 

၅) ရေဓာတ်ဖြည့်ခြင်း (Moisturizing)

အသားအရည်ထဲက ရှိတဲ့ရေဓာတ်ကို ထိမ်းသိမ်းဖို့ လုပ်ရတဲ့ အဆင့်ပါ။ ဒေးခလင်နဲ့နိုက်ခလင် မှာဆို နိုက်ခလင် မှာ ရေဓာတ်ထိမ်းသိမ်းစွမ်းအင် ပိုများမှာပဲ။

Water-based, low-oil and non-comedogenic moisturizers တွေဟာ အဆီပြန်အသားအရည်နဲ့ သင့်တော်ပါသတဲ့။ မျက်လုံးတဝိုက် ပါးလျားတဲ့ အသားအရည် အတွက် သုံးရမဲ့ မောစကျုရိုက်ဇာကတော့ သီးသန့်ရှိပါတယ်။

 

၆) နေရောင်ခြည်မှ ကာကွယ်ခြင်း (Protection)

ဒီ အပိုင်းဟာ အရေးပါတဲ့ အပိုင်းဖြစ်ပါတယ်။ နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ဟာ အသားအရည်ကို (မည်း/ခြောက်/တွန့်) ပျက်စီးစေတာမို့ နေရောင်ခြည်မထိခင် မိနစ် ၂ဝလောက် အလိုမှာ နေကာ ခရင်ကို လိမ်းပေးခြင်းဖြင့် ကာကွယ်သင့်ပါတယ်။

Sun protection factor လို့ခေါ် တဲ့ SPF ဘယ်လောက်ပါတယ်ဆိုတာကို အဲ့ဒီ ဘူးတွေမှာ ရေးထားလေ့ရှိပါတယ်။ များသောအားဖြင့် အသားအရည် အမျိုးအစား အားလုံးနဲ့သင့်တော်တောင် ထုတ်လုပ်ထားလေ့ရှိပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

B) မိတ်ကပ်ပစ္စည်း

 

ဒါကတော့ ပြီးပြည့်စုံအောင်သာရေးလိုက်တာ။ တော်တော်များများသိပြီးသားဖြစ်မှာပါ။

B1) မျက်နှာက အရင် စ ပါမယ်။

Primer – ဖောင်ဒေးရှင်းမလာခင် အသားအရေအမျိုးအစားအလိုက် လိမ်းရမဲ့ မိတ်ကပ် မြဲအောင်ရော၊ မိတ်ကပ်လိမ်းရာမှာ ချောမွေ့အောင်ရော၊ အောက်ခံလိမ်းရတဲ့ ဘေ့(စ) ပါ။။

Concealer – မျက်ကွင်းညိုတာ၊ အမဲစက်၊ အမာရွက်၊ အသားတွန့်စတာတွေကို လုံးဝ ဖုံးသွားဖို့ ထပ်ဆင့်လိမ်းရတဲ့ အရာပါ။

Foundation – ကျနော်တို့အခေါ် မိတ်ကပ်ပါ။ မညီညာတဲ့ အသားရောင်/အစက်အပျောက်တို့ကို ညီညာအောင် အရင် ညှိလိမ်းရတဲ့ အရာပါ။ လစ်ကွစ်/ခရင် အမျိုအစားရောလာပါတယ်။။

Powder – လိမ်းထားတဲ့ မိတ်ကပ်အပေါင်းတွေကို သိပ်သွားအောင် ပုတ်ဖို့ အမှုန်ပုံစံထုတ်ထားတာပါ။

Rouge/Blush/Blusher – ပါးရိုးပေါ်မှာ ပါးရဲ့ အရောင်လေး တက်လာအောင် သုံးရတဲ့ အရောင်ချယ်ပစ္စည်းပါ။ (ကျနော် အရင်က မင်းသမီးတွေ မိတ်ကပ်နီရဲရဲတွေကို မြင်ဘူးပြီး လုံးဝမသုံးဖြစ်တဲ့ ပစ္စည်းပါ) ဒါပေမဲ့နောက်ပိုင်း ပေါင်ဒါ၊ အရည်၊ ခရင် စတဲ့ ပုံစံထုတ်လာတဲ့ အချိန်မှာ အရောင်တွေဟာ သဘာဝနဲ့ နီးတဲ့ အရောင်တွေ ဖြစ်လာပါတယ်။

Bronzer – ဆိုတာကတော့ အသားအရောင်တောက်လာအောင် ထပ်မံအသုံးပြုရအောင်ထုတ်လုပ်ထားပါတယ်။

 

 

B2) နှုတ်ခမ်း အလှအတွက်ကတော့………………………..

Lip-stick – နှုတ်ခမ်းနီပါ။ ဘူးနဲ့လာပါတယ်။ ခွိခွိ။

Lip-Gloss – နှုတ်ခမ်းအရောင် အဆီပြောင်ပြောင်လေးဖြစ်အောင် ဆိုးရတာပါ၊ စုတ်တံ/ဘူး ဒါမှမဟုတ် အရည်ပုံစံလာပါတယ်

Lip-Liner – နှုတ်ခမ်း အနားသတ် သပ်ရပ်အောင် လိုင်းဆွဲပြီးကွပ်ရတာပါ။ ခဲတံပျော့ ပုံစံ အများဆုံးလာပါတယ်။

Lip- Plumper – ဟုတ်ကဲ့။ ဒါကတော့ အမြင်မှာ ကိုယ့်နှုတ်ခမ်းလေးက နှင်းဆီဖူးလိုကြွတက်လာအောင် သုံးရတာပါတဲ့။ (မမြင်ဘူးသေးဘူးးး)။

Lip – Balm ဆိုတာက နှုတ်ခမ်းသားခြောက်သွေ့မှုကို ကာကွယ်ဖို့ ဆိုးရတာပါ။ အရောင်မဲ့ရှိသလို နောက်ပိုင်းမှာ အရောင်နဲ့လာကုန်ပါပြီ။

 

 

B3) မျက်လုံး အလှ အတွက် သွားကြစို့……………………………

Eye-Shadow – ဟုတ်။ ဒါ သုံးနေကျ မျက်လုံး အရောင်ချယ် ရှဲဒိုးပဲ ဆိုပါစို့။ (အရင် မင်းသမီးတွေ တခြမ်းစီ ဆိုးကြတာမြင်ပြီး ဒါလည်း မသုံးဘူးးး ဟီး)

Eye – Liner – လိုင်နာပါ၊ အနက်နဲ့ အညို များပြီး အရည်ပုံစံမှာ စုတ်တံနဲ့ဆွဲရတာပါ။ ခဲတံ ပုံစံကတော့ ရောင်စုံရှိပါတယ်။ (ကျနော်က ရှဲဒိုးထက် လိုင်နာ ကြိုက်တယ်)

Eyebrow – Pencil – မျက်ခုံးမွှေးဆွဲခဲတံပါ။ ပေါင်ဒါပုံစံ၊ ဖယောင်းတောင့်ပုံစံမျိုးလည်း လာပါတယ်။

Mascara – ဟိ။ အကြိုက်ဆုံးလာပါပြီ။ ရှိတဲ့ နဂို မျက်တောင်ကို ရှည်သယောင်၊ ထူသယောင်လုပ်ရာမှာ အင်မတန် အရေးပါပါတယ်။။ မျက်တောင်ကော့တန်လေးနဲ့ အရင်ကော့နိုင်ရင် ပိုကောင်းပါတယ်။

ဒါတွေကတော့ အဓိက ပစ္စည်းတွေပေါ့။

 

 

B4) ပံ့ပိုး ပစ္စည်းလေးတွေကတော့………………………….

၁) မျက်တောင်ကော့တံ

၂) မျက်ရစ်ဖော် ကပ်ခွါ

၃) ဘရပ်(ရှ) အမျိုးမျိုး

၄) လိမ်းထားတာတွေပေါ်က ဖြန်းတဲ့ ဖြန်းဆေးးး (မိတ်ကပ်သမားတွေ သုံးတာပဲ မြင်ဘူးတယ်)

၅) တစ်ရှူးးး၊ ဂွမ်း စတဲ့လိုတာပိုတာ ညှိလို့ရတဲ့ အရာလေးတွေ စတာတွေပါပဲ။

 

လက်သည်း၊ ခြေသည်း အတွက်ကတော့ ခြေသည်း၊လက်သည်းနီပေါ့နော့။ (အကျယ်ကြီးဖြစ်မစိုးလို့ အသေးမစိတ်တော့ဘူးးးး)

~~~~~~~~~~~~~~~~~~~~

ကဲ!

(ကဲ! ဂလောက် ဆိုပြည့်စုံလောက်ပါပြီ)

ဒါတွေဖတ်ပြီး လူကို ရောင်စုံမျက်နှာမှတ်မနေကြနဲ့နော်။ သိသလောက်ပြောသွားတာ။ ကျနော့ ထက်သိသူများ ပြန်မျှဝေပေးကြပါ။ မှားတာရှိရင် အားမနာတမ်းပြောသွားပါ။ ကျေးဇူးတင်ပါတယ်။

😀

ဒါတွေဖတ်ပြီး မိန်းမယူချင်စိတ်ကုန်သွားရင် တာဝန်မယူပါ။

😀

ဒီ စာဖြစ်မြောက်ရေးအတွက် ဝီကီနဲ့ ဂူဂယ် က ကူညီပါတယ်။ အဟိဟိ……

:mrgreen:

~~~~~~~~~~~~~~~~~~

အောက်က ဇယားက မိတ်ကပ်နဲ့ အသားအရည်ထိမ်းသိမ်းပစ္စည်း ဘရန်းတွေပါ။

 

1

2

3

4

5

 

 

 

 

 

 

 

 

71 comments

  • sorrow weaver

    October 2, 2013 at 9:36 am

    အဟိဟိ ..ဟို လေယဉ်မယ်ကြီးသုံးတာ estee lauder တဲ့ဂျ…မိန်းခေးတွေများ ..သိပ်အလုပ်များတာပဲ ..မျက်နှာလေးတကွက်ထဲကို……ကျန်တာတော့ဘယ်လိုလိမ်းလဲမမြင်တော့မသိ..
    .နှုတ်ခမ်းနီက တော့ ရိုးရိုး တစ်ခါလိမ်းတယ်…ပြီးရင် အတွင်းသားပဲ နီအောင်လုပ်တဲ့ဟာလေ…အဲ့ရာဘာလဲတော့မသိ…
    အဲ့ရာလိမ်းတယ်..ပြီးရင် ကော်ရည်ထပ်လိမ်းတယ်…အဟိဟိ…
    ကိုယ်တွေများ မျက်နှာတောင်ရေနဲ့ …မကောင်းတတ်လို့သစ်တာ…အဟိဟိ ….

    • ဖွတ်ပြောင်

      October 2, 2013 at 9:41 am

      စိကလက် တွေ ပေါ်လာဘီ

      • sorrow weaver

        October 2, 2013 at 1:20 pm

        ဆြာဂီရယ်… အော်ဂဲနစ် လေ ..ကယ်မီကယ်မပါဘူးရယ်…ချစ်သူက လျှာကြီးနဲ့ ရှလွတ်ရင် ဓါတ်မတည့်မှာစိုးလို့ …အဟီး

        • ဖွတ်ပြောင်

          October 2, 2013 at 1:51 pm

          လှယာဂျီးနဲ့

          လှယာဂျီးနဲ့

          ခွက်ဒစ် တူ ကိုကိုကြောင်

          ငှိငှိ

    • KZ

      October 2, 2013 at 9:58 am


      အက်စတီ လောက်ဇီး ကိုသုံးသကိုးးးး
      အဲဒါတွေက ဝက်စတင် အသားအရည်နဲ့ ပိုသင့်တော်တာများတာမို့ ကျုပ်ကို မေးရင်တော့ အရှေ့တိုင်း အသားအရည်နဲ့ သင့်တော်အောင် ဖော်စပ်ထားတဲ့ ဘရန်းမျိုးကိုသာ အားပေးကြောင်းးးးး

      :mrgreen:

  • ဖွတ်ပြောင်

    October 2, 2013 at 9:46 am

    ZA is from New York, US

    Slogan is …
    “Be Sparkling… Be Urself” tte

    kwi kwi

    😛

    • KZ

      October 2, 2013 at 9:52 am

      ကျေးကျေး ဂီ။
      အဲဒါ ရှာလို့မရလို့ ဒီတိုင်းထားခဲ့ရတာ။

      :chit:

  • Wow

    October 2, 2013 at 9:50 am

    လာတော့မုန့်ကျွေးမယ်… အခုတော့ အရင်… အာဘွားးးးးး :kwi:
    ဒါ့ထက် အာ့ဒွေအကုန် ဆွိသုံးလားဟင်င်င်… :mrgreen:

    Bio Essence က S’Pore နာမယ်ကြီး ဘရန်းလို့ပြောကြတယ်…. သနပ်ခါးနဲ့လုပ်တယ်ဆိုတဲ့ Day Cream, Facial Foam, Toner တော့သုံးဖူးတာ မဆိုးဘူးလားလို့…
    အသားအရည်ပြုပြင်ခြင်းးး (Exfoliating) ဆိုတာတော့ ဖိလစ်ပိုင် ပရောဒတ် ဆပ်ပြာတစ်မျိုး Skin White ထင်တယ်… Exfoliation ပါတယ်လို့ကြော်ငြာတာပဲ….

    Wow အသားက အဆီပြန်တဲ့အပြင် Whiting ပါတာတွေနဲ့ မတဲ့တတ်လို့ Loreal ဆိုလုံးဝ သုံးမရပါဝူး…. ဒါ့ကြောင့် အာတစ်ဖစ်ရှယ်လုံးဝ လုံးဝဂျောင်း အာမခံပါဒယ်… :mrgreen:

    • KZ

      October 2, 2013 at 9:54 am

      အွန်။
      ဝါးးးးးးးးး
      နာ့ကို ချောက်ချပြန်ပလားဟမ်?
      နာ မသုံးဘူးနော်။ ကြိုပြောထားတယ်နော်။
      :mrgreen:

      ကယ်မိကယ် မတည့်ရင် သဘာဝ အသားအရည်ထိမ်းသိန်းနည်းတွေ ထပ်ရေးပေးမယ်။
      :chit:

      • အဲ့ဒါ..အဲ့ဒါ .. လိုချင်တာ..
        ကယ်မီကယ် သိပ်မကြိုက်လို့… သဘာဝလေးတွေ ပိုကြိုက်တယ်…
        ဥပမာ.. သခွားသီးကို ပါးပါးလှီး…မျက်နှာပေါ်တစ်ခုတင်..ပါးစပ်ထဲတစ်ခုထည့်….
        ခရမ်းချဉ်သီးကို ပါးပါးလှီး… မျက်နှာပေါ်တစ်ခုတင်..ပါးစပ်ထဲတစ်ခုထည့်….
        ဒိန်ချဉ်ကိုဝယ်… မျက်နှာပေါ်တစ်ဝက်တင်၊ ထန်းလျက်ထဲ တစ်ဝက်ထည့်….
        အဲ့လို အဲ့လို…
        :chit:

        • KZ

          October 4, 2013 at 1:15 pm

          အဲဒီလို အကျင့်လေးတွေကို ချစ်လို့ ရေးပေးဦးးးးးးမှာ

          :chit:

        • Ma Ma

          October 8, 2013 at 5:17 pm

          လုံမနည်းကိုသုံးမလို့ ဒိန်ချဉ်ဝယ်တယ်။
          ပြီးတော့ မျက်နှာပေါ်တင်တာ ပါးစပ်ထဲအကုန်ရောက်သွားလို့ ……… :loll:

  • Crystalline

    October 2, 2013 at 10:00 am

    သေသေချာချာလေ့လာပြီးရေးထားလို့ကျေးကျေးပဲ ချွိမမ :)) အညွှန်းစာလုံးသေးသေးလေးတွေကိုဖတ်ရမှာပျင်းပြီးမလေ့လာမိတာရယ်.. ကောင်တာတွေနားသွားရင်လည်းကလေးမလေးတွေရှင်းပြတာကိုအားနာပြီးဝယ်ရမှာစိုးတာရယ်နဲ့.. ဘာတွေကိုဘာကြောင့်လိမ်းမှန်းသိဘူး.. ခုမှနည်းနည်းသိသွားတယ်.. အခုတော့ လက်ဆောင်ရထားတာတွေကိုတွဲလိမ်းနေတယ်.. သူများကတော့ ဘာလိမ်းထားလဲ..လှတယ်ပြောတာပဲ.. :loll: Revlon က Photoready compact makeup ပါးပါးလိမ်း..အပေါ်က Estee Lauder twoway လေးပုတ်.. bronzing pearls လေးထပ်ပုတ်.. ပြီး Estee lauder Gloss လိမ်းတယ်.. ညပိုင်းတော့ Neutrogena night cream လိမ်းတယ်.. မျက်နှာကိုတော့ Neutrogena extra gentle cleanser နဲ့သစ်ပါတယ်..ရေအေးနဲ့သစ်တာအဆင်မပြေလို့.. ကြက်သီးနွေးရေဆိုပြီးလက်နဲ့စမ်းပြီးမျက်နှာသစ်လိုက်တာ.. မျက်နှာနည်းနည်းအပူလောင်သွားတယ်.. :))

    • KZ

      October 2, 2013 at 10:06 am

      အွန်။
      ဂလောက် အသေးစိတ်တာတောင် ခရစ် ပြောမှ Day & Night Cream အကြောင်းကျန်ခဲ့ပြီ။
      အဟီးဟီးးးး
      ဒေး ကရင်ဆိုတာ နေ့ဘက်မှာ လိမ်းရတာဖြစ်ပြီး
      နိုက် ကရင် ဆိုတာ ညဘက်မှာ လိမ်းရတာဖြစ်ပါတယ် ခင်ညားးးးးးး
      :mrgreen:

      ဘိုင်သဝေးးးးး
      နောက်တစ်ခါ အပူအအေးစမ်းရင် လက်နဲ့ မစမ်းရဘူးးးး အထူးသဖြင့် လက်ဖဝါးးးးး
      သူက အပူအအေးဒဏ်ကို တခြား အသားအရေထက်ခံနိုင်လို့။
      လက်ဖြန်ကို ပက်လက်လေးထားပြီး စမ်းကြည့်!
      အဲဒီ အပူခံနိုင်မှ မျက်နှာအတွက်သုံးးးးတော့။
      🙂

      • Wow

        October 2, 2013 at 10:23 am

        ဟိုတစ်နေ့က အင်တာနက်မှာ ဖတ်လိုက်ရတာ တစ်ပတ်မှာတစ်ရက် ဘာမှမလိမ်းပဲထားတာ မျက်နှာအတွက် အောက်စီဂျင်ကောင်းကောင်းရလို့ကောင်းဒယ်ပေါဒယ်…
        မနက်ပိုင်းဘယ်လောက်လိမ်းလိမ်း ညဘက်တော့ မျက်နှာပြောင်လေးနေရတာသဘောကျလို့ မျက်နှာသစ်ပီးရင် ဘာမှမလိမ်းဖြစ်တော့ … တူညားဒွေပေါဒါတော့ အဲလာ့ ချွေးပေါက်ကျယ်တတ်တယ် တဲ့… ဘာပေါပေါ.. ကိုယ်နေသာဖို့ အဓိက… :kwi:

        • KZ

          October 2, 2013 at 10:44 am

          အဟုတ်ပဲ။
          အတော်ကို ညင်နာပြောင်နေတဲ့ ရက်တွေ များပါပေါ့။
          ဟိဟိ။

          ဒါမဲ့
          နာက သနပ်ခါး ကြိုက်တယ်အေ့!

          😀

        • အမီးရောပဲ… ညဘက်ကတော့ ဘာမှလိမ်းမအိပ်တာများတယ်.. ခရင်တွေနဲ့ဆို မနေတတ်လို့… သနပ်ခါးတောင် တစ်ခါတစ်လေမှလိမ်းတာ.. မလိမ်းဘူး..
          အနော်လည်း ညက်နာပျောင်ပဲ..

  • kyeemite

    October 2, 2013 at 11:06 am

    ဟီဟိ..ကြီးမိုက်တို့ ကံကောင်းချက်က
    အိမ်ကမဒမ်မိုက်က အဲလိုဟာတွေ စိတ်တောင်မဝင်စားဝူး ..တော်သေး :kwi:
    ဒါပေသိ သမော်ဒီးကတော့ သုံးသဗျို့ :chit:

    • KZ

      October 2, 2013 at 1:32 pm

      မိုက်မိုက် တာမီးလေးက လှသဟ။
      သူ့ခေတ်နဲ့သူကိုးဗျ။
      ကျနော်တို့ တုန်းက ဒါမိုးတွေ ခေတ်မစားဘူးလေ။

      🙂

  • ကျွန်တော်မျိုးကတော့ ငယ်ကထဲက သနပ်ခါးဆို သွေးလိမ်းရမှာပျင်းတာနဲ့မလိမ်းဘူး
    အခဲကျတော့လည်း ရွံ့နဲ့လုပ်တယ်ဆိုလို့ မလိမ်းဘူး ..မိတ်ကပ်ကတော့ ဝေလာဝေးပဲ
    နောက်ပိုင်း အလုပ်လုပ်တော့ မလိမ်းမနေရမို့ အနည်းအကျဉ်းတော့ လိမ်းတယ်…
    မိတ်ကပ် ထူလပြစ်ကြီးဆို သိပ်မုန်းတာပဲ မကြိုက်ဘူး..
    နောက်..မန်းလေး နွေက ပူပူ ဖုန်ကထူထူနဲ့ မိတ်ကပ်လိမ်းထားရင် ကိုယ်လို အသားခြောက်တဲ့သူ
    တောင်မှ ချွေးတွေပြန်ပြီး မိတ်ကပ်တွေကွက်လို့ ..သိပ်ရုပ်ဆိုးတာပဲ ..
    ခု အလုပ်လုပ်တော့လည်း မနက်အိပ်ယာထပြီး အလုပ်မှီအောင်မနည်းပြေးရတယ်..
    မိတ်ကပ်လိမ်းဖို့နေနေသာသာ မိုက်ချာလေးလိမ်းပြီး ဗြောင်းဗြောင်း နှစ်ချက်လောက် ပေါင်ဒါပုတ်လိုက်ပြီး
    ပြေးရတယ်။ ရေးထားတာလေးတွေအတော်စုံလို့ အားပေးပြီး မှတ်သားသွားပါကြောင်း…

    • KZ

      October 2, 2013 at 2:04 pm

      အင်။
      ဟုတ်ပါ့။ မိတ်ကပ်လိမ်းလိုက်ရင် ကြည့်ရပိုဆိုးသလိုမို့
      အသားအရေက မိတ်ကပ်သပ်သပ် မျက်နှာ သပ်သပ်။
      အဲဒါနဲ့ပဲ မျက်နှာပြောင်တိုက်တာများတာပဲ။

      😀

  • Nay Chi

    October 2, 2013 at 4:03 pm

    ှSKII က facial-treatment-essencen နဲ့ stempower ပဲ ဝယ်ခဲ့လိုက်တယ်..။
    Esteelouder ကို recommend ပေးဘူးဆိုလို့..။ 😛
    အဲလာ S$300 ကျော် ပလုံသွားပြီ..။

    ဒီလအတွက် ထမင်းတင်ကျွေးထားပေးပါ..။ 😀

    • KZ

      October 3, 2013 at 8:11 am

      သများက ဝယ်ခိုင်းတာဟုတ်ပါဘူးးးး
      ဝယ်မယ်ဆိုရင် SK II ပဲဝယ်လို့ ပေါတာ။
      ဟိ။
      သများ ဘရန်းဒက်မဝယ်ပဲ စားဖို့ စု ထားတဲ့ထဲက ကျွေးမယ်နော်။
      ထမင်း ပဲ။

      😀

  • amatmin

    October 2, 2013 at 4:15 pm

    အတ်ဒါမျိုးဒွေ နဲ့ပက်သက်ရင်ကိုယ်သိတာ နေဗီယာ ဂိတ်ဆုံးးး
    ဂလောက်စုံအောင်ရှင်းပြပေးနိုင်တာ ဖတ်ရလို့ ကျေးကျေး ။
    ဇဂါးမစပ်. အသားအရည်ကအထိမခံ.
    နေထိုင်ပုံကလူကြမ်း အဲ့လိုလူစားဆို ဘာသုံးသင့်ဒုန်းး ။. 😛
    လတ်တလောတော့ မေတ္တာကြောင့်ရထားတဲ့ ဆပ်ပြာလေးသုံးနေရဒယ် ။
    Biore. ဆိုလားပဲ.

    • amatmin

      October 2, 2013 at 5:34 pm

      မှားလို့ … ခုသုံးမိနေတာ ဆြာမဇယားမှာပါတဲ့.
      နံပါတ်စဉ် ၁၅. Clinique. ဗျ. ။
      ဘရန်း ပို့စ်မှာမှ. မှားမိလေခြင်းးး
      ဒီဦးနှောက်လုပ်ပေါက်နဲ့.
      ပေးတဲ့သူ မြင်ရင် သဒ္ဒါခမ်း.မှာ အမှန်ရယ်. ။.
      😀

      • KZ

        October 3, 2013 at 12:54 pm

        ဝါးရေ။
        ဝါးရေ။

        ဒမာ နိ လူဗျိုဂျီး နာ့ ကို ဘရန်း နယူး နဲ့ လာ မြူစွယ်နေတယ်။
        :kwi:

        ဝါးကတော့ တစ်လ တစ်လ ဘရန်းဝယ်မဲ့ထဲက ၅၀၀ဝ ကို စုလိုက်ရတာ။

        :mrgreen:

        • Wow

          October 3, 2013 at 1:23 pm

          ဟင်… ဒါဆို ဒီလ စရိတ်ဖြတ်မယ် တော်ဘီ…. 🙁
          ယောက်ကျားဒွေမကောင်းဝူး… မိန်းမပဲယူမယ်… :mrgreen:

    • Foreign Resident

      October 3, 2013 at 6:13 am

      amatmin says:
      ” မှားလို့ … ခုသုံးမိနေတာ ဆြာမဇယားမှာပါတဲ့.
      နံပါတ်စဉ် ၁၅. Clinique. ဗျ. ။
      ပေးတဲ့သူ မြင်ရင် သဒ္ဒါခမ်းမှာ အမှန်ရယ်. ။.
      😀

      အားကျထှာ ။
      Clinique တွေ ဘာတွေ လက်ဆောင်ပေးမယ့်သူ ရှိတယ်ပေါ့ ။
      ရုပ်ချော ၊ သဘောကောင်း ၊ လူပျိုကြီး ဆိုတော့လည်း ၊
      စန်းပွင့်တယ်လို့ပဲ ပြောရတော့မှာပေါ့လေ ။

      ( အဘ တို့များ ကာဘောလစ်တောင် ပေးမယ့်သူ မရှိတော့ဘူး )
      ဟီ ဟိ ။

      • KZ

        October 3, 2013 at 8:08 am

        ဟိဟိ။
        ဘဖောရယ်။
        😀
        အနော်ဖြင့်ပြောရမှာရှက်တာ။
        ဘယ်သူမှ ဘရန်းလက်ဆောင်မပေးဘူးလို့ မရဖူးပေါင်။
        ရွှေဝါ ဆပ်ပြာတောင် မရဖူးဘူးးးး
        :hint:

        • amatmin

          October 3, 2013 at 12:38 pm

          ဂလိုပဲ ပြောကြည့်လိုက်တာပါ..အဘရယ်. ။
          ချင့်ယုံမယ် မှတ်တာပဲ..။
          😛

          ဒေါ်ဆွိ..ဘရန်းဒက် အစား..ဘရန်းနယူးဆိုရင်ရော..
          ယူမားးး ဟင်င်င် !
          :kwi:

    • KZ

      October 3, 2013 at 8:10 am

      မှားစရာလား ကိုယ့်ဆရာရယ်။
      အကွာဂျီးကို။
      ဘီအိုရေးက ဆားဝက်ခြံ အတွက် ပီး(လ) အော့(ဖ) က သုံးလို့ကောင်းသလိုပဲ။

      🙂

  • Foreign Resident

    October 3, 2013 at 9:38 am

    ဒါနှင့် စကားမစပ် ၊ ရန်ကုန်မှာ ၊ ဟိုးအရင်ခေတ်ကလို ၊
    မျက်နှာပေါင်းတင်ရင် ၊ အဆီတွေကို Vacuum ဖန်ပြွန် လေး နှင့် စုတ်ထုတ်ပေးတဲ့ဆိုင် သိကြသလား ။
    အခုနောက်ပိုင်း ၊ ဆိုင် အကောင်းစားတွေက ၊ Mask နှင့်ကပ် ပြီး လက်နှင့်ပဲ ညှစ်တာ များနေတယ် ။
    Vacuum ဖန်ပြွန် လေး နှင့် စုတ်ထုတ်သလို အဆီတွေ ပါသွားတာကို မမြင်ရတော့ ၊ သိပ် အားမရဘူး ။

    • KZ

      October 3, 2013 at 9:46 am

      ဘဖော။
      အဲဒါမျိုးက ဆိုင်မှာ သုံးခွင့်ရလို့လားးးး
      ဒီမှာဆို အရေပြား အထူးကု ဆရာဝန်တွေ / ဆေးခန်းတွေမှာပဲ ရှိတာ။

    • Foreign Resident

      October 3, 2013 at 12:00 pm

      KZ says:
      ” ဘဖော။ အဲဒါမျိုးက ဆိုင်မှာ သုံးခွင့်ရလို့လားးးး
      ဒီမှာဆို အရေပြား အထူးကု ဆရာဝန်တွေ / ဆေးခန်းတွေမှာပဲ ရှိတာ ”

      ရန်ကုန်က ဆိုင်တွေမှာ ရှိကြ / သုံးကြတယ် ၊ သမီးရဲ့ ။
      အဲဒီ Vacuum ဖန်ပြွန် လေး နှင့် မျက်နှာက အဆီတွေကို စုတ်ပေးတယ်လေ ။
      နောက် ၊ အဲဒီ ဖန်ပြွန်လို ဟာလေး နှင့်ပဲ UV လား IR လား မသိ Ray လွှတ်ပြီး ၊
      မျက်နှာကို ပိုးသတ်ကြသေးတယ် ။

      • Wow

        October 3, 2013 at 1:01 pm

        တိုနီထွန်းထွန်းတို့ Fancy House တို့လိုဆိုင်တွေမှာ ရှိတတ်တယ်ဆွိရဲ့…. တလုတ်ပစ္စည်းဒွေပေါမှပေါ…. ဟမ်မရေး ဆံပင်ပေါင်းစက်တော် ၄ သောင်းပတ်ဝန်ကျင်ပဲ ရှိဒယ် :buu:

        • KZ

          October 3, 2013 at 1:08 pm

          ဪ။
          တမီးက ကိုယ်တိုင်သာမလှတယ်။
          မျက်နှာကိုတော့ သများ အထိမခံဘူးးးး ဘယ်လောက် လှမယ် လို့ အာမခံ ခံ။
          :hint:
          အဲလာ အမေကတော့ တမီး ကျောင်းတက်နေတုန်းကပြောတယ်။
          မက်နာ က ပစ်စလက်ခတ်နဲ့ ဝက်ခေါက်ကြီး အတိုင်းပဲတဲ့။
          ဂရုမစိုက်ခဲ့ပေါင်…
          :byee:

  • black chaw

    October 3, 2013 at 10:08 am

    မနေ့က ဒီပို့စ် ဖတ်ပြီး ကိုယ်ဘာဘရန်းဒက်တွေ သုံးသလဲ
    ပြန်စဉ်းစားတော့ အင်း…။
    မျက်နှာသစ်တော့လည်း နေဗီယာ…။
    မျက်နှာလိမ်းတာလည်း နေဗီယာ…။
    အဲဒါတောင် မိန်းမ ဝယ်ပေးထားလို့ ဗျ…။
    ကောင်းမကောင်းတော့ မည်းသည်းနေတဲ့ ကျွန်တော့်မျက်နှာကြီးက သက်သေ…။
    ဆပ်ပြာရေက
    ွGoat Milk ဆိုလား တွေ့တာပဲဗျာ…။
    ကိုယ့် အသားအရေက ဘယ်လိုအသားအရေမျိုးလဲဆိုတော့
    အဆီပျံ နေလောင် ထားတဲ့ အသားအရေပါဗျာ…။
    ရွှတ်…။
    ပြောရင်း..အားငယ်လာပြီ…။
    😀

    • KZ

      October 3, 2013 at 10:30 am

      သက်တမ်းစစ်ကြည့်ရင်တော့ နေဗီရာ ဟာ ယုံကြည်ရတဲ့ ဘရန်းပါလေ။

      အဲ။
      ဆပ်ပြာရည်က goat milk ဆိုတာ ဘရန်း နာမည်ဟုတ်ဘူးဗျ။
      ပါဝင်ပစ္စည်းနေမှာ။
      အဟိ။
      အဲဒီ ကြော်ငြာလာတုန်းကတောင် အိမ်မှာ ဆိတ်မကြီးမွေးပြီး သူ့ဆီက နို့ညှစ်ပြီး ရေချိုးရကောင်းမား နောက်မိသေးးးး
      အသားအရည်အတွက် ကောင်းတယ် ဆိုပဲ။
      ဖြူတာ ညိုတာ မည်းတာ ပြဿနာမဟုတ်ပါဘူးလေ။

      အသားအရည် အခြေအနေကောင်းရင် မပျက်စီးရင်ကို အိုကေပါ။

      😀

    • Wow

      October 3, 2013 at 11:22 am

      ဟေးးးး နေဗီယာ … ဘရန်းအန်ဘက်စဒါ… တွေ့ဘီကွ…. စိုင်းစိုင်းခမ်းလှိုင်တောင် နိုတွားမယ်… :mrgreen:

  • ဗုံဗုံ

    October 3, 2013 at 1:00 pm

    မမဂျီး…မီးအဲ့ဟာဒွေဖတ်ပြီးဒေါ့.. မိတ်ကပ်လိမ်းပြီး
    မင်လာဆောင်ချင်စိတ်ပေါက်သွားပြီ…. :mrgreen:
    တည့်မတည့် စမ်းသုံးချင်လို့ (၁၀)မျိုးလောက်
    ထည့်ပေးလိုက်ပါနော်…. :mrgreen:
    မီးကတော့..မိတ်ကပ်ဆိုရင် အာချီဘဲ သိတယ်..
    အခု ဈေးတက်ပြီး 300 ဖြစ်သွားလို့
    ပလေးဘွိုင်းဘဲ လိမ်းတော့မယ်.. 150 တဲ့……. :mrgreen: :mrgreen:

    • alinsett

      October 3, 2013 at 1:03 pm

      ချစ်သုဝေ အတွက် လေ့လာလိုက်ပြီ

      ချစ်သုဝေ နဲ့ မဖြစ်တော့လည်း ဒေါ်ဖွားမေအတွက်ပေါ့

      :kwi:

    • KZ

      October 3, 2013 at 1:05 pm

      မမဂျီးအတွက်ပါ ပိုက်ပိုက်ပေးရင် ဝယ်ပေးလိုက်မယ် ၂ စုံစာ။
      မင်ဂါ ၂ ခါဆောင်လို့ ရတာပေါ့။ ဟိဟိ

      :kwi:

  • Mr. MarGa

    October 3, 2013 at 5:18 pm

    သဘာဝ အတိုင်း နေတာပဲ ကောင်းပါတယ်လေ
    ကွန့်ရင် ကွန့်သလောက် လိုက်နေရမှာ
    ဘုရား သိကြား မလို့ ဒီပို့စ်ကို နတ်သမီးများ မမြင်ပါစေနဲ့ :mrgreen:

    • KZ

      October 4, 2013 at 1:27 pm

      မြင်ဘာစေ
      မြင်ဘာစေ။
      တစ်ယောက်ကို ၂၅ မျိုးစလုံး ပူစာပါစေ။
      :mrgreen:

  • TNA

    October 3, 2013 at 5:55 pm

    နာသုံးနေဒါ ဘရန်းဒတ်ဟုတ်ဘူးဘဲဂိုး။ နောက်နေ့ဘရန်းဒက်ပြောင်းသုံးမွှယ်။ 😥 အခု သဲဆပ်ပြာလို့ခေါ် တဲ့ဟာသုံးနေတာ။ ညက်နှာလောင်တွားလို့ မျက်နှာသစ်ပြောင်းသုံးမို့ ဘရန်းဒက်ထဲက အဖိုးနဲ့ဝန်ပါ နေဗီယာပဲ သုံးဒေ့ါမယ်။ အသစ်ဘယ်လိုကောင်းကောင်း အဟောင်းတလည်လည်ဆိုတာဒါ မျိုး ဖြစ်မယ်။ 😀 ငယ်ငယ်ထဲကနေဗီယာသုံးလာရတာ။ အမက အရမ်းအေးတဲ့ဒေသမှာကြီး ခဲ့တော့ ချွေးပေါက် အရမ်းကျယ်တယ်။ မျက်နှာကတချိန်လုံးအဆီပြန်နေတာရယ်။ သနပ်ခါးကတော့ အဲဒီဒေသမှာလိမ်းမရလို့ အခုထိသနပ်ခါးမလိမ်းဖြစ်တော့ဘူး။ ဘရန်းဒက်တွေမှတ်တွားဘီ။

    • Wow

      October 4, 2013 at 8:36 am

      ဘရန်းဒက်သုံးတော့မယ်တဲ့ အသဲလေးချစ်ချစ်တော့ မျက်ခုံးလှုပ်နေလောက်ဘီ… :mrgreen:

    • Foreign Resident

      October 4, 2013 at 9:16 am

      Wow says:
      ” ဘရန်းဒက်သုံးတော့မယ်တဲ့ အသဲလေးချစ်ချစ်တော့ မျက်ခုံးလှုပ်နေလောက်ဘီ… :mrgreen:

      ဘရန်းဒက် လောက်နှင့်များ ၊ အသဲလေးချစ်ချစ် က မျက်ခုံးလှုပ်ပါလိမ့်မယ် ။
      လောရီကား တစ်စီးတိုက် တောင် ဝယ်ပေးလိုက်ဦးမယ် ။

    • KZ

      October 4, 2013 at 1:24 pm

      ဟယ်။
      သဲချစ်ချစ်က လော်လီကား တစ်စီးတိုက် ဘရန်းများ ပို့ရင် ချွေးမလေးကို မမေ့ရဘူးနော်။
      သလားးးးးးးး

      :mrgreenn:

      • TNA

        October 6, 2013 at 1:42 pm

        အဘဖောချွန်ဘီ။ ဟိုနေ့ကပဲ အဘဖောအကြောင်း ၁၆ တွေနဲ့ပြောဖြစ်သေး ဟေးဟေး ပြန်ချွန်တွား ဘီ။ :mrgreen: ချွေးမလေးရေ မေ့ဘာဘူးကွယ်။ သားကလေးကိုသားထမင်းကြော်ကောင်းကောင်းကြော်ကျွေး ပါလေ 😀

      • Foreign Resident

        October 6, 2013 at 4:40 pm

        TNA says:
        ” အဘဖောချွန်ဘီ ”

        အဟီး ၊ မ TNA ကလဲ ။
        ကျနော်လည်း သည်းခံပြီး ဖတ်နေတာကြာပြီ ။
        မသိတဲ့သူတွေက ၊ မ TNA ကို သိပ်လျော့တွက်ကြလို့ ။
        ကျနော်က အကြောင်းသိ ဆိုတော့ ၊ မ TNA ကိုယ်စား မခံချင်လို့ ၊
        ပါးပါးလေး ပြန်ပြောမိတာရယ်ပါ ။

        • TNA

          October 6, 2013 at 6:03 pm

          အောင်မယ်လေး အဘဖောရယ်။ အရမ်းအထင်ကြီးပြီး ဒမြလာတိုက်နေဘာအုံးမယ်။ ထုပ်ပေးစရာချိဘူးတော့။ 😥

  • အမှန်တကယ်တော့လေ..ဘယ်လောက်ပဲ ဘရန်းဒက်တွေသုံးသုံး
    နဂိုအသားအရေမကောင်းတဲ့သူက ကောင်းကို မကောင်းတာ
    အစားအသောက် အနေအထိုင် ရာသီဥတု .. စသည်တွေနဲ့အများကြီးသက်ဆိုင်တယ်။
    ကျွန်တော်ဆို အိပ်ရေးပျက်ရင် အဖုထွက်လာတယ်။
    အဲလိုပဲ အစပ်သိပ်စားတဲ့သူတို့ အငန်သိပ်စားသူတို့ဆိုလည်း အသားအရည် မချောမွေ့ဘူး
    ဒါပေမယ့် ကောင်းတဲ့သူကတော့ ဘယ်လိုနေနေကောင်းတာပါပဲ …

    • KZ

      October 4, 2013 at 1:20 pm

      ဒါကတော့ မွေးရာပါ အသားအရည်ပေါ်မူတည်ပြီး ပိုကောင်းအောင် ချောမွေ့အောင်လုပ်ယူရတာပေါ့ဗျာ။ (လှချင်တဲ့ သူများပြောပါတယ်)
      ဘရန်းသုံးမှ ကောင်းတယ်လို့လည်း ကျနော်ပြောချင်တာမဟုတ်ပါ။
      သဘာဝ ပစ္စည်း/သဘာဝ အစားအသောက်နဲ့လည်း ပြုပြင်လို့ရတာ ရေးဦးမှာပါ။
      အဲလာကြောင့် ပို့(စ) အစကတည်းက ကြိုပြောထားတာ။ ဘရန်းကြော်ငြာဟုတ်ဘူးလို့။
      သိချင် တယ် ဆိုတဲ့သူကို သိဖို့ ခေါင်းစဉ်တပ်ပြီးကို ရေးပေးတာမျိုးပါ။

  • surmi

    October 4, 2013 at 9:37 am

    သတိ¡¡¡!!! 🙂
    အထက်​ပါပို့စ်​ကို အိမ်​က မိန်​းမ မမြင်​​စေရ 🙂

    • KZ

      October 4, 2013 at 1:16 pm

      မေး လိပ်စာပေးးးးး
      တိုက်ရိုက် ပို့ပေးပါ့မယ်။
      :mrgreen:

  • ပို့စ်အတွက်ကျေးကျေးပါ…
    ပြီးတော့ သတင်းကောင်းပြောရရင် ပထမ ဘရန်းပြီးကတည်းက ဒီဘရန်းပို့စ်ကို မျှော်နေသူ ရှိပါကြောင်း..အခု လက်တို့ထားပါကြောင်း…

    Revlon က အာရှအသားအရည်နဲ့ သင့်တော်တယ်ဆိုလို့ Revlon photoready သုံးတယ်..
    မျက်နှာသစ်ဆေးက လက်ဆောင်ရထားတဲ့ SNature သုံးတယ်..
    Boost ကိုတော့ အတော်လေးကြိုက်ပါကြောင်း… ဒါမယ့်… အမြဲဝယ်မသုံးဖြစ်ဝူး… 🙂

    • KZ

      October 4, 2013 at 1:15 pm

      မမဂျီးပို့(စ) ကို လက်တို့ပေးလို့ ကျေးကျေးပါ။
      နာ့ ညီမလေးက ဒါမိုးတွေ ကြိုက်တတ်မှန်းသိပြီးသားဗျ။

      😀

  • ဦးကြောင်ကြီး

    October 7, 2013 at 8:07 am

    သနပ်ခါး ပါးကွက်ကျား လိမ်းပီး ကိုကိုကြောင်ကြီး ပျံအလာ စောင့်နေဗာလားကွယ်… ဘယ်တချက် ညာတချက် ရှလွတ်ခနဲ လှယာဂျီးနဲ့လှယာဂျီးနဲ့… 😳

    • KZ

      October 7, 2013 at 8:34 am

      သနပ်ခါးတုံး နဲ့ ကျောက်ပျင်သယ်ဖို့ ကီလိုဖိုးအရင်ပေးပါ။
      😀

  • မဟာရာဇာ အံစာတုံး

    October 7, 2013 at 9:21 am

    ဒဂယ်ဒေါ့ …
    အပုပ်ကောင် .. အရုပ်ဆောင်နေဂျဒါ ..
    ကျားဒလား ဒဂါမဂျီးးးး
    :mrgreen:

    • KZ

      October 8, 2013 at 9:05 am

      အဲလာ ဆို ဟိုနေ့က သဂျိုးဘေးမှာ တွေ့လိုက်တဲ့ ကလေးမလေးကရော ဂလိုပဲလားဟမ်??
      :mrgreen:

  • Shee

    October 7, 2013 at 11:30 pm

    အို…..ခုလိုသိရတာ…​ကျေးဇူးပါပဲ …ရှီး က Olay နဲ့ Baby mind သုံးတယ်​…ခု​တော့​ပေါင်​ဒါ​ပြောင်​းသုံးရင်​​ကောင်​းမလားလို့ ကိုယ်​ကခ​လေးလဲမဟုတ်​​တော့….ကြာလာ​တော့အစဉ်​မ​ပြေသလိုပဲ….မိတ်​ကပ်​​ပေါင်​ဒါကလဲမကြိုက်​……ခက်​ပါ့………:-/

    • KZ

      October 8, 2013 at 9:04 am

      အော်။
      ဟုတ်မှာ။
      ရှီး အသားက ကလေးအသားလေးလို မွှတ်မွှတ်လေးရယ်။
      ကယ်မီကယ် ပါတာတွေ အရမ်းမသုံးနဲ့။

      :chit:

  • nozomi

    October 7, 2013 at 11:54 pm

    တူတို့အတွက်ရမ်းပြီးရင်
    တားတို့အတွက်လဲ ရမ်းပါဦး
    အန်တီချွိ

    • KZ

      October 8, 2013 at 9:03 am

      တားရို့ အတွက် အရက် နဲ့ ဘီယာ ဘရန်းဒွေ ရေးဖို့ စဉ်းစားထားပါရယ်။
      အာတီချွိ မကျွမ်းကျင်တဲ့ ဘာဒါမို့ ကျွမ်းကျင်သူနဲ့ လက်ထပ်သင်ကြားပြီးမှ ရေးမို့။

      😀

  • Shee

    October 8, 2013 at 1:01 pm

    ဘယ်ကလား..ခလေးလိုမွတ်နေရတုန်းး မမရ…လူကရွတ်တွနေဘီး…………မိတ်ကပ်လိမ်းရင် မျက်နာက နေ့တစ်ဝက်ဆိုရင် အကွက်တွေဖြစ်ကုန်ရော….ဂရုတစ်စိုက်နဲ့ တစ်ရှုလဲမသုံးတော့…..ချွေးထွက်ရင် မတော်ကြည့်ရဆိုးတယ်..ကိုယ့်အလုပ်ကလဲ…အဲကွန်းခန်းထဲမှာလုပ်နေရတဲ့အလုပ်မျိုးမဟုတ်တော့လေ……ခလေးပေါင်ဒါက လူးလိုက် ပျက်သွားရင် ထပ်လူးလိုက်…အစဉ်ပြေသလိုရှိလို့လေ………ဒါပေမဲ့….အစဉ်မပြေဖူး….မျက်နာမဲမဲလာသလိုပဲ……..

    • KZ

      October 8, 2013 at 1:12 pm

      ကလေး ပေါင်ဒါဆိုတော့ ကိုယ်လိမ်းပေါင်ဒါပေါ့ ရှီးရဲ့။
      မလိမ်းနဲ့လေ။
      မက်နှာ အတွက် သီးသန့်ထုတ်တဲ့ ပေါင်ဒါမျိုးပဲ လိမ်းလေကွယ်။

      🙂

      • ဖွတ်ပြောင်

        October 8, 2013 at 1:20 pm

        သူလား

        ကလေးသေးပါရင်လိမ်းတဲ့ ဝိုင်အိုလက် ပေါင်ဒါတွေ

        ဖွေးနေအောင်လိမ်းတာ နေမှာပါ

        ငိငိ

  • KZ

    October 8, 2013 at 2:41 pm

    လူတိုင်း၊ အထူးသဖြင့် အမျိုးသမီးတိုင်းက နုပျိုလှပ ကြည့်ကောင်းနေတဲ့ အသားအရေကို ပိုင်ဆိုင်လိုကြပါတယ်။ ကံမကောင်းစွာပဲ ထိရောက်မှု အရှိဆုံး မျက်နှာလိမ်းခရင်မ်တွေက သင့်ကို နှစ်ပေါင်းများစွာ ငယ်ရွယ်နုပျိုအောင် မစွမ်းဆောင်နိုင်ပါဘူး။ အရေးကြောင်းတွေ၊ ပါးရေတွန့်နေတာတွေ သက်သာအောင်ပဲ လုပ်နိုင်ပါတယ်။ ဒါကြောင့် အသက်ငယ်စဉ်ကတည်းက အသက်အရွယ်မရွေး တင်းရင်းနုပျိုလှပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေဖို့ ထိန်းသိမ်းသွားသင့်ပါတယ်။

    အရေပြားအကြောင်း

    ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံး အင်္ဂါအစိတ်အပိုင်းဖြစ်တဲ့ အရေပြားကို အလွှာသုံးလွှာ ခွဲခြားထားပါတယ်။

    (၁) အရေပြားရဲ့ အပြင်ဘက်ဆုံးအလွှာမှာ ရောင်ခြယ်ဆဲလ်တွေ ရှိနေတတ်ပါတယ်။ အပြင်ဘက်အလွှာမှာ အရေပြားဆဲလ်သေတွေ ရှိနေတတ်သလို ဆဲလ်သစ်တွေလည်း ထွက်ပေါ်တတ်ပါတယ်။

    (၂) အရေပြားရဲ့ အလယ်လွှာမှာ သွေးကြောတွေ၊ နာ့ဗ်ကြောတွေ၊ အဆီဂလင်းတွေ၊ ကော်လာဂျင်အမျှင်နဲ့ အီလက်စတင်တွေ ပါဝင်နေပါတယ်။

    (၃) အရေပြားရဲ့ အတွင်းလွှာမှာတော့ သွေးကြောတွေ၊ ဆံချည်မျှင်အိတ်တွေနဲ့ ဆဲလ်ပြားတွေ ပါဝင်နေတတ်ပါတယ်။ အရေပြားဟာ ခရမ်းလွန်ရောင်ခြည်ဒဏ်၊ စိတ်ဖိစီးမှုနဲ့ ဆေးလိပ်ငွေ့ရှုရတာ စတဲ့ ပြင်ပပတ်ဝန်းကျင် အခြေအနေတွေကြောင့် မြန်မြန်ဆန်ဆန် အိုမင်းရင့်ရော်တတ်ပါတယ်။ အသားဖြူတဲ့ သူတွေက အသားညိုသူတွေထက် ရောင်ခြယ်ဆဲလ်နဲ့ အဆီထွက်ရှိမှုများတာကြောင့် အရေးကြောင်း ပိုထင်လွယ်စေပါတယ်။ အရေပြား အိုမင်းစေတဲ့ အချက်မှာ အသက်ကြီးတာကလည်း အရေးပါနေတဲ့ အချက်ဖြစ်ပါတယ်။

    အသက် ၂ဝ အရွယ်ရှိသူတို့အတွက် အသားအရေ ထိန်းသိမ်းနည်း

    အသက် ၂ဝ အရွယ်မှာ အသားအရေက နုပျိုကြည်လင်တောက်ပနေတတ်ပြီး အသားအရေ အကောင်းဆုံး အချိန်ကာလပါ။ ဆဲလ်သေတွေ ကွာကျမှုနည်းပါးပြီး အရေပြား ဆဲလ်အသစ်တွေက ၂၈ ရာခိုင်နှုန်းနဲ့ အထက်အထိ တိုးပြီး ဖြစ်ပေါ်နေတတ်ပါတယ်။

    -သင်ဟာ နေ့စဉ် မိတ်ကပ်လိမ်းနေရင် မျက်နှာသစ်ဆပ်ပြာနဲ့ အသားအရေ တင်းရင်းစေတဲ့ တိုနာတို့ကို သုံးတဲ့ အလေ့အထကို ပုံမှန် ပြုလုပ်သင့်ပါတယ်။

    -နေ့စဉ် နေရောင်ကာနိုင်စွမ်း SPF 15 ဆ ပါဝင်တဲ့ အစိုဓာတ်ထိန်းခရင်မ်ကို သုံးပေးသင့်ပါတယ်။ အရေပြားကို ထိုးဖောက် ဝင်ရောက်နိုင်တဲ့ ခရမ်းလွန်ရောင်ခြည် အေဟာ အရေပြားတင်းရင်းစေတဲ့ ကော်လာဂျင်အမျှင်တွေနဲ့ အီလက်စတင်တို့ကို အားနည်းစေပါတယ်။ နေရောင်ခြည်ကြောင့် အသားအရေ ထိခိုက်ပျက်စီးမှုဟာ ၈ဝ ရာခိုင်နှုန်းနဲ့အထက် ဖြစ်တတ်တယ်လို့ အရေပြားအထူးကုဆရာဝန်တွေက ဆိုထားပါတယ်။

    -စီးကရက်မသောက်ဘဲ နေသင့်တဲ့ အချိန်ကောင်းပါ။ ဆေးလိပ်သောက်တာက အရေပြားဆဲလ်တွေထဲကို အောက်ဆီဂျင်ဝင်ရောက်မှု တားဆီးပေးပြီး အရွယ်မတိုင်ခင် အိုမင်းမှုဖြစ်ကာ ပါးစပ်တစ်ဝိုက်မှာ အရေးကြောင်း ထင်လာတတ်ပါတယ်။

    -အစားအသောက်ကို အလွန်အမင်းလျှော့တဲ့ Yo-yo နည်းကို ရှောင်ပါ။ ဒီလိုလုပ်တာက အရွယ်မတိုင်ခင် အသားအရေ အိုမင်းမှုကို ဖြစ်စေနိုင်လို့ပါ။

    -အရေပြားတင်းရင်း လှပနေစေဖို့ ရေများများ သောက်ပါ။

    အသက် ၃ဝ အရွယ်ရှိသူတို့အတွက် အသားအရေ ထိန်းသိမ်းနည်း

    လေထုညစ်ညမ်းမှု၊ ဆေးလိပ်ငွေ့နဲ့ ခရမ်းလွန်ရောင်ခြည်တို့ကြောင့် အရေပြား ဆဲလ်အသစ် ဖြစ်ပေါ်နှုန်းက နှေးကွေးလာပါတယ်။ ဒီလို အန္တရာယ်တွေကြောင့် အရေပြားရဲ့ ကော်လာဂျင်အမျှင်တွေ လျော့တွဲတာမျိုးတွေ စတင် ဖြစ်ပေါ်လာတတ်ပါတယ်။ အဲဒီအခါ ပြုံးလိုက်တိုင်း အရေးကြောင်းတွေ စတင် ပေါ်လာတတ်ပါတယ်။ အသားအရေကို သန့်စင်တာ၊ အစိုဓာတ်ထိန်းပေးတာနဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်တာ စတဲ့ နည်းတွေသုံးပြီး အသားအရေ ထိန်းသိမ်းမှုတွေကို ပုံမှန် လုပ်ဆောင်ပေးသင့်ပါတယ်။

    -အင်တီအောက်ဆီးဒင့် ဗီတာမင် အေ၊ ဘီ၊ စီနဲ့ အီးတို့ ပါဝင်တဲ့ အစားအသောက်တွေကို များများစားတာက ဖရီးရယ်ဒီကယ်လ်တွေကို တွန်းလှန်ပေးနိုင်တာကြောင့် အရွယ်မတိုင်ခင် အိုမင်းမှုကို ကင်းဝေးစေနိုင်ပါတယ်။ ဒီဗီတာမင်တွေကို မှီဝဲတာက အရေပြားရဲ့ အင်ဇိုင်း ထုတ်လုပ်မှုကောင်းပြီး အရေပြားကို စိုပြည်တင်းရင်း လှပစေပါတယ်။ နောက်ထပ် ကာကွယ်မှု ရရှိစေဖို့ အင်တီအောက်ဆီးဒင့်ပါတဲ့ မျက်နှာလိမ်းခရင်မ်ကို လိမ်းပေးရပါမယ်။

    -အယ်လ်ကိုဟောကို အလွန်အမင်း မသောက်ပါနဲ့။ အရက် အလွန်အမင်း သောက်တာကြောင့် အရေပြားဆီ အာဟာရဓာတ် ရောက်ရှိမှု လျော့နည်းပြီး သွေးကြောတွေကို ကျယ်စေပါတယ်။

    -အရေပြား စိုပြည်တင်းရင်း လှပစေဖို့ ရေကို များများသောက်ပါ။ အိပ်ရေးဝဝ အိပ်စက်အနားယူပေးရင် အသားအရေကို တင်းရင်းလှပစေပါတယ်။ ဗီတာမင်တွေ အပြည့်ပါတဲ့ ညလိမ်းခရင်မ်ကို လိမ်းပါ။ ညမှာ အရေပြားရဲ့အပူချိန်က မြင့်တက်လာတာကြောင့် အာဟာရစုပ်ယူမှု အားကောင်းကြောင်း လေ့လာသူတွေက ဆိုပါတယ်။

    Did you know?

    ဒီအသက်အရွယ်မှာ အရေပြားရှိ ဆံခြည်မျှင် သွေးကြောတွေကို ထောက်ပံ့ပေးနေတဲ့ ကော်လာဂျင်အမျှင်တွေ အားနည်းလာတာကြောင့် အနီရောင် သွေးပြန်ကြောတွေ ထင်ရှားလာတတ်တယ်ဆိုတာ သိပါရဲ့လား။

    အသက် ၄ဝ အရွယ်ရှိသူတို့အတွက် အသားအရေ ထိန်းသိမ်းနည်း

    အသက် ၄ဝ အရွယ်မှာ အဆီထွက်နှုန်းက လျော့နည်းလာပါတယ်။ သင်က ပင်ကို အဆီပြန်တဲ့ အရေပြားရှိရင် အဆင်ပြေပါတယ်။ ဒီအချိန်မှာ အစိုဓာတ် ဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်းဖို့ အစိုဓာတ်ထိန်းခရင်မ် ကောင်းကောင်း လိုအပ်နေပါပီ။ ရေနံ (Petroleum) ကို အခြေခံတဲ့ အလှကုန်က ချွေးပေါက်တွေကို ပိတ်ဆို့စေနိုင်တာကြောင့် ရှောင်သင့်ပါတယ်။ အရေပြားမှာ အဆီဆုံးရှုံးမှုကြောင့် အရေပြားကြွပ်ဆတ်မှု ပိုဖြစ်စေနိုင်ပြီး အရေပြားတင်းအား လျော့ကျလာစေပါတယ်။

    -တစ်ပတ်တစ်ကြိမ် မျက်နှာကြေးချွတ်တာကို မှန်မှန် ပြုလုပ်သင့်ပါတယ်။

    -အရေပြား နုပျိုသစ်လွင်လှပဖို့အတွက် AHAs (Alpha Hydroxy Acids) ပါဝင်တဲ့ ခရင်မ်ကို လိမ်းသင့်ပါတယ်။ ဒါပေမဲ့ များများလိမ်းတာကို ရှောင်ပါ။

    -အရေးကြောင်းတွေ သိသာလာတတ်တာကြောင့် ဗီတာမင်အေပါတဲ့ ရက်တီးနွိုက်ခရင်မ်ကို လိမ်းသင့်ပါတယ်။ အရေးကြောင်း၊ သက်ကြီးအစက်အပြောက်နဲ့ ပါးရေတွန့်တာတွေ လျော့ပါးစေဖို့ ဒီခရင်မ်တွေက အသုံးဝင်ပါတယ်။

    -ဗီတာမင်အေပါတဲ့ ခရင်မ်တွေက ခရမ်းလွန်ရောင်ခြည်ကို ထိခိုက်လွယ်တဲ့အတွက် ညလိမ်းခရင်မ်အဖြစ် သုံးပါ။ နေ့ဘက်မှာ လိမ်းမယ်ဆိုရင် နေကာခရင်မ်နဲ့ တွဲလိမ်းပါ။

    အသက် ၅ဝ နှင့်အထက် အရွယ်ရှိသူတို့အတွက် အသားအရေ ထိန်းသိမ်းနည်း

    ရောင်ခြယ်ဆဲလ်တွေ စုပုံလာပြီး အညိုရောင် အစက်အပြောက်တွေ ဖြစ်လာတတ်ပါတယ်။ အီစထရိုဂျင်ဟော်မုန်း လျော့ကျလာတာကြောင့် အရေပြားရဲ့ တင်းအားနဲ့ စိုပြည်မှု လျော့ကျလာပါတော့တယ်။ ဒါကြောင့် အသက်ကြီးတဲ့အခါ အရေပြားက ခြောက်သွေ့တာ၊ ယားယံတာ၊ ထိရှလွယ်တာနဲ့ ဓာတ်မတည့်မှု ဖြစ်လွယ်တာတွေ ပိုဖြစ်စေနိုင်ပါတယ်။ သွေးကြောတွေ အလွယ်တကူ ထိခိုက်လာကာ ကြွက်နို့နဲ့ တခြားအရေပြား ပြဿနာတွေကလည်း ဒီအရွယ်မှာ အဖြစ်များတတ်ပါတယ်။

    -အသားအရေကို စနစ်တကျ ထိန်းသိမ်းပါ။ နူးညံ့တဲ့ မျက်နှာသစ်ဆေး၊ အရေပြား တင်းရင်းစေတဲ့ တိုနာတို့ကို မှန်မှန်လိမ်းပါ။ အယ်လ်ကိုဟော ပါဝင်တဲ့ တိုနာကို ရှောင်ပါ။

    -နေရောင်ခြည်ကို ကာကွယ်နိုင်တဲ့ အစိုဓာတ်ထိန်း ခရင်မ်ကို များများလိမ်းပြီး နေပြင်းပြင်းပူတဲ့အချိန်မှာ တတ်နိုင်သမျှ အပြင်မထွက်ပါနဲ့။

    -ညဘက်မှာ ရက်တီနောလို အိုမင်းမှုတား နည်းဗျူဟာနဲ့ ဖော်စပ်ထားတဲ့ ခရင်မ်ကို လိမ်းပေးပါ။

    -အသက်ကြီးလာတာကြောင့် အရေးကြောင်း ပါးပါးထင်လာတာက ပုံမှန်ပါပဲ။ ဒါက အတွေ့အကြုံ ရင့်ကျက်မှုရဲ့ သင်္ကေတတစ်ခုလည်း ဖြစ်တာကြောင့် စိတ်ဓာတ်ကျနေစရာ မလိုပါဘူး။

    ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
    By Good Health
    Source: http://news.yatanarpon.com.mm/news/article-50833
    Posted by popozaw

  • Shee

    October 8, 2013 at 4:08 pm

    ကျေးဇူးနော်…မမခိုင်…………:D

    မင်းချံ…နိတော့လာ….နာတော့မယ်……….

Leave a Reply