“အဝေးက ဆောင်းပုံပြင်”             ( အပိုင်း ၄)(ဇာတ်သိမ်း)   “သက်သေ” ပါးနုနုလေးကို ယုယုယယ ညင်ညင်သာသာ ရှိုက်နမ်းခြင်းဆိုတာ မြတ်နိုးခြင်းရဲ့သင်္ကေတ အသံမဲ့ သော စကား လုံးများ ချစ်ခြင်းကို ပြ တဲ့ သက်သေ ဆိုလည်း မမှား ဘူးလေ။ သည်နေ့ မနက် ခိုင့်ကို ကြည့် […]


“နွဲ့ယိမ်းဖွဲ့နှောင်လှိုင်းကလေးရဲ့သောင် “(အခန်းဆက်ဝတ္တုရှည်) အပိုင်း(၆)ဇာတ်သိမ်း အပိုင်းခြောက် လွန့်လူးလွင့်လွင့် ဒါနဲ့ဘဲကျမတစ်ယောက်တည်း မွေးရပ်မြေကိုပြန်ခဲ့ပါတော့တယ်။မန္တလေးရောက်တော့ကျမအိမ်ကိုပြန်မသွားပါဘူူး။ (ပြန်သွားရင်လဲ လက်ခံမှာမဟုတ်ပါဘူး) အပြင်အဆောင်တစ်ခုမှငှားနေရင်း အလုပ်ရှာရပါတယ်။ ပါလာတဲ့ ငွေလေးကို ချွေတာပြီးသုံးစွဲရင်းပေါ့။ ပြင်ပလုပ်ငန်းပေါများတဲ့မန္တလေးမှာ ကောက်ပဲသီးနှံရောင်းတဲ့ပွဲရုံတစ်ခုမှာ စာရေးမအလုပ်ကိုရပါတယ်။ အဲဒီမှာနေရင်း ကျမ ရဲ့မပြီးဆုံးသောပညာရေးကို ဆက်ဘို့ကြိုးစားရပါတော့တယ်။ အခုခေတ်မှာ တတ်တာမတတ်တာအပထား ဘွဲ့လေးတစ်ခုမှ ရမထားဘူးဆိုရင် ဘဝတိုးတက်လမ်းအတွက်ခက်ခဲ့တဲ့အပြင် အများရဲ့အထင်အမြင်သေးတာပါခံရပါတယ်။ ဒါနဲ့ဘဲအဝေးသင်တက် နေ့စဉ်အလုပ်မှန်မှန်သွား ဖြစ်သလိုစား စက်ဘီးလေးနဲ့ တစ်ကိုယ်တော်ပေါ့။ ကျမ မန်းလေးပြန်ရောက်နေတာကိုသိတဲ့ ကေသီက ကျမဆီကိုလာပေမယ့် မိတ်ဟောင်းဆွေဟောင်းတွေနဲ့ မတွေ့ချင်တော့ပါဘူး။ ဒါပေမယ့်လဲ သူငယ်ချင်းကောင်း ယောက်မကောင်း ပီသတဲ့ ကေသီက အလုပ်အားပြီဆိုတာနဲ့ ကျမကို လာလာခေါ်ပါတယ်။ သူ့နဲ့ အပြင်ကို သွားရင်လိုက်ပေမယ့် သူတို့အိမ်ကိုတော့ ဘာကိစ္စနဲ့မှ မသွားပါဘူး။ အနေအထိုင်ဆင်းရဲတာခံနိုင်ပေမယ့် သူများက ကိုယ့်ကို […]


“နွဲ့ယိမ်းဖွဲ့နှောင်လှိုင်းကလေးရဲ့သောင် “(အခန်းဆက်ဝတ္တုရှည်) အပိုင်း ငါး ဘဝရဲ့ခြေလှမ်းသစ်များ မနက်ပိုင်းမင်္ဂလာဆောင်ပြီး အဲဒီနေ့ နေ့လည်မှာဘဲ မကွေးကိုပြန်ခဲ့ကြပါတယ်။ ကျမအိမ်ကပေးလိုက်တဲ့ လက်ဖွဲ့ကို မောင်တို့ အိမ်က ကျမလက်ထဲ ပြန်ထည့်ပေးလိုက်ပါတယ်။ ကျမကလဲ မောင်တို့အဒေါ်ကိုဘဲပြန်အပ်ထားလိုက်ပါတယ။် ကျမတစ်သက် အဲ့လောက်များတဲ့ ငွေကို ကိုင်လဲ မကိုင်ဘူးသလို သုံးစရာအကြောင်းလဲမရှိသလိုပါဘဲ။ မကွေးပြန်ရောက်တဲ့အခါမှာတော့ မောင်က ဦးလေးတို့ဆီစက်မှာဦးလေးနဲ့အတူအလုပ်လုပ်ရပါတော့တယ်.။ မနက်ပိုင်းမှာဦးလေးနဲ့ နှမ်းဝယ် ပဲဝယ်လုပ်။ နေ့လည်ဆီစက်မှာ ဝင်လုပ်ပေါ့။ ကျမကတော့ ဒေါ်ဒေါ်နဲ့အိမ်မူ့ကိစ္စ ကူလုပ်ပေါ့။ ဒီလိုနဲ့ဘဲကျောင်းဖွင့်ချိန်ရောက်တဲ့အခါ ဦးလေးတို့က ကျမကိုကျောင်းပြန်တက်ဘို့ စီစဉ်ပေးတာနဲ့ ကျောင်းဆက်တက်ရပါတယ်။ မောင်ကတော့ လုပ်ငန်းခွင်ထဲမှာပေါ့။ ဦးလေးတို့က ကျမတို့နှစ်ယောက်ကို စားရိတ်ငြိမ်းတင်ကျွေးထားတာပါ။ မောင်ရတဲ့လခကို ကျမတို့နှစ်ယောက်သုံးချင်ရာသုံးရုံပါဘဲ။ သူတို့ကလဲသားသမီးမရှိတော့ကျမတို့ကသားသမီးလိုဖြစ်နေပါတယ်။ ကျမလဲမကွေးရောက်မှ တကယ့်ကျောင်းသူဘဝရောက်သွားသလိုပါဘဲ။ သူငယ်ချင်းအသစ်တွေလဲ လွတ်လွတ်လပ်လပ်လဲနေရတော့ပျော်ပါတယ်။ အတော်များများက ကျမကို အိမ်ထောင်သည်မှန်းမသိကြပါဘူး။ ပြန်တွေးကြည့်ရင်ကျမမှားခဲ့တာအများကြီးပါဘဲ။ […]


  “နွဲ့ယိမ်းဖွဲ့နှောင်လှိုင်းကလေးရဲ့သောင်   “(အခန်းဆက်ဝတ္တုရှည်) အပိုင်းနှစ် အပိုင်း-၂ ပင်လယ်ပြင်မှ ဆီးကြိုခြင်း နောက်နာရီဝက်လောက်အကြာမှာ ကိုတင့် က သူတို့အလုပ်က                                                                                         […]


“နွဲ့ယိမ်းဖွဲ့နှောင်လှိုင်းကလေးရဲ့သောင်   “(အခန်းဆက်ဝတ္တုရှည်) အပိုင်းတစ်…….(အကြောင်းပါစရာလို့ဆိုကြတဲ့……………..သို့အသွား) လပြည့်ရက်နီးလေလေ လှိုင်းတွေကထန်လေလေလို့ ပင်လယ်ကမ်းစပ်မှာနေသူတွေကတော့ပြောကြပါတယ်။ တဝေါဝေါအသံတွေနဲ့အတူ တဝုန်းဝုန်းပြေးလာတဲ့ လှိုင်းခေါင်းဖြူလေးတွေက သောင်စပ်အဆုံးထိအရှိန်ပြင်းပြင်းနဲ့   ပြေးလာခဲ့ပေမယ့်စက္ကန့်ပိုင်းလေးအတွင်းမှာဘဲ လာရာလမ်းအတိုင်း ပင်လယ်ထဲကိုပြန်ပြီး ဆင်းသွားရပြန်ပါတယ်။ ဆင်းလိုက်တက်လိုက်လုပ်နေတဲ့ လှိူင်းတွေကြောင့် သဲပြင်တွေက အံ့ဩစရာကောင်းလှစွာညီညာပြန့်ပြူး။ ပင်လယ်ကတွန်းလွှတ်လိုက်တဲ့ အခါ ကမ်းစပ်ကိုအားနဲ့မာန်နဲ့ပြေးတက်လာလိုက်၊ ပင်လယ်ကပြန် ဆွဲလိုက်ရင် လာရာလမ်းအတိုင်းပင်လယ်ရင်ခွင်ထဲကို ပြန်ဝင်လိုက်နဲ့ စက္ကန့်ပိုင်းလေးအတွင်းမှာ မရပ်မနား စုန်ချီဆန်ချီ။ ကျမတို့လူသားတွေကရော ပင်လယ်လှိုင်းကလေးတွေနဲ့ထူးမခြားနားပါဘဲ။ လောကကြီးထဲကို ဝင်လိုက်ကြ ပြန်ထွက်သွားလိုက်ကြ။ လရဲ့ဆွဲအားက ပင်လယ်ပြင်ကိုလှိုင်းတွေဖြစ်စေခဲ့တယ်ဆိုရင် ကျမတို့လူသားတွေကို ဝင်စေထွက်စေအောင်ဖန်တီးနေတဲ့ဆွဲအားတွေကိုရော ဘယ်သူများဖန်ဆင်းခဲ့သလဲလို့တွေးမိရင်ပြုံးမိပါတယ်။ ပင်လယ်ကမ်းစပ်မှာအေးဆေးထိုင်အုန်းရေသောက်ပျော်ပါးစွာဆော့ကစားနေသူ                                                                                                   လေညှင်းခံရင်းလမ်းလျောက်နေသူတွေကို ကျမငေးမောလို့ကောင်းနေတုန်း “မမ” တယောက်ထဲလား” လို့ မေးလိုက်တဲ့  အသံကိုကြားလို့မော့အကြည့်မှာ “အငယ်လေး”လို့ ကျမစိတ်ထဲမှာအမည်ပေးထားတဲ့ ကောင်လေးဖြစ်နေပါတယ်။ သူမေးလိုက်မှ ချောင်းသာကို တစ်ယောက်ထဲရောက်လာဖြစ်တဲ့အကြောင်းကို ကျမ ပြန်တွေးမိပါတော့တယ်။ @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@ ကျမရန်ကုန်ကိုအလုပ်ကိစ္စနဲ့ ရောက်နေတဲ့အချိန် […]


ကျနော်လွမ်းသည် မိုးဖွဲပြီးစနံနက်ခင်းတစ်ရက် အဝါရောင်ကောင်းကင်ကြီးအောက်က ကန်ရေပြင်နံဘေး ကျနော်အရောက် အေးငြိမ့်သက်သက်လေပြေလေးတွေက ဖြေးဖြေးမွမွ။ လေတိမ်းတိုင်းယိမ်းကတတ်တဲ့ သူ့ဆံပင်တိုစစ လေးတွေကို သတိရမိတော့။ ကျနော့်လွမ်းပါတယ်။ ဟိုးအဝေးးးးးးးးးက ပြေးထွက်လာတဲ့သံစဉ်များ ဘာမှန်းမသိ ကျနော့်နားထဲမှာကြားနေမိတာကတော့ “လွမ်း တယ် လွမ်းတယ် လွမ်းတယ်” တဲ့ အဲဒါကလဲ ကျနော်ကိုလွမ်းစေပါတယ်။ မိုးမိပြီးစ သစ်ပင်ကိုင်းဖျားမှာ ငှက်ကလေးက နားလို့ခို သစ်ရွက်အဖျားမှာ ငွေရည်မိုးစက်တို့က တွဲလွဲခို သူနဲ့ခွဲ ခဲ့ရတဲ့နေ့ကလဲ အဲသလို သူ့ခေါင်းမှာမိုးစိုစို ကျနော်ခေါင်းမှာမိုးစိုစို အို ပိုလို့တောင်လွမ်းလာသလိုလို။ ခုတော့သူက ဟိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး အဝေးဆီကိုပြေးထွက် တစ်ယောက်တစ်နေရာ ဆုံနိုင်ရန်ဝေးးးးးးးးးးးးးးးးးးးးးးးး နေတဲ့သူ့ကို သတိရတိုင်း အောက်မေ့တိုင်း တမ်းတတိုင်း လွမ်းတိုင်း “တချို့တွေနေနိုင်လွန်းတယ်””တချို့တွေနေနိုင်လွန်းတယ်””တချို့တွေနေနိုင်လွန်းတယ်” “တချို့တွေနေနိုင်လွန်းတယ်” “တချို့တွေနေနိုင်လွန်းတယ်””တချို့တွေနေနိုင်လွန်းတယ်””တချို့တွေနေနိုင်လွန်းတယ်” “တချို့တွေနေနိုင်လွန်းတယ်” “တချို့တွေနေနိုင်လွန်းတယ်””တချို့တွေနေနိုင်လွန်းတယ်””တချို့တွေနေနိုင်လွန်းတယ် “”တချို့တွေနေနိုင်လွန်းတယ်” “တချို့တွေနေနိုင်လွန်းတယ်””တချို့တွေနေနိုင်လွန်းတယ်””တချို့တွေနေနိုင်လွန်းတယ်” “တချို့တွေနေနိုင်လွန်းတယ်” […]


  “ပိတောက်တွေဝေပြန်ပေါ့ ”     ဒီနေ့မနက်  “ဝေ” အိပ်ယာနိုးတဲ့ အချိန် သင်းပျံ့တဲ့ ပိတောက်ရနံ့တွေက “ဝေ့” အခန်းထဲမှာလွင့်နေပါတယ်။ အိပ်ယာထဲကမထသေးဘဲ လူးလိမ့်လို့အပျင်းကြောဆန့်ရင်း ကနေ ပြူတင်းပေါက်ဘက်ကိုမော့ကြည့် လိုက်တော့ ခြံစည်းရိုးနားမှာကပ်နေတဲ့ တစ်ပင်တည်းသော ပိတောက်ပင်ပျိုလေးက အပွင့်တွေဝေလို့။ အိပ်ယာကိုအမြန်သိမ်းခြင်ထောင်ကို လုံးထွေးတင်ပြီး အပြင်ဘက်လှမ်းကြည့်လိုက်တဲ့အခါ နံနက်ခင်းအေးအေးမှာ ခပ်ဖြေးဖြေးလေးတိုက်ခတ်နေတဲ့ တန်ခူးလေကြောင့် အပင်ထက်မှာအစီအရီပွင့်နေတဲ့ ပိတောက်ပန်းဝါဝါလေးတွေရယ် ပိတောက်ရွက်စိမ်းစိမ်းတွေ လေထဲမှာယိမ်းနွဲ့လို့နေပုံက“ခူးမှာလားရှင့် “ လို့မေးနေသယောင်ယောင်။ ရင်ခုန်စရာကောင်းအောင် လှပသော အပွင့်တွေနဲ့ဝေနေတဲ့ ပိတောက်ပန်းလေးတွေကို ကြည့်နေရင်း ဆရာဇော်ဂျီရဲ့ “မခူးချင်စမ်းပါနဲ့  နှစ်ဆန်းခါတော်မီမို့  ဇမ္ဗော်ရည် ပြေပြေလိမ်းကာပ  ခပ်သိမ်းနယ်စုံစုံသို့  ပွင့်ငုံကို လင့်ကုန်ကြတော့လို့  ခေါင်းကြွကာဆာဝေဝေနဲ့ သူလဲလေ လောကီသားလိုပ ကြွားချင်လှပေလိမ့်မယ်…..” ဆိုတဲ့ စကားလုံးအဖွဲ့အနွဲ့အလှလေးများက ပိတောက်ရနံ့များနဲ့အတူ လေထဲမှာ […]


“စေညွှန်းရာလမ်း………………….”   မိုးသားတွေအုံ့မိူင်းနေတဲ့ညနေခင်းလေးတစ်ခုမှာ  ကျမ မရောက်ဘူးတဲ့ဒေသစိမ်းလေးကို သွားဘို့ အိမ်ကထွက်လာခဲ့ပါတယ်။ မန်းလေးမြို့နဲ့မိုင်နှစ်ရာကျော်ကျော်လောက်အကွာအဝေးမှာ ရှိနေတဲ့တောင်ပေါ်မြို့လေးဆီကိုပေါ့ အေးချမ်းတယ်လို့နာမယ်ကြီးတဲ့မြို့လေးပါဘဲ။ ကျမရဲ့တွယ်ရာမဲ့နေသော လေလွင့်နေသောစိတ်များကိုငြိမ်သက်အောင်အနားသတ်ပေးဘို့ဆိုရင်လဲ မမှားပါဘူး။ ည ခုနှစ်နာရီကျော်ကျော်လောက်မှာတော့“ကိုလေး”က ကျွဲဆည်ကန်ကားဝင်းကို လိုက်ပို့ပေးပါတယ်။ ကားက ညရှစ်နာရီထွက်မယ့် “ရွှေတောင်ရိုးအိပ်စပရက်စ်  “နဲ့ပါ။   “မိမွန်…….နင်တစ်ယောက်ထည်းဖြစ်ပါ့မလား” လို့စိတ်ပူပန်တဲ့လေသံနဲ့မေးပါတယ်။ “ရတယ် ကိုလေး………..အသက်သုံးဆယ်ဆိုတဲ့အရွယ်က ကိုယ့်ဘဝကိုယ် ထိန်းကျောင်းနိုင်တဲ့အရွယ်ပါ” “ ပိုက်ဆံရော အလုံအလောက်ပါရဲ့လား  “ “ပါ ပါတယ် ကိုလေး “ “အေး ကုန်သွားရင် ကိုဌေးတို့ဆီက ယူလိုက်နော် “ “ ဟုတ် “ “ နင်ဘယ်သူ့အိမ်မှာတည်းမှာလည်း မဝိုင်းတို့ဆီတည်းမှာလား “ “ ဟုတ်ဘူး ကိုလေး ကျနော့်သူငယ်ချင်းအိမ်တည်းမှာ “ “ အေး […]


“ဘွပုတ်…………..ရေ”       အေးမြတဲ့ တောင်ပေါ်မြို့လေးရဲ့အရှေ့မြောက်ဘက် မြို့အစွန်က လူသူမရှိသလောက်နည်းပါးတဲ့တောင်ကုန်းလေးပေါ်မှာရှိနေတဲ့ လူဘဝရဲ့နောက်ဆုံးခရီးအတွက် ယာယီနားခိုရာနေရာလေးတစ်ခုကို ကျနော်တို့ မရောက်ချင်ပေမယ့်ရောက်လာခဲ့ရပါတယ်။ ကွင်းပြင်ကျယ်ကိုဖြတ်လာတဲ့ဆောင်းမြောက်ပြန်လေက အရိုးထဲထိစိမ့်ဝင်လို့နေပါတယ်။ ဆောင်းနေ့လည်ခင်းပေမယ့် တောင်ရိပ်တောရိပ်တွေကြောင့် ထင်ပါရဲ့ အနွေးထည်အထပ်ထပ်ဝတ်ထားတောင်မှတစ်ကိုယ်လုံးအေးစက်နေသလို စိတ်တွေက လည်း အလိုလို ထိုင်းမှိုင်းလေလံ။ ပါတ်ဝန်းကျင်တောင်ကုန်းတစ်ခုလုံးအပြည့် နီးပါးလောက် တောထနေတဲ့ နေကြာရိုင်း ပန်းဝါဝါတွေကတော့ လူသားတွေရဲ့အပူတွေနဲ့သူတို့ ပါတ်သက်ဆက်နွယ်ခြင်းမရှိသလိုအေးဆေးငြိမ်သက်။ အစကတော့ ငိုပွက်ဆူညံနေတဲ့ နေရာလေးက “ဂျိန်း”ဆိုတဲ့အသံကြီးရဲ့အဆုံးမှာ ခဏလေး တိတ်ဆိတ်သွားပေမယ့် တအိအိ ရှိုက်ငိုသံလေးတွေကတော့ သဲ့သဲ့ကလေး ထွက်ပေါ်နေဆဲ။ သိပ်မကြာခင်အချိန်လေးမှာ လူတစ်ယောက်လောကထဲက ထွက်ခွာပြီဆိုတာကို  အတည်ပြုပေးနေတဲ့ မီးခိုးမျှင်လေး တွေ မီးသင်္ဂြိုဟ်စက်ခေါင်းတိုင်က စတင်ထွက်ပေါ်လို့လာပါတယ်။ “သွားပေတော့ ဘွပုတ် ရေ”လို့ စိတ်ထဲက တီးတိုးရေရွှတ်နေဆဲမှာဘဲ ကိုကြီးရေ”ဘွပုတ်”တော့သွားပြီနော် လို့ နုတ်ဆက်တာကို […]


“ခမ်းဟွမ် ……………….အပိုင်းလေး” (ဇာတ်သိမ်းပိုင်း)     မနက်ခြောက်နာရီမထိုးခင်အိပ်ယာထလို့  ကျနော်လမ်းလျှောက်ထွက်မလို့လုပ်နေတုန်းဖုန်းဝင်လာပါတယ်။ ကြည့်လိုက်တော့ “ဘေဘေး” အောက်မှာရောက်နေပြီလက်ဖက်ရည်သောက်ဘို့လာခေါ်တာပါတဲ့။ အဲဒါနဲ့ သူ့ကိုဧည့်ခန်းမှာစောင့်ခိုင်း။ သူ့ဆိုင်ကယ်လေး ဟိုတယ်နားမှာခဏထား။ သူနဲ့ကျနော်လမ်းလျှောက်ထွက်ခဲ့ကြပါတယ်။ ရွှေလီတံတားဖက်ကိုပေါ့။ ကျနော်တည်းတဲ့ဟိုတယ်နဲ့မျက်နှာခြင်းဆိုင်က မနောကွင်းထဲမှာအားကစားလေ့ကျင့်နေကြတဲ့သူလဲအများကြီး။ မနောကွင်းဖက်ကိုလမ်းလျောက်လာနေသူလဲ အများကြီးပါဘဲ။ ကျနော်တို့သွားတဲ့လမ်းမှာ လုပ်ငန်းခွင်ကိုသွားနေကြတဲ့ကျနော်တို့ရွှေမြန်မာတွေကိုတွေ့ရပါတယ်။ အလုပ်အကိုင်အတည်တကျ မရှိသေးတော့ပွဲစားလာခေါ်မှာကိုစောင့်နေတဲ့  ဘောက်အလုပ်သမားရွှေမြန်မာများ ကလည်းသစ်ပင်အောက်မှာ တို်က်အရိ်ပ်အောက်မှာ တွေ့ခဲ့ရပါသေးတယ်။ ရွှေလီတံတားပေါ်ကတော့ တကယ်ကို သာယာပါတယ်။ အဝေးပါတ်ပါတ်လည်မှာက မူံရီနေတဲ့တောင်တန်းကြီးတွေ။ နေမထွက်သေးတော့ပါတ်ဝန်းကျင်က မှိုင်းပြပြ။ တံတားပေါ်မှာတော့ လမ်းလျောက်လာသူ အလုပ်သွားသူ နဲ့ လူမပြတ်။ ကျနော်ကသူ့လက်ကလေးကိုဆွဲလို့ စကားတပြောပြောနဲ့လမ်းလျှောက်လာတဲ့အချိန်မတော့ သူ့မျက်နှာလေးက ကြည်လင်ဝင်းပလို့ စိတ်ချမ်းသာနေတဲ့ပုံ။ မမြင်နိုင်တဲ့စိတ်အလျင်လေးတွေက ကူးစက်တတ်ပါတယ်။ သူစိတ်ချမ်းသာတော့ ကျနော့်စိတ်ထဲမှာလဲအလိုလိုပျော်တာပေါ့နော်။ တံတားဟိုဘက်အဆုံးရောက်တော့ ပြန်လာပြီးကျယ်ဂေါင်ကျောက်မျက်ဈေးနားကဖြတ်လို့ ကျောက်မျက်ရတနာတန်းမှာရှိတဲ့ ရွှေမန္တလေးမှာ သွားပြီး လက်ဖက်ရည်သောက်ကြပါတယ်။ […]


“ခမ်းဟွမ် -အပိုင်းနှစ်” (ဝေးလွင့် ဝေသီ…………………..)   “ကိုးကိုး နက်ဖြန် မန်းလေးတောင်ကိုသွားရအောင် မရောက်တာကြာပြီလေ” “ညနေပိုင်းမှသွားမယ်လေ မနက်ပိုင်းသွားရင်အပြန်ဆိုအရမ်းပူမှာ” “ ကိုးကိုး ဘယ်သူမှ မခေါ်ခဲ့နဲ့နော် ငေါတိုင်ပင်စရာရှိတယ်” “အေးပါ ဒါဆို ညနေခြောက်နာရီလောက်လာခေါ်မယ်လေ”   ညနေခြောက်နာရီလောက်ရောက်တော့ သူ့ကိုဝင်ခေါ်ပြီးတော့ မန်းလေးတောင်ကို ဆိုင်ကယ်နဲ့တက်လာခဲ့ကြပါတယ်။ နွေအခါဆိုတော့ ညနေခြောက်နာရီကျော်တာတောင်မှ အပူရှိန်သိပ်မကျ အလင်းရောင်လဲမပျောက်သေး။ တောင်တက်လမ်းမှာလဲကျန်းမာရေးအတွက် ခြေလျင်တောင်တက်နေသူတွေကလဲ တစ်လမ်းလုံးမပြတ်ပါဘူး။ မတ်စောက်တဲ့တောင်တက်လမ်းဖြစ်တော့ ဆိုင်ကယ်ကို ဂရုတစိုက်မောင်းလို့လာခဲ့ပါတယ်။ ခါတိုင်းဆိုရင် ပေါက်ပေါက်ဖောက်သလို တစ်လမ်းလုံး စကားပြောတတ်တဲ့ “ဘေဘေး”က ထူးထူးခြားခြား စကားတစ်ခွန်းမှမပြောဘဲ ငြိမ်ကုတ်လို့လိုက်လာပါတယ်။ ဒါနဲ့ဘဲတောင်ထိပ်ရောက်တော့ ဓါတ်လှေကားအခြေနားမှာ ဆိုင်ကယ်အပ်။ ပြီးတော့မှ ကျနော်တို့ထိုင်နေကျ တောင်မကြီးရဲ့ အရှေ့ဘက်အခြမ်းက စေတီအသစ်လေးဆီကို ဆင်းလာခဲ့ပါတယ်။ ဒီစေတီလေးအသစ်လေးရဲ့ ပုရဝုဏ်က  ကျယ်ဝန်းတဲ့အပြင် လူလဲရှင်းပါတယ်။ […]


“ခမ်းဟွမ်…………………………..” (ကြည်နူးရိပ်စွန်းသောနေ့ရက်များ…………….)(အပိုင်းတစ်)   ဒီနေ့မနက်ကျနော်အိပ်ယာနိုးတော့ မုးိတွေရွာနေပါတယ်။ အရမ်း သဲတယ်လဲမဆိုနိုင်ပေမယ့်အပြင်ဘက်မှာ လူအသွားအလာမရှိသလောက်။ လမ်းမပေါ်မှာတော့ မိုးရေစက်တွေက ဟိုတစ်ကွက်ဒီတစ်ကွက် အိုင်ထွန်းလို့နေပါတယ်။ တံစက်မြိတ်က ကျလာတဲ့မိုးစက်တွေက တဖြောက်ဖြောက်။ ကိုယ်နဲ့မသက်ဆိုင်တဲ့သူများမြို့ရွာကနေ ကိုယ့်အိမ်ကိုယ့်ယာပြန်ရမယ်ဆိုတော့စိတ်ထဲမှာပျော်သလိုလို၊ နွေးထွေးလာသလိုလို။ နောက်ဒီနေ့မှာ “ခမ်းဟွမ် “ဆီကနေ ပြတ်သားတဲ့အဖြေတစ်ခုရမယ့်နေ့။ ကျနော်ကိုလာကြိုမယ့်ကားက အလည်ပေါက်လို့ခေါ်တဲ့နန်းတော်ဂိတ်မှာလာစောင့်မှာပါ။ ကျနော်တည်းတဲ့ “စန်းဟွမ်” ဟိုတယ်ကနေလမ်းလျောက်သွားမယ်ဆို မန်းလေးအခေါ် သုံးပြလောက်ဘဲဝေးပါတယ်။ လာကြိုမယ့်အချိန်က မြန်မာလို(၇)နာရီ။ ဒီမြို့လေးကိုရောက်လာတော့ ပထမဆုံးတွေ့ရတဲ့အခက်အခဲ က အချိန်နာရီကွာခြားမူ့ပါဘဲ။ မြန်မာပြည်ပိုင်တဲ့”မူဆယ်”နဲ့ လမ်းလေးတစ်လမ်းသာခြားနားတဲ့တရုပ်ပြည်ပိုင်နက်က ”ကျယ်ဂေါင် “(jie gao) ဟိုဘက်နဲ့ဒီဘက်လမ်းကလေးသာခြားပေမယ့် အသုံးပြုတဲ့နာရီကတော့ တစ်နာရီခွဲတိတိကွာခြားပါတယ်။ သူတို့ကစောတာပါ။ အတိအကျပြောမယ်ဆိုရင်တော့ မူဆယ် -ကျယ်ဂေါင်-ရွှေလီက ကပ်နေတဲ့မြို့ပါ.။ လမ်းလေးတစ်လမ်းဘဲခြားပေမယ့် အချိန်နာရီကွာခြားတာကတော့ သူတို့က ပေ့ကျင်း(ခ)ပီကင်းစံတော်ချိန်ကို သုံးပြီးကျနော်တော်တို့ကရန်ကုန်ကိုအခြေပြုတဲ့မြန်မာစံတော်ချိန်ကိုသုံးတာကိုး။ ဒါပေမယ့် စိတ်တွေစောနေတဲ့ […]


“တိမ်းနွယ် ယိမ်းဖယ် စိမ်းလွယ်”(အပိုင်းလေး) (??????????????????????????)   “တင်ဇာနွယ်” “မင်းမင်း”ကိုစတွေ့တဲ့အချိန် ကတည်းက သူူကျမရင်ထဲကိုအလိုလိုရောက်သွားတာပါ။      ယောက်ျားတွေသာအလာများတဲ့ကျောက်ဝိုင်းမှာ အဖေနဲ့အတူ  ငယ်ငယ်ကတည်းက လုပ်ကိုင်စားသောက် လာခဲ့တဲ့ သူဆိုတော့လဲ ယောက်ျားဆိုတာလုပ်ဘော်ကိုင်ဘက်ထက်ပိုသဘောမထားတာလဲအမှန်ပါဘဲ။                     တစ်ခုတော့ ရှိပါတယ် ဘယ်သူကိုမှလဲအလုပ်သဘောထက်မပိုခဲ့သလို ဘယ်သူနဲ့မှလဲ နီးနီးကပ်ကပ်မနေခဲ့                       တဲ့အတွက် ကျမရဲ့ ရင်ခုန်သံလေးတွေမမြန်ခဲ့တာလဲဖြစ်နိုင်ပါတယ်။                                                                 တချို့သော ပါးစပ်ပေါ့တဲ့သူများက သွေးတိုးစမ်းချင်ပေမယ့် ကျမရဲ့မတင်းလွန်းမလျော့လွန်းတဲ့ဆက်ဆံရေး ကြောင့် သိပ်တော့လဲ လွန်လွန်ကဲကဲ မလုပ်ရဲကြပါဘူး။                                                                    မင်းမင်း နဲ့စတွေ့ချိန်မှာတော့ တည်ကြည်တဲ့သူစိတ်ဓါတ်လေးကို နှစ်သက်မိတာအမှန်ပါဘဲ။                                      ကျမထိခိုက်သွားတဲ့အချိန်မှာ သူ တယုတယပြုစုပေးခဲ့တာက ကျမရဲ့ငြိမ်သက်နေတဲ့နှလုံးသားကို ပုတ်နိုးလိုက်သလိုပါဘဲ။ ဖြစ်ချင်တော့ဒေါ်လေးရဲ့စီမံမူ့တွေကြောင့် မင်းမင်းနဲ့ ကျမပိုနီးစပ်ဘို့ သံယောဇဉ်တွေ တွယ်ညိဘို့ ဖြစ်လာပါတယ်။   အတူသွားအတူလာနေမိပြန်တော့ အခွင့်အရေးမယူတတ်တဲ့ အလိုက်သိလွန်းတဲ့ သူ့ကိုလေးစားချစ် ချစ်ရပြန်ပါတယ်။ သူနဲ့ကျမ မေတ္တာတရားနဲ့ဝေးတာချင်းတူပေမယ့် […]