“အဝေးက ဆောင်းပုံပြင်” ( အပိုင်း ၄)(ဇာတ်သိမ်း)
“အဝေးက ဆောင်းပုံပြင်”
( အပိုင်း ၄)(ဇာတ်သိမ်း)
“သက်သေ”
ပါးနုနုလေးကို
ယုယုယယ
ညင်ညင်သာသာ
ရှိုက်နမ်းခြင်းဆိုတာ
မြတ်နိုးခြင်းရဲ့သင်္ကေတ
အသံမဲ့ သော စကား လုံးများ
ချစ်ခြင်းကို ပြ တဲ့
သက်သေ ဆိုလည်း မမှား ဘူးလေ။
သည်နေ့ မနက် ခိုင့်ကို ကြည့် ရ တာက ပင် ကျနော့် အဘို့ လွမ်းစရာ ကောင်းနေသလို။
ခိုင်သည် အနက်ရောင်လက်ပြတ် မြန်မာ ရင်ဖုံးအကျီိကို အဖြူရောင် ပိုးလုံချည်လေးနှင့်
တွဲ စပ် ပြီး ဝတ်ဆင်ထား သည် မှာ ကျက်သရေ ရှိလွန်း လှသည်။
ခိုင် ကို ဘာစားချင်သလဲ မေးတော့ သူငယ်ငယ် တုံးက စားခဲ့ ဘူး သည့်
မုန့်ဟင်းငါးစားချင်သည်တဲ့။
အဲတော ့သေချာအောင်မေးရသည်။
ပဲမူန့်နှင့်ချက်သောမန်းလေးချက်မုန့် ဟင်းငါးစားမည်လား
ကုလားပဲနဲ့ချက်သော ရန်ကုန် မုန့်ဟင်းငါးစားမည်လားမေးတော့
“ခိုင်က မုန့် ဟင်းငါး စားချင်တာ သောက်ချင်တယ်လို့ မပြောဘူး”ဟုဆိုလေတော့
နန်းရှေ့ မှနေပြီး မြို့ထဲသို့ခြေဆန့်လာသော ၃၁လမ်း ၃၂-၈၃ကြား မှာရှိတဲ့
“ရွှေလက်ရာ” မုန့်ဟင်းငါးဆိုင်သို့ သွားကြလေသည်။
မန်းလေးက လူ များ က မုန့် ဟင်းငါး ကို မုန့် ဖတ်နည်းနည်းအရေများများဖြင့်သောက်၍
ရန်ကုန်က လူများက မုန့် ဖတ်များများ အရည်နည်းနည်းဖြင့်စားကြလေသည်။
တကယ်လို့များ ခိုင်က မုန့်ဟင်းငါးသောက်ချင်သည်ဆိုလျင်လဲ မခက်ပါ။
၃၂လမ်း-၈၂လမ်းဒေါင့်တွင် မန်းလေးမုန့်ဟင်းငါးရောင်းသောတွန်းလှည်းသည်
မနက်ခင်းမှာပင်ဖွင့် သည်လေ။
ညနေပိုင်းဆိုလျင်တော့ ပဲမူန့် နှင့်ချက်သော
မန်းလေး မုန့် ဟင်းငါး ဆိုင်များ သည် လမ်းဒေါင့် တော်တော်များများတွင်ရှိလေသည်။
ခိုင့် ကို ဘယ်သွားချင်သေးလဲ လို့မေးတော့ အသာအယာ ခေါင်း ရမ်း ပြလေသည်။
ခိုင် မျက် ဝန်းများ သည် ညိုးနွမ်း နေသည် လို့ ထင် မိသည်တော့ အမှန်။
နောက်တော့ မှ “ဒီနေ့ တော့ ကျော်နဲ့ ဘဲ အေးဆေး စကားပြောချင်တယ်”
လို့ ဆိုတော့ အေးအေးဆေးဆေး စကားပြောနိုင်သော နေရာကို စဉ်းစားရလေသည်။
ဒါပေမယ့် ခို်င် ကို မပို့ ရသေးသော နန်းရှေ့က အော်တော်မူ ဘုရားသို့ အရင် ပို့ ပေးမည်
စိတ်ကူးမိလေသည်။
ဘုရားရိ်ပ် သို့ ရောက်လျင် ညစ်ထေး နောက်ကျိနေ သော စိတ်များပြေလို ပြေငြား။
အောင်တော်မူ ဘုရားရောက်တော့ ခိုင် သည် အံ ့ ဩ တကြီးဖြစ်နေလေသည်။
သိပ ်မကြာသေးခင်က မှ အောင်တော်မူ ဘုရား သည် အသစ် တည်ထားသည်ကိုး။
လုံးဝန်းသော စေ တီ တော်ကြီး သည် ခန့် ထည် ၍ ကြည်ညိုစရာ။
အောင်တော် မူ တွင် ခိုင် သည် အတော်ကြာအောင် ဘုရား ဝတ်ပြု နေလေသည်။
ပြီးတော့ မှ အေး ဆေး စကားပြော ရန် နေရာရွေးတော့ ကျုံး နံ ဘေး ကို သာ မြင် မိလေသည်။
နောက်ဆုံးတော့ အရှေ့ဘက်ကျုံး နံ ဘေးက ခုံတန်းလေးမှာ ထိုင် မိ ကြ လေသည်။
ထိုင်ခုံ ပေါ် ထို်င်ပြီး အတန်ကြာ မှ
“ကျော် ရေ ……………”လို့ ခေါ် ပြီး ခိုင် သည် စကား ဆက်မပြောဘ
ကျုံးရေပြင်ဘက်သို့သာငေးနေလေ သ ည်။
ခိုင့် နည်း တူ ကျနော် သည်လည်း ပြော ရန် စကား စ ရှာမရ။
ရင်ထဲမှာတော့ ပြောချင်သောစကားများ က အလုအယက်။
သို့ သော် ပြောချင်သောစကားများက လည်ချောင်းဝ တွင်သာ တစ်ဆို့နေသလို
တစ်ခွန်းမှပြော မထွက်ချေ။
ဘယ်က စလို့ ဘာပြောရမှန်းလဲမ သိပြန်ချေ။
နောက်ဆုံးတော့ တိတ် ဆိတ်နေခြင်းကို ခို်င်က ပင် အဆုံးသတ်လေသည်။
“ခိုင့် ကို တကယ် ချစ် တာ တကယ် လက်ထပ်ချင် တာလား ေ ကျာ်
ခဏ လေး စိတ် ရူး ပေါက် တာ တော့ မဟုတ်လောက်ပါဘူးနော်”
“မဟုတ်ပါ ဘူး ခိုင်ရယ် ကျနော် တကယ်ချစ်တာပါ”
ဒီ တော့ ခိုင့်မျက်နှာလေးက ပြုံးယောင်သန်းလာလေသည်။
“မညာတမ်းဝန်ခံရရင် ခိုင်လဲ ကျော်ကိုချစ်ပါတယ်
ခိုင်နဲ့ မတွေ့ခင်အချိန် က ကျော် ဘာဘဲဖြစ်ခဲ့ ဖြစ်ခဲ့ ဘယ်သူနဲ့ဘဲ
လက်ထပ်ခဲ့လက်ထပ်ခဲ့ခိုင့်စိတ်ထဲမှ ာဘယ်လို မှ မနေပါဘူး။
ဘာလို့လဲဆိုတော့ ခိုင်နဲ့ မတွေ့ခင်ကကိစ္စတွေ ခိုင်နဲ့မဆိုင်ဘူး။
ဒါပေမယ့် ခို်င် ကျော့်ကို လက်ထပ်ချိန်မှာတော့ ကျော်မှာ ဘာအနှောင်အဖွဲ့ မှ မရှိစေချင်ဘူး။
ခိုုင်နဲ့ လက်ထပ်မယ်ဆိုမှ အရင်ဇာတ်လမ်းဟောင်းတွေပြန်ပေါ် မှာ စိုးတာကျော်ရယ်”
ပြော ရင်း ခိုင်မောသွားပုံ ရပါသည်။
ကျနော့် ပုခုံးပေါ်မှာ ခေါင်းတင်ပြီး မျက်နှာကို ငုံ့ထားသည်လေ။
ခိုင်ရော ကျနော်ပါ ဘာမှ မပြောနိုင်ဘဲ ပြန်လည် ငြိမ်သက်လို့သွားပြန်လေသည်။
ခဏနေတော့ ငြိမ်သက်နေရာကနေ် ခိုင့်ကိုယ် လေး က တသိမ့် သိမ့် လှုပ်နေသည်ကို တွေ့လို့ ခိုင့်မေးလေးကိုအသာ မော့ ကြည့် မိမှ ခိုင်ငိုနေသည်ကိုတွေ့ရသည်လေ။
မျက်ဝန်းမှာတော့ မျက်ရေ စတွေ ဝေလျက်။
“ဘာဖြစ်လို့ ငိုရ တာလဲ ခိုင်ရယ်”
ကျော် ရယ် ခိုင် ဝမ်းလည်း နည်း တယ် ဝမ်းလည်း ဝမ်းသာတယ် “
“ဝမ်းနည်းတာ က ကျော်နဲ့ခွဲရတော့ မှာ မို့ ဝမ်းသာတာက ကျော ် ဆီကလက်ထပ်ချင်တယ် ဆိုတဲ့စကားကိုကြားရလို့”
“ဖြစ် မှ ဖြစ် ရ လေခိုင်ရယ်”
အဲဒီ အချိန် ကျနော်ပုခုံး ပေါ် မေးတင်ထားသော ခိုင့် မျက်နှာလေးကို ဆွဲယူရင်း
ခိုင့်ပါးလေးကို ဖွ ဖွ လေးနမ်းမိပါသည်။
“ ကျော် ရယ် လူတွေ မြင် ကုန် ရင် ရှက်စရာကြီး “
လို့ပြောရင်း ခိုင့်မျက်နှာလေးက ပန်းရောင်သန်းလို့ လာသည်လေ။
သို့သော် ကျေနပ်စွာပြုံးနေပုံလေးက ပို ပို ချစ် စရာကောင်းလာစေသည်ထင်မိပါသည်။
ကျနော်လဲ သူများမြင်မှ ရှက်သည်ပေါ့။
ဒါပေမယ့် မတတ်နို်င်ပါ။
ခိုင့်ပါးလေးကို ကျနော်နမ်းချင်သည်လေ။
တကယ်တော့ ပါးလေးကို ညင်သာစွာရှိုက်နမ်းခြင်းသည်
မြတ်နိုးခြင်းကိုအသံတိတ်ဖော်ပြသည့် သင်္ကေတဖြစ်သည်လေ။
******************************************************************
ကျနော် နှင့် ခိုင် သည် အေးမြသော ကျုံးနံ ဘေးတွင် အတော်ကြာအောင်ထိုင်နေခဲ့လေသည်။
စကားလဲ သိပ် မပြောဖြစ် ကိုယ့် အတွေး နဲ့ ကိုယ် စီ ရှိ နေကြ လေသည်။
သို့သော် ရင်ထဲတွင်ပြောစရာတွေများပြားလွန်းသည်က လဲ အမှန်ဖြစ်ပြန်လေသည်။
နောက် ထမင်းစားချိန်ရောက်တော့ ခိုင်က ထူးထူးခြား ခြား ဝက်သားသုတ်နှင့် ထမင်းပေါင်းစားချင်သည်ဆိုလာပါသည်။
သူငယ်ငယ် က စား ခဲ့ ဘူးသည့် လမ်း၈ဝ မှ ရု ံစိန် ဆို သည့် တရုပ် ဆိုင် လေး မှ စားချင်သည်လို့ ဆိုပါသည်။
ထမင်းပေါင်း လို့ ဆိုလို့ ပြော ပြ ချင်ပါသေးသည်။
တစ်ခါ က မှတ် မှတ် ရရ ဘု ရားပွဲတော် တစ်ခုတွင် ဖြစ်သည်ပေါ့။
ဗိုက်ဆာလွန်းတော့ နီးစပ်ရာ ဆိုင်လေး တစ်ဆိုင် ကို ဝင်လိုက်သည်လေ။
ထမင်းပေါင်း တစ်ပွဲ လို ့မှာလိုက်တော့ စား ပွဲ ထိုးလေးက ရန်ကုန်ပေါင်းလာ းလို့ မေးသည်ကို
လွယ်လွယ် ပင်ခေါင်းငြိမ့် လိုက်မိသည်ထင်ပါသည်။
ထမင်းပေါင်းရောက်လာလို့ ကြည့် လိုက်တော့ ထမင်းပေါ်တွင် အသားနည်းနည်း ကော်ရည် ဖြင့်
ကြော် ထား သော အသီးအနှံ့ များ ပုံထားသည်ကို တွေ့ လိုက်တော့ စိတ်တိုသွားလေသည်
စား ပွဲ ထုးိလေးကို ခေါ် မေးေ တာ့ “ရန်ကုန် ထမင်းပေါင်း လို့ အကို ဘဲ မှာလိုက်တာလေ” လို့ ဆိုလေတော့ ဘာ မှ ပြန်မပြောသာ။
ကျနော် အမြဲ စား သည် ့ ထမင်းပေါင်းကတော့ ထမင်းဖြူ ကို ငရုတ်ဆီ ဖြင့် ရဲရဲ လေးဖြစ်အောင်နယ်။
ပြီးလျင် ဝက်သား ပါးပါးလေးကို လှီး ပြီးထည့် ။
မြေပဲ ဆံကြော် လေး ငါးစေ့ ဖြူးထားသည့်က တစ်မျိုး။
နောက်တစ်မျုးိကတော့ ထမင်းဖြူပေါ် မှာ ဝက်စတူးအ ရည်ဆမ်းထားပြီး
အသား ၊ နံ ကင် ၊ အသ ဲ ဝက်အူချောင်းတို့ ဖြူးပေးထားသော ထမင်းပေါင်းက တစ်မျိုးဖြစ်လေသည်။
ကျနော် စားနေကျ ထမင်းပေါင်းသည် မန်းလေးထမင်းပေါင်းလို့ခေါ် သည်တဲ့။
ကျနော်နှင့် ဆိုင် သွား စားသောဆိုင်လေး ကတော့ မန်းလေးထမင်းပေါင်းဆိုင်ဖြစ်လေသည်။
ကျနော်တို့ငယ်စဉ်ကတဲက စားခဲ့ သောဆိုင်လဲ ဖြစ်ပေါသည်။
ကျနော်ကတော့ ထမင်းပေါင်းအပြင် ဝက်နံကင်နှင့်ဝက်လျှာ သုတ် တစ်ပွဲလဲ မှာလိုက်လေသည်။
ထမင်းပေါင်းအပြင် နောက် ထပ် ထမင်းဖြူ တစ်လုံးပါ အပိုဆောင်းလိုက်တော့ ဘိုက်တင်းကား
နေသည် အထိ ဝလေသည်။
ထမင်းစားပြီးတော့ ခိုင်သည် ဟိုတယ် ပြန ်နားချင်သည် လို့ ဆိုလာပါသည်။
သို့သော် ညနေ လေး နာရီလောက် တော့ ပြန်လာခဲ့ပါဆိုလေသည်။
ကျနော်လဲ အိမ်သို့သာပြန်ခဲ့လေသည်။
အိမ်ရောက်တော့ တယ်လီဖုန်း မက်ဆေ့ ချ် ရောက်ကြောင်း အသံလေးထွက်
လာလို့ ကြည် လိုက်တော့ ခိုင့် ဆီ မှ ဖြစ်နေလေသည်။
“ခိုင်ကျော့် ကို ချစ် ပါ သည်
လက်ထပ်ဘို့ ကတော့ စဉ်းစားပါအုံးမည်” လို့ ရေးထားလေသည်။
သို့သော် ချစ်သည်ဆိုတော့ အတိုင်းအဆမဲ့ပျော်ပါသည်။
ကျနော် အိမ်ရောက်တော့ အိပ်ယာပေါ်လ ှဲ ရင်း ခဏ အိပ်ပျော်သွားလေသည်။
ဖုန်းသံ ကြားမှ နိုးလေတော့ သည်။
နာရီကြည့်တော့ သုံးနာရီ ၊
ခိုင့်ဆီမှ ဖုန်းဖြစ်လေသည်။
“ ကျော် လာ ခေါ် ပါတော့ ခိုင် အရမ်းပျင်းနေပြီ”
လို့ ဆိုလေသည်။
ဒီတော့ လဲ အိပ်ယာ ထ ရေချျုးိပြီး ခိုင်ရှိရာသို ဦးတည်ခဲ့လေသည်။
ခိုင် ့ ဆီ ကို ရောက်တော့ အေးအေးဆေး ဆေး စကားပြောချင်သည်။
ပေါ့ပေါ့ပါးပါး စား ရသော အသုတ်လဲ စားချင်သည်။
လူရှုပ်သော သိပ ်ဝေး သော နေရာကို လဲ မသွားချင်တဲ့။
အတော်လေးကို အုံးစား သွား သည်လို့ဆို်နို်င်ပါသည်။
နောက် မှ သတိ ရလာသည်က ဘူတာကြီးနား မှာ ရှိသည်” မင်း သီဟ” ဆိုင်ကလေးကိုပေါ့။
ဘူတာကြီးတောင်ဘက် ထိုးမုန့် ဆိုင်တွေအဆုံးက တိုက်ခန်းလေးမှာ “မင်း သီဟ အအေးနှင့် ကဖေးဆိုင် “လေးရှိလေသည်။
အောက်ထပ် ထက် အပေါ် ထပ် က အအေးခန်း လေးဖြစ်လို့ ပိုမိုအေးချမ်းလေသည်.။
ဒီဆိုင်လေးက ဆိုင်များကြားတွင်ပျောက်နေသောကြောင့် လူသိနည်းလေသည်။
ဧည့် သည် လာချိန်အေးဆေးစွာ စကားပြောလို သည့် အခါ ဒီဆိုင်လေး သို့ လာတတ်လေသည်။
ဒါနဲ့ ဘဲ ၂၆ဘီလမ်းကျုံးလမ်းအတိုင်းလာခဲ့ ၇၈လမ်းရောက်တော့ ညာကွေ့ ပြီး လာခဲ့လေသည်။
ဆိုင်ရှေ့ ရောက်သောအခါမှာတော့ဆိုင်ကယ်ကို တော့ ဆိုင်နောက်ဘက်က
ဝင်းထဲ သို့ ထည့် ထားခဲ့လေသည်။
ကျနော်တို့ ဆိုင်ထဲ ရောက်တော့ စုံတွဲ တစ်တွဲ သာ စကားပြောနေသည်လေ။
အဲတော့ ထမင်းသုတ်တစ်ပွဲ ငါးဖယ်သုတ် တစ်ပွဲ ကို အရင်မှာလိုက်လေသည်။
လူသူများ ဆူညံ စွာလှုပ်ယှားနေသာလမ်းမကြီးဘက် ကို မှန်မူန်များဖြင့် အလုံပိ်တ်ထားသည့်
အတွက် ဘာသံ မှ မမြင် မကြား ရတော့ တိတ်ဆိတ်အေးချမ်းမူ့ကိုခံစားရသည်လေ။
“ ကျော် ရေ နက်ဖြန် ဆိုရင် ခိုင်နဲ့ ကျော် အဝေးကြီးကို ရောက်သွားပြန်ပြီနော်”
“အော် ခိုင်ရေ အစက တည်း က ဝေးနေခဲ့ တာလေ နောက်တော့ နီးလာကြမှာပါ ”
“ ကျော် ရေ ခိုင့် တွေးမ ိတာ ခိုင့် ဘဝ က အရင်ထက်စာရင် အဓိပ္ပါယ် ရှိလာတယ်လို့ထင်မိပါတယ်။
အရင်က တော့ ခိုင့် ကို ဂရုစိုက်သူမရှိ၊
စိတ်ဆင်းရဲ့လို့မှ ရင်ဖွင့် စရာ လူ မရှိ
ပျော်လွန်းလို့ မှ အပျော်တွေကိုမျှဝေပေးစရာ လူ မရှိ
အားကိုးစရာ လူမရှိ မျှဝေ စရာ လူ မရှိ ဘာဆို ဘာ မှ မရှိတဲ့ ဘဝကြီးပါ ကျော်ရယ်။
ကျော်နဲ့ တွေ့ ပြီးတဲ့ နောက်ပိုင်းမှာတော့ ခိုင့်မှာ
အရင် က မပြည့် စုံတာတွေ ပြည့် စုံသွားသလိုပါဘဲ။
လောက ကြီးထဲမှာငါ့ကို ဂရုစိုက်သူရှိတယ်လို့ တွေးမိတဲ့ အခါ
ရင်ထဲမှာ အလိုလိုနွေးထွေးလို့ သွားပါတယ်။
ကျော် ကို ခိုင် တကယ် ချစ်ပါတယ်။
ခင်တွယ်ပါတယ် ”
ခိုင်က အရှည်ကြီးပြောတော့ ကနော့်မှာဘာပြန်ပြောရမည်မသိ။
“ ခိုင် ကျော်ကို ပိုင်လဲ ပိုင်ဆိုင်ချင် တယ်။
မပိုင်လဲ မပိုင်ချင်ဘူး။
ခိုင့် ဘဝ မှ လက်လွတ်ဆုံးရှုံးခဲ့ ရတာတွေများခဲ့တယ်။
မပိုင်ဆိုင်ဘူးဆိုရင် ဆုံးရှုံးစ ရာ မရှိဘူးလေ။
ဒီတော့လဲ ပိုင်ဆိုင်ရမှာကို ကြောက်လာတယ်လေ။
ခိုင်ဘယ်လို ဆုံးဖြတ်ရမယ်ဆိုတာ မသိတော့ဘူးကျော်ရယ်”
ခိုင့်မျက်ဝန်းမှာ မျက်ရည်တွေ သီသီ ဝေ့နေ့ သည်လို့ထင်မိလေသည်။
“ ကျနော့် မှာ အပြစ် လို့ပြော နိုင်တာက အိမ်ထောင်ကျဘူးတယ်ဆိုတာဘဲခိုင်။
သူနဲ့ကလဲ မတွေ့ တာ ဆယ်စုနှစ် တစ်ခုတောင်ရှိပြီလေ။
လောက ကြီးထဲ မှာ ရှိ မရှိလို့တောင် မသိနိုင်တော့ပါဘူးခိုင်။
စိတ်ချ လက်ချ နေပါ ဘာ ရှော့ မှ မရှိစေရပါဘူး ”
အဲတော့ မှ ခိုင့်မျက်နှာလေးသည် ပြုံးလာသည်လို့ထင်မိလေသည်။
နောက်တော့ မှာထားသော အသုတ်များကို စားရင်း ခို်င်အတွက်သင်္ဘောရည်
နှင့် ကျနော်အတွက် လက်ဖက်ရည် ကျ ဆိမ့် တစ်ခွက်မှာလိုက်လေသည်။
လောကကြီး သည် တမဟုတ် အတွင်းမှာ သာ ယာ သွား သလို ထင်မိလေသည်။
***********************************************************
မင်းသီဟ က အပြန်မှာတော့ ခိုင်ယူသွားဘို့ “မစီမာ ဇီးပေါင်းနှင့် ဗေဒါရွှေကြာလက်ဖက်”
တို့ကို ဝယ်ခဲ့ ကြလေသည်။
ထိုးမုန့် လမုန့်ယူအုံးမလားဆိုတော့ မသယ်ချင်တော့ လို့ မယူလို့ဆိုလေသည်။
နောက်ခိုင်လိုချင်သည်ဆို၍ အော်ဒါမှာထားသော
ပန်းသီးတံဆိပ် ကတ္တီပါ ဖိနပ် ကိုလည်းဝင်ယူသေးသည်
ဟိုတယ် အပြန်လမ်းမှာတော့ ကျနော်ဆိုင်ကယ်မှာရော ခိုင့်လက်ထဲမှာပါ
အထုပ်အပိုးတို့ ကအပြည့် အသိပ်။
ဒီတော့ လဲ ခိုင့် ၏ များပြားလှသောပစ္စည်းတွေကို သိမ်းဆည်းပေးဘို့ ခိုင့် အခန်းဆီသို့လိုက်ခဲ့လေသည်။
ခိုင့် ပစ္စည်းများကို အားလုံးချပြီး စက္ကူ ဂျဒ် သေတ္တာထဲ့ သို့ အစီအရီဖြင့်ထည့်ပေးရလေသည်။
အားလုံးသိမ်းဆည်းပြီးသောအခါ ညနေခြောက်နာရီသို့တိုင်လေသည်။
ခိုင်ကို ခဏထားပြီး အိမ်သို့ အမြန်ပြေးကာ ရေချုိုးရလေသည်။
ည ဆယ် နာရီထွက်မည့်ကား ဆိုတော့ အေးဆေးအချိန် ရလေသည်။
၈ နာရီ ကျော်ကျော်လောက် တော့ ခိုင့် ဆီ သို့ ရောက်သွားလေသည်
ထမင်း စား မလားမေး တော့ မစားချင်တော့ပါတဲ့။
ဘာ စာ း ချင် လဲ မေးတော့ မသိပါတဲ့။
ဒီ တော့ ပေါ့ ပေါ့ ပါးပါး စား စရာ ကို စဉ်းစားမိ်တော့ ၃၂လမ်း
၈၂-၈၃ကြားက ဖက်ထုပ်ကြော် ကို သတိ ရမိလေသည်။
ခိုင် တည်းသော ဟိုတယ်နှင့် လဲ သိပ် မဝေး။
ဒါ နဲ့ ဘဲ အဲဒီ ဆိုင်လေးသု့ ိ ရောက်ခဲ့ သည်လေ။
ဖက် ထုပ် ကြော်နှစ်ပွဲ မှာလိုက်သည်။
တစ်ပွဲ မှ ကျပ် ၅၀၀။
ကျနော်က ဂျင်းဖတ်ကလေးတွေ ကို အချဉ်ရေ ထဲ စိမ်ပြီး စားရ တာကို သဘောကျလေသည်။
ပြန် ခါ နီး ဆို တော့ နှစ်ဦး သား ရင်ထဲ မှာ ဝမ်းနည်းနေသည် ကတော့အမှန်။
တစ်ယောက်နဲ့တစ်ယောက် စကားတွေသာပြော နေကြသည်။
သို့သော် တစ်ခု ခု လု ိနေသလို ပင်။
နောက်ဆုံးတော့ ကျနော် ကပင် မေးရ တော့သည်။
“ခိုင် ကျနော့်ကို အဖြေ မပေး သေး ဘူးနော်”
လို့ မေး တော့ ခိုင် ပြုံးပါတယ်။
“ကျော် က လဲ ပေး ပြီး ပြီလေ”
“ မပြည့် စုံ သေး ပါ”
“ ချစ် တယ ် လို့ ပြော ပြီး လေ ကွယ်“
“ ခိုင်ရယ် ကျနော် က လက် ထပ် ဘို့ အထိ ပြောတာလေ“
ဒီ စကား အဆုံးမှာတော့ ခိုင် တွေ တွေ ငေးငေး လေး ဖြစ် သွားပါတော့တယ်။
“ကျော် ရေ ချစ် တယ် ဆို တာ အထိ က ဘာ မှ ပြဿနာ မ ရှိသေးဘူးကျော်
လက်ထပ် မယ် ဆိုရင် တော့ စကားတွေအများကြီးေ ပြာ ရ တော့ မယ်။
ကျော် က မြန်မာပြည်မှ ခိုင် က နိုင်ငံခြားမှာ။
လက်ထပ် ပြိး ရင် ဘယ် မှာ နေကြ မလဲကျော်၊
ကျော် လိုက် လာ မှာ လား
ခိုင် ပြန် ခဲ့ ရ မှာလား ဆို တဲ့ မေးခွန်း လေးကို အရင်ဖြေ ကြ ရအောင် “
ခိုင် ပြောတော့ ကျနော့် မှာ ပြန ်ပြော စရာအဖြေ မရှိပေ။
“ ကျော် ရေ ခိုင် တို့ က အခု ပထ မဆုံးအကြိမ်ဆွေးနွေး တာ ဘဲ ရှိသေးတယ်လေ
နောက် ခိုင်နဲ့ ကျော် ညှိူနိူင်း စရာတွေအမျာကြီး ၊
နောက်အွန်လိုင်းမှာလဲ နေ့ တိုင်းတွေ့ နေ တာ ဘဲ ဆက်ပြောကြမယ်လေ။ “
ခိုင်ပြော သည် မှ သဘာ ဝ ကျတော့ ကျနော် မှာ ဘာ မှ မပြောသာ။
စိတ်ထဲမှာတော့ ကြေကွဲ နေ သလို လိုပင်။
“ ကျော် ရယ် ခိုင် က လက်ထပ် မယ် လို့ ကတိ ပေး ရင်တောင်မှ အခု လက်ထပ် လို့
မရသေးဘူးလေ။
စိတ်ချ ပါ ကျော် ခိုင် မှာ နှစ်ပေါင်းများ စွာ အထီးကျန် ဘဝ နဲ့ နေခဲ့ ရတာပါ။
ကျော့် အပြင် တွယ် တာ ရ မယ့် သူ ခိုင့် မှာ လုံ့း ဝ မရှိ
ယုံ တယ် မလား လို့ “
ဆိုပြီး ခို်င် ပြော မှ သာ ကျနော့် မှာ ပြုံးနိုင်သည်ထင်ပါသည်၊။
ဒီ လိုနဲ့ ဘဲ ခိုင် ကို ကား ဂိတ်လိုက်ပို့ သည့် အချိန် သို့ ကျ ရောက်လေသည်။
ခိုင်တည်းသော ဟို တယ် မှ ကား တစ်စီးက ကျွဲဆည်ကန် ကားဂိတ်သို့လိုက်ပို့လေသည်။
ပစ္စည်းများကို ကားနှင့် တင်ပေး လိုက်ပြီး ခိုင်ကတော့ ကျနော်ဆိုင်ကယ်နောက်မှာ လိုက်ခဲ့လေသည်၊
ဆိုင်ကယ်မောင်းနေရင်း ကျနော် ပုခုံးထက်တွင် ပူနွေး စွတ်စို သော အထိ အတွေ့ ကို ရလေသည်။
ခိုင် သည် ကျနော် ပု ခုံ းပေါ် တွင် မှီနွဲ ့ ရင်း ငိုနေလေသည်ကိုး။
ကား ဂိတ်ရောက်တော့ ခိုင်မျက်နှာလေးကို သေချာ ကြည့် မိလေသည်။
ခိုင်ငိုထား သောကြောင့် မျက်နှာလေးမှာ နီရဲ ၍ နေလေသည်။
ကျနော်လဲ ဘာပြော ရမည်မသိ။
ခိုင် လက် ကလေး ကို သာ ခပ် တင်းတင်းလေးဆုပ်ကိုင်ထားမိလေသည်။
“ခိုင်နဲ့ ကျော် အမြန်ဆုံးနီးအောင ် ကြိုးစားကြ ရ အောင်နော် “လို့ပြောတော့
ခိုင်မှာ ပြန် မပြောနို်င်ေ ခါင်း လေး သာငြိမ့် ပြ နိုင်သည်လေ။။
သိပ် မကြာ ခင် ကားထွက် တော့ မည် ဖြစ် သော ကြောင့် ခိုင်လဲ ကားပေါ် သို့ တက်လေသည်။
ကားထွက် သော အခါ မှာ သာ ကျနော် လည်း ပြန်ခဲ့လေသည်။
ကျနော် အပြန် လမ်းတစ်လျောက် ဆိုင်ကယ်သာမောင်းလာသည်
စိတ်နှင့် လူ နှင့် မကပ်သလို ပင်။
ကျနော်စိတ်များ သည် ခိုင် နောက်တွင် ပါ သွား သလိုခံ စားရလေသည်။
ကျနော် အိမ်သို့ အရောက်တွင် sms ရောက်သော အသံ လေးကြား၍ ဖွင့် ကြည့် လိုက်သောအခါ
ခိုင် ့ထံ မှ ဖြစ် နေလေသည်။
“ ကျော် ကို တကယ် ချစ်တယ်နော်
ခိုင်လဲ ကျော် နဲ့ ခွဲ နိုင်တော့ ပါဘူး။
ဟို ကိုပြန်ရောက် တဲ့ အခါ ကျော် ကို တိကျ ရေ ရာတဲ့ အဖြေ ပေးပ ါမယ်နော်”
ဆိုသော စာလေးကို တွေ့ မိသော အခါ ဒီ စာကြောင်းလေး သုံးလေးကြောင်း
ကို ပင် ဖတ် လို့ မဝ နို်င် ပြီေ လ။
??????????????????????????????????????????????????????????????????????????????
ခိုင်ပြန်သွားပြီးနောက် ရက်မှာတော့ မနက် အစောကြီး နိုး နေလေသည်။
မနက် ခြောက် နာရီထိုးခါ နီးမှတော့ ခိုင် ထံ မှ ရန်ကုန်ရောက်ကြောင် း ဖုန်းလာလေသည်။
ခိုင် န ံ ဘေးမှ ခုံ က လူ က တစ်ညလုံး ဟောက် သံ ပေးသည့် အတွက်အိပ် မရ လို့ ဆိုလေသည်။
ညနေ ပိုင်း လေယဉ် ဖြစ် သည့် အတွက ်ညေ န သုံးနာရီလောက်တွင် လေယဉ် ကွင်း သွားမည်။
ည နေ ငါး နာရီတွင် လေယဉ် ကွင်း အတွင်းသို့ ဝင်ရ မည်ကိုပြော ပြ လေသည်။
ဖုံးချ ခါ နီးမှာတော့ “ ကျော် ကို ချစ်တယ် နော်” ဆိုသော စကား ဖြင့် အဆုံးသတ်ခဲ့ သော်
ကျနော် မှာ ပျော် ရွှင် မိလေသည်။
“ ကျော် ရေ နေ့ လည် ဖုန်းဆက် ချင် မှ ဆက်ဖြစ်မယ်နော်
ခိုင်ဆိုင်အတွက် ဝယ်စရာတွေလဲ လိုက် ဝယ်ရအုံးမယ်။
နောက် လေယဉ်လက်မှတ်လဲ သွးား လဲ ရ အုံးမယ်။
ဒါပေမယ့် ကွင်း ထဲ ဝင်ခါနီးရင်တော့ ကျော် ဆီ ဆက်ပါမယ်”
ခိုင်ပြောသည့် အတိုင်းပင် တစ်နေ့ လုံးခိုင့် ဆီမှာ ဖုန်းတစ်ချက် မှ မလာခဲ့သည်လေ။
ကျနော် က အလုပ်ထဲ တွင် ထို်င် မ ရ ထ မ ငြိမ်ဖြစ်နေလေသည်လေ။
လုပ်ငန်းထဲ က လူများက ကျနော့် ကို အတော်မျက်စေ့ နောက်မည်ကား အမှန် ပင်။
ခိုင်ကို သတိရ လွန်း၍ မနေ တတ် မထိုင်တတ် ဖြစ်နေပါသည်ဆိုမှ
“ပြာလွင်လွင် ဝေ ဟင် ထဲ ဝဲ လာတဲ့ ငှက်ငယ် ရယ်
…………………………………………………………………
တောင်ပံ လေးများ ရ နိုင်ရင်တော့ လိုချင်သားကွယ်”
ဆိုသည့် သီချင်းက ဘယ်လိုင်းက လွှင့် သည် မသိဘဲ
လာနေတော့ ပါးစပ်ကလိုက်ပြီး ဆိုညည်း မိလေသည်၊
ခံစားချက်ခြင်း ထပ်တူ ကျသည်မလား။
ညနေ သုံးနာရီ အလွန်မှာတော့ ခိုင့်ထံ မှာဖုန်းလာလေသည်။
“မော လိုက်တာကျော်ရယ် တနေုကုန် ပြေးလိုက် လွားလိုက် ရတာ။
တော်ပါသေးရဲ့ ခိုင် လိုချင် တဲ့ ပစ္စည်းတွေအကုန် ရ လို့။
ထမင်းတောင် ခု န က မှ စားရတယ်။
ရေကမန်း ကတန်းချိုးပြီး လေဆိပ် တန်းဆင်းလာတာ။
ကျော် ကို တောင် မလွမ်းအားဘူး ရှင့် “ လို့နောက်တောက်တောက်
ပြောလေတော့ ကျနော့် မှာစိတ်နွမ်းသ မျှပြေလေသည်။
ကားပေါ်တွင်လိုက်လာရင်းခိုင်သည်စကားကို အမျှင်မပြတ်ပြောလေသည်။
ခိုင်က တက်ကြွ သလောက် ကျနော်က တိတ်ဆိတ်စွာနေရင်းခိုင်ပြော သမျှကိုသာ
နားထောင်မိလေသည်။
လေဆိပ် ထဲ ဝင်ချိန်မှာတော့ ခိုင်က ကျော် ရေ နောက်မှပြန်ခေါ် မယ်ဆိုကာ
ဖုန်းပြောတာ ရပ်လေသည်။
အတော်ကြီးကြာသောအခါမှခိုင်ပြန်ခေါ်လေသည်။
ခိုင်ယူလာသောပစ္စည်းတစ်ခု အတွက် စကားအများကြီးပြောရသည်မှအစချီကာ
လေဆိပ ်အတွင်း က အခက် အခဲများကိုပြော ပြလေသည်။
လေယာဉ် စီး ဘို့ နေနေသာသာ လေဆိပ် အတွင်းတောင် မရောက်ဘူးသောကျနော့်မှာ
သူ ပြော သမျှ ကို သာ အင်းလို်က်ရလေသည်။
အတော်ကြာတော့ ခိုင် အထဲ သို့ ဝင်ရ တော့ မည် ဆိုလေသည်။
ဆယ် မိ နစ်လောက်ကြာသောအခါ
“ ကျော် ရေ ခိုင် သွား ရ တော့ မယ်နော်
ခိုင် က နွေ မိုး ဆောင်း ဆို တာ ဘာမှန်း မသိ တဲ့ အရပ်က လူ ပါ။
အဲတော့ အဝေးမှာရှိနေတဲ့ ဆောင်းကို ဘဲ တမ် းတ ပြီးလွမ်းနေရသူပါကျော်ရယ်။
ကျော် ကို လဲ ခိုင် မှန်းပြီး လွမ်း နေရ မယ့်သူပါ။
I love you “ လို့ ခပ်တိုးတိုးလေးဆိုလေသောအခါ
“me too “ လို့ ပြန်ပြောသော ကျနော့် အသံ မှာ တုန်ယင်လို့ နေသလိုပင်။
ခိုင်သည် ကျနော် ထံသို့ အိပ် မက် ပမာ လာ ၍ အိမ်မက် လို ပင် ပြန်သွားလေပြီ။
*******************************************************************
ခိုင့်ကိုလွမ်းတော့ ကျနော် ကဗျာလေးတပုဒ် ရေးဖွဲ့ ဖြစ်လေသည်။
“ကျနော်လွမ်းသည်”
မိုးဖွဲပြီးစနံနက်ခင်းတစ်ရက်
အဝါရောင်ကောင်းကင်ကြီးအောက်က
ကန်ရေပြင်နံဘေး
ကျနော်အရောက်
အေးငြိမ့်သက်သက်လေပြေလေးတွေက
ဖြေးဖြေးမွမွ။
လေတိမ်းတိုင်းယိမ်းကတတ်တဲ့
သူ့ဆံပင်တိုစစ လေးတွေကို သတိရမိတော့။
ကျနော့်လွမ်းပါတယ်။
ဟိုးအဝေးးးးးးးးးက
ပြေးထွက်လာတဲ့သံစဉ်များ
ဘာမှန်းမသိ
ကျနော့်နားထဲမှာကြားနေမိတာကတော့
“လွမ်း တယ် လွမ်းတယ် လွမ်းတယ်” တဲ့
အဲဒါကလဲ ကျနော်ကိုလွမ်းစေပါတယ်။
မိုးမိပြီးစ
သစ်ပင်ကိုင်းဖျားမှာ
ငှက်ကလေးက နားလို့ခို
သစ်ရွက်အဖျားမှာ
ငွေရည်မိုးစက်တို့က
တွဲလွဲခို
သူနဲ့ခွဲ ခဲ့ရတဲ့နေ့ကလဲ
အဲသလို
သူ့ခေါင်းမှာမိုးစိုစို
ကျနော်ခေါင်းမှာမိုးစိုစို
အို ပိုလို့တောင်လွမ်းလာသလိုလို။
ခုတော့သူက
ဟိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
အဝေးဆီကိုပြေးထွက်
တစ်ယောက်တစ်နေရာ
ဆုံနိုင်ရန်ဝေးးးးးးးးးးးးးးးးးးးးးးးး
နေတဲ့သူ့ကို
သတိရတိုင်း
အောက်မေ့တိုင်း
တမ်းတတိုင်း
လွမ်းတိုင်း
“တချို့တွေနေနိုင်လွန်းတယ်””တချို့တွေနေနိုင်လွန်းတယ်””တချို့တွေနေနိုင်လွန်းတယ်”
“တချို့တွေနေနိုင်လွန်းတယ်”
“တချို့တွေနေနိုင်လွန်းတယ်””တချို့တွေနေနိုင်လွန်းတယ်””တချို့တွေနေနိုင်လွန်းတယ်”
“တချို့တွေနေနိုင်လွန်းတယ်”
“တချို့တွေနေနိုင်လွန်းတယ်””တချို့တွေနေနိုင်လွန်းတယ်””တချို့တွေနေနိုင်လွန်းတယ်
“”တချို့တွေနေနိုင်လွန်းတယ်”
“တချို့တွေနေနိုင်လွန်းတယ်””တချို့တွေနေနိုင်လွန်းတယ်””တချို့တွေနေနိုင်လွန်းတယ်”
“တချို့တွေနေနိုင်လွန်းတယ်”
“တချို့တွေနေနိုင်လွန်းတယ်””တချို့တွေနေနိုင်လွန်းတယ်””တချို့တွေနေနိုင်လွန်းတယ်
“”တချို့တွေနေနိုင်လွန်းတယ်”
“တချို့တွေနေနိုင်လွန်းတယ်””တချို့တွေနေနိုင်လွန်းတယ်””တချို့တွေနေနိုင်လွန်းတယ်
“”တချို့တွေနေနိုင်လွန်းတယ်”
“တချို့တွေနေနိုင်လွန်းတယ်””တချို့တွေနေနိုင်လွန်းတယ်””တချို့တွေနေနိုင်လွန်းတယ်”
“တချို့တွေနေနိုင်လွန်းတယ်”
“တချို့တွေနေနိုင်လွန်းတယ်””တချို့တွေနေနိုင်လွန်းတယ်””တချို့တွေနေနိုင်လွန်းတယ်”
“တချို့တွေနေနိုင်လွန်းတယ်”
သီချင်း ဆိုညည်းမိတာ
သူ့ကိုအပြစ်တင်တာမဟုတ်
ရင်ထဲက သတိရလွန်းလို့ပါ။
ဘာပြောပြော
ကျနော်လွမ်းသည်။
ကျနော်လွမ်းသည်။
ကျနော်လွမ်းသည်။
ကျနော်လွမ်းသည်။
ကျနော်လွမ်းသည်။
ဆိုတဲ့ကဗျာလေးကို ရေးပြီး ကျနော် ဖေစ်ဘုတ် မှာတင်လိုက်မိပါတယ်။
သိပ် မကြာခင် ဖေစ်ဘုတ်က ကျနော် မက်ဆေ့ဘောက်စ်မှာ စာရောက်ကြောင်း
အသံလေးထွက်လို့ လာပါတယ်။
ကြည့်လိုက်တော့ခိုင်ဖြစ် နေပါတယ်။
“ကျော်ရေ ဖုန်းခေါ် မယ် နော်” လို့ လှမ်းပြီး သတင်ပေးတာပါ။
ခဏ နေတော့ ကျနော် ဖုန်းလေးက အသံ မြည်လို့ လာပါတယ်။
“ ခိုင် ကျော် ကို အဖြေ ပေးတော့ မလို့ “ဆိုတဲ့အသံလေးကြားမိတော့ရင်ထဲမှာထိတ်ကနဲ့ဖြစ်သွားပါတယ်။
“ကျော် သေချာ နား ထောင်နော်လို့ပြော ပြိးတဲ့ အဆုံးမှာ သီချင်းသံလေးထွက်လာပါတယ်။
“ အလွန်အေးတဲ့ ရာသီ အလွန်ချမ်းတဲ့ ရာသီ
အလွန်အေးတဲ့ ရာသီ။
မယ်တစ်ရွာ မောင်တစ်မြို့တော့ နေလို့ လဲ မဖြစ်နိုင်ပါပြီ
နှစ်ကိုယ်ထွေးရန် အရေးကြုံ ပြိ မောင်ရယ် ဆောင်းအမှီရောက်အောင်
ခင့် ဆီ ပြန်ခဲ့ စေချင်သည်”
ဒီ သီချင်းလေးအဆုံးမှာ တော့ ခိုင့် ဖုံးသံ လဲ ရပ်သွားပါတယ်။
ကျနော်နားထဲမှတော့
“ အလွန်အေးတဲ့ ရာသီ အလွန်ချမ်းတဲ့ ရာသီ
အလွန်အေးတဲ့ ရာသီ။
မယ်တစ်ရွာ မောင်တစ်မြို့တော့ နေလို့ လဲ မဖြစ်နိုင်ပါပြီ
နှစ်ကိုယ်ထွေးရန် အရေးကြုံ ပြိ မောင်ရယ် ဆောင်းအမှီရောက်အောင်
ခင့် ဆီ ပြန်ခဲ့ စေချင်သည်”
ဒီ သီချင်းပိုဒ် လေး ကို သာ ထပ ်ကာ ထပ် ကာ ကြားနေမိတော့
ကျနော် ပျော် သည်လေ။
ပြီးပါပြီ။
ကိုပေါက် လက်ဆောင် အဆွေး ပါးပါးလေး
13-12-13
–
–
19 comments
ကိုပေါက်(မန္တလေး)
December 13, 2013 at 9:24 am
က ဲ …………………ပေါင်းပေးလိုက်ပါသည်
ဦးကျောက်ခဲ
December 13, 2013 at 9:36 am
ထမင်းပေါင်းစားမှတော့ ပေါင်းရတော့မှာပေါ့…
ပဲမှုန့်နဲ့ချက်တဲ့ မန်းမုန့်ဟင်းခါးလည်း ကောင်းတာပဲ…
ကျန်တာတွေလည်း သွားရည်ကျသွားတယ်…
အဲ… အချဉ်ပေါင်းတော့ မကြိုက်ဘူး… သွားကျိန်းလို့
😀
ကိုပေါက်(မန္တလေး)
December 13, 2013 at 1:02 pm
ဘို ကျော က် သီး သီး စား ပြီး ခွဲ ပေး လိုက် ရ မလား
နောက် တစ်ပိုင်း ဆက ်ရေးပြိး ခွဲ ပေး လိုက် မယ်နော်
Mr. MarGa
December 13, 2013 at 9:59 am
ဒါဆို အဆွေးပါးပါးလေးမဟုတ်တော့ဘူး
အဟိ
သူတို့ ပေါင်းတာက နောက်
ထမင်းပေါင်း စားချင်တာက အရင် ဗျ
နက်ဖန် သွားစားမယ်
နောက်ရက်ကျရင် ကျနော့်ကို မြီးရှည်လိုက်ကျွေးပါ…. :mrgreenn:
KZ
December 13, 2013 at 12:10 pm
ဟေးးးးးး။
ဒါမှ တို့ လေးပေါက်။
ပေါင်းရင် ပေါင်းးးး မပေါင်းရင် မန်းလေး ထမင်းပေါင်း ကျွေးခိုင်းမို့။
ရန်ကုန်ပေါင်းကို လုံးဝ မကြိုက်ဘူးးးးး
ဒါနဲ့ အနော် မန်းလေးပြန်ရောက်တုန်းးး တောက်တောက်ကြော် တစ်ယောက်လောက် ရှာပေးပါ။
:mrgreenn:
ကိုပေါက်(မန္တလေး)
December 13, 2013 at 12:52 pm
ဒီ တစ် ခါ တော့ ခိုင်(ခ) ဆွီတီ ခြင်္သေ့ မြို့သူလေး မလွဲ တော့ ဘူးကွ။
ငို နေ မှာ စိုး လို့ ပေါင်း ပေး လိုက် ပါသည်။
အ စ က နက် ဖြန် သို့ မဟုတ် ဘယ် သော ခါ နဲ့ ဇာတ် သိမ်း မလို့ နော်
တောက် တောက ်ကြော် ရောက် သော် ရှာ ပေ း ပါ မည် နော်
alinsett
December 13, 2013 at 1:24 pm
အပိုင်း သုံးနဲ့လေးကို
သေချာ အချိန်ယူပြီး ပြန်ဖတ်ရဦးမယ် လေးပေါက်ရေ။
ဦးကြောင်ကြီး
December 14, 2013 at 12:16 pm
အဝေးဂဆောင်း
ခလေးမကောင်း
မနှေးရဂျောင်း
သူဌေးပွဖောင်း..
ကိုပေါက်(မန္တလေး)
December 14, 2013 at 4:23 pm
ပွ ဖောင်း သူထေး
ရကြောင်း မနှေး
မကောင်း ရဲ့ ခ လေး
ဆောင်း က မ အေး
တောတွင်းပျော်
December 14, 2013 at 1:08 pm
ဆောင်းလေအနော ့မှာ
စာဖွဲ ့သီရင်း
ခိုင်ပျောက်ရှာရင်းနဲ ့
ဝေဒနာကျူးလေတဲ ့
ကိုပေါက်…နော်
ကိုပေါက်(မန္တလေး)
December 14, 2013 at 4:25 pm
အ ငှား ခံ စား ပါ ေ တာ တွင်း ပျော ်ရယ်
surmi
December 14, 2013 at 2:26 pm
အလွမ်းကြိုက်သူမို့လားမသိ…
ကျနော်ဆိုခွဲလိုက်မိမှာပဲ…
ထမင်းပေါင်းတော့..စားချင်သော်လည်း ဒီမှာမရှိပြီထင့်..
ဘာပဲဖြစ်ဖြစ် ဒီတစ်ပုဒ်ကတော့အမှတ်တရပါပဲ
အစ်ကိုရေးတဲ့ ဝတ္ထု တွေထဲမှာ ဒါကိုအကြိုက်ဆုံးပါ … လို့
ကိုပေါက်(မန္တလေး)
December 14, 2013 at 4:26 pm
ဒါ ကို အကြိုက် ဆုံး ဆို တာ ဝတ္တု မဟုတ်
ထမင်းပေါင်းဖြစ် ကြောင်း သိ သာ ထင် ရှား အောင် ရေး ပြ စေ လို ပါ သည်။
မန်း လေး လာ ပါ ထမင်း ပေါင်း ဆိုင် ပေါက်စေ့ အောင် လိုက် ကျွေး ပါ မည်
padonmar
December 14, 2013 at 10:58 pm
အပိုင်း ၁ နဲ့ ၂ ကို ပိုကြိုက်ပါတယ်.
နွေးသီးကဇာတ်အိမ်ပိုခိူင်တယ်။
ဒီဆောင်းက အဆာပလာ ပိုကောင်းတယ်။
မြတော့ ဇာတ်လိုက်မင်းသမီးကိူမကြိုက်။
ကိုပေါက်(မန္တလေး)
December 15, 2013 at 8:34 am
မ မာ ရေ ကျနော်ရေးသမျှထဲမှာ ကျနော်အကြိုက်ဆုံးကတော့
“ကွာဝေးသောရက်စေ့ ရေ တွက်သော်”ဖြစ်ပါတယ်။
ချစ်စထုံးနှောင်( မြနဲ့မောင်နဲ့ ခုမှတွေ့တာ) နဲ့ နွေးသီး ကတော့ ဇာတ်အိမ်ခို်င်ပြီး လူကြိုက်များပါတယ်။
2012 ဒီဇင်ဘာမှာ ရေးခဲ့ တဲ့ “ဘွပုတ်”ကိုလဲ နှစ်သက်သူများပါတယ်။
ကျနော်ရေးခဲ့သမျှတွေက အကြောင်းအရာတစ်ခု ရင်ထဲမှာစူးနစ်စွာရောက်လာမှ
ခံစားပြီးရေးလေ့ ရှိပါတယ်။
အခု “အဝေးက ဆောင်းပုံပြင်”ကတော့ မိတ်ဆွေတစ်ယောက်က မန်းလေးကို အလည်လာမယ် အချိန်ကလဲ သိပ်မရ ဘယ်လို့ လည် ရင် ကောင်းမလဲလို့ မေးလာတော့သူ့အတွက် ခရီးစဉ်လေးစဉ်ကြည့်နေရင်း “ဆောင်းအမှီ”သီချင်းလေးကို ကြား လိုက်တာရယ် ဒီနှစ်ထဲမှာကျနော်ရေးတဲ့အထဲက စိတ်တိုင်းကျတဲ့ “ကျနော်လွမ်းသည်” ကဗျာလေးရယ်ကို သတိ ရမိတော့
“အဝေးကဆောင်းပုံပြင်”ဆိုတဲ့ဇာတ်လမ်းလေးဖြစ်လာခဲ့ပါတယ်။
ဒီဇာတ်လမ်း ကတော့ ကျနော်အဆွေးတွေသိပ်မထည့်ဘဲ ပေါ့ပေါ့ ပါးပါးလေး ရေးတော့ အရင် ဇာတ်လမ်းတွေလောက် ဟတ်ထိ မယ် မထင်ပါဘူး။
အခု နောက်ပိုင်းကျနော်ကလည်း ဝေဖန်လေကန်ဆောင်းပါးထက် ခံစားမူ့ရသ လေးတွေဘဲရေးချင်နေမိတော့ အခုရက်ပိုင်း ရသ လေးတွေဘဲ ရေးဖြစ်နေပါမယ.်။
ကြိုးစားပါအုံ့း မယ် မမာ ရေ
snow smile
December 15, 2013 at 8:13 am
မန်းလေးကို သွား ချင် လာ မိ တယ်နော်
ကိုပေါက်(မန္တလေး)
December 15, 2013 at 8:48 am
အောင် မလေး သွားချင်တာများ သွားလိုက်ပေါ့ မစနိုးရယ်
•*¨နန်းတော်ရာသူ •*¨
December 15, 2013 at 7:14 pm
ဖေပေါက်ရဲ့ဇာတ်လမ်းက ကိုးယားဒရမ်မာတွေလိုပဲ ဒေသထွက်အစားအစာတွေကိုပါ ထည့်ထည့်ကြေငြာသွားတယ်နော်..
ဗိုက်တောင်ဆာလာပြီ
😀
ကိုပေါက်(မန္တလေး)
December 15, 2013 at 10:45 pm
ကိုယ့် ဒေ သ ကို ကိုယ် ဘဲ ကြော် ငြာ ပေး ရ လေ သည်