လင်းလွန်းပင် သစ္စာ
ဟိုတစ်လောတုန်းက ပန်းပုရုပ်လေးတွေ ပြုလုပ်နည်း ကို ပို ့စ်အဖြစ်တင်မည်ဟု ကတိပေးပြီး
အလုပ်တွေ ပိနေသောကြောင့် မလုပ်ဖြစ်သေး။
ဒါပေမယ့် အချိန်နည်းနည်းရတာနဲ ့ 3D ပန်းပုရုပ်လေးတွေ လုပ်ပုံလုပ်နည်းကို အစအဆုံးတင်ပေးဘို ့
အစီအစဉ်တော့ ရှိပါသည်…။
နောက် မြင်းခြံက ကိုစောရဲ ့ပန်းပုရုပ်လေးတွေ မြင်တော့ သေချာသတိထားကြည့်တဲ့အခါ အရုပ်လေးတွေ
ရဲ ့လက်လေးတွေ ကျိုးပဲ ့နေတာမြင်တော့ နည်းစနစ်ပိုင်းလေး ကူညီပြောပြချင်မိသည်..
ဒါပေမယ့် ကိုယ့်မှာကလည်း မအားသေးသောကြောင့် အရုပ်ကို မလုပ်ဖြစ်သေး..။
ဒီပန်းပုရုပ်လေးတွေ ပြုလုပ်ရတာ စိတ်ငြိမ်သည်.. ပျော်ရွှင်မိသည်..။
တစ်ကယ်တော့ ကျနော်က ပန်းပုပညာကို ဘယ်မှာမှ မသင်ခဲ့ရပါ။ ပန်းချီကို သာ တစ်စိုက်မတ်မတ်ဆွဲတဲ့သူ..။
ပန်းပုကို စပြီး ထိတွေ ့ပြုလုပ်ခဲ့ရဘို ့ အကြောင်းတစ်ခု ဆုံလာတဲ့အခါ..ပန်းပုပညာဆိုတာကို သင်ချိန်တောင်
မရဘဲ လက်တွေ ့လုပ်ခဲ့ရလေသည်..။
ထိုအကြောင်းအရာများကို တွေးမိတဲ့အခါတိုင်း ပါရမီဆိုသော စကားလုံးက ရင်ထဲအလိုလို ရောက်လာသည်….ကျနော် သိမြင်တဲ့ ပါရမီဆိုတဲ့ စကားကို ကိုယ်က တစ်ပါးသောသူတို ့အတွက် ဖြည့်ဆည်းပေးခြင်းဟု နားလည်မိခဲ့သည်..။
ပါရမီ………………….
ကိုယ်က သူများကို ပါရမီဖြည့်ဆည်းပေးတဲ့အခါ…..ကိုယ့်အတွက် ပါရမီ ဖြစ်လာခဲ့လေသလား..။
အပေါ်က ဗုဒ္ဓဘုရားရှင်ပုံတော်သည် ကျနော် ကိုယ်တိုင်ထာလုပ်ထားသော ပန်းပုလက်ရာဖြစ်သည်..။
ဥရောပမှာ ရောင်းချသော ပုံတော်တို ့သည်..ထိုင်းလက်ရာ တရုပ်လက်ရာ များသောကြောင့် ..
နီပေါနိုင်ငံသား ဘုရားရှင်၏ မျက်နှာကျဖြစ်အောင် စိတ်တိုင်းကျကိုယ်တိုင် ထုလုပ်ပူဖော်ခဲ့ခြင်းသာ ဖြစ်သည်.
ဘုရားပုံတော်ကို ဘဝမှာ ဒုတိယအကြိမ်ထုလုပ်ပူဇော်ခြင်းဖြစ်သည်….။
ပထမဆုံးထုလုပ်ခဲ့သော ဘုရားပုံတော်သည် ကျနော့်ဘဝမှာ ပထမဆုံးသော ပန်းပုဖြစ်ခဲ့သည်..
ထိုသို ့ပထမဆုံး ထုလုပ်ပူဇော်ခွင့်ရသော အမှတ်တယ အကြောင်းလေးကို ကျနော့်ရင်ထဲမှာ
လင်းလွန်းပင် သစ္စာဟု သေသည့်တိုင် ကဗျည်းထိုးထားမိခဲ့သည်..
……………..
……………..
လင်းလွန်းပင် သစ္စာ……။
အမှန်တစ်ကယ်က ကျနော်က ဆုတောင်းသော အလုပ်ကို မလုပ်ချင်….အားမနာတမ်းပြောရမယ်ဆိုရင်တော့ မယုံတာပါ….။
ကံ၊ဉာဏ်၊ဝီရိယ ၃ ပါးကိုသာ အားကို းဘို ့ ဘုရားဟောကိုသာ လက်ခံသူ…။
ကိုယ်ဖြစ်ချင် ကိုယ်လုပ်…ကိုယ်ကျိုးစား၊ကိုယ်လုပ် ကိုယ်ခံ…။
ဒါပေမယ့် ကျနော်က သစ္စာကိုတော့ ယုံကြည် လေးစားသည်…။ လိုက်နာကျင့်ကြံသည်…။
သစ္စာ၏အနက်မှာ အမှန်ဟု လက်ခံထားသည်..။
မှန်တာကို ပြောတာ..သစ္စာ။ သစ္စာမှန်လျှင် နွယ်မြစ်သစ်ပင်သော်တောင်မှ ဆေးဘက်ဝင်သည်..။
ယခု လင်းလွန်းပင် သစ္စာဟု အမည်ပေးထားသည်မှာလည်း သထုံမြသပိတ်တောင်ခြေမှာ ဆိုခဲ ့ဘူးသော သစ္စာတရား၏ အကျိုးပေးပုံကိုအမှတ်တရဖြင့်ရေးလို ့ဖြစ်သည်….။
သထုံမြသပိတ်တောင်ခြေတွင် ပဋိယတ္တိဖြင့် ကြော်ကြားသော “မဟာသဒ္ဓမ္မဇောတိကရာမ” စာသင်တိုက်ကြီးရှိသည်၊ ဆရာတော်ကြီးမှာ သက်တော် ၇ဝခန် ့ရှိပြီး ပိဋကတ်၃ပုံကို
ထောင်းထောင်းကျေကျေ နိုင်နင်းလှသော တိပိကတ္တဋ ဘွဲ ့ခံ ဆရာတော်ကြီးဖြစ်သည်…စာသင်ရဟန်းများမှာ အပါး ၅၀ဝခန် ့ရှိသည်….။
သထုံမြို ့ထဲမှ လာလျှင် ကားလမ်းမှာ ဖြောင့်နေသည်….။ကျောင်းကို တိုက်ရိုက်ရောက်သည်… ကျောင်းဝမှာ ခြင်္သေ့ကြီး၂ကောင်ရုပ်ထုဖြင့် ထယ်ဝါလှသည်။ ကျောင်းဝန်းထဲတွင် ဗုဒ္ဓဂါယာ စေတီ ပုံတူလည်းရှိပါသည်…
ထို ဗုဒ္ဓဂါယာ စေတီ အနီးအနားတွင် ယခု သတ္တဌာန ရ ဌာနရှိသည်….။အရင်က ၆ဌာနဘဲ ရှိသည်….လင်းလွန်းပင်နေရာမှာ ဘာဘုရားပုံတော်မှ မရှိပါ…။ ထိုမြသပိတ်တောင်ဆိုတာကလည်း သိုက်သမိုင်းတွေနဲ ့ပါတ်သက်လျှင် နာမည်ကြီးသည်..။ ယခုထိလည်း နာမည်ကြီးတုန်းပါ…။
ဆရာတော်မှာ ထို သတ္တဌာနကို ဘုရားရုပ်ထုတော်များအတွက် ဒကာများနှင့် ညှိနှိုင်းကာ တစ်ပြိုင်နက် အကောင်အထည် ဖော်ခြင်းဖြစ်သည်…။ ကျန်သော ၆ဌာနမှာ ဘာမှ မဖြစ်ပေမယ့် လင်းလွန်းပင်နေရာကတော့ ပြသနာ တခုကို စကြုံတွေ ့ခဲ ့သည်…။
အလှုရှင်ရော၊ ပန်းပုပန်းရံဆရာပါ…စတင်ပြုလုပ်ချိန်မှာဘဲ တစ်ပြိုင်တည်းလို သေဆုံးခဲ ့သည်…။
တိုက်ဆိုင်လို ့ပါဟု သဘောထားကာ ဒကာထပ်ရှာ ပန်းရံဆရာ ထပ်ရှာပြီး ပြန်စသည်….ဒုတိယအကြိမ် ၂ရက်၃ရက်ခြားဖြင့် သေဆုံးသွားပြန်သည်…။ ဆရာတော်က လက်မခံ တတိယ အကြိမ် ပြန်ပြီးလုပ်…..ဒကာရော ဆရာပါ…သေဆုံးပြန်တော့…
ဘယ်သူမှ ဆက်မလုပ်ရဲတော့…ဆရာတော်မှာလည်း ဒကာများကို ငဲ ့ပြီး ဆက်လုပ်ရန် မမိန် ့ဆိုတော့….။
နှစ်တွေသာကြာလာသည် ထိုသတ္တဌာနမှာ….၆ ဌာနနှင့်ဘဲ ရပ်နေခဲ ့ပြီး ခြောက်ခြောက်သွေ ့သွေ ့နှင့်ပါ..။ ညဘက်ဆို ဘယ်သူမှ မသွားပါ၊ ဇရပ်မှာလဲ အိပ်ရဲသူမရှိပါ…။
ဒါပေမယ့် အချိန်အခါ ဆိုတာ ရောက်လာပြီ ဆိုရင်တော့ ဆိုက်ဆိုက်မြိုက်မြိုက်ပါ…။
ကျနော်တို့က သထုံမြို ့တောင်ဘက် ၁၅ မိုင်ဝေးသော ရွာ( ဇနီး၏ ဇာတိရွာ)လေးမှာနေသည်…အိမ်ဘေးတွင် ဂျပန်ခေတ် က တော်လှန်ရေးတွင် ပါဝင်ခဲ ့သော မော်ကွန်းဝင် သခင်မကြီး နေထိုင်ပါသည်….။ကျနော်တို ့က အဘွားဟုခေါ်ပါသည်။ အဘွားမှာ အသက် ၈ဝ နီးပါးရှိပြီး အောက်ပိုင်းမှာ လေဖြတ်ခံထားသဖြင် ့လမ်းမလျှောက်နိုင်ပါ။
ကျနော့် အမျိုးသမီးနှင် ့ထိုမိသားစုလေးမှာ နှစ်အိမ် ့တစ်အိမ်ခင်မင်စွာနေကြသည်..။
အဘွားက ထို မြသပိတ်တောင်ခြေ ကျောင်း၏ တပည့်ရင်းဒကာရင်းဖြစ်သည်..။
တစ်နေ ့တော့ အဘွားက “ငါ အသက်လဲ ကြီးပြီ…လေလဲ ဖြတ်ထားတယ်
၊ဒီအချိန်မှာ သေလဲ ဘာမှ မထူးဘူး၊ အဲဒီလင်းလွန်းပင်ဘုရားကို ငါ ဒကာခံမယ်” ဟုပြောသောအခါ သူ ့မိသားစုကလဲ လှုဘို ့စီစဉ်ကြပါသည်….။
ဆရာတော်ကို လျှောက်သောအခါ ဆရာတော်က သာဓု ခေါ်ပြီး ခွင့်ပြုပါသည်….။ အဘွားက လှုရဲ သေရဲ သော်လဲ ပန်းရံ ဆရာ ရှာလို ့မရပါ။ အားလုံးက နာမည်ကြားဘူးယုံနှင် ့ လန် ့နေကြသည်….။ ရှောင်ကြရှားကြသည်..။
တစ်ကယ်တန်းဆိုလျှင် ကျနော့် ယောက်ဖ ၂ယောက်က ပန်းရံ ဆရာကြီးတွေပါ…။ ပညာတော်ပါသည်…ယောက်ဖအငယ်ကတော့ နောက်လိုက်ပေါ့….။ သထုံဘက်မှာ ဆရာ ရှာမရတော့ ယောက်ဖအကြီးဘက်လှည့်လာသည်…ဆွေလိုမျိုးလို ဖြစ်နေလို ့အဘွားဆန္ဒဖြည့်တဲ ့အနေနဲ ့
အလုပ်လက်ခံ ပေးဘို ့လာပြောသည်…။ မနက်လာပြောပြီး ညနေပိုင်းကျ ယောက်ဖကြီးက ကွင်း( သဲကုန်း၊ဗိုင်လောင်းပင်လယ်ကမ်းခြေ ရွာများ)ထဲမှာ အလုပ်သွားရမယ်ဆိုပြီးလစ်ပြေးတော့သည်..။
လူဆိုတာ သေမျိုးဆိုပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ ့တော့ မသေချင်ဟု ပြောခဲ ့သည်..။အပြစ်ပြောလို ့တော့ မရပါ…။ အစက ဒီအကြောင်းကို ကျနော်မသိသေးပါ…။
နောက်မှ အဘွားမြည်း( ယခု စင်္ကာပူတွင်နေထိုင်) ၊ ယောက်ဖငယ်နှင် ကျနော်တို ့ညဘက်လက်ဖက်ရည်ဆိုင်ထိုင်ရင်း သူတို ့တိုင်ပင်နေကြသည်…ယောက်ဖငယ်ကို အကူအညီတောင်းနေတာကိုး.။ ယောက်ဖငယ်မှာ မျက်လုံးလေးပုတ်ခတ်ပုတ်ခတ်နဲ ့ ငြင်းရခက်၊လက်ခံရခက်ဖြစ်နေပြီး…။ နောက်မှ ကိုယ်တော်ချော ၂ယောက်တိုင်ပင်ပြီး အကို ကူညီနိုင်မလား…ဖြစ်နိုင်ရင်ကူညီ ပေးပါဟုပြောလာသည်။ ဘာကိုလည်းဟုမေးမှ အကြောင်းစုံပြောပြသည်….။အမှန်ဆို ကျနော်ပန်းချီသာဆွဲတာ ရုပ်ထုတို ့ပန်းပုတို ့တစ်ခါမှ မလုပ်ဘူးပါ…။ သူတို ့ပြောတာက အကို ပန်းချီဆွဲတတ်တာဘဲ ၊ နောက်ပြီး အကို ့ကို ယုံလို ့ပါဟု ပြောလာသည်။
( ကျနော် အကြောင်းသင့်လျှင်တော့ ဝိဉာဉ် လောကနှင့် ပါတ်သက်တာလေးတွေ၊ရေးပါဦးမည်…ဒါပေမယ့် ကျနော် ဆရာကြီးမဟုတ်ပါ)။
ကျနော်လည်းစဉ်းစားပြီး တစ်ထိုင်ထဲနှင့် လုပ်မယ်ဟု ဂတိပေးလိုက်သည်.ချွင်းချက်အနေနဲ ့ငါ ပိုက်ဆံနဲ ့မလုပ် ပညာဒါန ပြုမည်ဟုပြောသောအခါ အဘွားမြည်းကတော့ ပျော်သွားသည်…ကျနော့် ယောက်ဖကတော့ မျက်နှာငယ်လေးနှင့်။
အိမ်ပြန်ရောက်တော့ ဇနီးကို ပြောပြသောအခါ မျက်နှာငြိုးသွားသည်။ သူဘယ်လိုခံစားရမယ်ဆိုတာ ကိုယ်ချင်းစာပါတယ်။
ခလး၂ယောက်နှင့်၊ ကျနော်များတစ်ခုခု ဖြစ်ခဲ ့လျှင် သူရင်ဆိုင်ရမယ့် ဘဝကိုလဲ သိပါတယ်…။သူ ့ကို နားလည်အောင်ပြောပြရပါတယ်…။ ကိုယ်တို ့က ဗုဒ္ဓဘာသာတွေပါ…ခုကိုယ်လုပ်မှာ သာသနာ့မြေရဲ ့လိုအပ်ချက်ကို ဖြည့်ပေးချင်တာပါ…နောက်ပြီး ကိုယ်က ဗုဒ္ဓဘာသာကို ယုံကြည်လွန်းလို ့ ဆွေဖြတ်မျိုးဖြတ်
စွန် ့လွှတ်ကိုးကွယ်နေတဲ့သူ…
ငါသေသွားခဲ ့ရင်လဲ မကောင်းမှု ကျူးလွန်လို ့သေတာမဟုတ်၊ ဘုရားရုပ်ပွားတော် ထုလုပ်လို ့သေတာ၊ မင်းဂုဏ်တောင်ယူရဦးမှာ…
ဒါပေမယ့် ငါသိတယ်…ငါမသေဘူး….။ နောက်ပြီး မင်းစဉ်းစား ၊ဒါ ဒါနအလှု ၊ဗုဒ္ဓဘုရားက မင်းတို ့မိရိုးဖလာ ကိုးကွယ်လာတာပါ…။
ဘုရားရှင်ဆိုတာ မေတ္တာကရုဏာရှင်ပါ…လူမသတ်ပါဘူး……စသဖြင့် နားလည်အောင် ပြောပြရပါတယ်..( ဒီလိုရေးနေလို ့ ပိုရန်ကောကွာလို ့ထင်ခဲ ့ရင် မြသပိတ်တောင်ခြေမှာ စုံစမ်းလို ့ရပါတယ်….ရာဇဝင်နဲ ့ပါ)။
ယောက္ခမကလည်းတားပါသေးတယ်…သူ ့သားအငယ်ပါသွားရမှာကိုး…။
ကျနော်ကတော့ ဆုံးဖြတ်ပြိးရင် ခေါင်းမခါတတ်တော့ပါဘူး….
“ အမေရယ်..သံသရာမှာ မကျွတ်မလွတ်နိုင်လို ့ ဒီ ၃၁ဘုံမှာ ထပ်ကျင်လည်နေရတယ်… အတိတ်ကံရှိတော့
ဘာသာခြားဘဝမှာ ပင်ပန်းဆင်းရဲစွာ နေခဲ့ရတယ်..အခုကျနော် ရွှေငွေဂုဏ် ဆွေမျိုးဂုဏ်ကျနော့်မှာ ဘာမှမရှိပေမယ့် ၊ ဗုဒ္ဓဘာသာဝင်တစ်ဦးအဖြစ်ကျနော် စိတ်ချမ်းမြေ့စွာနေရပါတယ်..ဒါပေမယ့် ကျနော်
ရေပေါ်ဆီ ဗုဒ္ဓဘာသာဝင်ဘဝ၊ သားကျွေးမှု မယားကျွေးမှုအတွက်ရုန်းကန်ရင်းရင်း သေရမယ့် ဆုံလည်နွား
အဖြစ်နဲ့စာရင် ကျနော်ချစ်တဲ့ ဗုဒ္ဓပုံတော် ထုလုပ်ရင်း ကျနော်ကို သေခွင့်ပေးပါ…”
………………….
………………….
ကျနော့်စကားကို မဒမ့်အမေက မျက်ရည်ကျရင်း သမီးနဲ ့မြေးလေးတွေကို သနားစိတ်နဲ ့ကြည့်ရင်း
ကျနော့်ကို ခွင့်ပြုခဲ့ပါတယ်..။
နောက်ဆုံးတော့ ကျနော်ရယ်၊ အဘွားမြည်းအောင်အောင်ရယ်၊ ယောက်ဖ မောင်စိုးရယ် ၃ယောက် သထုံကိုချီတက်ကြပါတော့တယ်…။
………………………………။………………………………
သထုံရောက်တော့ ဆရာတော်လာတွေ ့ပါတယ်…ပြီးတော့ ပန်းပု အချိုးတွေ ရွတ်ပြစမ်းကွာတဲ ့။ ကျနော်ကလည်း တပည့်တော် ပန်းပု မထုဘူးပါဘူးဘုရား…ပန်းချီဘဲ ဆွဲတတ်တာပါဆိုတော့“ ပန်းပု မထုဘူးဘဲနဲ ့ပန်းပုထုမယ်…မဖြစ်ရင် အစကတည်းက မလုပ်ဘို ့ ပြောရော..။အဲတော့ ကျနော်ကလည်း ပန်းပုနဲ ့ပန်းရံဟာ အချိုးတူတဲ ့အကြောင်း လက်တွေ ့ပုံတော်ကို ရေးဆွဲပြမှ ဆရာတော်ကလက်ခံပါတယ်…။ ဒါတောင်ဆရာတော်ကြီးက“ အေး…ဒီမှာတော့ ရန်ကုန် လက်ရာ၊ မန္တလေးလက်ရာ၊ ဘီလူးကျွန်းလက်ရာ ဆရာစုံနေတာဘဲ…မင်းသူတို ့ထက်သာအောင်လုပ်” လို ့ ထပ်မိန် ့သေးတယ်….ကျနော်ကတော့
“ စောင့်ကြည့်ပါဘုရား” ဘဲ ပြောရတာပေါ့…။
လိုအပ်တဲ ့ပစ္စည်းတွေ ဝယ်ရင်းဘဲ တစ်နေ ့ကုန်ပါတယ်…ညဘက်လဲ ရောက်ရော…အောင်အောင်တို ့အမဝမ်းကွဲက အိမ်မှာ လိုက်အိပ်ဘို ့၊ဒီမှာ မအိပ်ဘို ့ကားနဲ ့လာခေါ်ပါတယ်…လုံးဝ မအိပ်ခိုင်းပါဘူး…။ ဒါပေမယ့် ကျနော်က ဒီမှာ တရားထိုင်ချင်လို ့ပါ…ဒီမှာဘဲ အိပ်မယ် ဇွတ်ပြောမှ ပြန်သွားပါတယ်…။ ကျနော်တို ့အိပ်မှာက လင်းလွန်းပင် နောက်က ဇရပ်လေးမှာပါ….။
တော်တော်လေးမိုးချုပ်တော့ ဘုန်းကြီးတပါး အတင်းလာခေါ်ပါတယ်…ဒီဇရပ်မှာ မအိပ်နဲ ့တဲ ့…သူ ့ဇရပ်မှာ လိုက်အိပ်ဘို ့ အတင်းလာခေါ်ပါတယ်…။
ကျနော်က ခေါင်းမာတယ်…ဒီမှာဘဲ အိပ်ပါရစေလို ့ပြောတော့ ဘုန်းကြီးက အရေး အကြောင်းရှိရင် ဘုန်းကြီးဇရပ်ကိုပြေးလာတဲ ့။
။အောင်အောင်နဲ ့မောင်စိုးကတော့ မျက်နှာလေးတွေက ဇီးရွက်လောက်ဘဲ ရှိတော့တာ…။ ညမှောင်တော့ ၅ပါးသီလ ယူကြပါတယ်…၃ယောက်လုံးပါ….။ ပထမ ၄ပါး အထိ ဘာမှ မဖြစ်ပေမယ့် မုသာဝါဒါ ကံ ရောက်ရင် ကြက်သီးတွေ တစ်ကိုယ်လုံးထပါတယ်…။ နောက်ခွေးတွေအူကြတာ တတောလုံးတတောင်လုံးလိုပါဘဲ…။
တော်တော်ထူးခြားတဲ ့နေရာပါ…အသံတွေကလဲ အစုံဘဲ ကြားနေရပါတယ်..။ အနံ ့တွေ ရပါတယ်..။
ကျနော်ကတော့“ ကျနော်အခု လုပ်နေတာ ဘုရားသာသနာ အတွက်ပါ….ကျနော့်ရဲ ့ဘဝဘဝက ဆွေမျိုးမိဘ မောင်နှမတွေ ဒီနယ်မြေမှာ ရှိနေကြတာ ကျနော်သိပါတယ်…ဘဝအစွဲတွေ မပြတ်နိုင်လို ့မကျွတ်မလွတ်ဖြစ်ပြီး သာသနာ့ မြေမှာ နေနေကြတယ်…ပြီးတော့ သာသနာလုပ်ငန်းလုပ်နေတဲ ့သူကိုမှ နှောက်ယှက်ဦးမယ်ဆို ဘယ်လိုလုပ် ကုသိုလ်တရားရနိုင်မလဲ…စဉ်းစားပါ…ကိုယ်လုပ်တာမှန်တယ်ထင်ရင်တော့ ဆက်လုပ်ပါ…ငါ့ ခန္ဒာကိုတော့ ဘုရားကိုလှုထားပြီးပြီ….ဘုရားတဲ ့စွမ်းရင်တော့ ငါ့ကို ကြိုက်သလိုသာလုပ်” လို ့ပြောပြီး ပုတီးစိတ် ၊တရားထိုင် မေတ္တာပို့ပါတယ်..။
ညဘက်ရောက်မှ အိပ်မက်ထဲမှာ အသားညိုညို ဆံပင်ရှည်လေးနဲ ့အမျိုးသမီးငယ်တစ်ယောက်က အနောက်တောင်ဘက်နားမှာ ကျင်ငယ်မစွန် ့ဘို ့ ကြမ်းတမ်းသောစကားတွေ မပြောမိစေဘို ့ အကို ့ကို လာပြောတာပါ” လို ့ပြောပါတယ်….။
…….
မနက်မိုးလင်းတော့ တခေါ်လောက်ဝေးတဲ ့ လဘက်ရည်ဆိုင်မှာ လဘက်ရည်သွားသောက်တော့….ဝိုင်းကြည့်နေကြတာ…
နောက်မှ ဆိုင်က ကောင်မလေးက ပန်းပု ပန်းရံ ဆရာတွေလားတဲ ့။
ဟုတ်ပါတယ် ဘာဖြစ်လို ့လဲဆိုတော့ “ ညတွင်းချင်း ပြေးမယ်လို ့ထင်နေကြတာ”တဲ ့..။ ဘာဖြစ်လို ့လဲလို ့အစ်အောက်မေးမှအဲဒီဇရပ်က လူမပြောနဲ ့ဘုန်းကြီးတွေတောင်မအိပ်ရဲဘူးဆိုပြီး ဇာတ်စုံခင်းတော့တာ…။
ပြီးတာနဲ ့ဟို၂ ယောက်က ဖောက်လာပြီ…ဒီည မြို ့ထဲက အမအိမ်မှာ သွားအိပ်ရအောင်တွေ ဘာတွေဖြစ်လာရော…
သူတို ့အမကလဲ ကားနဲ ့ရောက်လာပြီး“ ညက ဘာဖြစ်သေးလဲ”လို ့မေးပါတယ်…ဘာမှ မဖြစ်ပါဘူးဆိုမှ…တော်သေးတာပေါ့တဲ့…။
ပြောရမယ်ဆိုရင်ဗျာ…အလုပ်လုပ်လိုက် ဟို၂ယောက်ကို ဆွဲထားလိုက်နဲ ့ဘဲ ၃ရက်မြောက်နေ ့မှာတော့ ဘုရားမျက်နှာတော်ပါအချောကိုင်နေပါပြီ….ကျနော့်လက်တွေကို ကိုယ်တိုင်တောင်အံ့ဩရပါတယ်…။
၃ရက်မြေက်နေ ့မှာဘဲ မိုးလေးတဖွဲဖွဲရွာနေတုန်း ဆရာတော်ကြီး ဆွမ်းခံပြန်ရင်း( သက်တော် ၇ဝ ကျော်နေတဲ ့ကျောင်းထိုင်ဆရာတော်ကြီးက ကိုယ်တိုင်ဆွမ်းခံပါတယ်…ကျနော်တော်တော်လေးစားကြည်ညိုမိပါတယ်) လှည့်ဝင်လာပါတယ်…။
ဘယ်လောက်ပြီးပြီလဲ ဒကာလေးလို ့မေးရင်း ပုံတော်ကိုတွေ ့တံ ့အခါ….ငါတို ့ဘုရားရှင်ဟာ အိနိ္ဒယနွယ်ဖွားကွ….ကျောင်းဝင်းထဲမှာ ရုပ်ထုပုံတော်တွေအများကြီးဘဲ…ဒါပေမယ့် ဒီလို မျက်နှာတော် မဖူးဘူးသေးဘူ….ခုမှဘဲ အိနိ္ဒယ ဘုရားဖူးရတော့တယ်…ငါမနေနိုင်တော့ဘူးကွ ဆိုပြီး မိုးရွာထဲမှာဘဲ သပိတ်ကိုဘေးချပြီး အကြိမ်ကြိမ်ကန်တော့ပါတော့တယ်ဗျာ…။
အမှန်ဆို ပုံတော်က လက်စမသပ်ရသေးသလို အနေကဇာလဲ မတင်ရသေးပါဘူး….ဒါပေမယ့် ဆရာတော် စကားကြားမှ ကိုယ့်မှာလည်း သက်ပြင်းချနိုင်ပါတော့တယ်….။လူတွေလည်းဘယ်ကဘယ်ကရောက်လာမှန်းမသိပါဘူး….။
နောက်ဆုံးတော့ အောင်မြင်စွာဘဲ ပြီးမြောက်ခဲ ့ပါတယ်….။ အနေကဇာတင်ပွဲကိုလည်း အောင်မြင်စွာ ပြုလုပ်နိုင်ခဲ ့ပါတယ်…။
ပြန်ရတော့မယ့် နောက်ဆုံးနေ ့မှာမှ ကျနော် ဘုရားရှေ ့မှာသစ္စာဆိုခဲ ့ပါတယ်…။
“အရှင်ဘုရား….ဒီလင်းလွန်းပင် သတ္တဌာနဘုရားပုံတော်ကို တပည့်တော် အောင်မြင်စွာထုလုပ်နိုင်ခဲ ့ပါတယ်…ဒီပုံတော် ပြီးသည့်နေက် သေမလားရှင်မလား…တပည့်တော် မသိပါ….
အကယ်လို ့မသေခဲ့လျှင်…တပည် ့တော် ဘဝမှာ ပန်းပု ပညာနဲ ့ပါတ်သက်ကြုံတွေ ့လာခဲ့လျှင်
ထူးခြားသောလက်ကို ပေးသနားတော်မူပါ…သေမည်ဆိုလျှင်လည်း တပည် ့တော် အသက်ကို လှုပါမည်” လို ့သစ္စာဆိုခဲ ့ဘူးပါတယ်….။
………………………………….
လွန်ခဲ ့တဲ ့၅နှစ်လောက်မှာတော့ ဆရာတော် ပျံလွန်တော်မူခဲ ့ပါတယ်…။
တမြန်နှစ်ကတော့ အဘွားဆုံးပါးခဲ ့ပါတယ်……..။
ကျနော်ကတော့ မထင်မှတ်ဘဲ ပန်းပုရုပ်ကလေးတွေနဲ ့ဘဝကို အတူ ရင်ဆိုင်နေဆဲပေါ့…..။
…….
…….
အရင်က တင်ဘူးသော ပန်းပုရုပ်ကလေးတွေပါ ပြန်တင်ပေးလိုက်ပါသည်
(သထုံ မြသပိတ်တောင်ခြေမှာ ဘုရားပုံတော်ထုလုပ်ရင်း ကြုံတွေ ့ရသောတစ်ချို ့သော ပရလောက အကြောင်းနေရာလေးတွေမှာ ပြောပြလျှင် လက်တွေ ့မဟုတ်ပါက ယုံကြည်ဘို ့ခက်သောကြောင့် ချန်လှပ်ထားခဲ ့ပါသည်)
အားလုံးဘဲသစ္စာဖြင့် အရာရာ အောင်မြင်နိုင်ကြပါစေ…။
ခေါင်
40 comments
MAUNG
December 17, 2013 at 6:17 am
သာဓု သာဓု သာဓု ပါဗျာ
ကျော်စွာခေါင်
December 18, 2013 at 12:40 am
ကိုမောင်
မနက်အိပ်ယာနိုးချိန်မှာ ကိုမောင်ရဲ ့သာဓုခေါ်သံလေးက မနက်ခင်းတစ်ခုလုံး ပီတိစိတ်နဲ ့ကြည်နူးမိပါတယ် ကိုမောင်.။
YUYA MON
December 17, 2013 at 6:41 am
_/|\_/|\_/|\_
GREAT!!!!!
ကျော်စွာခေါင်
December 18, 2013 at 12:42 am
ယုယမွန်ရေ
ကျေးဇူးနော်………………….
ဦးကျောက်ခဲ
December 17, 2013 at 7:43 am
ဒါမျိုးတွေက မမြင်ရတာမို့ မယုံဘူးလုပ်လို့မရဘူး အကိုကြီးရဲ့…
အနီးစပ်ဆုံး ဥပမာပေးရရင် ရဟန်းန္တာလို့ ကျော်ဇောတဲ့…
ဝေဘူဆရာတော်၊ ညောင်လွန့်ဆရာတော်၊ စွန်းလွန်းဆရာတော် တို့နဲ့…
သထုံ နေမိန္နတောင်ပေါ်က သိမ်သမုတ်တဲ့ အဖြစ်ကိုကြည့်လေ…
အကိုကြီးဘဝက စဉ်းစားကြည့်ရင် အထုံအဆက် ပါရမီလို့ ထင်ပါတယ်ဗျာ…
စကားမစပ်… ကျောက်စ်အကိုကြီးက ရူပါဓနံ ပီယဝါစာ ဆိုတော့…
ဥစ္စာစောင့် တရဲမလေးတွေတောင် ကြည်တယ်… ဟီ ဟိ
😀
ကျော်စွာခေါင်
December 18, 2013 at 12:49 am
ကိုကျောက်ရေ
ဒီလောကသားတွေဟာ ၃၁ ဘုံထဲမှာဘဲ ရှိတာလေ…မယုံလို ့မရဘူး…မယုံသေးဘူးဆိုတာကလည်း မကြုံသေးလို ့ပါလေ..။
အထုံအဆက်ဆိုတာကိုတော့ ကျနော်လည်းတွေးမိတယ် ကိုကျောက်…နောက်ကြုံတော့ ပြောဖြစ်မှာပါလေ…
ဥစ္စာစောင့်မလေးတွေ အကြောင်းကတော့ အမှတ်တယ ပေါ့…။
ဦးကြောင်ကြီး
December 17, 2013 at 8:37 am
ပရလောက အကြောင်းရေးပါဗျ.. သံစဉ်ခိုင် သမီးတော်ဂလေးနဲ့ နီးဖို့ သူ့အဖေ သဂျီးဇုတ် အကျွတ်တရား ရမှ ဖြစ်မှာ…။ အခုလို လက်တွေ့ကြုံဖူး သိဖူးတွေ ပွင့်ပွင့်လင်းလင်း ရေးမှ ဖတ်ရသူအဖို့ တန်ဖိုးရှိတဲ့ ဗဟုသုတ ဖြစ်ပါမယ်။ တော်ရုံ အများစုက သူများပြောနဲ့ ဆိတ်အထင်နဲ့ ဝေဝေဝါးဝါး ပြောနေဂျဒေါ့ ပုံပြင် ဒဏ္ဍာရီလို ဖြစ်နေဒယ်။ မြန်တျန့်ဂေဇက်မှသည် သရဲဂေဇက်ဆီသို့…. ယေး.. မာမွတ်ခိုမ် သဂျီးဇုတ် သေလျင် နာနာဘာဝ ကျိန်းသေဖြစ်မည်။
ကျော်စွာခေါင်
December 18, 2013 at 12:54 am
ကိုကြောင်ရေ
အမြဲအားပေးတာ ကျေးဇူးပါဗျာ..ခုလိုအားပေးတော့ ရေးအားလဲ ရှိပါတယ်..
….
ပြောလဲပြောတတ်တယ် ကိုကြောင်
မြန်တျန် ့ဂေဇက်မှသည်…သရဲဂေဇက်ဆီသို ့ …တဲ့..
….
မြန်မာ့ သရဲ ကမ ္ဘာကို လွှမ်းရမည် ဆိုရင်ကော……
စကားမစပ်….
သူဂျီးကို တော်တော်ခင်မင်ပုံရတယ်နော်..ခုခွိ။ း)
no non negative
December 17, 2013 at 9:15 am
bro ကတော့ စုံပါပကွယ်
အဂိ္ဂရတ် နဲ့ ပတ်သက် ဒဲ့ စာအုပ် လေး တွေး လဲ ရှဲ ပေး ပါ လား
ဖို လုပ် နည်း လေး လဲ ရှဲ ပေး ပါ၊ လုံ တွေ ကော ဘယ် မှာ ဝယ် ရ လဲ
အခြေခံ ဓတ်ကျမ်း ဒေါ့ ဖတ် ပီး ပီ
ရန်ကုန် ပြန်ရာက် ရင် ဖို စ ထိုး ကြည့်ချင် လို
နောက် ပြီး ရန်ကုန် ပြန်ရာက် မှ ကပ္ပလင်္ကာရကျမ်း ကို ဝယ် ဖတ် အုံး မယ် 🙂
ကျော်စွာခေါင်
December 18, 2013 at 1:03 am
Bro ရေ
ကျနော့်မှာတော့ ဘာစာအုပ်မှ မရှိတော့ပါဘူး..ခုတစ်လောတွေ ့မိတာက နက္ခတ္တရောင်ခြည်က အဂ္ဂိရတ်ဆောင်းပါးတွေ စုစည်းပြီး
အဂ္ဂိရတ် ရောင်ခြည်မဂ္ဂဇင်းထုတ်နေတယ်လို ့သိရတယ်..အထောက်အကူဖြစ်ပါလိမ် ့မယ်..။
ကပ္ပလင်္ကာရကျမ်းကို ကြားဘူးတာက စာတွေကို အနက်ဖော်ဘို ့ခက်လိမ် ့မယ်ထင်တယ်..။
ဆေးတို ့လုံတို ့ကတော့ စိန်ဂျွမ်းဈေးတို ့သိမ်ကြီးဈေးတို ့ကပရဆေးဆိုင်တွေမှာ ဝယ်လို ့ရတယ်..
ဒါပေမယ့် ကိုယ့်ဘာသာ မဝယ်ပါနဲ ့..တစ်ကယ် ဒီအလုပ်ကို လုပ်နေသူတွေနဲ ့မေးမြန်းပြီးဝယ်ပါ..အတုတွေများတယ်..။
ဖိုလုပ်နည်းကိုလည်းဒီမှာရေးရမှာ အရှည်ကြီးဘဲ…တတ်သိနားလည်သူကိုမေးပြိးလုပ်ပါ။။
စိတ်သန်လို ့လုပ်ချင်တော့ လုပ်ပါ…
ဖိုခွင်ကို အိမ်ထဲ အိမ်အောက်မှာ မဆင်ရပါဘူး…ဘေးသီးသန် ့နေရာမှာ ဆင်ပါ..
ညိအကို စိတ်နဲ ့အကြံပေးရရင်တော့ စီးပွားရှာရမယ့် အရွယ်မှာ ဖိုမထိုးစေချင်ပါဘူး…။
တစ်ခြား ဘာမှကို စိတ်မဝင်စားတော့လို ့ပါ.. ။
surmi
December 17, 2013 at 9:46 am
ဖတ်ရင်း..တွေးရင်း … အရင်ကမရေးဖြစ် မပြောဖြစ်ခဲ့တာလေးတွေတောင်ပြောခြင်လာမိတယ်။
ဆရာခေါင်ကိုတော့ဖြင့်အစကတည်းကမခေမှန်းသိပေမယ့်…
ကြာလေကြာလေ.. လေးစားအံ့ဩလေပါပဲ..
တကယ်တော့.. အစ်ကို့အနေနဲ့အကုန်မရေး၊အကုန်မပြောတဲ့အကြောင်းတွေကို
ကျနော်လည်း ကြားချင်မိသလို..
ကျနော့ကိုယ်တွေ့တချီု့လည်း တိုက်ဆိုင်မှုလေးတွေရှိနေပါတယ်..
တနေ့ကျရင်တော့..ကိုကျောက်ရယ် ကျနော်ရယ် ဆရာခေါင်ရယ် စုပြီးစကားဝိုင်းလေးများဖွဲ့ဖြစ်ခဲ့ရင်…..
ကျော်စွာခေါင်
December 18, 2013 at 1:06 am
ကိုဆာရေ
ကျေးဇူးပါ…တစ်ဖြည်းဖြည်းဆက်ရေးဘို ့တော့ စိတ်ကူးပါတယ်..
နောက်ပြီး တနေ ့တော့ လူချင်းဆုံဖြစ်ကြဦးမှာပါ..ကိုဆာရေ..ကျေးဇူးနော်..ဖတ်ရှုအားပေးတာကို။
KZ
December 17, 2013 at 10:29 am
ဖတ်ရင်း ကြက်သီးထလာတယ်။။
အဟမ်းးးး ငရဲ သေးသေးကြီးကြီး တစ်ခုပြောပါရစေ။
ဘုရားပုံတော်ကို တရုတ် လက်ရာကို မကြိုက်ဘူးးး (ဝဝကြီးးးး)
နောက်ပြီး အချိုးမပြေတဲ့ ပုံတော်ကို မကြိုက်ဘူးးး (ကန်တော့! ဒက္ခိဏသာခါလိုမျိုး)
:hint:
ဦးကြောင်ကြီး
December 17, 2013 at 10:34 am
ဘာကြောင့်ရယ်မတိ.. အနော်ဒေါ့ ဒက္ခိဏသာခလို ရုပ်ပွားတော်မျိုး (ဆင်တူအခြား ရုပ်ပွားတော်တွေလည်း ရှိဒယ်မှတ်တယ်) အိမ်မက်တာ သုံးလေးခါ ရှိဗီ။ အိမ်မှာ ဒက္ခိဏသာခ ဆင်းတုတော် ရှိတာ အစွဲဖြစ်လို့လားတော့ သိဝူး..။
KZ
December 17, 2013 at 11:04 am
အဲလာ ဗုဒ္ဓဂါယာက ညောင်ပင်ရဲ့တောင်ဘက်က ကိုင်းကို ထုတာမဟုတ်လား? ကြောင်။
တော်တော်များများကိုးကွယ်တာမြင်ဖူးတယ်။
ဂျပန် ဆင်းတုတော်တွေလည်း မကြိုက်ဘူးးး (ဗိုက်ပူကြီးတွေနဲ့)
အနီးစပ်ဆုံး ယိုးဒယား ဆင်းတုတော်တွေက အချိုးပြေသလိုပဲ။
မြန်မာ လက်ရာတွေ အကြိုက်ဆုံးပဲ။
ဟိုလူကြီးမျက်နှာနဲ့ တူအောင်ထုထားတယ် ဆိုတဲ့ ဟို ဘုရားကြီးက လွဲရင်။
🙁
ကျော်စွာခေါင်
December 18, 2013 at 2:26 am
ချွင်းချက် ဘုရားကြီးပေါ့…ဟုတ်လား..။
ဦးကျောက်ခဲ
December 17, 2013 at 11:00 am
ဒက္ခိဏသာခ ဆင်းတုတော် က မီးဘေးကင်းအောင်ဆိုပြီး…
လောကီအစီအမံနဲ့ သစ်သားမှို ၉ချက်ရိုက်ပြီး ထုပါသတဲ့…
မိဇာဂျီးတို့ ယိုးဒယားပုံစံ ကောက်ကောက်နွဲ့နွဲ့…
မတ်ရပ်ဆင်းတုတွေ ကို ဘယ်လိုပြောမယ် မသိ… ဟီ ဟိ
😀
KZ
December 17, 2013 at 11:13 am
ဟမ်။
ခု လေးတင်ပြောနေတာ ကျောက်(စ) ။
ခု စလုံးအိမ်မှာ ဘုရားကျောင်းဆောင်နဲ့ ဆင်းတုတော် အတွက် ကျနော် နဲ့ ဒက်ဒီ တောင်မြို့ထိ လိုက်ရွေးတာ။
ကျနော် ချေးများလို့။
မရရင် ယိုးဒယား ဈေးမှာ သွားကြည့်ပြီးသားးးး၊ မရတဲ့ အဆုံး ဘယ်ဟာယူမယ် တွေးပြီးသားးး
ဒါမဲ့ ရခဲ့တယ်။
အရမ်း အချိုးကျတယ်လို့ ခံစားရတယ်။ နောက်ရက်မှ ဓာတ်ပုံရိုက် တင်ပေးမယ်။
လေဆိပ်မှာ ရှေးဟောင်းဆင်းတုမှတ်လို့ အရစ်ခံရတယ်။
😀
ခု ခေါင့် လက်ရာကို ပြောမို့ပဲ။ အတော်လေး အဆင်ပြေတယ်လို့ ခံစားရတယ်။
အမှန်ဆို နီပေါ အိန္ဒိယဘက်က အသားသာ မည်းမယ်။ ချောတဲ့သူက မျက်နှာကျ သိပ် အချိုးပြေတာ။
မိုးကုတ်မှာ သီလရှင်ဝတ်တော့ တရားစခန်းမှာ နီပေါ ကိုယ်တော်တွေ အတော်ချောလွန်းလို့ (ကန်တော့!)
စိတ်က ဘုရားရှင်သာဆို ဘယ်လောက် တင့်တယ်လိုက်မတုန်း မတွေးကောင်းတွေးကောင်းလားမသိ ၊ တွေးမိသေးးးး :mrgreenn:
ကျော်စွာခေါင်
December 18, 2013 at 1:12 am
ကေz
ခေါင် ဘာရေးရေး… Kz က အမြဲအားပေးတယ် ဖတ်တယ် ..
ကျနော်ကသာ ထမင်းဆိုင်လေးကို အမြဲမရောက်တာ..။
ကိုယ့်အတွက် သားကြီး ငါးကြီးလွတ်ချက်တာလေးတောင် ကိုယ်က ကြေး( ဂျီး )များမိသေးတော့ အားတွေ နာလိုက်တာ..
အဲဒိအတွက် တစ်နေ ့အတူဆုံကြရင် ဇရစ်ဟင်းနဲ ့နှမ်းဖတ်ချဉ်သုတ်ကိုဘဲ k ရှေ ့မှာ စားပါ့မယ်..။
ကေ ကတော့ ဆိတ်သားထောင်းနဲ ့စားပေါ့..။
ဦးကြောင်ကြီး
December 17, 2013 at 10:37 am
ဒါနဲ့.. မြည်းလေးတွေ ဟုတ်ပါဝူးဗျ.. မြေးလေးတွေပါ.. ဖတ်ရင်းနဲ့ ကြောင်သွားဒယ်..ညောင်…
ကျော်စွာခေါင်
December 18, 2013 at 1:34 am
ကိုကြောင်
ပြင်လိုက်မယ်..ကျေးဇူးဘဲ ကျနော် လျှန်းသွားတယ်။
alinsett
December 17, 2013 at 12:09 pm
ဖတ်ရင်းနဲ ့ကြက်သီးတဖျန်းဖျန်းထ တယ်လို့ပဲ ထပ်ပြောရမှာပဲဗျာ
ဗုဒ္ဓဘာသာကို ဆွေပြတ်မျိုးပြတ် ခံပြီး
လက်ခံယုံကြည်ခဲ့ရတယ် ဆိုကတည်းက ဦးခေါင်ရဲ့
ယုံကြည်မှု ဘယ်လောက် ပြင်းထန်သလဲဆိုတာ တွေးလို့ရပါတယ်
လေးစားပါတယ် ဦးခေါင်
ကျော်စွာခေါင်
December 18, 2013 at 1:13 am
အလင်းဆက်ရေ
ကျေးဇူးပါ..
ဦးခေါင်ကလဲ အလင်းဆက်တို ့ကို အပြန်အလှန်လေးစားပြီးသားပါ..။
kyeemite
December 17, 2013 at 1:17 pm
လင်းလွန်းပင် သတ္တဌာနဘုရားပုံဆင်းတု လက်ရာအလှူအတွက် သာဓု..သာဓု..သာဓု ပါ ကိုခေါင်
စေတနာ မေတ္တာ အပြင် သစ္စာပါမှန်လို့ အောင်မြင်တယ်လို့မှတ်ပါတယ်…
ဘုရားမှာဆိုခဲ့တဲ့ သစ္စာ ကြောင့် နောင်ဆထက်တပိုးအောင်မြင်ပါစေ ကိုစွယ်စုံခေါင်ရေ
ကျော်စွာခေါင်
December 18, 2013 at 1:40 am
ကိုမိုက်ရေ..
သာဓု ခေါ်တဲ့အတွက် ဝမ်းသာရပါတယ်ဗျာ..
Mr. MarGa
December 17, 2013 at 6:53 pm
ဘုရားပုံကိုကြည့်
သပ္ပာယ်သဖြင့် ကြည်ညိုမိ
အောက်ကစာကိုဖတ်
ဝမ်းမြောက်စိတ်တွေ တလှပ်လှပ်
ကျန်တဲ့ပုံတွေငေး
တစ်ရုပ်လောက် လိုချင်သေး
ဒက်ဒီခေါင်ရေ လက်ဆောင်ပေး…… :mrgreenn:
ဖားသဂျိုးးးး
lele kyi
December 17, 2013 at 7:04 pm
ဦးဦးခေါင်ရဲ့ မြည်းဆိုတာ မြင်းပုလေးတွေကိုခေါ်တာမလား။ အပေါ်မှာညောင်သွားပြီ။ဟီးး။
မီး က ဗုဒ်ဓ ဖေါ်လိုဝါ ဆိုတော့ မြတ်စွာဘုရား က ဘာလူမျိုး ဘယ်လိုပုံဆိုတာထက် မြတ်စွာဘုရား ညွန်ပြတာတွေနားလည်းအောင်ပဲကြိုးစားပါတယ်။ ဦးဦးခေါင် ဆီမှာ မိုနာလီဆာ ထက်ပိုလှတဲ့ ပုံတူရယ်။ ဗီးနပ်စ်ထက်ပိုချောတဲ့ပန်းပုရယ် အပ်ချင်တယ်။အခမဲ့ ဆွဲပေးမှာလားဟင်။
3D ကာတွန်းကားထဲမှာ legend of the garidan ကိုစွဲလန်းနေတုန်းပဲ။ အချိန်ရတိုင်းပြန်ကြည့်မိတယ်။ ကာတွန်းကားကြည့်နေပါတယ်လို့ မခံစားမိအောင်ဆွဲဆောင်လွန်းလို့။
ကျော်စွာခေါင်
December 18, 2013 at 2:03 am
မလဲ့ရေ..
ကိုးကွယ်သူတစ်ယောက်ရဲ ့ခံယူစိတ်အနေနဲ ့တော့ ရှုမြင်ပုံက ကောင်းပါတယ်..
အများမြင်ကွင်းမှာ အများကန်တော့ဘို ့ထုဆစ်ရတဲ့ပုံတော်ကိုတော့ ဘုရားပုံဖြစ် ပြီးရောလို ့ ထုလို ့မရဘူးလေ..။
အနီးစပ်ဆုံး ဥပမာလေးတစ်ခုပေးရရင်..
အဝေးကြီးခွဲခွာနေရတဲ ့
မလဲ့ ချစ်သူအတွက်မလဲ ့ရဲ ့၅x ရ လက္မဓါတ်ပုံကို လက်ဆောင်ပေးတယ် ဆိုကြပါဆို ့… ပုံက ပေ ၄၀ဝ အကွာလောက်က ရိုက်ထားတယ်..
မပီမှုံဝါးနဲ ့…
ကိုယ့်ချစ်သူက လူချင်းမတွေ ့လို ့ဓါတ်ပုံထုတ်ကြည့်ရင် ပေ ၄၀ဝ အကွာက ရိုက်ထားတဲ့ ချစ်သူရဲ ့မပီမပြင် မျက်နှာကို ကြည့်ရရင် ဘယ်လို အလွမ်းစိတ် ထူထောင်မလဲ…. ဘယ်လို နက်နက်နဲနဲ ခံစားမှု ဖြစ်မလဲ…။
သဒ္ဓါစိတ် ဆိုတာ တော်တော်လေးနက်ပါတယ်..။
ပတ္တမြားဆို မိုးကုတ်မှ…
ကျောက်စိမ်းဆို ကချင်ပြည်နယ်ကမှ… ငါးချဉ်ဆို ပဲခူး ဒေါ်နီမှ ထိုးမုန် ့ဆို မန်းလေးမှ…
ဟာလဝါဆို ပုသိမ်မှ…လို ့ လူ ့အတွင်းစိတ်မှာ စွဲတတ်ကြတယ်..
လွန်ခဲ့တဲ ့နှစ် ၂၀၀ဝ ကျော်က မတွေ ့ဘူး မမြင်ဘူးတဲ့ ဘုရားရှင်ကို ပူဇော်တဲ့နေရာမှာ….
နီပေါလ် အဆက် နီပေါလ် အနွယ် နီပေါလ် မျက်နှာကျလေးတော့ အငွေ ့အသက်ပေးပြီး သဒ္ဓါစိတ်ကို နှိုုးပေးချင်တာ ကျနော့် ဆန္ဒပါ..။
အမျိုးမျိုး ကွဲလွဲယုံကြည်လက်ခံနိုင်တဲ့အတွက်..ကျနော်က ဘာမှ ငြင်းစရာမရှိပါဘူး..။
ကျနော်က ကျတော့ ထုဆစ်တော့မယ်ဆိုတာနဲ ့တာဝန် အသိစိတ်တစ်ခုက အလိုလို ရှိနေတယ်..
အခုငါ ထူဆစ်ရမှာ နီပေါလ်နိုင်ငံသား ဗုဒ္ဓပုံတော်ပါလားဆိုတဲ့ ပန်းပုသမားရဲ ့ အဓိက သတိထား၊ သတိရနေရမယ့် အချက်လေ..။
…..
…..
……
…..
ပုံတူကတော့ ဆွဲပေးရမှာပေါ့…ပန်းချီဆရာက တော့ ငိုချင်နေပြီဗျ..။ လှတဲ ့သူနဲ ့တွေ ့ရင် ပန်းချီဆရာတွေ ငိုတယ်ဗျ.။
အခမဲ့ပါ…။
•*¨နန်းတော်ရာသူ •*¨
December 17, 2013 at 7:23 pm
ဆြာခေါင်ရဲ့အတွေ့အကြုံများပုံကတော့ လက်ဖျားခါလောက်သလို၊တတ်ကျွမ်းမှုပိုင်းမှာလည်းများပြားလှတဲ့အတွက်လေးစားအားကျမိပါတယ်။
ကျော်စွာခေါင်
December 18, 2013 at 2:12 am
မနန်းရေ..
ကျေးဇူး…ပါ..။
ကျနော်ကြည့်တာ ပုံတွေ ထဲမှာ အင်္ဂလန်ကမင်းသားက ဆံပင်ပြောင်ပြိး အသက်ကြိီးပုံပေါက်နေပေမယ့် မနန်းကတော့ ချောမှ ချော…။
ကိုကျောက်စ်က ဘာလို ့မင်ဂါဆောင် မဖိတ်တာလဲ..သီချင်းဆို ကျင့်ထားပါတယ်ဆို ..။
ဒီလိုလုပ်မနန်း… တစ်နေ ့၃၀၀ဝ နဲ ့လူငှားပြီး မင်ဂါဆောင် ပွဲမှာ ဆန္ဒသွားပြ..။
…..
…
စ, တာ။
lele kyi
December 17, 2013 at 7:38 pm
ရုပ်ရှင်ကား စာလုံးပေါင်းမှားလို့ အမှားပြင်ဆင်တာ။ Legend of the Guardians.:D
http://en.m.wikipedia.org/wiki/Legend_of_the_Guardians:_The_Owls_of_Ga'Hoole
ကျော်စွာခေါင်
December 18, 2013 at 2:24 am
မလဲ့ ပြောတဲ့ ကားလေး ရှာကြည့်ဦးမယ်..
3D ရုပ်ရှင်လေးတွေ ကို ကျနော်လည်း ကြိုက်တယ်..
ကြည့်ရတာ စိတ်လဲချမ်းသာတယ်..ပညာလဲ ရတယ်..
ကျနော် အရုပ်လေးတွေ လုပ်ရင် ထမင်းမေ့ ဟင်းမေ့ဘဲ…။
နောက်ကျရင် နာမည်ကြီး ဇာတ်ကောင် တစ်ခုကို နမူနာ လုပ်ပြမယ်လေ..
နီးစပ်ရာဝါသနာပါတဲ ့မြန်မာပြည်က ကလေးတွေကို ပြန်ပြပေးစေချင်တဲ ့ဆန္ဒနဲ ့ တင်ပေးမှာပါ..။
padonmar
December 17, 2013 at 8:01 pm
ဒီဘုရားဆင်းတုပုံတော် ယူသွားတယ်နော်။
ပေးပါမယ် ပြောတာ မစောင့်နိုင်လို့
ပေးမှာသေချာလို့ ယူပြီး ကိုယ့် ဖေ့စ်ဘွတ်မှာ အပိုင်သိမ်းလိုက်ပြီ။
ကျော်စွာခေါင်
December 18, 2013 at 2:30 am
မမမာ
ခွင့်တောင်းနေရမယ့် သူ မဟုတ်ပါဘူး…ကိုယ်ကတောင် ဝမ်းသာပီတိဖြစ်ရဦးမှာ..။
ကြိုက်သလို သိမ်းနိုင်ပါတယ်..။
San Hla Gyi
December 17, 2013 at 10:23 pm
ဆောင်းပါးရှင်ရေ
ပြောမယ့်သာ ပြောရတာ ကျနော်က ဘုရားပုံတော်ကို အိန္ဒိယပုံလည်း မကြိုက်ဘူး။ တရုတ်ပုံတွေလည်း မကြိုက်ဘူး။ မြန်မာလူမျိုး ဖြစ်လို့လား မသိ မြန်မာပုံတော်တွေကို အကြိုက်ဆုံးပဲ။ မြန်မာပုံတော်တွေက များသောအားဖြင့် ကြည့်လိုက်ရင် အသပ္ပါယ်ဆုံးပဲလို့ တွေးမိတယ်။ ဖူးလို့မဝဆုံးက မဟာမြတ်မုနိ ဘုရားကြီးရဲ့ မျက်နှာတော်ပဲ။ မျက်နှာတော်ကိုက ငြိမ်းအေးတဲ့ အသွင်ကို သေသေချာချာ ပြနေတယ်။ ဟိုတလောက မဟာမြတ်မုနိ ဘုရားကြီးကို သွားဖူးတုန်းက မျက်နှာသစ်တော်ရေ မဆက်ခင်ကတည်းက အရှေ့မှာ စောင့်နေတဲ့ ပရိသတ်မှာ အခြားနိုင်ငံက ရဟန်းတော်တွေပါ ပါတယ်။ သီဟိုဠ်လို့ ထင်တာပဲ။ အဲဒါ ဂန္ဓကုဋီဖွင့်တော့ သူတို့ ကန်တော့တာက အသံထွက် တမျိုးလေးဗျ။ တော်တော် နားထောင်လို့ ကောင်းတယ်။
ရှေးရခိုင် ရာဇဝင်တွေ အဆိုကတော့ တကယ့် မြတ်စွာဘုရားနဲ့ ခွဲမရအောင်တူတယ်လို့ ရေးခဲ့ကြတယ်ဗျ။ အဲဒါ ဟုတ်မဟုတ်တော့ ကိုယ်လည်း မြင်ရတာ မဟုတ်လို့ မပြောဝံ့ဘူးဗျ။ ဒါပေမယ့် ကျနော် တွေးတာကတော့ တမျိုးဗျ။ ဒါ မြတ်စွာဘုရားနဲ့ ခွဲမရအောင်တူတယ်လို့ ပြောပြီး ကြည်ညိုနေတဲ့ လူရဲ့ အတွင်းစိတ်မှာကိုက အဲဒီလို ပြောနေချိန်မှာ လောဘ ဒေါသတွေ အခိုက်အတန့် ကင်းနေပြီး ဝမ်းသာပီတိ ဖြစ်နေတာမို့လို့ ဒီစိတ်ထားကလေးကပဲ ကြည်ညိုစရာ ဖြစ်နေပြီ။
ဘုရားကြီးရဲ့ မျက်နှာတော်ကျတော့ ရခိုင် ဒါမှမဟုတ်ရင် ဗမာလူမျိုးတယောက်နဲ့ ပိုတူတယ်လို့ ခံစားရတယ်။ ထေရဝါဒရဲ့ အဖွင့်ကျတော့ ဒါဟာ ဂုဏ်တော်ကိုးပါးမှာပါတဲ့ ဘဂဝါဂုဏ်တော်ရဲ့ အစွမ်းလို့ ဆိုတယ်။ ပရိသတ်လေးပါးက ဘယ်လောက်ပဲ များများ အင်္ဂလိပ်လူမျိုးရဲ့ မျက်စိထဲမှာတော့ အင်္ဂလိပ် အမျိုးသားနဲ့ တူတယ်လို့ ခံစားရမယ်။ မြန်မာကျတော့ မြန်မာနဲ့ တူတယ်လို့ ခံစားရတယ်။ တရုတ်ကျတော့ တရုတ်နဲ့ တူတယ်လို့ ခံစားရမှာပေါ့။
ကျနော်က ဒီနေရာမှာတော့ အမတ်ကြီး ဦးပေါ်ဦး ပြောခဲ့တာလေးကိုပဲ ကိုယ့်အကြိုက်နဲ့ တူတယ်ဆိုပြီး အတည်ယူထားသဗျ။ တခါတုန်းက ဘိုးတော်ဘုရားက ဦးပေါ်ဦးကို ပြောသတဲ့ ပေါ်ဦးရယ် မြတ်စွာဘုရားဟာ ကိုယ်တော်တို့ လူမျိုး ဟုတ်ရဲ့လားလို့ ပြောတော့ ဦးပေါ်ဦးက ဟုတ်ပါတယ် ရွှေနန်းရှင် ဘုရား မြန်မာလူမျိုး အစစ်ပါလို့ ပြန်ပြောတယ်တဲ့။ ဒါဆို နင် ဘယ်လို သိသလည်းလို့ မေးတော့ သိသာပါတယ်ဘုရား ကုလားလူမျိုးဆို မြတ်စွာဘုရားဟာ ပရိနိဗ္ဗာန်မစံခင် ဝက်ပျိုသားဆွမ်းကို ဘုန်းပေးမှာ မဟုတ်ပါဘူး။ ဘာလို့လည်းဆိုတော့ ကုလားလူမျိုးတွေက ဝက်သား မစားလို့ပါ။ ကျနော်မျိုးတို့ မြန်မာကတော့ ဝက်သားစားပါတယ်။ ဒါကြောင့်မို့ မြတ်စွာဘုရားဟာ ဝက်ပျိုသားဆွမ်းကို ဘုန်းပေးတော် မူတာပါလို့ ဟာသလုပ် လျှောက်သတဲ့။ ဒါကတော့ သမိုင်း မဟုတ်ပါဘူးဗျ။ ဖတ်ဖူးတာလေး ထည့်ရေးတာပါ။
ကျော်စွာခေါင်
December 18, 2013 at 4:32 am
ကိုစံလှကြီးရေ
အခုလို ရောက်လာပြီး တစ်ခုတ်တယ မှတ်ချက်ပေးတဲ့အတွက် ကျေးဇူးပါ..။
မျက်နှာတော်နဲ ့ပါတ်သက်တဲ့ ကျနော့်ခံယူချက်ကတော့ အပေါ်မှာ မလဲ့ကိုလည်း ပြောပြထားပါတယ်..။
အကိုပြောတဲ့ “ ဘဂဝါ ဂုဏ်တော် ” ဆိုတဲ့ အဓိပ္ပါယ်ကို မှတ်သားရပါတယ်..။
မဟာမြတ်မုနိ ဘုရားအကြောင်းတိုက်ဆိုင်ရင် ရေးပါဦးမယ်..
အသက် ၁၆ နှစ် ကျော်အရွယ်လေးမှာ စားပြီးသားပန်းကန်တောင် မဆေးရ..ဝတ်ပြိးသားအဝတ်တောင် မလျှော်ရတဲ့ ဘဝ၊
မွေ ့ယာ ကော်ဇော်နဲ ့အိပ်ရတဲ့ဘဝကနေ ကိုယ်ယုံကြည်ရာအတွက် အကုန်စွန် ့လွှတ်ပြီး ဗုဒ္ဓကို ကိုးကွယ်ဆည်းကပ်မယ် ့
လူငယ်လေးတစ်ဦးမှာ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ ့ ပိုက်ဆံ တစ်ပြားမှ မရှိတဲ ့အချိန်မှာ……..
ကျနော်ခိုလှုံစရာ ရင်ခွင်က ဘုရားရှင် ရင်ခွင်ဘဲ ရှိတာပါ…
တစ်ခုခုကိုပြတ်သားရတော့မယ့် အချိန်မှာ ကျနော် တခုခုကို သေချာသိမှကို စွန် ့လွှတ်ရဲ မှာလေ….
ကျနော့်ရဲ ့ဗုဒ္ဓဘာသာဝင်ဘဝက မဟာမြတ်မုနိဘုရားက စ ခဲ့တာပါ..။
ပုံတော်မျက်နှာတွေနဲ ့ပါတ်သက်တဲ့ အခြေခံအကြောင်းတခုတော့ရှိတယ်..ကြားဘူးတာပါ..။
ပန်းပုပန်းချီတော်တော်များများက..အထူးသဖြင့်ပန်းပုပေါ့ ..ထုလုပ်တဲ့အခါ မော်ဒယ်ထိုင်ပေးတာမဟုတ်ဘဲ မိမိစိတ်ကူးနဲ ့ထုလုပ်တဲ့အခါ ကိုယ်စွဲလန်းရာကို ပုံဖော်ယူသွားကြတယ် ဥပမာ မျက်နှာကျ၊ မျက်လုံးနှာခေါင်း ပါးစပ်ပေါ့လေ…
အဲဒီမှာ မသိစိတ်မှာ စွဲလန်းရင်းနီးနေတာက ကိုယ့်မျက်နှာဘဲ..
သိတတ်လို ့နေ ့စဉ်မှန်ကြည့်တော့ ကိုယ့်မျက်နှာရဲ ့အချိုးအဆက်ဟာ နေ့စဉ်ကြည့်နေရတော့ မသိစိတ်မျာ စွဲလန်းနေတယ်..
အဲဒီတော့ နှာတံ၊ မျက်လုံး၊ပါးစပ်ကို ပုံဖော်တဲ့အခါ ဒီလိုလေးယူလိုက်မယ် ဒီလိုလေး ထွင်းလိုက်မယ်ဆိုတဲ့ စိတ်ကူးလက်ကို
အတွင်းစိတ်က မောင်းနေတော့ ဘုရားမျက်နှာတော်တွေက အမျိုးမျိုး ဖြစ်နေကြတာပေါ့..။
ဗုဒ္ဓဝင်ပန်းချီကားတွေမှာ တစ်ချို ့က မင်းတုန်းမင်းရဲ ့အင်းဝခေတ် အမရပူရခေတ်အဝတ်အစားတွေနဲ ့ဆွဲထားတာမြင်တော့ ဘာသာခြားဘဝမှာကတည်းက တော်တော်လွဲနေတာဘဲလို ့ခံစားရတယ်.. ဗုဒ္ဓရဲ ့သမိုင်းအခြေခံက နီပေါလေ…
အဲဒါကို မင်းတုန်းမင်းခေတ်အဝတ်အစားနဲ ့တွေ ့ရတော့ ကျနော် ရှာဖွေတဲ ့ဘုရားက နီပေါက …နံရံတွေမှာတွေ ့တဲ့ ဗုဒ္ဓဝင် ပန်းချီကားတွေထကြ ဘုရားက အင်းဝခေတ်က ဆိုတော့ ….ကျနော်စိတ်ထဲမှာ …အမှန်ကို ဖြစ်စေချင်ခဲ့တာပါ..။
မထင်မှတ်ဘဲ မွန်ပြည်နယ် ကျိုက်မရောမြို ့က ဘုရားမှာမှ အိန္ဓိယခေတ်…ဝတ်စားဆင်ရင်ပုံနဲ ့ ဗုဒ္ဓဝင်ပန်းချီကို တွေ ့ရတော့တယ်..မူရင်းက အိန္ဒိယ ပန်းချီလက်ရာပါ..လှုထားတာက အိန္ဒိယက ပါရဂူဆရာဝန်တဦးလှုထားတာပါ..။
အဲဒီစိတ်အခံလေးနဲ ့ကျနော် ပန်းပုထုခဲ့တာပါ…။
ကြည့်သူ ဖူးသူ ကန့်တော့သူရဲ ့စိတ်သဏ္ဏာန်မှာတော့ “ ဘဂဝါ ” ဂုဏ်နဲ ့စိတ်ကူးကန်တော့နိုင်ပါတယ်..။
လေးစားခင်မင်လျှက်
ကျော်စွာခေါင်
Ma Ei
December 18, 2013 at 11:15 am
ကျော်စွာခေါင်ရဲ့ စာကိုဖတ်ရင်း ပိုမိုလေးစားမိပါတယ်…
သထုံမြသပိတ်တောင်ခြေလင်းလွန်းပင် မှာတည်ထားတဲ့
ဘုရားဆင်းတုတော်ကိုလဲ ဖူးချင်ပါတယ်…
တောတွင်းပျော်
December 18, 2013 at 3:30 pm
ဆရာကျော်စွာခေါင်ကို လက်လန်တယ်။(ထူးဆန်းတယ်၊ အံ ့ဩတယ်တယ်၊လေးစားတယ်)
ကျနော်တို ့ဒေသကသုံးတဲ ့စကားပါ။
ဆရာကျော်စွာခေါင် ချန်လှပ်ခဲ ့တဲ ့ အဖြစ်အပျက်ကို ဆက်လက်ရေးသားစေချင်ပါတယ်။
ကျနော်ကိုယ်တိုင် ကိုယ်တွေ ့ရှိဖူးတာမို ့။
ကျနော်တို ့တုန်းက ကျနော်တစ်ယောက်တည်း မဟုတ်ဘဲ sabah ပြည်နယ်သား (အရှေ ့မလေး)
၂ယောက်၊ သူဋ္ဌေးယောက်ဖ မလေးတရုတ် ၁ယောက် ကျနော်အပါအဝင် မြန်မာ ၃ယောက်
၂ညဆက်တိုက်ကြုံခဲ ့တာ။ သံသတ္တုထုတ်တဲ ့ တောတွင်း camp တစ်ခုမှာပါ။
nozomi
December 19, 2013 at 10:22 am
ကိုခေါင်
နောက်ကျမှ ရောက်လာလို့ ချောဒီး ပါ ဗျ
ချန်ထားခဲ့တာလေးတွေလဲ ရေးပါဦး ဗျ
စိတ်ဝင်စားဘို့ တကယ်ကောင်းလို့ပါ
၈၆ လောက်က ရွာလေး တစ်ရွာမှာ ညဘက်ကြီး စုန်းမီးဆိုတာ ကိုယ်တိုင်မြင်ဘူးရဲ့
အမြင့်မှ လျှောက်ပြေးနေတာ တခြားတစ်ယောက်သာ ပြောရင် မဖြစ်နိုင်ဘူးလို့ ပြောရမဲ့ အခြေအနေ ပဲ
Ma Ma
December 20, 2013 at 6:38 pm
ဘိတ်ချီးရဲ့ ဘိတ်ချီးကနေ မမန့်မနေနိုင်လို့ မန့်ပါတယ်။
ဖေ့စ်ဘုတ်မှာ အမွှာညီအမ ရှဲထားတာတွေ့ကတည်းက ကိုယ်မြင်ဖူးတဲ့ ရုပ်ပွားတော်တွေနဲ့ တခြားစီဖြစ်ပြီး သပ္ပါယ်လွန်းလို့ အံ့ဩမိပါတယ်။
ကိုယ့်လိုမိရိုးဖလာဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ့ ယုံကြည်မှုသဒ္ဒါတရားနဲ့ လားလားမှမဆိုင်တဲ့ ဆြာခေါင်ရဲ့ သဒ္ဒါတရားကိုလည်း လေးစားပါတယ်။ သာဓုလည်း ခေါ်ပါတယ်။
မသေခင်တစ်နေ့နေ့တော့ ဆြာခေါင်ထုထားတဲ့ သထုံမြသပိတ်တောင်က ဗုဒ္ဓရုပ်ပွားတော်ကို မျက်မြင်ကိုယ်တွေ့ ဖူးမြင်ခွင့်ရအောင် ကြိုးစားပါအုံးမယ်။
ဆြာခေါင်ရဲ့ ချန်လှပ်ထားတဲ့ ပရလောကအကြောင်းတွေကိုလည်း ဖတ်ချင်ပါသေးတယ်။ 🙂