အချိန်တန်ပြီ – ရွှေကူမေနှင်း

၈၈ အပြီးတွင် စစ်တပ်အင်အားကို အကြီးအကျယ်တိုးချဲ့သည်။ ထိုအင်အား အတွက် မြေသိမ်းသည်။

ပြည်လမ်း မကြီးတစ်လျှောက် မင်္ဂလာဒုံမှ ထောက်ကြံ့ လမ်းဆုံအထိကို အုတ်တံတိုင်းခတ်လိုက်ရုံနှင့် “တပ်မြေ”ဟု သစ်သား ဆိုင်းဘုတ်လေး စိုက်ထူရုံနှင့် ပြီးသွားပြီ . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

~အကြောင်းကြောင့် အကျိုးဖြစ်ကြောင်း မြတ်စွာဘုရားက ဟောခဲ့သည်။ ““ဟေတုပစ္စယော””ဟူသော ပါဠိ စကားဖြစ် ၏။

ထိုသဘောကိုပင် အိုင်းစတိုင်းကလည်း ““ရီလေတီဗတီ””ဟူသော စကားရပ်ဖြင့် သီဝရီထုတ်ပြ ခဲ့သည်။

အကျိုး တရား မှန်သမျှတွင် အကြောင်းတရားရှိကြောင်း သာဓကများစွာပြခဲ့သည်။

အကြောင်းကောင်း လျှင်အကျိုးကောင်း မည်။ အကြောင်း မကောင်းလျှင် အကျိုးမကောင်းနိုင်ပေ။

ယခုသီတင်းပတ်အတွင်း အကျိုးမကောင်းသော သတင်းတစ်ခု ကြားနေရ၍ စိတ်မချမ်းမြေ့ဖြစ်ကြရသည်။

မိမိ တစ်ဦးတည်းအတွက် မဟုတ်။ မိမိ တစ်နိုင်ငံလုံး၊ မိမိတိုင်းရင်းသားအားလုံးအတွက် ဖြစ်၏။

ယခင်က လည်း ဖြစ်ခဲ့ ဖူးသည်။ ယခုလည်း ဖြစ်နေသေးသည်။ နောင်လည်း ဖြစ်ကြဦးမည်။

ဤအဖြစ်မျိုးကို မတားဆီးနိုင်ကြတော့ပြီ လားဟုမေးလျှင် တာဝန်ခံဖြေမည့် သူမရှိပေ။…

““လိပ်ကျွန်းလူသတ်မှု””ဟု ကျော်ကြားနေသော ထိုင်းနိုင်ငံပင်လယ်ထဲရှိ ကျွန်းကလေးပေါ်၌ ဗြိတိန်နိုင်ငံ သားနှစ်ဦး အသတ်ခံရခြင်းတွင်

မြန်မာနိုင်ငံသား လူငယ်နှစ်ဦး တရားခံဖြစ်နေသော ကိစ္စဖြစ်၏။

မိမိနှင့်ဘာမျှ မသက်ဆိုင်ဘဲ မိမိလည်းဘာ မျှလုပ်ကိုင်ခဲ့ခြင်းမရှိဘဲ၊ ဦးရာဆွဲခေါ်ကာ နှိပ်စက်ညှဉ်းပန်းခြင်းဖြင့် ဝန်ခံခိုင်းခဲ့ သော

ထိုင်းရဲများ၏ လုပ်ရပ်မှာ မြန်မာနိုင်ငံဘက် မှရင်နာဖွယ်ဖြစ်နေသည်။

သို့သော် မြန်မာအစိုးရ၏ အရေးယူ ဆောင်ရွက်မှု ပြု လုပ်နိုင်ခဲ့သဖြင့် ဖြစ်စဉ်မှာ သူတို့အနိုင်ကျင့်တိုင်း မရတော့ဟု အဖြေထွက်နိုင်တော့ မည် ဖြစ် သည်။

ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခံရသူများမှာ ရခိုင်အမျိုးသား လူငယ်များဖြစ်၏။

အမိနိုင်ငံမှ ဝေးလံလှသော ပင်လယ် တစ်နေရာ အဆိုပါကျွန်းကလေးသို့ သူတို့ ရောက်နေခဲ့ကြသည်။

ကမ္ဘာလှည့်အပျော် ခရီးသည်များ အနေနှင့် သွားရောက်ခြင်း မဟုတ်။

ထိုကျွန်းသို့ အလည်လာကြသူ များအား အလုပ်အကျွေးပြုရသည့် ကျေး ကျွန်များအဖြစ် နေထိုင်နေကြရခြင်း ဖြစ် သည်။

လုပ်ခလစာငွေကြေးအတွက် အမိ နိုင်ငံနှင့်၊ မိသားစုနှင့် ဝေး ရာ၌ ရောက်နေ ကြရခြင်းဖြစ်သည်။

အလုပ်နားချိန်လေး၌ အပန်းဖြေအဖြစ် ဘီယာသောက်၊ ဂီတာ တီးနေခဲ့ ကြရာမှ မိမိနှင့်မပတ်သက်ပါဘဲ လူသတ်တရားခံ၊ မုဒိမ်းသမားများအဖြစ် ဝန်ခံခဲ့ကြရ၏။

မိမိနိုင်ငံမှ တာဝန်ရှိ သူများသာ အဖြစ်မှန်အတွက် လာရောက်ခြင်းမရှိလျှင် သူတို့နှစ်ဦး သေဒဏ်ခံရဖို့ သေချာနေသည်။

မိဝေး၊ ဖဝေး၊ ငွေကြေးမျက်နှာကြောင့် သွားခဲ့ကြရသော မြန်မာနိုင်ငံသား မျိုးဆက်သစ်လူငယ်လေးများ မျက်နှာငယ် ငယ်နှင့် ကူသူမဲ့စွာ ဘဝဆုံးကြရလိမ့်မည်။

မည်သူသတ်သွားမှန်း မဖမ်းနိုင်သည်နှင့် မြန်မာနိုင်ငံသား အလုပ်သမားလူငယ်များကို တရားမဝင် လာရောက် သူများဆိုပြီး ခပ်လွယ်လွယ်နှိပ်ကွပ်ခြင်း ကိစ္စမှာ

ယခုမှမဟုတ်။ ယခင်ကလည်း ခံခဲ့ရဖူးသည်။ မည်သူမျှ မကယ် နိုင်ခဲ့။ ယခုအမှုတွင်တော့ အစိုးရချင်း ကိစ္စအထိ ကြီးမားလာပြီဖြစ်ရာ ကယ်နိုင်လိမ့်မည်ဟုမျှော်လင့်ရ၏။

သူတို့ဘာကြောင့် ဤကဲ့သို့အဖြစ်မျိုး ရောက်ရကြောင်း စဉ်းစားလျှင် မိမိတို့ အစိုးရ၌ပင် တာဝန်ရှိသည်ဟု အဖြေထွက် နေသည်။

၁၉၈၈ နောက်ပိုင်းမြန်မာလူငယ်များ ပြည်ပသို့ အကြောင်းအမျိုးမျိုးနှင့် ထွက်သွားခဲ့ကြ သည်မှာ သိန်းပေါင်းများစွာ ဖြစ်နေပြီ။

လွန်ခဲ့သော ၃ နှစ်က မွန်ပြည်နယ်၊ ဘီလူးကျွန်းရှိ ရွာကြီးတစ်ရွာသို့ ရောက်ခဲ့၏။

ရွာဘုန်းကြီးကျောင်းက လက် လက်ထနေသည်။ စာကြည့်တိုက်မှာ စာအုပ်တွေ ပြည့်နေသည်။

ရွာထဲက အိမ်တိုင်း ဟောပြောပွဲသို့ လာကြ သည်။ ထူးဆန်းသည်မှာ မည်သည့်အိမ်မှာမှ လူရွယ်ယောက်ျားမရှိ တော့ခြင်းပင်တည်း။

တစ်ဖက်နိုင်ငံသို့ မသွားသော အိမ်မရှိချေ။ ဒါဟာ…ပျော် စရာပါလား။

ယခုနှစ်ထဲမှာပင် မန္တလေးမှ ရန်ကုန် ရထားစီးခဲ့၏။ ရထားမထွက်ခင် ဘူတာကို ငေးကြည့်မိ၏။

ရှေးကလို စည်ကားတောက်ပ မှုမရှိ။ တိုင်တစ်တိုင်ကိုမှီ၍ ထိုင်နေသော လူငယ်လင်မယားတစ်စုံ ကိုမြင် သည်။

နှစ် ယောက်လုံး၏ ဟန်ပန်ဝတ်စားပုံမှာ အညာကျေးလက်ပုံစံဖြစ်၏။

မိန်းကလေးက ထမင်းသွားဝယ်ဦး မယ်ဟု ပြောပြီး ထသွားသည်။ လူငယ်ယောက်ျားလေး ကျန်ရစ်၏။

သူ့နံဘေးတွင် သေတ္တာတစ်လုံးရှိသည်။ ရိုးရိုး သေတ္တာမဟုတ်။ ““လတ်ဂေ့ချ်””ခေါ် ခရီးဆောင်သေတ္တာ၊ လက်ဆွဲကိုင်းနှင့်ဖြစ် ၏။

လေယာဉ်စီး လျှင်သုံးနေကျ သေတ္တာမျိုး။ သူ့သေတ္တာက အသေးစားဖြစ်ပြီး ဘေးတွေ ပွန်းပဲ့နေပြီ။ ဘယ်လောက်ကြာခဲ့ပြီမသိ။

လူငယ်က သူ့လက်ကိုင်အိတ်ကိုဖွင့်ပြီး စာရွက်တွေထုတ်ကြည့်၏။ နိုင်ငံကူးလက် မှတ်စာအုပ်ကလေးကိုမြင်ရသည်။

အသစ် မဟုတ်တော့။ ဟောင်းနွမ်း မှေးမှိန်နေပြီ။ ဝတ္ထုရေးသူတစ်ယောက်အနေနှင့် ဇာတ်လမ်းကို ဆက်ကြည့် ၏။

ဤလူငယ်လေး ပြည်ပမှာ အလုပ်လုပ်ပြီး ခေတ္တပြန်လာ ခြင်းဖြစ်မည်။ ယခုပြန်သွားတော့မည်။ သို့ သော်… ဆင်းရဲမြဲပဲဖြစ်၏။ သူတို့ချမ်းသာ ကြရဲ့လား။

မနေ့က ဖတ်ရသော စာတစ်ပုဒ်တွင် မဆလခေတ်နှောင်းက မြောက်နဝင်းဆည် ကြီးတည်ဆောက်ခဲ့၏။

ဆည်မှ ပိုလျှံသော ရေများကို ““ရေဆိုးထုတ်မြောင်း””ဖောက် ၏။

ထိုမြောင်းမှရေများသည် ဈေးချောင်း၊ ၎င်းမှ အင်းမ ချောင်း၊ ၎င်းမှ တစ်ဆင့် ဧရာဝတီမြစ်ထဲသို့ စီးဝင်ကြောင်း၊

သို့သော် နောက်ပိုင်းတွင် ဈေးချောင်းကို တမံပြန် ပိတ်၏။

ထိုအခါ ရေဆိုးထုတ်မြောင်းမှ ထွက်ကျလာသောရေများရော၊ အင်းမချောင်း ရေများပါ မစီးနိုင်တော့ သဖြင့်

မြောင်းတစ်လျှောက် လယ်မြေများထဲလျှံကျခဲ့ရာ ရေနက်ကွင်းများဖြစ်သွားကြ၏။

လယ်ဧက ပေါင်းများ စွာ ဆုံးရှုံးခဲ့ရ၏။ လယ်သမားများ လယ်မဲ့အလုပ်မဲ့ ဖြစ်သွားခဲ့ရ၏။

လယ်ရှင် လူကြီးများ ဝမ်းနည်းပက် လက်ဖြစ်ရုံမက သားသမီးများပါ အလုပ်လုပ်စရာ မြေအရင်းအမြစ်မရှိတော့သဖြင့်

လစာကောင်း သည်ဆိုသော ပြည်ပသို့ ထွက်သွားကြရ သည်ဟု ဆိုပါသည်။

နောက်ဆက်တွဲ ပြဿနာများကတော့ အမျိုးစုံလှ၏။ ယောက်ျားတွေထက် ဆိုးသောဘဝကို မိန်းကလေးများ ရခဲ့ကြ၏။

တစ်ဖက်နိုင်ငံ၌ အလုပ်ရမည်ဆိုပြီး တကယ် လက်တွေ့တွင် မယားအဖြစ် ရောင်းစားခံ ကြရသည်။

ဖမ်းမိ၍ ကယ်တင်နိုင်တာက ၁ ရာခိုင်နှုန်းပင် ရှိပါ့မလား။

ဤရောဂါဆိုးကြီးကို ဘယ်လိုကုကြမည်နည်း။

ဆေးမြီးတိုနှင့် မရနိုင်တော့ပါ။

ပြဿနာဖြစ်မှ အစိုးရက တစ်ခုချင်း လိုက်ရှင်းပေး၍လည်း အားလုံးပြေလည်သွားမည် မဟုတ်ပါ။

အရင်းကစ၍ ဖြိုရန်လိုပါသည်။

သူတို့ဘာကြောင့် ထွက်သွားကြသလဲ။

ကိုယ့်ရွာမှာ အလုပ်မရှိ၍။ ရှိလျှင်လည်း ဝင်ငွေနည်း၍ဖြစ်သည်။

အဓိက ထွက်သွားကြသူများမှာ ကျေးလက် ကဖြစ် ၏။

သူတို့ကိုယ့်ရွာမှာလုပ်ကိုင်နိုင်ဖို့ အဓိက စဉ်းစားပေးရမည်။

မြို့သစ်ကြီးတွေ…၊ တိုက်ခန်းတွေ ထောင်နှင့် သောင်းနှင့်ချီပြီး မိုးထိအောင် စီမံပေးခြင်းထက်

လယ်မြေတွေ ပြန်ဖော်ပေးပြီး၊ ဥယျာဉ်ခြံမြေတွေ ဖော်ဆောင်ပေးလျှင် ပို၍ထိရောက်ပါလိမ့်မည်။

စပါးအပြင်ရောင်းတန်းဝင် သီးနှံများစွာ စိုက်၍ရနိုင်သည်။

စင်ကာပူသို့ စိန်တစ်လုံးသရက်ပို့သော ကုမ္ပဏီနှင့် ဆွေးနွေးဖူး၏။ ရောင်းမလောက်ဟု ဆိုသည်။

ယခု ပြည်ပမှ သစ်သီးများ၊ ပန်းများ ပြည်တွင်းသို့ဝင်ပြီး ဈေးကွက်ယူနေသည်။

ဒါကို ပြောင်းပြန်လှန် ပစ်နိုင်ရမည်။

မြန်မာပြည် မှာ““မြေ””ရှိသည်။ ““လူ””ရှိသည်။ ““နည်း ပညာ”” ရှိသည်။ ““ငွေ””လည်း ရှိပါသည်။ အားလုံးအံဝင်အောင် ဖန်တီးပေးနိုင်သူမှာ ““အစိုးရ””ဖြစ်၏။

နေ့စဉ်တွေ့နေရသော ပြဿနာမှာ ““မြေသိမ်းမှု””များ ဖြစ်သည်။

ကုမ္ပဏီများသို့ ဈေးပေါပေါနှင့် ရောင်းချခဲ့ခြင်း ကို ရန်ကုန်မှာပင် မြင်ခဲ့ရပြီးပြီ။

မည်သူမျှ မပိုင်သေးသော တောရိုင်းမြေအား သိမ်းပုံ သိမ်းနည်းကိုလည်း မြင်ခဲ့ ဖူး၏။

၈၈ အပြီးတွင် စစ်တပ်အင်အားကို အကြီးအကျယ် တိုးချဲ့သည်။

ထိုအင်အား အတွက် မြေသိမ်း သည်။

ပြည်လမ်းမကြီးတစ်လျှောက် မင်္ဂလာဒုံမှ ထောက်ကြံ့လမ်းဆုံအထိကို အုတ်တံတိုင်းခတ်လိုက်ရုံနှင့် “တပ်မြေ” ဟု သစ်သားဆိုင်းဘုတ်လေး စိုက်ထူရုံနှင့် ပြီးသွားပြီ။

ပိုင်ရှင်မရှိသော ပလပ်မြေမို့ ခုထိ ပြဿနာမရှိပါ။ မိကျောင်းကန်ကဲ့သို့ ပိုင်ရှင်ရှိသူများပြဿနာက လွှတ်တော်ထဲအထိ ရောက်နေပြီ။ (မသိမ်းခဲ့ရင် ဘာမှမဖြစ်)

ထိုစဉ်က စစ်တပ်၏ဆောင်ပုဒ်မှာ ““စားလို့ရတာ အကုန်စိုက်၊ မွေးလို့ရတာ အကုန်မွေး””ဟူ၍ဖြစ်၏။

အကြီး အကျယ် တိုးချဲ့လိုက်သော စစ်သားဦးရေအတွက် ကိုယ့်ဟာကိုယ်မွေးကြ၊ စိုက်ကြရန်မြေကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

တကယ်တမ်းမှာ သူ့ခမျာများမမွေးနိုင်၊ မစိုက်နိုင်ကြပါ။

မွေးရန်စိုက်ရန်လည်း မလိုပါ။ ထောက်ပံ့ရေး ရှိသည်။ နောက်ဆုံးတော့ တပ်သိမ်းမြေများ ပြန်ပေးရန်ဆန္ဒပြပွဲများ မြင်မကောင်းအောင် ပေါ်လာခဲ့၏။

အဖြေကို မြင်နေပါသည်။

တာဝန်ရှိသူများလည်း မြင်ကြပါလိမ့်မည်။

ပြည်တွင်းပြဿနာနှင့် ပြည်ပပြဿနာကို မြားတစ်စင်းနှင့် ငှက်နှစ်ကောင်ပစ်သကဲ့သို့ လုပ်နိုင်ကြပါလိမ့်မည်။

လုပ်ဖြစ်ဖို့တော့ အရေးကြီးသည်။

ဆီးသီးဗန်းချည်း လုမနေကြဘဲ မြေယာပြဿနာကို အဓိကကိုင်တွယ်ကာ

မြန်မာ့ကျေးလက်လူငယ်များအား အမိမြေ၌ မိသားစုနှင့်အတူ ပျော်ရွှင်စွာအလုပ်လုပ် နိုင်ရေးကိုစီမံပေးရန် ဆုံးဖြတ်ကြဖို့ အချိန်တန်ပါပြီ။

ရွှေကူမေနှင်း
မြန်မာသံတော်ဆင့်သတင်းဌာန-www.facebook.com/myanmarherald

8 comments

  • မမချွိ

    October 19, 2014 at 10:55 am

    သိသင့်တဲ့ အချိန်တန်ပြီ။
    မှန်တယ် ထင်တာ ရွေးချယ်သင့်တဲ့ အချိန်တန်ပြီ။
    ကိုယ့် အတွက် ကောင်းတဲ့ အစိုးရကို ကိုယ်တိုင် မြှောက်စားသင့်တဲ့ အချိန်တန်ပြီ။
    :a:

    ထလော့ မြန်မာ။ ထလော့။
    :mrgreen:
    .
    .
    .
    .
    .
    .

    .
    .

    ဝါးးး
    သများ တမှေးလောက် ပြန်မှေးလိုက်အူးမယ်နော်။ :mrgreenn:

    • အလင်းဆက်

      October 19, 2014 at 11:11 am

      ဆူဆူညံညံနဲ့… ဘာတွေ ထပြောနေတာလဲ…မမဂျီး…
      ကျနော် အိပ်နေတာ..လန့်နိုးသွားပြီ။
      အစက ပြန်အိပ်ဦးမှ….

      ဂွါးးးးး အဲလေ….ဝှါးးးးးးး

      😆

  • ဦးကြောင်ကြီး

    October 20, 2014 at 3:16 am

    ချိန်တန်ပြီ
    ငြိမ်မခံဗျီ
    ရှိန်မာန်ဖီ
    အိမ်ပြန်မည်။

  • kai

    October 20, 2014 at 11:15 am

    အမေရိကလည်း.. မြန်မာပြည်ရဲ့ ဒီဂျာအေးသူ့အမေရိုက်.. ပြဿနာကို ဘယ်လိုဝင်ရှင်းပေးရမလဲ.. ဦးနှောက်တော်တော်ခြောက်ခဲ့ဖူးတယ်… လို့.. သတိထားမိတယ်..။
    သူတို့အတွက်က.. ရေခံမြေံယဉ်ကျေးမှုခြင်းမတူတာမို့.. လုပ်လိုက်ရင်း..မှားသွားရင်း.. ၁ဝစုနှစ် ၂ခုလောက်ပြုတ်သွားတာပေါ့…

    ဆိုတော့..
    သူတို့တော့ အဖြေတွေ့သွားပြီထင်..။ :k:
    =
    ကျုပ်တို့ကရော..
    ဥရောပရဲ့.. လွန်ခဲ့တဲ့.. နှစ်၂၀ဝကိုကြည့်.. နှစ်၂၀ဝ ကိုကြည့်…။ :k:

  • မြစပဲရိုး

    October 20, 2014 at 4:22 pm

    ရွှေပြည်ကြီး မှာ opportunist တွေ များများ လာလို့ ကတော့ ရွှေပြည်တော် မျှော်တိုင်းဝေးပါ။
    အခုမြင်နေရတာကတော့ သူတို့ ကြီးစိုး လာနေတာပါဘဲ။

    opportunist
    ɒpəˈtjuːnɪst/
    noun
    noun: opportunist; plural noun: opportunists

    1.
    a person who takes advantage of opportunities as and when they arise, regardless of planning or principle.

    “most burglaries are committed by casual opportunists”

  • ဝင့်ပြုံးမြင့်

    October 21, 2014 at 3:14 am

    ကိုမျိုးသန့်ကို ပြောပြချင်နေတာရှိတယ်။ မအားတာနဲ့ပဲ။ အခု ဂျာနယ်တွေမှာ ရေးနေတဲ့စာရေးဆရာတွေထဲမှာ အမေကြီး (ရွှေကူမေနှင်း) တို့လောက်ပဲ ရှိတယ် သိလား။ အသက်ကြီးသလောက် ခေတ်ရှေ့ကို ပြေးနေတာ။ အမေကြီးက ကျွန်မရဲ့ မြင်ဆရာပါ။ ဂျာနယ်ထဲမှာ ရေးတာကို ဖတ်တာပါ။ ဒီထဲမှာက မျက်စိကိုညှာရလို့ သိပ်မဖတ်ဘူး။

  • တောင်ပေါ်သား

    October 21, 2014 at 9:26 am

    အမပြုံးရေ

    အမေက စိတ်မာတဲ့သူမို့လားမသိ ကျန်းမာရေးက ကောင်းတယ် ၊

    နှာစေး အအေးမိတာမျိုးကလွဲပြီး ဘာမှ သိပ်မဖြစ်ဘူး ၊

  • Yae Myae Tha Ninn

    October 21, 2014 at 11:44 am

    ဒါဆို ဆရာတို့က စာရေးဆရာ မျိုးရိုးပဲ… ဂုဏ်ယူပါတယ်ဗျာ… 🙂

    ပြောချင်တာကတော့ သွားလုပ်လဲ ချမ်းသာရအောင်.. လစာက ကောင်းတာမှ မဟုတ်တာ… အဖိနှိပ်ခံလေ… နိုင်ငံကြောင့်ကို နှိမ်တာတွေတောင် ကြားဖူးတယ်… တခြားမပြောနဲ့ ပညာနဲ့ သွားလုပ်စားတာတောင် နိုင်ငံပေါ်မူတည်ပြီး ရာထူးတိုးတာ… ရာထူးတူတယ်.. ဒါပေမဲ့ လစာ နည်းနေတယ်… ဘာပြောရမှန်းကို မသိဘူးဗျ… 🙂

Leave a Reply