Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လကမ္ဘာခရီးစဉ်မှ အပြန်

moonpoemJune 17, 20141min56513

လကမာ္ဘသို ့သွားရန် မွန်းပိုအမ်တို ့သူငယ်ချင်းများ ကြိုးစားပြီး ငွေရှာနေကြသည်။မိဘများ ပိုက်ဆံအိတ်ထဲတွင် လည်းကောင်း၊ ဦးလေးများ ပိုက်ဆံအိတ်ထဲတွင်လည်းကောင်း ကြိုးစားပမ်းစား
ရှာဖွေခြင်း ဖြစ်ပြီး အိမ်တိုင်းတွင် အပေါဆုံးက ပိုက်ဆံဖြစ်လေရာ တစ်ပတ်အတွင်းတွင်ပင်
လကမ္ဘာသွားရန် ငွေပြည့်ပြီ ဖြစ်လေသည်။

လကမ ္ဘာတွင် နေထိုင်စဉ် လိုအပ်မည့် ပစ္စည်းတစ်ခုသာ ယူခွင့်ပြုလေရာ သူငယ်ချင်းတစ်ယောက်က နေ ့တိုင်း ဖေ့ဘွတ်တွင်ဓာတ်ပုံရိုက်ပြီး တင်နိုင်ရန် လေထဲတွင်ဝဲပျံနိုင်သည့် ကင်မရာ၊ နောက်တစ်ယောက်က လကမ္ဘာရှိ ဂြိုလ်အစားအစာများကို မကြိုက်ပါက အစာပြေစားနိုင်ရန် ပဲကြီးလှော်နှင့် မွန်းပိုအမ်က နေ ့တိုင်း စာရေးနိုင်ရန် ဒေါ်လာ၁.၅ဘီလီယံတန်ဖောင်တိန်တစ်ချောင်းကို ယူသွားကြမည်ဟု ဆုံးဖြတ်ထားကြသည်။

လကမ္ဘာသွားမည့် သတင်းကို သိကြသည့် သူငယ်ချင်းများကလည်း ရေချိုးချိန် ချေးတွန်းရန် ကျောက်ခဲကောက်ခိုင်းသူများ၊ ကျွန်ုပ်အစ်မ အပါအဝင်၊သူငယ်ချင်းအပျိုကြီးများ ကလည်း လကမ္ဘာရှိ ဂြိုလ်သူငယ်လူပျိုများကို ခေါ်လာရန် စသဖြင့် အမျိုးမျိုးမှာကြသည်။

မွန်းပိုအမ်တို ့သွားမည့်အကြောင်းကိုလည်း မီဒီယာများက မြန်မာပြည်ရဲ ့ဒုတိယမြောက် လကမ္ဘာသွားမည့် အုပ်စုဟူရျ် အကောင်းရေးသူများရှိသလို၊ အားအားယားယား လေထဲလမ်းသလားသူများ စသဖြင့် အဆိုးရေးသူများလည်း ရှိကြသည်။ အခြားနိုင်ငံများမှ လကမ္ဘာသို ့သွားရန် ပြင်ဆင်ချိန်သည် တစ်လခန် ့ကြာမြင့်သော်လည်း မြန်မာပြည်မှ မွန်းပိုအမ်တို ့သည် ပြင်ဆင်ရန်မလိုဘဲ သွားမိန် ့ကျသဖြင့် အပြည်ပြည်ဆိုင်ရာမှ စိတ်ဝင်စားလျက်ရှိကြပြန်သည်။

အကြောင်းမှာ ပထမဆုံး ပြင်ဆင်ရသော လကမ္ဘာဧ။် အမှောင်အတိုင်းနေရသော ကျင့်စဉ်တွင် အခြားနိုင်ငံများတွင် အမှောင်အတွက် နေသားကျနိုင်ရန် အမျိုးမျိုး ပြင်ဆင်နေချိန်တွင်
မွန်းပိုအမ်တို ့သည်နေ ့ခင်းတွင်ဖြစ်ဖြစ် ညတွင်ဖြစ်ဖြစ် မီးပျက်သည့်အတိုင်း နေနေကြသည်ကာ များလေရာ ထိုအတွက် ပြင်ဆင်ရန်မလိုအပ်တော့။ နိုင်ငံတော်ဧ။် စေတနာများကို ကျေးဇူးတင်ရသည်။

ဒုတိယမြောက် ပြင်ဆင်ရသော လကမ္ဘာဧ။် လမ်းမများအတိုင်း ကြမ်းတမ်းစွာ လမ်းလျှောက်ရသော
ကျင့်စဉ်တွင်လည်း အခြားနိုင်ငံများတွင် လမ်းကြမ်းများအတွက် နေသားကျနိုင်ရန် အမျိုးမျိုး ပြင်ဆင်ချိန်တွင် မွန်းပိုအမ်တို ့သည် တောင်ဥက္ကလာ၊တောင်ဒဂုံတို ့တွင် ယခုကဲ့သို ့မိုးရာသီအခါ လမ်းလျှောက်သွားသည့်အခါ လကမ္ဘာထက်ပင် ပိုဆိုးသဖြင့် ထိုကျင့်စဉ်အတွက်လည်း ပြင်ဆင်ရန်မလိုအပ်တော့။ နိုင်ငံတော်ဧ။် ကရုဏာများကို ကျေးဇူးတင်ရသည်။

ထိုကဲ့သို ့အစစအရာရာ အဆင်ပြေပြီးနောက် လကမ္ဘာသွားမည့် နေ ့သို ့ရောက်လာပြီ။
မွန်းပိုအမ်တို ့အုပ်စု ဝတ်စုံအပြည့်ဖြင့် ပြင်ဆင်ပြီး SKAW NET မှ လည်း LIVE လွှင့်နေရာ ရင်သပ်ရှူမောဖွယ်ဖြင့် တစ်နိုင်ငံလုံးက စောင့်ကြည်နေကြဧ။်။

ထို ့နောက် ဦးထွန်းလွင်ဧ။် မိုးလေဝသဌာနချုပ်မှတဆင့် တင်လွှတ်မည် ဖြစ်သဖြင့် မွန်းပိုအမ်တို ့
ရုံးချုပ်သို ့ရောက်နေပြီဖြစ်သည်။ မသွားခင်လကမ္ဘာသွားမည် ့သူများဧ။် ရင်ခုန်သံများကို အင်တာဗျူးကြသည်။ဓာတ်ပုံရိုက်ကြသည်။

နောက်ဆုံးကျမှ အာကာသယာဉ်ပေါ်သို တင်လွှတ်လိုက်ကြသည်။ရင်တွေ
တဒိုင်းဒိုင်းခုန်နေသည်။ကမ္ဘာကြီးကို ကျော်ပြီး တခြားအာကာသကို လှမ်းမြင်နေရပြီ။ဟေးးးးး အောင်မြင်သွားပြီ။ မွန်းပိုအမ်တို ့လေထဲတွင် လွတ်နေကြပြီ။လွတ်နေသည်။ပေါ့နေသည်။ဘာမှ မမြင်ရတော့…။ဘာမှလည်း မသိတော့တော့တော့။

ဝုန်း…….မရတော့ဘူးဟေ့ ဆင်းကြဟေ့ ဆင်းကြဟ။ရေတွေကြီးနေတယ်ဟ။အလို လကမ္ဘာထဲတွင် ရေကြီးနေသည်ဆိုသော အသံများကြားနေရပါလား။ဘာသံပါလိမ့်ဟု နားစွင့်လိုက်ချိန်တွင်

ဟဲ့ကောင်မလေး ဟဲ့ကောင်မလေး ဪ..ဂျာနယ်ကြီးဖတ်နေပြီး ဘေးဘီတောင် မသိတော့ဘူး။ဟိုမှာငါတို ့စီးလာတဲ့ကား ရေဝင်ပြီးမောင်းမရတော့လို ့နောက်ကားပြောင်းစီးခိုင်းနေတယ် ညည်းက ပြောင်းမစီးဘူးလားဟု ဘေးနားက ပြောသံကြားရလိုက်သည်။မော့ကြည့်လိုက်တော့မှ အာကာသယာဉ်တစ်ဖြစ်လည်း ၄၃လိုင်းကားပေါ်ရောက်နေပြီး စိတ်ကူးယဉ်နေသော ကိုယ့်အဖြစ်ကိုယ် သတိထားမိသွားသည်။

ထိုအခါမှ မွန်းပိုအမ်လည်း လိုင်းကားပေါ်မှ ဒရောသောပါး ပြေးဆင်းပြီး ဗဟန်း၃လမ်းမှတ်တိုင်ရှိ
ပေါင်လယ်ထိရောက်နေသောရေများကို လကမ္ဘာခရီးစဉ်အတွက် ကြိုပြင်သည်ဟု သဘောထားကာ ဖြတ်ကျော်ပြီး နောက်လိုင်းကား ပြောင်းစီးရန် ပြင်ဆင်လိုက်သည်။

လက်ထဲတွင်တော့ ချမ်းမီမီကိုတို ့ လကမ္ဘာသွားမည့် အကြောင်း ရေးထားသည့် ဂျာနယ်ကြီးကို
ကိုင်လျက်။

13 comments

  • ခင် ခ

    June 17, 2014 at 8:15 am

    ကျုပ် အသက်အရွယ်လေးရလာတော့ အတည်တကျဘာ အလုပ်လုပ်ရမလဲ စဉ်းစားနေတာ တစ်လကျော်လောက်ရှိပြီ အဖြေမရတာ အခုမွန်းပိုအမ်ပိုစ့်ဖတ်ပြီမှ အဖြေရပြီ မန်းမှာ အဆောက်အဦးကောင်းကောင်း ဌားပြီ ဟိုတယ်ဖွင့်မယ် ဟိုတယ်အမည်က လကမ္ဘာ တဲ့ ဒါကြောင့် မင်္ဂလာဆောင်ပြီး ဟန်နီးမွန်းကို လကမ္ဘာသွားမယ်လို့သာ ကြေငြာပြီး ကျုပ်ဟိုတယ်တာလာကြဗျာ ကံစမ်းပါပေးလိုက်အုံးမယ် ဘယ်လိုလဲ စိတ်ဝင်စားသူများ ရှယ်ယာပါကြစေ။

  • Ma Ma

    June 17, 2014 at 8:56 am

    သတင်းတွေထဲမှာ မြန်မာနိုင်ငံကနေ လကမာ္ဘသွားမယ့် ဒုတိယအုပ်စုလို့ရေးပြီး ပထမဆုံး ရောက်သွာသူလို့အောင် သတင်းထူးထပ်ရေးလို့ရသေးတယ်။

    ကိုယ်တိုင်မသိသေးတဲ့ လကမာ္ဘသွားဖို့ ကြိုတင်လေ့ကျင့်ပြီးသား နောက်ထပ်တစ်ခုက ကိုပေါက်ရဲ့” ရွှေအိုရောင်ဒုက္ခများ” http://myanmargazette.net/198986 မှာ ရှိသေးတယ်။ 😀

  • Kaung Kin Pyar

    June 17, 2014 at 9:33 am

    ဒီပို့စ်ကို ဖဘမှာ တွေ့ကတည်းက အရမ်းသဘောကျနေတာ….။
    လကဗျာ လကမ္ဘာသွားရင် ကောင်းကင်ပြာပြာကြီးပေါ်က ဖြတ်သွားရမှာဆိုတော့ ဂိတ်ကြေးတောင်းရမယ်..(ဆိုင်ဆိုင် မဆိုင်ဆိုင်)
    ရီသောသူ အသက်ရှည်၏ တဲ့..။ လကဗျာက ပျော်တတ်ပုံရတယ်…
    🙂

  • kyeemite

    June 17, 2014 at 9:48 am

    သရော်စာအရေးအသားလေးကြိုက်ပါ၏…အားပေးနေပါတယ်

  • Ma Ei

    June 17, 2014 at 11:42 am

    နိုင်ငံတော်ဧ။် စေတနာ၊ ဂရုဏာတွေကို ကျေးဇူးတင်တဲ့ ကလေး ကြီးပွားဦးမယ်…
    ဒါနဲ့လေ…မြောက်ဥက္ကလာမှာ လကမ္ဘာ ဆိုတဲ့ အထူးကုသားဖွားဆေးရုံရှိသတဲ့
    ချမ်းမီတို့ ကိုပြောပေးဦးနော်..
    🙂

  • ဇီဇီ

    June 17, 2014 at 12:05 pm

    ကတောက်။
    ဂြိုလ် သူငယ် တစ်ယောက်လောက် မှာမလို့ဟာကိုကွာ။
    အိပ်မက်ဖြစ်ရတယ်လို့။

    😀

  • naywoon ni

    June 17, 2014 at 12:58 pm

    ​ဆရာ​သော်​​တာ​ဆွေနဲ့ ​ရေးပုံနဲနဲ ဆင်​တယ်​ ဖတ်​ဖူးလား ။ စာ​ရေး ဆရာ​/မ နာမယ်​​တွေ ထည်​့ပြီး​ရေးထားတာ​လေ ။ စိတ်​ဆိုးတဲ့သူ​တွေကလဲဆိုးလို့ ။ လွမ်​းစရာ ……….

  • lu lu

    June 17, 2014 at 6:52 pm

    လကဗျာ က လကမ ္ဘာသွားမယ်ဆိုလို ့
    ဓာတ်ပုံအတူတွဲရိုက် ထားဦးမှဆိုတဲ့စိတ်နဲ ့
    ဝမ်းသာအားရနဲ ့ပြေးဝင် လာတာ အထုဒေါ့ အိမ်မက်
    ဂျီးပေါ့ ဟင့် လူဇိုးးးးးးး
    😀

  • moonpoem

    June 18, 2014 at 10:51 am

    ဓာတ်ပုံရိုက်ခံချင်ပါတယ် ဆိုမှကွာ 😀

  • black chaw

    June 18, 2014 at 11:31 am

    လကမ္ဘာ ထဲမှာ အီအီးဘယ်လို ပါရသလဲဟင်င်င်။
    😀

  • Paing Lay

    June 18, 2014 at 4:24 pm

    ဟာဂျာ…………..မသေခင်လေး လကမာ္ဘကိုသွားဖူးချင်တယ်လို့တွေးနေတုန်း အနော့အိပ်မက်ကို သူတို့ဦးတွားဒယ်………………. :byee:

  • alinsett (gazette)

    June 19, 2014 at 7:38 am

    လကမ႓ာပေါ်မှာ စာရေးရင် လက်တော့တို့
    ဖုန်းတို့နဲ့ပဲ ရမယ် မမလကဗျာ
    ဘောလ်ပင်နဲ့ရေးလို့မရလောက်ဘူး
    မြေကမ႓ာလို ဆွဲငင်အားမရှိလို့ဆိုလား

    :mrgreen:

Leave a Reply