အများနှင့် ဆိုင်သော…………..
ပြာလဲ့လဲ့ ကောင်းကင် ဖြူလွှလွှတိမ်တိုက် စိမ်းလန်းတဲ့ တောတန်း ရွှေရောင်တောက်နေတဲ့ လယ်ကွင်း
မော်လူးကို စာပေဟောပြောဖို့ ရောက်လာကြတဲ့ ဆရာ/ဆရာမတွေနဲ့ အမှတ်တရ
မင်္ဂလာပါ ရွာသူ/သားအပေါင်းတို့ ခင်ဗျာ… ရွာထဲကို ပြန်ရောက်လာပါပြီ… မျက်စိလည် လမ်းမှားပြီး ရောက်လာပါတယ်… ပြန်လာပါပြီ… စသဖြင့်…စသဖြင့်…
အကြောင်းအမျိုးမျိုးပြပြီး.. ရွာထဲရောက်လာလိုက် တော်ကြာ ပြန်ပျောက်သွားလိုက်နဲ့ ဖြစ်နေတဲ့ ကျနော် အခုရက်ပိုင်းတွေမှာ ရွာထဲကို ဝင်ဖို့ ကြိုးစားပေမယ့်
အဆင်မပြေတဲ့ ကွန်နက်ရှင်ကြောင့် ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်ပြီး…ဟိုလူ့ အကူအညီတောင်း..ဒီလူ့အကူအညီတောင်းနဲ့ လုပ်ရတော့တာပါပဲ…..။ ဒီလိုနဲ့
အလင်းဆက်က ကူညီပေးပါမယ်ဆိုပြီး ပြောလာလို့ မေလ်းကနေ စာတွေ ပုံတွေ ပို့ပေးမယ်ပြောပြီး မပို့ဖြစ်ခဲ့ပြန်ပါဘူး။ ကျနော်ဟာ တော်တော်ကို
အလုပ်ရှုပ်နေတာပါလားလို့လည်း တွေးမိပါတယ်။ အိမ်က လူတွေကတော့ အိမ်ကစီးပွားရေးကို တခြားအလုပ်တွေ လုပ်သလိုသာ လုပ်ရင်ကောင်းမှာပဲတဲ့လေ….။
ကျနော့်ဘက်ကလည်း ပြတ်သားပါတယ်… ကျနော် မချမ်းသာချင်ဘူး ငွေကြေးတွေရဲ့ နောက်လိုက်နေရတဲ့ သူမဖြစ်ချင်ဘူး…
ကုမ္ပဏီပိုင်ရှင်ကြီး မဖြစ်ချင်ဘူး။ သမတ္တကြီးလည်း မဖြစ်ချင်ဘူး။ ကျနော်ဖြစ်ချင်တဲ့ ဘဝလေးကတော့ ဘဝကို စိတ်ချမ်းချမ်းသာသာနဲ့ ဖြတ်သန်းချင်တယ်။
ဒီလိုဖြတ်သန်းဖို့အတွက် အစီအစဉ်လေးတွေကိုလည်း ဆွဲထားပါတယ်။ လေးပေါက်ကတော့ စကားပြောဖြစ်တိုင်း ဆုံးမစကားဆိုတတ်ပါတယ် ပရဟိတလည်း
လုပ်… အိမ်အလုပ်ကို လုပ်ပါတဲ့….။ ကျနော် ကြိုးစားနေပါတယ် လေးပေါက်
ရေ…။ ဒီလပိုင်းတွေ အတွင်းမှာ ကျနော် အများနဲ့ဆိုင်တဲ့ အလုပ်တွေနဲ့
ရှုပ်နေတာများပါတယ်။ ပထမ အလုပ်တစ်ခုက စာပေဟောပြောပွဲပါ။ စာပေဟောပြောပွဲ ကိစ္စကို လုံးပမ်းရတာ တော်တော် အချိုးမပြေတာတွေနဲ့ ကြုံရပါတယ်။
ဒါတွေကိုတော့ မပြောတော့ပါဘူး။ စာပေဟောပြောပွဲပြီးသွားတော့ ကျနော့်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလေးက ၂၀%နှုန်းလောက် အရှုံးပေါ်သွား ပြန်ရော….။
ဒါပေမယ့် ဘယ်တတ်နိုင်မလဲလေ…။ လုပ်တိုင်းသာ ဖြစ်နေရင် မြန်မာပြည်မှာ လူဆင်းရဲဆိုတာ ဘယ်ရှိတော့မလဲနော့။ နိဒါန်းတွေ ပျိုးနေရတာနဲ့ပဲ
စာတစ်ပုဒ်ပြည့်တော့မယ်။ ကျနော်တို့ အဖွဲ့လေးရဲ့ စာရေးကိရိယာ အလှူခရီးစဉ်အတွက် မနှစ်ကလိုပဲ ရွာထဲမှာ အလှူခံဖို့ လေးပေါက်နဲ့ အစောပိုင်းက
တိုင်ပင်ဖြစ်ပါတယ်။ လေးပေါက်ကတော့ အဆင်ပြေမှာပါ.. ရွာထဲမှာ အလှူခံပို့စ်လေးတစ်ပုဒ်လောက် ရေးတင်ပါ… ဖေ့ဘုတ်မှာလည်း တင်ပါလို့
အကြံပေးခဲ့ပေမယ့်။ ကျနော်ပြောခဲ့သလို အများနဲ့ဆိုင်တဲ့ အလုပ်ကိစ္စတွေရော၊ ကိုယ်ပိုင်အလုပ်ကိစ္စတွေရောနဲ့ ရှုပ်နေတာကတစ်ကြောင်း၊
လိုင်းကလည်း နှေးနေလိုက် မကောင်းနေလိုက် စသဖြင့်…နောက်ဆုံးတစ်ချက်က စာမရေးဖြစ်တာ…ပျင်းနေတာ ပါတာပေါ့လေ…။ အခုတော့
မရေးမဖြစ် ရေးရတော့တာပါ။ ကျောင်းဖွင့်ချိန် ဇွန်လ တစ်ရက်မှာ ကျနော် ဖေ့ဘုတ်မှာ စာလေးတစ်ကြောင်း ရေးတင်ဖြစ်လိုက်ပါတယ်။ “
ဘာလိုလိုနဲ့ ကျောင်းတွေဖွင့်ပြန်တော့မယ်။ ရံပုံငွေနည်းနည်းလေးနဲ့ ကျနော်တို့ ပရဟိတအဖွဲ့လေး ဘယ်လိုနည်းနဲ့ ရှေ့ဆက်ရမယ် မသိ” ဆိုပြီးပေါ့။ အဲ့စာလေးက
ငါးသိန်းကျပ်တန်တယ်ဆိုရင် ယုံကြပါ့မလား။ ဒီစာလေးရေးတင်ပြီး နောက်တစ်ရက်မှာ ရန်ကုန်က အလှူရှင်က ဖုန်းဆက်ပြီး ကျနော့်တို့ အဖွဲ့ စာရေးကိရိယာ
အလှူခရီးစဉ်အတွက် လှူလိုကြောင်းနှင့် ငါးသိန်းလှူမည်ဖြစ်ကြောင်း သတင်းပေးပါတယ်။ အားရဝမ်းသာနဲ့ပဲ ကျေးဇူးတင်စကားတွေ
အခါခါဆိုပြီး လေးပေါက်ဆီဖုန်းဆက် အကျိုးအကြောင်းပြောပြ ငွေရောက်လာရင် ပစ္စည်းတွေဝယ်ပို့ပေးပို့ရော အပါအဝင်ပေါ့။ အဖွဲ့သားတွေဆီကိုလည်း
အကြောင်းကြားရတာပေါ့လေ။ ကျနော့် အဖွဲ့သားတွေကတော့ ကျနော့်ကို “မင်း ရန်ကုန်မှာများ နိုင်ငံခြားကလူတွေနေဖို့ တစ်လကို ဒေါ်လာရှစ်သောင်းနဲ့
ငှားထားတဲ့ အိမ်များရှိနေတာလား။ အလုပ်မစခင်တော့ ရံပုံငွေ မရှိဘူး၊ ဘယ်လိုလုပ်ရမယ် မသိဘူး၊ ပြောပြောနေပြီးးး အခုကျတော့ ရပြန်ပြီဆိုတော့.. မနှစ်ကလည်း
ဒီလိုပဲ..ဒီနှစ်လည်း ဒီလိုပဲဆိုတော့ မင့်ကို သိပ်မယုံချင်တော့ဘူး”တဲ့လေ…။ အင်းးးး ဒီလို အထင်ခံရလည်း မဆိုးဘူးပေါ့……(အမှန်က အထင်ခံချင်ပါဘူးးး
အဲ့လိုလူတွေနဲ့ ကျနော်က ဘာမှ မဆိုင်တာ)
ပရဟိတ စလုပ်ကတည်းက ကျနော့်စိတ်ထဲမှာ လုပ်ချင်တဲ့စိတ် တစ်ခုတည်းနဲ့ စခဲ့တာပါ။ ဘဝကို ရိုးသားမှုတစ်ခုတည်းနဲ့ တိုက်ခဲ့သလိုမျိုးပေါ့။
တကယ်တမ်းပြောရရင် ကျနော်တို့ ပရဟိတအဖွဲ့လေးဟာ တိုက်ခိုက်ခံရမှုတွေ ပြည့်နေတာပါ။ အဖွဲ့ဆိုတာထက် ကျနော်တစ်ယောက်တည်းအပေါ်
ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်မှုတွေက ပိုများပါတယ်။ ထားပါတော့လေ… ဒါတွေ ရေးပြနေရရင်လည်း ဘာမှ ဖြစ်လာမှာမှ မဟုတ်တာ…။ ဒီလို အလှူငွေလေး
ရလာပြီး လေးပေါက်ကလည်း မန ္တလေးကနေ ပစ္စည်းတွေဝယ်ပို့ပေးလို့ ကျနော့်ဆီကို ပစ္စည်းရောက်လာတယ်ဆိုရင်ပဲ ခရီးစဉ်တွေ စတင်ဖို့ အဖွဲ့ဝင်တွေဆီ
ဖုန်းနဲ့တစ်မျိုး လူနဲ့တစ်ဖုံ ဆက်သွယ်ရတော့တာပါပဲ။ အထူးသဖြင့် လေးပေါက်ကို ကျေးဇူးတင်ပါတယ်။ ကျနော် တောင်းသမျှ အကူအညီတိုင်း မဖြစ်ဖြစ်အောင်
ကူညီပေးလို့ပါ။ တကယ်တမ်းပြောရရင် ကျနော်တို့တွေဟာ ကိုယ့်အလုပ်နဲ့ကိုယ် မအားနိုင်အောင် ရှုပ်နေကြတာ မဟုတ်လား…. ။ တစ်နှစ်ထက်တစ်နှစ်
ကျနော်တို့တွေရဲ့ အလုပ်တွေဟာ ပိုပိုရှုပ်လာသလို ပိုပိုပြီးလည်း အလုပ်တွေ လုပ်လာရတယ်ထင်တာပဲ…။ ကျနော်တို့နိုင်ငံက လူတစ်ယောက်
ရှင်သန်ဖို့ရာအတွက် ဖြတ်သန်းရတဲ့ လမ်းက မချောမွေ့ဘူးလို့ထင်ပါတယ်။ အဲ့ အခုတော့ ဒီစာလေးနဲ့ ကျနော် ရွာထဲမှာ မနှစ်ကလိုပဲ ကျနော်တို့ အဖွဲ့လေးရဲ့
စာရေးကိရိယာ အလှူခရီးစဉ်လေးတွေ အကြောင်း ရေးတင်သွားမယ်လို့ ပြောချင်တာပါ… မကြာမှီ လာမည် မျှော်….ပေါ့….နော်….။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
7 comments
ကိုပေါက်(မန္တလေး)
June 27, 2014 at 11:35 pm
ကြည်နူးမ ိတယ် ကို လတ် ရေ နောင် လဲ လို သမျှ ပြော ပါ ကူ ညီ ဘို့ အမြဲ အဆင်သင့် ပါ
kotun winlatt
June 27, 2014 at 11:53 pm
ဟုတ်ကဲ့ပါ…လေးပေါက်ရေ….
ဆရာ ဇာဂနာရဲ့ ပြက်လုံးလေးတစ်ခုလိုပေါ့ဗျာ…
အားလည်းနာတယ်….ခင်လည်း ခင်တယ်ပေါ့..ခမျ….ဟီးးးးးးးး
စုန်းမ
June 28, 2014 at 2:40 am
အသံလေးပြန်မြင်ရတာ မင်္ဂလာပါ ဆရာလေး။ :-))
ဇီဇီ
June 28, 2014 at 7:42 am
သများကို လည်း အလှူမခံဘူးး
နောက်ခါ ဆို ပြောဦးးး
:s:
Ma Ma
June 28, 2014 at 8:14 am
အဆင်ပြေသွားကြောင်းသိရလို့ ဝမ်းသာပါတယ်။
အများအကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်နေကြတဲ့ ကိုထွန်းဝင်းလတ်နဲ့ ကိုပေါက်တို့ကိုလည်း သာဓုခေါ်ပါတယ်။
စာရေးကရိယာအလှူ ခရီးစဉ်ကို စောင့်မျှော်နေပါမယ်။ 🙂
kyeemite
June 28, 2014 at 9:22 am
စောစောစီးစီးဖတ်ရတဲ့ စာတွေထဲ မင်္ဂလာအရှိဆုံးစာလေးပါပဲ ကိုထွန်းဝင်းလတ်ရေ…
တကယ်တန်းပြန်ကြည့်တော့ ဒီရွာထဲမှာ…အကျိုးပြုအဖွဲ့တွေ မနည်းဘူးပဲ….
ကိုထွန်းဝင်းလတ်တို့အဖွဲ့အတွက်လည်း ဂုဏ်ယူစွာ သာဓု သာဓု သာဓု ခေါ်ပါတယ်ဗျ 🙂
snow smile
June 28, 2014 at 9:39 am
သာ ဓု သာ ဓု သာ ဓု ပါ
စိတ် ချမ်း သာ မိ ပါ တယ်