Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တော်လိုက်တဲ့ ရိုက်ကွင်း မန်နေဂျာ

moonpoemJune 21, 20141min49811

အဆိုတော် မိစန္ဒီ၏ ရေခဲရိုက်အပြုံးသီချင်းကို ရေခဲချောင်းစက်ရုံတွင် MTV ရိုက်မည် ပြုစဉ် မီးပျက်သွားသဖြင့်ရေခဲမရိုက်နိုင်တော့ဘဲအရည်ပျော်သွားကြောင်း သိရပါတယ်။
ထို ့အတွက်
ရိုက်ကွင်းမန်နေဂျာမှရေခဲရိုက်အပြုံး
သီချင်းအစား
ရေခဲချောင်းများအရည်ပျော်နေသောအပုံပေါ်တွင် မိစန္ဒီအားထိုင်ခိုင်းစေကာ ဇော်ဝင်းထွဋ်၏အရည်တွေ ပျော်ကုန်ပြီ သီချင်းဖြင့် အစားထိုး ရိုက်ကူးလိုက်ရကြောင်း သတင်းရရှိထားပါတယ်။

ထို ့နောက် ခိုင်ထူး၏ အားလုံးကို ကျော်ဖြတ်ရမယ် သီချင်းရိုက်ကွင်းတည်နေရာအဖြစ် ရွေးချယ်ထားသည့် ရန်ကုန်၊မော်လမြိုင် အဝေးပြေးလမ်းသည်လည်း တိုးဂိတ်များပြီး ပိုက်ဆံပေးရလွန်းသောကြောင့် ရိုက်ကွင်းမန်နေဂျာအနေဖြင့် အားလုံးကို မပြောနှင့် တိုးဂိတ်ကိုပင် မကျော်ဖြတ်နိုင်ကြောင်း သိရပါတယ်။ ဒီအတွက်လည်း အားလုံးကို ကျော်ဖြတ်ရမယ်သီချင်း အစား အဆိုတော်ခိုင်ထူးမှ တိုးဂိတ်တစ်ခုတွင် ငွေချေနေပုံကို ရိုက်ကူးကာ အဆိုတော်ကော်နီ၏ ရော့ယူလိုက် သီချင်းဖြင့် အစားထိုးရိုက်ကူးသွားကြောင်းလည်း ထပ်မံ သတင်းရရှိထားပါတယ်။

နောက်ဆုံးရ သတင်းတစ်ရပ်အနေဖြင့် အကယ်ဒမီရ ဒါရိုက်တာတစ်ဦးမှ မြန်မာနိုင်ငံ၏
နာမည်ကျော် သီချင်းတစ်ပုဒ်ဖြစ်သော စည်းလုံးခြင်းရဲ ့အင်အားသီချင်းရိုက်ကူးရန် လူစုပြီး ဆက်တင်ချိန်သော်လည်း ဆက်တင်ချိန်ပြီးချိန်တွင် ဟိုပါတီဝင် ဒီပါတီဝင် မတည့်သည်က တစ်ကြောင်း၊ သူကထောက်ခံသည် ငါက ကန့်ကွက်သည် စသဖြင့် ရန်ဖြစ်နေကြသဖြင့် ရိုက်ကူးရျ် မရနိုင်ခဲ့ကြောင်းသိရပါတယ်။

နောက်ဆုံးတွင်တော့ ဒါရိုက်တာကြီးသည် သရုပ်ဆောင်များအချင်းချင်း ညှိနှိုင်းမရတော့သည်ကိုသိသည့်အတွက် အားလုံးကို တုတ်တစ်ချောင်းစီပေးပြီး ချလိုက ချနိုင်သည် ပြောပြီးနောက် စည်းလုံးခြင်းရဲ ့အင်အားသီချင်းအစား အထူးဆက်တင်ချိန်စရာ မလိုတော့သည့် သီချင်းဖြစ်သော အဆိုတော် အေးချမ်းမေ၏ တစ်စစီ ကျိုးပဲ့နေတယ် သီချင်းဖြင့် အစားထိုး ရိုက်ကူးသွားကြောင်း သိရှိရပါတယ်။

သတင်းကုန်ပါပြီရှင်။

11 comments

  • alinsett (gazette)

    June 21, 2014 at 8:10 pm

    နာမည်ကျော် သီချင်းတစ်ပုဒ်ဖြစ်သော စည်းလုံးခြင်းရဲ ့အင်အားသီချင်းရိုက်ကူးရန် လူစုပြီး ဆက်တင်ချိန်သော်လည်း ဆက်တင်ချိန်ပြီးချိန်တွင် ဟိုပါတီဝင် ဒီပါတီဝင် မတည့်သည်က တစ်ကြောင်း၊ သူကထောက်ခံသည် ငါက ကန့်ကွက်သည် စသဖြင့် ရန်ဖြစ်နေကြသဖြင့် ရိုက်ကူးရျ် မရနိုင်ခဲ့ကြောင်းသိရပါတယ်။

    နောက်ဆုံးတွင်တော့ ဒါရိုက်တာကြီးသည် သရုပ်ဆောင်များအချင်းချင်း ညှိနှိုင်းမရတော့သည်ကိုသိသည့်အတွက် အားလုံးကို တုတ်တစ်ချောင်းစီပေးပြီး ချလိုက ချနိုင်သည် ပြောပြီးနောက် စည်းလုံးခြင်းရဲ ့အင်အားသီချင်းအစား အထူးဆက်တင်ချိန်စရာ မလိုတော့သည့် သီချင်းဖြစ်သော အဆိုတော် အေးချမ်းမေ၏ တစ်စစီ ကျိုးပဲ့နေတယ် သီချင်းဖြင့် ………….

    ရေးလည်း..ရေးတတ်ပါ့ဗျာ.. ။
    ရီလိုက်ရတာ.. ။
    :mrgreen:

  • Foreign Resident

    June 22, 2014 at 10:24 am

    moon poem လေးက ၊
    တွေးတတ် ရေးတတ်လိုက်တာ ၊
    ဉာဏ် သိပ်ကောင်းပုံရတယ် ။

  • ဇီဇီ

    June 22, 2014 at 12:28 pm

    တော်လိုက်တဲ့ စာရေးသူ။

    :s:

  • moonpoem

    June 22, 2014 at 3:40 pm

    အဲလိုပြောကြပါနဲ့ မြောက်ပြီး ဓာတ်တိုင်နဲ့ တိုက်မှာစိုးလို့ 😀

  • Paing Lay

    June 22, 2014 at 8:09 pm

    ပရလောက မှတ်တမ်းဇာတ်လမ်းရိုက်ကူးရန်အတွက် မနှစ်က ကွယ်လွန်အနိစ္စရောက်သွားပါသော အနုပညာနယ်ပယ် အသီးသီးမှ နာမည်ကျော်များအား ဝိညာဉ်ပြန်ခေါ်၍ နေပြည်တော် အမြန်လမ်းမကြီးပေါ်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဖြစ်ကြောင်းသိရှိရပါသည်ဟု အမှောင်လောကသတင်းမှ ရရှိပါသည်။ :mrgreen:

  • ခင် ခ

    June 23, 2014 at 12:02 am

    ဒီလို အရေးကောင်း အတွေးကောင်း မျိုးစာလေးတွေများ ရေးတတ်ချင်လိုက်တာနော်

  • kyeemite

    June 23, 2014 at 10:58 am

    တော်တော်တွေးတတ်ပါတယ်…ရီရရုံမဟုတ်..ခေတ်ကိုပါထင်ဟတ်နေလို့ ကြိုက်ပါတယ်…

  • Mr. MarGa

    June 23, 2014 at 3:37 pm

    ဒီ ရိုက်ကွင်းမန်နေဂျာကို ငှားချင်လွန်းလို့ နောက်ကနေ တကောက်ကောက်လိုက်နေကြတယ်ဆိုလား…

  • moonpoem

    June 23, 2014 at 3:39 pm

    ဟုတ်ကဲ့ပါ လေးလေးပေါက်ရေ ကြိုးစားပြီး ရေးပါဦးမယ်။အကြံပေးတာ ကျေးဇူးတင်ပါတယ်လို့

Leave a Reply