ညီလေးအလင်းဆက် နှင့် မြန်မာစာချစ်သူ ရွာသူ/ရွာသားများသို့ အပိုင်း(၃)
ညီလေးအလင်းဆက် နှင့် မြန်မာစာချစ်သူ ရွာသူ/ရွာသားများသို့ အပိုင်း(၃)
ညီလေးရေ ပြီးခဲ့တဲ့ အပိုင်းတွေမှာ မြန်မာစာရဲ့ ချစ်စရာကောင်းပုံလေးတွေကို အကိုက ညီ့ကို သေသေချာချာရှင်းပြပေးပြီးတော့မှ
ရေးပြခဲ့ပြီးပြီ။တစ်ချို့ တွေက အကို့ကို ပြောကြသကွ ညီရေ။
ညီလေးလို့ ခေါင်းစဉ်တပ်ထားတာကို ခဏခဏပြောကြပါတယ်။လွယ်လွယ်တပ်လိုက်တာ မဟုတ်ပါဘူးလို့။
ပြောကြမယ်ဆိုရင် ကဗျာတွေ စာတွေကိုချစ်တတ်ဖို့ဆိုတာကလည်း ညီလေးရေ အသွေးအသားထဲကို စိမ့်ဝင်နေတဲ့ ချစ်စိတ်
မျိုး ရှိမှပဲ ကဗျာတွေ စာတွေကို ချစ်တတ်တာလို့ပဲ ပြောရမှာပဲညီလေးရေ။
ရွာထဲမှာ ကဗျာချစ်တယ်လို့ ကြွေးကြော်ထားကြတာ ညီလေးရယ် ကိုကမ်း ကိုခ ကိုဘလက် တို့က နာမည်ကျော်တွေမို့ပါ။
ဆြာပေါက်က ဒါ့ပုံချစ် ကဗျာချစ် အတွေးပါးပါးလေးတွေ ချစ်တတ်သူလို့ အကိုက ခံစားသကွ။
မိကေဇီ ကတော့ အစားသရဲမကွ။ ဒီတစ်ခေါက်တောင် အကို့ Post ကို ကိုက်စားမယ်တောင်ပြောနေသကွ။
တတ်နိုင်သူများရှိရင်လည်း တားကြ ဆီးကြပါဦးတော်ရေ။
ရွာထဲမှာ အကိုကတော့ သဂျီးဥကိုင်ထက် စာရင် သူ့ကို ပိုကြောက်သကွ။
တစ်ချို့ကတော့ ရွာထဲမှာ ကြီးလေးကြီး ရှိသတဲ့ ပြောကြတယ်။အကိုကတော့ မိကေ ကိုအကြောက်ဆုံးပဲ။
ညညဆိုရင် တတ်မလာနဲ့ တောက်ချလိုက်မယ်ဆိုတဲ့စကား သတိရရင် လန့်လန့်တောင်နိုးတယ်။
ချွေးစီးတွေဘာတွေပြန်ပေါ့ ညီရာ။
ဂလို ဂလို တွေ ကြောက်ရတာပြောပါတယ်။
အကို့အနေနဲ့ စာချစ်သူ ကဗျာချစ်သူတွေ ဝေဖန်ရေးသမားတွေ လေ့လာသူတွေများတဲ့ ရွာထဲမှာ နေရတာ နဲနဲတောင်ပျော်သလိုဖြစ်
နေပြီ ညီရေ။
နောက်ပြီးတော့ အကိုရေးသမျှကို ကောင်းတယ်ဆိုပြီး ညွှန်းဆိုကြတဲ့ စာကြမ်းပိုးတွေကိုလည်း ကျေးဇူးတင်ရပါသကွာ။
သူတို့တင်တဲ့အခါတိုင်း အကို့ Post တွေကို သေသေချာချာ သုံးသပ်ပြတာလေးတွေကိုလည်း ကြိုက်ပါသကွ။ညီလေးရေ။
ဒါပေမယ့် ကြာကြာတော့ နေဖြစ်မှာ မဟုတ်တာ သေချာသကွညီရေ။ဒါကလည်း ကိုယ့်အကြောင်းနဲ့ကိုယ်ပါညီရေ။
နောက်ပိုင်းတော့ ဝင်ဖတ်သူအနေနဲ့ပဲနေတော့မှာပါ ညီရေ။
အမှန်တကယ်ပြောရရင်တော့ မြန်မာစာချစ်သူတွေအနေနဲ့ အမှန်တကယ် လေ့လာစရာကောင်းတဲ့ ပျော်စရာကောင်းတဲ့ ကဗျာ
တွေ စာတွေ ရှိနေသေးတာကို လေ့လာကြည့်ရင်တွေ့မြင်ရမှာပါပဲ။
တကယ်တမ်းပြောရရင်တော့ ညီလေးရေ မြန်မာစာဟာ လေ့လာကြည့်မယ်ဆိုရင် အလွမ်းယူမလား အပျော်ယူမလား အသောယူမလား စာပြောင်တွေ မာန်မာနတွေပါတဲ့ စာသံပေသံတွေ စသဖြင့်ပေါ့ညီရာ စာမျိုးစုံကိုလေ့လာနိုင်မှ တန်ဖိုးရှိတာပါ။
အမြဲတမ်း ဒီစာအုပ်စု ကိုပဲလေ့လာကြည့်နေမယ်ဆိုရင် ဒီတန်ဖိုးကိုပဲ သိနေမှာပါ။အခြားသော စာစု ကဗျာစုတွေရဲ့ အရသာက
ပျောက်နေမှာပေါ့ ညီရေ။
ဒီတစ်ခေါက်အကိုရှင်းပြချင်တာကတော့ စာပြောင်တွေပေါ့ ငါ့ညီရာ။
ကဲ ညီရေ အကိုကတော့ ဒီတစ်ပတ်မှာ ညီ့ကို စာပြောင် စာချိုးလေးတွေကို ရှင်းပြပေးချင် မိတ်ဆက်ပေးချင်တယ်။
ဥပမာကွာ ညီ့အနေနဲ့ လေ့လာကြည့်မယ်ဆိုရင် မြန်မာတွေရဲ့ ဟာသညဏ်ဘယ်လောက်တောင်ရှိသလဲ ဆိုတာတွေကို တွေ့မြင်လာရမှာပါ။
ကဲ လက်တွေ့ရေးပြမယ် ညီရာ။
အကို ပြီးခဲ့တဲ့ အပိုင်း(၂)မှာ ရှင်းပြပေးခဲ့သလို မိတ်ဆက်ပေးခဲ့တဲ့
ဖိုးသူတော်ဦးမင်းနဲ့ လူဦးမင်းတို့နှစ်ယောာက်ရဲ့ စာစပ်ပုံ
အချီ – အချ ပြောကြပုံလေးကို လှလွန်းလို့ စပြီးရွတ်ပြမယ်နော် ညီလေး။နားသာထောင်ကြည့်ပေတော့ကွာ။
ပဲဖြူကလေးဆိမ့်လိုက်တာ
ပြောစရာရဘူး။
ညအခါ လသာမှာကိုယ်တော်သုံးတယ်
လေပုန်းကမြူး။
ကဲ ညီရေ။တွေးကြည့်စမ်းပါ။ဘုရင်နဲ့မိဖုရားခေါင်ကြီးတို့ကို သာသာနဲ့နာနာနှက်သွားတဲ့ စာစပ်အချိုးလေးပါပဲ။
အဲဒီံအချိန်တုံးက မိဘုရားခေါင်ကြီးက မိန့်သတဲ့ မောင်မင်းတို့ ဒီပဲဖြူလေးဟာ ကိုယ့်နိုင်ငံက ထွက်ပေလို့သာ
အခြားသော တိုင်းပြည်များမှာဆိုရင် ဒီလောက်စားရဖို့ဆိုရင်ရွှေတစ်ကြက်ဥကုန်သတဲ့ ဆိုပြီး မိန့်ထားတာကို
လည်း လှောင်ချင်ဟန်တူပါတယ်။
ဘာကြောင့်လည်းဆိုတော့ ဒီအဆောက်အအုံထဲကနေမထွက် ကြားမိကြားရာ သူပြောငါပြောတွေကို အဲဒီ့အချိန်
က ဘုရင် – မိဖုရားတွေ သိပ်ပြောကြဆိုသကိုး။
ဦးဏှောက် ကလဲခပ်နဲနဲရယ်။
ညီတွေးကြည့်ရင် တုတ် ဒါး လက်နက်စကြာင်္ ဆောက်ပုတ်ရတနာတို့၏ အရှင်သခင်ဆိုတာကြီးတွေးမိရင်
ပယင်း ဂေါ်မုတ် ဒုတ္တာ တွင်းများအရှင်ဆိုတဲ့ ကြောင်တောင်တောင် အရေးအသားတွေကို တွေ့ရင်
အကိုပြောတာတွေးမိမှာပါ။
ခက်တာက အဲဒီ့အချိန်က မင်းခစား – မင်းမြှောင် တွေက အခုခေတ် သမ္မတ အကြံပေးလို ကြောင်တောင်တောင်
တွေဖြစ်မှာပါ ညီရေ။
အဲဒီ့လိုပြောလိုက်လို့ ညီက အကို့ကို အတိုက်အခံထင်ပါလိမ့်မယ်။ ဘပြောင်ကိုပြောလို့ပေါ့ကွာ။
လွတ်လပ်စွာ ( ညီလေးမင်းခန့်ကျော် အပြောနဲ့ပြောရရင် အကို က ဒေါ်စု ခါးခါးသီးသီး မုန်းတဲ့သူကွ)
ဒါကိုယ်ပိုင်အတွေးအခေါ်နော်။ကိုယ့်ဟာကိုယ် မုန်းခွင့်လဲရှိမယ်ထင်ပါတယ်။ဝင်တော့မဆဲကြပါနဲ့။
အခုပြောနေတဲ့ ကဗျာတွေ စာတွေနဲ့မဆိုင်ပါဘူး ညီ။
အကို့ ခံစားပိုင်ခွင့်ပါ။ဒီတော့ကွာ ညီရာ ဖြစ်နိုင်ရင် နိုင်ငံရေးမပါကြေးလို့ပြောထားတာပါ။
ဒီတော့ အကို့ကို ဒေါ်စုမကြိုက်ဖူးပြောလို့ ကော်ဆဲခံရလည်းမတတ်နိုင်ဘူး။
( ခက်တာက ချက်ကျ လက်ကျ ရှင်းကြ
ပြောကြဆိုရင် ဒေါ်စုဘက်တော်သားတွေက သူပြောကိုယ်ပြောတွေနဲ့ ဝိုင်းဆဲကြတော့ ညီရ။
အပြောကိုမခံတာကွ။သူတို့အတွက်က ဘုံမျှော်လင့်ချက်သည် ဒေါ်စုပေပဲကွ။
ဒါကြောင့် ရှင်းမရတဲ့အတူတူ မပြောကြေးပေါ့ ညီ )
နောက်ရှိသေးတယ် ညီရ။ အကို့အနေနဲ့ အကို့ကို ဖွေးဖွေးတို့ ဝတ်မှုံရွှေရည်တို့ ရွှေမှုန်ရတီတို့ခင်ဝင့်ဝါလေးတို့
နန်းခင်ဇေယျာတို့ မေမြတ်နိုးတို့က ဝိုင်းချစ်ကြပြီး သူတို့အပေါ် မေတ္တာမထားရင်
( အမလေး ပြောရတာကောင်းလိုက်တာနော် )
သတ်သေမယ်ဆိုရင် ရော ?
အကိုမှ မချစ်နိုင်တာပဲ ညီ ။ သတ်သေပစေပေါ့ ညီရာ ။ နော့ ကွယ် ။ ဘာဝမ်းနည်းစရာများရှိလေမလဲ။
ဘာကြောင့်လဲ ? ဘာကြောင့်မှ မဟုတ်ပါဘူး ညီ ။ မချစ်နိုင်လို့ …………. မချစ်ချင်လို့ ပဲ ဆိုရမှပါ ညီရေ။
အကို မချစ်နိုင်တာ အကို့အပြစ်မဟုတ်ခဲ့လေးဘူး ညီရေ။
ဒီတော့ နိုင်ငံရေးဆိုတာကလည်း ဦးနေဝင်းကြီး အကိုကြိုက်ရင်ကြိုက်မယ်။
အဘရွှေကို လေးစားချင်လည်း လေးစားပေမပေါ့။ဒေါ်စုကို မုန်းချင်လည်း မုန်းပေမပေါ့ ညီ။
အဲဒါအကို့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ပါ ညီ။
အပြစ်မမြင်လိုက်ပါနဲ့ ညီ။
သေချာတာတော့ ဒေါ်စုကောင်းခဲ့မကောင်းခဲ့ – ဆက်ကောင်း – မကောင်းကို သမိုင်းကသာ အဆုံးအဖြတ်ပေး
သွားမှာပါ ညီ။
ဒါတွေ အကိုနဲ့မဆိုင်ပါဘူးညီ ။ အကို ကို မဆိုင်တဲ့ Comments တွေဝင်မပေးပါနဲ့ ညီ။
ကဲ နိုင်ငံရေးမပါတဲ့ ဆွေးနွေးပွဲလေးပဲဆက်လုပ်ရအောင်ညီရေ။ဒီအကြောင်းတွေ Commnets တွေတတ်
လာရင်လည်း အကိုပြန်မပြောတော့ဘူး ညီ။
တကယ်တော့ ဖိုးသူတော်ဦးမင်းနဲ့ လူဦးမင်းတို့နှစ်ယောက် စာစပ်ညီပုံက ပြောရရင်တော့ ညီရေ ဩချလောက်ပါသကွာ။ဘယ်လောက်
တောင်မှာ လှတဲ့ စာလည်း ကဗျာလည်းဆိုတာကို ညီတွေ့ရပါလိမ့်မယ်။
သူတို့နှစ်ယောက်ကလည်း အချီအချ – အခံ အအုပ်ပြောနေကြ ပညာရှင်တွေကွ ညီလေးရ။
ခါးတောင်းမြီး ဖြုတ်ပါလို့
ရုတ်ကနဲအသာထိုင်
သူ့ ဥစ္စာကြာငုံကြီးကို
နီးကာမှ ကိုင် ။
ကိုင်သာကိုင်
ထိုင်လေလေကိုယ်တို့
သာလောင်းရှင် တောင်တော်ဦးမှာ
ဖူးရပြန်လို့။
ကဲ ညီရေ မတော်လို့များ အောက်က စာပိုဒ်များပြုတ်သွားမယ်ဆိုရင် ဘယ့်နှယ့်များအတွေးပေါက်ကြမလဲမသိတော့ဘူးနော် ညီ။
စဉ်းစားသာကြည့်စမ်းပါ ညီရေ။
ရှုင်ဘုရင်ကိုယ်တိုင်တောင်မှ ရယ်ပြီး မောင်မင့့်ဟာ ကြမ်းလွန်းလှသကွယ် ပြောယူရသကွ ညီလေးရ။
တကယ်တော့ မြန်မာစာ ကဗျာ အလှအပတွေဟာ လေ့လာ လေလေ တွေ့ရှိလေလေပဲညီရ။
တစ်ချို့ကလည်း မော်ဒန်မှ ကာရံမဲ့မှ ဆိုပြီးတော့လည်း ဆိုကြပြန်ပါတယ်။
ဒါကတော့ ညီရေ ။အကို့အနေနဲ့ပြောတဲ့သူတွေကို အပြစ်လည်း မတင်ပါဘူး။ကိုယ်ကြိုက်ချင်တာကို ကြိုက်ခွင့်ရှိပါတယ်။
အကိုက အန်းတိတ်ကဗျာတွေ ရွတ်ပြပြီးတော့မှ ကာရံပါမှချစ်ရမယ် အတင်းကြီးပြောနေတာ မဟုတ်ဘူးနော်။
အကိုဆိုလိုချင်တာက ညီတို့ မျက်စေ့အောက်မှာတင် ကျန်ထားခဲ့တဲ့ မမြင်ခဲ့တဲ့ စာကောင်း စာဟောင်းတွေရှိနေသေးတယ်
ဆိုတာကို ညီ့ကို သက်သေပြတာပါ ညီ့ရေ။
အကို့ အပေါ်ကို အမြင်လေးတော့ ရှင်းစေချင်တယ် ညီ။
ကဲ အကိုဆက်ပြောဦးမယ်ကွာ။
အကိုတို့ ငယ်ငယ်က ရွတ်ခဲ့တဲ့ ကလေးကဗျာလေးထဲပါတဲ့ ဂျာအေးကိုသူ့အမေရိုက်ပါလို့ အစချီတဲ့ ကဗျာလေးကို အရင်ညီ့ကို
ရွတ်ပြမယ်ကွာ။ညီလိုက်ဖတ်ကြည့်လိုက်ပါဦး။
မုန့်လုံးကို စက္ကူကပ်လို့
ကြာကလပ်ပေါ် ဆွမ်းတော်တင်
ပလ္လင်ပေါ်က မျောက်ကလေး
ဆင်းတယ်လို့လွေး။
ဂျာအေး။
ဂျာအေး ကိုသူ့အမေရိုက်လို့
မှောင်မိုက်မှာငို
ကိုလူပျို ထရံပေါက်က
ခြေထောက်ကိုဆွဲ တွဲလွဲ
တွဲလဲရယ်နေပါဦး
မိုးတောင်ကချုန်း
မုန့်လုံး။
မုန့်လုံးကို စက္ကူကပ်လို့
ကြာကလပ်ပေါ်ဆွမ်းတော်တင်
( အစကိုပြန်ဆို . . . .. . . .)
ကဲ ညီရေ အကိုတို့ခေတ်က ပထမတန်းမှာ ဆိုခဲ့ရတဲ့ ကဗျာငယ်လေးပါ။ဒီကဗျာပုံစံမျိုးကို ညီလေ့လာဖူးရင် သိပ်ပြီးတော့မှ ချစ်စရာ
ကောင်းတဲ့ အတွေး အမြင် အသွေးတွေကို ညီခံစားမိမှာပါ။
အစ အဆုံး လုံးလည်လိုက်နေလို့ တော်ရုံ တန်ရုံရှင်းပြလို့ မရတော့ရင် ဂျာအေးသူ့အမေရိုက်နေပြီဆိုရင် ကလေး လူကြီး အကုန်
နားလည်ကြသကွ ညီရ။တခါတလေလည်း မုန့်လုံးတော့ စက္ကူကပ်ကုန်ပြီဆိုရင် နားလည်ပေသကွ ညီရ။
ကဲ ဒါဆို ဒီစာစပ် အောင်မြင်ပုံ ညီတွေ့ရပြီနော်။
ဘာကြောင့်လဲဆိုတော့ တစ်ချို့က ဒီကဗျာပုံစံမျိုးကို ရှေးက ကလေးငယ်တွေ နန်းတွင်းကစလို့ လေးပြင်လေးရပ် ကလေးငယ်တွေ
အထိ သိပ်နှစ်ခြိုက်ကြတဲ့ ပုံစံတွေလို့ပဲ သိထားကြလို့ပါပဲ ညီရေ။အရမ်းဆိုကြလေသပေါ့။တစ်ချို့ကလည်း ဒီကဗျာတစ်ခုပဲ ကြားဖူးတယ်
ဆိုပြီးပြောကြပြန်သေးသကွ။ အမှန်က အများကြီးပါ ငါ့ညီရာ။
ဒါဆိုရင်ကွာ ညီက အကို့ကို အကိုရေ တစ်ခြား ပုံစံလေးရှိသေးရင် ရွတ်ပြပါဦး ဆိုရင်ရော။
ရှိသမှ သိပ်ရှိပေါ့ညီရာ ။ အကို စုထားတာတွေအများကြီးထဲက တစ်ခုပဲ သရုပ်ပြမယ်နော်။ကဲ ဖတ်ကြည့်ပေါ့ညီရာ။
သပြေလဟူ
ကျွန်းဇမ္မူတွင်
ပြိုင်သူမရ
ငါ့ကြောင်မကို
ညကခိုးသွား
ပုတ်ထောင့်ကြားမှာ
ပုဏ္ဍားလူမိုက်
တုတ်နှင့်ရိုက်လေ
ကြောင်မသေ၍
သပြေလဟူ
ကျွန်းဇမ္မူတွင်
ပြိုင်သူမရ
ငါ့ကြောင်မကို
ညကခိုးသွား
ပုတ်ထောင့်ကြားမှာ
ပုဏ္ဍားလူမိုက်
တုတ်နှင့်ရိုက်လေ
ကြောင်မသေ၍
သပြေလဟူ
ကျွန်းဇမ္မူတွင်….
( အစမှပြန်ဆို )
ကဲ ညီရေ ဘယ်လောက်လှသလဲ ။ တစ်ချိန်တုံးက ကလေးငယ်တွေ ရပ်ထဲရွာထဲမှာ ပျော်ပျော်ရွှင်ရွှင် ရွတ်ရင်းဆော့ကစားတဲ့
ပုံလေးတွေတောင် မျက်စိထဲမြင်လာသလိုပဲနော်။
ညီ့အနေနဲ့ရော ။ခံစားမိရဲ့လားကွာ။အကိုကတော့ ခံစားမိသကွ။
ကဲ ဆက်ဦးမယ်ညီရေ။
အန်တီဒုံ တို့ ဒေါ်ကေဇီ တို့ အန်တီသဲ တို့ တစ်တွေက ဟိုတစ်လောက မြန်မာစာမှာ ချစ်စရာကောင်းတဲ့ ကဗျာတွေကို
နှစ်သက်ကြလို့ ရေးရတဲ့ အကိုလည်း ဝမ်းသာရသလို ဖတ်မိပြီး တစ်စိမ့်စိမ့်တွေးပြီးပြုံးရတဲ့ ကဗျာလေးတွေလည်းရှိသကွ။
ကဲ အကို သရုပ်ပြ အနေနဲ့ တစ်ချို့ရေးပြမယ်နော်။
ဖတ်ပြီးတော့မှ အကိုရေ နောက်ရှိသေးလားလို့မတောင်းနဲ့တော့။
ကဲ လေ့လာကြည့်လိုက်ကွာ။
တည့်စေတဲ့ တည့်စေ
အလွဲအချော် မဆောင့်ပါနဲ့
လမ်းဖြောင့်ပါစေ
လုပ်လေလေ
ချွေးတွေက ယိုစီး
အလွဲချော် မကျစေနဲ့
မင်း လွှသူကြီး။
ဘုရား ဘုရားညီရေ။နောက်ဆုံး စာကြောင်းလေးက ကယ်ပေလို့ပေါ့ကွာ။
အကိုဖြင့် ဖတ်ရင်းဖတ်ရင်း အင်း ရှေးတုန်းကလဲ ရိုးမန်းဘော့ တွေရေးသူများရှိနေလေရော့သလားတွေးမိသကွ။
ဒီကဗျာကတော့ အကို သိပ်ကြိုက်တဲ့ ဖိုးသူတော် ဦးမင်း လူဦးမင်းတို့လက်ရာပေပဲကွ။အောင်ရင်ငြိမ်း လက်ရာမဟုတ်ပေဘူးကွ။
မသိများ မသိရင် ဘာတွေပြောနေပါလိမ့် လို့တောင် တွေးချင်စရာကောင်းတဲ့ ကဗျာပေပဲကွ ညီလေးရ။
ဒီကဗျာ စာစပ်တာလေးက လှလိုက်တာ ညီရာ ။ အညှီဆန်တာမထင်နဲ့နော်။ ဒီပုံစံမျိုးပဲကွ။
အကို ငယ်ငယ်တုန်းက သိပ်ကြိုက်တဲ့ ဆရာသော်တာဆွေလည်း သူ့စာတွေမှာထည့်ထည့်ရေးတဲ့
ကဗျာလေးလည်း ရှိသေးသကွ။
ဟိုလေ အဆုံးအထိတော့ မဆိုခိုင်းနဲ့နော်။
ရွာထဲက အပျိုဂျီးတွေ အကို့ကို ဝိုင်းတွယ်ကြမှာစိုးလို့။သရုပ်ပြယုံလောက်ပဲနော်။
ကဲ ဖတ်ကြည့်ကွာညီရေ။
အပျိုစစ်တုံ
တင်ပါးဆုံ
နိမ့်တုန် မြင့်တုန်
ခုန်ရမည်
အပျိုမစစ်
ထိုကာတစ်
တင်ဆစ် ရမ်း၍ခါရမည်။
အဟဲ .. ညီရေ။
အကိုက ကဗျာချစ်လို့ကျက်ထားတာနော်။ဘာရယ်တော့ မဟုတ်ပါဘူး။
အဓိပါယ်လဲ မသိဘူးရယ်။ဘာဆိုတာ ရွာထဲက အပျိုဂျီးတွေသာ မေးကြည့်တော့ကွာ။
အကိုက ကဗျာချစ်လို့ ကျက်ထားတာကွ။
ပြောစရာလည်းရှိပါ့ကွာ။အကိုတို့ခေတ်က ဒီကနေ့ညီတို့ခေတ်လို မိန်းကလေးတင်ပါး ကို
( -ိုး )တို့ ( -င်) တို့ ( -ုံ ) တို့ မတင်စားဘူးကွ။
လေးပေါက်တော့ အန်ကယ်မိုက်တို့ အန်ကယ်ကြီးခတို့ မှီမယ်ထင်တာပဲ။
ကာတစ်ခေါ်တာကွ။
သွေးသောက် မဂ္ဂဇင်း ရှူမဝမဂ္ဂဇင်း အဟောင်းတွေမှာဆို ကာတွန်းမောင်စိန်တို့ ဆရာကျော်ဆန်းတို့ အဲဒီ့အခေါ်အဝေါ်
တွေကို ကာတွန်းသိပ်ရေးသပေါ့ညီရာ။
ရှာဖတ်ကြည့်ရင် ညီလေးတွေ့ပါလိမ့်ကွာ။
အဲ အဲ ကာတစ်ကိစ္စလေး ခဏထားဦးစို့ ညီရာ။
( ကာတစ်ကိစ္စကိုသိချင်ရင် အကို့ကို တိုးတိုးတိတ်ိတ်မေးကွ။ အကြောင်းစုံ အကို့ဆီမှာ အထောက်အထားရှိတယ်။ )
အဲ အဘဖောတို့လည်း သိနိုင်သေးသကွ။မေးကြည့် မေးကြည့် ငါ့ညီရ။
အကို Tips လေးပေးလိုက်မယ်။ဆေးဆိုင်က စတာကွ။ အဟေး…. ဟေး။
အခု ကဗျာမှာ ဆရာသော်တာဆွေ
ရေးထားပုံလေးက အကိုတို့ခေတ်က လူပျိုကြီးတွေ ကာလသားတွေအကြိုက်ပေါ့ညီ။
ကိုယ့်ချစ်ရသူကို ကြိုက်ခါစမှာ အဲဒီ့ စာချိုးနဲ့ တိုက်ကြည့်လေသပေါ့။
ရည်းစားရပြီး ရမ်းခါလာရင်တော့ …………….
( ဟယ် … ငါဘာတွေပြောနေမိပါလိမ့် ….. Credit To : ဘလက်ချော )
အဲ အဲ နောက်ဆက်ကြဦးစို့ ညီရေ။
ဒီနားတင် ဒီကိစ္စနဲ့ ကြာနေလို့ သိပ်ကောင်းတာမဟုတ်လို့ ညီရေ။
ပြောရရင်တော့ ဒီလိုမျိုး စာပြောင်လေးတွေက အပေါသားလားညီရာ။လေ့လာချင်သေးရင် အကိုထပ်ပြီးတော့မှ သရုပ်ပြ
ပေးဦးမှာကွ။ကဲ ဖတ်ကြည့်လိုက်ဦးနော်။
ရွာထဲက ဒေါ်ဒေါ် မမ ဘွားဘွားတွေလည်း ဖတ်မပြီးခင် မဆဲကြပါနဲ့လို့။ အဆုံးအထိဖတ်ကြည့်စေချင်ပါတယ်။
အကို ရွတ်ပြတဲ့ ကဗျာလေးကို နားထောင်လိုက်ဦးနော်။
တော်တော်လေးကို မှ ရေးတတ်တာညီရေ။
အကိုလည်း သူ့လိုရေးတတ်ချင်လိုက်တာကွာ။ကဲ ဖတ်ကြည့်ပေတော့ညီရာ။
ထုံးစံတဲ့ ထုံးစံ
အဝဝင်အောင် သိပ်ပါလို့
နှိပ်သည့်အခါ အကုန်ဖိ
ရင်းထိမှတန်။
အပေါက်က လန်လန်
အတန်က ဒစ်ကြီး
ထွက်တဲ့ရေ ကုန်ခါမှ
သူ့ ဟာကို အသာချွတ်တယ်
ပြွတ်တဲ့ .. အဟီး။
ကဲ ညီရေ ။လှလိုက်တာလို့တော့ မပြောတော့ဘူးနော်။ အဟီး ။ ကောင်းလိုက်တာလို့ပဲပြောတော့မယ်။
ဒီကဗျာကို အချို့က ဘယ်သူရေးမှန်းမသိကြဘူးကွ။အကိုကတော့ ရှာရှာဖွေဖွေ လေ့လာထားတာမို့ သိသကွ။
မန္တလေးမြို့ စာတော်ပြင်ဆရာကြီး ဦးဖာကြီးရဲ့သား ဦးဟန်ကရေးတယ်လို့ ဆိုသကွ။အထောက်အထားလည်းရှိပါ့ ညီရာ။
မင်းတုန်းမင်းလက်ထပ်တော်လို့လည်း ပြောကြတာပဲ။
ကဲ မသိရင်တော့ ဘာလည်းပေါ့ ညီရေ။ဒါပေမယ့် စာပြောင် စာစပ် လှပုံက အကို့အနေနဲ့ အရမ်းနှစ်ချိုက်မိတဲ့ ကဗျာပေါ့ကွာ။
သင်္ကြန်မှာ ရေပြွတ်နဲ့ ရေပတ်ကြတာကို ရယ်ရွှင်ဖွယ်ဖြစ်အောင် ရေးဖွဲကြတာကွ ညီရ။
လေးပြင် လေးရပ်က စာဆိုပညာရှိတွေကအစ အကုန်လုံးကြိုက်ကြသတဲ့ညီရ။ ဘယ်လောက်ကောင်းသလဲကွ။
ကဲ အကို ရေ ဒါက တစ်ခုခုနဲ့ ပမာနှိုင်းပြီးရေးတာဆိုရင် နောက်တစ်မျိုးမျိုးနဲ့ ပမာနှိုင်းတာရှိသေးလားဆိုရင်
အဟဲ ဘလက်ချော အစား အကို ပြောပေးရပေဦးမှာ ပေါ့ကွာ။
အကို သိပ်သဘောကျတဲ့ ကဗျာပေပဲကွ။ ကဲ ကဲ ဖတ်ကြည့်ပေတော့ညီရေ။
နှစ်ပေါင်ကြားမှာလှဲ
အလုံးကိုငြိမ်ငြိမ်ထားပါလို့
အဖျားအတန်တုတ်ပါတဲ့
ကိုယ့်ဥစ္စာကြီးနဲ့ တည့်တည့်ချိန်
ခါးလေးကိုလိမ်
ဖင်ပိ်န်ကိုလှည့်ပေး
ဆောင့်လဲမဆော်နဲ့
ပင့်လဲမကော်နဲ့
အဖုတ်ပေါ်အသာရှပ်လို့
ရိုက်တတ်မှပြေး
မသိရင်တော့ အကိုရေ ဘာတွေလည်းဗျာ။ အကိုမို့ ရှာရှာဖွေဖွေ ရွတ်တတ်ပါ့ဗျာ လို့ ညီပြောမှာ မြင်ယောင်မိပါသေးရဲ့ကွာ။
အမှန်ကတော့ တကယ့် စာကောင်းပေကောင်း သမိုင်းတွင် စာတွေရေးသွားခဲ့တဲ့ ဆရာကြီး အကို တို့ အရမ်းလေးစားရတဲ့ တောင်ကြီး
ကောလိပ်ကျောင်းအုပ်ဟောင်း ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့ မျက်ရည်လောကများ၏ဟိုမှာဘက် စာအုပ်ထဲမှာ ပါတဲ့
ဂေါက်သီးရိုုက်တာကို သရုပ်ပြတဲ့ ကဗျာတဲ့ကွ ညီရ။
ဂေါက်ရိုက်မယ်ဆိုရင် ဂေါက်တံကိုထားပုံ
ဂေါက်သီးကို ချိန်ပုံ
နောက်ဖင်လေးကိုလှည့်ပြီး ရိုက်ပုံကို ရေးထားတာကွ ညီလေးရ။
အကိုတို့ခေတ် တောင်ကြီးကောလိပ်ကျောင်းနားမှာ ဂေါက်ကွင်းရှိတော့ ဆရာကြီးက အဲဒီ့ ဂေါက်ကွင်းမှာ သွားကစားရင်းနဲ့
လက်ဆင့်ကမ်းယူလာပုံပေါ်သကွ ညီလေးရ။
ရေးသူကလည်း အကို့အထင် ဆရာကြီးကို်ယ်တိုင်တောင်ဖြစ်နိုင်သကွ။ဆရာကြီးကတော့ သူကိုယ်တိုင်မဟုတ်ဘူးတဲ့
ဗိုလ်မှူးကြီးတစ်ယောက်ရေးတာကို ပြန်ပြင်ယု့လို့ပဲ ပြောသကွ။ထားပါကွာ။ဒါကတော့ အကို့အထင်ပါ။ဆရာကြီးကတော့ ပြုံးပြီး
ငြင်းထားပေမယ့် သူ့လက်ရာမကင်းဘူးလို့တော့ ဝန်ခံထားပါလေရဲ့ကွာ။
PS : ရွာထဲက နန်းတော်ရာသူရဲ့ ကလေးသာလိကာလေးတွေ မဖတ်တတ်တာ အင်တာနက်မသုံးတတ်သေးတာပဲ ကျေးဇူးတင်
ရမှာကွ။နို့မဟုတ်ရင် ဘဘကြီးရွှေညာသားတင်တဲ့ ကဗျာတွေ သားတို့ရွတ်ရင်း အမေနဲ့ သားတွေနဲ့သတ်ကုန်ရင် ဒုက္ခ။
အြိန္ဒိယပစ္စယောတောင် အတွေးအခေါ်ကောင်းတာ ။ ဒေါ်နန်းတော်ရာသူခင်ဗျား ကလေးတွေကို မဖတ်ပြပါနဲ့လို့။
သာဓုပါတော်ရေ။
တကယ်မယုံရင် ညီရှာသာဖတ်ပေတော့ကွာ။
ဆိုလိုချင်တာက ကဗျာ ၊ စာ အားလုံးမှာ ချစ်စရာအရောင်အသွေးတွေ ရှိကြပြီးသားပါ။
လူတွေက လေ့လာကြရာမှာ စုံအောင်မလေ့လာပဲနဲ့ မြန်မာစာပေကို ဋ္ဌာန်ကုန်အောင်မသိပဲနဲ့
ဘိုင်ရွန်ကမှကောင်းတာ
ရှိတ်စပီးယားကဘယ်လို
ရှယ်လီက ဘယ်သို့
ပြောနေကြတာပါကွာ။
အကိုတို့ ဆရာပေါက်စဘဝတုန်းက ရန်ကုန်တက္ကသိုလ်မှာ မြန်မာစာတွေဖတ်ရတာ သိပ် Poor ပူးဝါးလ် ဖြစ်တာပဲ ဆိုတဲ့
ဆရာမတစ်ယောက် သူ့ ဘဲဆရာတစ်ယောက်နဲ့ အကိုတို့တစ်တွေ အသေအလဲသတ်ကြဘူးသပေါ့။ ဋ္ဌာနထဲမှနော်။
တကယ်တော့ အကိုမှ မဟုတ်ပါဘူး။
တော်တော်များများက သူတို့ကို ကြည့်မရတာ ပြိုင်မပြောချင်လို့ ပစ်ထားတာ အကိုတို့က နားကြားပြင်းကပ်တာနဲ့
ဆော်ကြတော့ ပြသနာတွေကြီးကုန်တာပဲကွ။
အမှန်ကတော့ မြန်မာစာမှာ ဦးပုညဆို ရေသည်ပြဇာတ်လောက်လက်ညိုးထိုးပြနေတဲ့သူက ဘိုင်ရွန်တို့ အန်မလီဘရွန်တီတို့
ပြောနေရင် အကိုက သိပ်စောက်မြင်ကတ်တာကွ ညီရ။
ဒါပေမယ့်နော် ညီ။
ရှိတ်စပီးယားတေးလ် တွေသင်ရတုန်းက The Tempest ပုံဝတ္တုထဲက Ariel ဇာတ်ကောင်က သူ့သခင်နဲ့ခွဲခွာရကာနီး
လေပြေလေညှင်းလေးတွေနော့နေချိန် ရှိတ်စပီးယားကြီး စပ်ထားတဲ့ ညှင်းနော့လေသွေး ပုံလေးကိုတော့ အကိုချစ်လွန်…လွန်းလို့
အော် … ဘဝဆိုတာဒါပဲလို့တောင် ဖတ်နေရင်းနဲ့ တင်စားမိခဲ့သေးသကွ။
ဆိုလိုတာ အကို ရှိပ်စပီးယားကြီးကိုလည်း မမုန်းပါဘူးလို့ ဆိုချင်တာပါကွာ။အရေးကောင်းတဲ့စာမှန်သမျှလည်းချစ်ပါရဲ့ကွာ။
ကြားဖူးတာကတော့ညီရာ အဲဒီံအတွေးလေးတွေကို မြန်မာ့စာဆိုကဝိ သီချင်းရေးဆရာ မြို့မငြိမ်းကတောင် ယူရေးဖူးတယ် တွေးဖူးတယ်
လို့တောင် ကြားဖူးသကွ။
ကဲ ဒါတွေထားပါတော့ညီရာ။နောက်များမှပေါ့။
အကိုဆက်ရှင်းရင်းများ နေဖြစ်ခဲ့ဦးမယ်ဆိုရင် ကမာ္ဘကျော် တဲ့ စာကောင်း – ပေမွန်တွေကို ဆက်ဆွေးနွေးကြသေးတာပေါ့။
အခုကတော့ မြန်မာစာ ကိုပဲ အာရုံပြုကြသေးတာပေါ့ညီ။
ဆိုလိုချင်တာက အကိုက အင်္ဂလိပ်စာကောင်းတွေချစ်သလို မြန်မာစာကို အသွေးအသားထဲကနေကိုချစ်တာပါညီရာ။
အဲ အကိုတို့ရွာထဲက ဘလက်ကြီးလိုပေါ့။
ကဗျာချစ် စာချစ် တဲ့ ဘလက်ကြီးကို သူ့ပိုစ်တွေတတ်မလာရင် အကိုက သိပ်စိတ်ဆိုးသကွ။
ညီကြုံရင်ပြောလိုက်ပါဦး။
ကဲ ပြီးခဲ့တဲ့ အပိုင်း(၂)မှာ ကချင်နုထွားကြီး မောင်မောင်စောရိုးက
မင်းနန်ပျို့ကို ဝင်ပြီးရေးသွားတယ်။ကဲ ဒီတော့ ပျို့ကဗျာဘက်ကို မလှည့်ခင် အကိုတို့ တို့စရာလေးတစ်ခုလောက်
တို့ထိကြည့်ကြရအောင်လား။
ပျို့ကဗျာကို တို့စရာ( အစားလို ညွှန်းတာမဟုတ်ဘူနော်။တော်တော်ကြာရွာထဲက အစားသရဲမ ဒေါ်ကေစိက ချက်နည်းပြုတ်နည်း
ထဲ ထည့်နေမှာစိုးလို့ )
ကုမ္မာရီ နုဖပ်တဲ့ တစ်ခုလပ်သာအင်
ရှုမှတ်ဖို့စာတင်မယ်
ရာဇဝင်ထင်ရှား။
ရွှေပေါက်သော် လင်းယင်ရွာမှာ
ရှစ်လင်ကွာ မိန်းမတစ်ပါး ။
တစ်ရာ့ဖျား အမြွတ်သာတယ်
အထက်ပါလင်သား။
ရှက်စရာအင်အားဖြင့်
ငါးနှစ်သားပြူပြူ
စာရာမူ တမ်းတနွမ်းတာမို့
မြန်းကြွလှမ်း သားမိအတူ
ပန်းရနန်း ဒီဇမ္မူမှာ
သီဟသူ ထွက်ဆဲနှင့်
လက်ကနဲ မြင်တဲ့ရင်
တိမ်းမက်လို့ပင်
တစ်ခုလပ် ရွှေနန်းတင်သည်
ရေဖျန်းပင် ခံဘူးရဲ့လေး။
ကဲ အကိုလည်း ဘယ်လိုဖြစ်တယ်မသိပါဘူး ငါ့ညီရာ။
ဘလက်ကြီး စာတွေအကြိုက်လွန်ပြီး ဒီ တဏှာပေမကြောထဲကကို
မတတ်နို်င်တော့တာ လေလားမသိပါဘူ ညီရာ။
အဟဲ စတာပါညီရာ။
ကဲ ဒါ့ထက် ဒါက တေးထပ်မဟုတ်ဘူးနော်။
ပျို့ ကဗျာ အုပ်စုဝင်ကွ။
လယ်စားမင်းရေးတဲ့ တစ်ခုလပ်ပျို့ က အပိုဒ်တစ်ပိုဒ်ကွ။
ကဲ ညီရာ စဉ်းစားကြည့်စမ်းပါဦး။အကိုတို့ အနေနဲ့ မြန်မာစာမှာ တစ်ခုလပ်ဖွဲ့ အလွမ်းဖွဲ့ တောဖွဲ့ တောင်ဖွဲ့တွေမှာ
စလေဦးပုညသာလျှင်မဟုတ်ပါဘူး။
အခြားအခြားသော ပညာရှင်စာဆိုကဝိ တွေလည်း ရှိနေသေးတယ်ဆိုတာကို အကိုက သရုပ်ပြတာပါကွာ။
ဖတ်ကြည့်ရင် ချစ်စရာကောင်းတဲ့ စာအလှ ကဗျာအလှတွေကိုလည်း တွေ့မြင်လာရမှာ။
ညီတွေးကြည့်နော်။ ရှေးတုန်းကများ တစ်ခုလပ်ကို အပျိုထက်မက်ကြလို့
တစ်ခုလပ် စကုဗျက်
လို့တောင် စာဖွဲ့သကွ။
စာဆိုကဝိဦးပုညတို့ကတော့ အအိုသာဆိုရ အပျိုကရှူံးပြန် တို့ ဘာတို့ သိပ်ဖွဲ့သကွ ညီရေ။
အခုလယ်စားမင်းရေးတဲ့အထဲမှလည်း
ရှစ်လင်ကွာ မိန်းမတစ်ပါး ဆိုတာ သေသေချာချာပါတယ်နော်ညီ ရှာသာဖတ်ကြည့်ကွာ။
သူကချစ်သူကို တစ်ခုလပ်ရွှေနန်းတင်သည် ရေဖျန်းပင်ခံဖူးရဲ့လေးဆိုပြီး နှိုင်းယှဉ်ထားတာရှိပါ့ကွာ။
အချုပ်တန်းဆရာဖေရေးတာလေးလည်းရှိသကွ။တစ်ခုလပ်ဖွဲပေါ့ နောက်တစ်ခေါက်မှ ထည့်ရေးမယ်ညီရေ။
ကဲ ညီရေ။ အကိုက ပြောချင်တာ ဘာပဲဖြစ်ဖြစ် မြန်မာစာမှာ လှအောင်ရေးကြတော့ ကောင်းတာပေါ့ညီ။
အလွမ်းအမောသရုပ်ဖော်တွေလည်းရှိပါ့ကွာ။ပြောရရင်တော့ …..
မောင်ထင်ရဲ့ ငဘ ဝတ္တုကို ညီဖတ်ဖူးမှာပါ။ဆင်းရဲတွင်းနက်ပုံ သရုပ်ဖော်တာများ မျက်ရည်တောင်လည်ရတယ်။
ကဲ ကဲ ထားပါညီရာ။နောက်များမှပေါ့။ခံစားမူ့ တွေနောက်များမှ ဆက်ရှင်းကြတာပေါ့။
ကဲ ပြောရင်းနဲ့ စကားထဲမှာ တောဖွဲ့တို့ တောင်ဖွဲ့တို့ ပြောရပြန်တော့ အကိုတို့ သမိုင်းစဉ်တစ်လျှောက်မှာ အလွန်ထူးချွန်တဲ့
တောဖွဲ့ တောင်ဖွဲ့ရေးတဲ့ ရှင်ဥတ္တမကျော်ဆိုတဲ့ စာဆိုရှင်ကြီးကို သတိရပြန်သေးသကွ။
ညီရာ ပေလေးပင် ရှင်လေးပါးခေါ်တဲ့ ခေတ်မှာ ပေါ်ထွန်းတဲ့အထဲ နောက်ဆုံးခေတ်မှာ ပေါ်ထွန်းပြီး အထူးချွန်ဆုံးကျော်ကြားခဲ့လေသူ
စာဆိုရှင်ကြီးပေါ့ညီရာ။
ကဲ အကိုကတော့ အားလုံးသိကြပြီးတဲ့ ခုံတော်မောင်ကျဘမ်းနဲ့ဖြစ်တဲ့ အမှု့အခင်းကို သရုပ်လှန်မပြတော့ပါဘူး။
ဒါပမယ့်နော် ညီသေချာဖတ်ကြည့်ရင် ရှင်ဥတ္တမကျော်က လူရွတ်ကြီးကွ။ကန်တော့ပါတယ်ကွာ။ကြည်လည်းကြည်ညိုပါတယ်။
မလေးစားတာမဟုတ်ဘူး ညီရ။သဘောကျလွန်းလို့။
ခုံတော်မောင်ကျဘမ်းနဲ့ ဖြစ်တဲ့အမှု့မှာ ပြန်လေ့လာကြည့်ရင်
ဒီထီးနန်းစိုက်ရာ ရွှေပြည်တော်မှာ ဆွမ်းတစ်အုပ်ကတော့ ဘယ်သူ့မဆို ပါးရိုက်ကပ်ခိုင်းလို့ရပါတယ်။ ပြောတဲ့မောင်ကျဘမ်း
ဇနီးဆီကို မေးမြန်းသွားပြီးတော့မှ
ပါးရိုက်တဲ့ပြီး
ဟဲ့ ဒကာမ ငါ့အတွက် ဆွမ်းတစ်အုပ်ချက် ကပ်စမ်းကွဲ့ ပြောတာ တော်ရုံတန်ရုံ ရွတ်တာမဟုတ်ဘူးနော်ညီ။
နောက် ရှိသေးတယ်။
မကျက်သေးဘူးလား။
နင့် လင်ကို မြန်မြန်ချက် ပြီးရင် ကပ်ပါတော့လား လို့ ခုံတော်မောင်ကျဘမ်း ပြောတာကို
ဆွမ်းစားပြီးတော့ မောင်ကျဘမ်းဇနီးကို ဆွဲပြီး ဒကာမကြီးခင်ပွန်းက ပေးပြီးဖြစ်သဖြင့် ဆိုဝံ့တာ တော်ရုံ သတ္တိမဟုတ်ဘူးနော်ညီ။
ကဲ အကိုပြောချင်တာက အရှေ့က အကိုရေးပြခဲ့တဲ့ စာပြောင်ကဗျာတွေလိုပဲ ရှင်ဥတ္တမကျော် အင်းဝရွှေပြည်ရောက်စဉ်
ရှင်မဟာရဋ္ဌသာရ ရှင်မဟာသီလဝံသ တို့က စာနုစာယဉ်နဲ့ ရွှေနန်းတော်ကို သိမ်းပိုက်ထားတော့
စာဆိုတော် စာတတ်အကျော် ရှင်ဥတ္တမကျော်ကြီးက ဒီကဗျာနဲ့ အကုန်မလှန်ဝံ့အောင်လှောင်သကွ။
ကဲ ဖတ်ရဲတဲ့ သတ္တိရှိမှ ဖတ်နော်။ပြီးမှ အကိုကတော့ လုပ်လိုက်ပြန်ပြဗျာလို့ မငြီးလေနဲ့။
လပြွတ် ၊ လဖြဲ ၊ လဖြုန်း
လချောင်း ၊ လအု ၊ လဆန်း ၊
လထစ် ၊ လမွေး နှင့်
မိန်းမ ဟိုဟာကို ရှိခိုးပါ၏။
ဟဲ ဟဲ ဒါက အတိုချုပ်ထားတာပါ ညီရာ။ မလန့်ပါနဲ့ဦး။ ဆက်လေ့လာမယ်ဆိုရင် ဒီလိုတွေ့မြင်ရမှာ ။ဆရာကြီး ဒဂုန်ဦးစန်းငွေ ရေးတဲ့ စာမှာ
ဒီစာတွေကို ရှင်းပြပေးပြီးသားပါ။
ဆရာကြီး ဒဂုန်ဦးစန်းငွေဆိုတာ (၁၂)ရာသီဖွဲတွေကို ဆိုရှယ်လစ်ခေတ်မှာ ကျောင်းသုံးပြဋ္ဌာန်းချက်တောင် ထုတ်ရလောက်
အောင် သုတေသနပြုထုတ်ခဲ့တဲ့သူကွ။
အကို သိပ်ကြိုက်တဲ့ ဆရာကြီးကွ။အခုခေတ် သူစာတွေကို ပြန်ထုတ်တာ လုံးဝနီးပါးမတွေ့ရတော့သလိုပဲ ညီရာ
အဲဒါတစ်ခုတော့ ဝမ်းနည်းသကွ ညီလေးရ။
လေ့လာကြည့်မယ်ဆိုရင် ညီရာ ..
အကိုလိုပဲနေမှာပေါ့ မြန်မာစာချစ်တဲ့ Nay Away ဆိုတဲ့ ပညာရှင်ကလည်း ဒီလိုညွှန်းထားတာတွေ့လိုက်ရသကွ။အဲဒါကြောင့်
သူ့အရေးအသားလေးကို လေးလေးစားစားလေးကူးတင်လိုက်ရသကွ။အနှစ်ချုပ်ကသူရေးတာကွ။
စဉ်းစားကြည့်မယ်ဆိုရင် ရှင်ဥတ္တမကျော်က တောလားရေးရာမှာသာမဟုတ်ဘူးကွ အင်းဝရွှေပြည်ရောက်ကာစမှာ
အနုအရွ (လ) စကားလုံးတွေကို တအားသုံးနေတဲ့ ရှင်မဟာသီလဝံသ ရှင်မဟာရဋ္ဌသာရတို့ကိုလှောင်ချင်လို့
သီးမျိုးခိုင်ညှာ ( ပြွတ်လတည်း )
ဘီလူးသွားကို ( ဖြဲလတည်း)
တောကြက်တောင်ပံ ( ဖြုန်းလတည်း )
မုဆိုးချုံက ( ချောင်းလတည်း )
မိုးမှာရွှေကြယ် ( ဥလတည်း )
ရွှေဖောင်မြစ်ညာ ( ဆန်လတည်း )
တရား ဓါးသို့ ( ထစ်လတည်း )
ပြုစုပျိုးထောင် (မွေးလတည်း )
မြဲစွာဖြစ်လိမ့် ( မှန်းလတည်း )
လှအောင်လို့ ဆိုပြီး ပြန်ညွှန်းရေးထားတာက Nay Away ဆိုတဲ့ မြန်မာစာချစ်သူတစ်ယောက်ကွ။
ကဲ Nay Away ဆိုသူရေးထားတာကောင်းလွန်လို့ ဒီအတိုင်းပဲ ပြန်ညွှန်းလိုက်ပါတယ်။ လေ့လာကြည့်မယ်ဆိုရင် ရှင်ဥတ္တမကျော်က
လည်း သူ့ခေတ်သူ့အခါမှာ ကလော်တတ် ခတ်တဲ့ စာဆိုကဝိကြီးပေကိုးကွ။
ဆရာကြီး ဒဂုန်ဦးစန်းငွေရဲ့ စာတွေမှာ မကြာခဏတွေ့ရတတ်သကွ။
ရှင်ဥတ္တကျော် ဘယ်လောက်တောင်ရွတ်သလဲဆိုရင် (၃)ခါတိတိ ရွတ်ခဲ့ လှောင်ခဲ့ သတဲ့ ။အဲဒီ့အထဲကမှ အကျော်ကြားဆုံး
လှောင်ချက် ရွတ်ချက်ကတော့
ငယ်စဉ်ရှင်သူငယ်ဘဝက ဘုရားကန်တော့ရင်
က္ကတ္ထိ ဗီဇ အဟံဝန္ဒာမိ
ဆိုပြီးတော့မှ ရွဲ့ပြီး ကန့်တော့သတဲ့ကွ ညီရ။
အဓိပါယ်ကတော့ ညီရာ မိန်းမ ဗီဇကန်တော့ပါ၏လို့ဆိုချင်ဟန်တူပါရဲ့။ဒါ့ကြောင့်လည်း Nay Way ကပြန်ရေးရာမှာ
မိန်းမအစိရှိခိုးပါ၏
ဖြစ်သွားတာပေါ့ညီ။
ဒီနေရာမှာ နောက်တော့ ဆရာဘုန်းကြီးသိလို့ တုတ်မိုးပြီးမေးရာမှာ
ဘုရားလောင်းတော်ကို မွေးဖွားတော်မူရာ မယ်တော်မာယာရဲ့ ဗီဇမျိုးစေ့ကို မှန်းပြီးကန်တော့တာပါဆိုပြီး
အဋ္ဌကထာ ဋီကာတွေနဲ့လွတ်အောင် ဖြေရှင်းတော့မှ ဆရာတော်ကြီးကိုယ်တိုင်က
အိမ်း ငါ့တပည့် မောင်ဥတ္တမ ကျော်ပေစွ
လို့ဖြစ်လာသတဲ့ညီရ။ဒီအခြေအနေဖြစ်တော့ ဆရာတော်လောင်းလျာဟာ (၁၅)နှစ်သားသာရှိသေးသတဲ့ကွ ညီရ။
အဲဒီ့မှာတင် ကျော်ဘွဲ့ကိုထပ်တိုးခံရတာပဲညီရ။
ကဲ စဉ်းစားသာကြည့်ပေတော့။
ကဲ အကို ညီ့ကို ရှင်ဥတ္တမကျော်ကို ကြိုက်ပါ အတင်းတွန်းမပြောတော့ဘူးနော်။
ခေတ်ပြိုင် စာဆိုအရှင်တွေဖြစ်တဲ့ ရှင်မဟာရဋ္ဌသာရတွေ ရှင်မဟာသီလဝံသတွေကိုလည်း လေ့လာဖို့ညွှန်းဦးမှာပါ။
ကဲ အကို့အနေနဲ့ အချိန်ကလည်း အများကြီးမရတော့ ညီရာ အောက်မှာရေးပြထားတဲ့ ရှင်မဟာရဋ္ဌသာရရဲ့
ပိုဒ်စုံရတုလေးတစ်ပိုဒ်ကို ရေးပြထားတယ် ညီရေ။
ဖတ်ကြည့်ပြီးမှ ရှင်းပြပါ့မယ် အရင် ဖတ်လိုက်ဦး ညီလေးရေ။
အနုတွင် ရှင်သာရ ဆိုသကိုးညီရ။ဘလက်ကြီး အကြိုက်ပေါ့ညီရာ။( အဟဲစတာနော်။)
ကဲ ကဲ ဖတ်ပါဦးကွာ။
ဘလက်ကြီးရေ အခြေအတင် Comments တွေနဲ့ ရေးထားသမျှလေးတွေ ပြောကြရအောင်ပါလို့။
အကို့အနေနဲ့ ညီရေ ဒီတစ်ပါတ်အပိုင်း(၃) မှာ ရှင်မဟာရဋ္ဌသာရရဲ့ ဝဏ္ဏပဘာ လေးတစ်ပိုဒ်နဲ့ အဆုံးသတ်ချင်သကွ။လှချက်ကတော့ ရွာထဲကအပျိုကြီး လူပျိုကြီးတွေ ရင်ဆို့သွားလောက်တဲ့ အရေးအသားကွ။ကဲ ညီဖတ်ကြည့်လိုက်ပါဦး။အကိုက နှမ်းဝင်ဖြူးတာနော်။တစ်ချို့က ပျို့ ကဗျာဆိုရင် ကျော်ကျော်သွားကြလွန်းလို့ အကိုက ဝင်ရေးပေးတာပါ ညီ။
ဟဲ့ မိကေ ပျို့ကဗျာဆိုတာ ကြော်စားစရာမဟုတ်ဖူးနော်။ နင့်ပဲ သတိပေးနေရတာတော်ရေ။ကဲ ကဲ ဖတ်ကြည့်ပါဦး။
ဒေဝစ္ဆရာ
ပြင်လျာ တင့်ဆင်းရောင်
လှကြက်တောင်နှင့်
လှခေါင်းပြစ်မျိုးလွတ်
ဆယ်နှစ်ပတ်လျင်
ရစ်ပတ်ချည်နှောင်စီး
ရွှေထဘီနှင့် အာနိ သိန်းတန်မျိုး။
ရွှေခါးကြိုးလည်းခံ မျိုးနေ့တိုင်းပင်
အမြဲဆင်၍ ကျွန်းတွင်ဇမ္ဗူလုံး
ပြိုင်တိုင်းရှုံးသည်
ပြစ်လုံးကင်းဝေးစွာ
မိုးသူဇာကို
ဆည်းဆာညရီတွင်
ကျွန်ုပ်မြင်သည်
ရွှေရင် ဖုံးတုံ့ မဖုံ့တုံ့။ ။
ကဲ လှလိုက်တာညီရယ်။ ဘယ့်နှယ့် ဘယ်သို့ ပြောရမယ်လို့ကို အကိုတို့ ဆရာတစ်ယောက်ကပြောခဲ့ဖူးလေသကွ ညီရ။အကိုလည်းတော်တော်ကြိုက်သကွ။
ဘလက်ကြီးတို့ မောင်မာဃတို့လည်း ရွှေရင်ဖုံးတုံ့ – မဖုံးတုံ့ ကိုကြိုက်ကြသူတွေ
ဆိုတော့ကာ ကြိုက်ကြမှာပါ။
နဲနဲတော့ ပါသပေါ့လေ။
ကဲ ခေတ်ကလည်း ခေတ်ပြိုင် ဖြစ်တဲ့ စာဆိုတော်ကြီးတွေရေးလည်း ရေးတတ်ပါပေ့ ညီရေ။
အကိုက ဝင်ပြီး ဘယ်ကဘယ်လို ညွှန်းဆိုစရာတောင်မရှိတော့ပါဘူး။တကယ်တမ်းတော့ညီရေ ရွာသူရွာသားတွေထဲမှာ မြန်မာစာ
ကိုချစ်တဲ့ ရွာသူ/ရွာသားတွေအများကြီးပါ ညီ။ မကြုံလို့မပြောကြတာပါကွာ။
အကိုက ညီ့နာမည်လေးတပ်ပြီးပြောတော့ ဟော ပြီးခဲ့တဲ့အခေါက်မှာ မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ရေးကြပြောကြနဲ့ ပျော်စရာလည်း
ကောင်းပါ့ကွာ။
ကဲ ဒီတော့ ဒီတစ်ပတ်တော့ အကိုအချိန်လည်းမရတော့တာမို့ ဒီလောက်နဲ့ပဲရပ်ကြဦးစို့ ညီလေးရေ။နောက်တစ်ပတ်မှ ဆက်ပြီးဆွေးနွေးကြသေးတာပေါ့ညီ ။ရှင်မဟာရဋ္ဌသာရ ရှင်မဟာသီလဝံသတွေကို ဆုံးအောင်ဖတ်ကြည့်ပေါ့ညီ။တကယ်က မြန်မာစာရဲ့အလှတရားကိုသေသေချာချာလေ့လာကြည့်ရင်းနဲ့ စာချစ်စိတ် ကဗျာချစ်စိတ်တွေ ထပ်ထပ်ပြီးတိုးလာမှာ အသေအချာပေါ့ ညီရေ။
ခက်တာက ဘလက်ကြီးတို့ မိတိုက်တို့ မိကေဇိတို့ လေးပေါက်တို့က အပျိုစစ်တုံ တင်ပါးဆုံ နိမ့်တုန်မြင့်တုန်ခုန်ရမည်ဆိုတာလောက်
သာကျက်နေကြတော့ အကိုလည်း ဆက်မပြောချင်တော့ဘူးညီရေ။
ဒီတော့ ညီရေ အကိုပြောချင်တာက ဝင်ပြီးဆွေးနွေးပါ။ပြောပါ။နောက်ပြီး လိုချင်တဲ့ ကဗျာလေးတွေ စာလေးတွေကို
အကို့ဆီကတောင်းပါကွာလို့ပဲ ပြောချင်ပါတယ်။နောက်တစပတ်မှာတော့ အကို့အနေနဲ့ သတိထားရမယ့် စာစု ကဗျာစုတွေ
အတွက်ကြိုတင်ပြီးတော့မှ အတတ်နိုင်ဆုံးရေးနေပါတယ်လို့ပဲ ပြောချင်တယ်ညီရေ။
အကို့ ကို တစ်ချို့က ညီလေးအလင်းဆက်ကို
သင်ပေးနေသလိုပဲလို့ပြောကြတာ။မဟုတ်ပါဘူးညီ ။ညီ့ရဲ့ ကဗျာချစ်စိတ်က အကို့ထက်မပိုတောင် မလျှော့ပါဘူး။
ညီနဲ့ အကိုက ဆွေးနွေးဖက်တွေပါကွာ။ ဒီလိုပဲ သဘောထားပါတယ်။အားလုံးသော ရွာသူ/ရွာသားတွေအနေနဲ့လည်း အကို့ကို
ဝင်ရောက်ဆွးနွေးပြီး နန်းမတော်မယ်ပုချ်လို ကဗျာတောင်းရင်လည်း တတ်နိုင်သလောက်ပြန်ရေးပေးမှာပါ။သို့သော် နိုင်ငံရေးကို
တော့ ဘယ်ဖက်ကနေမှာ ဆွေးနွေးမှာ မဟုတ်ဘူဆိုတာ အကိုပြောထားပါတယ်ညီရာ။တန်ဖိုးရှိတဲ့အချိန်တွေ တန်ဖိုးမဲ့တဲ့ စကားတွေ
ကြောင့် ပျောက်ပျက်ကုန်မှာစိုးသကွ ညီရ။
အကို့အနေနဲ့ ကြုံတုန်းပြောရရင် ခွဲရေး – တွဲရေးကို သိပံ္ပမောင်ဝရေးတဲ့ ခေတ်စမ်းစာပေမှာ ရှာဖတ်ကြည့်ရင်
တွဲရေးပြောသော ဘုန်းကြီးကို ကျောင်းဒကာက မောင်းချ၍ ဗလီကျောင်းသွားထိုင်ချေဆို၏
ခွဲရေးပြောသော ကျောင်းဒကာကို ဆရာဘုန်းကြီးက ကျောင်းထဲအဝင်မခံ ဆိုသော စာပိုဒ်ကို ( မှတ်မိသလောက်ပြန်ရေးတာနော်)
အကို သိပ်သဘောကျတာ ညီရ။ အကို အဲဒီ့လိုမဖြစ်ချင်ဘူး ညီ။
မြန်မာစာချစ်သူတွေမှာ လည်း နိုင်ငံရေးရှိသင့်ပေမယ့် အကိုကြိုက်တာ မကြိုက်တာက ကဗျာတွေစာတွေနဲ့မဆိုင်ဘူနော်ညီ။
ဒါကြောင့် နိုင်ငံရေးအသွေးအရောင်မပါတဲ့ စာကောင်းပေမွန်သန့်သန်ကလေးတွေကို ဆက်ဆွေးနွေးကြဦးစို့ ညီရေ။
နိုင်ငံရေး Comments တွေရေးတော့မယ်ဆိုရင် အော် ငါ့အကို့ခမျာ ဖွေးဖွေးတို့ ခင်ဝင့်ဝါတို့ နန်းခင်ဇေယျာတို့ ဝတ်မှုန်ရွှေရည်
နဲ့ ရွှေမှုန်ရတီတို့ ဝိုင်းချစ်ကြရင်တောင် သူ့ခမျာ ငြင်းရှာသေးတာပဲ ။သူမှ ပြန်မချစ်နိုင်တာပဲ ဆိုတာလေးပဲ တွေးပါ ညီရေ။
အားတော့နာပါတယ် ညီရာ။အကိုမှ ပြန်မချစ်နိုင်တာကိုးနော့။ အဟေး ဟေး။
( Credit To : ပျက်စီးနေတဲ့ ဘလက်ကြီး လေသံဖြင့်ဖတ်ပါရန် )
ကဲ ညီရေ တတ်နိုင်ရင် ပျော်ပျော်ပါးပါး စကားဝိုင်းစကြတာပေါ့ညီ။အားလုံး ဒီတစ်ပတ်မှာ ဒီလောက်နဲ့ကျေနပ်နိုင်ကြပါစေကွာ။
ရွာသူ/ရွာသားတွေအားလုံး ကျန်းမာချမ်းသာပါစေလို့
ရွှေညာသား (အထက်အညာမြေ )
57 comments
ရွှေညာသား
August 22, 2014 at 11:03 am
အဟဲ ကိုက်စားမယ်ဆိုတဲ့ မိကေဇီရယ်
မျှော်လင့်နေတယ်ဆိုတဲ့ ဘလက်ကြီးရယ်
လာနော် .. နောက်ကျမှ အပေါက်ဝက လှည့်ပြန်နေရမယ်
အဟီး …. ရတုံးပြောထားရာတာ ..
နို့ .. သများနောက်ကျရင် သူတို့က သိပ်ပြောတတ်တာကိုး …..
အာဟိ . . .. ..
ရွှေညာသား
August 22, 2014 at 11:05 am
ညီလေး အလင်းဆက်ရေ အကြောင်းကြောင်းတွေကြောင့်
နောက်ကျနေရတာ အကို့ကို ခွင့်လွှတ်ပါလို့…
အန်တီဒုံတို့ အားလုံး အားလုံးကိုပါ
တကယ် အကြောင်းကြောင်းတွေကြောင့်ပါ….
ဖတ်ပြီးမှသာ အပြစ်တင်ချင်လည်း တင်ကြပါတော့လို့……
အလင်းဆက်(24/05/2011)
August 22, 2014 at 11:20 am
အချိန် ယူပြီးဖတ်ဖို ့… သိမ်းလိုက်ပြီဗျို ့… ။
ပြီးမှ ..ပြန်လာမယ်…ကိုရွှေညာသားရေ… ။
ပြောစရာ ရှိတာလေးတွေလည်း…နောက်မှ လာပြောဦးမယ်.. ။
ဒီပိုစ့်…ဘယ်တော့တက်မလဲလို ့..မျှော်နေတာ… ဒီနေ့မနက် ဘွားခနဲတွေ့လိုက်တော့..
ဝမ်းသာလိုက်တာ…
လေးစားချစ်ခင်လျက်…
အလင်းဆက်
22 / 8 / 2014 / 11 း 20
ရွှေညာသား
August 22, 2014 at 11:09 am
ဒိန်း ဒိန်း ….. စတစ်ကီ ……
ဒိန်း ဒိန်း …… စတစ်ကီ .. ….
အဟဲ ရောက်တုံးရောက်ခိုက် စတာပါ ….
ဥကိုင် အကြိုက် လေးတွေဆိုတော့ကာ ရများ ရမလားလို့
အဟိ…
မိကေရေ ရှေးဟောင်းနှောင်းဖြစ် ဟင်းချက်နည်းလေးတွေရချင်သလားလို့….
ပြောပြမယ် .. ကော်ဖီတိုက်ရင်
အလင်းဆက်(24/05/2011)
August 22, 2014 at 11:23 am
Editor’s Choice တော့ ဖြစ်နေပြီ… ။
ဂုဏ်ယူပါတယ်ဗျ… ။
ရွှေညာသား
August 22, 2014 at 11:26 am
ရေးရင်း ရေးရင်းနဲ့ စာက ဆွဲခေါ်နေလို့ မနဲ ဖြတ်ချပစ်လိုက်ရတယ်
ဆိုတော့ကာ … တစ်ခါတစ်ရံ ကလောင်က ကိုယ့်ကိုပြန်ရေးခိုင်းတတ်လေ၏ လို့ပဲ
ဆိုရမှာပဲ ညီလေးအလင်းဆက်ရေ။
အလင်းဆက်(24/05/2011)
August 22, 2014 at 11:42 am
ကလောင်က ကိုယ့်ကို ပြန်ရေးခိုင်းတယ်ဆိုလို ့…
အဲဒါ…အဟုတ်ပါပဲ…
မသိစိတ်က…ရေးနေမိသလို..တရစပ် ရေးချလိုက်မိတဲ့ စာလေးတွေ ရှိတယ်.. ။
အစီအစဉ်ကျတာ မကျတာထက်… စိတ်ရဲ့အတွင်းပိုင်းထဲက…ဖျတ်ခနဲ ပေါ်လာတဲ့ အတွေးစတွေ
အာရုံခံစားမှုတွေကို… ဖျတ်ခနဲ..ဖမ်းဆုပ်မိပြီး… စာအဖြစ် ချရေးမိတာတွေပေါ့… ။
ကျနော်..အဲဒီလို..ရေးလိုက်ရတဲ့အချိန်တွေကို..သိပ်တပ်မက်တယ်… ။
ဇီဇီ ခင်ဇော် (15102012)
August 22, 2014 at 12:21 pm
ပို့(စ) ကို မဖတ်ရတေးဝူးးး
နာ့ ကို ကြောက်တယ် ပြောလို့ လာပြန်ခြောက်တာ။
ကိုက်စားမယ်။
:byee:
:byee:
:byee:
ခင်ညားနှယ်။
ကျုပ် မအားတဲ့ ရက်မှ ပို့(စ) လာတင်ရတယ်လို့။
ခင်ညားပို့(စ) လာဖို့ ကျုပ်ပို့(စ) ကို နေရာဖယ်ပေးထားပါတယ်၊
အဟိ။
အဲဒီ အတွက် ကော်ဖီဖြစ်ဖြစ် လက်ဖွတ်ရည်ဖြစ်ဖြစ် တိုက်သင့်နေပြီ။
:k:
ဇီဇီ ခင်ဇော် (15102012)
August 22, 2014 at 12:43 pm
ကတောက်!!
လာမိမှတော့ ဖတ်မိပြီ။
:k:
စု အကြောင်းကတော့ မနွယ်ချင်လို့ မပြောတော့ပါဘူးနော့။
ပြောရင်း ဆဲ ချင်လာတတ်တာလည်း ဟုတ်တယ်။ ဟိဟိ :mrgreenn:
ကာတစ် ကိစ္စ နာ သိတယ်။
နာ့ တို့ အဖိုးပြောတာ ကြားဖူးတယ်။
:boss:
ဟို ကဗျာကလည်း ………. အင်းးးး………….. 🙄
နိမ့်တုံ့ ……………မြင့် တုံ့ ………………
………………………………….
…………………………………….
.
…………………………………..
အဟွာ ……………………….
လောကဓံ ဆိုတာလောက်ပဲ ကြားဖူးတာပါဗျာ။ :mrgreenn:
နာမည် မဖျက်ပါနဲ့။
ပြန်လာမယ်။
ဟွန်းးး
နာ့ စားစရာ ပို့(စ) ကျ အရင် မရေးဘူးးး
👿
ရွှေညာသား
August 22, 2014 at 12:59 pm
အဟဲ ဒီလိုလေ မိကေရဲ့
နင့်ကြောက်တာ အဲ့တာတွေပဲ …
ပြောချင်ရင် စွတ်စွတ်ပြောတာ …
စားစရာပိုစ့်တွေက ရေးနေပြီးသား … အဆက်အစပ်မရှိသေးလို့မတင်တာ
တော်ကြာ ညီလေးအလင်းဆက် ဟင်းချက်ဖို့ ဖြစ်နေမှာ စိုးလို့ဟဲ့
မိကေရဲ့
နာ့ဆီမှာ ရှေးရှေးတုန်းက ….. ကွန်တီနယ်(လ်)တယ်(လ်) မုန့်တိုက်သီချင်းတောင်ရှိသေး
ပေးမယ် …..
ပြီးတော့ နင်ဖတ်ဖူးတဲ့ … နိမ့်တုံ မြင့်တုံ ကိစ္စက ကဗျာအနေနဲ့ပါအေ . .. .
ဘာရယ်မဟုတ်ပါဘူး…..
နောက်….. လောကဓံဆိုတာ ဘယ်နားမှာလည်း…
ရေးသာရေးလိုက်တာ ဘယ်နားမှန်းတောင် မသိဘူး…
ပြီးတော့ … ဒီပိုစ့် ကြိုက်ရဲ့လားလို့ … မေးချင်တာပါ..
ပြီးတော့မှ လက်ဖက်ရည် ကော်ဖီထက် ဘီယာတိုက်မယ်
ဘာကြောင့်လည်းဆိုတော့ နာက ရှေးစာကြိုက်တဲ့သူဆိုတော့
ယောအတွင်းဝန်ဦးဘိုးလှိုင်ရဲ့ ကျမ်းစာထဲကလို
ဘီယာခေါ် ဗျစ်ရည်ခါးသည် ဗျစ်ပွင့်မှ ချက်လုပ်သဖြင့်
ဆီး ဝမ်းမှန်စေသည် မကြာမကြာသောက်သင့်သည် ဆိုတာကို အသေမှတ်ထားတာ
နင် ဘယ်နှဂျား သောက်နိုင်သလဲ
အဲ ပြောရင်း သဂျား ရော မိုက်တယ်ဆိုတဲ့ မေမြို့သားတွေရော
မန်းလေးလူခံတွေပါခေါ်ခဲ့
အထက်သားဖြစ်တဲ့ နာတို့
မောင်မျိုးသန့်တို့ က လက်ခံရင်း ရိုက်မယ် ..( အဲလေ)
တိုက်မယ် …
မိုက်ရင်လာခဲ့ ဘီယာသောက်မယ်.. ငှဲငှဲ
ဇီဇီ ခင်ဇော် (15102012)
August 22, 2014 at 4:11 pm
မိုက်လို့ မက်နှာအစစ်နဲ့ ကျယ် နေတာ
(အာကျယ်တာပြောတာ)
:byee:
စိန်မခေါ်နဲ့။
အိမ်ပေါ်ထိလိုက်တယ်ဆို….!!!
ကော်ဖီ/လက်ဖက်ရည်/ဘီယာ သောက်မို့ လိုက်တာ!!! :mrgreenn:
သူ့ချည်းသာလော့???
မဟုတ်။ လိုက်ဖက်ညီ စားစရာပါ ပါမှ။
:sar:
ပလိန်းတော့ မခေါ်နဲ့။
စားပွဲ ဆွဲလှန်ပြီး ပြန်မယ်မှတ်၊
ဟိ။
:boss:
ခင်ညားးးး
ဗန်းမော် ဆရာတော်ကြီးနဲ့ သီလရှင်မယ်ကင်း ကဗျာတွေရော ပြန်ဖော်ဖို့ အစီအစဉ်ရှိသေးလားးး
:k:
Myo Thant
August 27, 2014 at 8:55 am
( ဘာကြောင့်လည်းဆိုတော့ နာက ရှေးစာကြိုက်တဲ့သူဆိုတော့
ယောအတွင်းဝန်ဦးဘိုးလှိုင်ရဲ့ ကျမ်းစာထဲကလို
ဘီယာခေါ် ဗျစ်ရည်ခါးသည် ဗျစ်ပွင့်မှ ချက်လုပ်သဖြင့်
ဆီး ဝမ်းမှန်စေသည် မကြာမကြာသောက်သင့်သည် ဆိုတာကို အသေမှတ်ထားတာ
နင် ဘယ်နှဂျား သောက်နိုင်သလဲ
အဲ ပြောရင်း သဂျား ရော မိုက်တယ်ဆိုတဲ့ မေမြို့သားတွေရော
မန်းလေးလူခံတွေပါခေါ်ခဲ့
အထက်သားဖြစ်တဲ့ နာတို့
မောင်မျိုးသန့်တို့ က လက်ခံရင်း ရိုက်မယ် ..( အဲလေ)
တိုက်မယ် …
မိုက်ရင်လာခဲ့ ဘီယာသောက်မယ်.. ငှဲငှဲ )
မောင်မျိုးသန့် ဆိုတာ ကျုပ်ကို ပြောတာလား ?
လောလောဆယ် ဘယ်ပို့စ်မှာမှ ဘာမှ မပြောသေးပါ ၊
အလုပ်ပိနေသမို့ ၊
Mr. MarGa (12512)
August 22, 2014 at 1:21 pm
ကာတစ်လား….
အဲ့လာ မန်းက စတဲ့ ဘန်းစကား ဗျ အဟိ…
ရှိတ်စပီးယားတေးလ် တွေသင်ရတုန်းက The Tempest ပုံဝတ္တုထဲက Ariel ဇာတ်ကောင်က သူ့သခင်နဲ့ခွဲခွာရကာနီး
လေပြေလေညှင်းလေးတွေနော့နေချိန် ရှိတ်စပီးယားကြီး စပ်ထားတဲ့ ညှင်းနော့လေသွေး ပုံလေးကိုတော့
ဆရာမြို့မငြိမ်းက သင်္ကြန်လေညင်းလုလင် ဆိုတဲ့အထဲမှာ ထည့် စပ်သွားတာပေါ့ဗျာ…
ရှင်ဥတ္တမကျော် နဲ့ ခုံတော်မောင်ကျဘမ်း အကြောင်းကတော့
ငယ်ငယ်က အရူးအမူး ဖတ်ခဲ့ဖူးသေးသပေါ့ဗျာ….
ကျနော်သိသလောက်တော့ က္ကတ္ထိ ဗီဇ အဟံဝန္ဒာမိ ဟုတ်ဘူးဗျ။ က္ကတ္ထိ ဗီဇံ အဟံဝန္ဒာမိ ဆိုပြီး ကန်တော့တယ်တဲ့။ သဒ္ဒါ၊ သဂြိုလ်ကို လိုသလိုမွှေနောက်ထားသူဆိုတော့ သံလျက်သွား အနက်ပြန်လို့ရတဲ့ ကန်တော့ချိုးပေါ့ဗျာ။
ရွှေရင် ဖုံးတုံ့ မဖုံးတုံ့ ကျမှ ကျနော့်ကို သတိရရသလားဗျာ..ဟီးး
အခုတော့ ကျနော်က အဲ့စာချိုးကို ဂလိုလေး ပြောင်းချင်လာတယ်
ရွှေရင် လုံးတုံ့ မလုံးတုံ့ :s:
လောလောဆယ်တော့ ဂလောက်ပဲဗျာ…
ဒီအပတ်အတွင်း လူရော စိတ်ရော ထပ်အားရင် ပြောပါဦးမယ်….
လေးစားစွာဖြင့်
ဦးမာဃ (ခေတ္တ လူ့ပြည်) 🙂
surmi
August 22, 2014 at 2:42 pm
ဝဏ္ဏ ပဘာ၊ ကလျာဖူးစသစ်၊ ပျိုမျစ်မျစ်လျှင်၊ ကျစ်လျစ်တင့်စံပယ်၊ လှမျိုးကြွယ်သား၊ ဆံသွယ်မြမြိတ်စို့၊ ဆင်းရောင်မြို ့ကို၊ နတ်တို့ဆင်ထိုက်တန်၊ ဆင်းစုံကြန်တည့် ၊ အလွန်ရပေခက်၊ ဖြူမြိတ်ရွက်နှင့်၊ လက်လက်မြရောင်ပြေး၊ ရွှေရည်ရေးသို့၊ ပျံ့မွှေးရွှေအကျႌ၊ ရွှေထဘီနှင့်၊ မှန်စီရွှေနားဋောင်း ၊ နွဲ့နွဲ့နှောင်းမူ၊ ရောင်မောင်းကွမ်းရည်သွား၊ သက်တင်လားသို့၊ လက်ဖျားဒန်းနီရောင်၊ လှတန်ဆောင်မူ၊ မျက်တောင်ကော့ညွှတ်သေး ၊ စုတ်ဖြင့်ရေးသို့၊ ကြိုင်အေးကတိုးရည်၊ ထုံမျိုးချည်၍ ၊ နတ်ပြည်မိုးသူဇာ၊ ပျံကျလာသို့၊ ရှုသာတင့်စနိုး၊ လှခေါင်မိုး ၍၊ ပြစ်မျိုးမှည့်မထင်၊ နတ်ရုပ်သွင်သို့၊ ဖြူစင်ထွန်းရောင်ဝင်း၊ လှမှန်ကင်းကို၊ ညခင်းဆည်းဆာတွင်၊ ကျွန်ုပ်မြင်သည်၊ ရယ်ရွှင်ပြုံးတုံ့မပြုံးတုံ့။
ဘာရယ်မဟုတ်ပါဘူးဗျာ ……
ဝဏ္ဏပဘာ ကိုတွေ့လိုက်တော့ နဲနဲလောက်ဝင်ရွှီးချင်စိတ်ပေါ်လာလို့ 🙂
ဒီလိုဗျ …
ကျနော် ခတ်ငယ်ငယ်က ပါမောက္ခဦးစိန်လွင်လေး ရေးတဲ့ ရှင်မဟာရဋ္ဌသာရ နှစ် ၅၀ဝ မြောက်စာအုပ်ဖတ်ခဲ့ရဘူးသဗျ ။
မောင်မောက်ရဲ့ ဘဝတလျောက် ဖြစ်ရပ်အထွေထွေနဲ့ သူ့ရဲ့ကလောင်စွမ်းတွေကိုသုံးသပ်ပြထားတာပေါ့ ။
ကျနော်သိပ်ကြိုက်ခဲ့တဲ့ ရတုထဲမှာ အဲဒီ
“” ဝဏ္ဏပဘာ ချီ တောင့်တဲတွန့် ပိုဒ်စုံရတု”” ကထိတ်ဆုံးကပါ ။
တနည်းအားဖြင့် ဖွဲ့စည်းပုံက အဲဒီခေတ်ရတုတွေထဲမှာ ဆန်းသစ်တယ်လို့ ဆိုနိုင်သလို စကားလုံးအသုံးပြုပုံတွေကလည်း သူ့ခေတ်သူအခါနဲ့ မော်ဒန်တောင် ဆန်နေမလားဘဲ ။
ဒီနေရာမှာနဲနဲ ဝင်ရွှီးရရင် :mrgreenn:
တောင့်တဲတွန့်ရတုဆိုတာ လေးလုံးတစ်ပါဒ ငါးလုံးတစ်ပါဒ ဖွဲ့စည်းသွားတာပါ ။
တစ်နည်းအားဖြင့် ပိုးတောင့်တန်းလေးများ တွန့်တွန့် တွန့်တွန့်နဲ့လျှောက်လှမ်းလာသလို ( ထော့နင်း ထော့နင်း လို့တော့မမြင်နဲ့နော် ) မိန်းမပျိုတစ်ယောက်ကို ရုပ်တရက်မြင်လိုက်ရတဲ့အခိုက်အတန့်မှာဖြစ်ပေါ်လာတဲ့ခံစားမှုကိုဖွဲ့ဆိုတာနဲ့လိုက်ဖက်လွန်းနေပါတယ် ။
အချိန် နေရာ ပုံသဏ္ဍန် ခံစားမှု ဒါတွေကို ဖြတ်ကနဲပေါ်အောင် နုနုရွရွ လှလှပပ ဖွဲ့ဆိုထားလို့ ဒီဘက်ခေတ် ရီးဇားစာတွေမှာတောင် ကိုးကာမှီငြမ်းရလောက်အောင်ပါဘဲ ။
ရွှေရင်သိမ်းသစ်စ ဆယ်ကျော်သက်ရွယ်အပျိုဖျန်းလေးရဲ့အလှကို ဆယ်ကျော်သက်ရွယ်မောင်မောက်ကဖွဲဆိုရာမှာ ရှက်သွေးဖြန်းလို့ လက်ဖျားလေးများတောင် ဒန်းနီရောင်ပြေးနေရင် ရွှေပါးတော်မို့မို့မှာ ဆည်းဆာချိန်နဲ့ဟတ်အောင် ဘယ်လိုများရှက်သွေးဖျန်းနေမလဲပေါ့ ………
မြင်ရတဲ့တခဏမှာ ဝဏ္ဏပဘာရဲ့ဝတ်စားဟန်တွေဟာ နန်းဆန်နေပါတယ် ။
ဒီလိုပါဘဲ စာဆိုရဲ့ရင်ထဲမှာလည်း မိုးနတ်သူဇာ တစ်ပါးအလား ပေါ့ ။ ကောင်းကင်ပေါ်မှာ ပြူထွက်လာတဲ့ ရောင်စုံသက်တန့် သဖွယ် အရာရာဟာထွန်းလင်းတောက်ပနေပြန်ပါတယ် ။
အလှပေါင်းစုံ ကွန့်မြူးလေတဲ့ဆည်းဆာချိန်မှာ နန်းတွင်းသူ ဝဏ္ဏပဘာဟာကပိုကရို နန်းတွင်းအဝတ်အစားနဲ့ ရင်စည်းတော်ပန်းပျော့က လျော့ တော့တော ့ မလုံ့တလုံ့ များဖြစ်နေမလားပေါ့ ။
ပြောရမယ်ဆိုရင် ဒီရတုမှာ ဆယ်ကျော်သက်ရွယ်အတွေးအရေးတွေနဲ့ အလွန်ကို လန်းဆန်းနုပျိုနေပါတယ် ။
ဒီလို ဒီလို ဖွဲ့ဆိုထားတဲ့ ကဗျာလေးကို ကျနော်လည်း လွန်ခဲ့တဲ့ ဆယ်ကျော်သက်ကာလများဆီက စွဲစွဲလန်းလန်း နှစ်သက်မိခဲ့ ပါကြောင်းးးးးး
##မြန်မာကဗျာတွေ ပြန်တူးပေးနေတဲ့ ဆရာအညာသားကိုကျေးဇူးအထူးတင်ပါကြောင်းးးး
လေးစားလျှက်
အလင်းဆက်(24/05/2011)
August 22, 2014 at 4:09 pm
တော်သေးတယ်
ကိုရွှေညာသားကြီးက ဖွေးဖွေးလေးကို စိတ်မဝင်စားလို့။
ဖွေးဖွေးကလွဲရင် ကျန်တာ လိုချင်တာမှန်သမျှ ယူပါဂျ
အလင်းဆက်(24/05/2011)
August 22, 2014 at 4:55 pm
ဒီတစ်ခေါက် ပိုစ့်ထဲမှာ…ကိုရွှေညာသားကြီး…ထုတ်နှုတ်ခံစားပြသွားတဲ့ မြန်မာကဗျာတွေကတော့လားဗျာ..
ဖတ်လိုက်ရင် ရှိန်းခနဲဖိန်းခနဲဖြစ်သွားစေတဲ့ ကဗျာတွေပါလားဗျ ။
အစပိုဒ် / အစ စာကြောင်းလောက်ပဲ..ဖတ်ပြီး…
အို..ဘယ့်နှယ့် ကဗျာကြီးပါလိမ့်ဆိုပြီး …
ဆက် မဖတ်ပဲ…ရှက်သွေးဖြာနေလိုက်ရင်တော့…
ကဗျာရဲ့ ဆိုလိုရင်း / ကဗျာရဲ ့ရသ / ကဗျာရှင်ရဲ့…အနု နဲ့ ပညာ / ကဗျာရှင်ရဲ့ ဖန်တီးအားထုတ်နိုင်စွမ်း..စတာတွေကို…
သိလိုက်မှာ မဟုတ်… ။
(ကဗျာကို ဆုံးအောင်သာ မဖတ်ရင်…အဲဒါတွေကို.. ခံစားလိုက်ရမှာ မဟုတ်… )
ရှေးကဗျာတွေထဲမှာ..
ဒီလို အနုနဲ့ပညာကို တခမ်းတနားကြီး…မြင်ရစေတဲ့…ကဗျာတွေ အများကြီးပါပဲ။
ရုတ်တရက် အပေါ်ယံကြည့်ရင် ညှီတယ်လို ့ထင်ရပေမယ့်… သေချာ လိုက်ပါ ခံစားကြည့်တော့မှ…
ရေးသူရဲ ့… အစွမ်းနဲ့ အား ကို တွေ့မြင်ပြိး..အံ့ဩရတဲ့ကဗျာမျိုးတွေပေါ့… ။
အဲဒီကဗျာမျိုးဆိုရင်.. စကားလုံးရွေးချယ်ပုံနဲ့…
ကဗျာစပ်ပုံ ကို သဘောကျတယ် ။ မင်းလွှသူကြီး ဆိုတဲ့ စကားလုံးသာ မပါရင်…
ညှီတယ်လို ့ စွပ်စွဲမှကို ဖြစ်မယ့်အပေါက်… ။
ဒါပေမယ့်… အထင်မလွဲအောင်… နောက်ဆုံးမှာမှ…ပစ်ထည့်ပေးလိုက်တဲ့ စကားလုံးလေးကြောင့်…
ဖတ်လည်းပြီးရော…
အော်….ဘာများလဲလို ့…ဆိုတဲ့အတွေးရယ်…
ရေးချက်နှယ်..ဘယ်နှယ့်ဟာကြီးမှန်းမသိ…ဆိုပြီး..နှစ်သက်ကြည်နှုးမှုလေးရယ်..
တပြိုင်တည်း..ခံစားရရှိသွားစေတယ်.. ။
ဘယ်လောက် ပညာ ပါလိုက်သလဲ ။
ဒီနေရာမှာ..အနု နဲ ့ ပညာ ကို..ခွဲပြီး ပြောမှကို ရတော့မှာ.. ။
အနုလည်း စိပ်တယ် ။ ပညာလည်း ပါတယ် ။ ဖန်တီးနိုင်စွမ်းကို…အသိအမှတ် မပြုလို ့ကို မရဘူး။
ကျနော်သာ..အဲဒီလိုအကြောင်းအရာကို ကဗျာစပ်ဆိုရင်…
အဲဒီလို…ကဗျာမျိုး..ထွက်လာမှာ မဟုတ်ဘူး ။
………………………………………………………..
…………………………………………………………
အဲဒီ ကဗျာလေးကျတော့လည်း… တမျိုး…
သူက….
အတွေး ခံစားချက်ကို… ခံစားချက်အတိုင်း ချရေးတဲ့ ကဗျာမျိုးမဟုတ်ဘူးနော်.. ။
သရုပ်ဖော်ကဗျာလို ့ ဆိုရမယ် ထင်တယ် ။
သူ..သရုပ်ဖော်သွားတဲ့ ထောင့် နဲ ့…
သူ သရုပ်ဖော်ပြသွားတဲ့ စကားလုံး အထားအသို / ရွေးချယ်တင်ပြမှုကြောင့်…
ဒီကဗျာ ဒီလို ပုံစံနဲ့…အရောင်ထွက်နေတာ… ။
ဘာပဲပြောပြော…
လက်ဖျားခါလောက်တာပဲ… ။
……………………………………….
တစ်ခုလပ် ဆိုလို ့… ဟောဒိကဗျာလေးရော….ခံစားကြည့်ပါဦးလား ။
———————————
ပြီးတော့… ငယ်ငယ်လေးကတည်းက…ဖတ်မိပြီး သဘောကျမိတာလေးတစ်ခု….
—————————————————————
အလင်းဆက်(24/05/2011)
August 22, 2014 at 5:27 pm
ဟောဒီမှာ… ကျနော် ချစ်သော ကဗျာလေးတွေထဲကတစ်ပုဒ်…
………………………………………………
ဦးပုညရဲ့ လေးချိုးလေး…တစ်ပုဒ်…
ဘုန်းမွေ့တော့မယ် ..တဲ့… ။
သိပ်ချစ်စရာကောင်းလွန်းလို ့…
သိမ်းထားတာ…
နှလုံးသားထဲမှာ…သိမ်းထားတာ… ။
😆
————————————————–
ဒီမှာလည်း…နောက်တစ်ပုဒ်….
ချစ်စရာကောင်းအောင် ဖွဲ ့ထားတာလေး…
ဒါလေးတော့…အားလုံးလည်း…သိမှာပါ ။
မြစာကလေး (23122011)
August 22, 2014 at 8:58 pm
ကို ရွှေညာသား
ယူစီစီ အကြောင်းရေးမယ် ပြောထားတာ မပြီး ဘဲ စာဖတ်သူ လုပ်လို့ မရသေးပါရှင့်။
ကျွန်မ အလွန် ချစ် တဲ့ နည်းပညာ အကြောင်း တွေ မို့ ပါ။
အုပ်ချုပ်မှုပိုင်း တို့ ၊ စိတ်ပညာတို့ ကိုလဲ စိတ်ဝင်စားပါတယ်။ ကြိုက်ပါတယ်။
မအားရင်တောင် မှ အတင်း အချိန်ပေး လေ့လာ တဲ့ အထဲ မှာ ပါတဲ့ ဘာသာရပ်တွေပေါ့။
အဲဒါတွေ ဆွေးနွေးရမယ် ဆိုရင်လား။
ထမင်းမေ့ ဟင်းမေ့ပါဘဲ။
ကိုရွှေညာသား ရေးနေတဲ့ မြန်မာစာအကြောင်းကြီး ကိုလား။
လုံးဝ(လုံးဝ) ကို မကြိုက်။
အလွန့် အလွန် ကို မုန်းပါ၏။
ခါးခါးသီးသီး ကို မုန်းပါ၏။
နာနာကျည်းကျည်း ကို မုန်းပါ၏။
မုန်းရခြင်း အကြောင်းလား။
ရှိပါ့ ကိုရွှေညာသားရယ်။
ခိုင်လုံတဲ့ အကြောင်းမရှိဘဲ အသားလွတ် မုန်းပါ့မလား။
ကျွန်မ က ငယ်တုန်း က အာခီတက် အရူးပေါ့။
ဒါပေမဲ့ ပွိုင့် နဲ့ ကပ်ပြုတ်ပါတယ်။
ဘာတွေ မေးထားမှန်း မသိ တဲ့ ….
အသုံးမကျတဲ့ …..
တတ်လဲ ဘာမှ အရာမဝင်တဲ့ ….
နိုင်ငံတကာမှာလဲ သုံးစားလို့ မရတဲ့ …
အဲဒီ မြန်မာစာ ဘာသာရပ် ကြီး မှာ အောင်ရုံလေးကပ်အောင်ခဲ့ တဲ့ အမှတ်ကြောင့် ပေါ့ ကိုရွှေညာသားရယ်။
ဒီစာတတ်တော့ရော လူတောတိုးနိုင်မတဲ့လား။
ပြောပါဦး။
ကျွန်မ မမှားပါဘူးနော်။
ကျွန်မ အသုံးမကျတာမှ မဟုတ်တာ။
အဲဒီလို ခိုင်လုံ တဲ့ အကြောင်းပြချက် ကြီး နဲ့ကို စွပ်စွဲပြီး “မြန်မာစာ” ကို မုန်းပါတယ် ရှင့်။
အခုတော့ နိုင်ငံတော်ကနေ ကျွန်မ လို အလွန်ထူးချွန်မဲ့၊ ကမ္ဘာကျော်မဲ့ ပါရမီရှင် အာခီတက် တစ်ယောက် ကို အဲဒီ မုန်းစရာ မြန်မာစာကြီး ကြောင့် ဆုံးရှုံးရသပေါ့။
ဒီတော့ ကျွန်မကို “မြန်မာစာ” မကြိုက်ဖူးပြောလို့ ကော်ဆဲခံရလည်းမတတ်နိုင်ဘူး။
ဘာသာရပ်ဆိုတာကလည်း နည်းပညာကြိုက်ရင်ကြိုက်မယ်။
စိတ်ပညာကို လေးစားချင်လည်း လေးစားပေမပေါ့။ မြန်မာစာကို မုန်းချင်လည်း မုန်းပေမပေါ့ ကိုရွှေ။
အဲဒါ ကျွန်မရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ပါ ကိုရွှေ။
အပြစ်မမြင်လိုက်ပါနဲ့ ကိုရွှေ။
အားတော့နာပါတယ် ကိုရွှေရာ။
:-))))))))))))))))))))))))))))))))
အတည် နောက်တာပါ။ ;-))
ဇီဇီ ခင်ဇော် (15102012)
August 22, 2014 at 9:03 pm
Bravo!!
:s:
pooch
August 23, 2014 at 2:24 pm
အနော်လည်း တခေတ်တခါက ရေသည်ပြဇာတ်ကို ရေရေလည်လည်မုန်းဖူးတယ်။ စလေဦးပုညကို ဘာကြောင့်ရေးလဲလို့ ရေးစရာရှားလို့ ဆိုပြီး ညစ်ကျယ်ကျယ် ညည်းဖူးတယ်။
But ရှေးကဗျာသားချော့တွေးတွေတော့ ကြိုက်တယ်။
ခင် ခ
August 22, 2014 at 10:43 pm
ကဗျာဆိုတာ
စာပေလွှာကို
အကျဉ်းချုံလို့
ဖွဲ့ဆိုထားသည်
ကာရံညီတော့
ပိုကောင်းသပေါ့
ရွှေညာသား
August 23, 2014 at 10:53 am
ဟုတ်ကဲ့
အင်တာနက်မကောင်းတာနဲ့ကြုံနေလို့ Comments တစ်ခုချင်းစီဖြေပါ့မယ်
ဒေါ်မြစာကလေးခင်ဗျား
မြန်မာစာကို တူးတူးခါးခါးလည်း မုန်းခွင့်ရှိပါသည်
နာနာကျည်းကျည်းလည်း မုန်းခွင့်ရှိပါသည်
ပက်ပက်စက်စက်လည်း မချစ်ခွင့်ရှိသဖြင့် ပြန်လည် ဖြေရှင်းမပေးတော့ပါ။
Comments အတွက် ကျေးဇူးတင်ပါသည်။
UCC ဋ္ဌာနအကြောင်းကို ရေးရန်မူ အတော်တွေဝေနေပါသည်။
(၁) UCC သည် လူအနည်းငယ်မျှသော မတူညီသော တက္ကသိုလ်အသီးသီးမှပညာရှင်များနှင့်
ဖွဲ့စည်းခဲ့သောကြောင့် ရေးလျှင် ပုဂ္ဂိုလ်ရေးကိစ္စများပါလာနိုင်ပါသည်။မည်သူဆိုသည်ကိုလည်း သိသွားနိုင်ပါသည်။
(၂) အဘယ့်ကြောင့်ဆိုသော် UCC သည် အလွန်တရာ ပင်ပန်းဆင်းရဲခဲ့ပြီး အတော်လေးရုန်းကန်ခဲ့ရသော
ဋ္ဌာနတစ်ခုဖြစ်ပါသည်။
(၃) အချို့မှာ ဝန်ကြီး အချို့မှာ အကြံပေးဖြစ်နေသောကာလတွင် အဆိုပါကိစ္စကို ရေးသင့်/မသင့်ကို
အတော်သုံးသပ်နေရပါသည်။
(၄) စာရေးသူသည် ပန့်(ချ်)ကတ် များကိုသုံးဖူးသောသူ Program ရေးသောသူဆိုလျှင်
ဒေါ်မြစာကလေးအနေနှင့် လက်ချိုးရေနိုင်သော သူထဲတွင် မည်သူဆိုသည်ကို ခန့်မှန်းနိုင်ပါလိမ့်မည်။
ပန့်(ချ်)ကတ် သုံးပြီး Program တည်ဆောက်ရသော စက်အကြောင်းကို သိရှိအသုံးချနိုင်သူထဲတွင်
ဆရာများထဲမှ ( )ယောက်ခန့်မျှသာရှိနိုင်ပါသည်။
ဒီနေ့ခေတ် Programmer များထဲတွင် ပန့်(ချ်)ကတ်ဆိုတာ ကြားဖူးမည်ပင်မဟုတ်နိုင်ပါ။
အဆိုပါဘဝသည် UCC ပင်ဖြစ်ပါသည်။
(၅) ပုံနှိပ်စာမျက်နှာပေါ်တွင်တင်ရန်ကြိုးစားနေပါသည်။
ရွှေညာသား
ရွှေညာသား
August 23, 2014 at 10:55 am
ကိုခ ခင်ဗျား
ဝင်ရောက်ဖတ်ရှူသွားတာကျေးဇူးတင်ပါသဗျာ…….
ရွှေညာသား
August 23, 2014 at 10:57 am
ဖိုးသကြားခင်ဗျား
ကျေးဇူးတင်ပါတယ်။
ရွှေရင်လုံးတုံ့ — – မလုံးတုံ့လေးနှင့် ဖူးစာဆုံနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်
ရပါတယ်။
မတော်
ရွှေရင်ပြားပြား — သကြားစား၏
ရွှေရင်ပြားကပ် — သကြားမက်၏
စာချိုးနေရမှာစိုးလို့
အာဟိ….
ရွှေညာသား
August 23, 2014 at 10:59 am
ဦးဆာ ခင်ဗျား
ချစ်တတ်သူအဖို့ကတော့ မြန်မာစာဟာချစ်စရာကောင်းပါတယ်
ဆိုတာနဲ့တင် လုံလောက်ပါပြီ။
ဝင်ဖတ်ပြီး Comments ရှည်ရှည်ပေးတာ
ကျေးဂျုးကမာ္ဘဆိုင်ရော်
ရွှေညာသား
August 23, 2014 at 11:04 am
ညီလေးအလင်းဆက်ရဲ့ Comments ကိုတော့ အားအရဆုံးပါပဲ
(၁) ပြန်ပြီးတော့ လက်တွေ့ကျကျ လေ့လာပြီး ပြန်ပြောနိုင်တာရယ်
(၂) အကိုချစ်တဲ့ကဗျာတွေကို ပြန်လည် တူးဖော်ပြတာရယ်
(၃) ပုံစံတူ အသံကွဲ စာစပ်တွေကို ပြန်ရှာရေးပြရတာနဲ့တင် အကိုရေးရတာတန်ပါပြီညီရေ။
တစ်ခုပဲ
ညီလေးရေးထားတဲ့
တောထွက်ချင်စိတ်ကယ်နှင့်၊
သပိတ်ကိုလွယ်၊
သားရေနွယ်ကွဲ့ရှာတုန်း။
ချောင်အနီးမှာပေ၊
မောင်ကြီးကိုတစ္ဆေကိုက်လိမ့်မယ်၊
မင်းလိုက်ခဲ့အုန်း။ ။
ဆိုတဲ့ ကဗျာမှာ အမှားလေးတွေပါသကွ
အမှန်က
တောခိုချင်စိတ်ကယ်နှင့်
သပိတ်ကိုလွယ်
သားရေနွယ်ကွဲ့ရှာတုန်း။
ဟိုချောင် အကွယ်မှာလ
မောင်ကြီးကိုတစ္ဆေကိုက်လိမ့်မယ်
မင်း . . လိုက်ခဲ့ဦး ။
ဖြစ်ရမယ်ညီ။
အကို့ဆီမှာက မူကွဲတွေနဲ့တိုက်ပြီး လေ့လာထားလို့ပါ။
ကဲ ညီရေ ။
ဝင်ဖတ်ပြီး ပြန်ဆွေးနွေးတဲ့အတွက် ကျေးဇူးပါ ညီရေ။
အလင်းဆက်(24/05/2011)
August 23, 2014 at 6:07 pm
ဟုတ် ။ ကျနော်လည်း…စိတ်ထဲမှတ်မိသလောက်လေး ချရေးလိုက်တာ ။ စာသား အမှားလေးတွေပါနိုင်တာပေါ့ ။
ဘာပဲဖြစ်ဖြစ်ဗျာ… ။
ဒီရွာမှာ…ဒီလို ဒီလို.. ကဗျာအကြောင်းလေးတွေ ဝင်ပြောဖို့ ကိုရွှေညာသားကြီးရဲ့ပိုစ့်တွေ ရှိနေတာ…
ဝမ်းသာမိတယ်ဗျို ့… ။
နောက်အပိုင်းတွေကိုလည်း..မျှော်နေတယ်နော့
sorrow
August 23, 2014 at 11:24 am
အတော်ပြည့်စုံတဲ့ လက်ရာပါခင်ဗျာ ကိုကြီးရွှေညာသား..ရှာရှာဖွေဖွေကို တူးဆွထားတာရယ် ။ ကျော် ဆယ်ခါဖတ်လည်းမဝနိုင်ဘူး ဖြစ်ရပါတယ် ….( ငါဟဲ့ ဆောရိုး …Golfer လွှဆွဲသမား ) .အဲ့ကဗျာ နှစ်ပိုဒ်ကို …လူရှုပ်ရှုပ်ဆို ရွတ်ပြအုံးမှပါလေ …..အဟိဟိဟိ
မြစာကလေး (23122011)
August 24, 2014 at 2:25 am
ကိုရွှေအညာသားရှင့်
အပေါ်က စာ နဲ့ အတူ ဒီ တောင်းပန်စာ ကို ကျွန်မ ဆက်ရေးထားတာပါ။ :-))
ကျွန်မ က ငယ်ငယ် က နဲနဲ (တကဲ့ နဲနဲလေးပါ ;-)) ) ဂျစ်ပါတယ်။
ကိုယ့်စိတ် နဲ့ မကိုက် ရင် တတိတိ နဲ့ ပွစိတက် မဆုံးပါဘူး။
စိတ်ထဲ မြုံပြီး ကောက်မနေတတ်တာမို့ ကိုယ်လိုတာ ရတဲ့ အထိ၊ ကိုယ်လိုချင်တဲ့ အဖြေရတဲ့ အထိ ဂျီ ကျတတ်ပါတယ်။
အခုလဲ ကိုယ့် အကိုကြီး (ဟုတ်မှာပါ – ယူစီစီ ကိုတောင်မှီတာကိုး) ကို ညီမ တစ်ယောက် က တမင် ဆိုးပြီး ဂျစ်တိုက် ဂျီကျ တယ် လို့ မှတ်ပေးပါရှင့်။
လွန်တာရှိရင်လဲ ဝန်တာမိ တောင်းပန်ပါတယ်။
ကျွန်မ မြန်မာစာ ညံ့ တာ ကလဲ အမှန်ပါ။
စာစီစာကုံး ဆို ဖွဲ့နွဲ့ ရေးဖို့ စိတ်ကူး ကို မရှိပါဘူး။
ဒါကြောင့် စာစီစာကုံး ဖြေတိုင်း ဉာဏ်ကွန့်မြူးး ပြီး ရေးရတဲ့ ခေါင်းစဉ်ထက် ဗဟုသုတလို ဖြေလို့ ရတဲ့ ခေါင်းစဉ် ကို ရွေးရပါတယ်။
စာတွေလဲ ဖတ်ပါရက် နဲ့ စု တု ပြု ဖို့ ကို ပျင်းခဲ့တာပါ။
ဒီတော့ အမှတ်နည်း၊ အမှတ်နည်း တော့ ပိုစိတ်မပါ ဂျာအေး သူ့အမေရိုက်ပေါ့။
ကဗျာ တွေ ဆို စပ်ဖို့ မပြောနဲ့။ ဖတ်တောင်မဖတ်ပါ။
ကျောင်းစာထဲ က ကဗျာလောက်ဘဲ သိပါတယ်။
မြန်မာစာ က အတန်းကြီး သွားချိန် မပါတော့ဘူး။ အတော်လေး ဝမ်းသာခဲ့ဘူးပါတယ်။
တကယ်တော့ ကိုယ့် ကျောင်းသား တာဝန် ကို ကျေအောင် မထမ်းခဲ့ခြင်းသာပါဘဲ။
ဒါကို စိတ်မပါဘူး။ ပျင်းတယ် ဆိုတဲ့ စာတမ်း ကိုယ့်ဟာကိုယ် ဆွဲခဲ့တာပါ။
ဒီလောက် ဝါသနာ မပါခဲ့တဲ့ ကဗျာကို ကြိုးစား စပ်လိုက်ခဲ့တာ ဒီ ရွာထဲ မှာပါ။
ကျွန်မ ရဲ့ ပထမဆုံး သော ခပ်ညံ့ညံ့ ကဗျာ ပေမဲ့ ကျွန်မ အလွန် ဂုဏ်ယူ ခဲ့ပါတယ်။
ဘာကြောင့်လဲ မသိချင်ဘူးလား။
ရွာထဲက ကဗျာ ချစ် သူ ကလေး တွေ နဲ့ တစ်သွေး ထဲ တစ်သားထဲ ဖြစ်သွားချင်လို့ပါ။
ရွာ ကို စည်ကားဖို့ အားမာန် နဲ့ ကြိုးစားနေတဲ့ အဲဒီ ကလေး တွေကို ချစ်လို့ပါ။
အခုဆို ဒုတိယမြောက် တောင် စပ်ပြီးသွားပေါ့။
ကျွန်မ ဟင်းချက်တာလဲ ဝါသနာမပါပါဘူး။
ဒါပေမဲ့ ဟင်းချက်ကောင်း သူ တွေ နဲ့ စည်းလုံးနေချင်တယ်။
ကျွန်မ ဓာတ်ပုံ ဝါသနာမပါခဲ့ ပေမဲ့
ရွာ့ဓာတ်ပုံဆရာ တွေ ကို အတုခိုးချင် ခဲ့တယ်။
ကျွန်မ ရသစာ မဖွဲ့ တတ်ခဲ့ ပေမဲ့
ရသ စာ ရေးသူ တွေ နဲ့ ပူးပေါင်းချင် ခဲ့တယ်။
ကျွန်မတို့ ဂဇက်ရွာက မန်ဘာတွေ အားလုံး ရဲ့ ရည်ရွယ်ချက် က
တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင် တွန်းတွန်းထိုးထိုး စည်းစည်းလုံးလုံး နဲ့ “ဂဇက်” ဆိုတဲ့ တစ်ခု Society ကို မြန်မာ Website တွေထဲ နံပါတ်(၁) ဖြစ်အောင် လုပ်ဖို့ပေါ့။ (win-win)
(ဟုတ်ကြလား ငင်င်င် – နဲနဲ များ လေကြီးသွားလား မသိ 🙄 ;-)))
ဒီ ရည်ရွယ်ချက် ကို ဖြစ်မြောက်ဖို့ ၊ ဒီ ရည်ရွယ်ချက် ပြည့်မှီဖို့ ကျွန်မ မကြိုက်တာရှိလဲ လိုက် ကြိုက်သင့် ရင်လဲ ကြိုက် ရမှာပါဘဲ။
နောက်လိုက် လုပ်သင့်လဲ လုပ်ရမှာပါဘဲ။
မဟုတ်ရင် သူတစ်လူ ငါတမင်း ကွဲ ပြဲ ပြီး ရည်ရွယ်ရာမရောက် ပန်းတိုင်ပျောက်တော့ မပေါ့။
မဟုတ်လား ချစ်သော အစ်ကိုကြီး ရှင့်။ :-))
ကျွန်မ ပြောတာ ပြန်ဝေဖန်ပါဦး။
အခုတော့ ရသ စာလေး ရေးထားတယ်။
တင်ပြီးရင် ဝင်ဖတ်ပြီး အားမနာတမ်း ကန့်လန့်တိုက်လှည့်ပါ့။ 😀 ;-))
လေးစားခင်မင်စွာဖြင့်
ရွှေညာသား
August 24, 2014 at 9:54 am
ဒေါ်မြစာကလေး(ခ) အရီးလတ်(ခ) ညီမလေးအရီသို့
ခွင့်လွှတ်ပါ အကိုဂျီးရယ်… (တုန်ရီနေသော အသံဖြင့်သာဖတ်ပါရန်)
ခွင့်လွှတ်ပါတယ် ….. ညာ .. မ .. လေး… ရယ် ( သော်တာဆွေ၏ ဖိုးလသော်တာကိုကွယ် ဝတ္တုမှ အသံဖြင့်ဖတ်ပါ )
မျက်ရေများနှင့်စိုရွှဲနေသော အရီ၏ခေါင်းလေးကို အကိုဂျီး ရွှေညာသားမှ ဆံနွယိတို့ကိုပွတ်သပ်ရင်း ခွင့်လွှတ်ပြုံဖြင့်
ဆို၏….
(အဟဲ .. စတာနော် )
ဒီလိုပါ ညီမလေးအရီ …. (ကောလိပ်ဂျင်နေဝင်းအသံဖြင့်ဖတ်ပါ ……. )
စိတ်မဆိုးပါဘူး အရီးလတ်ရယ်
ဘာကြောင့်လဲဆိုတော့ ဝင်ဖတ်မှတော့ စိတ်ဝင်စားလို့ပေါ့။စိတ်မဝင်စားရင် ဝင်မှာတောင်မဟုတ်ဘူး
ဒေါက်တာလှဘေ(လန်ဒန်ကောလိပ် ) ဒေါက်တာသန်းထွန်း(မြန်မာစာ – လန်ဒန်ကောလိပ်)တို့ရှေ့မှာသာ
အရီးလတ်ဒီလိုပြောရင် ဟိုဆရာကြီးတွေက ကော်ဆဲမှာသေချာတယ်။ရွှေညာသားလည်း တွေ့ဘူးတာကိုး။
တစ်ချို့က ဒေါက်တာသန်းထွန်းဆိုရင် သမိုင်းသန်းထွန်းလောက်သာသိကြတာကိုး။မြန်မာစာသန်းထွန်းလည်းရှိပါတယ် ဆိုတာအသိနည်းကြပါတယ်။တက္ကသိုလ်အသိုင်းအဝိုင်းလောက်သာ သိကြတာပါ။
ဆိုလိုတာက ကျွန်တော်လည်း Computer သမားစစ်စစ်ပါ။နောက်တစ်ချက်က လစ်ထရေးချာ ရမှ ( မိခင်ဘာသာအနုစာပေ ရမှ )
ကျန်တဲ့ မေဂျာတွေကို လေ့လာလို့ရနိုင်မှာပါ။စိတ်ဆိုးရင် ကျွန်တော်ပြန်ပြောမှာပေါ့ ။ ဒေါက်တာလှဘေ ဘာကြောင့် လန်ဒန်ကောလိပ်မှာ
မြန်မာစာပါမောက္ခဖြစ်သလဲပေါ့။အမှန်ကတော့ မိခင်ဘာသာစကားဟာ အလွန်အရေးပါပါတယ်။အရီးတောင်မှ အခုပြန်ပြီး မြန်မာလိုတွေး
ရေးနေရသေးသပေါ့။နောက်အချက်က မလိမ်တမ်းပြောရရင် အရီး ဖတ်လိုက်တဲ့ အင်္ဂလိပ်(ရှ်) ဆန်း(န်း)တန်((စ်)ကို မြန်မာလိုပဲခေါင်းထဲမှာ
တွေးတာမဟုတ်လား။ဒါမှမဟုတ် English To English ပဲတွေးမိတာလား။အမှန်အတိုင်းဖြေနော်။ကဲ အဖြေပေါ်ပြီလေ။ဒါပဲလေ။
UCC ရဲ့ ကနဦး ရက်တွေထဲကမှ အရီးသိရင် လန့်သွားမယ်။
စီးပွားရေးတက္ကသိုလ်ကို ဆိုဗီယက်ရှရှား က လာလှူတဲ့ Mainframe Computer ကြီးတွေကို လာရောက် သင်ကြားပေးရတဲ့အကြောင်းတွေ
နောက် စက်ကြီးပျက်မှ အီကိုကကောင်မလေးတွေကို UCC ကိုခေါ်သင်ရတာလည်း သိတယ်ဆိုရင် အရီးအကိုကြီးခေါ်တာ
မမှားပါဘူး။အရီးတို့က အီကိုထဲမှာ သင်တာမမှီလိုက်ဘူးမဟုတ်လား။ဒါဆိုကျွန်တော့်ထက်ငယ်တာသေချာပါတယ်။
နောက်အခုအချိန်အထိလဲ Programmer စစ်စစ်တစ်ယောက်ပါ အရီးရေ။ဒါနဲ့ပဲ ထမင်းစားနေရတာဆိုရင် လုံလောက်ပါပြီ။
ဒါနဲ့ပဲ ရပ်တည်နေရပေမယ့် မမေ့နိုင်တဲ့ ငယ်ချစ်ဟောင်းကို ရွာထဲမှာ အချစ်မကုန် သေးကြောင်းလာပြနေရတာကို ခွင့်လွှတ်ပေးပါ။
မကြာခင်လည်း ညီလေးရေ စီးရီး(စ်)တွေက ပြီးတော့မှာပါ။အဲဒီ့အခါကျရင် အရီးတွေ့ချင်ရင်တောင် ရွှေညာသားဆိုတာ ပျောက်ကွယ်သွားပါပြီ။
ရွာသံယောဇဉ်ရှိတာလည်း သိပါတယ်။
အမှန်အတိုင်းပြောရရင် အရီးကျွန်တော့်ကို ဝင်ပြောတာ ( စု) ကိစ္စကြောင့် နဲနဲကောက်သွားတာပါ။ဟုတ်တယ် — ဟုတ် ။
ဒီနေ့ခေတ်တက္ကသိုလ်အသိုင်းအဝိုင်းမှာရော ပြည်ပပညာတတ်အသိုင်းအဝိုုင်းမှာပါ (စု)ကို လက်ခံတဲ့သူ ၃၃% လောက်ပဲရှိတော့တာ ကို အမှန်လက်ခံနိုင်ရင်ကျွန်တော်ပြောတာ အရီးသဘောပေါက်မှာပါ။ဒါပေမယ့် ဒီကိစ္စကြောင့် အရီးနဲ့ကျွန်တော်အမုန်းမပွားကြပါနဲ့။
သာမန်အသိုင်းအဝိုင်းမှာ စုကျင်လည်နေရတုန်းထဲက စုကိုသဘောမကျတဲ့သူတွေလည်းရှိနေသေးတယ်ဆိုတာကို အမှန်မြင်ပေးပါ။
မယုံရင် အရီစုံစမ်းကြည့်ပါ။ဒါကျွန်တော့်ကိစ္စမဟုတ်ပေမယ့် မြင်နေကြားနေရတာ အမှန်ပါ။
ကွန်မြူနစ်ကြီးတစ်ယောက်ပြောသလို ၄၃၆ တွေ ၅၉(စ) တွေဆိုတာသူ့အတွက်ငါတို့တိုက်နေရတာ သူ့ကိုဖယ်ပစ်လိုက်
ပြီးပြီ။ဘာမှမလိုတော့ဘူ။ကိုယ့်အတွက် ကိုယ်ဆက်တိုက်ကြယုံပဲ ဆိုတာကို သိပ်သဘောကျတာ။ဒီတော့ မဆဲကြပါနဲ့။
ဒီတော့ ကိုယ့်ကိစ္စပဲ ကိုယ် ဆက်ပြီးပဲ ငြင်းငြင်းခုန်ခုန် ပြောကြ ဆွေးနွေးကြတာပေါ့။
နောက်အချက်က အရီးရဲ့ တရားဝင် Phone No: Email : ကို ပေးပါ။ ကျွန်တော်အရီးလိုချင်တဲ့ နည်းပညာစာအုပ်တွေ(မြန်မာဘာသာဖြင့်)
ပေးပါ့မယ်။ဖတ်ရင်းနဲ့ ကျွန်တော့်အပေါ်သဘောပေါက်လာမှာပါ။
ခင်မင်လေးစားစွာဖြင့်
ရွှေညာသား(အထက်အညာမြေ)
padonmar
August 25, 2014 at 9:54 pm
.ဖုံအလွန်ထူသော ရွာလမ်းတလျှောက်မှ ဆံပင်ဖြူဖြူ .ဆံထုံးတော်ကြီး တမာသီးနှင့် ခါးကုန်းကုန်း မျက်မှန်ထူထူတပ် .အဖွားကြီး အရီးဒုံတယောက် .တောင်ဝှေးလေးထောက်ကာထောက်ကာနှင့် .တုန်ချိချိ လျှောက်လာနေပါသည်။
.ဦးတည်ရာမှာ သဂျီးအိမ်သို့။
.ရည်ရွယ်ချက်မှာ အတင်းပြောနေကျ အရီးစာ နှင့် ကာလသမီး .ဇီဇီစိန် တို့နှင့်တွေ့ရန်ဖြစ်ပါသည်။
.သဂျီးအိမ်ကား လူသူမတွေ့ရ၊
.ပိတ်ထားသော တံခါးကို တွန်းဝင်သွားရာ အမှောင်ထုကြောင့် .မျက်စိမမြင်ပဲ ခလုပ်တိုက်မိ၊
.ခြေထောက်ဖျားမှ အရာကား .ကာတစ်ဆေးတိုက်မှ ဆေးထောင်းသော ဆုံကြီးဖြစ်နေသည်။
.အခန်းထဲကား ညှီနံ့ တထောင်းထောင်းထနေသည်။
.မှောင်မဲမဲ အခန်းထဲမှ အရီးဒုံကို .အလန့်တကြားကြည့်နေသော လူအုပ်အလည်တွင် .အသားမဲမဲ ရောင်ကြီး ဗွေ နှင့် အညာသားကြီးသည် .ဇီးယို၊ကရေကရာများ ရောင်းသော ဆိုင်းထမ်းကို ဘေးချ၍ .စာအုပ်တထပ်ကို ဖွင့်ကာ နောက်မှ ရွာကာလသား တစုကို .လက်တွေ့ သရုပ်ပြ ရှင်းလင်းနေခြင်းဖြစ်သည်။
.ရှေ့ဆုံးတန်းတွင် သွားရည် သိမ်းနေသော .ကချင်နုထွား၊ဒညင်းဝက်၊ဖားသဂျိုး၊ကကြောင်၊ကပု
.နောက်တန်းတွင် မျက်မှန် ၂ထပ်တပ်ကာကြည့်နေသော .ကိုရင်ဘလောချက်၊ကိုရင် နို့စို့မိ၊ကိုရင်ပုံနားလေး ဆာမိ၊
.ခပ်လှမ်းလှမ်းမှ သမာဓိအပြည့်ဖြင့် ကြည့်သလိုလို .မကြည့်သလိုလို လုပ်နေသော .ဦးပါ၊ဦးမိုက်၊သဂျီးဦးကိုင်တို့ကို တွေ့လိုက်ရသည်။
.အညှီနံ့ ဘယ်ကရပါလိမ့်ဟု အရီးဒုံ လိုက်ရှာရာ ထို .စာအုပ်ပုံကြီးမှ ဖြစ်နေလေတော့သတည်း။………
မြစာကလေး (23122011)
August 26, 2014 at 6:09 am
အရီးဒုံ ပျံ လာပဟေ့။
ရေးးးးးးးးးး
သူရို့ ကို တစ်ရာပြ ပေးပါ အစ်မရှင့်။
တစ်ရာ လွတ်နေကြလို့။
lol:-)
alinsett
August 26, 2014 at 8:50 am
တိန် တိန် နှစ်ခါတိန်
တီဒုံပြောပုံအရတော့
သားသားတို့က ယင်ကောင်တွေ ဖျစ်နေပြီ။
ကိုဂျီးချွေညာတား က ပိုစ့်ပိုင်ရှင်မို့ ဘယ်comment ူဘောကျလဲ မသိ။ ကျနော်တော့ အန်တီဒုံ ့ comment လေး လွှတ်သဘောကျတယ်ဗျို့။
သူပြောချင်တဲ့ သဘောလေးကို ရသမြောက်အောင် သရုပ်ဖော်ပြသွားတာပဲ ကြည့်။
——
ဟို အမေ့ကိစ္စတော့ ကျနော် မပါဘူး။
အဟိ ။
kai
August 26, 2014 at 3:07 pm
စာတွေ..ကဗျာတွေအတွက်ကျေးဇူးလွှတ်တင်သဗျို့…
အလုပ်ပင်ပန်းတဲ့.. အမောတွေကိုပြေသွားတာပဲ..
ဂျာအေးသူ့အမေရိုက်ကို.. တလောကတင်… အယ်ဒီတာ့အာဘော်ထဲထည့်သုံးထားသေးတယ်..
စကားအတင်းစပ်ပြီး.. ရှေ့နောက်ကြောင်းကျိုးဆက်စပ်တဲ့… ပေါက်ပင်ကဗျာပါတင်ပေးရင်း.. အားဖြည့်လိုက်ကြောင်း…။
“ပေါက်ပင် ဘာကြောင့် ကိုင်းရတယ် – ဗျိုင်းနားလို့ ကိုင်းရ တယ်
ဗျိုင်းဘာကြောင့် နားရတယ် – ငါးပေါ်လို့ နားရတယ်
ငါးဘာကြောင့် ပေါ်ရတယ် – မိုးရွာလို့ ပေါ်ရတယ်
မိုးဘာကြောင့်ရွာရတယ် – ဖားအော်လို့ရွာရတယ်
ဖားဘာကြောင့် အော်ရတယ် – မြွေကိုက်လို့ အော်ရတယ်
မြွေဘာကြောင့် ကိုက်ရတယ် – ငါ့ဝမ်းပူဆာ မနေသာလို့ ကိုက်ရတယ်”။
အာဂ
August 28, 2014 at 5:36 pm
ကျန်ခဲ့တယ် သူကြီး…
(“ပေါက်ပင် ဘာကြောင့် ကိုင်းရတယ် – ဗျိုင်းနားလို့ ကိုင်းရ တယ်
ဗျိုင်းဘာကြောင့် နားရတယ် – ငါးပေါ်လို့ နားရတယ်”)
အဲဒီမှာကျန်တာလေးက
ငါးဘာလို့ပေါ်ပေါ်..ကျွဲလူးလို့ပေါ်။
ကျွဲဘာလို့လူးလူး ဖြုတ်ကိုက်လို့ လူး။
ဖြုတ်ဘာလို့ ကိုက်ကိုက်….မိုးရွာလို့ကိုက်။
မိုးဘာလို့ရွာရွာ..ဖားအော်လို့ရွာ……(ကျနော်သိတာ လေးဆရာဝင်လုပ်ကြည့်တာ။)
အိမ်လွမ်းသူ
August 26, 2014 at 10:22 pm
ဪ မြန်မာစာပေကိုမှ အောက်ပိုင်းမြန်မာစာပေကို ပိုစိတ်ဝင်စားပုံရတယ်။ ရေးထားတဲ့ ကဗျာတွေကို အကြမ်းဖတ်ကြည့်တာ အကုန်ခါးအောက်က မတက်တော့ဘူး။ အေးဗျာ ခင်းဗျားလိုလူမျိုးတွေ ကျုပ်အသိုင်းအဝိုင်းမှာလဲ တော်တော်များများ တွေနေရတယ်ဗျ။ ခင်းဗျားလိုပဲ တကယ့် စာဖတ်အားကောင်းတဲ့ လူတွေပါ တော်တော်လဲ ဗဟုသုတနဲ့ ပြည့်စုံကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ စိတ်ခံစားမှူ့ဟာ ဘယ်လိုဖြစ်နေသလဲ ဆိုတော့ အဓိကက ငါတို့လို ပညာရှင်တွေကို နေရာမပေးရကောင်းလား ဆိုတဲ့ ဆိုက်ကိုဝင်ပြီး လက်ရှိလုပ်နေတဲ့သူ မှန်သမျှကို ကောင်းတဲ့ဘက်ကလုံးဝမကြည့်ပဲ့ ဆိုးတဲ့အကွက်ကို မရရအောင်ရှာပြီး ပြောတော့တာပဲ။ အမှန်က သူတို့ရဲ့မသိစိတ်မှာ ထင်ပေါ်လိုမှူ့တွေရှိနေတယ်။ သူတို့ဟာ သူတို့သိတဲ့ ဗဟုသုတတွေနဲ့ ထင်ပေါ်နေသူတွေကို ဝေဖန်ထောက်ပြ လိုက်ရင်တော့ လူတွေသူ့ကို အာရုံဆိုက်လာမယ် သူ့ကိုနေရာပေးလာ လိမ့်မယ်လို့ထင်ထားကြတာကိုး။ အဲဒိလူမျိုးတွေဟာ ဘယ်လိုလူတွေများသလဲ ဆိုတော့ အရင်စစ်အစိုးရခတ်က စစ်အစိုးရကို အတိုက်အခံပြောခဲ့ ပါရက်နဲ့ ဒီမိုခတ်မှာနေရာ မရသူတွေ။ ပညာတွေတက်ပြီး နိုင်ငံတကာမှာ ရာထူးကြီးတွေနဲ့လုပ်ပြီး ပြည်တွင်းက ဘာမှနိုင်ငံတကာ အသိအမြင်မရှိတဲ့သူတွေက ဒိလိုနိုင်ငံတကာနဲ့ ဆက်ဆံနေရတဲ့ အချိန်မှာ သူတို့စီကဘာ အကြံညဏ်မှလာ တောင်းခြင်းမခံရသူတွေ နောက်ပြီး အရင်အစိုးရခတ်ကတည်းက တိုင်းပြည်က လဲမထွက် ဘာအကြိုးအမြတ် ပိုင်ဆိုင်မှူ့မှမရပဲ လုပ်လာ ( တကယ်က ဂွင်အချီကြီးစောင့်ရင်း အချိန်တွေ ကုန်သွားတာ ) ကိုယ့် လယ်ဗယ်တန်းတွေကြည့်တော့လဲ အရမ်းကောင်းစားနေတာကိုမြင်ရ အဲဒီအချိန်မှာ အားမလိုအားမရတွေဖြစ်ပြီး သူတို့တက်သလောက် မှတ်သလောက် ဗဟုသုတတွေနဲ့ ထင်ပေါ်မှူ့ရလိုရငြား စွတ်ပြောတော့တာပဲ။ ကိုသစ်မင်းပြောတဲ့ Q တွေအရပြောရရင် အဲဒီလူတွေဟာ IQကလွဲပြီး ကျန်တဲ့ Q အကုန်ချို့ရွင်းနေတဲ့ သူတွေလို့ပဲ ပြောရမှာပဲ။ စိတ်တော့မရှိနဲ့ဗျား ကျုပ်ကတော့ လူတယောက်ကို စာအုပ်တွေအရမ်းဖတ်ပြီး သမိုင်းကျောင်းတွေကို အထစ်အငေါ့မရှိ ပြောနှိုင်တဲ့သူထက်စာရင် လက်ရှိသူလုပ်နေတဲ့ အလုပ်ပေါ်မှာပဲ Logically အရ ကောင်း၏မကောင်း၏ ကြည့်ပြီးဆုံးဖြတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျုပ်တွေ့ဖူး သမျှတော့ ဘယ်သူ ဘယ်ပညာရှင်ကတော့ ဘာတွေလုပ်ခဲ့ပါတယ် ဘယ်လိုတော့ဖြင့်ပြောခဲ့ ရေးခဲ့ပါတယ် လို့အာဘောင်အာရင်းသန်သန်ပြောတက်တဲ့သူ တွေဟာ တကယ်လက်တွေ့မှာ ဘာအလုပ်မှမဖြစ်တဲ့သူတွေများနေလို့ပဲ။ တိုက်ဆိုင်မှူ့ရှိရင် ခွင့်လွှတ်ပါ ဗျာ။
alinsett
August 27, 2014 at 6:52 am
ဦးအိမ်သတိရ . . .က
အကြမ်းဖက်သမားကိုးးးး
စာကို အကြမ်း ဖတ် လိုက်တယ်ဆိုတော့
အဲ့ဒီ ကဗျာတွေကို အချော ပြန်ဖတ်ကြည့်ပါလားဟင်
ကဗျာဆရာတွေရဲ့ နှလုံးသားထဲက
ခံစားမှု အငွေ ့အသက်ကလေးတွေထိ ခံစားကြည့်လို့ရတဲ့အထိပေါ့
အကြမ်းဖတ်တာထက် အချော ဖတ်တာက ပို အရသာရှိပါတယ်ဗျ ။
အရသာ ရှိအောင် ဆိုလို့
အောင်ရင်ငြိမ်းဝတ္ထု ဖတ်လိုက်ရသလိုကြီးလည်း ဖြစ်မသွားနဲ့ဦးနော်။
ဟိုဟာက တကယ့် အညှီကြီး တမင်ကို ညှီအောင် ညှီထားတာ။
ဒီကဗျာတွေက ညှီယောင်ဆောင်ထားရုံလို့ ပြောလို့ရရုံလေး
ဒါက အပြင်ပိုင်းအမြင်နဲ့ကြည့်ရင်
ကဗျာရဲ့ အတွင်းပိုင်းမှာ နောက် တစ်လွှာရှိတယ်။
အဲ့ဒီ အတွင်းက အလွှာကို မြင်အောင်ကြည့်။
အကြမ်း မဖတ်နဲ့ ။ အချောဖတ်။
ကဗျာဆရာရဲ့ အနု နဲ့ ပညာကို အံဝင်ခွင်ကျ ပစ်ထည့်ပြထားတဲ့ ဖန်တီးနိုင်စွမ်းကို မြင်အောင်ကြည့်ရင်
ခါးအောက်ပိုင်းကဗျာတွေပါကွာ ဆိုတဲ့ စကားလုံးနဲ့ စွပ်စွဲမိတာကို
ခင်ဗျား ရှက်သွားမှာပဲ။
ကျနော်ဆို ကဗျာကို ဘယ်တော့မှ အကြမ်းမဖက်ဘူး။
😆
———-
ကျန်တာတော့ ဘာမှ မပြောလို
:kwi:
အိမ်လွမ်းသူ
August 27, 2014 at 12:13 pm
ညီအလင်းဆက်ရေ ကိုယ့်က အဲဒီကဗျာတွေအားလုံးဟာ ညစ်ညမ်းနေတယ်လို့ပြောတာမဟုတ်ရပါဘူး။ စာရေးသူဟာ အဲဒီနေရာလေးတွေကိုပဲ ကွက်ပြီး မညှီညှီ အောင်ထုတ်နှုတ်ပြနေတာကိုပြောတာပါဗျာ။ နောက်ပြီး ငါ့ညီပြောတဲ့ “ခါးအောက်ပိုင်းကဗျာတွေပါကွာ ဆိုတဲ့ စကားလုံးနဲ့ စွပ်စွဲမိတာကို
ခင်ဗျား ရှက်သွားမှာပဲ” ဆိုတာကိုပါ။ ငါ့ညီရယ် ရှက်စရာလားကွာ အဲဒီမူရင်း စာရေးဆရာကြီးကိုယ်တိုင်ကိုက သက်သက်ကို ဒီစကားလုံး ( အညှီစာလုံး) တွေသုံးပြီး အခြားအဓိ္ဓယ်မျိုးနဲ့ လူတွေကိုရေးပြခဲ့ ကြတာပဲ။ ကိုပြောတာ စကာလုံးတွေကို ပြောတာနော် ကဗျာရဲ့အဓိ္ဓယ်ကိုပြောနေတာ မဟုတ်ဘူး
alinsett
August 27, 2014 at 2:57 pm
ကဗျာမှာ အပိုင်း နှစ်ပိုင်း(ယေဘုယျ) ပိုင်းလိုက်လို ့ရတယ်လေ… ။
ကဗျာတစ်ပုဒ်မှာ စာသားကိုပဲ..ဆွဲထုတ်ခံစားလို ့ ကိစ္စ မပြီးဘူးဗျ ။
အဓိပ္ပယ်ထဲကို နက်နက်ရှိုုင်ရှိုင်း တိုးဝင်ခံစားပြီး…
ကဗျာ ခံစားတဲ့ကိစ္စ ပြီးပြီဆိုမှ…..
အဲဒီ ကဗျာကို ဝေဖန်ပိုင်းခြားရမှာ
စာသားလေး အပေါ်ယံဖတ်ပြီး (အကြမ်းဖတ်ပြီး) ဒီကဗျာက အညှီကြီး…. လို ့ သတ်မှတ်ချက် ထုတ်လိုက်တာတော့….
မကောင်းဘူးပေါ့ ။
ကိစ္စပြီးအောင် လုပ်ပါဗျ ။
ပြီးမှ…အရသာ ပေါ်တာ… ။
အဟွတ် ။
အချိန်မရလို ့… ဒီလောက်လေး လျှာဝင်ရှည်လိုက်တယ် ။
ရေးစရာတစ်ခုတော့ပေါ်လာပြီ ။
အားရင် ရေးဦးမှ… ။
ခင်မင်လျက်
အိမ်လွမ်းသူ
August 27, 2014 at 4:19 pm
ငါ့ညီရေ ကိုဟာ ကဗျာတွေကို သိပ်မဖတ်တဲ့ အတွက် ညီလောက်တော့ သိမှာမဟုတ်ဘူး။ ဒါပေမယ့် ညီပြောတဲ့ ကဗျာရဲ့ အဓိပ္ပယ်ထဲကို နက်နက်ရှိုုင်ရှိုင်း တိုးဝင်ခံစားပြီး မှဝေဖန်ပါဆိုတာကြီးကို သိပ်နားမလည်ဘူး။ ကဗျာဆိုတာ ကဗျာရေးသူရဲ့ လျှပ်တပျက်ဖြစ်ပေါ်လာတဲ့ ခံစားချက်ပေါ်မှာ ရေးဖွဲ့ထားတာဖြစ်တဲ့ အတွက် ကဗျာတိုင်းကို အဲဒီကဗျာရေးသူဟာ ဘာအကြောင်းကြောင့်ရေးတယ်ဆိုတာ ကြီးကိုတိတိကြကြ အဓိပ္ပယ်လိုက်ဖော်နေလို့ မဖြစ်နှိုင်ပါဘူး။ ကဗျာတိုင်းကိုပြောတာ မဟုတ်ပါဘူး တချို့ကဗျာတွေဟာ သာမန်ဖတ်ကြည့်ရုံနဲ့ ဆိုလိုရင်းကိုသိ နှိုင်ပေမယ့် တချို့ကဗျာတွေဟာ ဖတ်သူရဲ့ အတွေးပေါ်မှာမူတည်ပြီး အဓိပ္ပယ်အမျိုးမျိုးထွက်နေနှိုင်ပါတယ်။ ငါ့ညီက ကဗျာတပုဒ်ကို ဒီအဓိပ္ပယ်နဲ့ ခံစားပေမယ့် ကို က အခြားအဓိပ္ပယ်တခု နဲ့ ခံစားချင် ခံစားနေလိမ့်မယ်။ အဲဒါကို ကဗျာရဲ့ အဓိပ္ပယ်က ဒါပါဗျာလို့ပြောနေရင် အဲဒါကဗျာမဟုတ်တော့ပဲ အဆိုအမိန့်ကြီးဖြစ်သွားမှာပေါ့။ မှားချင်လဲမှားမယ် ကိုနားလည်ထားတဲ ကဗျာရဲ့ အဓိပ္ပယ်ဆိုတာ ဖတ်သူရဲ့ ခံစားမူ့ပဲ။ ဒီလူတစ်ယောက် ကပဲ ဒီကဗျာကိုပဲ ဖတ်တာချင်းအတူတူတောင် သူရဲ့ စိတ်အခြေအနေလိုက်ပြီး Diversity ဖြစ်ရင်ဖြစ်နေလိမ့်မယ် ဥပမာ ပျော်နေရင်တစ်မျိုးခံစားပြီး စိတ်ညစ်နေရင်တစ်မျိုးခံစားချင် ခံစားနေလိမ့်မယ်။ ကို ဆိုလိုချင်တာ ကဗျာရဲ့ အဓိပ္ပယ်မှာ ဘောင်မရှိတာကိုပြောတာပါ။ အဲဒီတော့ ကိုရဲ့ ကဗျာတွေပေါ်ခံစားတဲ့ အဓိပ္ပယ်ဆိုတာ ကို ရဲ့ ကိုယ်ပိုင်ခံစားမှူ့ပေါ်မှာပဲမူတည်ပါတယ် ဘယ်သူ့ရဲ့ အတွေးကမှလွှမ်းမိုးခွင့်မရှိပါဘူး။ အဲဒီတော့ ညီရာ ကိုက ဒီကဗျာတွေကို ညှီတယ်လို့ ခံစားနေရတာကိုလဲ အပြစ်တော့ မတင်ပါနဲ့ ငါ့ညီရာ။ ဘာရယ်တော့မဟုတ်ပါဘူး စာရေးနေရင်းနဲ့ ညီတွေ အသုံးများပြီး ဆရာဇော်ဂျီရဲ့ ညီသစ်ဆင်းကဗျာစုထဲက စာပေအလှ ကဗျာလေးသွား သတိရမိတယ်။
” ငါ့ညီပြောင်ဝင်း မောင်သစ်ဆင်း။
မင်း၏သားငယ် သက်နှစ်ဆယ်သည်။
ဘယ်စာပေကို ကြိုက်သနည်း။
ကိုယ်ရေသွေးလို ပလွှားလို၍။
သူကိုမုန်းတီး အမျက်ကြီး၍။
ပုတီး ဖြူစင် ပြစားချင်၍။
ယဉ်ပေစိတ်ကူး စာသံကျူးလည်း။
စိတ်ကူး ယဉ်မျှ သာမည။
လာက ကောင်းဆိုး ကံသုံးမျိုး၏။
ကျိုးပြစ်ချိန်လျှာ အမြင်ပါ၍။
မတ္တာဓမ္မ အမြင်ပြ၍။
ဘဝခြေခံ စိတ်ကူးညဏ်ဖြင့်။
ဖန်တီးပါမှ စာအလှ။
alinsett
August 27, 2014 at 7:26 pm
အဲဒီကဗျာလေး…
ကျနော်ချစ်တယ်ဗျ ။
အဲ…ဘယ်ကဗျာဖြစ်ဖြစ် ချစ်ကြည့်မယ်လို ့တော့…ဆုံးဖြတ်ထားတာပဲ… ။
ဦးအိမ်လွမ်းသူကလည်း ကဗျာသမားပဲ ။
ကျနော်တို ့ ကဗျာပြခန်းလုပ်တုန်းကတောင်…
ကဗျာလေးပို့ပေးခဲ့သေးတယ်လေ.. ။
အဲဒီကဗျာလေးကိုလည်း..ကျနော် ချစ်တာပဲ… ။
——————————————-
ဆိုတော့…
ကဗျာချစ်တဲ့သူတွေ အချင်းချင်းပဲ…လို ့ တွေးမိပြီး…
နွေးထွေးစွာ ခင်မင်မိပါတယ် ။
အဲ….အဲ…..အဲဒီ Comment အသွားအလာကို ကြည့်ရတာ….
အဲဒီ တော့…
ဖြစ်ပုံက…
ကဗျာကိစ္စ မဟုတ်တော့ဘူး ။
ဒါက လူပုဂိ္ဂုလ် ဝေဖန်ရေးတွေ ဖြစ်လာပြီ ။
အဲဒါကြီးနဲ့တောင် …ငြိနေသလားပဲ… ။
—————
ဆိုတော့…
ကဗျာအကြောင်းလေး ဘာလေး..ပြောကြရအောင်ဗျာ… ။
ကျန်တဲ့အကြောင်းတော့… သိပ်မပြောချင်သေးဘူး ။
သွားလိုက်ပါဦးမယ်.. ။
ရာမည
August 27, 2014 at 8:15 pm
ကြက်ဆင်ပုလိပ်ပီသပါတယ်ခင်ဗျာ ဟီဟိ
ကိုအိမ်လွမ်းသူပြောတာ ကိုစည်းကမ်းနဲ့ကိုင်မယ်ဆိုရင်
ဂေဇက်ထဲမှာ အများကြီးငြိနေတာတွေ့ရပါလိမ့်မယ်ခင်ဗျာ
ဒီလောက်လေးပြောတာက်ို စန်းစန်းတင့်နေရင်
ကိုကြောင်ကြီးပြောတာက ဒီထက်ပိုဆိုးပါတယ် ကိုအလင်းဆက်ခင်ဗျာ
ကိုကြောင်ကြီး ဒီလိုပြောရဲပါလားခင်ဗျာ ဟီဟိ
ကိုအောင်ပုကို ပြောရဲပါလားခင်ဗျာ
ဝါသနာပါရင် မြန်မာပြည် ပုလိပ်အဖွဲ့ကို ဝင်ခဲ့ပါခင်ဗျာ
ဥပဒေကို လိုသလို ဆွဲဆန့်တာ မြန်မာပုလိပ်အကျင်ပါခင်ဗျား 🙂
ကြက်ဆင် ပုလိပ်တွေမှာလည်း ဒီအကျင့်တွေတွေ့ရလို့ ချီးကျူးပါတယ်ခင်ဗျာ ဟီဟိ
alinsett
August 28, 2014 at 12:48 am
သိုင်းကျူးနော်
ကြက်ဆင်ပလိပ်အချင်းချင်း ကျနော့်ကို ချီးကျူးစကားဆိုသွားလို့
ကျန်တာတော့ ဘာမှ ဝင်မပြောတော့ပါဘူးဗျာ။
ပထမတော့ ညှီတယ်ဆိုတဲ့ကဗျာဘက်ကနေ ဝင်ပြောမလို့ပဲ။
အခုဟာက စာ တိုက်ပွဲမဟုတ်ပဲ လူရိုက်ပွဲကြီးဖြစ်နေပြီမို့
ပြေးပြီဗျို့
ဝှစ်ဝှစ်စ်
အပျင်းလည်း ပြေသွားးပြီ။
နောက်တစ်ခါ ပျင်းမှ ဒီလူကြီးတွေကို ထပ် လာစမယ်နော့
အိမ်လွမ်းသူ
August 27, 2014 at 8:30 pm
ငါ့ညီရေ ကို ပထမပြောချင်တာက အဲဒီ အိမ်လွမ်းသူဆိုတဲ့ ကဗျာဟာ ကိုရေးထားတာ မဟုတ်သလို့ ငါ့ညီတို့ ကဗျာပြခန်းကိုလဲ့ ကိုဘယ်ကဗျာမှ မပို့ထားပါဘူး။ ညီ လူမှားပြီးပြောတယ် ထင်တယ်။ နောက်ပြီး ကို ကိုကဗျာသမားလို့ မပြောပါနဲ့ ကိုဟာ ဘာကဗျာ တစ်ပုဒ်ကိုမှ အခုချိန်ထိ မရေးဖူးသေးပါဘူး ညီရေ။ နောက်တခုက စာရေးသူကို ပုဂိ္ဂုလ်ရေးဝေဖန်သလိုဖြစ်သွားရင်တို့ ဒီနေရာကပဲတောင်းပန်ပါရစေ။ ဒါပေမယ့် တစ်ခုတော့ပြောပါရစေ စာရေးသူဟာလဲ ဒေါ်အောင်ဆန်းစုကြည့်ကို sanction ကိစ္စမှာ အတိအလင်း ပုဂိ္ဂုလ်ရေးဝေဖန်ထားတာ ညီတွေ နှိုင်မှာပါ။ ဒါဆိုရင် သူကကော သူကို ပြန်ဝေဖန်တာကို ဘာလို့ လက်မခံနှိုင်ရတာလဲ ငါ့ညီ။ လူဆိုတာ သူများကို ဝေဖန်ရင် ကိုယ်ကိုပြန်ဝေဖန်ရင်လဲ လက်ခံနှိုင်ရမယ်လေ မဟုတ်ဘူးလား။ ကိုယ်ကိုလဲ ခင်းဗျားဟာ ဒေါ်အောင်းဆန်းစုကြည့် ဘာလုပ်လုပ် လိုက်ထောက်ခံနေတဲ ကောင်ပါလို့ဝေဖန်ရင် လဲ ကြေနပ်စွာနဲ့ ပဲခံယူပါရစေ။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်အသက်အရွယ်နဲ့ သိတဲ့ အသိရယ် အတွေအကြုံအရရယ် ဒေါ်အောင်းဆန်းစုကြည်လောက် တိုင်းပြည်ကိုကောင်းအောင် လုပ်ပေးနှိုင်တဲ့သူ ကို မတွေသေးလို့ပါ ငါ့ညီ။ ရှိလာရင်လဲ နောက်လိုက်လုပ်ဖို့ အစဉ်သင့်ပါပဲ။ အဲဒီတော့ ငါ့ညီရေ ကိုယ့်တစ်ဦးတည်း အမြင်အရ ကောင်းတာလုပ်နေတယ် လို့ထင်တဲ့ သူတစ်ယောက်ကို အခြားတစ်ယောက်က ဝေဖန်စွပ်ဆွဲလာပြီးဆိုရင်လဲ ကိုယ့်တစ်ဦးထဲ အနေနဲ့ အဲဒိလူကို ပြန်ဝေဖန်ဖို့ အသင့်ပါပဲလို့ပြောချင်ပါတယ်။ ဒါကိုမှ ရွာစည်းကမ်းနဲ့ ငြိနေတယ်ဆိုရင်လဲ လုပ်ပိုင်ခွင့်ရှိသူတွေ ကြိုက်တဲ့အချိန် ကိုယ်ကိုပိတ်ပိုင်ခွင့်ရှိပါတယ်။ ဒါလာပြောတာပါ ငါ့ညီရေ။
alinsett
August 28, 2014 at 12:53 am
အော်
ဦးအိမ်သတိရကို ကျနော်က ကဗျာပို့ဖူးတဲ့ အိမ်လွမ်းသူ ထင်နေတာ
ဒါဖြင့် ရွာထဲမှာ အိမ်လွမ်းသူ နှစ်ယောက်ရှိတယ်ပေါ့။
ထားပါတော့။
——–
ပုဂိ္ဂုလ်ရေးဆိုင်ရာ စည်းကမ်းချက်နဲ့ ငြိ မငြိ ကိစ္စကိုတော့ ကျနော့်အနေနဲ့တစ်ခုပဲ ထပ်ဖြည့်ပြောချင်တော့တယ်ဗျ။
”ဒေါ်စု ဟာ ဒီဂဇက်ရဲ့ မန်ဘာ မဟုတ်ဘူး ”
”ဦးအိမ်သတိရနဲ့ ဦးရွှေညာသားတို့ဟာ ဒီဂဇက်ရဲ့မန်ဘာတွေ ဖြစ်တယ်”
အဲ. . . .အဲဒီကိစ္စကြီးလည်း ထားပါတော့ဗျာ။
ကဗျာက ညှီနံ့မရဘူး။
လူညှီနံ့တွေ ရလာလို့ . . . ထားလိုက်ပါတော့ ။
မထားချင်လည်း ယူသွားပါတော့
ဦးကြောင်ကြီး
August 27, 2014 at 9:21 am
နင်လုပ်တာနဲ ့ဟိုမှာ ငိုသွားပီ..။ ခွီး.. ငါက ဒင်းကို ရိုက်မလို့ ချက်ကောင်းစောင့်နေတာ..။ သူက ရွာမှာ နေတော့ဖူးတဲ့.. ရွာကြက်တွေက မရင့်လို့တဲ့… အပါ့ကွာ… ကြက်ဆိုတာ နုလေချိုလေ.. မဒန်းကြက်လေးတွေဆို သိပ်ဈေးကောင်း…
အိမ်လွမ်းသူ
August 27, 2014 at 12:24 pm
ခင်ဗျားလဲ ကျုပ်ပြောတဲ့ လူမျိုးတွေထဲက တစ်ယောက်ယောက်နဲ့ သွားတူနေလို့ ကျုပ်ကို ရိုက်ချင်နေပြီထင်တယ်။ အဲဒါပဲဗျ လူဟာ ဘယ်လောက် ညဏ်ကောင်းကောင်း ဘယ်လောက်စာအုပ်တွေဖတ်ပြီး ဗဟုသုတရှိရှိ တကယ်အတွင်းစိတ်သန္ဓမကောင်းရင် လူကောင်းမဟုတ်ဘူးဗျ။
ရွှေညာသား
August 26, 2014 at 11:10 pm
ဪ အန်တီဒုံကို သေသေချာချာပြောထားပါတယ်..
အရင့်အရင်တွေနဲ့ မတူတဲ့ ဟာသဆန်ဆန်ကဗျာတွေပါလို့….
ခက်တာက ကလေးတစ်ယောက်ကို မြင်စေဖတ်စေချင်လို့ ရေးပြပေးထားတာပါ။
အချို့သော Comments တွေအပါအဝင် ပြန်ပြောစရာမလိုဘူး
ထင်လို့လည်း အချို့ှုတွေကိုတော့ ပြန်မပြောတော့ပေမယ့်
အန်တီဒုံကို လေးစားလို့ စာပြန်လိုက်တာပါ။
အလင်းဆက် အတွက် မြန်မာစာလေ့လာနိုင်ဖို့ပါ။
အားလုံးဟာ အရင့်အရင်သော စာပေပညာရှင်ကြီးတွေရေးထားတာလို့
သိရပြီးဖြစ်မှာပါ အန်တီဒုံရေ…
ဖတ်သွားတဲ့အတွက်
ကျေးဇူးတင်ပါတယ်…
ရွှေညာသား
August 26, 2014 at 11:13 pm
သဂျီးဥကိုင်ရေ
အဓိကကတော့ သဂျီးက ပညာရှင်ဆန်ဆန်ကဗျာတောင်းတာမဟုတ်ပဲနဲ့
အမြင်ပြောင်းဖို့ဝင်ပြောသွားတာပါ။
ဟုတ်မှာပါ။
ဒါပေမယ့် ကျွန်တော်ဝန်ခံထားတယ်နော်
ကျွန်တော်မှားချင်လည်း မှားမယ်လို့
ခက်တာ အမြင်မတူရင် ရန်သူဖြစ်စတမ်းဖြစ်နေတာ
ကျွန်တော်မှားကောင်းလည်း မှားနိုင်တယ်ဆိုတာ ရိုးသားစွာပြောခဲ့ပြီးသားပါ
သို့သော် အချို့ အချို့က .. မရင့်ကျက်တော့ခက်ပါတယ် သဂျီးရေ..
အင်း ပေါက်ပင် ဘာကြောင့်ကိုင်းရတယ်ပေါ့…..
ရွှေညာသား
August 26, 2014 at 11:23 pm
ညီလေး အလင်းဆက်သို့
အကို့အနေနဲ့ အတတ်နိုင်ဆုံး Post တွေမှာ ရေးသားခဲ့ပြီးပေမယ့်
အမြင်မတူတာ ပြောမိတော့ ငါနဲ့မတူ ငါ့ရန်သူ ဘဝရောက်သွားတယ်..
ဒီတော့ ညီရေ … ရွာထဲမှာ ဒီမိုကရေစီတောင် မတည်ဆောက်နိုင်မှတော့
တစ်နိုင်ငံလုံးဆိုတော့လည်း ဝေးပါသေးရဲ့ကွာ…
ပြောချင်တာက …
အကိုဖန်တီးတဲ့ စာတွေက ရယ်စရာတွေ .. ပျော်စရာ.. ကလေးကဗျာ…ဆိုပေမယ့်
အချို့သော သူတွေကတော့ အမြင်မတူတာနဲ့တင်
ပုတ်ခတ်မယ် ….ဆဲမယ်… ကိုယ့်အဆင့်အတန်းနဲ့ မညီတဲ့ …
Comments တွေပေးလေ့ပေးထရှိကြတာကြောင့် စိတ်မကောင်းစွာပဲ ရွာအပြင်ခဏထွက်ပါမယ်…
ညီလေးရေ … Post တွေကို ခေတ္တရပ်နားထားမယ်ကွာ…
စိတ်တော့မကောင်းပါဘူး…..
လွတ်လပ်မှု့ဆိုတဲ့ အရာမှာ ကိုယ်မြင်ချင်တာကို မြင်ခွင့်ရှိပါတယ်…
အဲဒီ့အမြင်မှားချင်လည်းမှားမှာပေါ့…
အကိုရေးခဲ့သမျှတွေမှာ အကိုကြည့်မှန်ပါတယ်ပြောရင် အပြစ်တင်ပါ..
သို့သော် အမြင်မတူတာနဲ့တင် အကိုမှားတယ်မပြောနဲ့နော်….
သို့သော် .. မရဘူး ဒီအတိုင်းပဲ မြင်ဆိုရင် … အဲသူတို့ကိုယ်တိုင် အာဏာရှင်ဖြစ်သွားပြီပေါ့….
အကို ဒီစာရေးတာ …. ခါးအောက်ပိုင်းကမတတ်ဘူးဆိုတဲ့ .. အဆင့်မရှိတဲ့ Comments
တစ်ခုကြောင့် …. စိတ်မကောင်းစွာပဲ ရပ်နားထားလိုက်ပါတယ်…..
နောက်များမှ စိတ်ပါလာရင် .. ဝင်ဆက်ရေးတာပေါ့…
အဲပြောချင်တာက .. ညီ့ Email လေးနဲ့ Phone နံပတ်လေး Comments မှာရေးထားခဲ့ပါလို့
အကိုပို့ပေးရမယ့် စာလေးရှိနေလို့ပါ…
ွှ့Thanks ပါညီလေးရေ…………
ဇီဇီ ခင်ဇော် (15102012)
August 27, 2014 at 5:02 am
ကျုပ် က ခင်ညားးး နဲ့ ဆက် ရန်ဖြစ် ချင်
အဲ ဆက် ငြင်းးးချင် သေးးးတာ…..
မလာအားးးလို့ ပါ အေ့!!!
ကျုပ် ရှေးးးးဟောင်းးးနှောင်းးးဖြစ် အစားးးအသာက်တွေရော တင်ပေးးးတော့ ဝူးးးလားးး???
😥
ဝင့်ပြုံးမြင့်
August 27, 2014 at 1:21 am
-သို့ ဂျစ်သောအစ်ကိုကြီး ဟိုဘက်ကပို့စ်မှာ ဖတ်လိုက်ရလို့ လန့်ပြီး ဒီဘက်ရောက်လာတာ။ စိတ်မဆိုးပါနဲ့။ ဒီရွာက ဒီလိုချည်းပဲ။ ငါနဲ့မတူ ငါ့ရန်သူ သဘောမျိုးဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်နော်။ ဟိုဘက်က ပို့စ်မှာ ဘယ်သူမှန်းမသိကတည်းက ကွန်မင့်ဝင်ပေးလိုက်တာ။ ဒီရွာထဲမှာက အမေစု ထိရင် မလွယ်ကြဘူး။ ဒါပေမယ့် မျှစ်မ တို့ ဒီသဘောမပြောပါဘူးနော်။ စနစ်ကိုပဲ တိုက်ကြတာပါ။ လူကို မတိုက်ပါဘူး။ ဒီဘက်ကလူ မဟုတ်ရင် ဟိုဘက်ကလူဖြစ်လိမ့်မယ့်လို့ ပြောကြတာမျုးိကတော့ လွန်ပါတယ်နော်။ ကြားနေဆိုတာလည်း ရှိတာပဲ။ အစ်ကိုကြီး ပြောတဲ့ကိစ္စ ရန်ကုန်တက္ကသိုလ် နယ်မြေက ပညာတတ်တွေ အမေစုကို သိပ်မကြိုက်ကြဘူး ဆိုတာကတော့ အမှန်ပါပဲ။ ဒါကလည်း ပညာရှင်ဆိုတော့ ပရောဂျက် မမြင်ရရင် စိတ်တိုတယ်။ မျှစ်မကတော့ ဘယ်လိုထင်လဲဆိုတော့ အစ်ကိုကြီးဟာ ဟိုဘက်လည်း မဟုတ်၊ ဒီဘက်လည်း မဟုတ်၊ အကုန်လုံးကို စိတ်ချဉ်ပေါက်မိတဲ့ လူတစ်ယောက်ဖြစ်နိုင်တယ်လို့ နားလည်ပါတယ်။
—
ကဗျာတွေနဲ့ ပတ်သက်ပြီးတော့ကလေ အရီးလတ် မြန်မာစာမုန်းရင် ကုလားလိုပြောပါလိမ့်မယ်။
မျှစ်မကတော့လေ အချိန်မရလို့ ကောင်းကောင်းကို မဖတ်နိုင်ဘူးဆိုတာ ဝန်ခံပါတယ်။ မြန်မာစာကိုရော တခြားဘာသာစကားကိုရော အလှအပတွေကို ခံစားလို့ရပါတယ်။ ဒီလောက်ရှားရှားပါးပါးတွေ စုထားရတာ ဘယ်လွယ်ပါ့မလဲ။ ဆက်ပြီးတော့လည်း တင်ပါနော်။ စိတ်ဆိုးပြီး ထွက်မသွားပါနဲ့။
—
ရွာထဲကလူတွေနဲ့ ပတ်သက်ပြီးပြောရရင်တော့ ဂေါက်ကြောင်ကိုတော့ ခေါက်ထားလိုက်စမ်းပါ။ ဒီရွာထဲကလူတွေအားလုံး လစ်ရော တစ်ရော တနည်းမဟုတ် တနည်း ဂွသမားတွေချည်းပါပဲ။ ထိပ်ဆုံးကတော့ သဂျီးပါ။ သူက အရေထူတယ်။ မိဂျောင်းကျောကုန်းနဲ့ ဖားပြုတ်ကျောကုန်း နှစ်မျိုးစပ်ထားသလိုမျိုး။ ဒီရွာထဲမှာ ပျော်ပျော်နေပါ အစ်ကိုကြီးရေ။ ကိုယ့်ကိုချစ်သူရော မုန်းသူရော နှစ်မျိုးစလုံးလာနိုင်တာပဲ။
Iris
August 28, 2014 at 5:39 am
အိမ်လွမ်းသူရေ…ဘာမှအများကြီးတွေးမနေနဲ့ ကိုယ့်အယူအဆနဲ့သူ့အယူအဆ ကထပ်တူမကျနိုင်ဘူး။ ကိုယ်ဒီလိုတွေးပေမဲ့ သူတို့လည်းဒီလိုတွေးပါလားဆိုတဲ့ အသိတစ်ခုထပ်ရတယ်။
ရွာ့ပုလိပ်တွေကတော့ မှတ်မှတ်ရရပါပဲ။ တစ်ခါတုန်းက ကော်မန့်တစ်ခုမှာ ဦးကြောင်ကော်မန့်ကိုကော်ပီကူးပြီး ညွန်းတာ မော်ဒီဖိုင်းလုပ်ခံရပါလေရော။ ဒါပေမဲ့ ဦးကြောင်ကော်မန့်ကဒီအတိုင်းထင်းထင်းကြီး။
padonmar
August 28, 2014 at 10:35 pm
.စာပိနေလို့ ရွာရှောင်လုပ်နေတာ ဖွဘုတ်ထဲမှာ .ဆူညံဆူညံကြားလို့ အဖွားကြီးဒုံ .ပြုတ်ကျနေတဲ့မျက်မှန်ကောက်တပ်ကြည့်လိုက်မိတယ်။
………….
.ဗျို့ မုန့်ကျွဲသဲ ၊ကျမက ညှီတယ်ပြောမိလို့ ကျွဲမြီးတိုသလား။
.အကိုတွေမောင်တွေတူတွေကို ချစ်စနိုးစတာပါဗျာ။
.ခင်ဗျား စုထားတဲ့ကဗျာတွေ မနေနိုင်မထိုင်နိုင် ဝင်ဝင်ဖတ်မိလို့ .စာမေးပွဲကျတော့မှာပဲ အော်တဲ့ ပရိသတ်ကို .စိတ်မဆိုးကြေးလေ။
.ပုံ …..မုန့်ဖက်ထုပ်
.ခက်ဆစ်..
.မုန့်ကျွဲသဲ=အညာသားကျောကုန်း
.မုန့်ဖက်ထုပ်=အောက်သူမ ဗိုက်ပူ
.(ကဲ…မနေနိုင်လို့ ..ဝင်မန့်မိပြန်ပြီ၊စာမေးပွဲကျရင် .ခင်ဗျားလျော်ပေးရမယ်။အစားလာဖြေပေးရမယ်၊ဒါဗျဲ။)
.(ကိုသစ်မဟုတ်ကြောင်း ဖုန်းနံပါတ်ပေးပါမယ်ဆိုတဲ့ အီးမေးကို .စာပို့တာကြာပြီ။ စာလည်းမပျံ၊ကျီးကန်းလည်းမပျံ)
မြစာကလေး (23122011)
August 28, 2014 at 10:58 pm
. အဲန်စ်
. ညှီလို့ ညှီတယ် ပြောတာ အမှားလား အစ်မဒုံ ရဲ့။
. ရေးသူ ဆရာကြီးများ လဲ သိတယ်။
. တင်သူ ဆရာကြီး လဲ သိတယ်။
. ဖတ်သူ အားလုံးလဲ သိတယ်။
. ဖင်ပေါ် နေတာ ကို အဲဒါ ဖင်ပေါ်တာ မဟုတ်ဘူးလို့ ငြင်း နေလဲ ငြင်းတာဘဲ ရှိမယ်။
. မြင်နေတာက ဟောင်းလောင်းကြီး ကို။
. အညှီ ကို အညှီအတိုင်း ပြတာ အကြောင်း မဟုတ်။
. ဘာဖြစ်တုန်း။ ကိုယ်ကြိုက်ရာ ကြိုက်ရာပေါ့။
. ဟန်လုပ်ပြီး မဟုတ်ပါ မညှီပါ ပြောရင် ကမှ ပြသနာ။
. နောက်ပြီး ဆက်ဆက်ရေ။
. ဒေါ်အောင်ဆန်းစုကြည် က ဂဇက် မန်ဘာ မဟုတ်ဘူး။
. ဒါပေမဲ့ “ဂဇက်မန်ဘာ မြစာကလေး” က ဒေါ်အောင်ဆန်းစုကြည် အတွက် အချိန်ကုန်ခံပြီး ဂဇက်မန်ဘာ ဝင်လုပ်နေတာ ဆိုတာလေး အသိပေးတာပါ။
. ဒေါ်အောင်ဆန်းစုကြည် ကို လောင်းမဲ့ အညှီ တွေ ကို ဖယ်ဖို့။
. သူ့ ကို အပုတ်ချလိုသူများ အချိန်မရွေး ဝင်လာ အပုတ်ချနိုင်ပါတယ်။
. ကိုယ်ပိုင် လွတ်လပ်ခွင့်ပါ။
. ဒါပေမဲ့ မြစာကလေး က ပြောချင်တာ ပြန် ပြော ရင်သာ စိတ်မဆိုးကြေး။
kai
November 28, 2022 at 10:42 am
အပေါ်ပြန်ရောက်ဖို့..
========
အပျိုစစ်တုံ
တင်ပါးဆုံ
နိမ့်တုန် မြင့်တုန်
ခုန်ရမည်
အပျိုမစစ်
ထိုကာတစ်
တင်ဆစ် ရမ်း၍ခါရမည်။
သင့်အေးရိပ်
February 27, 2023 at 7:01 pm
အရင်တုန်းက ငြင်းကြခုန်ကြနဲ့…
အချက်အလက်တွေနဲ့ သေချာ မန့်ကြတဲ့ရွာကို လွမ်းလိုက်တာ၊
အရီးလတ်တို့လည်း ပျောက်ချက်သားကောင်း၊
အခုတော့ ရွာက သိပ်မစည်ကားတဲ့ မြို့ပြဆန်ဆန်ကြီး၊