ကဗျာပြခန်း (၁၃) သို့မဟုတ် ကဗျာချစ်သူများအားပြန်လည်ပေးဆပ်ခြင်း
“message message message messageeeeeeeeeeeeeeeeee” ….
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတုန်း ကလေးအော်သံနဲ့ ဖုန်း message ဟာ ရက်ရက်စက်စက်ကို နှောင့်ယှက်လေတော့သည်။
ရုံးကလူတွေက အရေးကြီးကိစ္စရှိရင် message နဲ့ သတင်းပို့တတ်တာမို့ message သံကိုသိသာအောင် တမင်ထားခဲ့တာ နောင်တရမိလေ၏။
ကော်နဲ့ကပ်ထားသလို ခွာမရသော မျက်လုံးအစုံကို မနည်းကြိုးစားဖွင့်ကာ message ကိုဖတ်ရသည်။ တော်တော်လေးကိုကောင်းသော အိပ်ရာနှိုးခြင်း။
“သူကလေး ဒီနေ့ကဗျာပြခန်းကိစ္စဒို့တွေဆုံကြမယ် ညနေ ၆နာရီ တွေ့နေကျဆိုင်ကို လာခဲ့ပါ မလာလို့ကတော့ သေခန်းပြတ်” တဲ့။
ပို့သူက အမွန်ဟု သူများတွေခေါ်ကြသော ကျွန်မရဲ့ ချစ်လှစွာသော မမမွန်။
message ကိုမြင်တော့ မျက်လုံးက ခါတိုင်းထက် ၂ဆပြူးသွားရသည်။
ဒီနေ့ မမမွန်တို့ခေါ်တာကို ကျွန်မ ဘယ်လိုမှမသွားနိုင်။ ဒီနေ့ ကျွန်မရဲ့ တစ်ဦးတည်းသော ကိုကိုနဲ့ လက်ထပ်ပြီးရင် အတူတူနေဖို့ တိုက်ခန်းကိစ္စသွားစုံစမ်းကြရမှာ။
ပိတ်ရက်ကလေးမှ အေးအေးဆေးဆေး ကိုကို့ကို အချိန်ပေးနိုင်တာ။ မနေ့က စနေနေ့လည်း ရုံးကိုသွားရသည်။
ရုံးကိုသွားရတာမှ မနက် ၈ နာရီခွဲမှ ညနေ ၆ နာရီထိုးတဲ့ထိ။
ချစ်သူတာဝန် ဘာမှကိုမကျေနိုင်။ ဒီလိုကြာကြာဆို ကိုကို ကျွန်မကို စိတ်ပျက်ပြီး ပစ်သွားဖို့ပဲရှိတော့တယ်။
သူအမြဲမေးနေသလို သူ့အတွက်အချိန်ဆိုတာ တကယ်ပဲ ကျွန်မဘဝမှာ ရှားပါးနေပြီလားမသိ။
ဒီနေ့လည်း ကဗျာချစ်သူအဖွဲ့တွေ တွေ့ဖို့သာ ကျွန်မသွားမည်ဆိုပါက အကြီးအကျယ်ထပ်စကားများရအုံးမှာအသေအချာပဲ။
ကဗျာချစ်သူအဖွဲ့ဆိုလို့ သူများတွေကြားရင် သိပ်ကြီးကြီးမားမားတွေထင်နေကြအုံးမလားမသိ။ တကယ်တော့ ကဗျာချစ်သူအဖွဲ့ဆိုတာ စာရေးစာဖတ်ဝါသနာပါတဲ့
ကဗျာကိုချစ်မြတ်နိုးတဲ့ သူငယ်ချင်း မောင်နှမတစ်စု စုဖွဲ့ထားကြတဲ့ အပျော်တမ်းအဖွဲ့လေးတစ်ခုပါ။
ရုံးက ရင်းနှီးတဲ့ အမတစ်ယောက်ကောင်းမှုနဲ့ မန်းဂဇက်ဆိုခေါ်တဲ့ ဖိုရမ်လေးတစ်ခု သူတို့အခေါ် ရွာလေးတစ်ရွာကို အလည်ရောက်သွားခဲ့တယ်။
ရွာသူရွာသားတွေက ပျူငှာပြီး ရွာကလေးကလည်း သင်ယူချင်စရာ၊ လေ့လာချင်စရာ ဗဟုသုတတွေကလည်း အများသားဆိုတော့ ကျွန်မအတွက်တော့ တကယ့်ကို နိဗ္ဗာန်ဘုံ။
စာရေး၊ စာဖတ် သိပ်ကိုဝါသနာကြီးတဲ့ ကျွန်မအတွက်တော့ အချိန်ပြည့် ရွာထဲကစာတွေဖတ်ချင်နေတော့တာပဲလေ။ ရွာသူရွာသားတွေထဲကမှ
ကဗျာရေးတဲ့လူဦးရေ တိုးလာစေချင်တဲ့စိတ်ဆန္ဒကိုအခြေခံပြီးဖွဲ့ထားတဲ့ ကဗျာချစ်သူအဖွဲ့လေးထဲ ကျွန်မ ဘယ်ကဘယ်လိုဝင်ဖြစ်သွားတယ်မသိတော့ပါဘူး။
စစချင်းမှာတော့ ရုံးမှာလည်း အလုပ်ကလည်းသိပ်မများ၊ ကိုကိုနဲ့ လက်ထပ်ဖို့ကလည်း ဝေးနေသေးတာဆိုတော့ အချိန်တိုင်းက ကဗျာချစ်သူအဖွဲ့အတွက်ချည်းဘဲ။
အခုများတော့ အဲလိုမဟုတ်တော့။
ကံကောင်းစွာနဲ့ ရုံးမှာ Promotion ရခဲ့တယ်။ ဘယ်သူပြောခဲ့တယ်မှန်းမသိတဲ့ စကားပုံတစ်ခုလိုပါပဲ။
ရာထူးတိုးတယ်ဆိုတာာ ကိုယ်လုပ်ရမယ့် အလုပ်တာဝန်တွေပိုတိုးလာသလိုပဲဆိုတာ တကယ့်ကိုမှန်တယ်။ အိုများလာလိုက်တဲ့ အလုပ်တွေဆိုတာ။
“ညီမလေးရေ အမကို issue note report တွေကို လမကုန်ခင်အချိန်မီလေး တင်ပေးပါနော်” မန်နေဂျာရဲ့ ချော့ခိုင်းသံ။
“သူသူ store ထဲမှာ roller တွေကုန်နေပြီ နောက်လ order တက်ရင် ထည့်တက်ဖို့မမေ့နဲ့အုံး” service leader ရဲ့ request။
“မသူရေ ကျွန်တော်ဒီနေ့ park royal ကို service ဝင်ခဲ့ပြီ ARD Battery လဲရမယ်သိလား အဲဒါ quotation လေးတင်ပေးလိုက်ပါနော်” service technician တွေရဲ့ တစ်ဖက်လှည့်အခိုင်း။
“Thu Thu, sorry to bother you, can I know there is how many call back from chatrium this month” GM ရဲ့ အချိုသတ်အကူအညီတောင်းခြင်း။
“သူသူရယ် ဒီလူနဲ့ ဒီလူ အချင်းချင်းတွေပဲဟာ ဈေးလေးနည်းနည်းလျှော့ပေးပါအုံး ဒီလလဲရမည့်ပစ္စည်းတွေကများနေလို့ပါ” customer တွေရဲ့ ဈေးဆစ်သံ။
တစ်နေ့ တစ်နေ့ ဒါတွေနဲ့ပဲ လုံးလည်ချာလည်လိုက်။ ရွာထဲဝင်ဖို့မပြောနဲ့ facebook တောင်မသုံးဖြစ်။
ကျွန်မနှစ်သက်တဲ့ စာရေးဆရာ “ရင်နင့်အောင်” ပြောဖူးသလို
အလုပ်နဲ့ ဝါသနာကို parallel လုပ်နိုင်ဖို့အရေး ဒို့အရေး ဆိုပြီးတော့သာ ဆန္ဒပြပစ်လိုက်ချင်တော့တယ်။
အလုပ်မှာ အရမ်း pressure များပြီး အိမ်ပြန်ရောက်တဲ့အခါ ဘာဆိုဘာမှမလုပ်ချင်။ ချစ်သူနဲ့တောင် ၄၅ မိနစ် ၁ နာရီ စကားပြောဖို့ အချိန်သိပ်မပေးချင်။
အဲလိုမျိုးစကားတဲ့အချိန်လေးမှာ ကတောက်ကဆဖြစ်ပြီဆိုလို့ကတော့ အဲဒီနေ့ဟာ တကယ့်ကို ပြဿဒါးပင်။
ရန်ဖြစ်ပြီဆို ဘယ်သူမှားမှား ကိုယ်ကဦးအောင် ငိုလိုက်ရမှ။ မျက်ရည်ကလည်းလွယ်လှသည်။
ဒါကြောင့် ဖြစ်နိုင်လျှင် ချစ်သူနဲ့ ဘယ်တော့မှ ရန်မဖြစ်ချင်။ ဒါမှ သူနဲ့တွေ့ပြီး အိမ်ပြန်လာတဲ့အချိန် ကိုယ်အေးဆေးနားလို့ရမှာလေ။
ဒီနေ့ ကဗျာချစ်သူတွေနဲ့ သွားတွေ့ဖို့အရေး ရင်ထဲလေးနေမိတယ်။ လက်ထပ်ခါနီးမှာ ဖြစ်နိုင်လျှင် ဘာဆိုဘာမှ ပြဿနာမဖြစ်ချင်ပေ။
ဒါပေမယ့်လည်း ကဗျာကိစ္စတွေမပြောဖြစ်တာကြာပြီ။ ကဗျာပြခန်းတစ်ခန်းကို တာဝန်ယူဖို့ သကြားခိုင်းနေတာကြာလှပြီ။ ကိုယ်လည်း တကယ်ကိုလုပ်ပေးချင်သည်။
ဒါဟာ ကိုယ့်ဝါသနာ။ ကိုယ်လုပ်ချင်သော အရာပေပဲ။ ကဗျာချစ်သူအဖွဲ့ကို စဝင်တုန်းက ဟိုဟာလုပ်ပေးမယ် ဒီဟာကူညီမယ်နဲ့ ပြောတုန်းကပြောခဲ့ပြီး
တကယ့်လက်တွေ့မှာ ထင်သလောက် မကူညီပေးနိုင်တာကို ကိုယ့်ဘာသာအားမရဖြစ်နေတာ။ ဒီနေ့တော့ သွားဖြစ်သွားအောင်မည် ဆုံးဖြတ်ထားပေမယ့် မျက်ခုံးတော့ ခပ်လှုပ်လှုပ်ပါပဲ။
ကိုကိုရောက်လာတော့ ကျွန်မရေချိုး အဝတ်လဲပြီးခါစ။ ကိုယ်လုပ်ချင်တာရှိတော့ ကိုကို့ကို ဖားရတော့မည်။
“ဟွန့် ကိုကိုကလည်း နောက်ကျလိုက်တာ ဒီမှာ မီးမီးက လှလှပြင်ပြီးစောင့်နေတာ”
ကိုကိုက သူ့ထုံးစံအတိုင်း ခပ်အေးအေး။
“ကိုကို ထမင်းစားပြီးပြီလားဟင် အိမ်မှာ ဒီနေ့ ကိုကြိုက်တဲ့ ငါးခူစင်းကော ချက်ထားတယ် ပြီးတော့ ခရမ်းသီးလည်းနှပ်ထားတယ်”
“အပိုတွေလာမဖားနဲ့ သူချက်ထားတာမို့လို့လား”
“အဟဲ သူချက်ထားတာတော့ ဘယ်ဟုတ်မလဲ အမေချက်ထားတာလေ အမေက သူ့သားမက်လေးစားဖို့ဆိုပြီးချက်ထားတာ ကိုကိုရဲ့”
“မိသူ ဒီနေ့ ညည်းတစ်ခုခုတော့ မှားနေတယ် ဘာလို့လူကိုလာဖားနေတာလဲ”
“အဟဲ ကိုကိုကလဲ”
“ကိုကိုကမလဲနဲ့ ဘာဖြစ်နေလဲ ပြောစမ်း”
“ဒီနေ့လေ တိုက်ခန်းသွားကြည့်တာ စောပြီးရင်လေ သူ မမမွန်တု့ိနဲ့ချိန်းထားတာ အာ့သွားချင်လို့”
“လာပြန်ပြီလား ဒီကဗျာကိစ္စ သူခါတိုင်း ကဗျာချစ်သူတွေနဲ့ သွားတွေ့တာ ကိုဘာမှမပိတ်ပင်ဘူးနော် အခုဟာက ကိုယ်တို့လက်ထပ်ပြီးနေဖို့ တိုက်ခန်းကိစ္စသွားစုံစမ်းမှာ
ဒါကိုကိုနဲ့သူရဲ့ တစ်ဘဝလုံးနဲ့သက်ဆိုင်နေတဲ့ကိစ္စနော် အဲဒါကိုတောင် သူကအလေးမထားဘဲ ဒီကဗျာကိစ္စပဲ သွားချင်နေတာလား”
“ဟာ မဟုတ်ပါဘူး ကိုကိုရယ် သူကအချိန်လေးစောပြီးရင်သွားချင်လို့ပါ ပြီးတော့ ချိန်းထားတာက လှည်းတန်းမှာဆိုတော့ လမ်းလည်းသင့်နေတယ်လေ”
“သူစကားကိုသေချာစဉ်းစားပြီးမှပြော အခုတိုက်ခန်းတွေကြည့်မယ်ဆိုတာ ပွဲစားကဖုန်းဆက်မှသွားရမှာ ပြီးတော့ ဘယ်ချိန်ပြီးမယ်ဆိုတာလည်းမသိဘူး
သူအချိန်ကန့်သတ်ထားလို့ ဘယ်ရမလဲ ကို့ထက် ဒီသူငယ်ချင်းတွေကပိုအရေးကြီးသလား ကိုယ်တို့လက်ထပ်ဖို့အရေးထက် ပိုအရေးကြီးနေတာလား
တကယ်လို့များ ကိုယ်နဲ့ ဒီသူငယ်ချင်းတွေ တစ်ခုကိုပဲရွေးရမယ်ဆိုလည်း သူက သူငယ်ချင်းတွေပဲရွေးမှာလား”
“ကိုရယ် သူ့အတွက် ကိုကအရာရာပါ ဒါပေမယ့်လည်း ဒါကလည်း တစ်ခါတစ်လေပါ ကဗျာပြခန်းအတွက် လိုအပ်လို့တွေ့တာပါ”
“ဟုတ်ပြီ သူရာ သူသွားချင်တယ်ဆိုလည်းသွား ကိုယ်ဒီနေ့ တိုက်ခန်းသွားမကြည့်တော့ဘူး ဟုတ်ပြီလား”
တိုက်ခန်းမကြည့်တော့ဘူးဆိုတဲ့ ကို့ရဲ့ အငြင်းဝါကျမှာ စိတ်ဆိုးခြင်းအငွေ့အသက် အပြည့်အဝပါနေလေပြီ။ ညိုကျသွားသော ကိုကို့မျက်နှာကိုမြင်ရတော့လည်း
စိတ်ထဲမှာ ဘယ်လိုမှမကောင်း။ ကိုကိုပြောသလိုပဲ ဒါဟာ ကျွန်မတို့အတွက် အရေးကြီးတဲ့ကိစ္စ။ သိပ်မကြာခင် ကျွန်မတို့ လက်ထပ်ကြတော့မည်။
နောင်လာမယ့်နေ့ရက်များမှာ ကိုကိုနဲ့ အတူ ဘဝကိုဖြတ်သန်းသွားရတော့မှာ။ ကိုကို့ကို သူငယ်ချင်းတွေနဲ့ ယှဉ်ပြီး ဒုတိယထားဖို့ဆိုတာမဖြစ်နိုင်။
“တောင်းပန်ပါတယ် ကိုကိုရယ် သူ့ကိုစိတ်မဆိုးပါနဲ့နော် သူမသွားတော့ဘူး ဟုတ်ပြီလား”
ကျွန်မရဲ့ ဆုံးဖြတ်ချက် မှန်သွားခဲ့သလား။ ချစ်သူမျက်နှာမှာ လပြည့်ညရဲ့ လမင်းလို ချက်ချင်းဝင်းပကြည်လင်သွားလိုက်တာများ။
ပျော်ပါစေ ချစ်သူ။ ကျွန်မအတွက်တော့ ကိုကိုဟာအရေးအကြီးဆုံးနံပါတ် တစ်ပါ။ ဒါပေမယ့်လည်း ဒါပေမယ့်လည်းလေ ကိုကို့လိုပဲ
ဒီ စာရေးခြင်း၊ ကဗျာရေးခြင်းဟာလည်း သူ့ဘဝအတွက် တန်ဖိုးဖြတ်မရတဲ့ ဝါသနာတစ်ခုဆိုတာ နောက်တော့ ကိုကို့ကို တဖြည်းဖြည်းပြောပြရအုံးမှာပေါ့။
“sis, I m really sorry, i cant come today because i have important case, i will call u later”
တောင်းပန်စာတိုတိုကို မမမွန်ဆီ ပို့လိုက်ရတော့တာပေါ့။ အကိုအမတွေတော့ ကျွန်မကိုနားလည်ပေးနိုင်ပါစ။
========================================================
မနေ့က ကျွန်မရဲ့ ပျက်ကွက်မှုအတွက် အကိုအမတွေ စိတ်ဆိုးနေကြမည်လားမသိ။
အဆင်ပြေရင်တော့ ဒီနေ့ ရုံးစောစောဆင်းပြီး မမမွန်တို့နဲ့သွားတွေ့ဖို့ချိန်းရမည်။ အဲဒီချိန်ဆို ကိုကိုကရုံးမဆင်းသေးဘူးဆိုတော့ သိပ်လည်းဆူမှာမဟုတ်။
မန်နေဂျာမမဆီ ခွင့်တောင်းပြီး သွားဖို့ချိန်းလိုက်ရင်တော့ အဆင်ပြေမှာပါလေ။ ဒီတစ်ခေါက်ပြခန်းမှ ကျွန်မက စပြီးတာဝန်ယူရေးသားမှာဆိုတော့ အခက်အခဲတွေ အများကြီးရှိအုံးမှာ။
သိတဲ့အတိုင်း စိတ်ကဆုံးဖြတ်ပြီးပြီဆို ချက်ချင်းလုပ်ရမှလေ … မန်နေဂျာရဲ့ weather ကိုကြည့်ပြီး အနားကိုလျှောက်သွားလိုက်မိတယ်။
“မမ သူသူပြောစရာရှိလို့ အားလားဟင်”
“ဘာပြောမလို့လဲ ညီမလေး ပြောလေ အဆင်မပြေတာရှိလို့လား”
“မဟုတ်ပါဘူး မမရဲ့ သူသူအခုအလုပ်ကလည်း နည်းနည်းပါးတော့လေ ညနေကိစ္စလေးတစ်ခုရှိလို့ စောစောပြန်ချင်လို့ စောစောဆိုတာလည်း အရမ်းစောတာမဟုတ်ပါဘူး နာရီဝက်လောက်ပဲစောပြန်ချင်တာပါ အဲဒါ မမဆီကခွင့်တောင်းတာ”
“အော် အင်း သူသူအလုပ်မရှိဘူးဆိုပြန်လေ အမကအဆင်ပြေပါတယ်”
“ကျေးဇူးပဲနော် မမ .. သူသူကိစ္စလေးနည်းနည်းရှိလို့ပါ”
မမဆီက ခွင့်ပြုချက်ရတော့ တော်တော်လေးပျော်သွားမိတယ်။ ရုံးကတောင် ခွင့်ပေးရင် ကိုကိုနဲ့တွေ့မယ့်အချိန်လည်းမဟုတ်သေးတော့ ကိုကိုဆူမှာမဟုတ်ပေ။
မမမွန်ဆီဖုန်းဆက်တော့ မမမွန်ဖုန်းက out of service။ ၃ ၄ ခါဆက်တာမရတော့ ထပ်မဆက်ချင်တော့။ ရုံးမှာကလည်း ထသွားထလာနဲ့ တိုင်တွေကလည်းပတ်နေသေးတာကိုး။
ဖုန်းနဲ့ပဲ facebook group ထဲဝင်ကာ ညနေလှည်းတန်းမှာတွေ့ရအောင်လို့ ရေးလိုက်တော့တယ်။ တစ်ယောက်မဟုတ်တစ်ယောက်တော့ တွေ့ပါစေ။
တိုက်ဆိုင်လိုက်တာများကတော့ စိုင်းစိုင်းခမ်းလှိုင်လိုပါပဲ။
ညနေ ၄ နာရီလောက်မှာ စင်္ကာပူရုံးခွဲကဖုန်းဝင်လာတယ်။ လာမယ့် တနင်္လာနေ့ audit ဝင်မယ့်ကိစ္စ။
မပြီးသေးတဲ့စာရင်းတွေကိစ္စ။ အခုလက်ရှိရန်ကုန်မှာရှိနေတဲ့ spare parts ပစ္စည်းစာရင်းတွေ အသစ်ပြန်ကောက်ပေးပါတဲ့။ လက်ထဲမှာရှိတာက လွန်ခဲ့တဲ့ ၁လလောက်ကစာရင်း။
အကျိုးအကြောင်း ဆက်စပ်စဉ်းစားစရာတောင်မလို။ သူသူတစ်ယောက် ဒီနေ့ညနေ ရုံးပြန်နောက်ကျတော့မပေါ့။ အရမ်းအရမ်းကိုပဲစိတ်ညစ်ရပါတယ်ကွယ်။
အလုပ်နဲ့ ဝါသနာ။ အလုပ်တစ်ခုရှိမှ နေဖို့ထိုင်ဖို့အဆင်ပြေတဲ့ အခုလိုခေတ်ကြီးမှာ အလုပ်ကောင်းတစ်ခုကို ကိုယ်ကရထားတာ။ အဲဒီတော့ ဒီအလုပ်ကိုအထိခိုက်ခံဖို့ဆိုတာလည်းမဖြစ်နိုင်ပေ။
ဒီအလုပ်တစ်နေရာရဖို့ မနာလိုလို့ အတိုက်ခိုက်ခံခဲ့ရတာတွေ၊ နောက်ကျောကိုထားနဲ့ထိုးခံရတာတွေ အများကြီး။ ဒီအရာတွေကို ကိုယ်ကဖြတ်ကျော်လာခဲ့ရတာ။
ကိုယ့်ဘက်ကလစ်ဟင်းမှုကြောင့် အဆင်မပြေဖြစ်တာမျိုးလုံးဝမကြုံချင်ပါ။ စိတ်ညစ်ညစ်နဲ့ အလုပ်ကိုဘယ်ကစလုပ်ရမလဲ စဉ်းစားနေတုန်း မမမွန်ဆီကဖုန်းဝင်လာသည်။
“ဟယ်လို မမမွန်”
“သူကလေးရေ အခုပဲ group ထဲမှာတွေ့လို့ ဒီညနေ လှည်းတန်းမှာဆုံမလို့ဆို အဲဒါကြောင့် ဖုန်းဆက်လိုက်တာ”
“ဟုတ်တယ် မမမွန်ရေ အစကတော့ သူကလေး မမွန်တို့ကို လှည်းတန်းမှာလာတွေ့မလို့”
“အစကဆိုတော့ အခုမဟုတ်တော့ဘူးပေါ့လေ သူကလေး ရှင်နော် အမျိုးမျိုး”
“တောင်းပန်ပါတယ် အမရယ် သူကလေးလည်းစီစဉ်ထားပြီးသား မန်နေဂျာကိုလည်းပြောထားပြီးသား အခုဟာက မန်နေဂျာထက်မြင့်တဲ့
စင်္ကာပူရုံးကလှမ်းခိုင်းလို့ stock count လုပ်ရမှာ ဘယ်ချိန်ပြန်ရမယ်တောင်မသေချာဘူး အဲဒါကြောင့်မို့ပါ”
“သူကလေးကတော့ ဖြစ်ရမယ် ဟိုနေ့ကလည်းမလာ ဒီနေ့လည်း သူပဲတွေ့မယ်ပြောပြီးတော့ အခုမဟုတ်တော့ပြန်ဘူးတဲ့
မတွေ့ဖြစ်ရင်လည်းပြီးရော ဒါပဲနော် ဒီတစ်ခေါက်ပြခန်းကတော့ သူကလေးပဲရေးရမှာ no excuse”
“ဟုတ်ကဲ့ပါ မမရယ်”
ကတိတွေပေးပြီး တည်နိုင်ပါ့မလားလို့ မျက်ခုံးကတော့ ခပ်လှုပ်လှုပ်ပေ။ ပြခန်းတင်ဖို့ရက်က ၁ပတ်လောက်ပဲလိုတော့တယ်။
ဒီနေ့နဲ့ မနက်ဖြန်က audit ဝင်မယ့်ကိစ္စတွေအလုပ်ရှုပ်အုံးမှာ။ ဒီကြားထဲမှာ ဖိတ်စာရွေးဖို့၊ အကျီရွေးဖို့၊ ဓာတ်ပုံရိုက်ဖို့ကိစ္စတွေကလည်းရှိသေးတယ်။
ဘယ်လိုများ ဈာန်ဝင်ပြီး ဘယ်လိုစာရေးရမလဲ။
ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ ဝါသနာကိုအရင်းခံပြီး ကတိတစ်ခုကိုတည်ဖို့အရေးကလည်းရှိသေးတာကိုး။
ခက်ခက်ခဲခဲ မရှိတဲ့အချိန်လေးတွေခြစ်ကုတ်ခဲ့ပြီးနောက်တော့ ပြခန်း အမှတ် (၁၃) လေး အရာထင်ခဲ့ပါတယ်။
======================================================
မန်းဂဇက်ရွာသူရွာသားများအားလုံးမင်္ဂလာပါ။
ဒီတစ်ခေါက်ကဗျာပြခန်းလေးကတော့ အရင့်အရင်ပြခန်းတွေနဲ့မတူ နည်းနည်းလေးတော့ကွဲပြားပါတယ်။
ပြခန်းမှာထည့်သွင်းဖော်ပြမယ့်ကဗျာလေးတွေကတော့ ပြခန်း (၁) ကနေ ပြခန်း (၁၂) ထိ ပထမဆုရခဲ့တဲ့ကဗျာလေးတွေကို စုစည်းထားတာလေးတွေပါ။
ထူးခြားတာကတစ်ခုတော့ အဲဒီဆုရကဗျာလေးတွေကို ကဗျာတွေတင် ဖော်ပြပေးမှာမဟုတ်ဘဲ ကျွန်မတို့ ကဗျာချစ်သူအဖွဲ့သူအဖွဲ့သားများက အဲဒီဆုရ ကဗျာတစ်ပုဒ်ချင်းဆီကို နှလုံးသားနဲ့ခံစားပြီး ဆွေးနွေးချက်လေးတွေနဲ့တကွ ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ ဒီပြခန်း (၁၃) မှာ ကဗျာအသစ်အနေနဲ့တော့ (၃) ပုဒ်ပဲပါတယ်ရှင့်။
(၁) ပုဒ်ကတော့ ကျွန်မတို့ကို လအလိုက် ချစ်စရာကောင်းတဲ့ ရာသီအလှဘွဲ့ကဗျာလေးတွေ အမြဲရေးပေးတဲ့ လေးလေးခင်ခရဲ့ “ဒီဇင်ဘာလရောက်ပြီမို့” ဖြစ်ပါတယ်။
နောက်ထပ်တစ်ပုဒ်ကတော့ နည်းနည်းထူးခြားပါတယ်။ ကဗျာရေးဖွဲ့သူ နှစ်ယောက်ရဲ့လက်ရာကို ကဗျာတစ်ပုဒ်ထဲမှာ ခံစားရမယ့်ကဗျာလေးပါ။
ကဗျာရေးသူတစ်ယောက်ကတော့ အူးအူးအလက်ဆင်းခေါ် အလင်းဆက် ဖြစ်ပြီး နောက်တစ်ယောက်က အမည်မဖော်လိုသူ ခြွင်းချက်ပါရှင့်။ သူက ရွာသက်လည်း အတော်ရှည်တဲ့သူပါ။
ကဗျာလေးကို ခံစားဖတ်ရှုရင်း အဲဒီအမည်မဖော်လိုသူက ဘယ်သူလဲဆိုတာကို ခန့်မှန်းပေးကြပါဦး။
နည်းနည်း သဲလွန်စ ပေးရရင်တော့ ဒီကဗျာက အလင်းဆက် ရွာထဲမှာ တင်ပြီးသား ကဗျာတစ်ပုဒ်ပါ။ အဲဒီ ကဗျာပို့စ် မှာ ကွန်မန့်နဲ့ ကဗျာလေးကို ထပ်မံ အားဖြည့်သွားသူပေါ့။
တကယ်လို့ အဲဒီသူကို မှန်အောင်ခန့်မှန်းနိုင်ခဲ့မယ်ဆိုရင်တော့ ကဗျာချစ်သူအဖွဲ့က အထူးဆု တစ်ဆုချီးမြှင့်ပေးမှာနော်။
အဲ.. နောက်ဆုံးတစ်ပုဒ်ကတော့ ဆရာ ကိုသစ်မင်း ရဲ့ ကဗျာလေးပါ။
မနေခြည်ရဲ့ ကျမရဲ့ ဒီည ဆိုတဲ့ ပို့စ် လေးမှာ ထပ်ဖြည့် ရေးပေးသွားတဲ့ ကဗျာလေးပေါ့။
အဲဒီကဗျာကိုလည်း အမှတ်တရ ဖော်ပြပေးထားပါတယ်။
ကဗျာချစ်သူတွေရဲ့ အချစ်ဆုံးတွေထဲက အချစ်ဆုံး ကဗျာလေးတွေကတော့
ပြခန်း (၁) ရဲ့ အနှစ်သက်ဆုံးကဗျာ
ပြခန်း (၂) ရဲ့ အနှစ်သက်ဆုံးကဗျာ
ပြခန်း (၃) ရဲ့ အနှစ်သက်ဆုံးကဗျာ
ပြခန်း (၄) ရဲ့ အနှစ်သက်ဆုံးကဗျာ
ပြခန်း (၅) ရဲ့ အနှစ်သက်ဆုံးကဗျာ
ပြခန်း (၆) ရဲ့ အနှစ်သက်ဆုံးကဗျာ -၁
ပြခန်း (၆) ရဲ့ အနှစ်သက်ဆုံးကဗျာ -၂
ပြခန်း (၇) ရဲ့ အနှစ်သက်ဆုံးကဗျာ
ပြခန်း (၈) ရဲ့ အနှစ်သက်ဆုံးကဗျာ
ပြခန်း (၉) ရဲ့ အနှစ်သက်ဆုံးကဗျာ
ပြခန်း (၁၀) ရဲ့ အနှစ်သက်ဆုံးကဗျာ
ပြခန်း (၁၁) ရဲ့ အနှစ်သက်ဆုံးကဗျာ
ပြခန်း (၁၂) ရဲ့ အနှစ်သက်ဆုံးကဗျာ
ညစာ စားနေတဲ့ ညတွေ (အလင်းဆက် + ???)
+++++++++++++++++++++++++++++++++++++++++++++
အရင်လက တင်ခဲ့တဲ့ ကဗျာပြခန်းမှာတော့
ရေပုလင်း ရဲ့ “အမေမသိအောင် ချစ်ကြမည်” ကဗျာက ၂၂ဝမဲမှာ ၄၅ မဲနဲ့ ကဗျာပြခန်း (၁၂) ရဲ့ အနှစ်သက်ဆုံးကဗျာအဖြစ် ရွေးချယ်လိုက်ကြပါတယ်။
ပြခန်း (၁၂) ကို ပါဝင်အားဖြည့်ပေးခဲ့ကြတဲ့ ကဗျာဆရာတွေကတော့
နို့သက်လေသောအခါ – မောင်လင်းယုန် (ရှမ်းပြည်)
လက်တွဲဖော် – ထက်ဝေး
ရန်ကုန် – ခက်သီ
နိုဝင်ဘာလ ရောက်ပြီမို့ – ခင်ခ
လွမ်းသူ့မှာတမ်း – အရိပ်စစ်
ပျောက်ဆုံးခြင်း – မနှင်းဖြူ
အလွမ်း နဲ့ အမုန်း – KZ
လွမ်းတဲ့ည (၂) – လင်းစက်ရာ
“ငါ့ရဲ့ မနက်ဖြန်” – ရွှေမိုးတိမ်
ရှုထောင့် – ရွှေဘိုသား
Coffee – သိ င်္ဂ ါ ရ
မညီမျှတဲ့ ညီမျှခြင်း -TNA
တစ်ဘဝစာ အလွမ်း – နေခြည်
အမေ မသိအောင် ချစ်ကြမည် – ရေပုလင်း
တောင်းကဗျာ – kai
တို့ ဖြစ်ပါတယ်ရှင်
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
နောက်တစ်နှစ်မှာလည်း ကဗျာပြခန်းကို အခုထက်ပိုပြီး ကောင်းမွန်အောင်ကြိုးစားတင်ဆက်အုံးမှာမို့ ပြခန်းမှာ မိမိတို့ရဲ့ကဗျာလေးတွေပါဝင်စေချင်တယ်ဆိုရင်တော့
အရင်လိုပဲ alinsett.art@gmail.com ကို ကဗျာလေးတွေပို့ပေးနိုင်ပါတယ်နော်။
30 comments
alinsett
December 11, 2013 at 7:44 am
ကဗျာပြခန်းသမိုင်းတလျှောက်မှာ ဒီပြခန်းကတော့ အထူးခြားဆုံးပါပဲ။
ဆုရကဗျာတွေဆိုတော့ အကြိုက်ဆုံးတွေထဲက အကြိုက်ဆုံး ကဗျာတွေပေါ့။
အခုလို စုစည်းလိုက်တော့မှ သတိထားမိတာက. . . .
ဒီကဗျာတွေ ဟာ တော်တော် အားကြီးနေတာတွေ ့ရတယ်။
ကဗျာပြခန်းပါ. . . .အားကြီးသွားတယ် ။
အနုပညာဆိုတာကို ခမ်းနားထည်ဝါစွာ
တွေ ့လိုက်ရတယ် ။
ကျွန်တော့်ကဗျာတွေ ပါနေတော့ပြောရတာ သိပ်မကောင်းပေမယ့်. . .ပြောရပါဦးမယ် ။
ဒီကဗျာတွေ တော်တော်လေးကို ကောင်းနေတယ်(ကျွန်တော့်ကဗျာကို ကျွန်တော် ထည့်မပြောပါဘူး )
တကယ့် ကဗျာလောက /စာပေအနုပညာလောက မှာ
တန်းဝင်တဲ့ ကဗျာတွေပါ ။
ဂဇက်ရဲ့ ကဗျာအဆင့်အတန်း လုံးဝ မနိမ့်ကျပါဘူး ။
အခုလို ကဗျာကောင်းတွေ ထွက်ပေါ်လာအောင် စုစည်းဖော်ထုတ်လိုက်နိုင်တဲ့အတွက် ဂုဏ်ယူမိတယ် ။
ကဗျာချစ်သူအဖွဲ ့လေး ဖွဲ့ခဲ့ / လုပ်ဆောင်ခဲ့မိတဲ့အတွက်လည်း အင်မတန် ကျေနပ်အားရ ပီတိဖြစ်မိတယ် ။
ရှေ ့ဆက်ပြီး ပြခန်းကို ကောင်းသထက်ကောင်းအောင် လုပ်ဆောင်သွားဖို ့ မျှော်လင့်ချက်အပြည့် အားအပြည့် ဖြစ်သွားတယ် ။
————
ကဗျာပြခန်းအတွက် မအားတဲ့ကြားက ကူညီပြီး တင်ဆက်ပေးတဲ့
သူကလေးရေ ။
သူကလေးးးးတာဝန်ကျေပါတယ်နော် ။
ကျေးဇူးပါ ။
—————-
ဟို နည်းပညာဆရာဂျီး သဂျားကိုလည်း အထူးကျေးဇူးတင်ပါတယ် ။
ဒီပြခန်းကို လုပ်ရတာ တော်တော် မောမယ်ဆိုတာ သိသာပါတယ် ။ စာမျက်နှာတွေ အများကြီး . . . စာတွေ အများကြီးကို . . . .တွဲချိတ် ပြင်ဆင်ရတာ. . —————–
ကဗျာတွေကို ကဗျာချစ်သူတွေရဲ့ ခံစားချက်နဲ့ တွဲ တင်ပြလိုက်တော့ တမျိုးလေးပဲနော် ။
ကဗျာတွေက အရောင်ပိုတောက်လာသလိုပဲ ။
———-
ညစာစားနေတဲ့ ညတွေ ဆိုတဲ့ကဗျာကိုလည်း . . .
ကျွန်တော်နဲ ့ တွဲရေးသွားတာ ဘယ်သူလဲဆိုတာ ခန့်မှန်းပေးကြပါဦး ။
post တင်တုန်းက comment ထဲမှာ ကဗျာ လာဆက်ရေးသွားသူ. . . .
ကာယကံရှင်ကတော့ . . .တိတ်တိတ်နေရမယ်နော် ။
:kwi:
:kwi:
သူကလေး
December 11, 2013 at 12:25 pm
တာဝန်မကျေရင် နောက်ကလိုက်ရိုက်မှာမှတ်လား အဲ့တော့ ကျေရဒေါ့တာပေါ့အေ
KZ
December 11, 2013 at 8:29 am
သူကလေးရဲ့ အလုပ်ရှုပ်တာတွေဖတ်ပြီး မောနေချိန်မှာ
ကဗျာနဲ့ တူတူ ကဗျာခံစားချက်လေးဖတ်လိုက်ရတာ တကယ် အမောပြေသွားတယ်။
ပုံလေးတွေက ပိုပြီး စိုပြေလာသလိုပဲ။
ကြိုးစားအားထုတ်သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။
သူကလေး
December 11, 2013 at 12:26 pm
သူကလေးကလည်း ကျေးဇူးပါ
KZ
December 11, 2013 at 8:44 am
သိတယ်။
သိတယ်။
အဲဒီ သူက ဒီရွာရဲ့ ရွာသက် အရှည်ဆုံး လူဂျီးးးးး
😀
Mr. MarGa
December 11, 2013 at 8:49 am
ပေါထားပါဒယ် ရွာ့ သက်တော်ရှည်ပါ လို့
ဂျီးဒေါ် ဖော်နဲ့နော်
KZ
December 11, 2013 at 9:01 am
ဒီမှာ မဖော်ပါဘူးးးး
မုန့်ကျွေးတဲ့သူကိုမှ ပြောပြမှာပါ။
ဟေးဟေးဟေး
surmi
December 11, 2013 at 9:03 am
အရင်ဆုံး… ဆုရသွားတဲ့ ရေပုလင်း ကိုဂုဏ်ပြုပါကြောင်း…..
ရေပုလင်းကအလုံးမဟုတ်ဘဲ ကုဗပုံဖြစ်နေတာကိုလည်း အံဩမိပါကြောင်း 🙂
Mr. MarGa
December 11, 2013 at 9:22 am
အလုံးဆိုရင် လိမ့်နေမှာစိုးလို့ ထင်ပါရဲ့ဗျာ…..
Nay Chi
December 11, 2013 at 9:14 am
ပြခန်းပို့စ်ဖတ်ပြီး မောသွားတယ်..။ 😀
ကွန်ဂရက်ကျူလေးရှင်းပါ သူကလေး..။ ပြခန်းအတွက်ရော သတို့သမီးလောင်းလေးအတွက်ရောပေါ့…။
ကဗျာခံစားချက်တွေကိုတော့ တစ်ခါဖတ် တစ်ပုဒ်နှုန်းနဲ့ နောက်ထပ် ၁၂ကြိမ်တိတိဝင်လာဖတ်သွားမည် ဖြစ်ကြောင်း သံချောင်းခေါက်သွားပါရစေ…။ 🙂
Mr. MarGa
December 11, 2013 at 9:19 am
ကဗျာ စုစုပေါင်းက ဆယ့်ခြောက်ပုဒ် ရှိတယ်ဗျ
နောက်ထပ် ၁၅ကြိမ် လာဖတ်လှည့်ပါ 🙂
Mr. MarGa
December 11, 2013 at 9:35 am
ပြခန်း (၁၃) ကို အောင်မြင်စွာ တင်ဆက်လိုက်ပါပြီ…
ကြိုတွေးထားတဲ့ ရက်ထက် တစ်ရက် နောက်ကျသွားပေမယ့်
ဒီရက်စွဲလေးကလည်း အမှတ်တရပါပဲလားဗျာ။
.
11.12.13 မှာ ပြခန်း (၁၃) ကို တင်ဆက်လိုက်ကြောင်း မှတ်တမ်းပြုလိုက်ရပါသည်…. :loll: (ချမ်းသဖြင့် မေးရိုက်နေသည်)
သူကလေး
December 11, 2013 at 12:27 pm
ဒါကမှ ပိုအမှတ်တရပါနော် သကြား
သများကိုကျေးဇူးတင်ချမ်းဘာာ 😀
မဟာရာဇာ အံစာတုံး
December 11, 2013 at 9:39 am
ဆြာသစ်ရဲ့ ကဗျာလေးဖတ်ပြီး
လွမ်းတောင် လွမ်းမိသွားတယ် ….။
ကျန်တဲ့ ကဗျာတွေကလည်း ကဗျာတောမှာ နစ်မြောလို့သွားအောင် ကောင်းလှပါတယ်ဗျာ …
ပြီးခဲ့တဲ့ ပြခန်းက ဆုရသွားတဲ့ ရေပုလင်း ကိုလည်း ကွန်ကလက်ကျူလေးရှင်းပါလို့ …
သန်းကျူး သာဒု …
ဦးကြောင်ကြီး
December 11, 2013 at 10:50 am
သူဂလေး
ဘူဖေး
အူဆေး
ယူပြေး
မူတွေး
ဖြူ ဖွေး
ကြူ မွှေး
လူအေး..။
သူကလေး
December 11, 2013 at 12:28 pm
သူကလေးကို ဘူဖေးတော့လုပ်မစားဘာနဲ့နော် အူးကြောင်
ခင် ခ
December 11, 2013 at 12:34 pm
သူကလေး ရေးချက်ကိုတော့ လက်ခေါက်မှုတ်ပြီးတောင် အားပေးလိုက်ချင်ပါရဲ့ကွယ်။
သူကလေးက ဆုရကဗျာများဆိုပြီး ဒီပိုစ့်ကို ဖတ်ပြီးသကာလ ကျုပ်လည်းအတွေးအကြံတစ်ခုရမိတယ်
” ကျွန်မတို့ကို လအလိုက် ချစ်စရာကောင်းတဲ့ ရာသီအလှဘွဲ့ကဗျာလေးတွေ အမြဲရေးပေး တဲ့ လေးလေးခင်ခရဲ့ ဆုမရ ကဗျာများ ” ဆိုတဲ့ခေါင်းစဉ်နဲ့ ၁၂ လ တစ်ပတ်လည်ပြည့်သွားရင် ကျုပ်ကဗျာတွေ ပြန်စုစည်းပြီး ပိုစ့်လာတင်အုံးမယ်လို့……..။
အခုဘဲ ဖေဖော်ဝါရီလအတွက်ကဗျာကို မောင်အလင်းဆက်ထံ ပို့လိုက်ပါပြီဗျ။
သူကလေး
December 11, 2013 at 5:19 pm
လေးလေးခင်ခက ဆုမရကဗျာမဟုတ်ပါဘူးနော် ဆုရသွားရင် တခြားကဗျာတွေနဲ့ရောသွားမှာစိုးလို့
ဆုမပေးဘဲ သတ်သတ်ခွဲဖတ်ကြတာနေမှာ
ကဗျာတွေပြန်စုပြီး တင်မယ့် ပို့စ်ကိုလည်း စောင့်ဖတ်နေမယ်နော် 🙂
sorrow weaver
December 11, 2013 at 12:46 pm
အင်တာနက်လိုင်းကလဲ မကောင်းဘူး..မန့်ပါမယ်ဆိုမှ….အဲရိုးရှပ်ကလဲ …မီးပူမလိုက်လာမိဘူး..ဂျော်ဂျီယို.အာမီနီ ဖိနပ်ကလဲ …လိုင်းကားတိုးစီးလာလို့ လူများတက်နင်းသွားတယ်…လစာကလဲတက်ပြန်ပြီ…စိတ်လေပါ့…..GM ရာထူးကလဲ မယူချင်ပါဘူးဆိုမှ …ဒီနေ့နေရတာအဆင်ကိုမပြေဘူး…အာဟိ…
လုံမလေးမွန်မွန်
December 11, 2013 at 3:54 pm
တော်သေးတာပေါ့..ကချင်နုထွားကြီးအကြောင်း မပါလို့..
sorrow weaver
December 11, 2013 at 4:13 pm
ကြွားစိန်လုပ်တာများသွားလို့ …ကျန်ခဲ့တာ….အဟိဟိ….ဒီရွာကကဗျာတွေကြိုက်သဗျ…ကိုယ်တိုင်သာမရေးတတ်တာရယ်…
ပုံ….ကချင်နုထွားကြီး ဆောရိုး …( Audi ကားအနက်ကြီးပေါ်မှ အိုင်ဖုန်း 5S ကို လက်တဖက်ထဲကိုင်ပြီးမန့်တီ ..အဟီးဟီး )
kyeemite
December 11, 2013 at 3:02 pm
ပြခန်း (၁) ကနေ ပြခန်း (၁၂) ထိ ပထမဆုရခဲ့တဲ့ကဗျာလေးတွေကို စုစည်းထားတာလေးတွေပါ။..
အခုလိုစုစည်ပြဖို့အကြံရတာချီးကျူးမိပါတယ်…ကြိုက်လည်းကြိုက်တယ်
Mr. MarGa
December 13, 2013 at 11:48 am
ဦးမိုက်
ကြိုက်ရုံပဲ ကြိုက်မနေနဲ့
ပဟေဠိလေးလဲ ဖြေဦင်္း ဗျ :mrgreenn:
လုံမလေးမွန်မွန်
December 11, 2013 at 3:58 pm
ဟဲ..အဲဒီ သေခန်းပြတ် ဆိုတဲ့ တစ်လုံးနဲ့ လုပ်စားလာတာကြာပြီ.. ဒါမယ့်.. ဘယ်သူကမှလည်း အရေးမစိုက်ကြပေါင်.. ခိခိ…
အခုလို နှစ်ချုပ်ပြခန်းလေး ထူးထူးခြားခြားဖြစ်အောင် ဝိုင်းကြဝန်းကြပါသော ကဗျာချစ်သူများအားလုံးကို ကျေးဇူးအထူးတင်ပါကြောင်း…
အစဉ်အဆက် အားပေးလာကြသော ရွာသူားများကိုလည်း ကျေးဇူးအကြီးကြီးတင်ပါကြောင်း…
(အရင်ပြခန်းတွေဆို ပြခန်းတာဝန်ခံနဲ့ နည်းပညာသဂျားကလွဲလို့ ကျန်တဲ့သူက နှမ်းဖြူးရုံတင်..ဒီပြခန်းကတော့ အကုန်လုံးရဲ့ အင်အားပါတယ်..အမှတ်တရပေါ့..)
ပဟေဠိကိုဖြေနိုင်ရင် အလက်ဆင်းရဲ့ ဒေါ်ဖွားမေကို လက်ဆောင်ပေးပါမယ်..
ခင် ခ
December 11, 2013 at 4:20 pm
မောင်အလင်းဆက်တစ်ယောက် ငိုကိန်းရောက်မှာမို့ ဖြေတော့ဘူး။
alinsett
December 11, 2013 at 5:32 pm
ဒေါ်ဖွားမေကိုတော့ ပေးပါနဲ့ကွယ်
ကျွန်တော့်မှာ ဒါလေးပဲ ရှိတော့တာ
:kwi:
လေးခရေ
ကဗျာလေး ရှိပါတယ်နော်
မေးလ်တော့ပြန်ပို့ထားသေးတယ်
ဒါမယ့် ကျွန်တော့် မေးလ်အကောင့်က ဖုန်းနဲ့ဖွင့် သုံးနေတာ သိပ်အဆင်မပြေ
ပြန်ပို့တဲ့စာတွေ ရောက်ချင်မှ ရောက်တာ
လေးခ တို့ ပို့တဲ့ ကဗျာတွေ ( အဝင် ) က တော့ ရတယ်
ကျေးဇူးပါခင်ဗျ
alinsett
December 18, 2013 at 7:48 pm
အင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ကဗျာပြခန်းလည်း… ရှေ့ဆက်ဖို ့..အားက ခပ်လျော့လျော့ပါလားကွယ်ရို ့….
ရိုးများသွားကြပြီလား….
တိတ်ဆိတ်လွန်းလို ့ပါ…. ။
ကဗျာလေးတွေ..ပေးပို ့ကူညီလာသူတွေ… ရှိလာပြန်တော့….
လာအားပေးသူနည်းနေပါလား..ဗျာ.. ။
———–
စာဖတ်သူ.. ဝင်ရောက်သူတွေရဲ ့ အရေအတွက်ကို…
ပိုစ့်ထဲ.ဝင်ပေးထားတဲ ့..Comment နဲ ့..ကြည့်ပြီး..မဆုံးဖြတ်နိုင်ဘူး….လို ့…
ကိုယ်တိုင် ယူဆ ထားသောကြောင့်…..
အားပေးနေသူတွေ..ရှိနေမယ်..လို ့..တွေးပြီး..
အဲဒီ အတွေးလေးနဲ ့ပဲ…ရှေ့ဆက်ရမှာပေါ့လေ…
အားကတော့ ခပ်လျော့လျော့….။
————-
ဒို ့မြို့သူားတွေဆီကတော့…
အားပေးသွားကြောင်း.. သံချောင်းခေါက်သံလေးတွေ…ကြားချင်မိသား…ဗျာ..
သျှားသက်မာန်
December 19, 2013 at 6:31 pm
ဒီတစ်ခေါက်ကထူးခြားတာလေးတွေ့ရပါတယ်……………..အနှစ်သက်ဆုံးကဗျာတွေကိုရေးသားဖော်ပြချင်းပါပဲ
surmi
December 20, 2013 at 10:10 am
စိတ်မလျော့ပါနဲ့
အနဲဆုံးတော့… ကိုယ်ရေးတာကိုယ်ပြန်ဖတ်လို့ရနေတာပဲ :hee:
alinsett
December 21, 2013 at 7:58 pm
:kwi:
:kwi: