ရွှေစက်တော်မန်းချောင်းက အသည်းရောင်းတဲ့ကောင်မလေး (နယူဗားရှင်း)
ဘာလိုလိုနှင်. ရွှေစက်တော်ဘုရားပွဲကြီးသည်လည်း ကျင်းပတော့မည် ။တပို.တွဲလဆန်း ၅ ရက်မှ
မြန်မာနှစ်ဆန်းတစ်ရက်နေ.အထိ ရက်ပေါင်း (၈၀)ကျော် ကျင်းပသည်ဖြစ်၍ အချိန်တိုတောင်းသော်လည်းတစ်နှစ်ထက်တစ်
နှစ် ပို၍ပင်စည်ကားလှသည် ။ ရာသီဥတုနှင်.နေရာဒေသအခြေအနေအရဒီအချန်လေးအတွင်းသာကျင်းပရသည်မို. အနယ်
နယ် အရပ်ရပ်မှဘုရားဖူးလာသူများ စုံလင်လှပေသည်။ ကိုယ်ပိုင်ကားများနှင်.တမျိုး ၊ ဘုရားဖူးလိုင်းကားများနှင်.တသွယ်
စုဝေးရောက်လာကြသည်မို. ရုံးပိတ်ရက်နှင်.စနေ၊တနင်္ဂနွေနေ.များဆိုလျှင် မန်းချောင်းဘေးမှ တဲတန်းကြီးများတွင် နေရာ
မရတတ် …။အလုအယက်နေရာယူရ အခန်းရှာကြရတော.သည်။
ကျွန်တော်မရောက်ဖြစ်သည်မှာ ဆယ်နှစ်ကျော်လေပြီ ။သို.သော် …နှစ်စဉ်ဘုရားပွဲကျင်းပချိန်ရောက်တိုင်းသတိယနေမိသည်။
ရွှေစက်တော်၏မြင်ကွင်းသည်ကား တော်တော်များများပြောင်းလဲနေပေပြီ ။သန်.ရှင်းသောရေလောင်းအိမ်သာများနှင်.လျှပ်စစ်
မီးရပြီဟု သိရသည်။တချိန်က သုနာပရ န္တ တိုင်းအဖြစ်ထင်ရှားခဲ.သောဤဒေသသည် ဘုရားပွဲတော်ချိန်ရောက်တိုင်းအထူး
စည်ကားလှသည်။ “ရွှေစက်တော်အစ ၊ ကျောင်းတော်ရာက ၊ကျောင်းတော်ရာအစ မဟာပုဏ်ဏက “ဟုစာဆိုရှိသည်.
အတိုင်း …ရွှေစက်တော်ဘုရားဖူးရင်း သမိုင်းအရဆက်စပ်နေသော မကွေးမြသလွန်စေတီ ၊ မင်းဘူးစကိ္ကန်းတဲစေတီ ၊
နဂါးပွက်တောင်နှင်.လယ်ကိုင်းမြို.အနီး ဝါဏိဇ္ဖဂါမရွာစန္ဒကူးကျောင်းတော်ရာသို.သွားရောက်ဖူးမြော်နိုင်ပါသည် ။
တောရိပ် တောင်ခွင်နှင်.ခွေခေါက်၍စီးဆင်းနေသောလွမ်းမောဖွယ် မန်းချောင်းသည်ဘုရားပွဲတော်အားတစ်နည်းတဖုံအရောင်
တင်ပေးလျှက် ကြည်နူးဆွပ်ပျံ.ဖွယ်ရှိချေတော.သည်
ထိုသို.သော ရွှေစက်တော်ဘုရားပွဲသို. ကျွန်တော်သည်လွန်ခဲ.သော (၁၀)နှစ်ကျော်ခန်.က ဘုရားဖူးယဉ်၏ဒရိုင်ဘာတစ်ဦး
အဖြစ် အကြိမ်ဖန်များစွာရောက်ခဲ.ဘူးပါသည် ။ရောက်ခဲ.သည်.အခေါက်တိုင်းလဲမန်းချောင်းရေတွင်စိမ်လျှက်
စက်တော်ရာနှစ်ဆူသို.တက်ရောက်ဖူးမျှော်ခဲ.သည် ။နှစ်တွေကြာခဲ.ပါပြီ။ ဆယ်စုနှစ်တခုမကကြာခဲ.သော်လည်း ထိုနေ.တစ်နေ.၏ ညတစ်ညကိုမူ မမေ.နိုင်သေးပါ ။အထူးပင်ပန်း၍အိပ်မောကျခဲ.ရသော ထိုတစ်ညတွင်ထတ်လန်.ခဲ.ရ
သည် ၊ အံ.ဩခဲ.ရသည် ပြီးနောက် …တညလုံးအိပ်ရေးပျက်ခဲ.ရပါသည် ။ထိုညတွင်ကြုံခဲ.ရသောမထင်မှတ်ခဲ.သည်.
အဖြစ်အပျက်တို.သည်ကား …………….။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျွန်တော်တာဝန်ယူမောင်းနှင်သော အမြန်ယဉ်ဘတ်စ်ကားကြီးသည် ရွှေစက်တော်နှစ်ညအိပ်ခရီးအဖြစ် ရန်ကုန်
ပန်းဆိုးတန်းဂုံးကျော်အောက်မှည(၉)နာရီခန်.တွင်စတင်၍ထွက်ခွာလာခဲ.ပါသည်။ကျောင်းစစ်စာမေးပွဲများပြီးချိန်ဖြစ်၍လည်း၊
သောကြာနေ.ဖြစ်၍ရုံးသူရုံးသားများလိုက်ပါနိုင်ကြ၍လည်းကောင်းယနေ.ညသည် ကားပေါ်တွင်လူအပြည်.နှင်.ဖြစ်သည် ။
လမ်းကြိုတက်မည်.သူနှစ်ဦးခန်.သာပါသဖြင်. ခရီးစဉ်သည်မနှေင်.နှေး ..။ဒီလိုနှင်.ခတ်မှန်မှန်မောင်းရင်း လက်ပံတန်းမြို.
သို.ညလည်ခန်.တွင်ရောက်ခဲ.ပါသည် ။လက်ပံတန်းရှိ နားနေကျလက်ဘက်ရည်ဆိုင်တွင်ခဏနားရင်း ဂျိုးကြော် ၊စနိုက်
ကြော် ၊စာကလေးကြော်များနှင်.တွဲဖက်၍ကောက်ညှင်းဆီထမင်းဖြင်.ညလယ်စာကို အဆာပြေဖြည်.ဆီးကြသည်။
နောက်တကြိမ်နားမည်.နေရာသည်ဥသျှစ်ပင်လမ်းခွဲဖြစ်၍ ခရီးသည်များအပေါ.အပါးသွားထားကြရန် စပယ်ယာလေး
ကြွက်နီမှ လိုက်လံသတီပေးလေ၏။လမ်းခရီးအစသည် ချောမောခဲ.ပါသည် ။
ဥသျှစ်ပင်ရောက်တော.နံနက်ငါးနာရီခွဲခန်. ၊ခရီးသည်များကိုနှိုး၍မျက်နှာသစ် နံနက်စာစားစေသည်။ ပြီးလျှင်ပုသိမ်မုံရွာလမ်းမှ
ရွှေစက်တော်သို.နေ.လည်စာအမှီမောင်းရပေတော.မည်။ဥသျှစ်ပင်မှထွက်၍တစ်နာရီခန်.အကြာတွင် ပြဿနာစတော.သည်
ထိုစဉ်ကပုသိမ်မုံရွှာလမ်းသည်သိပ်မကောင်း ၊ခဲလုံးများထိုးထိုးထောင်ထောင်နှင်.အတန်ငယ်ကြမ်းသည်။ထိုခဲချွန်များသည်
ကျွန်တော်၏တကားနောက်ဘီးကိုထိုးခွဲလိုက်ပါပြီ …။ကျွန်တော်တို.ဆင်း၍ ကားဘီးလဲကြရသည်။
ပုသိမ်မုံရွာလမ်းသည် သိကြသည်.အတိုင်းပင် …ဥသျှစ်ပင်မှ ပဒါန်းလမ်းဆုံအထိ ကားနားရမည်.နေရာမရှိ၊ လေထိုးကျွတ်
ဖာရမည်.နေရာမရှိ ။ထို.ကြောင်.နောက်တကြိမ်ဘီးမပေါက်စေရန်ဆုတောင်း၍ ဖြေးဖြေးမှန်မှန်သာမောင်းရပေတော.သည်။
သို.သော်..ဆုတောင်းကားမပြည်.ခဲ.။မိုင်(၃၀)ခန်.မောင်းပြီးသောအခါ ရှေညာဘက်ဘီးပေါက်ပြန်လေသည်။ကျွန်တော်တို.
တွင်ကားဘီးအပိုမရှိတော….။ထို.ကြောင်. နောက်ဘီးတစ်လုံးဖြုတ်၍ ရှေ.ဘီးတွင်တတ်ဆင်ကာဘုရားရှိခိုးအမျိုးမျိုးရွတ်ပြီး
ဖြေးဖြေးသာမောင်းရပါတော.သည်။ပင်ပန်းလိုက်သည်.ဖြစ်ခြင်း …လူပင်ပန်းသည်ထက်စိတ်ပင်ပန်းသည်ကပိုသည်။
၄၆ ယောက်သောခရီးသည်တို.၏အသက်နှင်.ခရီးစဉ်ချောမောမှုသည်ယဉ်မောင်းတွင်တာဝန်အပြည်.အဝ ရှိလေသည်မို.
အထူးသတိထား၍မောင်းရသည်။ခရီးသည်တချို.လည်းဗိုက်ဆာကြပြီ ၊ သံဃာတော်နှစ်ပါးလည်းပါသည်မို.မွန်းလွဲမှာစိုးရ
သေးသည် …ကားသည်လည်းမြန်မြန်မောင်းလို.မရ ၊ ဒီကြားထဲ …ကားနှင်.ဒရိုင်ဘာကိုမေတ္တာပို.သံသဲ.သဲ.ကိုလည်း
မကြားဟန်ဆောင်၍နေရပြန်သည် ။
ပဒါန်းလမ်းဆုံရောက်တော.ကံကောင်းသည် ၊ကျွန်တော.အသိဒရိုင်ဘာမောင်းသည်. ကားနှင်.တွေ.သည်မို.ဘီးမဖာတော.
ဘဲသူ.ထံမှစပယ်ယာဘီးကိုငှား၍ ရွှေစက်တော်သို.အသော.နှင်ရပါတော.သည်။ကံဖေးမ၍သံဃာတော်တို.နေ.ဆွမ်းမှီခဲ.
ပါ၏။ကျွန်တော်တို.လည်းထမင်းပင်မစားအားကားဘီးဖြုတ်၍ ဖာထေးရလေသည်။ကိစ္စပြီးတော. နေ.လည်နှစ်နာရီ….
မတ်လဆန်း၏နေသည်ထိုအရပ်တွင်တော.ပူပြင်းလှသည်။
ဘုရားဖူးယဉ်များထားရာစုရပ်သို.ကားကိုနေရာချပြီးလျှင်နေ.လည်စာအတွက်နီးရာဆိုင်သို.ပြေးရတော.သည်။အထက်စက်
တော်ရာသို.မူမတက်နိုင်တော.။ထိုနေ.ညနေတွင်ပင်ပန်းသမျှကိုမန်းချောင်းရေတွင်စိမ်ရင်းအပန်းဖြေခဲ.ရပါသည်။စောစောအိပ်မည်
ဟုစိတ်ကူးရင်းတည်းခိုဆောင်တခုခုရရန်ရှာဖွေရသည်။ကျွန်တော်သည်ရွှေစက်တော်သို.ရောက်တိုင်းကားပေါ်တွင်အိပ်လေ.မရှိ။
ကားတံခါးမျာအလုံပိတ်ထားရသဖြင်.ပူအိုက်သည်တစ်ကြောင်း၊ပြင်ပလေတဟူးဟူးတိုက်သည်.မန်းချောင်းဘေးမှဝါးတဲလေး
များတွင်နေထိုင်ရသည်ကိုနှစ်သက်သည်တစ်ကြောင်း တို.ကြောင်.အမြဲတန်းတည်းခိုဆောင်တွင်အိပ်လေ.ရှိသည်။ထိုနေ.
ထပ်မံကံဆိုးပါသည်။ဘုရားဖူးများပြည်.နေ၍ဈေးပေါပေါ တည်းခိုဆောင်မရ။ထို.ကြောင်..ကားပေါ်တွင်သာဒုက္ခခံ၍အိပ်ရ
ပါတော.မည်။
ဒီလိုနှင်. …..အကြော်စုံရောင်းသောဆိုင်မှ အညာမြေပဲကပ်ကြော်တစ်ထုတ်နှင်.ရေတစ်ဘူးဆွဲပြီးမန်းချောင်းပေါ်ဖြတ်ထိုး
ထားသော ဝါးတံတားလေးဆီသို.ထွက်ခဲ.သည်။ မန်းချောင်းပေါ်ဖြတ်သန်းလာသောလေနုအေးလေးများ၏အထိအတွေ.ကို
ခံစားရင်းပဲကြော်ဝါး၍ ဟိုတွေးဒီတွေး ……။မဆီမဆိုင်ဆရာမင်းသိင်္ခရေးသောနာမည်ကျော်မနုစာရီဝတ္ထုထဲမှ မန်းချောင်း
နဘေးတောအုပ်လေးတွင်နေသောမနုစာရီကိုသတိယနေမိသေးသည်။ ရေတစ်ဘူး ပဲကြော်တစ်ထုတ်နှင်. ဆေးလိပ်သုံးလိပ်
ကုန်သောအခါတွင်အိပ်ချင်စပြုလေပြီ ။ ကားဆီသို.ပြန်လာရင်း အတက်အဆင်းဝင်ပေါက်အနီး ထိုင်ခုံတွင်နေရာယူ၍အိပ်
ပျော်ခြင်းသို.ခဏမကြာရောက်သွားလေတော.သည် ။
မည်မျှကြာကြာအိပ်ပျော်သွားခဲ.သည်မသိ ..။ဒေါက် ဒေါက် ဒေါက် ဟူသောခတ်တိုးတိုး တံခါးခေါက်သံကြောင်. နိုးစ
ပြုလေပြီ …..အသာမှိန်းနေစဉ် ခတ်ကျယ်ကျယ်တံခါးခေါက်သံ ထပ်မံကြားရသဖြင်. မျက်လုံးအတင်းဖွင်.၍ထကြည့်မိသည်။
အမျိုးသမီးတစ်ဦး၏ပုံသဏ္ဍန်ကို ဦးစွာတွေ့လိုက်ရသည် ။
ညနက်သန်းကောင် ဘာများပါလိမ့်ဟုတွေးပြီး
ပြတင်းပေါက်ကို အနည်းငယ် ဟ ရင်း..
“ဘာကိစ္စ များရှိလို့လဲဗျ “
ဟု မေးမိသည် ။
ထိုအမျိုးသမီးမှာ တစ်ချက်မျှ ပြုံးပြပြီး
” ဈေးလာရောင်းတာ .. ယူဦးမလား”
ကျနော်အနည်းငယ်ကြောင်သွားလေသည် ။
ဈေးရောင်းသည်ဟုပြောနေသော ထိုမိန်းကလေးထံတွင်
ရောင်းစရာ ဘာတစ်ခုမှ ပါလာသည်ကိုမတွေ့ပေ။
လက်ထဲတွင်မီးညှိထားသော စီးကရက်တစ်လိပ်သာတွေ့ရလေသည် ။
ကျနော် ခေါင်းရမ်းပြလိုက်သည် ။
ထိုမိန်းကလေးမှာ ခတ်ဆိုင်းဆိုင်းခြေလှမ်းများဖြင့် လှည့်ထွက်သွားလေပြီ ။
သူ၏ဦးတည်ရာသည် ကျနော်တို့ကား၏မျက်စောင်းထိူးတွင်ရပ်ထားသော
မိဘမေတ္တာ ဘုရားဖူးကားဆီသို့ ……
ကျနော့်အတွေးတို့ရှုပ်ထွေးသွားသည် ။
သူ ဘာတွေရောင်းမည်နည်း ……
~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျနော့် စပယ်ယာကြွက်နီရှင်းပြမှ ကျနော်သဘောပေါက်ခဲ့ရပါ၏။
ေဩာ်….. ဒီလိုကိုးးးး…
ယခင်အခေါက်များတွင် တခါမှ ကားပေါ်တွင်ကျနော်မအိပ်ခဲ့ပါ ။
တည်းကျောင်း (ဧည့်သည်တည်းခိုရာဝါးတဲ) လေးများတွင်သာ
တည်းခိုခဲ့ပါ၏ ။
ယခုသော် ဘုရားဖူးများလွန်းသဖြင့် တည်းကျောင်းများ နေရာပြည့်နေသလို
်
ဈေးနှုံးလည်း များလွန်းသဖြင့် ကားပေါ်အိပ်မိသော
ပထမဆုံးအတွေ့အကြုံမှာ အံ့ဩခဲ့ရခြင်းဖြစ်လေသည် ။
ကြွက်နီမှာ ယခင်အခေါက်များမှကြုံဖူးသည်ဖြစ်ရာရိုးနေပြီဖြစ်သည် ။
တကယ်တော့ ……
ညဈေးသည်များ မားကက်တင်းဆင်းကြခြင်ပင်..။
အဝေးပြေးကားသမားများစုစည်းရာဖြစ်၍ လူမျိုးစုံ၊ စရိုက်စုံလေသည် ။
သောက်သောက်စားစား ၊ မျက်နှာများတတ်လေသော ကိုကိုကားသမားအချဉ်တုံးကြီးများအား
ဖျော်ဖြေရေးလုပ်ကြခြင်းဖြစ်လေသည် ။
ခြေတော်ရာနစ်ဆူကိုမှ အားမနာကြ ။ ကျနော်သတိထားကြည့်မိတော့မှ အတော်ပင် များပြားလှသည်ကိုတွေ့ရလေတော့၏ ။
စားဝတ်နေရေးကြောင့်ပဲဖြစ်ဖြစ် ၊ အခြေအနေကြောင့်ပဲဖြစ်ဖြစ် ဘုရားပွဲတော်ကျင်းပရာ ပရဝုဏ်အတွင်းတော့ဖြင့်
မရှောင်သင့်ပေဘူးလား …
အင်းလေ… သူတို့လည်း ပွဲတော်ကျင်းပနေသည်လားမသိ။
ဒီလိုနှင့် … ပိန်ရှုံ ့နေသောစီးကရက်ဗူးလေးအတွင်းမှ ကောက်တိကောက်ကွေး စီးကရက်တစ်လိပ်ကိုမီးညှိလျှက်……
လရောင်ဝိုးတဝါးအောက်မှ သမင်လိုက်ပွဲတွေများကို စိတ်မသက်မသာဖြင့် ငေးရင်းဖြင့်သာ…………
လေးစားလျှက်
မောင်ဆာမိ
့
34 comments
surmi
January 27, 2014 at 2:47 pm
ဒီပို့စ်က အရင်တုန်းကတင်ခဲ့ဖူးပါတယ် ။
မလုပ်တတ်မကိုင်တတ်မို့ သုံးပိုင်းကွဲသွားတဲ့ပို့စ်ပါ ။
အခု… သဂျီးမင်းဆီက ပွိုင့်ကိုဖြုန်းတီးရင်းနဲ့
ဟိုရက်ကဝင်ကြည့်တော့ ရွာကလည်းတိတ်ခြောက်နေတာနဲ့.. အဲ့ဒါ.. 🙂
ဖတ်ပြီးသူများသည်းခံကြပါ ဟဲဟဲ
ရေးစရာလည်းမရှိဆိုတော့ ….
သဂျီး မေတ္တာ ပို့စေသတည်း
မဟာရာဇာ အံစာတုံး
January 27, 2014 at 3:01 pm
ရွှေစက်တော်ဆိုမှ
ငယ့်ငယ်လေးတုန်းက တစ်ခေါက် ရောက်ခဲ့ဖူးတယ် …
တည်းခိုဆောင်နောက်က ချောင်းထဲမှာ ဘောကွင်းစီးခဲ့တာကို သတိရမိသေးတယ် …
နဂါးပွက်တောင်ကိုလည်း ကြောက်ကြောက်နဲ့ ကြည့်ခဲ့ဖူးသေးတယ် ..
ဒါနဲ့ စကားမစပ်ဗျာ …
ဦးဆာမိကြီးတစ်ယောက် အသည်း ဝယ်ခဲ့သေးသလား မသိဘူး …
စာထဲ ဖတ်ရတာ မရှင်း မရှင်းနဲ့မို့ ….
surmi
January 27, 2014 at 3:45 pm
@မောင်အံ
နှစ်ခေါက်ပြန်ဖတ်ပါရဲဘော် 🙂
နားမလည်မခြင်းဖတ်ပါရဲဘော် 🙂
အခုတော့လည်း အချိန်ရောက်တိုင်းဘုရားပွဲကိုသတိယရုံပါကွာ
မရောက်ဖြစ်တော့ပါဘူး
@ဦးမျိုး
ဖြေးဖြေးတော့လုပ်ပါနော
တစ်ညဘဲအိပ်တာပါဗျို့
ခရီးသည်တွေကားပေါ်ညအိပ်ကြရလို့နှစ်ညအိပ်လို့ ခေါ်တာ 🙂
Myo Thant
January 27, 2014 at 3:07 pm
ကိုကြီး ဆာမိ
၂ညအိပ်ဆိုတော့ ဒုတိယညမှာ ကားပေါ်ပဲ အိပ်သေးတာလား ?
မှန်မှန်ပြော 🙂
Shwe Ei
January 27, 2014 at 3:18 pm
ရွှေစက်တော်က ခုနောက်ပိုင်း ပိုဆိုးတယ်ဗျ….ဘုရားဖူးတွေများလာတော့ တည်းခိုခန်းခ မဆန်တဆဈေးတင်တယ်…ပီးတော့ ပေးရတာနဲ့မတန်အောင် သန့်ရှင်းရေး အင်မတန်ညံ့ဖျင်းတယ်
အိမ်သာမကောင်း….တည်းခိုခန်းညံ့….ဘုရားဖူးတွေက ချောင်းအပေါ်ဖျားကနေ ချောင်းအောက်ဖက်ထိ အိုးခွက်ပန်းကန်တွေ ဆီအထပ်ထပ်နဲ့ဆေးချတော့ ရေပါမသန့်သလိုခံစားရတယ်
မနက်စောစော လူလဲရှင်း ရေစီးရေလာလဲကောင်းနေတဲ့အချိန်လောက်ဘဲ ရေစိမ်လို့ကောင်းတာ
အဆိုးဆုံးက ည၁၁နာရီကျော်လဲ တည်းကျောင်းမှာနေတဲ့လူတေကို ဂစ်တာပေးမတီးဝူးတဲ့ဗျာ…သောက်ညင်ကတ်လိုက်ထှာမပြောပါတော့နဲ့ 👿
surmi
January 27, 2014 at 3:54 pm
@မရွှေအိ
မရွှေအိပြောတာ ဟုတ်သဗျ
အဲဒီတုန်းကတောင် အတော်ညစ်ပတ်နေပါပြီ ။
ကျနော်လည်း မရောက်တာကြာပါပြီ
ဓတ်ပုံထဲမှာတော့ တည်းကျောင်းတွေ သုံးဆလောက်တိုးလာသလားပဲ……
@ဦးမိုက်
အသည်း နိုးနိုး 🙂
ဒီတစ်ခါသွားဖြစ်ရင်ပုဂံညောင်ဦးကိုပါ ဆက်ဆွဲဗျာ ။
ပြီးတော့အတွေ့အကြုံလေးတွေရေးဦးပေါ့ ။
ကပ္ပိယ သာဒင်
January 28, 2014 at 12:06 pm
တည်ခိုးခန်းတွေဈေးကြီးလွန်းတယ်
ဂေါပကတွေက စည်းကမ်းမထန်းသိမ်းပေးဘူး
အဆင့်မှီတဲ့ ခရီးသွားစရာဖြစ်မလာသေးဘူး
ရုက်စားကောက်ထဲ့တွေ
kyeemite
January 27, 2014 at 3:22 pm
ကိုဆာမိ အသည်းကြိုက်တယ်တစ်ခါပြောဖူး တာ ဒါ့ကြောင့်ကိုး..ခိခိ 😀
ကျုပ်လည်း မိသားစုနဲ့တစ်ခေါက်ရောက်ဖူးတယ်..အဲတုန်းက ကလေးနှစ်ယောက်က
နဲနဲငယ်သေးတော့ မမှတ်မိတော့ဘူးတဲ့..အင်း..တစ်ခေါက်လိုက်ပို့ရပေလိမ့်အုံးမယ်…
သတိရတယ်ကိုဆာမိရေ..
ဦးကျောက်ခဲ
January 27, 2014 at 3:25 pm
အသည်းသည် ကောင်မလေးက…
“ကိုကို ယောက်ျားမဟုတ်ဘူး… ချိတ်နာဒယ်” ဆိုပြီး ခြေဆောင့်သွားလေရဲ့…
ပျော်စေပြက်စေ… နောက်တာပါ ကိုရင်ဆာရေ…
အဲသည့်လိုကနေ ရောဂါဘယတွေကို ကိုရွှေမျက်နှာများတွေကတဆင့်…
တတိုင်းပြည်လုံးရော အိမ်သူသက်ထားတွေကိုရော ဖြန့်လိုက်ကြတာ…
ကျောက်စ်သိတဲ့ ကားသမားညီအကိုဆိုရင် မိသားစုပါအပါခေါ်ပြီး…
“အေ” နဲ့ လူ့ဘုံခန်းဝါကိုစွန့်သွားကြတယ်လေ…
မသိနားမလည်ချင်းနဲ့ ဆင်းရဲချင်းပေါင်းတော့… အမျိုးကန်းရော…
🙁
surmi
January 27, 2014 at 4:03 pm
အစ်ကိုဦးကျောက်ရေ
ပြောရရင်လည်းခက်သဗျ ။
ကားသမားဆိုတဲ့ကောင်တွေကလည်း
တစ်ရွာတစ်ကျည်ဆောက်ချင်တာကလား
တွေ့မရှောင်တွေများတယ်ဗျို့ ။
ဒါကြောင့် ပန်တော်ကျများရဲ့ဈေးကွက်က ကိုကိုကားဆရာတွေဖြစ်နေတာ ။
ရောဂါကိုတော့ အခုထိကြောက်သေးပုံမရဘူးဗျို့
အင်း……
ပြောရလည်းခက်ပါတယ်ဗျာ
TNA
January 27, 2014 at 4:33 pm
ဒါတော့ဖတ်ဖူးသေးဘူးကိုဆာမိရေ။ ဘုရားရိပ်မှာအံ့ဩစရာပါ။ ဟိုတခါ လမ်းမှာသရဲခြောက်တာတော့ မှတ်မိလိုက်ပါရဲ့။ ကိုဆာမိတိုက်ဆိုင်တာလား အတင်းများ ဟဲဟဲ စတာနော်
surmi
January 28, 2014 at 9:52 am
@ မသဲနု
ဒီပို့စ်က ကြာပြီဗျ ။
သုံးပိုင်းကွဲပြီးကို့ယို့ကားယားဖြစ်နေတာ
တိုက်ဆိုင်တာမဟုတ်ဘူးမသဲနုရေ
ီဒီလိုနေရာ ဒီလိုအခြေအနေမှာ ကြုံတတ်ကြပါတယ် ။
ကျနော်က အချိန်သိပ်မကြာပေမယ့် ကားသမားအဖြစ် ခရီးသယ်တင် ၊ ဘုရားဖူး နဲ့ ကုန်ကား တွေလိုက်မောင်းဖူးတာမို့ပါ
@မွန်မွန်
ဒါဘာဟုတ်သေးလဲဗျာ
တချို့များ ကိုယ့်ကိစ္စလည်းပြီးရော
ရဲတိုင်မယ် ဘာမယ်နဲ့ချိန်ခြောက်ပြီး
မောင်းထုတ်တတ်သေး……
ရွံစရာ 🙁
လုံမလေးမွန်မွန်
January 27, 2014 at 5:23 pm
အော်.. သရဲခြောက်တယ်လို့ ထင်မိတာ.. လက်စသတ်တော့ အသည်းရောင်းတာကိုး..
သူတို့မလည်း အသည်းတွေ များလိုက်တာနော်.. ဖတ်ရတာ စိတ်တောင် မကောင်းဘူး..
•*¨နန်းတော်ရာသူ •*¨
January 27, 2014 at 7:01 pm
တကယ်ပဲမဝယ်လိုက်ဘူးလားဦးဆာ
😀
နောက်တာနော်။
တခြားနေရာတော်တော်များများရောက်ဖူးပေမယ့်ရွှေစက်တော်ကိုလုံးဝမရောက်ဖူးသေးဘူး။
ဖေဖေမေမေကတော့ခဏခဏရောက်သား။ဒီနွေကိုဖေဖေကတစ်မိသားစုလုံးသွားဖို့ကြဖို့ပြောနေတာတောင် နွေရာသီကြီးအညာခရီးမသွားချင်ဘူးဆိုပြီး အင်တင်တင်လုပ်နေတာ။
တစ်ခေါက်တော့ ရောက်အောင်သွားပါဦးမယ်။
surmi
January 28, 2014 at 10:27 am
@နန်းတော်ရာသူ
အမှုပိုကြီးအောင်တော့ လုပ်နေပြီ 🙂
တစ်ခေါက်ဘောက်တော့သွားသင့်တယ်ဗျ
မတူတဲ့ဓလေ့တွေနဲ့ မူကွဲတဲ့အစားအသောက်လေးတွေလည်းတွေ့ရမှာပါ
အညာက ချစ်ဖို့ကောင်းပါတယ်ဗျာ ..
@အလက်ဆင်း
မဖတ်ရသေးတော့အသစ်ဖြစ်တာပေါ့ကွယ်
တကယ်တော့… သဂျီးဆီက ပွိုင့်ခိုးတာပါကွယ်ဟဲဟဲ
ဒညင်းဝက်
January 27, 2014 at 9:56 pm
ကျနော်ကတော့..
အခုမှ သေချာဖတ်မိတာရယ်.. .။
ဖတ်ပြီးတော့… ဟင်းးးးခနဲ..သက်ပြင်းချမိတော့တာပဲ…
nozomi
January 28, 2014 at 1:30 pm
ရွှေစက်တော်ကို တစ်ခါမှ မရောက်ဖူးဘူး
အသည်းရောင်းတယ် ဆိုတော့ ဘာအသည်းလဲ ဗျ
အမဲသည်း လား ကြက်သဲ လား
အသဲ တွေက မစားတာကောင်းတယ် ရောဂါရမယ် ဗျ
ကိုဆာမိ ကြည့်ရတာ အသည်းတော မကြိုက်ဘူး အသားတော့ ကြိုက်တယ် ထင်ရဲ့
ငြင်းတာတွေ မလုပ်ပါနဲ့ ဗျာ အားနာစရာကြီး
surmi
January 30, 2014 at 11:09 am
@ဦးနို
မြေလတ်အသည်းလေ.. ဟဲဟဲ..
နောက်တာပါဗျာ
အသည်းရောအသားရောမကြိုက်ပါဘူး
အသီးအရွက်လတ်လတ်ဆတ်ဆတ်လေးပဲအားပေးမလားလို့..
ဒုက္ခ ထဲမှာရှာကြံပျော်တတ်ရင်တော့
ဒီခရီးမျိုးသွားလို့ရသဗျ
အင်း… မငြင်းရင်မဖြစ်သမို့ ငြင်းရတာ အပြစ်မဆိုသာပါဘူးကျောင်းဒကာရယ် 🙂
@မခိုင်ဇာ
မဆွဲရဲဘူးဗျို့
သူများတွေဆက်ဆွဲဖို့ အစ ထုတ်ရုံသက်သက်
🙂
KZ
January 28, 2014 at 2:29 pm
ဟိ။
အဲဒီ ကိစ္စကို တရားဝင် ခွင့်ပြုခွင့် မပြုခွင့် ဆက်ဆွဲလိုက်လေ ဆာဆာ။
ကိုပေါက်(မန္တလေး)
January 28, 2014 at 2:46 pm
က ဆာ မ ိ တို့ လို့ လမ်း ပေါ် သွား နေ တဲ့ ကာ း သ မား မ ပြော နဲ့
နယ် တ ကာ လှည့် ဈေး ရောင်း ရ တဲ့ အ ရောင်း သ မား များ လဲ
ကိုယ့် ရှိ တာ လေး လာ ရောင်း တဲ့ သူ နဲ့ ကြုံ ဘူး ပါ့
surmi
January 30, 2014 at 11:17 am
အစ်ကိုကြီးကိုပေါက်ရေ
အဲသလိုလေးတွေတကယ်ရှိသဗျ
ကျနော်ကတော့ ဖြစ်စဉ်တစ်ခုကိုပုံဖေါ်ရုံသက်သက်ပါ
အစ်ကို့အတွေ့အကြူံလေးတွေလည်းလုပ်ပါဦးနော
@မြတ်ပုလဲဖြူ
လာရောက်ချီးမြှင့်ပေးတာကျေးကျေးပါဗျာ
သိပ်မကြောက်ပါနဲ့
အဲဒီဘီလူးတွေက သိသာထင်ရှားပါတယ်လေ
တချို့ကတော့ ဟိုလိုလို ဒီလိုလို
myat pearl phyu
January 28, 2014 at 4:25 pm
အသည်းရောင်းတယ်ဆိုလို့ ဘာများလဲပေ့ါ…
ကလို လား… အသည်းဒွေကလည်း နေရာတကာ ရောင်းဝယ်ကြဒါ ပေါသကိုးနော် …
ရွှေစက်တော်ကို မရောက်ဖူးသေးတော့ စာတွေထဲကပဲ ဒေသန္တရဗဟုသုတယူရတယ်ချင့်…
အသည်းစားဘီလူးဒွေ ..သာမီးတို့ ကြောက်ကြောက် … 😛
kai
January 28, 2014 at 4:38 pm
ဘုရားရှင်လက်ထက်က… ဥတ္တရာတရားနာချင်သမို့.. သူ့ယောကျာ်းကို.. ပြည့်တန်ဆာသီရိမာနဲ့လွှတ်ပေးထားတာ.. အပေါ်ထပ်မှာ.. သီရိမာတို့က.. အသည်းရောင်း…အောက်ထပ်မှာ.. ဂေါတမဘုရားရှင်ကတရားဟော…
လူသားဟာ.. လူသားအလုပ်လုပ်ကြတာမှာ.. အပြန်အလှန်လေးစားသမှုထားမယ်..ရှိမယ်ဆို… အစွန်းရောက်ပြီးကန့်သတ်ချုပ်ချယ်မှု.. မရှိသင့်…
surmi
January 30, 2014 at 11:31 am
@သဂျီးမင်း
သဂျီးမင်းအနေနဲ့ ဓမ္မပဒ ကိုမှီငြမ်းသွားတာလေးမှတ်ထားမယ်နော်
@ဆရာခေါင်
အသာလုပ်ပါဆရာရယ်
ဘယ့်နယ်သာရမှာတုန်း
ဆရာခေါင်ပို့စ်တွေထဲမှာပေးချင်တဲ့မက်ဆေ့ချ်လေးတွေ
မသိမသာထည့်သွားတာလေးအတုခိုးနေရတာပါခင်ဗျ
အဲ……
ညဈေးသည်လေးတွေကတော့
ဘဝနဲ့ရင်းပြီး မဝရေစာစားနေရပေမယ့်
သေမင်းတမန်တွေဖြစ်မှန်းမသိဖြစ်လို့………
ကျော်စွာခေါင်
January 29, 2014 at 2:57 am
ကိုဆာ ..
ပထမပြောချင်တာက ကိုဆာ တစ်ကယ်ကို စာရေးတာကောင်းတယ်..
အရပ်ဒေသတစ်ုခုရဲ ့ပါတ်ဝန်းကျင်ကို ဖော်ညွှန်းသွားတာလေးတေါ သတိထားလေ့လာမိတယ်..
ကျနော်ရေးတာက ပြတ်တောင်းတောင်းကြီး ကိုဆာနဲ ့ယှဉ်လိုက်ရင်လေ..။
စာပါ အကြောင်းအရာကိုတော့ ကိုယ်တိုင်တွေ ့ကြုံဘူးသလို သူတို ့ဘဝတွေက သနားစရာတော့ ကောင်းသားဗျ…
အတွေ ့အကြုံက သင်သွားလို ့သာ ဝမ်းရေးနဲ ့ယှဉ်လို ့ သူတို ့တွေ ရဲရဲတင်းတင်း ဖြစ်ပြီး နေကြပေမယ်..
သူတို့တွေရဲ ့နာကျည်းစရာ အဲဒီဘဝရဲ ့ ပထမညတွေကို တွေးပြီး ကျနော်က စိတ်မကောင်း ဖြစ်နေတတ်တာ..။
ကယ်သူမယ့်ပြီး လုံးလည်လိုက်နေတာပါဘဲဗျာ…။
Crystalline
January 29, 2014 at 3:19 pm
ရွှေစက်တော်ရောက်ခဲ့ဖူးသလို..နဂါးပွက်တောင်လည်းရောက်ခဲ့ဖူးတယ်.. အဲဒီနဂါးပွက်ကတော့ဘာမှလည်းဟုတ်ဘူး :)) .. ကျမတို့လည်း တိုးကကားကြီးစီးလုံးငှားပြီး မိသားစုလိုက်ရွှေစက်တော် ရောက်ခဲ့ဘူးတယ်.. အဲဒီချောင်းနားက ဝါးတဲလေးတွေမှာပဲညအိပ်ကြတာ.. ကျမတို့ရောက်ခဲ့တဲ့အချိန်က လူရှင်းတော့ ကိုယ်တွေပဲအေးအေးဆေးဆေး… တဲထဲအိပ်တာ ပူလွန်းလို့.. နောက်ဆုံးအဒေါ်နဲ့ကျမတို့တွေ တဲ့ရှေ့ကပြင်လေးမှာထွက်အိပ်တော့ အေးချမ်းလိုက်တာ.. အဲဒီအရသာကိုတော့ခုထိမမေ့ဘူး.. ဒါပေမယ့် ကံကောင်းလွန်းတဲ့အဖြစ်လည်းဖြစ်ခဲ့သေးတာ.. အထက်စက်တော်ရာကိုတက်တော့ ကားကိုရပ်ရတာမြေညီမှာမဟုတ်..ကားသမားက ဂျမ်းတုံးလည်း ခုမထားဘူး.. ကားပေါ်ကလူအချို့..ကားသမားတွေကအောက်ဆင်းကြည့်ကြတယ်.. ကျမနဲ့တချို့က ကားပေါ်ကျန်ခဲ့တာ.. အဲဒီမှာကားက နည်းနည်းချင်းနောက်ပြန်လှိမ့်တာ.. ကံကောင်းလွန်းလို့ အဲဒီကားရှေ့နားအစ်ကိုကရှိနေလို့…ချက်ချင်းတုံးခုရတာ.. မဟုတ်ရင်မတွေးရဲစရာဘဲ..
သူတို့နဲ့လည်းရင်းနှီးသွားတော့ ကြုံလို့ သူတို့အကြောင်းမေးမိတော့ အဲဒီကားမောင်းတဲ့ဆရာလည်း အေကိုက်ပြီးဆုံးသွားတယ်တဲ့..
surmi
January 30, 2014 at 11:40 am
@ခရစ်စတယ်လိုင်း
ကံကောင်းလို့ပါလားဗျာ ။
ကားသမားအတော်ပေါ့ဆတာပဲ
ပြန်ကျလိုက်ရင်မလွယ်ကြောဗျ
အဲဒီနေရာကတမျိုးပဲ………
ညဖက်ချမ်းပြီး နေ့ခင်းသေအောင်ပူတာလေ
ကျနော်တို့ကတော့ ပူတဲ့အချိန်အထက်စက်တော်ရာကိုတက်နေတာ
လေတဖြူးဖြူးနဲ့ အပူသက်သာတယ်
@မောင်သဂျား
နောက်တခါပြန်သွားကြည့်
ကျုပ်ပြောတာဟုတ်မဟုတ်
အရမ်းမယုံနဲ့ 🙂
Mr. MarGa
January 29, 2014 at 3:20 pm
မယုံရင် ပုံပြင်မှတ် ဆိုတော့
ယုံတာမို့ ပုံပြင် လို့တော့ မှတ်တော့ပါဘူး ဗျာ
တကယ်လဲ ရှိတတ်၊ ရှိဆဲတွေကို
ကျနော်သွားတုန်းက ရောက်ပြန် မို့
မန်းချောင်း ညရှုခင်းတောင် မခံစားခဲ့ရ…………
padonmar
January 29, 2014 at 11:24 pm
ဟိုအရင် ဒရိုင်ဘာ ခေါ်နိုင်တဲ့ အချိန်တုံးက အလုပ်ပေးမိတဲ့ထဲမှာ ၂ ယောက်တောင် အေ နဲ့ သေသွားကြတယ်။ရောဂါသိပြီး သိပ်မကြာဘူး။ ကားမောင်းတော်ပြီး သဘောကောင်းတဲ့သူတွေမို့ တော်တော် နှမျောမိပါတယ်။
surmi
January 30, 2014 at 11:48 am
@အစ်မပဒုမ္မာ
အစ်မရေ
တချို့ကလည်းဂရုမစိုက်တာ
တချို့ကလည်း နားလည်မုှလွဲပြီးအသိမှားနေတာ
သူတို့တွေက ဆစ်ဖလစ်နဲ့ A နဲ့အတူတူလို့ထင်နေတာဗျ
ဆိုတော့……
ဆေးကုလို့ရမယ်ထင်နေတတ်ကြတာ
@ကိုပိုင်လေး
အဲဒီမှာတော့မသိ
မြို့ကြီးတွေမှာတော့ နိုင်ငံခြားသားတွေကို
အချဉ်ဖမ်းဖို့ ကြံနေကြတာမနဲ…… 🙂
@မမီမီ
ဟုတ်ကဲ့
ကျေးကျေးပါဗျို့
Paing Lay
January 30, 2014 at 10:49 am
နောက်ဆိုရင်တော့ Tourist တွေအထိ ဈေးကွက်ချဲ့လာဦးမလားမသိ
မီ မီ
January 30, 2014 at 10:54 am
ဘုရားမြေမှာ ရှက်စရာကောင်းလိုက်တာ
kai
January 31, 2014 at 4:38 am
ပြည့်တန်ဆာလုပ်ငန်းကို.. တရားဝင်ဥပဒေနဲ့ခွင့်ပြုသင့်လှတယ်..။
အနည်းဆုံး.. ဆင်းရဲတဲ့ပြည်နယ်တွေက.. တချို့ဒေသတွေမှာ ဥပဒေပြု.. ခွင့်ပြုသင့်လှတာပေါ့..
အဲဒါဆို..ဆေးစစ်တာ.. ဘာညာတွေလည်း တရားဝင်မို့.. ရောဂါကူးသက်သာမှာပေါ့…။
ကျုပ်သာအမတ်ဆို.. မြန်မာအနောက်ကမ်းရိုးတန်းပြည်နယ်.. မောင်တောဖက် နယ်စပ်ဒေသမှာ ခွင့်ပြုဖို့.. လွှတ်တော်မှာတင်သွင်းတယ်..။
အဲဒီနယ်မှာ အလုပ်လာလုပ်နေတဲ့. စိနတိုင်းသားတွေနဲ့.. ဘင်္ဂလားတွေပေါင်းပြီး.. ဗမာရုပ်လေးတွေထွက်လာမှာသေချာ…
နောက်တာနော..နောက်ပြီး တကယ်ပြောတာ…။
ဦးကြောင်ကြီး
January 31, 2014 at 1:38 pm
အသဲရောင်း အလဲထောင်း တပွဲကောင်း ငရဲဖောင်း..