Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

စာသားများ …. ထို့အပြင် …ရည်ရွယ်ချက်များ….

alinsettAugust 11, 20141min38812

leaning_tree_822

စာသားများ….ထို့အပြင်…ရည်ရွယ်ချက်များ…

 

 

ဟောဒီကောင်းကင်တော် ဝတ်ရုံလွှာအောက်မှာ…

ငါ့ရင်ခွင်တစ်ခုလုံး…မိုးကြိုးတွေ တဂျုံးဂျုံးပစ်ချခံရ

ငါထူငါထ စနစ်နဲ ့… အခါခါလဲကျပေးခဲ့ရတယ်… ။

———————————————————————

 

ချစ်သော…နှင်းစက်မှုန်ရီတို ့…

ဒီမီးကို…တဟုန်းဟုန်းတောက်ရာမှ ငြှိမ်းလှည့်ပါ…

ငါ့ကို ချမ်းသာစေလှည့်ပါ… ။

ငါ့ဆန္ဒပြုသံတို ့တော်လဲ…

ငါ့ကို … ငါ ကျိန်ဆဲပြီးလို ့…

ငါက ငါ့ကို… ခွင့်လွှတ်ထားပါတယ်..… ။

———————————————————————

 

မနေ့ကတွေအကုန်လုံး…

အတုံးလိုက်အတစ်လိုက် ကုန်ဆုံးခဲ့ပြီးတဲ့နောက်…

ငါ့နှလုံးအိမ်ဟာ…

ဓါးလှံယဉ်ကျေးမှုကို ကိုင်ဆွဲ….

မျက်ရည်မဲ ့ ငိုညည်းသံတွေ ပြန့်ကျဲ…

စစ်ပွဲပြီးစ…မဟာအောင်မြေလို…အကျည်းတန်စွာလှပခမ်းနားလို ့…

တိတ်ဆိတ်ခြင်းနဲ့ဆူညံစွာ…

အူအူငွေ့ငွေ ့…. ကျန်ရစ်တယ်… ။

———————————————————————————————

 

 

လေးမြတ်စင်ကြယ်ဖူးသော…ကြယ်ပွင့်များ…

ငါ့ရှေ ့မှာ… တဖြုတ်ဖြုတ်ကြွေကျ….

ငါ…..ယူကြုံးမရတဲ့ည….

ငါဟာ….ကြယ်မဖြစ်ခင်ကတည်းက….ခပ်စောစော ကြွေကျချင်ဖူးတယ်… ။

ချစ်သော ကြယ်စင်အလင်းတန်းများ…အောက်

ကွေးကွေးကောက်ကောက် ဖြောင့်မတ်စွာ… အိပ်စက်ခွင့်ရဖို ့ပေါ့ ..… ။

———————————————————————————————-

 

(မေမေရေ….

တချို့တွေရဲ့ မျက်ရည်က..သကြားများသွားတဲ့ကော်ဖီလို…

အချို အခါး တကွဲတပြားစီနဲ ့… သားကို…လာ ချွဲတယ်.. ။

အဲဒီအခါမျိုးမှာ… သား ရယ်မယ်…..မေမေ… ။ )

 

———————————————————————————————————-

 

မြေပြင်ရဲ ့ သားတော်တစ်ပါးမျှသာဖြစ်တဲ့ …ငါ…

အရာရာကို… ချုပ်ကိုင်သိမ်းပိုက်ဖို ့ ဆိုပြီး….

ကြိုးတွေရှုပ်လို ့ကောင်းတုန်းမှာ…

ဇာတ်ဆရာ အလိုကျဖို ့…

ငါကတော့…အလိုမကျစွာနဲ ့… က လိုက်ရတာ…

 

—————————————————————————————-

 

မြင့်မြတ်လှစွာသော… မြေပြင်လွှာရေ…

အခုလို…

ငါ…. အတောင်ပံမဲ့ ပျံသန်းရတဲ့အခါ…

လောကကြီးနဲ ့ငါ…အပေးအယူမမျှတတ်လို ့…

အတောင်ညောင်းခွင့်ပြုပါ…

မြေပြင်ဆီ အပြန်လမ်း…..

တိုးတိုးတိတ်တိတ်…ကြိတ်မှိတ်လို့…ငါ မျှော်မှန်းရဦးမှာလား… ။

—————————————————————————————————–

 

လူကူးမျဉ်းကြားမရှိတဲ ့… ကောင်းကင်ကြီးထဲ…

ငါ…ဆက်မလျှောက်လိုဘူး…

ချစ်ခြင်းမေတ္တာအကြောင်း မသိတဲ့ တိမ်ခိုးတိမ်ငွေ ့တွေနဲ ့လည်း…

ငါ … မိတ်ဆွေမဖြစ်လိုဘူး…။

ပန်းချီဆန်တဲ့ အရိပ်အယောင်တွေနဲ့ မာယာများတဲ့ ကောင်းကင်ရဲ့

မူရင်းအရောင်ကို သိချင်ရုံက လွဲလို ့…

အဲဒီ ကောင်းကင်မှာ… ငါ…. မပျော်မွေ ့လိုဘူး ။

 

——————————————————————————————————-

 

 

 

 

ငါ့လက်တွေကို မိုးပေါ်ဆန့်တန်းပြီး….

ရနိုင်မလားလို ့…ငါ တောင်းကြည့်ဖူးတဲ့ ဆုလဒ်တွေ…

ချွေးပင်လယ်ကြီး လှိုုင်းထန်ပြီးကာမှ… ရတတ်လို ့…

အခုတော့….

တစ်ယောက်ယောက် ပေးမှ …. အသက်ရှင်ရမယ်ဆိုရင်….

ဘယ်သူ ့ဆီကမှ…ငါ….မတောင်းဘူး ။

 

—————————————————————————————————————-

 

ငါတို ့စိတ်နှလုံးထဲက ရုန်းထွက်လာတဲ့ စကား အပွင့်တွေ…

(အဲဒီ စကားလုံး အပွင့်တွေ..အဖူးတွေ… )

ဓါးသွားထက်.. ထက်မြတယ်ဆိုတဲ့ ဆိုရိုးစကား…

ငါ…မနေ့က စ…ဟားလိုက်ပြီ…

ငွေကြိုးလေးညပ်နေတဲ့ စက္ကူတစ်ထပ်…

ဓါးအစင်းစင်းထက်… ထက်ပါတယ်… ။

 

——————————————————————————————————

 

ထားပါတော့….

မှောင်ရီဝိုးဝါးတဲ့ အလင်းခေတ်မှာ…

လမင်းကတောင်…နေလို အယောင်ဆောင်တယ်…

ပူလောင်ပြင်းပြ…..

ငါ….ခါးသက်သက်နဲ့ …ခါးညွတ်ပြရတယ်… ။

——————————————————————————————————–

 

ရယ်စရာကောင်းတဲ့…လွမ်းဆွတ်မှုတွေနဲ့…

ချိုမြိန်စွာ ကြေကွဲခဲ့ရနေ့ရက်တွေ….

ဘယ်သူ ဝိုင်း သုံးပေးမှ ကုန်မှာလဲ…

တခါတလေတော့လည်း…..

ကိုယ့်ရင်ဘတ်ကိုယ် ငုံ့ကြည့်ရင်း….ဇာတာကို ပြန်စစ်မိတယ်…

ရာဇဖွားထဲ…

အိမ်ခြေမဲ့ဂျစ်ပစီတွေလိုမျိုး…

ဖြစ်လာသမျှကို အကောင်းထင်ရတတ်တဲ့ …. နတ္ထိလူသား ….

ပါသလား….

တစ်ခုခုတော့… မှားနေတယ်…

—————————————————————————————————————

 

ငါ့အိ်ပ်မက်တွေကို ငါ ဖြန်းခနဲ ရိုက်ချပြီး…စဉ်းစားလိုက်ပါတယ်…

ဘဝဟာ….ရေနွေးအိုးတစ်လုံးလို…

ဝေမကျခင်…. အဖုံးဖွင့်ပေးဖို ့ အကူအညီလိုတတ်တယ်…

၁၅၀ဝ အချစ်ဟာ… ဆားထည့်ကိုထည့်ရမယ့် ဟင်းတစ်ခွက်လို…

တစ်ခါတစ်ခါ ပေါ့ရွှတ်သွားတတ်တယ်…

မျှော်လင့်ချက်ဟာ…မနေ့ကဖြစ်ပြီးသားတွေလို…

(မရဲတရဲ တွန့်ဆုတ်ကျော်ဖြတ်ပြီးသား အဟောင်းကြီးတွေလို…)

ရင်ခုန်ဖွယ်ရာ အရောင်အဆင်းမဲ့တတ်တယ်…

 

—————————————————————————————————

 

စွန့်စားမှုကို လည်မျိုမှာချည်ပြီး…

ချောက်နက်နက်ထဲ…ခုန်ချဖို ့….

မမျှော်လင့်ပဲ… ဆုံးဖြတ်…

ဖုန်မှုန့်တွေခါပြီး..ထ လိုက်တယ်…

ခြေထောက်မလိုဘူး…

လမ်းမလိုဘူး…

သွားခြင်း / ရွေ ့ခြင်း မလိုဘူး….

ခရီးတချို ့က…. ကံမကောင်းခြင်းကို အလိုရှိသူအတွက်…

ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတတ်လွန်းလို ့…

 

——————————————————————————————————————-

 

 

အဆင့်သင့်ဖြစ်ပြီလား…

တစ် နှစ် သုံး လို ့ အော်ပြီး..

ကိုယ့်ကိုယ်ကို ခလုပ်ပိတ်လိုက်မလို ့အလုပ်မှာ…

ဟော … ဟိုက… ရောင်နီက….

လှလှပပ သန်းပြနေတုန်း….

နေပါဦးကွယ်…

ငါ့ ကိုယ်ကို ငါ… ခေါက်ရိုးချိုးပါရစေဦး… ။

 

—————————————————————————————————–

 

အလင်းဆက် (Gazette)

 

 

၆ ၊ ၈ ၊ ၂၀၁၄ / ည ၁၁ နာရီတိတိ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

12 comments

  • ရွှေညာသား

    August 11, 2014 at 8:39 am

    ညီလေးရေ
    စိတ်ထဲရှိတာဖန်တီးတာလား
    ဖန်တီးချင်လို့ ဖန်တီးတာလား
    ဘာပဲဖြစ်ဖြစ် ခံစားမှု့ကို တွေ့နေရတဲ့ ကဗျာလေးတစ်ပုဒ်ပါ။
    ခဏနေဦး ပြီးမှသေသေချာချာပြန်ဆုံမယ်

    • အလင်းဆက်

      August 11, 2014 at 11:31 am

      သို ့… ချစ်သော..ကိုရွှေညာသား.. ။
      —–
      ဒီကဗျာ ( ကဗျာလို ့ လွယ်လွယ်ပြောရပေမယ့်..အမှန်တော့.. စာသားများ ) ဟာ…
      အဲဒီ ည…အိပ်မရသေးပဲ..ဟိုဟိုဒီဒိ တွေးနေမိချိန်မှာ… ဖျတ်ခနဲ..ပေါ်လာတဲ့ အတွေးစတွေကို.. အမိအရ ဖမ်းဆုပ် ချရေးလိုက်တာပါ ။
      ဆိုတော့…. စိတ်ထဲ.. ရှိရာကို..ချရေးထားတဲ့ ဖန်တီးမှုတစ်ခုပါ.. ။

      နောက်တစ်ချက်က…
      ဖန်တီးချင်လို ့ဖန်တီးတယ်ဆိုတဲ ့ အပိုင်းမှာ…
      ပြောရမှာတော့.. ကျယ်မယ်.. ။
      ဒါမယ့်..အကျဉ်းလေးပြောရရင်…
      အနုပညာ( စာပေ အနုပညာ)ကို..ဖန်တီးချင်စိတ်တွေ.. တဖွားဖွေးပေါ်နေတတ်ပါတယ်.. ။
      ပေါ်လာတိုင်းလည်း..စကားလုံးတွေကို သုံးပြီး.. ဖန်တီးကြည့်ပါတယ်.. ။
      အဲဒီ ဖန်တီးရာမှာ… ကျနော် နှစ်သက်သဘောကျတဲ ့..ဝါဒတွေအတိုင်း…
      နှစ်သက်သဘောကျမိတဲ ့.. ( ကျနော့်ကိုလွှမ်းမိုး နိုင်တဲ့ ) သီဝရီ အငွေ ့အသက်တွေ…ပါအောင်…ဆိုပြိး..
      တမင် ဖန်တီးယူတဲ့ စာပေဖန်တီးမှုတွေ.. ရှိပါတယ်.. ။
      ဒါပေမယ့်… အဲဓီ အငွေ ့အသက်ပေါ်အောင်..တမင် ဖန်တီးတဲ ့… စာပေဖန်တီးမှုမျိုးမှာ…
      ကျနော်..ရေးတဲ ့ ကဗျာဆန်ဆန် စာတွေ..မပါပါဘူး ။
      ကျနော် ရေးတဲ့အထဲက… ကဗျာဆန်ဆန် စာသားတွေဟာ…
      တမင် လုပ်ယူထားတဲ့.. အငွေ ့အသက် ပေါ်အောင် ဖော်မှုတွေ…မရှိပါဘူး ။
      ——————-

      ”Might is right ”မဟုတ်… / ”Right is might ”
      http://myanmargazette.net/200713
      ————–
      “nothingness” and “crisis”
      http://myanmargazette.net/200813

      အဲဒီ နှစ်ပုဒ် နဲ ့..တချို ့ အက်ဆေးတွေကတော့… တမင်ကို.. အငွေ ့အသက်တွေ..ထည့်ရေးချင်လို ့…
      စကားလုံးရွေးပြီး..ဖန်တီးထားတာလေးတွေပါ ။

      ——————
      ဒီ စာသားများ ထို ့..အပြင်ရည်ရွယ်ချက်များ ကတော့….
      ခံစားမိတဲ့ ဖျတ်ခနဲ…အတွေ းစတွေကို..စိတ်ရဲ ့အတွင်းပိုင်းအထိ…လိုက်ပါ ခံစားပြီး..
      ချရေးဖြစ်တယ်.. ။
      ချရေးပြီးသားတွေကို.. ပြန်ကြည့်တော့….
      ကျနော်..ခံစားမိလို ့ရေးချမိသမျှ က… ရည်ရွယ်ချက်တွေ… ပါနေတယ်.. ။

      အဲဒိ ရည်ရွယ်ချက်တွေက…….

      …………………………………………………..

      😆

      ——————

      ကိုရွှေညာသား…လာရောက် ဖတ်ရှု ခံစားပေးသွားတာကို..အတိုင်းမသိ..ကြည်နူးကျေနပ်မိပါကြောင်း….
      ကိုရွှေညာသားနဲ ့…အဲဒီလို..စာအကြောင်း ပေအကြောင်းတွေ..ပြောချင်နေတာ…

  • ဇီဇီ ခင်ဇော်

    August 11, 2014 at 8:59 am

    ဆက်ဆက်ကို သဘောကျတဲ့ အချက်တစ်ခု ပြောမယ်။
    စာ ရေးတဲ့ အပိုင်းကို ပြောမှာနော်။
    (ခွီးးး နာ့နှယ်!! ကြောက်နေတာပဲ ဗျဲ) :mrgreenn:

    ဇီဇီ ဆာဆာမှာတော့ မတူအောင် ထပ်ပြောပါ့မယ်။
    ခု က မနေနိုင်လို့။
    :kwi:

    စာကို ရေးချင်တဲ့ အချိန်မှာ စိတ်နှလုံး ထဲက ပေါ်တဲ့ အတိုင်း စကားလုံး အတိုင်း ရေးတာကို သဘောကျတယ်။

    တစ်ချို့က ရသ စာကို ရည်ရွယ်ချက်ကြီးနဲ့ ရေးတာမျိုး။ အဲဒါကို မကြိုက်ဘူးး။ ဖတ်ရတာကို စိတ်မရှင်းဘူးး
    စာမှာ ရိုးသားမှု မပါဘူးး။ ရသ စာပေကို ခုတုံးလုပ်တယ်လို့ ပဲ ယူဆတယ်။

    မော်ဒန်တွေ ပို့(စ) မော်ဒန်တွေတော့ မမဂျီး နားမလည် ပါဘူးးး။ ဆက်ဆက် ရဲ့ တစ်ချို့ စာတွေကိုလည်း သိပ်နားမလည်ဘူးရယ်။
    ဒါပေမဲ့ ဖတ်လိုက်ရတဲ့ အခါ စာမှာ စိတ်ထဲဟာတွေကို စကားလုံးနဲ့ ချရေးဆိုတာ ကို ခံစားလိုက်ရတယ်။ တခြား ရည်ရွယ်ချက်မပါဘူးး

    အဲဒါလေးးး
    :s:

    • အလင်းဆက်

      August 11, 2014 at 11:35 am

      ဟုတ်..မမဂျီး…
      ကျနော့်ကို သဘောကျတဲ့အပိုင်း( စာရေးခြင်းကို …အဟိအဟိ / ကချင်ပုဆိုးနဲ့ လည်ကတုံးအဖြူဝတ်ခြင်းကို မဟုတ်…အဟိအဟိ )

      :mrgreen:

      ပြောပေးသွားတဲ့အတွက်..ကြည်နူးကျေးဇူးတင်ပါတယ်..

      —————–
      ဟုတ်ကဲ့… ။ ဒီ စာသားတွေဟာလည်း…
      စိတ်ထဲရှိတာကို… ဖျတ်ခနဲ…တွေးမိတာလေးတွေကို.. ဒီအတိုင်း….ဘာအလင်္ကာ ဘာသီဝရီ ဘာသဘောတရားမှ…
      ထပ် မဖြည့်ပဲ…ရေးချလိုက်တာလေးတွေပါ… ။

      😆

  • ခင် ခ

    August 11, 2014 at 9:16 am

    စာသား အပိုဒ်တိုင်းတော့ မခံစားတတ်တာလား လိုက်မမှီတာလား မပြောတတ်ဘူး၊ ဒါပေမယ့် တစ်ချို့အပိုဒ်တွေရဲ့ စာသားတွေကတော့ ရင်ထဲညှိပါ့ကွယ်။

    ( စွန့်စားမှုကို လည်မျိုမှာချည်ပြီး…
    ချောက်နက်နက်ထဲ…ခုန်ချဖို ့….
    မမျှော်လင့်ပဲ… ဆုံးဖြတ်…
    ဖုန်မှုန့်တွေခါပြီး..ထ လိုက်တယ်…
    ခြေထောက်မလိုဘူး…
    လမ်းမလိုဘူး…
    သွားခြင်း / ရွေ ့ခြင်း မလိုဘူး….
    ခရီးတချို ့က…. ကံမကောင်းခြင်းကို အလိုရှိသူအတွက်…
    ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတတ်လွန်းလို ့… )

    • အလင်းဆက်

      August 11, 2014 at 11:37 am

      လေး ခရေ…

      အဲဒီ စာပိုဒ်ကို…ချရေးတော့…
      ကျနော်…. လည်ပင်းအစ်နေတယ်… ။

      :mrgreen:

  • black chaw

    August 11, 2014 at 10:39 am

    မိုက်တယ်ဗျာ…။
    ကေဇီ ကွန်းမန့်လေး ပြန်ကိုးကားလိုက်ရဦးမယ်။

    မော်ဒန်တွေ ပို့(စ) မော်ဒန်တွေတော့ မမဂျီး နားမလည် ပါဘူးးး။
    ဆက်ဆက် ရဲ့ တစ်ချို့ စာတွေကိုလည်း သိပ်နားမလည်ဘူးရယ်။
    ဒါပေမဲ့ ဖတ်လိုက်ရတဲ့ အခါ စာမှာ စိတ်ထဲဟာတွေကို စကားလုံးနဲ့
    ချရေးတယ်ဆိုတာ ကို ခံစားလိုက်ရတယ်။ တခြား ရည်ရွယ်ချက်မပါဘူးး။

    အဲဒါ…။

    • အလင်းဆက်

      August 11, 2014 at 11:40 am

      လေးဘလက်….

      လာရောက်ဖတ်ရှု ခံစားပေးတဲ့အတွက်..
      ဇူးဇူး ပါ… ။

  • Yae Myae Tha Ninn

    August 11, 2014 at 12:50 pm

    အကုန်လုံး သဘောကျတယ်.. အဲလို ဖန်တီးဖို့ ဈာန်ရယ်၊ ဉာဏ်ရယ်၊ နှလုံးသားရယ်၊ အတွေ့အကြုံရယ်၊ အဖြစ်အပျက်တွေရယ် အကုန်ပေါင်းစပ်ထွက်ပေါ်လာတယ်..

    လေးမြတ်စင်ကြယ်ဖူးသော…ကြယ်ပွင့်များ…

    ငါ့ရှေ ့မှာ… တဖြုတ်ဖြုတ်ကြွေကျ….

    ငါ…..ယူကြုံးမရတဲ့ည….

    ငါဟာ….ကြယ်မဖြစ်ခင်ကတည်းက….ခပ်စောစော ကြွေကျချင်ဖူးတယ်… ။

    ချစ်သော ကြယ်စင်အလင်းတန်းများ…အောက်

    ကွေးကွေးကောက်ကောက် ဖြောင့်မတ်စွာ… အိပ်စက်ခွင့်ရဖို ့ပေါ့ ..… ။

    အဲဒီအပိုဒ်ကို သဘောကျတယ်.. အယူအဆတော့ မတူဘူးပေါ့… ကျွန်တော်လဲ ကြွေခဲ့တဲ့ နေရာမှာ အစားထိုးတလုံးဖြစ်ဖို့ ကြိုးစားခဲ့ဖူးတယ်.. ဇာတာ မစပ်တော့… ရှင်သန်မှုအောက် ရပ်တည်ရာ ပြောင်းလဲခဲ့ရတယ်… အစားထိုးနိုင်လဲ အစားထိုးကြယ်ပဲ ဖြစ်မှာပေါ့နော်… ဒီကြယ်မှ မဟုတ်တာ… 🙁 ဒီဂဇက်က ကျွန်တော့်အတွက် Outlet တခုပါပဲ… အဲဒီအတွက် ကျေးဇူးတင်ပါတယ်… အရင်က ကဗျာတွေ ရှိပါတယ်.. မတင်တော့ပါဘူး.. နောက်ပိုင်း ဘဝဆန်တဲ့ ကဗျာ ဖြစ်ဖြစ်၊ စကားပြေ ဖြစ်ဖြစ် တင်နိုင်အောင် ကြိုးစားမှာပါ… လက်ရှိတော့ ISO ခေါင်းစဉ်က တော်တော် အလုပ်ရှုပ်သားဗျ… 🙂 🙂 🙂

    • အလင်းဆက်

      August 11, 2014 at 3:50 pm

      စာသားလေးတွေကို.. သဘောကျတယ်ဆိုလို ့.. ဝမ်းသာ ကျေနပ်မိပါတယ်.. အစ်ကိုတော်.. .

      😆

  • lu lu

    August 11, 2014 at 8:59 pm

    ဆက်ဆက်တို ့များ အဲလို လက်စွမ်းတွေပြတတ် လွန်းလို ့
    အဲ . . .ဘာပြောမို ့ပါလိမ့်
    ဪသိ ပီ သဘောကျတယ်လို ့ . ..
    ဟို ကဗျာ မဟုတ်တဲ့ စာသားတွေကို လေ
    😀

Leave a Reply