ဖြူ နဲ့ တစ်ပတ်စာဟင်းစပ်
၆ နာရီခွဲ နှိုးစက်သံ အစမှာပဲ ဖြူ့ မျက်လုံးတို့ပွင့်ကာ နိုးလာခဲ့ပြီ။
ဒီနေ့ ဈေးသွားရမဲ့နေ့ပဲ။
ဈေးမသွားခင်လည်း ဖေဖေ့ဖို့ မနက်စာစီစဉ်ရဦးမည်ဖြစ်သည်။
ဘာမှ ဆန်းကြယ်သော စီစဉ်မှုမဟုတ်သော်လည်းး ဒီနေ့က ဖြူတစ်ယောက်တည်းစီစဉ်ပေးရမဲ့ အစားအသောက်ကိစ္စမို့ ဒီလောက် ဝီရီယစောနေခြင်းသာ။
ဖြစ်ပုံက ဖြူတို့ မောင်၂ မှ ၂ ယောက်က မန်းလေးမှာ ကျောင်းတက်ရသည်။ မေမေက ဖေဖေနဲ့ တာဝန်ကျရာ နယ်လိုက်နေရ၏။
ဖြူ့ကျောင်းက အတန်းတင်စာမေးပွဲပိတ်ခိုက် နယ်ကို ခဏလိုက်လာတုန်းးး မေမေက မောင်လေးဆီ သွားချင်တယ်ဆိုပြီး မန်းလေးသို့သွားသည်။
ဒီလိုနှင့် ဖေဖေ့ စားရေးသောက်ရေး ဖြူ့ တာဝန်ကျလာ၏။ ရ ရက်စာ ဖေဖေ့ကို ဖြူလက် အပ်လိုက်သည်ဆိုပဲ။
ဒီနေ့က တနင်္လာနေ့။
အတွေးတို့ ခဏရပ်ပြီး အိပ်ယာက ထ၊ မျက်နှာ၊ သွား၊ ခြေ၊ လက် သန့်ရှင်း လုပ်ပြီး ဆံပင်ကို စည်းကာ မီးဖိုထဲထွက်လာသည်။
မီးသွေးမီးဖိုမို့ ဖြူ က မီးမမွှေးတတ်။ ဖေဖေက မီးမွှေးပေးပြီး ဖြူ နိုးတော့ မီးဖိုအပ်ကာ လမ်းလျှောက်ထွက်သွားပြီဖြစ်သည်။ မီးဖိုပေါ်မှာ ရေနွေးအိုးက ဆူနေပြီ။
ဖေဖေနဲ့ ဖြူ ၂ ယောက်စာ ကော်ဖီမှုန့်ကို ရေနွေးထည့်ကာ နှပ်ထားလိုက်သည်။ ဒီမနက်တော့ အကျင့်မရသေးလို့ ပဲပြုတ်သည် မှီအောင်မထနိုင်။
ဒါကြောင့် ရှိတဲ့ ထမင်းကြမ်းခဲလေးကို ခြေကာ ဆား လေးဖြူးနယ်ထားလိုက်သည်။ ဆီအိုးတည်ထားတုန်း ကြက်သွန်နီ တစ်လုံး ကမန်းကတန်းသင်ကာ ပါးပါးလှီးပြီး ဆီသတ်လိုက်သည်။ ပြီးတော့ ကြက်ဥတစ်လုံးဖောက်ထည့်ကာ ကြက်ဥ အားလုံးမကျက်ခင် ထမင်းကြမ်းလေး ထည့်မွှေ၊ နနွင်းလေး နည်းနည်းထည့်၊ နှံ့အောင် ကြော်လိုက်တော့ ဖေဖေ့ အကြိုက် ထမင်းကြော် တစ်ပန်းကန်ရသည်။
မေမေ စိမ်ထားသည့် သံပုရာသီးသနှပ်လေး နဲ့ ငရုတ်သီးကြော်မှုန့်လေးဖြူးကာပြင်ရသည်။
အိမ်မှာတော့ ဟင်းအရံသုံးလို့ရနိုင်မဲ့ ကလတယ်လို သနှပ်လို ချဉ်ဖတ်လို အမြဲ ၂ မျိုး ၃ မျိုးတော့ ရှိသည်သာ။
ထမင်းကြော်ရယ်၊ ကော်ဖီတစ်ခွက်ရယ်၊ ရေနွေးကြမ်းတစ်ခွက်ရယ် ပြင်ပြီးတော့ ဖေဖေပြန်လာပြီ။ သားအဖ ၂ ယောက် မနက်စာ စားပြီးခါနီးလောက်မှာပဲ အိမ်နားက သူနာပြုဆရာမလေး လာခေါ်သည်။
ဖေဖေ့ကို မဟုတ်၊ ဖြူ့ ကို။ မေမေက ဖြူတစ်ယောက်တည်း ဈေးမသွားတတ်မှာ စိုး၍ မှာထားသည်တဲ့။
ဒီလိုနဲ့ စကားတပြောပြော လမ်းလျှောက်လိုက်တာ ဈေးကို ရောက်သည်။ လှလိုက်တဲ့ ဘုရားပန်းတွေ၊ အသီးအနှံတွေကလည်း လတ်ဆတ်လိုက်တာ။
အို! လိုချင်တာတွေအကုန်ဝယ်လို့ မဖြစ်။ မေမေပေးထားတာက ဈေးဖိုး ရ ရက်စာတည်းးး၊ အိမ်မှာ က ရေခဲသေတ္တာမရှိ။ ရာသီဥတု အေးတဲ့ ဒေသမို့သာ တော်သေးတယ်မှတ်ရမည်။
ကြက်သွန်ဖြူ/နီ၊ ဆီဆား တို့ကတော့ တစ်လ စာဝယ်ထားပြီးသားးးး
နေ့စဉ် အသားနဲ့ အသီးအနှံသာ ဝယ်ရမှာပင်။
ဈေးက နေ့တိုင်းသွားရမှာမို့ ပေါပေါလောလော သုံးလို့ မဖြစ်မှန်း ဖြူ့စိတ်ထဲမှတ်ထားရသည်။
ဒီနေ့ဘာချက်ရပါ့ဆိုတာ အရင်စဉ်းစားရ၏။
ဖေဖေက ဟင်းစားကြီးသူမဟုတ်၊ ဒါပေမဲ့ မနက်နဲ့ ည ဟင်းတူရင်မစားချင်၊ ပါးစပ်က ထုတ်မပြောပေမဲ့ အဲဒီလို ဟင်းတူရင် ထမင်းသိပ်မစားတာမျိုးဆိုတော့ ဖြူတို့ သားအမိတွေ သတိထားရသည်။
ဖြူက မေမေ့လိုလည်း အပြောကောင်းကောင်းနဲ့ မကျွေးတတ်။ သို့ပေမဲ့ ဖြူ ကျွေးတာ စားရမဲ့ ဖေဖေ့ကိုလည်း သိပ် အလိုမလိုက်ချင်တဲ့ စိတ်လေးက ရှိလာရပြန်သည်။
ငါးကြင်း မျက်စံဖြူ တွေတွေ့တာနဲ့ အကြံရကာ ဝယ်လိုက်သည်။
ပြီးတော့ မုန်လာပင်ပေါက် လေးတွေတွေ့၍ဝယ်လိုက်သည်။
အကြံ က ငါးကြင်းဖြူကို ကွင်း ဆား၊ နနွင်းနဲ့ နယ်ကာ အကြွပ်ကျော်မည်။
မုံလာပင်ပေါက် ချဉ်ရည်ချက်မည်။
အိမ်မှာ ရှိတဲ့ ငပိစိမ်းစားလေး မီးကင်ကာ ငရုတ်သီးစိမ်းလေးနဲ့ ထောင်းမည် စိတ်ကူးသည်။
ငါးကြင်းကြော် နည်းနည်းချန်ထားပြီး ညနေဘက်ကျမှ ကြာညို့လေးနဲ့ ကြက်သွန်ကွင်းနဲ့ ငါးကြော်ပြန်နှပ် ချက်ပြီး ကျွေးမလား အတွေးနဲ့ ဖေဖေကို လှည့်စားဖို့ ကြံစည်ပြီး ပြုံးမိတော့သည်။
~~~~~~~~~~~~~~~~~~~~~~~~
အင်္ဂါနေ့။
ပဲပြုတ်သယ် အသံ ကြား မှာ ဝုန်းကနဲ့ထ။ ပြတင်းပေါက်ဖွင့်ကာ လှမ်းခေါ်ရသည်။ ဖြူ ကံကောင်းလိုက်ပုံများ ပဲပြုတ်သည်နဲ့ အကြော်သည် ရှေ့ဆင့်နောက်ဆင့်။
အကြံရှိပြီးသားမို့ အကြော်စုံကို ကြောင်အိမ် နောက်ထဲ တိုးကာ ဖွက်ထားလိုက်သည်။ ပဲပြုတ်ပန်းကန်လေးကို ခဏထားက တစ်ကိုယ်ရည်သန့်ရှင်းရေးအရင်သွားရသည်။
ဖေဖေ ဦးဇီဇာက ညစ်ညစ်ပတ်ပတ်ကို မကြိုက်။
ဒီနေ့တော့ ကိုယ်တိုင် မီးကို ကြိုးစားမွှေးရ၏။
ပြီးတော့မှ ထမင်းအိုး တစ်အိုးတည်ကာ ဘုရားကျောင်းသန့်ရှင်းရေး၊ သောက်တော်ရေလဲတာ ပန်းအိုးရေလဲတာ လုပ်ရသည်။ မနေ့က အဖေဇောကပ်ကာ ဘုရားပန်းမေ့ခဲ့သည်မို့ ဒီနေ့မှဝယ်မယ်လို့ ဖြူ့ကိုယ်ဖြူ ပြန်သတိပေးထားရသည်။
ထမင်းကျက်တော့ ဆွမ်းတော်ကပ်နေတုန်း ဖေဖေနိုးလာသည်။
ဖေဖေ မလာခင် ထမင်းပူပူကိုဆီဆမ်း ဆားဖြူး ပဲပြုတ်လေးနဲ့ နယ်ပြီး ကော်ဖီတစ်ခွက်နဲ့ ပြင်ပေးပြီး ဈေးပြေးရသည်။
ဒီနေ့တော့ ငါးဖယ်ဝယ်မယ်စဉ်းစားတာမို့ ငါးဖယ်ပေါက်နေရရင်ကျန်တာ လုပ်ချိန်သိပ်မကျန်။ ဖေဖေဆေးရုံက ထမင်းစားနားတဲ့ အချိန်အတွင်းမှီအောင် ကျွေးရမှာမို့ ဟင်းစပ်သာမက အချိန်ကိုပါ တွက်ရသည်။
ငါးဖယ်လေးဝယ်ကာ ဆလပ်ရွက်လေးရယ်၊ ပဲပင်ပေါက်နည်းနည်း၊ ခရမ်းချဉ်သီးလေးရယ်ပါ တဆက်တည်းဝယ်ခဲ့သည်။ ဘုရားပန်းလှလှ ၃ စည်းလောက် က မပါမဖြစ်။
ငါးဖယ်သယ်ဆီက ငါးဖယ်ရိုးလည်း တောင်းခဲ့သည်။
အိမ်ရောက်တော့ ဘုရားပန်းလဲ၊
ငါးဖယ်ကိုင်ပြီးတော့ ရှိသမျှ ငါးဖယ်ကို အလုံးလေးတွေ လုံးကာ ကြော်ထားလိုက်သည်။ ပြီးတော့ ထုံးစံအတိုင်း တစ်ဝက်ခွဲ။
မနက်တစ်ဝက်ကို ဆီပြန်လေးချက်၊ ဝယ်ထားတဲ့ အကြော်စုံကို ဆလပ်ရွက်လေးနဲ့သုပ်၊ ငါးဖယ်ရိုးရယ်၊ ချင်းရယ် နဲ့ ကြက်သွန်ဖြူရယ် ငရုတ်ကောင်း အနက်လေးခပ်ထားတဲ့ မှန်ရောင်ဟင်းချိုလေးရယ် စီစဉ်လိုက်သည်။
ညစာကတော့ မနက်က ချန်ထားတဲ့ ငါးဖယ်ကြော်ကို ခရမ်းချင်သီးလေးနဲ့သုပ်ကာ ဆလပ်ရွက် ခင်းထားတဲ့ ပန်းကန်ပေါ်ကို ဖြန့်ထားတာ တစ်ခွက်၊ မနက်က မှန်ရောင်ဟင်းချိုကို နွှေးပြီး ပဲပင်ပေါက်ခပ်လိုက်တာနဲ့ ဟင်းတစ်ခွက်၊
အိမ်မှာရှိတဲ့ ကြက်ဥကို ဟပ် ဖရိုင် ကြော်ထားတာနဲ့ ဟင်းတစ်ခွက် စီစဉ်ပေးလိုက်သည်။
မေမေပြောတာ သွားသတိရမိတာက ဒီ သား အဖ အတွက် အကြံကုန် ကြက်ဥကြော် ဟူ၍။
~~~~~~~~~~~~~~~~~~~~~~~~~။
ဗုဒ္ဓဟူးနေ့
မနေ့ကပဲ ပိုက်ဆံပေးမှာလိုက်တာမို့ ပဲပြုတ်သယ်လေးက ကောက်ညှင်းပေါင်းလေးနဲ့ ပဲပြုတ်လေး ဆေးခန်းရှေ့က ဆိုင်းဘုတ်တိုင်လေးမှာ ချိတ်ခဲ့ပေလိမ့်မည်။
ဒီနေ့တော့ ထမင်းအိုး အတွက် အစောထ စရာမလိုတာမို့ အေးအေးထကာ မီးမွှေးပြီးမှ သန့်စင်ရေးလုပ်လိုက်သည်။
ပြီးတော့ ဒီနေ့က ဖေဖေ အစောကြီးမသွားဆို၍ စိတ်အေးနေခြင်းလည်း အပါအဝင်။
ဒီတော့ သားအဖ ၂ ရောက် ကောက်ညှင်းပေါင်းနဲ့ ပဲပြုတ်လေးစားးး စကားတပြောပြောနဲ့ နေသာနေသည်။
ဖေဖေထပြင်ဆင်တော့မှ အိမ်သော့လေး ယူကာ ဈေးကိုထွက်ခဲ့သည်
ဈေးကတော့ စည်ကားနေတုန်းပဲ။ ဖြူကိုယ်တိုင်က စိတ်အေးလိုက်တော့ သွေးမပူတော့၊ ဘာချက်ရမလည်း စဉ်းစားမရ။
မေမေမှာတဲ့ အရိုးရှင်းဆုံးနည်း ခေါင်းထဲ ပြန်တွေးရသည်။
အရိုးအသား ဖော်မြူလာ၊ မနေ့ကတင် သုံးမှန်းမသိ သုံးလိုက်မိသည်။
ဒီနေ့လည်း ချွေတာ စားကောင်း အိမ်ရှင်မကောင်း ထုံး နှလုံးမူကာ ကံဆိုးသူမောင်ရှင်ကို ရှာရသည်။
တွေ့ပါပြီ၊ ဆိတ်သားသယ်။
အသားအရွတ်အရောရယ်၊ ကလီစာရယ်၊ အရိုးလေးရယ်နဲ့ ဝယ်တန်ဝယ်၊ အဆစ်တောင်းတန်တောင်း လုပ်ပြီးသကာလ အသားနဲ့ အရွတ် အရောကို တခါတည်း တောက်တောက်စင်းခိုင်းလိုက်သည်။ အိမ်က အချိန်ရယ်၊ အင်အားရယ်ကိုချွေတာချင်၍။
သူ့ဆိုင်နားကပဲ မဆလာတို့ ဆိတ်သားချက်ရင် ထည့်ရမဲ့ ဟင်းခပ် အစုံ နည်းနည်းဆီဝယ်ခဲ့သည်။ ဖြူ့စိတ်ထဲ မသေချာသည်များကို ချက်နည်းမေးတော့လည်း ရယ်ကျဲကျဲနဲ့ဖြေလိုက်ကြတာမို့ စိတ်သက်သာရသေးသည်။
ပြီးတော့ ဘူးသီးနုနုလေးတစ်လုံး ဝယ်ခဲ့သည်။ အာလူးရယ်၊ ရုံးပတီသီးရယ် ဝယ်သည်။
အိမ်ရောက်တော့ ဆိတ်သားကြိတ်သားကို လုံးးး,၊ တစ်ဝက်ကို ကြော်ပြီး သိမ်းထားးး
မနက်တစ်ဝက်ကို မဆလာနိုင်နိုင်နဲ့ ဆီပြန်ချက်ရသည်။ ကလီစာနဲ့ အရိုးတွေကိုတော့ ဆန်လှော်မှုန့်လေးနဲ့ စွပ်ပြုတ်ပြုတ်သည်။
အာလူးနဲ့ ရုံးပတီ ဘာဂျီကြော်သည်။
ညတော့ ထုံးစံအတိုင်း ဆိတ်သားလုံးကြော်ရယ်။ စွတ်ပြုတ်ရယ် ကျန်သေးတာမို့ ဖေဖေ့ကို ထမင်းမစားခိုင်းတော့။ ချက်ထားတဲ့ထမင်း မနက်မှ ကြော်တော့မည်။
နံပြားရယ်၊ ချပါတီရယ်ဝယ်ကာ ကျွေးသည်။ စိတ်ထဲတော့ ဒီနေ့ သုံးမိတဲ့ အပိုအတွက် နက်ဖြန် ဘာချက်ရမလည်းပဲတွေးနေမိ၏။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကြာသပတေးနေ့
ဖြူ အားကုန်နေသည်။ မေမေပြန်လာမဲ့ တနင်္ဂနွေနေ့ အထိ ငွေတွက်ပြီး စိတ်ပူသည်။ အိမ်ရှင်မတွေကို ဘာလို့ မှီခိုလို့ ခေါ်သနည်း?
မှီခိုဆိုတာနဲ့ အလုပ်မရှိဖူးပဲ မြင်ကြသည်။ ခေါင်းစဉ်တတ်မရတဲ့ အလုပ်ပေါင်းစုံ လုပ်ရတာ တော့ မမြင်ကြ။ မေမေပြောဖူးသည်၊ ဖြူကို ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တဲ့ ယောင်္ကျားဆီက ပိုက်ဆံမျှော်စရာမလိုတဲ့ မိန်းမတစ်ယောက်ဖြစ်စေချင်သည်တဲ့။ ဟုတ်ပေမည်။ ခု ခံစားမိတော့ သည်အတိုင်းပင်။
မလောက်လည်း ဖေဖေဆီက ဒီတိုင်းတောင်းလိုက်ရမှာ ရသော်လည်း ဖြူတို့ကို ဒီလိုလောက်အောင် မသုံးနိုင်ဆိုတဲ့ အမြင်မျိုး အဝင်မခံချင်။ ဒါဟာ ဖြူတို့မိန်းမတွေ တလွဲမာနများလားး။
အတွေးတို့ကို လက်စသတ်ကာ မှာထားမိတဲ့ ပဲပြုတ်ကို ဘယ်လို ပုံပြောင်းရမလဲ အရင်စဉ်းစားရသည်။
ထမင်းကြမ်းခဲကို ဆား၊ကြာညို့တို့နဲ့ နယ်ထားပြီး မီးမွှေးသည်။ ရေနွေးတည်သည်။
ရေနွေးရလို့ ကော်ဖီနှပ်ထားတုန်း ပဲပြုတ်ကို ကြော်ကာ ခြေလိုက်သည်။ ပြီးမှ ထမင်းထည့်ကာ နှံ့အောင်ကြော်ပြီး ရှိတဲ့ ရှမ်းမုန်ညင်းချဉ်လေးနဲ့ တွဲပေးလိုက်သည်။
မေမေ စီစဉ်ထားသော ဒီ ပုလင်းလေးတွေ ရှိလို့သာပဲ မနက်အစောစာ သက်သာရသေးသည်။
ရေအိုးစင်အောက် ကြည့်လိုက်တော့ မနေ့က ဘူးသီးရယ် အာလူးလေးရယ် ကျန်နေသေးတာ တွေ့လိုက်၏။
နယ်မှာတော့ ဒီ သောက်ရေအိုးစဉ် အောက်ကနေရာလေးက ဖြူတို့အတွက် ရေခဲသေတ္တာလေးပါပဲ။ ဘူးသီးနဲ့ အာလူးတွေ့အပြီးမှာ ဟင်းစပ်ကို တစ်ရက် ချိုဖို့ စိတ်ကူးရသည်။
ဒါနဲ့ ကြောင်အိမ်ထဲ မွှေလိုက်တော့ တွေ့ပါပြီ။ ရွှေလိပ်ပြာအကြော်မှုန့်ထုတ်လေးးး။
ဒီလိုဆိုတော့ လမ်းထိပ်ဆိုင်ကိုပြေးပြီး ဘဲဥတစ်ကပ် ဝယ်လိုက်သည်။ မန်ကျည်းမှည့်လေးရောပေါ့။
အိမ်ရောက်တော့ ဆားလေးထည့်ပြီး ဘဲဥကို ပြုတ်။ ဘူးသီးကို တစ်ဝက်လှီးပြီး သေးသေးစိတ်ထားလိုက်သည်။
ဘဲဥရတဲ့အချိန် အခွံခွါစိတ်ပြီး မန်ကျည်းမှည့်လေးနဲ့ ချဉ်ရည်ချက်လိုက်၏။ ဘူးသီးစိတ်လေးတွေကိုတော့ အကြော်မှုန့်ဖျော်ကာ ကြော်ထားလိုက်သည်။
ဒီ ၂ ခွက်နဲ့တော့ မဖြစ်သေးးး၊ အာလူးလေးကို ပြုတ်ပြီး ခြေကာ ကြက်သွန် ဖြူနီ ဆီချက်နဲ့ သုပ်လိုက်သည်။ ဒီလိုနဲ့ ၃ ခွက်ဖြစ်ရော။
ဒီတိုင်းဆို ညဘက်အတွက် မဖြစ်။ ချွေတာရေးကြံစည်ကာမှ ညစာငတ်တော့မည်။
ဖြူ နေ့လည်ဘက် မနားနိုင်ပဲ ဈေးကို ပြေးမိသည်။ ဈေးကား ကွဲချိန်ရောက်ပြီဖြစ်၏။ တစ်ချို့တွေ သိမ်းကာ အိမ်ပြန်ဖို့ပြင်ကြပြီဖြစ်သည်။
ဖြူ ဝင်သွားတော့ ဈေးသည်လေးတွေ မှတ်မိတဲ့ အကြည့်နဲ့ ဖိတ်ခေါ်သည်။
ဒီလိုနဲ့ သက်သက်သာသာရလာလိုက်တာ ပုဇွန်ဆိတ်လေးရယ်၊ ချဉ်ပေါင်ရွက်လေးရယ်၊ ပဲစောင်းလျားသီးရယ်၊ ငါးရံ့ခြောက်အသားရယ် ငါးခြောက်ရိုးတွေရယ်။
တွေ့တဲ့ ကုလားပဲကိုလည်း နည်းနည်း ဝယ်လာလိုက်၏။ ခေါင်းထဲမှာ ဟင်းက စဉ်ပြီးပြီဖြစ်၍။
ညနေစာတော့ ပုစွန်ဆိတ်ကို ချဉ်ပေါင်နဲ့ အစပ်ကြော်ကြော်လိုက်ပြီး ကျန်တဲ့ ဘဲဥချဉ်ရည်လေးနဲ့ပဲ ဖေဖေ့ကို ချော့ကျွေးရသည်။
ညဘက် ကုလားပဲကို နည်းနည်းခွဲကာ ရေစိမ်ထားပြီးမှ အိပ်ရာဝင်တော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~
သောကြာ
ဒီနေ့တော့ ဘာမှ မဝယ်တော့ ဆုံးဖြတ်ကာ ထသည်။ ထမင်းတည်ကာ ထမင်းပူနဲ့ မြေပဲဆန်လေးကို ကြော်ထားတာလေးရယ်၊ သရက်သီးသနှပ်လေးရယ်နဲ့ စီစဉ်ထားလိုက်သည်။
ပြီးတော့ မြေပဲဆန်နဲ့ ပုစွန်ခြောက်ထောင်းထားပြီး ပုံထားလိုက်သည်။ ပဲစောင်းလျားသီးကို ပြုတ်ပြီး ပါးပါးညှပ်၊ကြက်သွန်နီလေး ပါးပါးလှီးပြီး ချဉ်ငန်စပ်သုပ်လိုက်သည်။
ညကစိမ်ထားတဲ့ ကုလားပဲနဲ့ ငါးခြောက်ရိုးကို ဟင်းရည် တည်လိုက်သည်။ ကျန်တဲ့ ဘဲဥကို အချပ်မွှေကြော် ကြော်လိုက်တော့ မနက်စာအတွက် ဖွယ်ရာသွားပြီဖြစ်သည်။
ညနေစာကိုတော့ ငါးရံ့ခြောက်ကို ထောင်းကာ မီးကင်ပြီး ဆီစိမ်ထားလိုက်သည်။ ဖြူတို့ အိမ်နောက်က ဒန့်ဒလွန်ပင်က အရွက်နု ခူးကာ ဟင်းချိုတည်ပြီး သံပုရာသီးကလတည်နဲ့ စားရုံပဲပေါ့။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
စနေနေ့။
ဖြူ့ မေမေမှာထားတာ နောက်တစ်ခု ဘာပဲချက်မယ် ရည်ရွယ်ရည်ရွယ် ချက်ချင်တဲ့ ပမာဏထက်လျှော့ပြီး ဖယ်ဖယ်ထားပါတဲ့။
သဌေးတွေ အတွက် မပြောလို။ ဖြူတို့ မိသားစုလို ဝန်ထမ်း အိမ်မျိုး အတွက် တော့ အသုံးဝင်သည်။
ဟိုနေ့က ဆိတ်သားချက်တုန်းက ကျန်တဲ့ ဟင်းခပ် အမွှေးအကြိုင်လေးတွေ ရှိသေးသည်။ ကုလားပဲ ကျန်သေးသည်။ ဘာချက်ရင်ကောင်းမလည်း အရင်စဉ်းစားတော့ ပဲ ထောပတ်ထမင်းချက်မလားလို့ တွေးမိသည်။
ဈေးသွားကာ ကြက်သားဝယ်ခဲ့သည်။ သခွါးသီးဝယ်ခဲ့သည်။
အိမ်ရောက်တော့ ကြက်သားကိုင်ရာမှာ အရိုးအသားခွဲပလိုက်သည်။ ကြက် ကလီစာနဲ့ အရိုးအသားတွဲရက်လေးကို ငရုတ်သီးခြောက်လေးနဲ့ ကုလားချက်ချက်လိုက်သည်။
ဝယ်လာတဲ့ ထောပတ်နဲ့ ကုလားပဲ ကို အသုံးပြုကာ ထောပတ်ထမင်းချက်သည်။ သခွါးသီးနဲ့ ကြက်သွန်နီ အချဉ်လုပ်သည်။
ငါးမုန့်အခြောက် ကို ကြော်လိုက်သည်။ မနက်စာကို တော်တော်ဖွယ်ရာပြီဖြစ်ပြီမို့။
ညနေစာကို ကြက်သား အသားချည်းဖယ်ထားကို အသေးလေးတုံးကာ ရွှေလိပ်ပြာမှုန့်နဲ့ ကြက်သား စဥကြော်ထားလိုက်သည်။ ထမင်းပူပူကို ဆီနဲ့ ဆားနဲ့ နယ်ပြီး ကြက်သားစဥကြော်နဲ့ ကျွေးမည်ဖြစ်သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တနင်္ဂနွေနေ့။
ဒီနေ့ညနေ မေမေ ပြန်လာတော့မှာမို့ ခေါင်းပေါ်ရောက်နေတဲ့ အထုတ်ကြီး ပေါ့သတဲ့ ပေါ့ပြီဟု ဖြူ ခံစားနေရပြီဖြစ်၏။
နောက်ဆို မေမေကို စဉ်းစားကူမယ် လို့ ဆုံးဖြတ်ထားပြီးလည်းဖြစ်သည်။ ဖြူ့ မီးဖိုချောင်ကို ဘယ်လို ထားရမယ်ဆိုတာလည်း စိတ်ကူးအကြမ်းဖျင်း ရပြီဖြစ်သည်။
ဖြူတို့ မိသားစုရဲ့ လိုအပ်ချက်က ငွေ အချိန် ချွေတာချင်သော မိသားစု၊ ရေခဲသေတ္တာမရှိသော အရပ်၊ ဈေးနေ့တိုင်းသွားရတဲ့ အခြေအနေမို့
၁) ဈေးမသွားခင် ဟင်း အရင်စပ်မည်။ (ဒါက အချိန်ကို ချွေတာချင်လျှင်။)
၂) ဖော်မြူလာကို အရင်စဉ်းစားထားမည်။ (ဥပမာ- အသားဟင်း+ အသုပ်+ အရည်။ အသားဟင်းအရော + အကြော်အလှော် စသည်ဖြင့်။)
၃) ကလတယ် တို့ သနှပ်တို့ ချဉ်ဖတ်တို့ကို လုပ်တတ်ရင် စိမ်ထား၊ သိမ်းထားမည်။ (အဲဒါတွေက ဟင်းအရံတစ်ခွက်ဖြစ်နိုင်သည်။)
၄) ပါပရာခြောက်၊ငါးမုန့်ခြောက်၊ တို့ဟူးခြောက် စသည်တို့ ကို သိုလှောင်ထားမည်။ (ဒါတွေက ဟင်းအဖြည့်ဖြစ်နိုင်သည်။)
၅) အရှင်းဆုံးက အရိုးအသား ဖော်မြူလာပင်၊ အသားကို ကြိုက်သလိုချက်၊ အရိုးကိုအသီးနှံနဲ့ ရောကြော်ကြော်၊ဟင်းချိုတည်တည်ရသည်။ (အဲဒါဆို ပုစွန်ခြောက်၊ အချိုမှုန့် သုံးစရာမလို)
ဖြူ့ စိတ်ထဲမှာ အတွေးနဲ့ ပျော်နေသည်မို့ စောစောထရတာလည်း မမှုတော့။
ဈေးသွားရတာလည်း ဝေးတယ်မထင်။
ပိုက်ဆံတွက်ကာ အကုန်သုံးမယ် ရည်ရွယ်ထားတာမို့ ဝက်သားးး/ရိုး၊ မုန်ညင်း၊ ဝက်အူချောင်းးး တို့ကိုဝယ်သည်။
ပြီးတော့ အသီးအနှံ ဆိုင်မှာ ပဲသီး၊ ခါချက်ဥ၊ ဂေါ်ဖီ၊ ပန်းပွင့်၊ ငရုတ်သီး စသည်ဖြင့် ရောရာ တစ်ခါချက် ပြင်ထားတာကို ဝယ်သည်။
အိမ်ရောက်တော့ ရောရာ အသီးအနှံကို တစ်ဝက်ခွဲထားသည်။
ဝက်ရိုးနဲ့ မုန်ညင်း စွပ်ပြုတ်တည်ထားသည်။ ဝက်အူချောင်းကို ပါးပါးလှီးပြီး နည်းနည်းဖယ်ထားသည်။ ဝက်သား သေးသေးတုန်းပြီး နည်းနည်းဖယ်ထားလိုက်သည်။
မနက်စာကို အသီးအနှံမျိုးစုံ ရယ် ဝက်အူချောင်းဝက်သားနဲ့ ထမင်းကြော်မှာ ဖြစ်ပြီးးး
ညနေကို အသီးအနှံနဲ့ ဖယ်ထားတဲ့ အသားနည်းနည်းကို ရောကာ ကော်ရည်အစိမ်းကြော်ကြော်၍ ထမင်းဖြူနဲ့စားခိုင်းမည်ဖြစ်သည်။
~~~~~~~~~~~~~~~~~~~။
ဟောဟဲ။ ဟယ်ဟော။ မောချက်ဗျာ။
ဒီ ဖြူ့ အကြောင်းရေးရတာ တခြားအဟုတ်ဘူးးး
ကျုပ် အမကြီး မျှစ်ကြော်ရယ်။ ဟိုတစ်ခါ ထမင်းဆိုင်ပို့(စ) ထဲမှာ ဟင်းအများကြီး ပေါပေါလောလောမချက်ပဲ ရေခဲသေတ္တာနဲ့ ထားလို့မရတဲ့ ဒေသအတွက် ရေးပါဆိုလို့ ကျုပ် ငယ်ဘဝမှတ်ဉာဏ်တွေ ပြန်ဖော်ရေးလိုက်ရတာ။
ဟေးဟေးဟေးးးး
အမဝင့်တော့ မလာရင် အသိပဲ။
အောက်မှာ ဟင်းစပ်ဖော်မြူလာပြန်ရေးပေးမယ်။ ဟိုဘက်ပို့(စ) မှာတော့ ပါပြီးပြီ။ တစုတည်းထားချင်လို့ ပြန်ထည့်ပေးလိုက်မယ်။
အရည်သောက် – အသီးအရွက်ကြော် – အသုပ် – အထောင်း – သနပ် – အကြွပ်ကြော်
အရည်သောက်
သားကြီးငါးကြီးရှောင်တဲ့သူဟာ ငပိ/ငံပြာရည်၊ ပုစွန်ခြောက် စားလို့ ရပြီး
လုံးဝသတ်သတ်လွတ်သူဟာ အဲဒါတွေပါရှောင်ရပါတယ်။
ဟင်းရည်ဟာ ပုစွန်ခြောက်လောက်မှ မပါရင် သောက်မကောင်းသလို ချဉ်ရည်ဟင်းဟာလည်း ငပိလေးမှ ပါပေါ့ရွှတ်သမို့ သတ်သတ်လွတ်ဟင်းတိုင်း ကျနော် အရည်သောက်ကို မစဉ်းစားပေးနိုင်ပါဘူးးး
မထူးဘူးကိုးးး
အသီးအရွက်ကြော်။
ကြော်တတ်ရင် ကြော်တတ်သလို စားလို့ကောင်းတာမျိုးပါ။
ခရုဆီသုံးလို့မရတောင် ပဲငံပြာရည် အကြည်လေးနဲ့ချိုလေးအောင်လုပ်လို့ရသမို့ ဆားလေးပါ အားပြုပြီး ကြိုက်ရာကြော်ပါ။
အသုပ်
အစိမ်းသုပ်သုပ်၊ အပြုတ်သုပ်သုပ် ချဉ်၊ငံ၊စပ်ဖြစ်ရင် စားကောင်းတာပါပဲ။
ငံပြာရည် အစား ဆားလေးပဲ သုံးရတာကိုးးး.။
အထောင်းးး
ငပိ၊ ပုဇွန်ခြောက် ရှောင်စရာမလိုတဲ့သူတွေ အတွက် သင့်တော်ပါတယ်။
သရက်သီးထောင်းထောင်း
ဆီးဖြူသီးထောင်းထောင်း
မရမ်းသီးစိမ်းထောင်းးးးထောင်းးးး
သနပ်၊ ကလယ်တယ်၊ ချဉ်ဖတ်
အလွယ်တကူဝယ်လို့ ရပြီး အိမ်မှာ လုပ်ရင်လည်း အပီသတ်သတ်လွတ်လို့ ရတာပေါ့။
ချဉ်ဖတ်ကို ပြန်သုပ်စားလည်း ရသေးတယ်။
အကြွပ်ကြော်။
မစဉ်းစားရဆုံးးး အသက်သာဆုံးပဲ။
ကေဇီမေးလို့ကတော့ ဘာမဆို ဆားနဲ့ နယ်ပြီး ကြော်ခိုင်းပလိုက်မှာ။ ဟေးဟေးဟေးးးး
ထပ်ကွန့်ချင်ရင် မုန့်နှစ်နဲ့ကြော်တာတို့ ကြော်ပြီးမှပြန်သုပ်တာတို့ပါ လုပ်လို့ ရသေးးးး
အဲတော့ ဒီ ခေါင်းစဉ်ခွဲထဲက အနည်းဆုံးးး ၃ မျိုးလောက် ပါရင်ကို ဟင်းစပ် စားကောင်းပြီထင်ပါရဲ့။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒါပြီးရင်တော့ ကိုဖက်ပြောထားတဲ့ ကွန်ဆာဘေးတစ် ထမင်းဝိုင်းမဟုတ်တဲ့ လေဘာဒယ် ထမင်းဝိုင်း အကြောင်းပဲ ကျန်တော့တယ်။
လာမယ်။ ကြာမယ်။
😀
40 comments
ဦးကျောက်ခဲ
February 10, 2014 at 10:06 am
သားသက်လွတ်… အရည်သောက်… ပဲဟင်း…
အသီးအရွက်ကို ပဲငပိနဲ့ကြော်… ပဲပြားကို မျိုးစုံချက်… ဂွဒ်၏…
ဂွတိုက်ပြီးပြောရရင်… ဒီအရပ်မှာလေ…
သားသက်လွတ် ကြက်သား/ဝက်သား/ငါး/ပြည်ကြီးငါး အတုတဲ့…
လေပါ့အေ… ဪ ရသတဏှာများ… အားဟိ
😀
KZ
February 10, 2014 at 11:56 am
အဲဒါတော့ခံစားလို့မရ။
စိတ်နဲ့ ပစ်မှား ပြီး စား နေသလိုပဲ။
အာ့မျိုးတော့ သတ်သတ်လွတ်လို့မခေါ်သင့် လို့မြင်တယ်။
ဟိ။
😀
ခင် ခ
February 10, 2014 at 10:16 am
( ထမင်းကြမ်းခဲလေးကို ခြေကာ ဆား လေးဖြူးနယ်ထားလိုက်သည်။ ဆီအိုးတည်ထားတုန်း ကြက်သွန်နီ တစ်လုံး ကမန်းကတန်းသင်ကာ ပါးပါးလှီးပြီး ဆီသတ်လိုက်သည်။ ပြီးတော့ ကြက်ဥတစ်လုံးဖောက်ထည့် ကာ ကြက်ဥ အားလုံးမကျက်ခင် ထမင်းကြမ်းလေး ထည့်မွှေ၊ နနွင်းလေးနည်းနည်းထည့် ၊ နှံ့အောင် ကြော် လိုက်တော့…………) အဲဒီလို ရိုးစင်းလွန်းလှတဲ့ မနက်စာထမင်းကြော်ကို မရိုးနိုင်ဘဲနေ့တွေများစွာ စားနေ ရပြီး မမုန်းနိုင်ဘဲ ကြိုက်စေစဲဖြစ်လို့ အဲဒီစာသားနေရာလေးဖတ်မိပြီး သဘောကျမိတယ်လေ။
မနက်ဖြန်မနက် နောက်တစ်နေ့မနက် ပြီးတော့ နောက်နေ့…… ကြော်စားအုံးမယ်လေ။
KZ
February 10, 2014 at 11:54 am
နယ်မှာနေတုန်းကတော့ အဲလိုပဲ ကြော်စားဖြစ်တာများတာပဲ ကိုကြီးခ။
🙂
Mr. MarGa
February 10, 2014 at 10:38 am
အင်း………….ဒီတစ်ခါတော့
တစ်ရက်ထက်တစ်ရက် ပိုပိုပြီး စားချင်လာတယ်
ဂလုစ်
ရှလွတ်စ်
ရသတဏှာကို မပါ ပါအောင် ဆွဲခေါ်နေတယ်ဆိုတာ ဒါမျိုးနေမှာ :mrgreenn:
KZ
February 10, 2014 at 11:52 am
ရတ တနှာ နဲ့ ၃၁ ဘုံကျင်လည်ရမယ်ဆို အဖော်မရှိမှာစိုးလို့။ :mrgreenn:
Wow
February 10, 2014 at 11:32 am
ဟမ်မလေး ဖြူ့အစားမောလို်က်တာ ချွိချွိရယ်..
KZ
February 10, 2014 at 11:50 am
ဟမ်?
ရေးရတဲ့ မမချွိကိုရော မတနားဘူးလားဟမ်?
kyeemite
February 10, 2014 at 1:36 pm
ဘဲရီးဂွတ်..သိုင်းကျူးပါ
ထမော်ဂျင်းတော့ ကြိုက်ပါအိ၊ ကျုပ်ဆို ငြုပ်သီးစိမ်းလေးနဲနဲ တောက်တောက်စင်း ဆီသတ်ပြီးကြော်တတ်သီ။
😀
မမချွိ
February 10, 2014 at 1:48 pm
မိုက်မိုက်ပျောက်နေတာကြာပေါ့။
အလုပ်ရှုပ်နေတယ်ထင်ပါ့။
😀
TNA
February 10, 2014 at 1:55 pm
ရှယ် တကာ့ထိပ်ခေါင်ထမင်းဝိုင်းမို့ မွမွ။ တကယ့်ကို လွယ်ကူသက်သာ ပိုက်ဆံချွေတာတဲ့ဟင်းများမို့ အထူးကျေးဇူးတင်မိပါကြောင်းနှင့် အဲဒီ ဖြူဆိုတာ ချွိလားဟင်။ မိန်းမပီသချက်။ ကဲကဲချွေးမွတော်လိုက်ပါပြီ
မမချွိ
February 10, 2014 at 2:02 pm
စာထဲမှာတော့ ချွေတာနိုင်ပါတယ်။
ဟိ
အပြင်မှာ လောက်အောင်မပေးရင်တော့ ဘတ်ငွေသုံးမှာ။
😀
ဘူ့ကို ချွေးမတော်မှာတုန်းးး
ချွိကိုလားး ဖြူ့ကိုလားးး
ဖြူက မဝင့်သားသားလေးကို ချိန်နေတာ။
ဟိ။
ဘာရမတုန်းးး
ယောက်ခမ ၂ ယောက်မြင်တော့ ၂ ကိုယ်ခွဲပလိုက်ပြီ။
:mrgreenn:
Crystalline
February 10, 2014 at 2:25 pm
အိမ်ရှင်မပီသချက်.. :)) အဲဒီဖြူကိုပြောလိုက်ပါ..ယောင်းမတော်မယ်လို့.. :mrgreenn:
အိမ်မှာဆို အစ်ကိုပြန်ရောက်နေချိန် ဟင်းချက်သူတွေခရီးသွားလို့ကတော့..စိတ်ပါရင် စုထားဥထားသမျှတွေ ချက်ပြီး.. စိတ်မပါလို့ကတော့ ..ထမင်းကြီးကနေ့တိုင်းစားရတယ်..ပျင်းစရာဆိုပြီး ဆိုင်ကပဲမှာမှာစားတာ.. :))
မမချွိ
February 10, 2014 at 2:30 pm
ဟမ်?
နောက်တစ်ကိုယ်ခွဲရဦးမားဟမ်? :mrgreenn:
အမှန်တော့ချွေတာချင်တာကစပြီး ထောင့်စေ့အောင်စဉ်းစားပြီးချက်ရလို့ပါ။
ဖားသက်ပြင်း နှိပ်ကွတ်ချက်ဖတ်ပြီး ဒီပို့(စ) တင်ရမှာ လက်တွန့်သွားသေးးးးး
နောက်မှ မထူးပါဘူးလေဆိုပြီးးးးးး :mrgreenn:
စကားအတင်းရော ကာရော အာဒမရော စပ်……………….
အကိုကချောလားဟမ်?. :mrgreenn:
Crystalline
February 10, 2014 at 2:41 pm
ချောတာပေါ့.. သူတို့ခေတ်ကာလတုန်းကတော့ ပေါ်ပြူလာပဲ :mrgreenn:
မမချွိ
February 10, 2014 at 2:59 pm
အာ့ဆို နောက်တစ်ကိုယ်ခွဲပေးမယ် ထနစောင့်နော်။
အဟစ်။ :mrgreenn:
အိုင်းလန်း က စကားလက်တောင် နာ့လောက် ကိုယ်ခွဲမများနိုင်ဘူးးးးး
ဇဂါးလွတ်ကွ! :mrgreenn:
Wow
February 10, 2014 at 3:40 pm
သူရို့ခေတ်တုံးက ပေါ်ပြူလာဆိုတော့ ဖျားဖျား… ခုခေတ် အသက်ပြည့်ပါဒယ်နော်… ယောင်းမသံကြားပီး အတင်းဝင်ရောခြင်းးးး
ဦးကျောက်ခဲ
February 10, 2014 at 3:54 pm
အဟမ်း… သဒိတော့ထား ခွစ်…
မယ်ချွိ ကြိုက်မိရင် ဘာ ဖစ်တတ်တယ် ဆိုလားပဲ…
ခိ ခိ… ရုတ်သိမ်းရင် အချိန်မှီသေးဒယ်နော်… အာ ဟိ
😀
မမချွိ
February 10, 2014 at 4:38 pm
အဲလာက မင်းဒါးဒွေမှပါ။
အရပ်သားတွေကျ အနော်ကြိုက်တာနဲ့ မိန်းမရကုန်တာ။
အေးရော။
alinsett ( Gazette )
February 10, 2014 at 7:52 pm
အော်… ဖြူ ဆိုလို ့..ဘူညားလဲ..လို ့…
:kwi:
weiwei
February 11, 2014 at 9:34 am
ဟင်းစပ်တွေကောင်းလိုက်တာ … အိမ်ရှင်မတွေ အတုယူသင့်တယ် … ချွေတာပြီး အာဟာရဖြစ်တဲ့ စားလို့လဲမြိန်တဲ့အစားအစာတွေကိုလဲ စီစဉ်လို့ရပါတယ်ဆိုတာကို လစာနဲတဲ့ဝန်ထမ်းတွေ လက်လုပ်လက်စားတွေကို သိစေချင်တယ် ..
မနက်ဖြန် ရုံးပိတ်ရက်မို့လို့ တစ်ပါတ်စာဟင်းစပ်မယ်လို့ စိတ်ကူးထားတာပဲ … အဆန်းလေးတွေ စပ်ပေးချင်တဲ့စိတ်နဲ့ နေ့ရွှေ့ညရွှေ့နဲ့ အချိန်ကြာသွားတယ် ..
မမချွိ
February 11, 2014 at 11:38 am
ဟုတ်တယ် ဝေ။
မြန်ကောင်းသက်သာ နည်းဆိုတာတော့ ဂလိုပဲ စဉ်းစားရတာပဲ။
ဟင်းစပ်တွေက ရှိသေးတယ်။
ရေးရတာကွကိုယ် မောလို့။
နားနားပြီး စားဖိုမှူးတွေကိုပဲ စောင့်မလားလို့။
မဟာရာဇာ အံစာတုံး
February 11, 2014 at 12:21 pm
ထမင်းကြော် ဆိုတဲ့ထဲမှာ
ကျုပ်တို့ ရွာမှာတော့
ဆီသပ်တုန်းကတိုင် ဆနွင်းလေး ထည့်ပြီး သပ်လေ့ရှိသဗျ ..
ဒါကြောင့် ထမင်းကြော်က ဝါဝါလေး ဖြစ်နေတတ်တယ် …
ဒီမှာကတော့ ရိုးရိုးကြော်တာရယ် …
ပဲငံပြာရည် ထည့်ပြီး ကြော်တာရယ်ပဲ တွေ့ရတတ်တယ် …
အားပေးတွားဘာဒယ် …
မမချွိ
February 11, 2014 at 12:58 pm
ဟိ။
နာ က နနွင်းကို လက်ဆမမှန်လို့ အဲလိုမကြော်တတ်ဘူးးး
အားပေးသွားတာကျေးဇူးတင်ပါတယ် :mrgreenn:
Novy
February 11, 2014 at 4:13 pm
ချွိရေ…
စာဖတ်ရင်းနဲ့ ထမင်းဟင်တွေဝင်ချက်လိုက်တာမောသွားတာပဲ
မမချွိ
February 11, 2014 at 6:21 pm
ကျေးကျေး မနိုရေ
🙂
ဝင့်ပြုံးမြင့်
February 12, 2014 at 1:03 pm
..တော်လိုက်တာ မမချွိရယ်။ တကယ်ပြောတာပါ။ ယဉ်ကျေးမှုအရပြောတာ မဟုတ်ဘူး။ ဒီဟင်းစပ်တွေကတော့ အသေအချာကို အသုံးဝင်လွန်းလို့ စာနဲ့မှတ်ပြီး နံရံမှာ ကပ်ထားရမယ်။ လက်တွေ့မှာ ဒါမျိုးကပဲ အသုံးဝင်တာ။ လက်တွေ့မှာ ထွေလီကာလီ ဖွယ်ဖွယ်ရာရာတွေ ဘာမှ မလုပ်နိုင်ဘူး။
—–
ဟိုလေ အိမ်ရှင်မတွေကို မှီခို လို့ခေါ်တာကတော့ မှီခိုစရာ ဆိုတာကို အတိုကောက်အနေနဲ့ ` စရာ ´ ကိုဖြုတ်ပြီး မှီခို လို့ခေါ်တာပါ။ တကယ်က မြန်မာပြည်မှာ မိန်းမထုရဲ့ လုပ်အားစွမ်းအင်က ယောက်ျားထု ထက်တောင် များသေးတာ။ မြန်မာပြည်မှာ အိမ်ရှင်မတစ်ယောက်ရဲ့ လုပ်နိုင်စွမ်းက အရမ်းကြီးတော့ အိမ်မှာ သူတို့ဟာ အားကိုးမှီခိုစရာ ဖြစ်တဲ့အကြောင်းကို မှီခို ဆိုတဲ့စကားလုံးနဲ့ ဖော်ပြကြတာပါ။ စကားစပ်လို့ ပြောရရင် မြန်မာပြည်မှာ ယောက်ျားဖြစ်ရတာ အရမ်းကံကောင်းတယ် သိလား။ မိန်းမထုကြီးရဲ့ သဘောထားကြီးမှုအောက်မှာ ယောက်ျားတွေ ပ စား ပေးခံရတာ သိပ်သေချာတာပေါ့။ ဒါကြောင့် မှီခို ဆိုတာ မှီခိုစရာ ရဲ့ အတိုကောက်ဖြစ်ကြောင်း ထပ်မံအတည်ပြုပါတယ်။ အို …. ဘာတဲ့ …
….. မိန်းမရိုသေ အသက်ရှည်
……. မိန်းမအားကိုး စီးပွားတိုး
…….. မိန်းမ နာခံ တစ်သက်စံ ။
မမချွိ
February 12, 2014 at 1:21 pm
အို။
အဟုတ်ပါ့ ဝင့်ရယ်။
😀
အဟိဟိ။
ဘီစီပေးပါရစေ။ :mrgreenn:
kai
February 12, 2014 at 1:43 pm
ဟုတ်ပါ့..မြန်မာမိန်းမတွေအားကိုးရပုံများ… လူ၅သိန်းလောက်ဘုန်းကြီးဝတ်ပြီး ထိုင်စားနေကြတာကို ၂ဆအားစိုက်ပြီး.. လုပ်ကျွေးတဲ့တိုင်းပြည်..။
ဒါတောင်.. ဘုရားပေါ်..ဟိုဟာပေါ်..ဒီဟာပေါ် မိန်းမမတက်ရဘူး.. ဘုန်းနိမ့်တယ်.. ဘာညာနဲ့နှိမ်ထားသေးလို့..
အာဟိ..။
မမချွိ
February 12, 2014 at 1:46 pm
ခင်ညာ။
တဂျီးက အနော့ ပို့(စ) မှာ မ မွှေနဲ့လေ ခင်ညာ။
😀
ဦးကျောက်ခဲ
February 12, 2014 at 2:26 pm
တိန်… ဟောသည်က “မှီခို” ဦးကျောက်စ် ငိုပါရစေ…
သူတို့ အလှကုန်ဆိုင် ၊ ဟိုဆိုင်သည်ဆိုင်ဝင်ရင် စောင့်ရတာပါသေးဘူး…
ထပ်ပေါင်းရရင်ဂျစ်တတ်သော မြန်မာယောက်ျားရတာ…
“ပို… ကံကောင်း၏”… ဒါဗြဲ
😀
မမချွိ
February 12, 2014 at 2:43 pm
ခင်ညားက လေဘာဒယ် မြန်မာယောင်္ကျားကိုးးး ကျောက်(စ) ရဲ့။
ကွန်ဆာဘေးတစ် ယောင်ကျားကို မှီခိုရသော အမျိုးသမီးများ တကယ် သနားဖွယ်။
:kwi:
သုရှင်
February 12, 2014 at 3:05 pm
ကိုယ့်ဖာသာကိုယ် ပိုက်ဆံရှာပြီး စားဖို့သောက်ဖို့ သုံးနေရတာ ကျုပ်ဖြင့် လောက်ငှ တယ်ကို မရှိပါဘူးဗျာ။ ကျုပ်အမေကို တော့ ဖြင့် အံ့ဩမိပါရဲ့။ ပေးသလောက် နဲ့ မြိုင်နေအောင် ချက်တတ်တယ်။ ဘယ်တော့ မှ သူချက်ရင် စားမကောင်းဘူးမရှိဘူး။ ကျုပ် ဖာသာ တစ်ယောက်ထဲ လျှောက်လုပ်ကြည့်တာ ပိုက်ဆံတွေလည်း ကုန်ပါ့ဗျာ။ စားလို့ဖြင့်ကောင်းပေါင်။ (ဆိုင်ဆိုင်မဆိုင်ဆိုင်…ကွန်းမန့်ဝင်ပေးသွားသည်)
🙂
မမချွိ
February 12, 2014 at 3:10 pm
သားကြည့် (စီဒီ- သုရှင်) :mrgreenn:
ဒါ သုရှင်ရဲ့ မေမေ အိမ်ရှင်မတော်လို့ မြိုင်နေအောင်စားရတာပေါ့လို့။
ဆိုင်ပါတယ်ကွယ်။
🙂
padonmar
February 12, 2014 at 9:20 pm
မမချွိတော့ ယောက်ခမွလောင်းကို ဖားနေပြီဟေ့။
ဒါ စားမှာပဲ စားမှာပဲ ပို့စ်ထဲက ဟင်းထပ်ရင် ဂျီးများတတ်တဲ့ ဖေဖေနဲ့
လှည့်ကွက်လေးလုပ်ပြီး ကျွေးတတ်တဲ့ မေမေ့ သမီး လက်ရာတွေဖြစ်မယ်။
မမချွိ
February 13, 2014 at 8:13 am
ခုခိ ခုခိ။
အာတီဒုံ ရှူးတိုးတိုးး :mrgreenn:
ဟုတ်ပါ့။ စားမှာပဲ ထဲမှာလည်း သဘောလောက် ရေးဖူးပါတယ်။
အဲဒီ တစ်ပတ်ထဲက ခေါင်းကျိန်းသလားမမေးနဲ့။
ဟင်းချက်စာအုပ် ဘေးမှာချပြီးချက်တာ စာအုပ် မီးဟပ်ပါရောလားးးးးး
myat pearl phyu
February 13, 2014 at 5:00 pm
သွားရည်များတများများကျရို့…
တော်သေးဒယ်..ဒီပိုစ့်ကို ထမနဲစားရင်းဖတ်မိရို့ (ဘားမှတော့ မဆိုင်..)
ဗိုက်ဆာဒဲ့ချိန်ဆို စားချင်ရက်လက်တို့ ဖစ်မှာရေ …ေိခိ
ကျေးကျေးချင့် ..မွမွ မမချွိ
မမချွိ
February 13, 2014 at 7:25 pm
ထမနဲ စားချင်ထာ
😥
TNA
February 13, 2014 at 7:45 pm
ထမနဲချားနေတီ :sar:
Courage
March 1, 2014 at 9:26 pm
ဒေါ်လေးချွိရဲ့ ရိုးရာ ဟင်းတွေကို သွားရေတောင်ကျလာပြီ