ရ ရက် မေ ၂၀၁၄
ဟိုးရှေးရှေးတုန်းက တဲ့။ ဗေတားဆိုတဲ့ ကောင်လေးတစ်ယောက်ရှိတယ်တဲ့။
သူ့မှာတဲ့။ အမ ရ ယောက်ရှိတယ်တဲ့ကွယ်။
😀
အမတွေကြားနေခဲ့ရတော့ လူက ပျော့သလိုလို နွဲ့သလိုလို နဲ့ ချွဲနွဲ့ပြီး အမတွေကြားထဲ လူလည်လုပ်ပြီး ညာစားနေတာပေါ့။ :mrgreenn:
ဘယ်လောက်များ ညာစား၊ လှည့်စား၊ လိမ်စား၊ ချွဲစား၊ တစ်နပ်စား၊ အမြီးကျက် အမြီးစား၊ ခေါင်းကျက်ခေါင်းစား လုပ်တုန်းဆို (မှတ်ပလားးး နာ့ ကို အစားပုတ်လို့ ပြောဦးးးးး) :mrgreenn:
အမကြီး မွမွပြုံးဟာ ဗေတား နာမည် ကြားရုံနဲ့ သွေးတက်တတ်လို့ သီလရှင်ကျောင်းကဘူးစင်အောက်မှာ နေချာရယ်ဘူးသီး အလှနဲ့ နေရတာပဲ အေးချမ်းတယ် ဆိုပြီး ရှောင်နေသတဲ့။ :mrgreenn:
ဒုတိယ အမဖြစ်တဲ့ အမသဲကတော့ ဗေတား ရှုပ်သမျှ လိုက်ရှင်းရလွန်းလို့ စိတ်ရှုပ်ပြီး မတော်တဲ့ အင်္ကျီတွေ ဝတ်မိပြီး သူ့ကိုယ်သူ့ ဝဝ လာတယ်လို့ ဂယောင်ခြောက်ခြားဖြစ်နေတယ်လေ။ :mrgreenn:
တတိယ အမဖြစ်တဲ့ မမဝူးကတော့ ဗေတား သင်္ကြန်ကဲရင် ရှင်းရမဲ့ အရေးကြိုတွေးပြီး ကြောက်လွန်းလို့ တရားစခန်းလိုလို မယ်သီလရှင်ဝတ်မလိုလို ကြံစည်ပြီးမှ ဘာမှ မလုပ်ဖြစ်ပဲ ဆံပင်တစ်ဝက်လောက် ဖြူသွားတာသာ အဖတ်တင်သတဲ့။ :mrgreenn:
အမ ၄ ကတော့ မမခွစ် ပေါ့။ သူ့ခမျာ ဗေတား အမ ဖြစ်ကြောင်း မျက်နှာမပြရဲလို့ သူ့ပလိုဖိုင်းပစ်ချာတွေကို ငှက်တွေ တင်လိုက် ဝါးတားတားတွေ တင်လိုက်နဲ့ တင်တတ်သတဲ့။ ကြောက်ပုံများပြောပါတယ်။ :mrgreenn:
အမ ၅ ဖြစ်တဲ့ မမနှင်းကတော့ ဗေတားရှုပ်သမျှ ဒိုင်ခံရှင်းမဟဲ့ ဆိုပြီး တစ်ခါသားရှင်းလိုက်တာ ဗေတား အချစ်တော် ကျောက်ခဲကြီးကို ပိုက်မိပြီး ရွာထဲကို မလည်နိုင်တော့ဘူးတဲ့ကွယ်။ :mrgreenn:
အမ ၆ ဖြစ်တဲ့ မမဝေကတော့ ဗေတားနားမှာ မနေရပြီးရော ဆိုပြီး ကိုးကျင်းကိုးကျောင်းသွားနေလိုက်တာ ရှမ်းပြည်ကို တောင်ပိုင်းရော မြောက်ပိုင်းရောကွယ် နှံ့ခဲ့တယ်။ ငိငိငိ။ :mrgreenn:
အမ ရ ဖြစ်တဲ့ မမချွိကတော့ ဒင်းကို မိန်းမ ပေးစားမလို့ လိုက်ရှာရင်း ရှာရင်း ဗေတား အတွက် မိန်းမမရပဲ မမချွိ အတွက် အချစ်တော်တွေချည်းပဲ ရနေသတဲ့ အာ့ကြောင့် ယောက်ကျားပေးစားဖို့တောင် မရှာရဲရှာတော့ဘူးကွဲ့ (ခိခိ၊ တကွက်မှ ပေးမစားဘူးမှတ်!!) :mrgreenn:
အဆို၊
အက၊
အချက်အပြုတ်၊
အပြောအဆို၊
အသောက်အစား၊
အနင်းအနှိပ်၊
အမြှောက်အပင့်
အလှည့်အပတ် စသော ယောက်ကျားတို့ တပ်အပ်သော မိန်းမတို့ တပ်အပ်သော ပညာရပ်များကို တတ်တာမို့ လိုချင်သူများလည်း ဒီ ရ ယောက်ကိုသာဆက်သွယ်လိုက်ပါ။
အိမ်တိုင်ယာရောက် အလိုက်ပေးပြီး ပို့မည်ဖြစ်ပါသည်။
ဟီးဟီးးးး
အပျော်ပါ။
မွေးနေ့ဆုတောင်းရေးမို့ကို ဘယ်က စရမှန်းမသိလို့ ကိုယ့် အမတွေ ညီမတွေကိုပါ လှမ်းခေါ်လိုက်တယ်။
ဒီနေ့ အဘေဆွ@ အဘဆွေ@ ဗေတား@ကူမား(ရ) @ ဆွေ့ ရဲ့ မွေးနေ့။
လိုချင်တာ မှန်သမျှရပါစေ။
ဖြစ်ချင်တာ အကုန်ဖြစ်ပါစေ။
အမြဲတမ်း ကိုယ်ကျန်းမာ၊စိတ်ချမ်းသာနိုင်ပါစေ။
အနော့ကိုလည်း ဟင်းများများချက်ပေးနိုင်ပါစေ။ (ငိငိ၊နောက်တစ်ပတ် စားဖိုမှူးရှိတော့ဘူးး)
ခဏနေရင် လိပ်ဥတူး (အဲလေ) ဘုရားဖူးက ပြန်လာမှ လာလိမ့်မယ်။
:s:
41 comments
alinsett (gazette)
May 7, 2014 at 9:22 am
ပျော်ရွှင်ဖွယ်ရာ
မွေးနေ့မင်္ဂလာကလေး ဖြစ်ပြီပေါ့ အဘေဆွရေ
အေးချမ်းပြည့်စုံပါစေခင်ဗျ
🙂
ကူမားရ်
May 7, 2014 at 9:42 pm
ကျေးဇူးတင်ပါတယ် ညီလေးအလင်းဆက်ရေ..ငါ့ညီလည်း… အေးချမ်းပြည့်စုံပါစေခင်ဗျာ
Kaung Kin Pyar
May 7, 2014 at 9:26 am
ဘဆွေ ပျော်ပါစေ…..
ကူမားရ်
May 8, 2014 at 9:14 am
ကောင်းကင်ပြာကြီး လည်းသာယာပါစေ..ငှက်ကလေးများ တေးဆိုပါစေ..စမ်းချောင်းလေးလည်း စီးဆင်းပါ စေ..
ကျေးဇူးတွေလဲ တင်ပါစေ..
ဘဆွေ။
ROssI
May 7, 2014 at 10:00 am
ဩ
သူဂ မေခွင် မွေးဒါဂိုး …
ကြိတ်ကြိတ်တောင်းတဲ့ ဆုဒွေ ပြည့်ပါဇီတော်…
ခင်တဲ့
ကူမားရ်
May 8, 2014 at 9:21 am
မိဂီ ငါးချနေတယ် ဆိုလို့ စိတ်ပူနေ တာ..လက်စသတ်တော့ ရှင်က ငါးချနေတာကိုး..
ကျေးဇူးပါ တော်..ရှင်လဲ စိတ်ချမ်းသာပါဇီ..
sorrow
May 7, 2014 at 10:05 am
ဘဆွေ…ဖြူဖွေးတူမနဲ့ ဘတ်ဒေးတူတူပဲဗျ….အဲ့ကလေးမလေ …ဆိုးလိုက်တဲ့ရုပ်နှယ့်…..အဟိဟိ
ကူမားရ်
May 8, 2014 at 9:31 am
နုထွားကြိးနော်..နာတော့မယ် ..နာမဆိုးပါဘူးဟ..ပတ်ဝန်းကျင်မကောင်းတာ..ဟိဟိ.
TNA
May 7, 2014 at 11:11 am
မွေးနေ့ဆုတောင်းကရီလိုက်ရတာဟယ်။ မျက်ရည်တွေတောင်ထွက်တယ်။
ဒီနေ့ကျရောက်တဲ့ အဘေဆွ@ အဘဆွေ@ ဗေတား@ကူမား(ရ) @ ဆွေ့ ရဲ့ မွေးနေ့မှသည် နောင်နှစ် ပေါင်းများစွာ ခုဒီပိုစ့်ကလေးဖတ်လိုက်ရသလို အမြဲတမ်း ရီစရာမောစရာတွေ နဲ့ပြုံးပျော်ကြည်နူးပျော်ရွှင်နိုင်ပါစေ။
TNA
May 7, 2014 at 3:35 pm
အတုန်လုံးမှာ နာတယောက်ပဲနီနေဘာလား။ ဘွဆွေဆုတောင်းဘာမွှားလို့လဲမတိ။ ဘွဆွေကိုမပျော်ဇေချင်တူဖစ်မယ်ထင့်။ အဟိ ရန်လှည့်တိုက်လိုက်ဘီ :byee:
ဗုံဗုံ
May 7, 2014 at 3:58 pm
နီတဲ့သူ မွေးနေ့ရှင်က ပဒမြား ပေးမှာပါတဲ့ ငိုနဲ့ 😛
TNA
May 7, 2014 at 4:58 pm
ဂယ်လား ဘွဆွေ ပြည်တန်ပတ်တမြားပေးဘာ
လုံမလေးမွန်မွန်
May 7, 2014 at 11:31 am
ဟုတ်ပါ့… ရယ်လိုက်ရတာ..
မွေးနေ့မှာ ပျော်ရွှင်ပါစေ ဘဆွေ… ဖြစ်ချင်တာတွေ အမြန်ဆုံးဖြစ်ပါစေ.. ဟိ
ကူမားရ်
May 8, 2014 at 9:49 am
ဒမယ် မနု..မောင်တော်ဖျား..မွေးနေ့ကိုဆုတောင်းပတ္တနာ ပို့ပေးတာ ကျေးဇူးတော် တင်သကွဲ့..
ိုပိုစ့်တော်ဖတ်ပြီး..တအားတော့ရီတော်မမူလိုက် ပါနဲ့ ပြဲတော်မူသွားမစိုးလို့..ပါးစပ်တော်ကြီးပြောပါတယ်..မိမိငဲ့..ခုခိခုခိ
TNA
May 8, 2014 at 5:24 pm
အောင်မယ်လေး ဗေတားရယ် အကြောင်းပြန်တာကလဲ အပေါ်ကဟဲ့။ စကားလုံးတွေပျောဘာဒယ်
ကူမားရ်
May 8, 2014 at 9:54 am
သမော်တီး လုံကလေး..
ခမည်းတော်မွေးနေ့ ဆုတောင်း အတွက် ကျေးဇူးတော် တင်ရပါတယ် ..ဆုံတော်မူပြီးသောက်တော်မူကြ မလေ ကွယ်..သမီးတော်လည်း ကတုံးတော်ဖြစ်ပြီးကတည်းက သေရည် သောက် သဘင်မဆင်နွဲ တာကြာ တော်မူနေပြီ..
တစ်ခါလောက်တော့ မူးတော်မူကြဦးစို့..
ဗုံဗုံ
May 7, 2014 at 12:17 pm
မွေးနေ့ မှာ အူစုံအသည်းစုံ
ဒုတ်ထိုးတပွဲလောက်ကျွေးပါလား 😉
ပျော်ရွင်ပြည့်စုံပါစေတော်
ကူမားရ်
May 8, 2014 at 10:01 am
ဟော..ဒမှာလည်း သမီးတော် နောက်တပါး….ဆူတောင်းပေဒတော်မူ တာနဲ့မှ မကာမိ…
မွေးနေမှာ ခမည်းတော်ဖျား ရဲ့ ဥစုံ အသီးစုံ ကို ဒုတ်တော်နဲ့ ထိုးချင်သတဲ့..
ရာဇအိန်ဒျေ ယွင်းအောင်..သမီးတော် ကြံဆောင် လေလျှော့ သလား..
kyeemite
May 7, 2014 at 1:07 pm
ဒီနေ့ကျရောက်တဲ့ အဘေဆွ@ အဘဆွေ@ ဗေတား@ကူမား(ရ) @ ဆွေ့ ရဲ့ မွေးနေ့မှသည် နောင်နှစ် ပေါင်းများစွာ လုပ်ချင်တာတွေလုပ်ပြီး ကမာ္ဘပတ်ပျော်ရွှင်နိုင်ပါစေကြောင်း
ကူမားရ်
May 8, 2014 at 10:03 am
ကို မိုက်.
ကျေးဇူး တင်ထိုက်လို့
ွှအပြတ်ကို တင်လိုက်တယ်
တောင်လိုပုံလိုက်..
ချစ်သော ဆွေ။
kai
May 7, 2014 at 1:26 pm
ကျုပ်သမီးမွေးနေ့နဲ့ ၂ရက်ကွာပြီး.. နီနီဝင်းရွှေသမီးမွေးနေ့နဲ့တူတူဖြစ်နေတာပေါ့..
မင်္ဂလာအပေါင်း.. ခညောင်းပါစေဗျာ…
ကူမားရ်
May 8, 2014 at 10:11 am
သဂျီး..
သမီးနဲ့ လတူ
နှီနီ့ကလေးနဲ့ ရက် ထပ် လို့
တစ်သက် မမေ့ဆေး
ဆုတောင်းပေးရင်းထိုးတာ
ကျေးဇူးပါ ခင်ဗျာ…
Crystalline
May 7, 2014 at 2:16 pm
ဘဆွေတို့များ မောင်လေးနေရာမှာနေပြီးနုနေတာ.. :mrgreenn:
ဘဆွေရဲ့ယနေ့မွေးနေ့မှ.. အသက်၁၀ဝတိုင် ကိုယ်..စိတ်ချမ်းသာ..ကျန်းမာပြီး… စိတ်သွားတိုင်းကိုယ်ပါနိုင်ပါစေလို့… :)) မဆက်သွယ်တဲ့ ၁၀၀ဝ သမားနဲ့ဝေးပြီး…. ၂၀၀ဝ သမားက အိမ်တိုင်ရာရောက်လာဆက်ပါစေလို့.. 😀
အပိုဆုအနေနဲ့… ဘဝဆက်တိုင်း… ယခုလို့ပျော်ရွှင်အောင်မြင်သော လူပျိုကြီးဘဝ ရလိုက ရပါစေလို့… :loll:
Best wishes,
Naw Cryst…
ကူမားရ်
May 8, 2014 at 10:22 am
အဖရဲ့ ကျေးဇူးတော်…မယ်တော့်ရဲ့ .ချစ်ခြင်းဂရုဏာ..တော်တွေနဲ့ ..မောင်နှစ်မ များက ပေးတဲ့ ဆုမွန်များ ကြောင့် ..အားလုံးပြည့် ပါတယ် မနော်..ကျေးဇူးအထူးတင်ပါတယ် ခင်ဗျာ..
please forgive my trespasses against you…
may god be with you..
with love,
ဘဆွေ။
amatmin
May 7, 2014 at 3:39 pm
ဟတ်ပီး ဘတ်ဒေးပါ အဘဆွေ ။
ဒီရုပ်ဒီရည်နဲ့
ဒိထက်မကတာဒွေ
ခန ခန ရဘာဇေ ခင်ဗျ ။ 😛
ကူမားရ်
May 8, 2014 at 10:28 am
အမတ်ကြီးရေ.ဆုတောင်းအတွက်…ကျေးဇူးပါညီ..
အလုပ်များမှန်းတော့သိပါတယ်..အိမ်တော့ ဝင်ပါဦးအားရင်..
weiwei
May 7, 2014 at 5:30 pm
ဘိလပ်မှာ သူ့ဟာသူနေနေသာ အကောင်းသား …
ပြည်တော်ပြန်လာကထဲက ဇာတ်စုံတော့တာ ..
ဗေတားမွေးနေ့မှာ ပျော်ရွှင်ပါစေ …
များများချက်ပြီး ကျွေးမွေးနိုင်ပါစေ ..
ကူမားရ်
May 8, 2014 at 10:48 am
ဝေကုလျံ…ရှဲရှဲ နီတဲ့ ဟောင်ယိ..
ဝေါ် ..မေ့ယို ဖော်ဂတ် ယူရွာ ကိုင်း ဒနက်စ်..
နီ..ရိုက် အဘောက် ဝေါ် ပြည်တော်ပြန်လာတာ..
နောင်း..ဝေါ်ပုယောက် ဘာလုပ်စားရမှန်းမသိ..
မေ့ယိုကွမ်းစိ..အမား နားကပ်စားမယ်..
စတေးလ်..ဝေါ် ကုလျံကို အကြွေးရှိ..
အဂန်း..ရှဲရှဲနီ ကျဲကျဲ..
ဝတ် ..သောသော..အိုက်
ဆွေဝိုင်းကြည်။
padonmar
May 7, 2014 at 10:25 pm
မလတ်ကိုလည်း အလွမ်းပြေ အောင်
မလတ်ခေါ်သလိုလေး မောင်လေးအဘ ကိုဆွေ လို့ပဲ ဗေတားကို ခေါ်တော့မယ်။
`ဒီထက်မက…………..
ပြောင်နိုင်ပါစေ ´လို့၊(ပြောင်ပြောင်ရောင်ရောင်ရှိတာကိုပြောတာပါ အရပ်ကတို့၊တမျိုးမထင်ပါနဲ့)
ကူမားရ်
May 8, 2014 at 10:53 am
အမကြီး လုပ်တာ..အရီးကိုလွမ်းသွားပြီ ဗျာ…
ပြန်လာတာနှုတ်တောင်မဆက်ခဲ့ရဘူး…
အရိးရေ..ခွင့်လွတ်ပါစေကြောင်းဒီနေရာကတောင်းပန်ပါတယ် ခင်ဗျာ..
ပေးတဲ့ဆူနဲ့ပြည့် ပါစေရန်နဲ့ အမကြိးလည်း ကိုယ်စိတ်နှစ်ပါး ချမ်းသာ ပါစေရန် ဆုမွန်ကောင်းတောင်းလျှက်..
မောင်လေး အဘ ကိုဆွေ။
Ma Ma
May 7, 2014 at 10:42 pm
အမ ရယောက်တောင်ရှိတယ်ဆိုမှတော့ နွဲ့တော့မပေ့ါ။
(မောင်လေးအဘကိုဆွေအပြစ်မပါ :kwi: )
ယခုမွေးနေ့မှစ၍ မွေးနေ့ပေါင်းများစွာကို ပျော်ရွှင်ကျန်းမာစွာနဲ့ ဖြတ်သန်းနိုင်ပါစေ။
ဆုတောင်းပေးပြီးပြီ မွေးနေ့ရှင်ကျွေးတာ စားဖို့ပဲ ကျန်တော့တယ်။
ကူမားရ်
May 8, 2014 at 11:10 am
ချစ်သော မမ ခင်ဗျား…
သူတို့တေ..ဝိုင်းပြီးခါခါးလူး ..ကြက်တောင်စည်း..ဂါဝန် ဝတ်ပေး..လုပ်တာနဲ့ ဗေတားနွဲ့သွားရတာ..
ဂုတော့ ဗေတား မှာ..ယောက်ျားယူရမလို..မိန်းမယူရမလိုနဲ့ နောက်ဆုံးဘာမှမရရင်တော့.. ဒင်းတို့ ဘက်လှည့်ရမှာပဲ..ငွင်းငွင်း..
ဆူတောင်း အတွေက်ကျေးဇူးတင်ပါတယ်နောမမ..မုန့်နောက်မှ ကြွေးပါရစေ.
ဦးကျောက်ခဲ
May 8, 2014 at 9:30 am
မီကျေနပ်ဘူး… ဖုန်းပြောဖြစ်တာတောင် ထုတ်မပြောဘူး…
ကိုဆွေတျောက်… ကညာပြိုဂျီး ၉ယောက်လောက်နဲ့ တိုင်ပတ်ပါစေ… ခွိ
😀
ကူမားရ်
May 8, 2014 at 11:27 am
မားရယ်..တို့ရင်ထဲ မှာ သူအမြဲ ရှိနေတာ ပါ..
သူ့မှာ ပိုင်ရှင်ရှိပြီးသားဆိုတာ သိသိကြီးနဲ့ ဖွင့်ပြောဖို့ အတွက် ဘယ် လိုသတ္တိမျိုးနဲ့ပြောထွက်ပါ့မလဲ..
သူတို့ နှစ်ယောက် အေးချမ်းသာယာ ဖို့ က သများအတွက် တစ်ဘဝစာ တာဝန်ပါ..နော်
တို့နှစ်ယောက်ကြားမှာနှစ်ယောက်ထဲ သိခဲ့ ရှိခဲ့တာတွေကို ဘယ်သူမျမသိစေရဘူး လို့ကတိ ပေးရင်း
တို့ရင်ထဲမှာ တစ်သက်လုံးမျိုသိပ် ထိမ်းသိမ်းသွားပါ့မယ် နော်…..ကလုကလု..
မားကျောက် အစုတ်ပလုတ် သများကို ဂျောက်ကျ အောင်ဆုတောင်းသွားတယ်..မပြည့်စေ…မပြည့်စေ
ချစ်သော ဆွေ။
Wow
May 8, 2014 at 10:26 am
နှစ်မျိုးသုံး အဲလေ နှစ်မျိုးထူးချွန်တဲ့ (အချက်အပြုတ်ရော စီးပွားရှာပါ) ကျွမ်းကျင်တဲ့ မောင်လေး ဗေတားက အမခွန်ယောက်လုံးကို အနစ်နာခံ စပွန်စာထားပီး ရှာကျွေးမာတဲ့…..
မွေးနေ့မှာ ဖြစ်ချင်ရာ ဖြစ်ပါစေတော် :boss:
ကူမားရ်
May 8, 2014 at 11:42 am
ဪ..တော်တော်ချစ်တဲ့ အမ..
မွေးနေ့မှာ ဖြစ်ချင်ရာ ဖြစ်ပါစေတော်…. တဲ့လားး…ကောင်းပြီလေ..ဆုတောင်းပလိုက်မယ် ..လာလေ့..
“”‘ဒွင်းသီး အလုံးကြီးကြီး အမွာ ထွားထွား စားရ သောက်ရလိုပါ၏ဘုရားးးး”””” ကဲ ဆဲစမ်း ဗေတားကို..
အမခွန်ယောက်လုံးကို အနစ်နာခံ စပွန်စာထားပီး ရှာကျွေးမာတဲ့..ရလယ် ..လောလောဆယ်တော့
ပါးစပ်တော်ကြီးပြုပြင်ရန် နဲ့..ဝိုင်းတော်ကြီးထောင်ရန်..ဒီအမတွေဆီက..အရင်ပေးထား..
ဆုတောင်းအတွက်..ကျေးဇူး ပါနော် ….ဒွင်းသီး..
အာ..မှားလို့.သဘောင်္သီး…အဲ..အဲ့လောက်လဲ ငယ်ဘူး..သိဘူးကွာ..ဖစ်ချင်တဲ့ ဆိုဒ် ဖစ်ပလေ့စေ..
lu lu
May 8, 2014 at 12:10 pm
အ ရှေ့ မှာလည်းပေးထားလိုက်ကြတာစုံစိနေပြီချိုဒေါ့
ပေးထားကြတဲ့ဆုတွေအတိုင်း တလုံးမကျန် ကြံဆောင် အောင်မြင် ပါစေ လို ့ပဲ ထပ်ဆင့် ဆုတောင်း
ပေးလိုက်တယ် အဘကိုဆွေ ရေ ကံကောင်းပါစေ
နော် 🙂
ကူမားရ်
May 8, 2014 at 2:25 pm
ကျေးဇူးအထူးတင်ရှိရပါတယ် လူလူရေ..ပေးတဲ့ဆုတိုင်းလည်းပြေ့ပါရစေ လိုပ ထပ်ဆင့်ရင်းးး…
ခင်သော
ဘဆွေ။
Nyo Win
May 8, 2014 at 12:58 pm
လိုသောဆု..တောင်းသောဆုနဲ ့ပြည့်စုံပါစေ…မားဆွေ 😛
ကူမားရ်
May 8, 2014 at 2:28 pm
ကျေးဇူးပါ ကိုညိုခင်ဗျား ….ကိုညိုလည်း ထပ်တူရပါစေရန် ဆုပန်လျက်
black chaw
May 9, 2014 at 12:52 pm
နီနီဝင်းရွှေ သမီးနဲ့ မွေးနေ့တူသူကြီး
တစ်ရွာ တစ်ဂျီ ဆောက်နိုင်ပါစေဗျာ…။