စားပွဲထိုးလေးရဲ ့သူငယ်ချင်း ။ဇာတ်သိမ်း
ဆိုင်ရှင် သူ ့ကို အမေ…ဟုခေါ်ရမယ်လို ့ ပြောလာသည်..။
မထင်မှတ်ခဲ ့သောစကားကိုကြားရတော့ အရမ်းဝမ်းသာမိသည်….။ အားလုံးပြောဆိုပြီးမှ ခင်မက ပန်းချီဆုရမယ့်အကြောင်းပြောပြတော့ အမားကရယ်နေသည်…။ မသိမသာနဲ ့အမားကိုစိုက်ကြည့်မိတော့ အသက်၅ဝကျော်အရွယ်ဆိုပေမယ့် အပြုံးများနှင့် ကြည်လင် အေးမြလှသည်…။
နဖူးဆံစပနှင့် နားသယ်စဘေးဘက်တွေမှာဆံပင်ဖြူလေးများနှင့် ခန် ့သည်..။
နောက်တော့ အမား၏ သားသမီးတွေ ရောက်လာပြီး အမားက မိတ်ဆက်ပေးသည်…။
ကိုဘာဘူ၊ ကိုဝင်းနိုင်၊ မိုးမိုး(ရွယ်တူ) ၊နှင့်အငယ်မလေးတိုးတိုး အားလုံးက မောင်နှမ အရင်းလို ဆက်ဆံကြပါတယ်….
ကိုဝင်းနိုင်ဆို တခါထဲ အိမ်ပြန်သွားပြီး သူ ့အဝတ်အစားတွေ ယူလာပြီး ရေချိုးပြီး ဒါတွေ လဲဝတ် ရော့ယူထားတဲ ့..။ ဂျင်း အကောင်းစားတွေ။
ခင်မကလည်း ပျော်နေသည် ။ နောက် ပြန်မယ် …နောက်တော့ လာလည်မယ်ဟုနုတ်ဆက်သည်..၊ကိုအိတေကလည်းနုတ်ဆက်သည်…ဆိုင်ကို လာလည်ဘို ့၊အမြဲ ဝင်ထွက်ဘို ့ခေါ်သည်…။
နွေးထွေးလိုက်ကြတာ…….။
အဲဒီညက စတိုခန်းလေးထဲမှာ အိပ်ရတာ…ဒါတောင် အစောကြီးမအိပ်ရပါဘူး…အမားရဲ ့မောင် ကိုပေါက်က စကားပြောရအောင်ဆိုပြီး ဆိုင်မှာ လက်ဘက်သုပ်တွေ စားရင်း ညနက်သည်အထိ ပြောနေကြတာပေါ့…….။
နောက်နေ့ အိပ်ယာက ၉နာရီလောက်မှနိုးတော့ ဆိုင်ကို သွားတာပေါ့…..။ တခုတော့ရှိတယ်ဗျ…၅နှစ်လောက်လုပ်လာတဲ ့ စားပွဲထိုးအကိုတစ်ယောက်က ကျနော့်ကို မကြည်မလင်နဲ ့…ကိုယ်ကနုတ်ဆက်လဲ သူစကားမပြောပါဘူး…။ ကျနော်အခြေအနေကို နားလည်ပေးနိုင်ပါတယ်..။ သူလဲ လူဘဲလေ…။ နေရတာကလဲ သူနဲ ့တစ်ခန်းမှာ ၂ယောက်ပါ…။
ဆိုင်ကို စားပွဲထိုးစလုပ်တော့ ကိုဝင်းနိုင်နဲ ့အမားက ကြည့်ထားဦး…နားနားနေနေလုပ်လို ့ပြောပါတယ်။ ဒါပေမယ့် ကျနော်က သေချာမှတ်သားပြီး ဝိုင်းလုပ်ပါတယ်…။
ကျနော်က စားသောက်သူတစ်ယောက် ကမုန် ့ချပေးပါဟေ့….ဆေးလိပ်ဟေ့….ပိုက်ဆံရှင်းမယ်ဟေ့….
ခေါ်သံကြားရင် ကျနော်သွားတာပေါ့….သူတို ့က ဘာပြောတယ်မှတ်လဲ…..
“ ဟာ…ညီလေး မလုပ်ပါနဲ ့စားပွဲထိုး လာပါလိမ့်မယ်…နေပါ”တဲ ့။။
ကျနော်က ကျနော်စားပွဲထိုးပါဆိုတော့…..ကောင်တာဘက်လှည့်ပြီး “ ကိုဝင်းနိုင်ညီက နောက်တတ်တယ်နော်” တဲ ့..။
ကျနော်စဉ်းစားတယ်..ဘာမှားနေလဲပေါ့…။
တဟစ်ယောက်လဲ မဟုတ် ၊ လာသောက်သူတွေက အပြောများလာတော့…ဦးပေါက်ကို ပြောရတာပေါ့.
ကျနော်သွားရင် သူတို ့က နေပါစေဘဲ ပြောနေတယ်ဦးပေါက်….ဘာဖြစ်လို ့လဲမေးတော့ ဦးပေါက်က ကျနော့်ကို ကြည့်ပြီး….ရယ်ပါတယ်….နောက်မှ
ဘယ်ခိုင်းရဲမလဲ ကွာ…..မင်းဝတ်စားထားတာလဲ ပြန်ကြည့်ပါဦးကွာတဲ့..။
အဲဒီကျမှ ကိုယ့်ကိုကိုယ် ပြန်ကြည့်မိတာ…ကိုဝင်းနိုင် ဆင်ပေးထားတာလေ…….။
ရှပ်လက်ရှည်အဖြူနဲ ့ စတိုင်လ်ဘောင်းဘီ အနက်ရောင်နဲ ့ ရှုးဘိနပ် အနက်နဲ ့….။ ခေသူမဟုတ် ဖြစ်နေတာ..။
ကိုဝင်းနိုင်ကလဲမရဘူး ဝတ်ကိုဝတ်ရမယ်တဲ ့….။
၂ရက် ၃ရက်က ခိုင်းမယ့်လူ ခေါ်မယ့်လူကို မရှိဘူး….နောက်မှ ဆရာလေးက ( ဆိုင်ပိုင်ရှင် ဦးတင်ရွှေပါ….ဆရာလေး လို ့ခေါ်မှ
ကြိုက်တာ…သဘောကောင်းတယ်…ကျနော့်ဆို အားကြီးစ”တယ်) ဝင်ဆုံးဖြတ်ပေးတာ….။ ဝတ်ချင်ရင် ညဘက် ကိုဝင်းနိုင်တို ့ကိုဘာဘူတို ့နဲ ့ အပြင်တွေ ဘာတွေ ထွက်မှဝတ်…ဆိုင်မှာ စားပွဲထိုးလိုဝတ်တဲ ့…။
အဲဒါနဲ ့ဘဲ ဆိုင်က အခန်းတူနေတဲ ့အကိုကြီး ပုဆိုးဟောင်းအကျီဟောင်းကို ဝယ်ဝတ်ရပါတယ်..လူတွေများရယ်ဘို ့ကောင်းတယ်ဗျာ….အဲလိုလဲ အဝတ်အစားလဲလိုက်ရော…ခေါ်ခိုင်းလိုက်ကြတာဗျာ…လက်တောင်မလည်ဘူး….။
( ဒါကျနော့်ဘဝအတွက်တော့ လူတန်းစားတစ်ခုဘက်ကနေ ခံစားမှု အသစ်တစ်ခုကို မြင်ခွင့်ရခဲ့တာပါ)…..ကျနော်ပျော်ပါတယ်။
နောက်ပြသနာက ကျနော်က စကားတိုးတိုး ပြောတတ်တာ…။
အဲဒီတော့သူများက လ္ဘက်ရည်မှာရင် ဆရာလေး အဖျော်ခုံထိပြေးပြောရတာ…
အဲဒါဆို ဆရာလေးက နားကို လက်လေးကာပြီး …“.အင်း ပြော တိုးတိုးပြော…ဘေးလူတွေ ကြားသွားမယ်…ဒါအရေးကြီးတယ်…”လို ့စပါတယ်။
နောက်တော့ ကျနော့်ကို ဘာမှမလုပ်နဲ ့…ဟိုးဆိုင်ထောင့်ကနေ….ငါ့ အဖျော်ခုံကို မင်းပြောချင်တာ လှမ်းပြီးအော်ပြော….
ငါကကြားရင် အကြောင်းပြန်မယ်တဲ ့..ကြည့်ပါဦး။ လူတွေရှုပ်နေချိန် ဆိုင်လူကျချိန်ဆို ထိုင်ပြီးအော်ရတယ်….
ဆရာလေး ပေါ့ကျဝမ်း။
ချိုစိမ့်ဝမ်း…..တူးတီး…ဝမ်းကော်..ပဲနံတစ်..။
မလိုင်စားမယ်…အို..စုံနေတာဘဲ…။
ကြာတော့ မောလာတာပေါ့….ဆရာလေး…အော်ရတာ မောပြီဆို….
ဆရာလေးက လ္ဘက်ရည်ဖျော်တိုက်ပါတယ်…။ အမားကတော့ကြည့်ပြီးရီလိုက်တာ…မျက်ရည်ပါထွက်တယ်…။
နောက်ပြသနာက လ္ဘက်ရည်မှာရင် တစ်ခွက်ပါ…ကျနော်သွားပို ့ရင် ဟိုရောက်တော့ တစ်ဝက်ဘဲ ရှိတော့တာ…လက်တွေတုန်ပြီး ဖိတ်ကျတာလေ..။
နောက်တော့ အမားက ညဘက် ဆိုင်သိမ်းပြီးရင် ကျနော့်ကို အတူနေခိုင်းပြီး လ္ဘက်ရည်ခွက်တွေမှာ ရေထည့်ပြီး စားပွဲတွေကြားမှာ လူးလားခေါက်ပြန် သွားခိုင်းပါတယ်…။ အဓိက..က ဟန်ချက်ကိုနားမလည်တာပါ..။
နောက် ၃ည လောက်ကျင့်တဲ ့အခါ လက်တစ်ဖက်မှာလ္ဘက်ရည်၃ ခွက်နဲ ့ပေါင်း၆ခွက်ကို နိမ့်မြင့် ဝေ့ဝိုက်ပြီး….အမြန်သွားလာနိုင်ပါတယ်…
ဆရာလေးမသိအောင် ခိုးသင်ပေးတာ…။
ဂျက်လီ ရဲ ့ထိုက်ချိမာစတာကားကို ကြည့်ရတော့ အဲဒီပုံတွေ မျက်စိထဲ ပြန်မြင်ယောင်ပြီး အမားကို သတိရတယ်….( ဇာတ်မင်းသား ဘဝမှာ မြန်မာအက ကကွက် အသစ်စဉ်းစားလိုက်ရင် အမားလေ့ကျင့်ခိုင်းတဲ့ ကိုယ်အချိန်အဆ
အနေအထားကို ပြန်ပြီး တွေးပါတယ်…….
တစ်ကယ်တော့ ကျနော့်ရဲ ့စားပွဲထိုး ထိုက်ချိဆရာက အမားပါ..။
၄ရက်မြောက်ပြီးတော့ ဆရာလေးတောင်ချီးကျူးပါတယ်…ချီးကျူးစကားကလဲ လှတယ်…
“ အေး…မင်းမှာ စားပွဲထိုးပါရမီ ပါတယ်ကွ” တဲ့.။။ ဖြစ်နိုင်ပါတယ် သူ ့စကားက။
တော်ရုံလူ မခံနိုင်ပါဘူး….စားပွဲထိုးတစ်ယောက်ဟာ တစ်နေ ့ကို ဘယ်နှစ်မိုင် လမ်းလျှောက်သလဲ ဆိုတာ ၊လုပ်ဘူးမှ သိမှာ၊
ကျနော်က ပိုပင်ပန်းပါတယ်….အမားသားသမီးတွေက ညဆို ပျောက်ကုန်ပြီ…ဆရာလေးက အိပ်ပြီ..။ဆိုင်သိမ်းရတာ အမား တစ်ယောက်ထဲ။ ဟိုစားပွဲထိုးကဗျာ…တစ်ကယ်ဘဲ နေနိုင်တယ်…အချိန်၁ မိနစ် ကျော်လို ့တောင် မရဘူး….ဆိုင်မှာ လူဘယ်လောက်ကျနေပါစေ…ကောက်ပြန်သွားတာ..။
ကိုယ်ကတော့ ကိုယ့်အမေအရွယ်ဖြစ်နေတော့ မနေရက်ဘူး…အမားကိုဝိုင်းလုပ်ပေးတာ…။
အမားက ညတိုင်ဆို မလိုင်ချက်တာ…အကြာကြီးဘဲ…ကျနော့်ကို လျှို ့ဝှက်နည်းတွေပါ သေချာပြောပြပြီး…မလိုင်ချက်သင်ပေးတာ
( အဲဒီ ထဲက ကျနော် မလိုင်မစားတော့တာ…ဟဲဟဲ၊ နောက်မှ နည်းပေးမယ်)။
မနက် ၄းဝဝ အိပ်ယာထ အလုပ်ဆင်း…၁၂နာရီနား…နေ ့၁းဝဝနာရီကနေ အလုပ်ပြန်ဆင်း တာ ည ၁ဝ ဆိုင်ပိတ် အမားနဲ ့ဆိုင်ထဲမှာ ဆိုင်သိမ်း မနက်အတွက်လုပ် ည ၂း၃ဝမှာ ပြန်အိပ်…မနက် ၄းဝဝ ပြန်ထ။
ဒါကြောင့်ပင်ပန်းတယ်လို ့ပြောတာပါ….။
နောက်ပန်းချီဆွဲရာကနေ လူသိသွားပြီး သူငယ်ချင်းတွေ ထပ်ရလာပါတယ်…ကဗျာတွေ ရေး လက်လှည့် ဖယောင်းနဲ ့စာအုပ်ထုတ်ပါတယ်….။ ကဗျာရေးဖော် အခင်ဆုံးသူငယ်ချင်းက အားစိုက် လို ့ခေါ်ပါတယ် တရုပ်မျိုးနွယ်ပါဘဲ..။ တော်တော်ခင်တာ။
ပန်းချီရေး၊ ကဗျာရေးနဲ ့ လူလဲ ပိန်လာပါတယ်…။
ဆိုင်မှာလည်း ညနေတိုင်ဆို လ္ဘက်ရည်ဆိုင်တိုင်တဲ ့မိန်းကလေးတွေများလာတာ…
ညနေတိုင်ဆို လ္ဘက်ရည်လာသောက်ရင်း အော်တိုရေးခိုင်း၊ ကဗျာတိုရေးခိုင်းနဲ ့။
ဆရာလေးက နားလည်ပေးပါတယ်…သူကတော့ ပြောတယ်…
“ တို ့ကသာတော့ ရာဇဝင်ပျက်ပြီ”တဲ ့… စ”တာပါ။
ကြားရက်လေးတွေမှာ ခင်မ လာခေါ်ပြီး သူ ့အိမ်မှာ ထမင်း ဖိတ်ကျွေးပါတယ်…
သူက တစ်ဦးတည်းသောသမီးပါ…သူ ့မိဘတွေက တော်တော်ချစ်တာ…အရမ်းလဲ အေးဆေးကြတယ်…။
အိမ်သွားလည်မှ ခင်မကို ကျနော် အံ့ဩလေးစားရတော့တာ……။
ထမင်းစားပြီးတော့မှ ဧည့်ခန်းထဲ ခေါ်သွားပြီး စန္ဒယားတီးပြတာ…စုံတောမြိုင်သီချင်းကို ကိုယ်တိုင်ဆိုတီးတာ…။
နောက်စောင်းတီးတတ်တယ်ဗျ….။ အဲဒါ ကျနော့်ရဲ ့သူငယ်ချင်းခင်မ ပေါ့…။
သူကိုယ်တိုင်အနုပညာသမားမို ့ကျနော့်ကို ကူညီပေးခဲ ့တာပါ…ဆုခွဲတာကတော့ လူငယ်စိတ်ကိုး….။
နောက် ညီငယ်လေးတစ်ယောက် ကျနော့်ဆီမှာ ပန်းချီ လေ့လာ သင်ယူဘူးပါတယ်…ကျနော်ကတော့ ညီအကို သဘောနဲ ့ဘဲ လိုအပ်တာ သင်ပြပေးခဲ ့တာပါ….ဆရာ သဘောမဟုတ်ပါဘူး…သူက ကာတွန်းရေးတဲ ့ ညိုကိုနိုင်( ကသာ) ပါဘဲ..။
…………..
အဲဒီဘဝလေးမှာဘဲ ပျော်နေရာကနေ ၅ လလောက်နေတော့အိမ်က သတင်းကြားပြီး အတင်းလာခေါ်တော့…
သူငယ်ချင်းတွေ ငိုတယ်…
အမားဆို ငိုလိုက်တာ…မင်းငါ့ကို သံယောဇဉ်ဖြစ်အောင်လာလုပ်တယ်ဆိုပြီး ပြောပြောငိုတာ…ကျနော်လဲ ငိုတာပါဘဲ…။
ကျန်တဲ ့ကိုဝင်းနိုင်တို ့ဆို ပြန်မယ့်နေ ့က ရှောင်နေကြတာ…။မောင်နှမတွေ အားလုံးပါဘဲ…။
ဦးပေါက်က “ မင်း နောက်တစ်ခါ သံယောဇဉ်တွယ်အောင် လာမလုပ်ပါနဲ ့တော့ကွာ…သွားတော့”တဲ ့..။
ကျနော် ရင်ထဲမှာလဲ ငိုနေပါတယ် …အပြင်မှာလဲ ငိုမိပါတယ်..။
ရှင်ကြီးဝမ်းမှာ ခင်မင်ကြတဲ ့သူငယ်ချင်းတွေ ရှိပါတယ်…
အခု သူတို ့က ကျနော့် ဘဝအမှန်ကို ဘာမှ မသိဘဲ ရှင်ငယ်ဝမ်းမှာ ဝင်စားခဲ ့တဲ ့ စားပွဲထိုးလေးကို ခင်ကြတဲ ့သူငယ်ချင်းတွေကို ကျနော် ပိုပြီး ခင်တွယ်မိပါတယ်….။
ကျနော်ခင်တဲ ့…ဖုန်တွေနဲ ့ညစ်ပတ်နေတဲ ့အိမ်ပြေးလေးရဲ ့ပထမဆုံးသူငယ်ချင်းကတော့၊ သတင်းကြားပေမယ့် လုံးဝ လာမတွေ ့တော့ပါဘူး….။
……………………………….
……………………………………………………………..
ကသာမြို ့ထွက်တဲ ့အထိ စက်ဘီးလေးနဲ ့များ ရောက်လာမလားလို ့မျှော်မိခဲ ့ပေမယ်……
ခင်မ ရောက်မလာခဲ ့ပါဘူး…….
ခင်မရယ် ငါက နင်ခင်တဲ ့စားပွဲထိုးလေးပါ…..ငါ့ အသိုင်းအဝိုင်းကို နင်ဘာလို ့ကြည့်ခဲ ့တာလဲ…
နင့်ရဲ ့စားပွဲထိုးလေးကိုဘဲ နင်ခင်ပါဟာ….။
ခင်မတို ့ရေ…
ငါဘယ် ဘဝရောက်ရောက် ၊ ဘဝ အခြေ ဘယ်လောက်မြင့်မြင့် နင့်နာမည်ကို တွေးမိတာနဲ ့ငါက စားပွဲထိုးလေးပါ…
ငါနင့်ကို လွမ်းတယ်…။
နင့်ကို တွေ ့ချင်တယ် ခင်မရယ်…….။
ငါကော်ဖီ နေ ့တိုင်းသောက်ပါတယ်….မသေခင်ထိ သောက်မှာပါ…
အဲဒီ ကော်ဖီထဲမှာ နင်ရှိတယ် ခင်မရေ….။
တို ့တွေ ပြန်ဆုံတဲ့အခါ ပန်းချီပြိုင်ပွဲ တစ်ခုလောက် ကြုံရင် ကောင်းမယ်…
နင်က ဝင်ကြေးပေး။။
စားပွဲထိုးလေးက ပန်းချီဆွဲ….ပေါ့.. ။
ကျော်စွာခေါင်
18 comments
ဦးကျောက်ခဲ
October 30, 2013 at 5:09 am
ခင်မအကြောင်း မမေးတော့ပါဘူး ဆြာညီရယ်… သိနေတာကိုး..
ကိုညီတို့များ အိမ်ပြေးချင်းအတူတူ မနာလိုချင်စရာ…
ဟီ ဟိ အမားရဲ့ မလိုင်လုပ်နည်းလေးသာ ရွာထဲကို ဝေမျှပါလို့…
😀
alinsett
October 30, 2013 at 7:46 am
ဦးခေါင်ရည်
ဦးထေခါင်ကသာ ဇာတ်သိမ်းလို့ပြေားထားတာ
ကျွန်တော်ကတော့
ပန်းချီသမားလေးရဲ့ အခုလက်ရှိ ဘဝအနေအထားအထိကို
ဆက်တွေးနေမိတယ်။
ဆက်ရေးစေချင်သေးတယ်။
Ma Ma
October 30, 2013 at 7:58 am
စာဖွဲ့လောက်စရာ ဘဝရောင်စုံမှာ ကျင်လည်ကျက်စားခဲ့ရတာကို အားကျရမလား။
ခက်ခဲကြမ်းတမ်းတဲ့ ဘဝအတွေ့အကြုံကို ကြောက်ရမလား မသိတော့ဘူး။ 🙁
ကျောက်စ်လိုပဲ မလိုင်လုပ်နည်းလေးတော့ လိုချင်သား။ 😀
အရိပ်စစ်
October 30, 2013 at 8:05 am
မလိုင်ချက်နည်းလေးကို လည်း စိတ်ဝင်စားတယ်
အမှန်အတိုင်း ပြောရပါ့မယ် ဆိုရင်တော့ ဒီဂလောက်လေးနဲ့
ဇာတ်သိမ်းပေးလိုက်တာတော့ တစ်မျိုးဂျီးနေသွားတာပေါ့
ဖတ်ရတာ ဝသေးဘူး
ုဖြစ်နိုင်ရင် ဆက်ပီး ရေးပေးစေချင်သေးတယ် ဦးဦးခေါင်ရေ…..
ုုူုု
ဗုံဗုံ
October 30, 2013 at 9:21 am
ဟူးးးးးးးးးးးးးးးး အူးခေါင်..
ခင်မလေး သနားပါတယ်..နော်
ပြန်တွေ့ရအောင်.အူးခေါင်က
ပြန်မလာဘဲနဲ့..
ရွှေမိုးတိမ်
October 30, 2013 at 9:37 am
ည က အိပ်ခါနီး ရွာထဲဝင်ကြည့်မိတာ ဒီပု်ိ့စ်ကို တွေ့တာပဲဗျို့ ။ ဇာတ်သိမ်းဆိုတာနဲ့ ဘယ်ရမလဲ တစ်ခါတည်းဖတ်ပစ်လိုက်တာပေါ့ဂျာာာ 12 နာရီထိုးရောပဲ 😀 ဖုန်းနဲ့ဆိုတော့ မန့်ချင် တာ မန့်မရဘူး ။
စာရေးကောင်း ပန်ချီဆွဲတော်တဲ့ ကိုကျော်စွာ ငယ်သူငယ်ချင်းမလေးနဲ့ရော မိတ်ဆွေစစ်တွေနဲ့ပါ ပြန်တွေ့ပါစေဗျာ ….
Crystalline
October 30, 2013 at 9:46 am
လွမ်းစရာဆွေးစရာတွေတော့ ဒီကလည်းစိတ်မခိုင်သူမို့ထူးမပြောချင်တော့ပါဘူး :mrgreenn: မလိုင်အကြောင်းပြောလို့နည်းနည်းတောင်နင်သွားတယ်.. အခုတင်ပြည်ကလေးဗူးမှာထားတာ.. ဦးခေါင်လုပ်တာနဲ့စားဖို့စဉ်းစားရတော့မယ်.. အဲဒီမလိုင်ကို ဂျာမနီက ဘိုးတော်ကိုလက်ဆောင်ပေးသေးတာ.. သူ့မြေးလေးကသိပ်ကြိုက်ဆိုပဲ :mrgreenn: လှိုဝှက်ချက်လေးမစပါအူး 😀
KZ
October 30, 2013 at 9:55 am
ခေါင်ရယ်။
ခင်မ က ဒီမှာလေ။
ဒီမှာရယ်ပါ၊
မမှတ်မိဘူးလား ခေါင်ရယ်။
ကျန်းးးးးးး
😥
sorrow weaver
October 30, 2013 at 10:21 am
အို…ခင်မရယ်…အရမ်းဝလာတယ်နော်…( ဦးခေါင်ကိုယ်စား မနေနိုင်လွန်းသဖြင့် အလွတ်ဝင်ဖြေတီ ) အဟီးဟီး
KZ
October 30, 2013 at 10:26 am
မောင်လေးးးး
စာလုံးပေါင်းမှားနေတယ်။
လှတယ် ဆိုတဲ့ စကားလုံး မပေါင်းတတ်ဘူးလားဟင်?
ခုထိ ဝလုံးရေးတာနေ မတက်ဘူးးးး
🙁
ဒါကြောင့် နိ လည်း ကျွဲကောသီးပဲ ခွါရတာ။
အဟေးဟေးးးး
Mr. MarGa
October 30, 2013 at 8:37 pm
ဟီးဟီး
ဒီ ဂျီးဒေါ် နာ့အကျင့်တွေ ကူးကုန်ပြီ
ဟုတ်ပ ဟိုတစ်ယောက်ကလဲ ပြောချင်စရာ
ဝလုံး တောင် မရေးတတ်သေးဘူး
ငယ်သေးတယ်နော်…..
Mr. MarGa
October 30, 2013 at 10:00 am
ကိုကြီးကျော်……(အဲလေ) ကိုညီ
ပထမဆုံးကတော့ မလိုင်လုပ်နည်း သိချင်တယ်ဗျာ (သိပြီးရင် မစားတော့ဘူး ဆိုလို့ပါ)
နောက်ထပ်ကတော့ သုံးသပ်မိတာက
အစ်ကို မျက်နှာမြင် ချစ်ခင်ပါစေ ဆိုတဲ့ဆုနဲ့ တကယ် ပြည့်တာပဲ…
ခင်မ လာမတွေ့တာကတော့ဗျာ
ပို ခံစားရမှာ စိုးလို့ နေမှာပါ ….
TNA
October 30, 2013 at 10:43 am
ဇတ်သိမ်းသွားပလား။ ဖတ်လို့တောင်မဝသေးဘူး။ မလိုင်လုပ်နည်းလေးလဲမျှပါအုံး။ အိမ်စားမလိုင်တော့လုပ် တတ်ပေမဲ့ နဲနဲပဲရတော့ ရောင်းရင်ကိုက်မှာမဟုတ်ဘူး။ ရောင်းတမ်းမလိုင်လုပ်နည်းလေးကိုစိတ်ဝင်စားမိ ပါတယ်။ ကြားဖူးတာတော့ တစ်ရှုးတွေထည့်ဆိုလား။ ဟုတ်မဟုတ်တော့မသိဘူး။ နည်းလေးမျှပါအုံး။
Ma Ei
October 30, 2013 at 12:06 pm
စာတစ်ပုဒ်ကို ပန်းချီကား တစ်ချပ်လို
လှပစွာ ရေးခြစ်ချယ်မှုန်း ထားတာကိုး…
တစ်ကယ်ကို ချီးကျူးပါတယ်…
မဟာရာဇာ အံစာတုံး
October 30, 2013 at 12:28 pm
ကျော့် ဂျီးဒေါ်တစ်ယောက် နံမယ်က ခင်မ ဒဲ့ ..
နည်းနည်းတော့ ဂေါက်နေဒယ် …
အပိုဂျီးလည်း ဖစ်ဒယ် …
အကယ်၍များ ..
ဥဥခေါင် တစ်ယောက် ပျံရောက်ခဲ့တီရှိသော် ..
ဟို ခင်မ ကို မတွေ့ခဲ့သည် ရှိသော် …
ကျော့် ဂျီးဒေါ်ကို ကိုယ်စား ထားနိုင်ဘာဒယ် …
အိုက်ဒါ လာပေါဒါ …. စဒါ …
Myo Thant
October 30, 2013 at 12:41 pm
ခင်မ
မကြင်ရတဲ့ဘဝမှာ
ဟာတာတာ ခရီးကြမ်း
လှမ်းရင်းနဲ့လွမ်း
သိစမ်းစေချင်
သူ့ကိုပင် ၊
( ငယ်ချစ်ဟောင်းကို လွမ်း တာဗျာ )
lele kyi
October 30, 2013 at 8:16 pm
မလိုင်မကြိုက်ဘူး မုန်းတယ်။ ဟိ ဆြာခေါင်ကို ဂလဲ့စားချေတာ ထန်းသီးမုန့် မကြိုက်ဘူးပြောလို့။ ချိစ်တော့ကြိုက်တယ်။ ဆြာခေါင်နဲ့ ပန်းချီပြိုင်ဆွဲရမလား။ တီကောင်တို့ ပဲပင်ပေါက်တို့။ ဝါယာကြိုးတို့ ကောင်းကောင်းဆွဲတတ်တယ်။ ဟီး။ ကျောင်းမှာ ပုံဆွဲချိန်ဆို အပျော်ဆုံး ပြီးသွားရင် သူငယ်ချင်းခုံကူးပြီးလိုက်ဆွဲပေးခဲ့ဘူးတာ။ ဒါပေမဲ့ အခုတော့ မျဉ်းဖြောင့်တွေရယ်။စတုရန်းတွေရယ်.ကော်ပီပေ့စ်တွေနဲ့ပဲနပန်း လုံးနေရတဲ့ဘဝ။ တရောင်တည်းချယ်နေရတဲ့ဘဝ။ အဲ့တော့ ပီဒီအက်ဖ်နဲ့ အိတ်ဇဲလ် မှာအရောင်ထည့်ပလိုက်တယ်။ ကြည့်တဲ့သူတွေ မျက်စိနောက် မှတ်ကရော။ 🙂
kyeemite
October 31, 2013 at 1:51 pm
ကိုကျော်စွာခေါင်ရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို ရုပ်ရှင်ကြည့်သလို ကြည့်သွားတယ်ဗျ.. 🙂