ချွတ်ချင်ပေါင်
သိန်းမြင့်ဦးဆိုတာ ကျနော်ငယ်တုန်းက သူငယ်ချင်း…။ ငယ်ငယ်လေးက ခင်ရတာတော့မဟုတ်ပါဘူး..။၆တန်းလောက်ကမှ သိတာ…သူကကျောင်းမနေဘူး…။သူနဲ ့ခင်ရတာကလဲ အဖေနဲ ့ပါတ်သက်လို ့ပါ..။ ကျနော့်အဖေက စစ်ထွက်..သူ ့အဖေလည်းစစ်ထွက်…။
စစ်မှုထမ်းဟောင်းတွေ တစ်ခေတ်ထတော့မှ အဖေတို ့တွေက အလုပ်တူလုပ်ရင်းတွဲကြတာ..။ အဖေ့အထက်မှာ ရာထူးကြီးတာဆိုလို ့စစ်ဗိုလ်တဦးဘဲရှိတာ…။
စစ်မှုထမ်းတွေ ငါးကန်ကြီးတွေနဲ ့ငါးမွေးမြူရေးနဲ ့သားငါးရောင်းဆိုင်တွေဖွင့်တော့ ကျန်တဲ ့သူတွေက အဖေ့လက်အောက်ကချည်းဘဲ…။
လုပ်ငန်းသဘောတွေမသိပေမယ့် အဖေခိုင်းသမျှကို လုပ်ရပြီး ဆရာချင်းထပ်နေအောင်ကြားရတယ်။ အဖေက သူတို ့လုပ်ငန်းမှာ ဆရာဆိုတော့ သူတို ့သားသမီးတွေကပါ အလိုလိုနေရင်း ကျနော်တို ့အိမ်မှာ ကူဖော်လောင်ဖက် လက်တိုလက်တောင်းခိုင်းတဲ ့ကလေးတွေ ဖြစ်လာတော့တာဘဲ..။ မဆလ လမ်းပေါ့…။
အဖေက လက်တိုလက်တောင်းခိုင်းပေမယ့် ကျနော်တို ့နဲ ့သိပ်မခွဲခြားပါဘူး…လုပ်လည်းအတူတူစားလည်းတူတူပါဘဲ…။
သူနဲ ့လုပ်ဖော်ကိုဘက်တွေ လက်အောက်ကလူတွေနဲ ့ကလည်း မိတ်ဆွေရဲဘော်တွေလိုပေါင်းသင်းဆက်ဆံတော့ လူချစ်လူခင်တော့ပေါတယ်…။ သူ ့မိတ်ဆွေတွေကိုယ်တိုင်က အဖေ့ကို ကူညီဘို ့သူတို ့ကလေးတွေကို အဖေ့ဆီလွှတ်ပေးတာပါ..။
သိန်းမြင့်ဦးက ခင်ဘို ့ကောင်းတယ်..သူ ့ကိုတွေ ့ရင် သူဝတ်ထားပုံကို ကြည့်ပြီး ကျနော်က ရယ်ချင်တာ..။ သူ ့မှာ အားနည်းချက်က မျက်လုံးတစ်ဖက်တိမ်စွဲနေတာရယ်…စိတ်က သိပ်မပြည့်တာရယ်ပါ…။ ရိုင်းပျစွာ ရေးရရင်တော့ နည်းနည်းဂေါက်နေတာပေါ့…။
ဂေါက်တာက စစ်ဂေါက် ဂေါက်နေတာ…။
အမြဲတမ်းစစ်အကျီင်္နဲ ့ စစ်ဦးထုပ်ဆောင်းထားတယ်…။
အဖေက တစ်ခုခုခိုင်းဘို ့(သို ့မဟုတ်) အလုပ်တစ်ခုလုပ်စရာရှိရင် ကျနော့်ကို သွားခေါ်ခိုင်းတာ…။သူ ့အိမ်ကဝေးတော့ ကျနော်က စက်ဘီးနဲ့ သွားတာ…။ဟိုရောက်လို ့သူ ့ကိုတွေ ့ရင် အဖေခေါ်နေတယ်လာကွ ဆိုပြီး…ခေါ်ရင် စက်ဘီးကို နောက်က တက်မစီးဘဲပြေးလိုက်တာ…။
ကျနော်က အားနာတယ်..သူကျနော်တို ့ကျွန်မဟုတ်ဘူး…မင်းအဲလိုမလုပ်နဲ ့ကွာ စက်ဘီးပေါ်တက်ဆိုလည်း မတက်ဘူး…ကိုယ်ကပါအားနာပြီး စက်ဘီးမနင်းဘဲ လမ်းအတူလျှောက်ရော….
ဟော..အိမ်ရောက်တော့ သွားတာလာတာ ကြာတော့ ကျနော်က ဆူခံရရော….။
သိန်းမြင့်ဦးကတော့ အိမ်ရောက်လို ့အဖေ့တွေ ့တာနဲ ့ သတိအနေအထားနဲ ့ဆလု ရိုက်တော့တာဘဲ…။
သတင်းက ပို ့သေးတယ်…
“ သိန်းမြင့်ဦး…ရောက်ပါပြီ ဆရာကြီး အပါကြီး” တဲ ့…။
“အေး…သက်သက်သာသာနေပါ..ရဲဘော်သိန်းမြင့်ဦး” တဲ ့…ကြည့်ဦး။ သူတို ့ကတော့ ကိုက်နေတာဘဲ..။
ကိုယ်ဘဲ ကြားက ဆူခံထိတာ…။
အဖေခိုင်းတာကလည်း ပင်ပင်ပန်းပန်းတွေ မဟုတ်ပါဘူး…။ သစ်ပင်စားပင်စိုက်ဘို ့ကျင်းတွေ မြောင်းတွေ တူးတာ…။တူးရင်လဲ အဖေပါကိုယ်တိုင်တူးတာပါ…။
တစ်ခါတစ်လေတော့ စစ်မှုထမ်းဟောင်းတွေဖွင့်ထားတဲ ့ဆိုင်တွေကိုလွှတ်ပြီး စာပို ့ခိုင်းတာတို ့မနက်အတွက် အစိအစဉ်ပြောခိုင်းတာတို ့ပါ…။ ကျနော်တို ့ခိုင်းလည်းရပေမယ့်…သူ ့ကိုခေါ်ထားပြီး သူ ့အတွေအကြုံနဲ ့ စစ်အကြောင်းတွေ ပြောကြတာပါဘဲ..။
သိန်းမြင့်ဦးကလည်း စစ်သားတွေအကြောင်း မေးမှမေး…။ပြောမှပြော…။သူက စစ်သားသိပ်ဖြစ်ချင်တာကိုး….။ ကျနော်ကတော့ သူတို ့နဲ ့အလုပ်အတူလုပ်လည်း ခပ်ခွာခွာဘဲ…။ ငယ်တုန်းကတော့ အဖေကစစ်သားဖြစ်ခဲ ့တာကို သိပ်အားကျတာ…။
ကျနော်စိတ်က တစ်မျိုးဘဲ…စကားမစပ်ပြောရမယ်ဆို ကျနော်တို ့မြို ့မှာ သတင်းရုပ်ရှင်တို ့ဗဟိုရုပ်ရှင်တို ့လာပြတတ်တယ်…။ အဲဒီမှာ ဘာကြည့်ရလဲဆိုတော့ ဦးနေဝင်း နိုင်ငံခြားသွားတာတွေ ဧည့်ခံပွဲတွေ မှတ်တမ်းအဖြစ်ပြတတ်တယ်…အဲဒီမှာ ဦးနေဝင်းကြီးက အရက်ခွက်ကိုင်ပြီး ပါတိတ်အကျီနဲ ့ကနေတာကို တွေ ့ကတည်းက စိတ်ထဲမှာတစ်မျိုးကြီးဖြစ်သွားတာဗျ…။ကျနော်သိတာက ပါတိတ်အပွင့်တွေကို အမျိုးသမီးတွေ ထမီအဖြစ်ဝတ်တာဘဲတွေဘူးတာကိုး…။
တစ်ဖက်ကလည်း သခင်သန်းထွန်းစာအုပ်ကို ဖတ်နေပြီဆိုတော့…..။
ထားပါ..ပြောချင်တာက သိန်းမြင့်ဦးပါ..။
သူက စစ်သားဖြစ်ချင်တာများနေပေမယ့် သူ ့စိတ်က မပြည့်တော့ စစ်ထဲဝင်ဘို ့မလွယ်ဘူးထင်တာဘဲ..။
နောက်နှစ်တွေမှာလည်း သိန်းမြင့်ဦးက စစ်သားဘဝကိုဘဲ အိမ်မက်နေဆဲပါဘဲ…။
စစ်အကျီနဲ ့စစ်ဦးထုပ်လေးနဲ ့ပါဘဲ…။
နောက်ပိုင်း ကိုယ်ယုံကြည်ရာအတွက် မိဘတွေအရိပ်ကနေ ထွက်ခွာပြီးတဲ ့နောက်…..အားလုံးကို သတင်းပြတ်နေခဲ ့တာပါ…။
၁ရ နှစ်ကြာမှ မိဘရင်ခွင်ကို ပထမဆုံးအကြိမ်ပြန်ရောက်ခဲ ့တယ်…။
ငယ်သူငယ်ချင်းတွေကလည်း သူတို ့ဘဝတွေနဲ ့ရုန်းကန်နေကြတာပါဘဲ…။ သူငယ်ချင်းတွေဆီ လိုက်လည် နုတ်ဆက်ရင်းနဲ ့ ကျနော် သိန်းမြင့်ဦးကို သတိရတာပါ…။
ကျနော်မေးမှ သူငယ်ချင်းတွေက ပြန်ပြောပြတယ်…။
သိန်းမြင့်ဦးက နောက်ပိုင်းပိုဆိုးလာတဲ ့အကြောင်းပေါ့…။
ပါတ်ဝန်းကျင်ကလဲ မကောင်းဘူး….။ စတာနောက်တာလွန်တယ်…။မြှောက်ပင့်ပေးတာလဲ အတိုင်းထက်အလွန်။
နဂိုကမှစစ်သားဖြစ်ချင်နေတဲ ့သူ ့ကိုတွေ ့ရင် ဆလုရိုက်ပြီး…
“ ဗိုလ်ကြီး သိန်းမြင့်ဦး ဘယ်သွားမလို ့လဲခင်ဗျား” ဘာညာလုပ်ကြတာ…။
အဲဒီလိုလုပ်တာကြာတော့ သိန်းမြင့်ဦးက သူ ့ကိုယ်သူ တစ်ကယ့်စစ်သားစစ်ဗိုလ်ထင်လာတော့တာပါဘဲ…။
နောက်ပိုင်း ဘယ်လောက်ဖြစ်လာလဲဆို လ္ဘက်ရည်ဆိုင်ကိုသူဝင်သွားလို ့ဆိုင်မှာ ထိုင်နေသူတွေက သူ ့ကို နုတ်မဆက် ဆလုမရိုက် အလေးမပြုရင်…
“ ဟေ့ကောင် မင်းကဘာလဲ…ငါလာတာမသိဘူးလား” ဘာညာလုပ်တတ်လာတယ်…။
သီးမခံတတ်တဲ ့လူ၊ အကြောင်းမသိသူတွေနဲ ့တွေ ့တဲ ့အခါ ထိုးပွဲတွေ ဘာတွေတောင် ဖြစ်လာတယ် ဆိုဘဲ…။
တစ်ချို ့ကလည်း အရင်က နားလည်ပေးပြီး သနားကြပေမယ့် သိပ်လွန်လာတော့ ကြည့်မရကြတော့ဘူး…။
အပျက်အပျက်နဲ ့နှာခေါင်းသွေးထွက်တယ်ဘဲ ပြောရတော့မယ်…။
ကျပ်မပြည့်သူကိုမှ ဘုံမြှောက်လိုက်တာကိုး….။
သူကလည်းလွန်လာတယ်…။ သူလာတာလှည့်မကြည့်ဘဲ ထိုင်နေရင် သူလာတာမသိရကောင်းလား၊ အရေးတစ်ယူမလုပ်ရကောင်းလား
ဆိုပြီး နားရင်းဝင်ရိုက်တာတွေဘာတွေ လုပ်လာတာ…။
လူတိုင်းက ဘယ်လုပ်နိုင်မလည်းဗျာ…။
သူက အစစ်အမှန်မှမဟုတ်တာ…ဘယ်နေရာပေး ဆက်ဆံချင်ပါ့မလဲ..။
ဒါကိုသူက စိတ်ဆိုးသေးတာ..။ခက်တော့ခက်တာဘဲ..
သူ ့မိဘမျက်နှာနဲ ့ သနားပြီး အရေးတစ်ယူ ဆက်ဆံခဲ ့ကြတာကိုး..။
မကောင်းတာက သူ ့ကို တစ်ကယ့်စစ်သားလို ့ထင်လာအောင် ဘေးက မြှောက်ပေးတဲ ့သူတွေဘဲ။
ပြဿနာတွေ တက်လာတော့ ဘယ်သူမှ ဝင်မတားနိုင်ဘူး…သိန်းမြင့်ဦးကိုလည်း တားမနိုင်တော့ဘူး..။
ပိုဆိုးတာက ရွှေရောင်ငွေရောင် ရွှေစက္ကူတွေကို ကြယ်ပုံတွေ ကပ်ကြီးနဲ ့ညှပ်ပြီး စစ်အကျီရဲ ့လက်မောင်းတွေ ရင်ဘတ်တွေမှာ နေရာအနှံ ့ကပ်တော့တာ…။ပြီးတော့ အကျီကိုမချွတ်တမ်းဝတ်ထားတာ…လျှော်လဲ မလျှော်၊ လဲလှယ်ဝတ်တာလဲ မလုပ်တော့ သူ ့တစ်ကိုယ်လုံးက နံစော်နေတာပေါ့…လူတောထဲတို းဝင်ရင်လူတွေက နှာခေါင်းရှုံ ့ပြီး သူ ့ကို သိပ်အကပ်မခံတော့ဘူး…။
သူကလဲပိုရိုင်းလာတယ်..။
ကိုယ်ကလည်း သူ ့အကြောင်းကြားပေမယ့် ဘယ်လို လုပ်ရမှန်းတောင်မသိပါဘူး…။
ငယ်တုန်းက ချစ်ခင်စိတ်နဲ ့သူ ့ကိုတွေ ့ပြီး ကူညီမယ်ဆိုတောင် မလွယ်ပါဘူး…။
စိတ်ကိုကုဘို ့နေနေသာသာ ရေချိုးဘို ့တောင်နားဝင်အောင်ပြောဘို ့မလွယ်ဘူး…။
ဘာလို ့လဲ ဆိုတော့ ရွှေရောင်တံဆိပ်တွေကပ်ထားတဲ ့စစ်အကျီကိုချွှတ်ဘို ့ပြောရင်တောင် သူက ရန်ရှာချင်တာတဲ ့…။
ကျနော်က စာရေးမကောင်းလို ့ပါ…ဖတ်လို ့တော့ ကောင်းမှာ မဟုတ်ပါဘူး..။
အခုရေးတာကတော့ တစ်ကယ့်ကို သိန်းမြင့်ဦး အကြောင်းရေးတာပါ..။
ဘယ်သူ ့အကြောင်းမှ ရေးတာမဟုတ်ပါဘူး…ကျနော်ပြောတာမယုံရင် အခုရေးထားတဲ ့စာဖတ်ပြီး မျက်စေ ့ထဲ မြင်ကြည့်လိုက်ပေါ့..။
တွေ ့ပါလိမ် ့မယ်…သိန်းမြင့်ဦးတွေ …..တစ်ပြုံကြီး။
ကျော်စွာခေါင်
18 comments
လုံမလေးမွန်မွန်
October 5, 2013 at 7:36 pm
ထုံးစံအတိုင်း စာဆုံးတော့မှ သဘောပေါက်သွားပါကြောင်း။မျက်စိထဲမှာလည်း သိန်းမြင့်ဦးတွေအများကြီးတွေ့လိုက်ပါကြောင်း 🙂
ကျော်စွာခေါင်
October 5, 2013 at 8:36 pm
လုံလုံရေ..
သတင်းပို ့တာလေးလဲ ဖတ်ရပေမယ့်..အဝေးရောက်နေလို ့ ဖုန်းထဲက မန် ့ရတာ အဆင်မပြေဘူးလေ…
စာတွေတော့ ရေးထားပေါ့ လုံလုံ…အလုပ်တွေလဲ များတယ်ထင်တယ်..။
အိပ်မက်စပယ်မှာ ..စာတွေ မပြန်ဖြစ်ပေမယ့်.. ဆုတောင်းပေးတာ ကျေးဇူးပါ..။
ဒါပေမယ့် မမြင်ဘူးတဲ့ ကောင်မလေးဆိုတာ တင်စားထားတာပါ…
အပြင်မှာ တစ်ကယ် မရှိဘူး…စိတ်ညစ်နေချိန်မှာ ပန်းကလေးတွေကိုတွေ ့လို ့ ရေးထားတာပါ…။
KZ
October 5, 2013 at 7:42 pm
အဟဟဟ။
ဖတ်နေရင် ရေသောက်လို့ သီးသွားသေးးးးး
အပြင်မှာ သွားကြည့် … သိန်းမြင့်ဦးတွေ အပုံ အပင်
ဖဘပေါ်မှာ သွားကြည့် သိန်းမြင့်ဦးတွေ လို လူမျိုးကို အထိမခံ မကောင်းမပြောနဲ့ ဆိုသူတွေ အပုံ အပင်။
အရူး ဘုံမြှောက်ခဲ့မိတာပဲလားးးးး 🙄
အိုင်းစတိုင်း ကပြောခဲ့ဖူးသတဲ့။
((ကမာ္ဘကြီးက မကောင်းလုပ်နေသူတွေကြောင့်ပျက်စီးသွားတာမဟုတ်ဘူးးး၊ မကောင်းလုပ်နေတာမြင်လျှက်နဲ့လက်ပိုက်ကြည့်နေသူတွေကြောင့်သာပျက်စီးမှာပါ။)) တဲ့။
ကျနော်တို့ အပြစ်တွေ များလား ခေါင်ရယ်။
တစ်ခါတစ်ခါ သိန်းမြင့်ဦး တို့ကို အပြစ်ပြောမယ်ကြံလိုက်တိုင်းးးးး
ဒီ စကားလေး ကြားယောင်လိုက်တိုင်း စိတ်ထွေသွားမိသေးးးးးး
😥
ကျော်စွာခေါင်
October 5, 2013 at 8:42 pm
ကေ…
ကျနော်တို ့အပြစ်တွေလဲ ပါတာပေါ့…
မကေလိုဘဲ…
ပြည်သူလူထုဟာ သူတို ့နဲ ့ထိုက်တန်တဲ့ ……ကိုဘဲ ရမယ်ဆိုတာ ဖတ်ရတိုင်းးးးးး
ပြောချင်တော့ပါဘူး…ကေရယ်..။
စိတ်မကောင်းဖြစ်ပြီး…အစာမစားဘဲ မနေပါနဲ ့ကေ..။ ခုခွိ…ခွီခု
Crystalline
October 6, 2013 at 11:58 am
အမှန်တရားတွေအခြေခံပြောတဲ့အခါ .. ဘယ်သူ့ကို ရည်ရွယ်ပါတယ် မဟုတ်ပေမယ့်.. မဟုတ်တာလုပ်ထားသူတွေကိုတော့ ကွက်တိထိတာပဲလေ.. :))
ပိုက်ဆံစုတတ်တဲ့ ဦးခေါင်ရဲ့ချစ်စရာသားလေးအကြောင်းလည်းရေးပါအုန်းလို့.. :mrgreenn:
ဦးကြောင်ကြီး
October 7, 2013 at 9:24 am
ကိုယ်ဒိုင်ရော အားမထုတ် ချဉ်ဗူးလားကွယ်…။ ကြောင်ဂျူနီယာလေးဒွေဆို ရွှေငါး စုဂျမှာ… ပေါရဒါ ချက်ခြာဂျီး… သူ့ဂိုလည်း ဦးကြောင် အဖြေပေးရသေးဗဲနဲ့… သွား လူဇိုးမ.. 😳
Crystalline
October 7, 2013 at 3:43 pm
ကြောင်ချက်ကတော့ ကမ်းကုန်ပဲ :evill:
kai
October 6, 2013 at 1:53 pm
ဒါမျိုးလေးတွေလည်းရှိသဗျ…
TNA
October 6, 2013 at 1:59 pm
အင်း ဘယ်လိုပြောရမယ်တောင်မသိတော့ပါဘူး သိန်းမြင်ဦးလိုလူတွေ အပုံအပင် ဆိုတာတော့ တကယ့်ကို လှိုက်လှိုက်လှဲလှဲထောင်ခံသွားပါကြောင်း
TNA
October 6, 2013 at 3:01 pm
ချာလုံးပေါင်းမှားတွားဒယ်။ လှိုက်လှိုက်လှဲလှဲထောက်ခံသွားပါကြောင်း 😀 အမှားပြန်ပြင်ပြီးပါကြောင်း ဟိုလူရီး များကိုလှမ်းရိလို့ 😥
Wow
October 7, 2013 at 11:14 am
ဖစ်ရလေ အသဲလေးရယ်… မှားဗုံက တဲ့တဲ့ ဆိုသလို… ထောင်ခံ.. ဟီးးးးး
alinsett
October 6, 2013 at 7:25 pm
စာရေး မကောင်းဘူးလို့ ဘယ်သူပြောလဲ ဦးခေါင်ရည်
သိန်းမြင့်ဦးတွေ တပုံဂျီး တွေ ့လိုက်တယ်
ဦးခေါင်တို ့ ရေးလိုက်ရင် အဲဒီလို ထိထိမိမိပဲ
padonmar
October 6, 2013 at 8:44 pm
ဆြာခေါင် စာရေးမကောင်းပေလို့ပဲ။
သိန်းမြင့်ဦးအပြစ်ထက် သူ့ကို မြှောက်ပေးနေတဲ့သူတွေ အပြစ်ကပိုများကြီးနေမလား။
ကိုယ်လည်း မြှောက်ပေးနေမိတဲ့ထဲပါနေလေမလား..
အတွေးတွေလည်း ချာချာလည်ဆဲပါ ခေါင်ရေ…
sorrow weaver
October 7, 2013 at 9:57 am
ဦးခေါင် ကွ…အဆုံးသတ်မှာ မက်ဆေ့လေးပေးသွားတာတော့ ပညာရှင်ဆန်လွန်းအားကြီးပါတယ်ဗျာ …:)
kyeemite
October 7, 2013 at 11:10 am
ဘာပြောပြော မျက်စေ့ထဲမြင်လာအောင်တော့
သရုပ်ဖေါ်ရေးသားနိုင်ပါပေတယ်။
အားပေသွားပါတယ် ဆြာခေါင်… :))
black chaw
October 7, 2013 at 3:18 pm
ဘယ်လိုမှတ်ချက်မျိုးမှ မပေးရဲလောက်အောင်
ဖတ်လို့ ကောင်းပါသည်…။
ကျော်စွာခေါင် ရဲ့ ပရိသတ် စစ်စစ်
ဘလက်ချော…။
Mr. MarGa
October 7, 2013 at 4:57 pm
ကိုကြီးကျော်
သိန်းမြင့်ဦးတွေ အများကြီး တဲ့လားဗျာ
ဖတ်ရင်း ကိုယ်တိုင်တောင် အဲလို မြှောက်ပေးတဲ့အထဲ ပါနေသလား တွေးမိတဲ့အထိ
အရူး ဘုံမြှောက်မိတော့လည်း ပြန်ချဖို့က သိပ်မလွယ်ဘူးကိုး
Ma Ma
October 8, 2013 at 9:27 am
ကျပ်မပြည့်သူကိုမှ ဘုံမြှောက်လိုက်တာကိုး….။
ပန်းချီဆရာရဲ့ စာကလည်း အရောင်အသွေးစုံသကိုးးးးးးးးးးးးး 🙂