Model Academy နှင့် Myanmar Education
အင်း မော်ဒယ် အကယ်ဒမီ Season 2ပြီးတာတော့နည်းနည်းကြာပြီပေါ့ ။ ရေးချင်နေသည်မှာ ကြာပါပြီ။မြန်မာနိုင်ငံတွင် နိုင်ငံတကာ စံလိုလေ့ကျင့်ပေးသည့် ကျောင်း ပုံစံပထမဆုံးထွက်လာသည်မို့ သဘောတော့ကျမိသည်။ထုံးစံအတိုင်း အပြင်အဆင်တွေမှာ သားနားသယောင်ရှိပေမဲ့ မသားနားပေ။ဒါပေမဲ့ တော်တော်ကြိုးစားထားသည်မှာ တော့ ပေါ်လွင် ပါသည်။ Ma Thandar Hlaing သည်ကျမအလွန်နှစ်သက်မိသော Model ။သူမဒီပွဲကို ကြီးကျယ် လာစေရန်ကြိုးစားနေသည်မှာ တော့ မှန်ပါသည်။ အဓိက ပြောချင်နေသည်က ဒါမဟုတ်ပေ။ 🙂
ကျမအဓိကပြောချင်သည်မှာ အရောင်ရွေးချယ်မှုများဖြစ်ပါသည်။
Stage စင်အရောင်မှာမှာ အနက်နှင့် အစိမ်း modal academy ပါ နောက်ခံဖြစ်သည် ပုံမှန်အချိန်တွင် ကြည့်ရသိပ်မဆိုးသော်လည်း catwalk လျှောက်သည့်အချိန်တွင်တော့ model များဝတ်သည့် အရောင်နှင့် လိုက်ဖက်အောင်ပြောင်းပေးလျှင်ပိုကောင်းမည်ထင်ပါသည်။
season 2 တွင် တိုင်းရင်းသားဝတ်စုံများဖြင့်လျှောက်ခိုင်းသည့် challenge တစ်ခုပါသည်။ တော်တော်များများဝတ်စုံများသည် ပိုးသားများ ဖြစ်သည်။သတိထားမိသည်မှာ ကျမတို့ မြန်မာသည် အရောင် အဆင် ရှုတ်ရှက်ခတ်နေခြင်းကို ပိုကြိုက်ကြသည်ထင်သည်။ ပိုးသားများ ဝတ်ထားလျှင် နောက်ခံ Stage က အရောင်တူ ငြိမ်လျှင်ပိုကောင်းမည်။ ထိုးထားသည့် မီးရောင်က လဲ ဝတ်စုံကို ပိုပြီး ပြူးပြူးပြဲပြဲဖြစ် နေသည်။
နောက်တစ်ခုကcake တွေအရောင်နှင့် အရသာကို စားသုံးပြီး ထိုကဲ့သို့သော အရောင်အရသာမျိူးခံစားစေသည့် dress များကို designer များကဖန်တီးပြီး models များက ဝတ်ကာပြိုင်ဆိုင်ရသော challenge။ ထို challenge တွင် designer များ အရောင်ရွေးချယ်မှုနှင့် design အမြင်မှာ cake များနှင့် တခြားစီဖြစ်နေသည်။ပိုဆိုးသည်မှာ cake နှင့် မတူလျှင်တောင် သူ့ဘာသူ သီးခြားလှနေသလားဆိုတော့လဲ မလှပေ။ dress များအားလုံးကို silk ဆိုလျှင် အားလုံး silk ,cotton ဆိုလျှင် လဲ အားလုံး cotton သတ်မှတ်လျှင်ပိုကောင်းမည်။ ယခုတော့ ပြောင်ပြောင်လက်လက်ထွက်လာသူကထွက်လာ မှိန်မှိန်ဖျော့ ဖျော့ထွက်လာသူကလာ နှင့် ကြည့်ရတော်တော်ဆိုးသည်။ ပိုဆိုးသည်မှာ ရောင်စုံ ပန်းခင်းကြီးနှင့်အတူ နောက်ခံ Stage အရောင် နှင့်ကလဲ မလိုက်ဖက်။ မီးထိုးသည်မှာလည်း လျှောက်လမ်းလေးကို ဘဲ မီးငြိမ်ငြိမ်လေးထိုးလျှင်ပိုအဆင်ပြေပါမည်။ ယခု တခန်းလုံး လင်းထိန်နေတော့ model များနှင့် dress များ မှာ power လျော့ကျသွား သလိုခံစားရပါသည်။
နောက်ဆုံး final ပွဲမှာတော့ တော်တော်အဆင်ပြေသလိုခံစားရပါသည်။ သူတို့ဘယ်လိုလျှောက်သည် ဘာညာ သိပ်နားမလည်ပါ။ဒါပေမဲ့ အရောင်လှလှပပသုံးလျှင် ပိုမို အဆင်ပြေလာမည်ထင်ပါသည်။ကျမ အယူအဆမှာ မည်သည့်အရောင်မဆို သူ့အလှနှင့်သူရှိပါသည်။ တူညီစွာပေါင်းစပ်တတ်ရန်သာ လိုအပ်သည်။အရောင်လေးများ လှပစွာ သုံးပြီး ပိတ်ဆံအကုန်အကျမများဘဲ ပွဲကို ပိုမို လှပစေမည် ဟုယူဆပါသည်။ ဒီပွဲကို ကြည့်ပြီးနားလည်လိုက်သည်က မြန်မာ education အလွန်နောက်ကျနေသည်မှာ နေရာအားလုံးပင်။ အခြေခံအရောင်အတွဲ အစပ်များ သည် မူလတန်း အလယ်တန်းအဆင့် တွင်သင်ရမည်ကို မသင်ကြရသောကြောင့် အရောင်ပင်ကောင်းကောင်းမစပ်တတ်သလိုဖြစ်နေပါသည်။
ပြောချင်သည်မှာတော့ ကျနော်တို့ ရသစာပေများ လိုအပ်သည်ထက် သုတစာပေများ ပိုမိုလိုအပ်နေသည်ထင်ပါသည်။ အရောင် များအကြောင်းစာအုပ်များ များများစားစားမရှိ။ကျမဆိုလိုသည်မှာ တစ်ပုဒ်နှစ်ပုဒ်ရေးထားသည့် ဆောင်းပါးမျိူးမဟုတ်ဘဲ သူငယ်တန်းအဆင့် ၊အလယ်တန်းအဆင့်၊ လူကြီးများ ဖတ်နိုင်သည့်အဆင့် ထိုကဲ့သို သောစာအုပ်များကို မြန်မာဘာသာဖြင့်ဖန်တီးပြီး ကျောင်းများတွင် သင်ကြားပေးလျှင်ကောင်းပေမည်။
science, chemistry,physics များလည့်အရေးပါသလို ထိုကဲသို့ အနုပညာ၊ပန်းချီ၊ အားကစားများလဲ တွဲဖက်ပြီး တကယ်သင်ကြားပေးစေချင်ပါသည်။ကျမ အလယ်တန်းဘဝက ပန်းချီအချိန် ဟုရှိသည်။ ထိုအချိန်ဆိုလျှင် ဆရာမက ဘာမျှမသင် သမိုင်းဆရာမက သမိုင်းဝင်သင်လျှင်သင်သွားသည်။ မဟုတ်လျှင် အပြင်ထွက် ကစားလျှင်သွားကစားနှင့် ကျမအခု ကဲ့သို့ အသက်ကြီးလာသည်။
နောက်တစ်ခုက ကျမ ဟောပြောပွဲ တစ်ခုသို့သွားသည်။ စလုံးတစ်ယောက်၊ India တစ်ယောက်၊မြန်မာတစ်ယောက် ဟောပြောပါသည်။စလုံးလေးက အစအလည်အဆုံး အကြိမ်ကြိမ် လေ့ကျင့်ခဲ့မှန်းသိသာသည်။Public Speaking အလွန်အဆင်ပြေသည်ကို တွေ့ရသည်။ လူများကို လိုက်နှုတ်ဆက်ပုံမှာလဲ အလွန် အဆင်ပြေသည်။ ထိုထဲတွင် မြန်မာသည် အတော်ဆုံး ဟုခံစားမိသည်။သို့သော Public Speaking ကို မလေ့ကျင့်ခဲ့ဟုယူဆမိသည်။ English လိုပြောရတွင် တိုးသည်။ ပရိတ်သတ်ကို ကျောပေးကာ Projector ကိုသာကြည့်ပြီးပြောနေသည်။Projector တွင် ပြသသည်များကို ကြည့်လျှင်တော့ သူတော်တော်ကြိုးစားထားမှန်းသိရသည်။သို့သော် ပရိတ်သတ်က သူပြောသည်ကို နာမထောင်တော့၊တိုးသည်ကတစ်ကြောင်း၊ မိမိဟောပြောသည့် အကြောင်းအရာအပေါ်ယုံကြည်မှု မရှိသည်က တစ်ကြောင်း ပရိတ်သတ်က နားမထောင်တော့ပေ။Public Speaking, Manner သည် ဘာသာရပ်တစ်ခုလောက် အရေးမကြီးဟုထင်ရသော်လည်း လူ့အဆင့်အတန်းကိုပြသည်။ကျမ ကိုယ်ချင်းစာပါသည်။သူသည်လဲ ဒီ ပညာရေးစနစ်တွင်ပင်ကြီးပြင်းခဲ့ရသည်မဟုတ်လား။
အဆုံးသတ်အနေနှင့် education သည် အလွန်ပင်အရေးကြီးသည်။လူမိုက်ကြီးများ မိုက်တွင်းနက်နေကြသည်မှာလဲ ဒီပညာရေးကြောင့်ဟုယူဆပါသည်။
ဆိုတော့ တတ်နိုင်သမျှ ပညာများများရှာပြီး ဖြန့်ဝေကြပါစို့ဟု …..။
လွန်တာရှိက အဟံဝန်တာမိပါ 🙂
2 comments
မ " တတ် ပါ့ "
August 23, 2014 at 11:20 am
Model Academy ကိုတော့ ကြည့်ပါတယ်… အကဲဖြတ်တွေရဲ ့ ပက်ပက်စက်စက် ဝေဖန်အကဲခတ် ရက်စက်တဲ့ စကားတွေအောက်မှာ မျတ်ရည်ပြိုက်ပြိုက်ကျယှဉ်ပြိုင်ရတဲ့ သူတို့လေးဒွေကို သနားမိပါရဲ ့… ဒါပေမယ့် သူတို့ဘဝ တောက်ပဖို့ပဲလေ… မော်ဒန်လောကအတွက် ဆွဲဆောင်မှုရှိတဲ့ ပြိုင်ပွဲလေးတစ်ခုပါပဲလို့ ….။
မြန်မာ ပညာရေး ကတော့ …အင်း …အဲ … ပြင်လိုက် ညာလိုက် လုံးချာလည်လိုက်နေတုန်းပါပဲလို့ ….။
ပုံ/
မတတ်ပါ့
ခင် ခ
August 23, 2014 at 3:35 pm
ဒီတိုင်းပြည်ပညာရေးက ပညာတတ်တွေများများဖြစ်သွားမှာ စိုးလို့ မတတ်အောင်သင်စေချင်ခဲ့တာလား? သင်ကြားရေးစနစ်ကြောင့် ပညာတတ်တွေများများ ဖြစ်မလာတာလား? ဆိုတာကို ဝေခွဲမရဖြစ်နေခဲ့တာ ငွေရတု ရွှေရတု စိန်ရတု တွေတောင် ကျော်လောက်ပြီ အခုထိ စမ်းသပ်အဖြေရှာစဲပါဘဲ။