အယ်ဒီတာနှင့်မန်ဘာများအားခွင့်ပန်ခြင်း
အယ်ဒီတာနှင့် ရွာသူရွာသားများခင်ဗျာ
ကျွန်တော်တစ်ခုခွင့်တောင်းပါရစေ။ ကျွန်တော်များတည်ထောင်ထားသော
စာရေး/စာဖတ်ဝါသနာရှင်များ ဂရုတွင်
မနိးတလေးဂေဇက်မှ ကဗျာများစာမူများကို မျှဝေခံစားတင်ပြလိုပါတယ်ခင်ဗျာ ။
ခွင့်ပြု /မပြု သိလိုပါတယ်ခင်ဗျာ ။
ခွင့်မပြုနိုင်သော စာမူရှင်စာရေးသူများမှ ဤပို့စ်တွင်လာရောက်ကွန်မန့်ပေးစေချင်ပါတယ်။
ကျွန်တော်များဂရုတွင် ကူယူတင်ပြပြီးသော်လည်း ခွင့်မပြုပါက ပြန်လည်ဖျက်ပေးပါမယ် ။
မူရင်းစာရေးသူနဲ့ မူရင်းဝဘ်ဆိုက်ကိုလည်း ဖော်ပြပါ့မယ်ခင်ဗျာ ။
ရာမည
25 comments
ရာမည
January 22, 2014 at 8:56 pm
https://m.facebook.com/groups/1444717562412936?ref=bookmark&_bt_=bmid.1444717562412936%3Acount.1%3Afbtype.69%3Aitem_type.group%3Aitem_category.group_user
အထက်ပါ လင့်မှာလာရောက်အားပေးနိုင်ပါတယ်ခင်ဗျာ ။
အဖွဲ့ဝင်အဖြစ်လည်း ဖိတ်ခေါ်ချင်ပါတယ် ။
ကျေးဇူးတင်ပါတယ်ခင်ဗျာ
Ma Ma
January 22, 2014 at 9:08 pm
ကျမရေးထားတဲ့ပိုစ့်တွေ ရှဲချင်ရင် ရှဲနိုင်ပါတယ်။
ရေးကတည်းက ဖတ်စေချင်လို့ ရေးထားတာပဲလေ။
အပြန်အလှန်အားဖြင့် စုံထောက်ကျော်တို့ပိုစ့်တွေလည်း ဒီမှာလာရှဲနိုင်တယ်နောာာာာာာာာ 🙂
ရာမည
January 22, 2014 at 9:16 pm
ကျေးဇူးပါခင်ဗျ
nature
January 22, 2014 at 9:24 pm
ကျုပ်ရေးတာတွေလည်း ကြိုက်သလို share လုပ်နိုင်ပါတယ်။
ရာမည
January 22, 2014 at 9:33 pm
ဟုတ်ကဲ့ပါခင်ဗျာ ။
ကျေးဇူးပါခင်ဗျာ
kai
January 23, 2014 at 12:49 am
သဘော..သဘော…
ဦးကျောက်ခဲ
January 23, 2014 at 9:26 am
သဂျီးဆိုဒ်မှာ တင်ထားတာမို့ သဂျီးသဘောတူရင် ကြိုက်သလိုရှဲ…
အဲ… ခွက်ဒစ် လေးတော့ ပေးပါခီညာ…
😀
kyeemite
January 23, 2014 at 9:39 am
သဂျီးလေသံနဲ့ပြောလိုက်မယ်…
သဘော..သဘော…
လုံမလေးမွန်မွန်
January 23, 2014 at 10:13 am
အနော့်စာတွေ ရှယ်ချင်တယ်ဆိုလည်း ရပါတယ်လို့.. 🙂
ဦးဦးပါလေရာ
January 23, 2014 at 11:19 am
ကျုပ်ကတော့ တန်းဝင်တဲ့ပိုစ့်မျိုး ရေးတဲ့သူမဟုတ်လို့ အထူးပြောစရာမရှိပါ
အခုပေးထားတဲ့ လင့်လေး လာပြီးစာဖတ်အားပေးမယ် ဖြစ်ပါကြောင်း…
ရာမည
January 23, 2014 at 1:02 pm
အားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ
၂၀၁၂ -၂၀၁၃ မှပို့စ်များကို ယနေ့ပို့စ်မှ ဖွင့်မရသေးပါ ။
အချိန်ယူပြီး ရှာဖွေတင်ပြပါ့မယ်ခင်ဗျာ
KZ
January 23, 2014 at 3:19 pm
ခွင့်ပုတယ် ခွင့်လွှတ်တယ်။
:mrgreenn:
ကိုယ်က သူများရှယ်စရာ ပို့(စ) အကောင်းစားတွေ ရေးတတ်တာဆိုတော့လေ။
အဲလို ခပ်တည်တည်ပဲ ပြောရတယ်။
:mrgreenn:
TNA
January 23, 2014 at 4:03 pm
ဘာမှလဲသိပ်ရေးထားဘူး သို့သော် ခွင့်ပုဒယ် ခွင့်လွှတယ် ယူဇေသဒီး
Mr. MarGa
January 23, 2014 at 8:08 pm
မူရင်းစာရေးသူနဲ့ မူရင်းဝက်ဘ်ဆိုက် ဖော်ပြမယ် ဆိုမှတော့
ရှဲ….ရှဲ…ရှဲသာရှဲ
ကြိုက်သလောက်သာရှဲ….
ပြောသာပြောရ ရေးတာက ပေါက်ကရများနေတာမို့ :mrgreenn:
ဒညင်းဝက်
January 23, 2014 at 9:04 pm
ခွင့်ပြုပါအိ…
ကိုယ်တိုင်လည်း.. ဝင် မွှေနေပါမည်..
😆
မဟာရာဇာ အံစာတုံး
January 24, 2014 at 1:03 pm
ခွင့်ပုဒယ် …
ခွေးလွှတ်ဒယ် ….
Myo Thant
January 24, 2014 at 2:03 pm
စိတ်ကြိုက်ပါဗျို့
padonmar
January 24, 2014 at 9:22 pm
ဒီမယ် ရဲကိုကို
သွားအားပေးတာ ၂ပုဒ်ထဲတွေ့မိတယ်။
ရွာထဲက လူတွေရဲ့ စာတွေယူပြီးမှ ကျမကိုချန်ထားခဲ့ရင် စိတ်ကောက်လိုက်မှာပဲ…
surmi
January 24, 2014 at 11:55 pm
အစ်မရေ.. အစ်မပို့စ်နဲ့ ဦးကျောက်ရဲ့နံမည်ကျော် ဘူမိကျောင်းသားရယ်
ပြီးတော့ မခိုင်ဇာနဲ့ ကဗျာတစ်ပုဒ်လည်းတွေ့ခဲ့တယ်ဗျို့ ….
အစ်မကောက်မှာကြိုသိနေတယ်ထင်တယ်
Lay Pai
January 24, 2014 at 10:38 pm
ပို့ စ် ရေးထားတာ မရှိလို့ ခွင့် ပြုရင် ဖြစ် မဖြစ် ဒွိဟ ဖြစ်နေတယ်။
ကျော်စွာခေါင်
January 25, 2014 at 5:04 am
ကိုရာမညရေ
ကျနော့်စာတွေက အများကြီးလဲ မရှိပါဘူး. ဒါပေမယ့်
အကြောင်းတိုက်ဆိုင်လို ့ ယူသုံးမယ်ဆိုရင်တော့ ကြိုက်သလိုသုံးနိုင်ပါတယ်ဗျာ…
လာလည်ပါဦးမယ်…
•*¨နန်းတော်ရာသူ •*¨
January 25, 2014 at 7:43 pm
ဝတ္ထုတိုတွေရေးထားတာရှိပါတယ်။သဘောကျက ရှဲနိုင်ပါကြောင်း
🙂
ကိုပေါက်(မန္တလေး)
January 25, 2014 at 11:16 pm
စိတ် တိုင်း ကျ ရှဲ စေ ဗျာ
သီဟသူရ ညောင်ရမ်းဂျီးထူ
January 26, 2014 at 11:42 am
ဘာတွေလုပ်ရင်ခွင့်တောင်းရလဲ
ဥပမာ
ထမင်း ရေသောက်
လေလည်
အပေါ့စွန့်
ရီးစားနဲ့ချိန်းတွေ့ – – –
ဦးကြောင်ကြီး
January 27, 2014 at 3:09 am
ကျနော့်ကိုယ်ပွား ဒေါက်တာချက်ကြီး ဝက်ဘ်ဆိုက်မှာလည်း ကိုရာမည စာတွေကို ခရက်ဒစ်ပေး ဖော်ပြချင်လို့ အဲဒါ ၃၇၆အမှု ပို့စ်များများ တင်စေလိုပါသည် ခင်ဗျား။