ရင်ဝမှာ ဒဏ်ရာတန်းလန်းနဲ့ ညများ. . .
* ရင်ဝမှာ. . .ဒဏ်ရာတန်းလန်းနဲ့ ည *
ကြယ်တွေ လတွေ ဝေဆာနေတဲ့. . .
သူတို့တွေရဲ့ ညများ. . . .
ငါနဲ့ ငါ့ညလေးတွေက အားကျလိုက်ပါတယ်
ညဟာ . . .ည မပီသလွန်းလို့. . .
လူမမည်သေးတဲ့ လူအတွက်. . .
ညမမည်သော ညတွေကပဲ. . .
တုတ်ဆွဲဓါးဆွဲ ထိုးခွဲဝင်ရောက်. . .
ကံဆိုးမိုးမှောင်တွေ ခုတ်ထစ်ကျွေးဖို့တဲ့…
ကွယ်. . .
ငါကမှ မစားချင်တာ. . .
ဆူးချွန်တွေနဲ့ ဖိအုပ်တတ်သော ညတွေထဲ
အတောင်ပံမရှိပဲ ပျံသန်းရတာ. . .
မောလိုက်တာကွယ်. . .
ငါ့သတ္တိတွေလည်း အတုံးအရုံး. . .
ငါ့ညတွေရဲ့ မှောင်မိုက်ခြင်းထဲကနေ
ကွက်တိကွက်ကြား လောကဓံဆိုးတွေသာ
ဓါးမိုး ရွာသလို ခုန်ဆင်းလာတတ်. . .
ငါ့ရင်ဝမှာလည်း. . .ဒဏ်ရာတန်းလန်းတွေနဲ့ . . . .
ရယ်မောရခြင်း မရှိ
ပျော်ရွှင်ရခြင်း နတိ္ထနဲ့ . .
တိတိရိရိ အကွင်းလိုက်အကွင်းလိုက်
လှီးဖဲ့ခံရရင်းနဲ့ပဲ. . . .
ငါနဲ့ ငါ့ညတို့ ပါးလျ. . . .
မြေမြှုပ်သငြ်္ဂိုလ်စရာတောင် မကျန်ဘူးထင်ရဲ့. . . .
မိစ္ဆာဆန်တဲ့ ညတွေထဲ . . .
လူးလွန်းကြီးထွား. . . .
ကဝေဆန်ဆန် ပြုံးတတ်ခြင်းတစ်ခုသာ
အင်းလေ. . . .
ငါ့အတွက် အမြတ်ပေါ့. . . .
အလင်းဆက် ( Gazette )
26 / 1 / 2014 / sunday /15 : 55 pm
မရမ်းကုန်း
6 comments
KZ
February 7, 2014 at 8:13 am
ကွကိုယ်တောင် အိပ်မပျော်ရတဲ့ထဲ ခေါင်းစဉ်ကြီးကလည်းအေ။
ငိုချင်တာ..
:hint:
ဒညင်းဝက်
February 7, 2014 at 12:26 pm
ငိုချင် တာ လည်း ပြုံးစိစိနဲ့
အဟိ
ဒီကဗျာနာမည်လေး ကိုယ့်ဘာသာကိုယ်တော့ အတော် ကြိုက်နေမိတယ် မမဂျီးရေ
:kwi:
မဟာရာဇာ အံစာတုံး
February 7, 2014 at 1:13 pm
ညီငေးး
ကိုဂျီး ဖတ်တွားဒယ်နော် …
ကဝေဆန်ဆန် ပြုံးတတ်ပြီဆိုတော့
သူများကို မပြုစားနဲ့နော့ ..
ငရဲကြီးတတ်တယ် …
ဒညင်းဝက်
February 7, 2014 at 3:11 pm
ဖတ်သွားတဲ့အတွက် ကျေးကျေးဘာ တိုဂျီး
သာဒုသာဒု
😆
TNA
February 8, 2014 at 4:22 pm
အိပ်ဆေးသောက်လေဟာ။ အဲတော့ဘာမှမသိတော့ဘူးပေါ့အေရယ် :kwi:
အလင်းဆက်
February 8, 2014 at 6:51 pm
အိပ်ဆေးတွေသောက်ပြီး
မနိုးသော အိပ်ခြင်းမျိုးနဲ့
တိုးတိုးတိတ်တိတ် အိပ်လိုက်ရရင် ကောင်းမယ်လို့
တခါတုန်းက တွေးခဲ့ဖူးတယ် တီသဲရေ. . . .
တီသဲကို ပြောပြဖူးးတဲ့ . . . .
အဲဒီတစ်ခါတုန်းကပေါ့. . . .