Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အားကျမိတဲ့ အမေရိကန်တယောက်

padonmarNovember 17, 20141min135344

လွန်ခဲ့တဲ့ ၆လလောက်က မိတ်ဆွေတယောက်ရဲ့ မိတ်ဆက်ပေးမှုကြောင့် Barry ဆိုတဲ့ အမေရိကန် နိုင်ငံက လုပ်ငန်းရှင်တဦးနဲ့ E-mail contact ရခဲ့ပါတယ်။ E-mail ထဲကပဲ အလုပ်ကိစ္စဆွေးနွေးကြရင်း မြန်မာပြည်ကို အဆင်ပြေတဲ့အချိန် သူကိုယ်တိုင်လာမယ်။ Invitation Letter ပေးနိုင်မလားလို့ မေးတော့ပို့ပေး လိုက်ပါတယ်။ ဇွန်လ ၂၄-၂၅ မှာ ရောက်မယ်။ သူ့ကိုတွေ့ပေးနိုင်မလားလို့ ထပ်ပြီးမေးလာတော့ “အိုကေ၊ တွေ့ကြမယ်လေ” လို့အကြောင်းပြန်လိုက်ပါတယ်။ မြန်မာပြည်မှာတည်းဖို့ 5 Star Hotel တခုလောက် ညွှန်ပေးပါဆိုတော့ အလုပ်နဲ့သိပ်မဝေးတဲ့ Sedona Hotel ညွှန်းလိုက်ရပါတယ်။ Hotel Booking ကျတော့ သူ့ဖာသာပဲလုပ်သွားပါတယ်။ လေဆိပ်ကနေ Hotel ကိုလည်း လာမကြိုပါနဲ့တဲ့။ သူ့ဖာသာ Taxi နဲ့ပဲ သွားပါမယ်တဲ့။ (အရင်ကြုံဖူးတဲ့ တရုပ်၊ ဂျပန် မိတ်ဆွေတွေဆိုရင် Hotel Booking ကို ကိုယ်ကပဲ စီစဉ်ပေးရ သလို လေဆိပ်အကြိုအပို့လည်း ကိုယ်ပဲလုပ်ပေးရလေ့ရှိတော့ ကိုယ့်အပေါ် Burden မပေး ဝန်မပိစေတဲ့ ဧည့်သည်ကို အတော်သဘောကျမိပါတယ်။)
ညစာလိုက်ကြွေးဖို့ လာခေါ်မယ်ဆိုပြီး ချိန်းထားတဲ့ည ရနာရီကို အမီရောက်ဖို့ အသင်းအစည်းအဝေး တက်နေရတဲ့ အကို့ကို လောဆော်ပြီး ကျပ်ပိတ်နေတဲ့ကားတန်းနဲ့ မီးပွိုင့်တွေကိုဖြတ်လို့ Sedona အရောက်မှာ ည ရနာရီ ၁ဝမိနစ်ဖြစ်သွားပါတယ်။ (ညအိမ်ပြန်ရောက်လို့ E-mail စစ်ကြည့်တော့မှ ရနာရီတိတိမှာ အကျင်္ ီအဖြူ ဂျင်းဘောင်းဘီဝတ်ပြီး Lobby ထဲက စောင့်နေပါတယ်ဆိုတဲ့စာကို တွေ့လိုက်ရပါတယ်။)
Lobby ထဲမှာ တယောက်တည်း ရပ်စောင့်နေတဲ့ အသားဖြူဖြူ၊ ရုပ်သန့်သန့်အသက် ၃ဝကျော်ရုံလေး ထင်ရတဲ့ လူရွယ်ကို Barry လားလို့ သွားမေးတော့ ဟုတ်နေပါတယ်။ ဆံပင်တိုတိုမှာ ရှေ့ဆံပင်ကို Gel နဲ့သပ်သပ်ရပ်ရပ် ထောင်ထားတော့ ခေတ်လည်းသိပ်မနောက်ကျတဲ့ လူရွယ်ပါပဲ။
မိတ်ဆက်ရင်း ညစာစားရင်း စကားပြောဖြစ်တော့ Barry အကြောင်းတွေသိလာရပါတယ်။ သူက A.B.C ခေါ်တဲ့ America Born Chinese ပါ။ အဖေက တရုတ်ပြည်မကြီးက တရုတ်ဖြစ်ပြီး အမေက ဟောင်ကောင်က တရုတ်ဖြစ်ပါတယ်။အမေ့ဖက်က ကန်တုန်တရုတ်စကားနားလည်ပြီး နည်းနည်း ပြောတတ်တယ်။ တရုတ်ပြည်မကြီးမှာ အသုံးများတဲ့မန်ဒရင်းကိုတော့ နားလည်ပြီး မပြောတတ်ပါဘူး။ ဒါကြောင့် တရုတ်ပြည်ထဲသွားရင် ရုပ်ကတရုတ်ရုပ်ပေါက်ပြီး တရုတ်စကားမပြောတတ်လို့ အခက်တွေ့ရတယ်လို့ ပြောပါတယ်။ အမေရိကားမွေးပေမယ့် ကျမတို့နဲ့ပြောတော့ အာရှသားနားလည်အောင် အမေရိကန်လေ မပါပဲ ပြောပေးပါတယ်။
သူကသူ့ကိုယ်သူ I am Workaholic တဲ့။ ဟုတ်ပေမယ်။ L.A မှာရှိတဲ့ သူ့ရဲ့Company မှာ သူက M.D ပါ။ ရုံးခွဲတွေက East Coast အရှေ့ခြမ်းမှာလည်း ရှိတယ်။ တရုတ်ပြည်မှာလည်းရှိတယ်။ ဟောင်ကောင် ၊ အင်ဒိုနီးရှား ၊ အိန္ဒိယ ၊ မလေး ၊ ဗီယက်နမ် ၊ ဖိလစ်ပိုင်တို့မှာလည်း အလုပ်နဲ့ပတ်သက်လို့ ဆက်သွယ် နေရတယ်။ တကမာ္ဘလုံးနဲ့ ဆက်ဆံနေရတော့ ရုံးချိန် အိပ်ချိန်ရယ်လို့ သတ်မှတ်လို့ မရတော့ပါဘူး။ အိပ်ခန်းထဲမှာတောင် Laptop နဲ့ E-mail တွေပြန်နေလို့ မိန်းမက ပူညံပူညံလုပ်ပါတယ်တဲ့။ ကျမတို့ ဒီဖက်က ပို့လိုက်တဲ့ E-mail ဆိုနာရီမဆိုင်း ချက်ချင်းအကြောင်းပြန်တတ်တာမို့ အံ့ဩခဲ့မိတာ။ ဒါ့ကြောင့်ကိုး။ အိပ်ချိန်လည်း လျှော့ထားပါတယ်တဲ့။ တခါတလေ တနေ့ကို ၂နာရီလောက်ပဲ အိပ်ပြီး အလုပ်လုပ်ပါသတဲ့။ Vacation ယူပြီဆိုလည်း Honolulu လိုမျိုး ၄-၅ရက်လောက် သွားလိုက်ရင် တနှစ်အတွက် ပြီးသွားတာပဲလို့ ပြောပါတယ်။
မြန်မာပြည်မှာသုံးဖို့ ဖုန်းယူထားမလားလို့ မေးတော့ ကိစ္စမရှိပါဘူး။ သူက AT&T ကနေ Unlimited Plan နဲ့ ယူထားတာ ကြာပါပြီတဲ့။ International Roaming လုပ်ပြီးရင် သူ့ရုံး ၊ သူ့ဖောက်သည်တွေနဲ့အချိန် မရွေးဆက်သွယ်လို့ ရပါတယ်တဲ့။ နောက်တနေ့ အလုပ်ချိန်မှာ သူ့ဆီကို တိုက်ရိုက်ဆက်လာတဲ့ဖုန်းတွေကို ချက်ခြင်းအကြောင်းပြန် ညွှန်ကြားနဲ့ အလုပ်ဖြစ်နေတာတွေ့တော့ အားကျမိလိုက်တာ။ (ကျမတို့မှာတော့ ဟယ်လို ကြားလားကတမျိုး ၊ အင်တာနက် မကောင်းလို့ သတင်းပို့တဲ့မတ်စိကို လွတ်သွားတယ်ဆိုတာက တမျိုး ၊ အမျိုးပေါင်းစုံလို့လေ)
ညစာအတွက် စီစဉ်တော့ သူ့ကိုဘာကျွေးကျွေးရပါတယ်တဲ့။ တတ်နိုင်သလောက် Traditional အဖြစ်ဆုံးကျွေးပါ။ စားကြည့်ချင်ပါတယ်။ စပ်ချင်စပ် ၊ ချဉ်ချင်ချဉ် ဖြစ်ပါတယ်တဲ့။ သူနိုင်ငံတကာ လှည့်သွားနေတာ ဘယ်တိုင်းပြည်မှာမှ ဝမ်းပျက်ဝမ်းလျှော မဖြစ်အောင် ခံနိုင်ရည် ရှိပါတယ်တဲ့။ (ကျမတို့ မိတ်ဆွေမြန်မာပြည်ပေါက်ထဲက မြန်မာပြည်ပြန်လာလည်ရင် ဝမ်းပျက်မှာစိုးလို့ ဟိုဟာ မစားဘူး ဒီမှာ မကျွေးနဲ့ ဆိုတာမျိုးတွေနဲ့ယှဉ်ကြည့်ပြီး သဘောကျမိလိုက်ပြန်ရော)
ငါတခုခုဖြစ်မှာလည်း မစိုးရိမ်ပါနဲ့တဲ့။ Travel Insurance ဝယ်ထားပါတယ်။ တပတ်ကို US $ 100 ၊ အခုသူက မြန်မာပြည်အပါအဝင် တရုတ်ပြည်ထဲက မြို့တော်တော်များများကို အလုပ်ကိစ္စနဲ့လှည့်သွားဖို့ ၂ပတ်စာ Insurance ဝယ်ထားပါတယ်တဲ့။ ဒီအာမခံအရ အိန္ဒိယလို နိုင်ငံမျိုးမှာ မြို့သေးသေးလေးသွားလို့ တခုခုဖြစ်ရင်တောင် သူ့ကို Charter Flight နဲ့လာခေါ်ပေးဖို့ လုံလောက်ပါတယ်တဲ့။ (ကျမတို့မှာတော့ ကိုယ့်အိမ်နေရင်တောင် အာမခံချက် မရှိပါဘူး။ အိမ်ထဲ လေယာဉ်ပျံ ဝင်တိုက်ချင်တိုက်နိုင်သေး ၊ ဓာတ်ကြိုး လည်းခေါင်းပေါ်ကျချင်ကျလာနိုင်သေး)

မနက် ၉နာရီ သူ့ကိုသွားခေါ်ပြီး လမ်းမှာတွေ့တဲ့ Landmark တွေပြတော့ လေဆိပ်ကအလာမှာ Taxi Driver ကို သူမေးထားတာ စုံစေ့နေအောင် သိထားပါသတဲ့။ ဘယ်ထမင်းဆိုင်က စားကောင်းပြီး ဘယ်ဆိုင်က မသန့်ဘူးဆိုတာတောင် သိအောင် မေးထားပါတယ်။ မြန်မာပြည်အကြောင်းလည်း တော်တော်များများ သိနေတယ်။ ဒေါ်လှတွေ နွမ်းရင် မယူတာကအစ CB နံပါတ်ပါတဲ့ ဒေါ်လှဆိုရင် လက်မခံဘူးဆိုတာမျိုးတွေ မြန်မာပြည်လာဖို့ စစီစဉ်တဲ့ တပတ်လောက်အတွင်း အင်တာနက်ပေါ်က ဖတ်ထားလေ့လာထားပါသတဲ့။ (တကယ့်ကို Proactive ပါပဲ)
အလုပ်အကြောင်း ဆွေးနွေးကြတော့လည်း သိပ်လက်မဝင်ပါဘူး။ ကိုယ်ကလည်း မျှတတဲ့ ဈေးနှုန်း တင်ပြသလို သူကလည်း ဒီမလာခင်ကတည်းက လုပ်နိုင်လို့လာ လေ့လာတာဖြစ်တော့ ပြောလို့ဆိုလို့ အပေါက် အလမ်းတဲ့ပါတယ်။ (ရှေးက ဂျပန်ဧည့်သည်တွေဆို ကုန်ထုတ်နှုန်းတွေ ၊ အလုပ်သမားတွေရဲ့လုပ်ခတွေ ၊ အလုပ်ချိန်နာရီတွေ အကုန်စစ်စစ်ပေါက်ပေါက် လိုက်မေးတွက်ချက်ပြီး ဈေးဆစ်တာမျိုးလည်း မလုပ်ပါဘူး ၊ တရုတ်ဧည့်သည်တွေလို ဟိုစက်ရုံလည်း သွားမေးကြည့်အုံးမယ် ၊ ဒီစက်ရုံလည်းသွားမေးကြည့်အုံးမယ် ဆိုတာတွေ မရှိပါဘူး) Barry ရဲ့မူလေးက I choose the job which is consisting even in low margin. အမြတ်အစွန်း အများကြီး မကျန်တောင်မှ ရေရှည်လုပ်လို့ရမယ့်အလုပ်ကို ရွေးပါတယ်တဲ့။
မနက် ၄ နာရီကနေ နေ့လည် ၁နာရီထိ အလုပ်ကိစ္စတွေကိုဆွေးနွေး ၊ ကိုယ်ဖက်မှာ လိုတာတွေကို လည်းပွင့်ပွင့်လင်းလင်း အကြံပေးတဲ့အလုပ်ကို ရေမသောက် ၊ သေးမပေါက် ၊ မုန့်မစား ၊ စီးကရက်မဖွာတမ်း လုပ်ပြီး နေ့လည်စာသွားကျွေးမယ်ဆိုတော့ ၂နာရီမှာ ချိန်းထားတဲ့ဖုန်းအတွက် ဟိုတယ်ပဲ ပြန်တော့မယ်လို့ ဆိုပါတယ်။ နေ့လည်စာကိုတော့ ကြုံသလိုပဲ သူ့ဖာသာစားပါမယ်တဲ့။ တကယ့် Workaholic ပါပဲ။ (ဆာသေး တယ် ၊ ဗိုက်ပြည့်သေးတယ် စတဲ့ ပျင်းရိခြင်း ၆ပါး မရှိ ၊ အလုပ်မှအလုပ်ပါပဲ)
ရောက်တုန်းဘယ်သွားချင်သေးလဲဆိုတော့ နောင်တခေါက်မှ စနေ ၊ တနင်္ဂနွေခံလာပြီး ရောက်ဖူးအောင် လျှောက်ကြည့်ပါမယ်တဲ့။ အရင်ဧည့်သည်တွေလို ရွှေတိဂုံရောက်ဖူးအောင် သွားမယ်။ မိန်းမအတွက် ကျောက်စိမ်းလက်ကောက်ဝယ်သွားမယ်။ စကော့ဈေးသွားမယ်ဆိုတာတွေ မရှိပါဘူး။
ညနေဖက် ဓနုဖြူဒေါ်စောရီဆိုင်မှာ မြန်မာထမင်းဟင်းလိုက်ကျွေးရင်း စကားပြောဖြစ်တော့ ပိုသဘောကျစရာတွေ တွေ့ရပါတယ်။
သူက University of California ကအောင်တာပါ။ M.B.A တက်သေးလားဆိုတော့ မတက်ခဲ့ပါဘူး။ ငါ့ကို အလုပ်ကသင်သွားပါတယ်တဲ့။ ဘယ်တုံးက အလုပ်စလုပ်လဲဆိုတော့ ၁၃နှစ်သားကပါတဲ့။

သူ့အသက် ၁၃ နှစ်သားမှာ Fancy Shoe တရံလိုချင်လို့ အိမ်နားက Grocery Store ဟင်းသီးဟင်းရွက်ဆိုင်မှာ ဝင်လုပ်ပါတယ်။ ကျောင်းဖွင့်ရက်တွေမှာ Part Time လုပ်သလို ကျောင်းပိတ်ရက်တွေမှာ Full Time လုပ်ပါတယ်။ ဟင်းရွက်တွေ သယ်ရထုတ်ရ ၊ တံမျက်လှည်းရတာတွေလည်း လုပ်ရပါတယ်။ တခါတော့ Construction site မှာ နံရံပေါ်ကပ်နေတဲ့ Seaweed ရေညှိတွေ ၊ အပင်တွေ ဆွဲနှုတ်သယ်ပို့ဆိုတဲ့ အလုပ်လည်း လုပ်ခဲ့ဖူးပါတယ်။ အဲဒီအချိန် အနည်းဆုံးလုပ်ခ ၁နာရီ ၂ ဒေါ်လာရှိချိန်မှာ ၁နာရီ ၄ ဒေါ်လာနဲ့ လုပ်ခဲ့ရပါတယ်တဲ့။ အဲဒီကနေ Supermarket မှာ Cashier ကနေတဆင့် Supervisior ဖြစ်ခဲ့ပါတယ်။
Fancy Shoe ဝယ်ဖို့အလုပ်လုပ်ခဲ့ပေမယ့် ငွေပြည့်ချိန်မှာ သူ့အနေနဲ့ Bicycle စက်ဘီးလေးတစီး ဝယ်ရရင် ပိုအသုံးတဲ့မှာပဲဆိုတဲ့ အတွေးကြောင့် အလုပ်ဆက်လုပ်ပြီး ငွေဆက်စုခဲ့ပါတယ်။ စက်ဘီးဝယ်ဖို့ ငွေရချိန်မှာလည်း ကားလေးတစီး ကိုယ်ပိုင်ဝယ်ရတာ ပိုကောင်းမယ်လို့မြင်တဲ့အတွက် စက်ဘီးမဝယ်ပဲ ငွေဆက်စုခဲ့ပါတယ်။ ကောလိပ်စတက်ချိန်မှာတော့ ကားသေးသေးလေး (ဒါပေမယ့် သူ့ရဲ့မိဘငွေမပါဘဲ ကိုယ်ပိုင်လုပ်အားခနဲ့ ပိုင်ဆိုင်ခွင့်ရတဲ့ကား)ကို ဝယ်စီးနိုင်ခဲ့ပါသတဲ့။
အခု သူ့အသက် ၄၁နှစ်မှာ America က နာမည်ကြီး လုပ်ငန်းကြီးတွေနဲ့ ဆက်သွယ်ပြီး အလုပ်လုပ် နေနိုင်ပါပြီ။

အဲဒီထဲက လုပ်ငန်းတခုကတော့ Burger King အတွက်လိုအပ်တဲ့ Uniform တွေ စဉ်ဆက်မပြတ် သွင်းပေးရတာပါ။ အခြားအလုပ်တွေ အများကြီးကိုလည်း M.D အနေနဲ့ စီမံခန့်ခွဲနေပါတယ်။
ဒီလိုဇာတ်လမ်းမျိုး ဖတ်ဖူးကြမှာပါ။ဆရာမြတ်ငြိမ်းရဲ့ မူးပဲအစဖြင့် ထူးကဲဘဝ တည်ဆောက်ကြသူများ စာအုပ်ထဲလည်း ဒီလိုဘဝတွေပါပဲ။ ဝင့်ပြုံးမြင့် ဘာသာပြန်ထားတဲ့ ငွေကိုသာလျှင်စွန့် ( Risk only money) ထဲက World Vision ထောင်ခဲ့တဲ့ Jack DeBoer ရဲ့ ငယ်ဘဝလည်း ဒီလိုပါပဲ။ သူတို့တိုင်းပြည်က တကယ့် သူဌေးကြီးတွေရဲ့ ဘဝအစမှာ ဒီလိုမျိုးတွေများပါတယ်။
ကျမတို့ကိုယ်တိုင်လည်း သူ့လို မဟုတ်တောင် ငယ်ဘဝတုံးက မိဘရဲ့ စီးပွားရေးအလုပ်ကို ကူလုပ်ခဲ့ရပါတယ်။သူ့လောက်တော့ မစွမ်းဆောင်နိုင်ခဲ့တာ အမှန်ပါ။
ကျမတို့ရဲ့နောက်မျိုးဆက်တွေကျတော့ ၁၃နှစ်မှာ အလုပ်လုပ်ဖို့ နေနေသာသာ အိမ်ကကျူရှင်ကို မုန့်ဘူးလိုက်ပို့ရတာ ၊ ထမင်းလိုက်ခွံ့ကျွေးရတာ ၊ လမ်းကူးရင်ကားတိုက်မှာစိုးလို့ မိဘကလိုက်ပို့ရတာ ၊ ………….အဲဒီလိုပတ်ဝန်းကျင် ပျိုးထောင်မှုကနေ Barry လိုမျိုး လုပ်ငန်းရှင်တွေ ဖြစ်ထွန်းလာပါ့မလားလို့ တွေးမိပါတယ်။

လောလောဆယ်တော့ အားကျတယ် ၊ အားကျတယ်၊အားကျတယ် လို့သာ ပြောတတ်ပါတော့တယ်။

(မှတ်ချက်-Barry ကို မင်းအကြောင်း ငါရေးချင်လိုက်တာလို့ ခွင့်တောင်းပြီးမှ ရေးထားတာဖြစ်ပါတယ်)

44 comments

  • မြစပဲရိုး

    November 18, 2014 at 3:31 am

    တကဲ့ အဖြူ အစစ် တွေရော အဲဒီလောက် အလုပ်လုပ်ပါ့မလား မသိ။
    အတော် အလုပ်လုပ်နိုင်တဲ့ ကိုယ်တော်ဘဲ။
    မိသားစု အတွက် တော့ အချိန်လေး ပေးကောင်းပါရဲ့။
    အဲ့
    တစ်ဖက်က ပြန်တွေးတော့ ဒီလောက်ကြိုးစား ကြလို့ သူတို့ သထိန်း ဖြစ်နေတာလဲ ငြင်းမရ။
    အားကျ စရာ အကြောင်းလေး ရွာထဲချပေးတာ တန်ဖိုး ရှိလှပါပေတယ် အစ်မ ရေ။
    အချိန်တိကျတာ၊ စည်းစနစ် ကျတာ၊ ကြိုးစားချင်တဲ့ စိတ် နဲ့ အိမ်မက် တွေရှိတာ၊ ငွေချည်းဘဲ မကြည့်တာ၊ သူများဆီက အခွင့်အရေး မယူတတ်တာ အတုယူစရာ တွေပါဘဲ။

  • ကေဇီ

    November 18, 2014 at 6:37 am

    အားးးးကျစရာပဲ
    ဒါမယ့်
    အဲလို မကြိုးးးစားးချင်
    ကြိုးးးစားးးချင်စိတ် မရှိတာာ ခက်တယ်။
    အဟီးးးဟီးးးး

    :k:

  • Mr. MarGa

    November 18, 2014 at 8:29 am

    အားကျတာက နောက်
    လောလောဆယ် နည်းနည်း ရှက်မိတယ်ဗျာ

  • kai

    November 18, 2014 at 9:55 am

    ABC CEO နောက်တယောက်က..ကုန်တွေဝယ်ဖို့.. ထိုင်း.. မြန်မာပြည်သွားသွားနေတာ.. မြန်မာပြည်ထဲ ဒီတခါသွားရင်ပြောလို့မှာထားတယ်..။
    အမတော်တွေကို.. မိတ်ဆက်ပေးမလို့..။

    အဲဒီအရှေ့တောင်အာရှက.. ကုန်ခြောက်တွေ.. ယူအက်စ်သွင်းနေတာ..။ သူ့ကုန်လှောင်ရုံက.. ဘောလုံးကွင်းတကွင်းစာလောက်ရှိသဗျ..။
    မြန်မာ့ဂဇက်သတင်းစာနောက်ကျောဖုံးမှာ.. ကြော်ငြာထည့်ထားတဲ့သူလေ..။
    သူက.. ABC ဆိုပေမယ့်.. ကမ္ဘောဒီးယားဇာတိနွယ်…။

  • အောင် မိုးသူ

    November 18, 2014 at 10:41 am

    အန်တီရေ အားကျမိပေမယ် Workaholic တစ်ယောက်ဘဝကို မနှစ်သက်ပါဘူး။ ဒါပေမယ့် ချမ်းသာချင်လားဆိုတော့လည်း ကိုယ့်ကိုယ်ကို ပြန်မေးကြည့် မချမ်းသာချင်ဘူး တင့်တောင်းတင့်တယ်နဲ့ ရောင့်ရဲတဲ့စိတ်က ပါလာတော့လည်း ဘယ်လိုပြောရမှန်းတောင်မသိပါဘူး။ နိုင်ငံအနေအထားနဲ့လည်းကွာနိုင်သလို လူတစ်ယောက်ချင်းစီအပေါ်လည်း ကွာမယ်ထင်ပါရဲ့။ သူနဲ့တန်းတူ စကားပြောနိုင်တဲ့ အန်တီ့ကို ချီးကျူးပါတယ်။

    • padonmar

      November 18, 2014 at 9:41 pm

      ဘကြီးအောင်ရေ၊
      .အထင်ကြီးများတော့ မကြီးလိုက်ပါနဲ့။
      .အန်တီက လုံးစေ့ပတ်စေ့ နားမလည်ပါဘူး။ပြောလည်း မပြောနိုင်ပါဘူး။
      .သူနဲ့အန်တီ့အကိုနဲ့ ပြောတာကို လိုက်နားထောင်တာပါ။
      .တင်းတိမ်ရောင့်ရဲတယ်ဆိုတာမှာ သူ့နေရာနဲ့သူ ရှိပါသတဲ့။
      .ရှိတာနဲ့ ရောင့်ရဲရင် ပျင်းတာဖြစ်ပြီး ရတာကို ရောင့်ရဲနိုင်မှ ရောင့်ရဲခြင်းမည်ပါသတဲ့။
      .သဘောက ထိုက်တန်တဲ့ ကြိုးစားမှုတော့ ရှိရမယ်၊ကြိုးစားပါလျက်နဲ့ မဖြစ်လာတာကိုတော့ ပူဆွေးမနေပဲ ရောင့်ရဲလိုက်ရမှာပါ။

  • kyeemite

    November 18, 2014 at 11:16 am

    .အဲ့ဒါပဲ…ကျုပ်တို့လူတွေက အလုပ်ကိုချေးများတယ်…တချို့အလုပ်ကိုအောက်ကျတယ်ထင်တယ်…
    .အဓိကမြင်မိတာတော့ “ကိုယ့်အားကိုယ်ကိုးတာကို ဂုဏ်ယူတဲ့စိတ်ဓါတ်” ပါပဲ
    .ကလေးတွေကို ကျုပ်လည်းအဲ့လိုဇတ်ထုတ်တွေ ပြောပြောပြတတ်တယ်… အတုယူချင်အောင်
    .ကျေးဇူးပါအာတီဒုံ :))

  • မဟာရာဇာ အံစာတုံး

    November 18, 2014 at 1:47 pm

    ကျော်လည်း သူ့လိုဖစ်အောင်
    အများကြီး ကြိုးစားနေဘာဒယ် အာတီဒုံ …
    လောလောဆယ် တစ်ခွေတော့ ကုန်တွားဘီ …..
    :mrgreen:

  • Shwe Ei

    November 18, 2014 at 2:56 pm

    မြင်ဖူးသမျှ နိုင်ငံခြားသား ဘော့စ်တွေ (ပြင်သစ်၊ အမေရိကန်၊ဒတ်ချ်) အများစုက အလုပ်ကို အချိန်ပြည့်လုပ်ကျပါတယ်။ ဟိုယောင်ယောင် ဒီယောင်ယောင်တွေလဲ တခါတလေပါတယ်။
    တကယ် အလုပ်လုပ်သူကျတော့ တကယ်လဲ အလုပ်ပြီးတာမို့လို့ အားကျစရာကောင်းတယ်။
    အလုပ်အများကြီးလုပ်ရင်းကနေ သင်ယူစရာတွေ အများကြီး ထပ်ထွက်လာနိုင်တာမို့..အလုပ်ချိန်အတွင်းမှာ အလုပ်ကို သာ အာရုံစိုက်နိုင်တာ တကယ်ဘဲ အကျိုးရှိတယ်လို့ထင်ပါတယ်။
    ကိုလုပ်ရမဲ့ အလုပ်ပီးသွားရင် ကိုမသိသေးတာတွေကို လေ့လာနိုင်တာမို့လို့ အလုပ်များများကိုမြန်မြန်ပြီးအောင် လုပ်နိုင်ရင်လဲ မလွဲမသွေ အကျိုးထူးမှာပါ။
    (လစာနဲနဲပေးပီး မတန်မရာ ခိုင်းတဲ့အလုပ်တွေကတော့ ချွင်းချက်ပေါ့ခညာ)
    အစိုးရရုံးတွေလို..ဆယ်နာရီရုံးတက် ၁၁နာရီ ထမင်းစား..၃နာရီ ရုံးဆင်းဆိုတာမျိုးနဲ့တော့ ဘယ်တော့မှ ရှေ့သို့လှမ်းချီနိုင်မှာ မှုတ်ပါဝူးလို့.. 😛
    စကားစပ်မိလို့ ပြောရရင်..ငယ်ငယ်ထဲက ကို့လက်ကို့ခြေနဲ့ ဘာမဆို လုပ်နိုင်အောင် လုပ်တတ်အောင် တွန်းအားပေးတဲ့ အမေ့ကို အသက်ကြီးလေကျေးဇူးတင်လေပါဘဲ .. 🙂

  • ခင် ခ

    November 18, 2014 at 3:44 pm

    လူငယ်တွေ အချိန်ဖြန်း ဟေးလားဝါးလား နေတာမျိုးတွေ လျော့နည်း ပပျောက်စေချင်တယ်လေ။

  • aye.kk

    November 18, 2014 at 3:48 pm

    အားကျမိပါတယ်။
    အဖေ့လိုတော်တဲ့သူမျိုးမို့ပါ ။

  • padonmar

    November 18, 2014 at 9:48 pm

    မလတ်၊ကေဇီ၊ရွှေအိ၊အေးကေ၊
    ဦးမိုက်၊သူကြီး၊ကိုခ၊ဘကြီးအောင်၊ခြောက်မျက်နှာ၊သဂျား
    အားကျစရာပဲလို့ မြင်ပေးကြရင်ကို လိုက်လုပ်လုပ် မလုပ်လုပ် ကျေးဇူးတင်ပါပြီ။အခုခေတ်က ကြိုးစားစရာမလို ၊ပါဝါရှိရင် လုံလောက်ပြီ လို့ မြင်နေတတ်ကြလို့ပါ။
    မလတ်ရော၊ဦးမိုက်ရော၊ရွှေအိကိုပါ BC ပေးချင်တာ မျှပြီးပေးလိုက်တယ်သာမှတ်တော့။

  • uncle gyi

    November 18, 2014 at 11:10 pm

    အားကျသင့်ပါတယ်လေ

    အိမ်ကကျူရှင်ကို မုန့်ဘူးလိုက်ပို့ရတာ ၊ ထမင်းလိုက်ခွံ့ကျွေးရတာ ၊ လမ်းကူးရင်ကားတိုက်မှာစိုးလို့ မိဘကလိုက်ပို့ရတာ ၊
    မြန်မာကကလေးတွေသူ့လိုမျုိုးဖြစ်ဖို့က
    ကိုကျော်ဟိန်းကြီးရဲ့၁ဝနှစ်ဆိုတဲ့စကားလေးကြားမိတယ်ဗျာ

  • padonmar

    November 19, 2014 at 12:30 am

    အန်ကယ်ကြီးရေ
    ကလေးတွေကို ဖျက်နေတာ သဲသဲလှုပ်တဲ့ မိဘတွေက အဓိက ဆိုတာ သူတို့ဖာသာသိသင့်နေပါပြီ။
    ကျမတွေ့မိတာ အလယ်အလတ်မိဘနဲ့အတူ ရုန်းကန်ရတဲ့ ကလေးအများစုဟာ ကိုယ့်ခြေပေါ်ကိုယ် ရပ်တည်နိုင်စွမ်း ပိုရှိတယ်လို့ မြင်မိတယ်။

  • လုံမလေးမွန်မွန်

    November 19, 2014 at 7:55 am

    အန်​တီ​ပြောသလိုပဲ ကိုယ်​့ကိုယ်​ကို အလုပ်​​တွေနဲ့ပြည်​့လို့ စိတ်​ညစ်​​နေတာ အခုမှ ရှက်​​တောင်​ရှက်​မိတယ်​.. အားကျမိတယ်​.. ကြိုးစားပါမယ်​လို့..

    တစ်​ခုစဉ်​းစားမိတာက ဒီနိုင်​ငံမှာ အလုပ်​နဲ့ဝင်​​ငွေက မမျှဘူးထင်​တာပဲ.. သူက အလုပ်​လုပ်​ရင်​း ကားဝယ်​စီးနိုင်​​ပေမယ်​ ဒီမှာက ဝန်​ထမ်​းတစ်​​ယောက်​ပိုလျှံဖို့ သိပ်​မလွယ်​ဘူးလားလို့

    • padonmar

      November 19, 2014 at 8:28 pm

      .လုံကလေးရေ၊
      .အောက်မှာ သူကြီးမန့်သလိုပဲ အလုပ်လုပ်ရင် .ဝင်ငွေဘယ်လောက်ရမယ်ကို ထည့်မတွက်ပဲ .အစွမ်းကုန်လုပ်ပြလိုက်စမ်းပါ။
      .ကိုယ်လုပ်တာ ကိုယ်တတ်ဖို့ပါပဲ။
      .သူများ စားရိတ်နဲ့ ကိုယ်အလုပ်သင်လို့ ရတယ်၊ .မှားကြည့်ခွင့်ရတယ်လို့ .သဘောထားကြည့်လိုက်စမ်းပါ။
      .အန်တီ့အလုပ်ထဲက လူငယ်တယောက်အကြောင်းပြောပြချင်တယ်။ .ဆယ်တန်းအောင်ပြီး အလုပ်ဝင်လာတယ်။RIT .အမှတ်မီတယ်။ အလုပ်ထဲမှာ မိ်န်းကလေး တယောက်နဲ့ .ကြိုက်ပြီး အိမ်ထောင်ကျသွားတော့ .အန်တီတို့က ကျောင်းထားပေးပါမယ်ဆိုတာတောင် .ဆက်မတက်ပဲ အလုပ်ပဲလုပ်တော့တယ်။
      .အလုပ်ထဲကနေ ကားမောင်းတတ်ခဲ့တယ်။
      .ကိုယ်သင်သလောက် စနစ်တကျ အလုပ်လုပ်တတ်တော့ .မန်နေဂျာထိဖြစ်တယ်။
      .အဲဒီနောက် သူ့ကို ငွေတဝက်စိုက်ပြီး .ကုန်ကားထောင်ပေးမယ့်သူတွေ့တော့ အန်တီတို့ဆီ .ကြိုခွင့်တောင်း၊၃လလောက် နောက်လူကို အလုပ်လွှဲသင်ပြီး .ကုန်ကားဆွဲတဲ့ အလုပ်သွားလုပ်တယ်။ကိုယ်ပေးနိုင်တဲ့ .လခထက်သာတဲ့ ဝင်ငွေရမှာမို့လို့ မတားတော့ဘူး။
      .အခုဆို ကုန်ကား၂စီးကိုယ်ပိုင်ဖြစ်သွားပြီ။
      .သူအလုပ်အားရင်၊ ကိုယ့်မှာ အလုပ်ကျပ်နေရင် .အမြဲလာပြန်ကူတယ်။
      .ကိုယ့်အလုပ်ရဲ့ နှစ်ပတ်လည်တွေအခမ်းအနားတွေဆို .သူလည်း ဝန်ထမ်းအနေနဲ့ လာတက်တယ်။ချစ်ချစ်ခင်ခင်ပဲ။
      .သူများအလုပ်ကို လစာငွေနည်းတယ်ဆိုပြီး လျှော့လုပ်ရင် .သူတတ်သင့်တဲ့ စီမံခန့်ခွဲမှုအတတ် (သူဌေးအတတ်ပဲဆိုပါတော့) ဘယ်တတ်ပါတော့မလဲ။
      .ပဲရော့ဦးဆန်နီအကြောင်းဖတ်ဖူးတယ်မလား။
      အစက ရုံးပြာတာလေးပါ၊အလုပ်ကို မခိုမကပ်လုပ်ရာကနေ ပဲရော့ ကုမ္ပဏီပိုင်ရှင်ဘဝ ရောက်သွားတာလေ။

  • kai

    November 19, 2014 at 9:40 am

    စီလီကွန်ဗယ်လီထဲ.. ရာဟူး..။ ဂိုဂယ်..၊ ဖေ့စ်ဘုတ်ရုံးတွေထဲ.. အားကစားခန်းတွေ.. အပန်းဖြေခန်းမတွေ တပါတည်းတွဲဆောက်ထည့်ထားတာ.. အလကားမဟုတ်..
    သူတို့တွေအလုပ်လုပ်ရင်.. မထတန်း.. မစားတန်းလုပ်ကြတာမို့.. အဲဒါတွေ အိမ်ကနေ.. အလုပ်ထဲရွေ့ထားကြတာ..။
    လုပ်ရင်လည်း..လစာငွေ… ငွေကိုမှန်းလုပ်နေကြတာမဟုတ်..။
    အလုပ်အောင်မြင်အောင်.. ရည်မှန်းလုပ်ကြတာ…
    ပရို(ပရော်ဖက်ရှင်နယ်) ဆန်စွာလုပ်ကြတာ..။ ပရိုဟာ.. ပရိုလမ်းကို အလိုအလျှောက်ရောက်ပါတယ်..။ သူနဲ့တန်တာရပါတယ်..။

    လုပ်ငန်းရှင်အနေနဲ့က.. စွဲမြဲလုပ်သူကိုသာ(သာ) မွေးယူမှာ..လွှဲပေးမှာအသေအချာ..
    ဆိုတော့..
    ငုတ်မိ… သဲကိုင်…၊ တက်နိုင်…ဖျားရောက် ..။

    • pooch

      November 19, 2014 at 12:16 pm

      ဘာလဲ ထပ်တက်ရအုန်းမှာလား သူကြီး :loll:

      သူက အလုပ်စွဲတာကို နှစ်သက်တာ အားကျစရာပေါ့

      ကိုယ်ကတော့ ငွေရှာတာကလွဲရင် အကုန် စိတ်ဝင်စားတယ် တက်ကြွတယ်
      အလုပ်လုပ်ရတာလည်း ကြိုက်ပါတယ်
      ဘယ်လိုပြောရမလဲ
      စိတ်ကျနေတဲ့ ကာလမို့လား မသိပါဘူး
      ခုနောက်ပိုင်း ကိုယ့်ကိုယ်ကို တွေ့လာတာ ချမ်းသာကြွယ်ဝဖို့ သိပ်ပြီး အခွင့်လမ်းမရှိသလိုပဲ
      ဘာဖြစ်လို့လဲ ဆိုတော့ လုပ်ချင်ရာလုပ်ဖို့ကိုပဲ ပိုပြီး အားသန်လာလို့
      မငတ်ဖူးသေးလို့ ဖြစ်မယ် ငွေကိုလည်း မမက်တော့ဖူး ထည့်လည်း မတွက်ဖူး
      အကုန်နင့်ဟာနင်ရှာစားလို့ အပစ်ခံရတဲ့နေ့ရောက်ရင်တော့ မသိဖူး
      လောလောဆယ်တော့ ပလပ်ကျွတ်နေတယ် ထင်တာပဲ ဒေါ်ဒေါ်ရယ် :mrgreenn:

      • kai

        November 19, 2014 at 12:50 pm

        ကို်ယ်နှစ်သက်တဲ့အလုပ်နဲ့ ငွေရတဲ့အလုပ်ထပ်တူကျရင်… အကောင်းဆုံးပေါ့..
        ထပ်တူမကျလည်းအရေးမကြီးပါ..
        အလုပ်လုပ်ရမယ့်အချိန်.. အပြည့်လုပ်.. အနားယူရမယ့်အချိန်.. ကိုယ်လုပ်ချင်တာလုပ်ပြီး…အနားယူ..။
        စီလီကွန်ဗယ်လီထဲကလူတွေ.. ဗကေးရှင်းအချိန်… ငွေအပြည်နဲ့.. စိတ်ကြိုက်သုံးတာပဲ..။
        တပါတ်မှာ.. ၂ရက်..။ တနှစ်မှာ ၂လတော့.. နားသင့်.. နားကြ..။

        လူ့ဘဝက.. (ကိုယ့်ဘဝကိုယ်ပိုင်.. ပိုင်ပိုင်နိုင်နိုင်) နေရလှ အနှစ်၄၀…
        လူ့ဘဝရဲ့ အရသာကို…အပြည့်ခံစားကြစေလို.. လို့..။ :k:

    • padonmar

      November 19, 2014 at 8:33 pm

      ကျမတူမ Google မှာလုပ်တာ အိမ်မှာထမင်းကို ပြန်မစားတော့ဘူး။
      အလုပ်လုပ်တဲ့သူတွေကို facility အပြည့်ပေးထားတာ၊
      အလုပ်က ဖုန်းတို့ laptop တို့လည်း နှစ်တိုင်း အသစ်ရတယ်။
      အလုပ်လုပ်ပြီဆိုရင်လည်း မနားတမ်း(ဦးနှောက်) လုပ်ရတာ။

  • ဦးကြောင်ကြီး

    November 19, 2014 at 1:32 pm

    အာတီဒုံ… အနော့်ဂို မှတ်မိရား…..

    • kai

      November 19, 2014 at 3:29 pm

      မတောင်းပန်ရင်တဲ့.. မမှတ်မိဘူးတဲ့..။
      ကြောင်လုပ်တဲ့ပွဲလည်း.. မလာဘူးတဲ့..။ ဆန္ဒပြမယ်တဲ့..။ သပိတ်.. အဲ..အဲ.. ကြောင်စားခွက်မှောက်ပစ်မယ်တဲ့..။

      တောင်းပန်ပေတော့..
      ကျုပ်ကတော့.. အဲဒီပွဲသွားရင်.. သွားသူတွေကို.. မဲဖောက်ဖို့.. ပစ္စည်းလေးတွေဒီနေ့ပဲပို့လိုက်ပြီ..။
      အာတီဒုံကဦးစီးမလုပ်ပေးလို့မဖြစ်…။ :i:

      • ကေဇီ

        November 19, 2014 at 3:44 pm

        အလှူတော့ ပျက်လို့ မဖြစ်ဘူး ကြောင်ကြောင်။
        သများလည်း အလှူဖြစ်တယ်ဆို လာမို့။
        ခုတော့…….

        😥

  • CharTooLan

    November 19, 2014 at 3:19 pm

    မမှတ်မိဝူးဒဲ့
    အိုးမဲတွေနဲ့ ကြောင်ပေတူးယီး
    ခြေထောက်က ထော့နဲ့ ထော့နဲ့
    အမြီးက ပျတ်ကျတော့မယ်တဲတဲလေးပဲ
    အမွှေးတွေက ဟိုဒဂွက် ဒီဒဂွက်ကျွတ်လို့
    တကိုယ်လုံးမှာလဲ အနာတွေနဲ့
    ဖင်နားမှာလဲ ရေနွေးပူလောင်ထားသလားမသိ
    အောင်မျက်လေးးးးးးး ကြောက်စရာ
    ဘူဂမှတ်မိမဒုံး 😛
    (ခိခိ မပြောရတာကြာလို့လားမသိဘူး ပြောလို့ကောင်းထှာ) :k:

    • မြစပဲရိုး

      November 19, 2014 at 3:42 pm

      အဲဒီ ပြတ်လုလု အမြီး ကို ဖြတ် လိုက် ရင် မှတ်မိ ကောင်း ရဲ့။
      lol:-)))

  • လူတစ်ယောက် အချိန်ပြည့်အလုပ်လုပ်နိုင်ဘို့အတွက်ကအခြေအနေအချိန်အခါလဲလိုပါတယ်။
    မြန်မာပြည်မှာညနေ ခြောက်နာရီ အလုပ်တစ်ခုပြီးရင်အားနေတဲ့8နာရီနဲ့ဆယ်နာရီကြားအချိန်ပိုင်းအလုပ်လုပ်ချင်ပါတယ်ဆိုရင်
    ဘယ်မှာသွားလုပ်လို့ရမလဲ။
    မနက်6နာရီကနေ7နာရီမှာ အိမ်နားကကလေးတွေကိုစာပြပေးပြီးအလုပ်ကိုမနက်8နာရီရောက်အောင်လာတဲ့ကလေးကို
    ခေါင်းတစ်လုံးထဲနဲ့ရေအိုးနှစ်အိုးရွက်လို့ မရဘူးဆိုပြီးဝေဖန်တဲ့ပိုင်ရှင်မျုးိလဲရှိပါတယ်။

    မြန်မာပြည်မှာနေသူကမြန်မာပြည်ကအလျောက်ကြုးိစား ဘို့ဘဲလိုအပ်ပါတယ်။
    ဒါပေမယ့်လူငယ်တွေကို အလုပ်မပေးနိုင်အလုပ်မရှိ်ဆိုပြီးဂျာနယ်တွေကရေးပါတယ်
    လက်တွေ့မှာတော့ဝန်ထမ်းအလိုရှိသည်ဆိုတဲ့ကြော်ငြာကသတင်းစာမှာနေ့တိုင်းပါ ပါတယ်။
    မန်းလေးကဆိုင်တွေမှာ ဆိုင်ရှေ့မှာ ဝန်ထမ်းအလိုရှိသည်ဆိုင်းဘုတ်ကိုဗွီနိုင်းနဲ့အမြဲချိတ်ထားကြပါတယ်

    မမာပြောပြတဲ့သူကိုလေးစား ပါတယ်
    မြန်မာပြည်ကလူငယ်တွေကိုလဲသူ့လောက်မဟုတ်တောင်သူတစ်ဝက်လောက်တော့လုပ်စေချင်ပါတယ်။
    လူငယ်တွေ အစွမ်းပြနို်င်အောင်ဖန်တီးပေးဘို့ကတော့လူကြီးတွေ နိုင်ငံအုပ်ချုပ်သူတွေနဲ့ လုပ်ငန်းရှင်တွေတာဝန်လို့မြင်ပါတယ်။

    ကစားချင်ရင်ကွင်းရှိဘို့လိုအပ်ပါတယ်။
    မြန်မာပြည်ကကွင်းပျောက်နေတဲ့နို်င်ငံပါ

  • padonmar

    November 20, 2014 at 12:51 am

    မြန်မာပြည်မှာ မနက် ၉နာရီတောင် လက်ဖက်ရည်ဆိုင်ထိုင် လေကန်နေတဲ့လူတွေ ရှိနေတယ်ကိုပေါက်။
    ခက်တာက ပွဲစားအလုပ်ကို လိုင်စင်မလိုပဲ လုပ်လို့ရတော့ ပွဲစားယောင်ယောင် (တခါလောက်ပွဲခလေးရဖူးရင်) လုပ်ပြီး အချိန်ဖြုန်းတဲ့လူတွေ များနေပါတယ်။
    ကိုယ့်ကိုယ်ကိုယ် အလုပ်မလုပ်ဘူး၊အလုပ်မရှိဘူးလို့ အမှန်မြင်တဲ့လူက တော်သေးတယ်။
    အလုပ်လုပ်နေသယောင် ကိုယ့်ကိုယ်ပါ ညာနေတဲ့ လူတွေ များနေတာ ပိုခက်တယ်။

  • YUYA MON

    November 20, 2014 at 7:05 am

    VERY SMART PERSON!!!!

  • အလင်းဆက်

    November 20, 2014 at 5:49 pm

    ဒါမျိုးက အား ကျ ငေးမော ရမှာ မဟုတ်။

    အတု (အမှန်တော့ အစစ်ကိုသာ )ယူသင့်တာ ယူပြီး
    အားတက်သရော လိုက်လုပ်ရမယ့် အသိတစ်ချက် ဝင်ရမှာ

    ဒီတော့ ဒီပိုစ့် ဖတ်ပြီး အားမကျ။

    အားသာ လျှင် တက်သွားသည်။

    ကိုယ့်ကို ကိုယ် ပြောပါတယ်။

    :k:

  • padonmar

    November 25, 2014 at 11:53 pm

    အလုပ်နှင့် ရလဒ် ဒေါက်တာမိုးမိုးခိုင်
    November 22, 2014 at 5:43pm

    အလုပ်နှင့်ရလဒ်

    ကျွန်မတို့စဉ်းစားရမယ့်အထဲမှာ အလုပ်လုပ်ရင် တစ်ခုခုရရမယ်ဆိုတဲ့ ကိစ္စထိပ်ဆုံးက ပါပါတယ်။ အဲဒါကိုလည်းကျွန်မက အလုပ်လုပ်ရမယ့် စိတ်ဓာတ်အနေနဲ့ ထည့်ပြီးတော့ ပြောချင်ပါတယ်။ အလုပ်လုပ်ရင် အကျိုးအမြတ်တစ်ခုခုရရမှာပေါ့။ မရရင် အပင်ပန်းခံပြီးတော့ ဘာလို့လုပ်နေတော့မလဲ။ များသောအားဖြင့် စဉ်းစားလိုက်တာကဒီအလုပ်လုပ်ရင် ဒီဝင်ငွေရမယ်။ အလုပ်လုပ်မယ်၊ ပိုက်ဆံရမယ်ဆိုတာလောက် ဒါအလွယ်တကူ ဆက်စပ်ကြည့်တာ။ကျွန်မက ဒုတိယတစ်ခုကနေ ဆက်စပ်ကြည့်ရတဲ့ ဆက်စပ်မှုလေးကို လူငယ်တွေဆိုမှာ စပြီးတော့ သတိထားမိစေချင်တယ်။လိုက်နာနိုင်ရင်လည်း နောက်ပိုင်းကျရင် လိုက်နာသွားစေချင်တယ်။

    ဒီအဆက်အစပ်လေးကိုမပြောခင်မှာ စည်ပင်သာယာ ဝန်ထမ်းတစ်ယောက်ရဲ့ အလုပ်လုပ်တဲ့ ဒဿနလေးကို ပြောပါမယ်။ ကျွန်မဖတ်ဖူးတဲ့မိုးမိုးဆိုတဲ့ စာအုပ်ကလေးတစ်အုပ်ထဲမှာ မိုးမိုးရဲ့ သူငယ်ချင်း တစ်ယောက်က စည်ပင်သာယာဝန်ထမ်းပါတဲ့။အဲဒီဝန်ထမ်းက သူ့ရဲ့ တံမြက်စည်းလှည်းနည်း ဒဿနကို ပြောပြပါတယ်။ ဒီလမ်းတစ်လမ်းလုံးကိုပြီးအောင် လှည်းရတော့မယ်ဆိုပါတော့တဲ့။ အလုပ်ပြီးသွားရင် တစ်နေ့စာ လုပ်ခရမယ်။ အဲဒီလိုမျိုးပုံစံမျိုးနဲ့များ အလုပ်လုပ်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်လည်း တွေးကြည့်။ အာရုံက ဘယ်ကိုရောက်နေလိမ့်မယ်ထင်လဲ။ ပြီးရမယ့် လမ်းထိပ်ကိုရောက်ပြီးလား…. အဲဒီထိပ်ကို ရောက်ပြီလား….။ ဒါကျွန်မရဲ့ကျောင်းသားတွေမှာ ဒီပြဿနာက အမြဲတမ်း ရှိတယ်။ မယုံရင် စာတစ်အုပ် ဖတ်ခိုင်းကြည့်လိုက်။တစ်ကြောင်းဖတ်လိုက်၊ ဘယ်နှမျက်နှာကျန်သေးလဲ လှန်ကြည့်လိုက်။ နောက်တစ်ကြောင်းဖတ်လိုက်ဘယ်နှမျက်နှာကျန်သေးလဲ လှန်ကြည့်လိုက်။ ပြီးချင်တာကိုး။ ပြီးသွားမှ ရလဒ်တစ်ခုခုရမယ်ပေါ့။ရလဒ်ရောက်မယ့် နေရာကိုပဲ စိတ်က ရောက်နေတတ်တယ်။ ဟိုလမ်းထိပ်ကို မှန်းမှန်းပြီး တံမြက်စည်းလှည်းနေတော့အလုပ်ထဲမှာ အာရုံမရှိဘူး။ လုပ်နေတဲ့ အလုပ်က အာရုံမရှိဘဲလုပ်တော့ သပ်သပ်ရပ်ရပ် မဖြစ်ဘူး။

    အဲဒီစည်ပင်သာယာလုပ်သားက ဘာပြောလဲဆိုတော့ လမ်းထိပ်အထိပြီးအောင် တံမြက်စည်းလှည်းရမယ် ဆိုပါတော့တဲ့၊မင်းရဲ့ အာရုံက လမ်းထိပ်ရောက်ရင် ပြီးသွားရမယ်ဆိုတာကို အာရုံစိုက်ထားရမှာ မဟုတ်ဘူးတဲ့။မင်းလှည်းရမယ့် လှည်းပုံလှည်းနည်းက ဘယ်လိုလဲဆိုတော့ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ရင်အဲ့ဒီခြေလှမ်းရဲ့ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ ခြေတစ်လှမ်းစာ ပတ်ဝန်းကျင်မှာရှိတဲ့ အမှိုက်တွေကိုသိမ်းသွားလိုက်။ အဲဒီတော့ ခြေလှမ်းအလှမ်း နှစ်ဆယ် ဖြစ်ရင်ဖြစ်မယ်။ အလှမ်းသုံးဆယ် ဖြစ်ရင်ဖြစ်မယ်။နောက်ဆုံးတော့ လမ်းထိပ်ကို ရောက်သွားမှာပဲတဲ့။ အဲဒီနည်းကလေးနဲ့ တံမြက်စည်းလှည်းရင်ဘာရမလဲ။ တံမြက်စည်းလှည်းတဲ့ အားထုတ်မှုကို လုပ်လိုက်တယ်။ ကိုယ်လုပ်လိုက်တဲ့ အလုပ်ကြောင့်ဘာအရင်ရလာသလဲဆိုတော့ ပတ်ဝန်းကျင်က သန့်ရှင်းသွားတယ်။ ဒါ ငါ့ရဲ့ လုပ်ဆောင်ချက်ကြောင့်သန့်ရှင်းသွားတဲ့ ဟာလေးကို အရင်တွေ့ရတယ်။

    ကျွန်မကျောင်းသားများကိုတော့မေးတယ်။ စာမေးပွဲနား နီးလို့ စာကျက်ရတော့မယ်ဆိုရင် ဘာအရင်လုပ်သလဲ။ တော်တော်များများကဖြေတယ်။ စားပွဲထရှင်းတယ်။ စိတ်ရှင်းလက်ရှင်းဖြစ်အောင် အခန်းတွေ ဘာတွေထရှင်းတယ်။ အမှန်တော့ စာကမကြည့်ချင်သေးဘူးလေ။ မကြည့်ချင်သေးတော့ဟိုဟာအချိန်ဆွဲလုပ်၊ ဒီဟာအချိန်ဆွဲလုပ်တဲ့ အထဲမှာ reason ပေးလို့ အကောင်းဆုံးက ဘာလဲဆိုတော့စာမကြည့်ခင်မှာ အခန်းကိုရှင်းရမယ်။ ဒါမှ စိတ်ကြည်ကြည်လင်လင်နဲ့ မှတ်ဉာဏ်တွေဘာတွေ ကောင်းအောင်ပေါ့။အဲဒီလိုအခန်းထရှင်းတဲ့အခါကျရင် တကယ်လည်း စိတ်ထဲကြည်လင် မသွားဘူးလားဆိုတော့ ကြည်လင်သွားတယ်။

    အားထုတ်ပြီးတော့အလုပ်လုပ်လိုက်တာ ငါ့ရဲ့ အလုပ်ကလေးက ဟောဒီလိုလေးဖြစ်လာပြီဆိုပြီး သပ်သပ်ရပ်ရပ်ကလေးဖြစ်မှုကိုမြင်ရင်ကိုယ်ကျေနပ်မှု မရဘူးလားဆိုတော့ အဲဒီမှာတင် ကျေနပ်မှုကရတယ်။ အဲဒီလိုမျိုးကိုယ့်အလုပ်ပေါ်မှာကျေနပ်မှုရပြီး အလုပ်ပြီးသွားတော့လခလည်း ထပ်ရဦးမယ်။ နောက်တစ်ခါ ထပ်ကျေနပ်ရမယ်။ အဲဒီဒုတိယဆက်သွယ်မှုကလေးက အနောက်တိုင်းက Motivation သီအိုရီတစ်ခုကို ယူထားတာပါ။ ExpectancyTheory လို့ခေါ်ပါတယ်။ ကိုယ်အလုပ်လုပ်တဲ့အခါကျရင် ကိုယ့်အလုပ်ကောင်းအောင် ပြီးလားမပြီးလားဆိုတာကိုလည်း ဂရုစိုက်ရမယ်လို့ပြောတာ။ အဲဒီဂရုစိုက်မှုကနေ စိတ်တိုင်းကျတဲ့ ရလဒ်မျိုးရလာတယ်ဆိုရင်လည်းတစ်ခါဝမ်းသာတယ်။ အဲဒီကနေ နောက်ထပ် ဒီအလုပ်အတွက် Reward တစ်ခုခု ထပ်ရလာရင် ပိုဝမ်းသာတယ်။

    တခြားတစ်ခုကတော့Buddhist Economics စာအုပ်ထဲက အလုပ်လုပ်တဲ့ ဒဿနကို ပြောချင်ပါတယ်။ ငွေရဖို့ အလုပ်လုပ်တယ်။Reward ကို မှန်းမှန်းပြီးတော့ လုပ်နေရတဲ့အခါကျတော့ အလုပ်ထဲမှာ တကယ်အာရုံက မရှိဘူး။အလုပ်ပြီးမှ ငွေက ရမှာဆိုတော့ မရမချင်းမှာ ဒါက Stress ပဲ။ Reward ကိုပဲ မှန်းနေရင်စိတ်ပင်ပန်းတယ်။ အလုပ်ကို အာရုံစိုက်နေရင် တစ်ခုပြီးသွားတိုင်း အော်….. ငါလုပ်တာလေးကပြီးသွားပါလားဆိုတာလေး မြင်ရတယ်။ ပြီးသွားတာလေးက ကောင်းနေပါလားဆိုတာကို မြင်ရတယ်။ အဲဒီမှာကတည်းကကျေနပ်နေရတယ်။ လခကမပေးချင်ဘူးဆိုပြီးတော့ သူများက လျှော့ပစ်လိုက်လို့ ရတယ်။ ကိုယ့်ကျေနပ်မှုကဘယ်သူကမှ လာလျှော့လို့ မရဘူး။ ကိုယ်အလုပ်လုပ်တယ်။ အဲဒီအလုပ်နဲ့ အတူ နောက်က အကျိုးသက်ရောက်မှုအလုပ်ရလဒ်ကလေးက လိုက်လာမှာပဲ။

    အလုပ်နဲ့Reward နဲ့ စဉ်းစားရတဲ့အခါကျရင် ရောင့်ရဲခြင်းဆိုတာကိုလည်း ပြောရလိမ့်မယ်။ ကိုယ်ရသင့်ရထိုက်တဲ့အခွင့်အရေးကတော့ တောင်းရမှာပဲပေါ့။ ကိုယ်ထည့်ထားတဲ့ လုပ်အား ဒါမှမဟုတ် ကိုယ်ထည့်ထားတဲ့ဉာဏ်ရည်အင်အားကို တန်ရာတန်ကြေးကတော့ ရအောင် တောင်းရမှာပဲ။ အဲဒီလိုမျိုး တောင်းရတဲ့အပိုင်းကတစ်ပိုင်း။ ကိုယ်သုံးဆောင်ခံစားတဲ့အခါကျရင် ဘယ်လို သုံးစွဲမလဲ။ ဘယ်လောက် ရောင့်ရဲနိုင်မလဲ။ဒါက နောက်ထပ် စိတ်ဓာတ်တစ်ခု ဖြစ်ပါတယ်။ ဒီစိတ်ဓာတ်ကို ဒီနေရာမှာ တိုတိုနဲ့လိုရင်းပဲထားခဲ့ပါတယ်။ အဲဒီအကြောင်းနဲ့ ပတ်သက်ရင် စီးပွားရေးရှုထောင့်ကနေချဲ့ပြီး ပြောချင်တာလေးရှိလို့ပါ။

  • padonmar

    November 26, 2014 at 12:12 am

    ဒေါက်တာမိုးမိုးခိုင်နှင့် အမေးအဖြေမှ ဤပို့စ်ပါ ကွန်မန့်နှင့် သက်ဆိုင်မည်ထင်သည်ကို ကူးလာပါသည်။
    မေး။ ။ဆရာမကြီး ဆွေးနွေးသွားတာနဲ့ပတ်သက်လို့ အရမ်းသဘောကျတာလေးတစ်ခုက အလုပ်လုပ်တဲ့ အချိန်မှာReward ကို မကြည့်ဘဲ ကိုယ် အခု လတ်တလောလုပ်နေတဲ့ အလုပ်ကလေးကိုပဲ ကောင်းအောင် အာရုံစိုက်ပြီးတော့လုပ်ပါပေါ့။ အဲဒီလိုလုပ်ရင် Satisfying လည်း ပိုတက်လာပြီးတော့ ကိုယ်ကိုယ်ကိုယ်လည်းပိုကျေနပ်လာလိမ့်မယ်လို့ ဆရာမကြီး ပြောသွားပါတယ်။ ကျွန်တော် လေ့လာဖူးတဲ့ တချို့ကကျတော့ဘယ်လိုပြောလဲဆိုတော့ လူတွေက ဒီနေ့ခေတ်မှာ အလုပ်တွေ အရမ်းများလာပြီးတော့ Daily Activityတွေကို တအားအာရုံစိုက်ရတဲ့ အချိန်မှာ သူ့ရဲ့ ရေရှည် Aim တွေ၊ Goal တွေ ပျောက်သွားပြီးတော့ဒီ Activity Trap ထဲမှာ ပိတ်မိလာပြီးတော့ Development အားနည်းတတ်ကြတယ်လို့ တချို့ကလည်းဆိုပါတယ်။ အဲဒီနှစ်ခုကြားထဲမှာ Balance ဖြစ်အောင် လူငယ်တွေအနေနဲ့ ဘယ်လိုလေးများ လုပ်သင့်သလဲဆိုတာလေးကိုပြောပြပေးပါ။

    ဖြေ။ ။အင်မတန်ကောင်းတဲ့မေးခွန်းပါ။ မေးပေးတာ ကျေးဇူတင်ပါတယ်။ ကျွန်မတို့ ဒီပြဿနာမျိုးကို HR သင်တဲ့အခါမှာဆွေးနွေးဖြစ်ပါတယ်။ HR သင်တဲ့အခါကျရင် အထူးသဖြင့် Training & Development ပြောတဲ့အခါကျရင် ကိုယ်ရဲ့ ဝန်ထမ်းတွေကို Train လုပ်ရမယ်၊ ပြီးတော့ Develop ဖြစ်အောင်လည်း နောင်ရာထူးတွေအတွက်လည်း အခုကတည်းက ပြင်ဆင်ထားရမယ်လို့ လုပ်ငန်းရှင်တိုင်း မမြင်ဘူး မဟုတ်ဘူး၊မြင်တယ်။ ဒါပေမဲ့ လုပ်ပေးစရာအချိန်ကို ရှာမတွေ့ဘူး ဆိုတဲ့ ပြဿနာတွေ ရှိတယ်။ အဲဒီအခါလူတွေက အမြဲတမ်း ကိုယ်ရဲ့ နေ့တိုင်းမှာရှိတဲ့ အလုပ်တွေထဲမှာ ပိုပြီးတော့ နစ်မြုပ်နေပြီးတော့ကိုယ် Develop ဖြစ်ဖို့ကို မစဉ်းစားနိုင်တဲ့ အနေအထားမျိုး ရှိတယ်။

    ဒါကျွန်မတို့ရဲ့ လုပ်ငန်းခွင်မှာကို ရှိပါတယ်။ ဆရာမလေးတွေဆိုရင် Work Load အရမ်းများတယ်။ဒီတစ်ဘာသာကနေ နောက်တစ်ဘာသာကို စာသင်ချိန်အမီ ရောက်အောင်ကို မနည်းဖတ်နေရတယ်။ တကယ်တမ်းလုပ်ငန်းထဲမှာ ဘယ်လိုစီစဉ်နိုင်မလဲဆိုတာက လုပ်ငန်းတစ်ခုနဲ့ တစ်ခု မတူညီနိုင်ဘူးပေါ့။

    ဒီထက်ပိုပြီးလုပ်တတ်ကိုင်တတ်သွားအောင်ဖြစ်ဖြစ်၊ ပိုလွယ်တဲ့ လုပ်ပုံကိုင်ပုံလေးကို ဖြစ်ဖြစ်ရှာနိုင်ရင်အရင်တုန်းက Work Load က နည်းနည်းကျသွားမယ်။ နည်းနည်းကျသွားလည်း နောက်ထပ် Work Loadက လာမှာပဲ။

    ဒါ့ကြောင့်Effort အရေးကြီးတယ်လို့ ကျွန်မပြောထားတာ။ အများကြီး အားထုတ်ရမှာဆိုတော့ ကိုယ်ကEnergetic ဖြစ်ဖို့တော့ လိုတယ်ပေါ့။ ဒါကတစ်ခု။ မှန်ပါတယ်၊ နေ့တိုင်းအလုပ်ထဲမှာ မြှုပ်နှံနေတဲ့လူဟာ ကိုယ်က Develop ဖြစ်နေသလား၊ မဖြစ်နေဘူးလားဆိုတာ ကြာတော့ မသိတော့ဘူး။ ကိုယ်Develop ဖြစ်နေလား၊ မဖြစ်နေဘူးလားဆိုတာကို သိဖို့ကို အချိန်လေးနည်းနည်းယူနိုင်ဖို့လိုတယ်။ ခက်တာက လူတိုင်းလူတိုင်းက အချိန်က တစ်နေ့ကို နှစ်ဆယ့်လေးနာရီပဲ ရတယ်။ ဘယ်သူကမှကျွန်တော် ဘယ်နှစ်သန်းပေးပါ့မယ်။ တစ်နာရီပိုပေးပါလို့ ပြောလို့မရဘူး။ အဲဒီတော့Time Management ဆိုတဲ့ဟာက အချိန်ကို Manage လုပ်ရတာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို အချိန်ထဲမှာကိုFitting ဖြစ်အောင်လို့ Manage လုပ်ရတာဖြစ်ပါတယ်။

    အလုပ်တွေကို Job Analysis လုပ်ပေးရမယ့် လူကတော့ လိုတယ်။အမြဲတမ်း လုပ်နေကျအလုပ်ကို ဒီထက်ပိုပြီးတော့ မြန်အောင် လုပ်နိုင်အောင်၊ ဒီထက်ပိုပြီးတော့လွယ်အောင် လုပ်နိုင်အောင် အဲဒါ ဘယ်လိုလုပ်နိုင်မလဲ ရှာပြီးတော့ ဒါလေးနဲ့ Train လုပ်ရင်Work Load နည်းနည်းသက်သာနိုင်တယ်။ ဒါက တစ်နည်းပါ။

    နောက်တစ်ခုကတော့မအားတဲ့ကြားက တချို့တွေက ဘာလုပ်လဲဆိုတော့ Coporate training တွေဆိုရင် ကလေးတွေ တအားပင်ပန်းတယ်။ဒါပေမဲ့လည်း ကုမ္ပဏီဘက်ကလည်း အဲဒီလို ပင်ပန်းပြီး အလုပ်များနေတဲ့ကြားထဲက မရရအောင် တစ်ရက်လေးဖြစ်ဖြစ်ဖြတ်ပြီးတော့ နဂိုတုန်းကဆိုရင် နားရမယ်၊ ဒါပေမဲ့ အခုတော့ သင်တန်းလေးတစ်ရက်တက်လိုက်။ဒါမျိုးကလေးလုပ်ပေးတော့ နည်းနည်းကလေးလည်း ပိုပြီးတော့ မျက်စိပွင့်လာပြီးတော့ နေ့တိုင်းလုပ်တဲ့အလုပ်မှာ အထောက်အကူဖြစ်ရင် သုံးတတ်တယ်ဆိုရင် သူ့အတွက် အကျိုးရှိမယ်။ လုပ်ငန်းအတွက်လည်းအကျိုးရှိမယ်။ အဲဒီတော့ Development ဖြစ်ဖို့ အချိန်ကို ရှာရတာက တကယ်ကို HR ရဲ့Problem ပဲ။ အဲဒါက အင်မတန်မှ အရေးကြီးတယ်။

    နောက်တစ်ပိုင်းကတော့Reward နဲ့ ပတ်သက်တဲ့အပိုင်း။ နေ့တိုင်းလုပ်နေတဲ့အလုပ်ကို အာရုံစိုက်နေရင် ဒါSatisfying တစ်မျိုးရတယ် လို့ ဆိုတယ်။ အလုပ်ထဲမှာ အာရုံစိုက်ပါလို့ ပြောတာနဲ့ အလုပ်ထဲကReward ကို အာရုံစိုက်ပါလို့ပြောတာ ယှဉ်ကြည့်ဖို့ပြောတာ။ Reward ဆိုတာ သူများပေးမှရတာ။ ပြဿနာက အဲဒါပဲ။ မှန်းထားပေမဲ့ ရချင်မှ ရတယ်ဆိုတဲ့အမျိုးအစား။ အလုပ်ကတော့ ကိုယ့်လက်ထဲမှာရှိတယ်။ အလုပ်အပေါ်ကရတဲ့ ကျေနပ်မှုကိုသာ မရရင် အလုပ်ကလည်း ပင်ပန်းသေး။ ပင်ပန်းတဲ့အတွက်ကြောင့်လူက စိတ်လည်းပင်ပန်း၊ ရုပ်လည်းပင်ပန်းသေး။ Reward ကလည်း ရချင်တိုင်းမရဆိုတဲ့အခါ ပိုပြီးတော့စိတ်တိုရ။ အဲဒီလိုမျိုးနဲ့သာဆိုရင် ကိုယ့်အလုပ်ခွင်မှာ ကိုယ်မပျော်နိုင်ဘူး။

    ကျွန်မကိုမေးဖူးတဲ့ မေးခွန်းကောင်းလေးတစ်ခု ရှိပါတယ်။ Continues Improvement ဆိုတာ နည်းနည်းချင်းနည်းနည်းချင်း Improvement ဖြစ်အောင် လုပ်သွားတဲ့ Training လိုမျိုးရှိရမယ်လို့ ဂျပန်တွေကသင်တယ်။ Continues Improvement အကြောင်းကို ဆွေးနွေးတဲ့အခါမှာ ကျောင်းသားတစ်ယောက်ကမေးတယ်။ ဂျပန်မှာ Continuous Improvement က လူတွေအပေါ်မှာ ပိုပြီးတော့ Stress များလာစေပြီးတော့ကိုယ့်ကိုယ်ကို သက်သေတာတွေ များလာတာ မဟုတ်ဘူးလားတဲ့။

    အင်မတန်ကောင်းတဲ့မေးခွန်းပါ။ ကျွန်မက သူ့ကို ပြောပြတယ်။ ဟုတ်တယ်။ Continues Improvement ဆိုတာ နည်းနည်းချင်းနည်းနည်းချင်း နောက်ထပ်ကောင်းအောင် ဘာလုပ်နိုင်သေးသလဲ ဆိုတာ ရှာရင်းရှာရင်းနဲ့ နောက်တော့ပိုပိုပြီးတော့ ကောင်းလာတယ်ဆိုတဲ့ အနေအထားဖြစ်အောင် လေ့ကျင့်ယူရတဲ့ သဘောပေါ့။ ကျွန်မတို့နေ့တိုင်းလုပ်နေရတဲ့ အရာက Improvement လို့မမြင်ရင် Stress ဖြစ်ပြီ။ နေ့တိုင်းလုပ်နေတဲ့အလုပ်မှာအတွေ့အကြုံကများလာတော့ ဒီပြဿနာကို ဖြေရှင်းလိုက်တာ အရင်ကထက် သိမ်မွေ့လာတယ်။ သူများနဲ့ဆက်ဆံတဲ့အခါမှာ ပိုပြေလည်အောင် ညှိတတ်လာတယ်။ ဒီလိုဟာမျိုးလေးတွေကလည်း Improvement ထဲမှာပါတယ်။Development လို့ ပြောလိုက်တဲ့ဟာက ရာထူးကြီးတိုးသွားတာ၊ လစာကြီးတိုးသွားတာကိုမှDevelopment လို့ ပြောတာမဟုတ်ဘူး။ တက်လမ်းကတော့ ရှိရမှာပေါ့။ နိစ္စဓူဝ အလုပ်ထဲမှာလည်းကိုယ့်ရဲ့ အလုပ်ကို ပိုပြီးတော့ ပျော်မွေ့လာတာ၊ ပိုပြီးကျွမ်းကျင်လာတာ၊ ပိုပြီးတော့စိတ်ထားကောင်းကောင်းနဲ့ အလုပ်လုပ်တတ်လာတာ၊ အဲဒါတွေကလည်း ကိုယ့်ရဲ့ Development လို့မြင်တတ်လာရင် အဲဒီအထဲမှာ ကျေနပ်လောက်ပါတယ်။

  • ကန္နားစီး မိဂီ

    November 26, 2014 at 3:10 am

    ဒေါင်တာ မိုး က မိုက်သွေးနည်းထှာ…

    ဟိ

  • padonmar

    November 28, 2014 at 7:33 am

    အလုပ်လုပ်တဲ့စိတ် ဒေါက်တာမိုးမိုးခိုင်
    To: lubo601@gmail.com

    ကျွန်မဒီကနေ့ပေးချင်တဲ့ မက်ဆေ့ကလေးက ဘယ်နေရာရဲ့ ဘယ်အလုပ်ကိုပဲ
    ပြောင်းသွားပြောင်းသွား တချို့အရာတွေကို“ကျွန်မတို့ဘယ်လို လူမျိုးလဲ” ဆိုတဲ့
    အရာအတွက် အဲဒီရည်မှန်းချက်အတွက် ဆက်ပြီး ဆုပ်ကိုင်ထားဖို့လိုတယ်။
    စားသောက်ဆိုင်မှာ မန်နေဂျာလုပ်လုပ်၊ ကုမ္ပဏီအကြီးကြီးကိုပဲ
    ပြောင်းသွားပြောင်းသွား၊နိုင်ငံခြားကုမ္ပဏီတွေအထိပဲ သွားပြီး အလုပ်လုပ်၊ “ငါက
    ဘယ်လိုမျိုး အလုပ်လုပ်တတ်တဲ့ လူစားမျိုး”ဆိုတာကို စွဲကိုင်ထားဖို့တော့
    လိုပါတယ်။

    အဲဒီစွဲကိုင်ထားရမယ့် အရာကိုပဲ ကျွန်မဒီကနေ့မှာ Work Ethics လို့ပြောတာ
    ဖြစ်ပါတယ်။ အလုပ်လုပ်တဲ့ နေရာမှာ ထားရမယ့် စိတ်ဓာတ်ဆိုတာကလေးကိုကျွန်မ ဘယ်ကနေ
    နမူနာယူလာသလဲ ဆိုတဲ့အခါကျတော့ ဂျာမန် Management ပညာရှင် Max Weberရဲ့
    Protestant Ethics စာအုပ်ကနေ ယူလာတာဖြစ်ပါတယ်။

    အဲဒီစာအုပ်က ခရစ်ယာန်ဘာသာမှာ ဟောတဲ့တရားတွေကို ဘယ်လို
    အဓိပ္ပာယ်ဖွင့်ဆိုတယ်ဆိုတဲ့ အကြောင်းအရာ ပြောင်းသွားတာနဲ့
    လူတွေရဲ့အလုပ်လုပ်ပုံက ပြောင်းပြီး အဲဒီလိုအလုပ်လုပ်တဲ့ တိုင်းပြည်တွေက
    ဘယ်လိုချမ်းသာလာသလဲဆိုတာကိုစီးပွားရေးအမြင်နဲ့ သုံးသပ်ပြထားတာ။ ဘာသာရေးရဲ့
    အဆုံးအမကို လိုက်နာကျင့်သုံး ပုံပြောင်းသွားတဲ့အတွက်ကြောင့်အလုပ်လုပ်ပုံကလည်း
    ပြောင်းသွားပြီးတော့ ကြီးပွားတိုးတက်တဲ့ တိုင်းပြည်မျိုး
    ဖြစ်လာတယ်ဆိုတာကိုရှင်းပြထားတာ ဖြစ်ပါတယ်။

    ဘာသာရေးအယူအဆတွေမှာ စီးပွားရေး လုပ်တယ်ဆိုတာ လောဘရှိရတာ။
    ဒါကြောင့်မို့လို့ ဘာသာရေးရဲ့ ရှုထောင့်ကကြည့်တော့လောဘလျှော့သင့်တယ်ပေါ့။
    လျှော့သင့်တယ်ဆိုတာ တစ်ခါတည်း Interpretion ကို ဟိုဘက်ကို
    ဘာဆွဲလိုက်သလဲဆိုတော့စီးပွားရေးလုပ်ရတာဟာ လောဘထားရတာ။ ဘာသာရေးအရဆိုရင် လောဘက
    လျှော့သင့်တယ်ဆိုတော့ စီးပွားရေးကိုလျှော့သင့်တယ်။ ဒီလိုမျိုး
    စဉ်းစားလိုက်တော့ သူတို့ တနင်္ဂနွေနေ့ဆိုရင် စီးပွားရေးမလုပ်ရဘူးတို့ဘာတို့၊
    အီစတာဥပုသ်နားနီးရင် ဘာစောင့်ရှောက်ရတယ် ဆိုတာမျိုးတွေကိုပြောတာ ဖြစ်ပါတယ်။

    အဲဒီတော့အရင်ကရှိခဲ့တဲ့ ကတ်သလစ် ခရစ်ယာန်ကို Protestant ဆိုလိုတာက
    ဒီအယူအဆတွေကို တော်လှန်ပြီးတော့ကိုယ့်သဘောနဲ့ကိုယ် Interpret ပြန်လုပ်တဲ့၊
    ပြန်ပြီးတော့ အဓိပ္ပာယ်ဖွင့်ဆိုပြီး လိုက်နာကျင့်သုံးတဲ့ဂိုဏ်းက စဉ်းစားပုံ
    စဉ်းစားနည်းလေးကို ဒီမှာ ဖော်ပြထားပါတယ်။ အဲဒါကတော့ အင်္ဂလိပ်လိုတော့Calling
    လို့ ခေါ်တယ်။ တကယ်တမ်း originalစာအုပ်မှာပါတဲ့ အသုံးအနှုန်းကတော့ DieArbeit
    ဂျာမန်လို အလုပ်ကိုပြောတာ။ အဲဒီတော့ သူတို့ရဲ့ Interpret လုပ်ပုံက
    စီးပွားရေးနဲ့ပတ်သက်လာရင် လူက အလုပ်လုပ်ရတယ်။ အလုပ်မလုပ်ရင် ဘယ်သူကမှ
    လာမကျွေးထားပဲကိုး။ အဲဒီတော့အလုပ်တော့ လုပ်ရတယ်။ စီးပွားရေးလုပ်လုပ်၊
    ဘာလုပ်လုပ် အလုပ်လုပ်တဲ့အခါကျရင် ဘယ်လိုအပြုအမူမျိုးနဲ့မှဘုရားရှင်က
    သဘောကျတော်မူသလဲ။

    ဒီလိုမျိုးပြန်စဉ်းစားပုံရပါတယ်။ ကျွန်မကလည်း ခရစ်ယာန်မဟုတ်တော့
    အဲဒီလောက် အသေးစတ်တော့ မသိဘူး။အဲဒီလိုမျိုး စဉ်းစားကြည့်လိုက်တဲ့ အခါကျတော့
    အလုပ်လုပ်ရင် ဝီရိယနဲ့ လုပ်မှကောင်းတယ်။ဘယ်အလုပ်ပဲလုပ်လုပ် သေသေချာချာ
    သပ်သပ်ရပ်ရပ် ကောင်းအောင် လုပ်ရမယ်။ သေသေချာချာအားထုတ်ပြီးလုပ်ရမယ်။
    ပေါ့ပေါ့ပျက်ပျက် လုပ်မယ်၊ မပြီးဘဲနဲ့ တန်းလန်းထားခဲ့မယ်။ ဒါမျိုးဆိုတာ
    အလုပ်ကောင်းမဟုတ်ဘူးပေါ့။ အဲဒီတော့ အလုပ်ကောင်းလုပ်ချင်ရင်
    ဘယ်လိုလုပ်ရမလဲဆိုတော့ အဲ့ဒီလို အားထုတ်ပြီးတော့လုပ်ရမယ်။

    စီးပွားရေးလုပ်ရင်လည်းအလုပ်ဖြစ်တဲ့အတွက်ကြောင့်
    အလုပ်ကောင်းဖြစ်အောင် လုပ်ရမယ်ဆိုတဲ့အတွက်ကြောင့်
    စီးပွားကောင်းလာတယ်။ကောင်းလာတဲ့အခါကျတော့ ပိုက်ဆံတွေ အများကြီးရလာတာပေါ့။
    ရလာပြီဆိုတဲ့အခါကျရင် သူတို့ကပြန်စဉ်းစားတယ်။ အဲဒီရလာတဲ့ ပိုက်ဆံတွေကို
    သုံးမယ်၊ ဖြုန်းမယ်၊ ကြွားဝါတဲ့ နေရာတွေမှာပပလွှားလွှားနေမယ်။
    အဲ့ဒီလိုမျိုးဆိုရင်တော့ ဘုရားကြိုက်တဲ့ အလုပ်မျိုးမဟုတ်ဘူး။
    အဲဒီအခါကျတော့ရိုးရိုးသားသားနေမယ်။ ထိုက်သင့်သလောက် သုံးမယ်။ သူများအပေါ်မှာ
    ပလွှားတဲ့ ပုံစံမျိုးမဖြစ်စေဘူး။ အဲဒီတော့ သူတို့က သုံးတဲ့အခါ ရိုးရိုးစားပြီး
    ရိုးရိုးနေတယ်။

    စောစောကပြောတဲ့ အလုပ်ကို အားထုတ်ပြီးလုပ်မယ်ဆိုတဲ့ဟာကနေ ရလာတဲ့
    ဝင်ငွေကိုကျတော့ အဲဒီလို အသုံးအဖြုန်းနေရာတွေမှာမသုံးဘဲ နေမယ်။
    အဲဒီလိုနေမယ်ဆိုတဲ့ အခါကျတော့ ပိုက်ဆံတွေက ပိုနေတယ်။ ပိုနေတာကို
    အဆောင်အယောက်တွေအတွက်မစဉ်းစားတဲ့အခါကျတော့ ဘယ်မှာ သွားသုံးစရာမရှိတော့
    လုပ်ငန်းထဲပဲ ပြန်ပြန်ပြီးတော့ ထည့်တယ်။

    အဲဒီမှာတင်တိုင်းပြည်တစ်ခုရဲ့ စီးပွားရေး မတိုးတက်ဘဲ နေမလား။
    အဲဒီတိုင်းပြည်မှာ အလုပ်ဆိုရင် ကြိုးစားပြီးတော့လုပ်တဲ့လူတွေ ရှိတယ်။
    ဘာလို့လဲဆိုတော့ ဘုရားအကြိုက်။ ပြီးတော့ ရလာတဲ့ ဝင်ငွေကို
    ချွေချွေတာတာပဲသုံးပြီး ကျန်တာတွေ အကုန်လုံးကို အလုပ်ထဲမှာ ပြန်ထည့်တယ်။ အဲ့ဒါ
    Investment။ အဲဒီတော့စီးပွားရေး ရှုထောင့်ကနေကြည့်ရင် တိုင်းပြည်တစ်ပြည်က
    Investment တိုးသထက် တိုးလာတယ်။အဲဒီ တိုးသထက်တိုးလာတဲ့ Investment နဲ့
    အလုပ်လုပ်တဲ့ သူကလည်း အလွန်ကြိုးစားပြီး လုပ်တယ်။အဲဒီမှာ တိုင်းပြည်တွေက
    ချမ်းသာကုန်တာပဲဆိုတာကို ဒီစာအုပ်ကလေးကနေပြီး ပြောပြထားတယ်။

    အဲဒီတော့ကျွန်မတို့ အလုပ်လုပ်ရင် ဘယ်လိုလုပ်ရမလဲ။ ကြိုးစားပြီးတော့
    လုပ်ရမယ်။ ကျွန်မ ဒီပြဿနာကခဏခဏ ကြုံဖူးတယ်။ ဘာလို့လဲဆိုတော့ ဗုဒ္ဓရဲ့
    ဘောဂဗေဒဆိုင်ရာ ကိုယ့်ကျင့်တရားဆိုတဲ့ သဘောမျိုးနဲ့Thesis ရေးခဲ့ဖူးတော့ ခဏခဏ
    ပြောခံရတယ်။ ကျွန်မတို့က ဗုဒ္ဓဘာသာဖြစ်နေတဲ့အတွက်
    အစစအရာရာရောင့်ရဲတတ်တဲ့အတွက်ကြောင့် စီးပွားရေးက မတိုးတက်တာလား။ ကျွန်မ
    အဲဒီမေးခွန်းလောက် ခံပြင်းတာမရှိဘူး။

    ရောင့်ရဲတယ်ဆိုတဲ့ ကိစ္စက သုံးစွဲတဲ့ ကိစ္စအတွက်ကိုပြောတာ။
    အလုပ်လုပ်တဲ့ နေရာမှာ ရောင့်ရဲတယ်ဆိုတာ မရှိဘူး။ အလုပ်လုပ်တဲ့ နေရာမှာ
    ပျင်းနေတယ်ပဲရှိတယ်။ ဒီနေရာမှာ ကျွန်မပြောပြချင်တာ အလုပ်လုပ်ရင် မခိုမကပ်
    ကောင်းကောင်းမွန်မွန်အလုပ်ကောင်းလေးဖြစ်အောင် လုပ်တတ်တယ်။ ရလာတဲ့ ဝင်ငွေကို
    ခွဲဝေသုံးစွဲတဲ့အခါကျတော့ ပြန်ပြီးတော့ရင်းနှီးမြှုပ်နှံမှုဆိုတာလေး သိတယ်။
    အဲဒါကြောင့် သူများတိုင်းပြည်တွေကတော့ တိုးတက်လာခဲ့ဖူးပြီးပြီ။အဲဒီဟာလေးကို
    ကျွန်မတို့ရဲ့ အလုပ်လုပ်တဲ့ စိတ်ဓာတ်မှာ အတုခိုးစရာလေးတွေ
    ရှိနိုင်တယ်။ရှိတယ်လို့ ယူဆရင်ရနိုင်တယ်ပေါ့။ ဒါကြောင့် ဒါလေးကို
    ကျွန်မတင်ပြပါတယ်။

    ဒေါက်တာမိုးမိုးခိုင်

  • padonmar

    November 28, 2014 at 7:37 am

    ှQuote လုပ်ချင်တာ ဒီစကားပါ။
    (ကျွန်မတို့က ဗုဒ္ဓဘာသာဖြစ်နေတဲ့အတွက်
    အစစအရာရာရောင့်ရဲတတ်တဲ့အတွက်ကြောင့် စီးပွားရေးက မတိုးတက်တာလား။ ကျွန်မ
    အဲဒီမေးခွန်းလောက် ခံပြင်းတာမရှိဘူး။

    ရောင့်ရဲတယ်ဆိုတဲ့ ကိစ္စက သုံးစွဲတဲ့ ကိစ္စအတွက်ကိုပြောတာ။
    အလုပ်လုပ်တဲ့ နေရာမှာ ရောင့်ရဲတယ်ဆိုတာ မရှိဘူး။ အလုပ်လုပ်တဲ့ နေရာမှာ
    ပျင်းနေတယ်ပဲရှိတယ်။ ဒီနေရာမှာ ကျွန်မပြောပြချင်တာ အလုပ်လုပ်ရင် မခိုမကပ်
    ကောင်းကောင်းမွန်မွန်အလုပ်ကောင်းလေးဖြစ်အောင် လုပ်တတ်တယ်။ ရလာတဲ့ ဝင်ငွေကို
    ခွဲဝေသုံးစွဲတဲ့အခါကျတော့ ပြန်ပြီးတော့ရင်းနှီးမြှုပ်နှံမှုဆိုတာလေး သိတယ်။
    အဲဒါကြောင့် သူများတိုင်းပြည်တွေကတော့ တိုးတက်လာခဲ့ဖူးပြီးပြီ။အဲဒီဟာလေးကို
    ကျွန်မတို့ရဲ့ အလုပ်လုပ်တဲ့ စိတ်ဓာတ်မှာ အတုခိုးစရာလေးတွေ
    ရှိနိုင်တယ်။)

    • kai

      November 28, 2014 at 1:39 pm

      အဲဒီစွဲကိုင်ထားရမယ့် အရာကိုပဲ ကျွန်မဒီကနေ့မှာ Work Ethics လို့ပြောတာ
      ဖြစ်ပါတယ်။ အလုပ်လုပ်တဲ့ နေရာမှာ ထားရမယ့် စိတ်ဓာတ်ဆိုတာကလေးကိုကျွန်မ ဘယ်ကနေ
      နမူနာယူလာသလဲ ဆိုတဲ့အခါကျတော့ ဂျာမန် Management ပညာရှင် Max Weberရဲ့
      Protestant Ethics စာအုပ်ကနေ ယူလာတာဖြစ်ပါတယ်။

      အဲဒီစာအုပ်က ခရစ်ယာန်ဘာသာမှာ ဟောတဲ့တရားတွေကို ဘယ်လို
      အဓိပ္ပာယ်ဖွင့်ဆိုတယ်ဆိုတဲ့ အကြောင်းအရာ ပြောင်းသွားတာနဲ့
      လူတွေရဲ့အလုပ်လုပ်ပုံက ပြောင်းပြီး အဲဒီလိုအလုပ်လုပ်တဲ့ တိုင်းပြည်တွေက
      ဘယ်လိုချမ်းသာလာသလဲဆိုတာကိုစီးပွားရေးအမြင်နဲ့ သုံးသပ်ပြထားတာ။ ဘာသာရေးရဲ့
      အဆုံးအမကို လိုက်နာကျင့်သုံး ပုံပြောင်းသွားတဲ့အတွက်ကြောင့်အလုပ်လုပ်ပုံကလည်း
      ပြောင်းသွားပြီးတော့ ကြီးပွားတိုးတက်တဲ့ တိုင်းပြည်မျိုး
      ဖြစ်လာတယ်ဆိုတာကိုရှင်းပြထားတာ ဖြစ်ပါတယ်။

      စနစ်ကြောင့်မဟုတ်… စနစ်ကြောင့်မဟုတ်.. လို့..ပြောနေရတာ… က…
      ဘာသာရေးကြောင့်လို့.. သိသာမြင်လာမိလို့ပါ…။
      အတွေးအခေါ်တို့၏အချုပ်သည်.. ဘာသာရေး..။

      အထူးသဖြင့်…မြန်မာပြည်အခုလိုဖြစ်တာ..
      ဘာသာရေးကြောင့်… ဘာသာရေးကြောင့်…။

      အခု.. တချို့တချို့တွေ.. ကြိုးစားပြင်နေကြပုံပေါ်ပါတယ်..။
      ပြင်နေသူတွေကိုအားပေးပါ..။ ထောက်ခံပါ..။ ကိုယ်တိုင်လည်း ဘာသာရေးအယူဝါဒ..အယူအဆတွေပြင်ကြပါ…။
      မြန်မြန်ပြင်ရင်.. မြန်မာပြည်ခေတ်ပြောင်း.. မြန်လိမ့်မယ်…။

  • thit min

    December 5, 2014 at 9:37 pm

    သူကြီးပြောတဲ့ ဘာသာရေးကြောင့်ဆိုတာ(လောလောဆယ်တော့)သဘောတူဖို့မဖြစ်နိုင်သေးပါဘူး..။
    ကိုယ်ပိုင်အမြင်အရတော့
    ၁။ အနှီပုဂ္ဂိုလ်လိုမျိုး အလုပ်ကြိုးစားသူများမြန်မာပြည်မှာအတော်တွေ့ဖူးပါတယ်
    ၂။အမျိုးထဲကဖြစ်ဖြစ် အလုပ်သမားထဲကဖြစ်ဖြစ်သူ့လိုစိတ်မျိုးနဲ့(အစဉ်သဖြင့်)
    တာဝန်ကျေအောင်လုပ်နိုင်သူများများမရပါ(သို့)
    ကြာရှည်မရပါ..။
    ၃။ ရေရှည်အောင်မြင်အောင်လုပ်ရန် ပိုမိုချဲ့ထွင်အောင်လုပ်ရန် ထက်
    ငါးပွက်ရာငါးစာချ အခွင့်အရေးအချောင်နှိုက်သူများချမ်းသာသလို..
    ကိုယ်လဲဖြစ်ချင်စိတ်နှင့် မှန်မှန်ကန်ကန်ကြိုးစားလိုစိတ်အားနည်းပါတယ်။
    ၄။လူ့တန်ဖိုး လူ့သိက္ခာ ထက် ငွေရှာဖို့ကအရေးကြီးတယ်ဆိုရမဲ့အသိုင်းအဝိုင်းရဲ့လောင်းရိပ်ကျနေခြင်း
    ၅။ကြီးမားလာတဲ့အခါ ကျယ်ပြန့်လာတဲ့အခါ (မြန်မာပြည်ရဲ့ရိုးရာအရ)
    ကပ်စရာရှိကပ် ပေးစရာရှိပေး လိုက်စရာရှိလိုက် စသည်များကို
    (လုံးဝ) လုံးဝလုံးဝ မလုပ်လိုသောလုပ်ငန်းရှင်များ (ရှိ) ရှိနေခြင်း
    ၆။ အမ်ဘီအေ ဒေါက်တာ အေစီစီအေ စသော ဘွဲ့ရ ခြင်း လက်မှတ်ရခြင်းက
    နံပါတ် တစ် ဖြစ်ပြီး တကယ့်လက်တွေ့စွမ်းဆောင်မှုကိုလေ့ကျင့်ရန် သင်ကြားရန်ဦးစားမပေးကြခြင်း..။
    ၇။ လူမှုရေး စီးပွားရေး ဆိုင်ရာ မသိမဖြစ် common sense များအလွန်အားနည်းနေသေးခြင်း…။
    စသော ဖက်(က်)တာများကိုတော့ သတိထားမိပါကြောင်း ရိုးသားစွာ
    တင်ပြရင်း…
    အားလုံးကိုလေးစားလျက်
    သစ်မင်း

  • padonmar

    December 6, 2014 at 8:11 am

    ကိုသစ်ရေ
    အချိန်ပေးပြီး ကွန်မန့်လာပေးတာ ကျေးဇူးပါ။
    မြန်မာပြည်မှာ အခြေအနေအရပ်ရပ်ကိုက ကောင်းချင်သူတွေ ကောင်းချင်သလောက် ကောင်းခွင့်မရဘူးဖြစ်နေတယ်။
    မကောင်းသူတွေ ကြီးစိုးနေတော့ (ကြီးပွားနေတော့) Role Model တွေလွဲ၊အတုယူလွဲ၊လုပ်တာတွေလွဲ…အလွဲတိုင်းပြည်ဖြစ်ပြီးရင်းဖြစ်..
    .ပြင်ရင်းပြင်ရင်းတော့ အရင်ထက်စာရင် တည့်လာမယ်ထင်မိတာပဲ ကိုသစ်ရေ။

  • Ma Ma

    December 6, 2014 at 8:57 am

    fb မှာတွေ့လိုက်တဲ့ အင်္ဂလန်အလုပ်သမားဝန်ကြီး (အမျိုးသမီးပဲ သိပ်လည်း မကြီးသေးဘူး) ပြောတဲ့….
    “အလုပ်မရှိဘူး ဟုတ်လား။ ဘာလို့ စားပွဲထိုးမလုပ်တာလဲ” ဆိုတဲ့ ပိုစ့်အောက်မှာ အဲဒီစကားကို လက်မခံ၊ ဆန့်ကျင်တဲ့ ကွန်မန့်တွေ ရေးထားတာကို Barry အကြောင်းပြောပြလိုက်ချင်တယ်။

  • padonmar

    December 6, 2014 at 8:24 pm

    ဟုတ်ပ ချစ်မရေ၊
    အလုပ်ဟူသမျှ ဂုဏ်ရှိစွ ဆိုတာ စာစီစာကုံးအဖြစ်တောင် မရေးကြတော့ဘူး။

  • padonmar

    December 18, 2014 at 6:47 pm

    င်္FB က ဦးစွယ်တော် Share ထားတာလေး အားကျစရာကောင်းတဲ့ ဂျပန်လူမျိုးတို့ စရိုက်ကို အတုယူနိုင်ဖို့ ဒီနေရာမှာ လာစုထားလိုက်ပါတယ်။

    Credit to Min Myat Maung

    “ဂျပန်ကတ်ကြေးကိုက်”

    ဂျပန်မူလီဆိုတာတော့ ကြားဖူးတယ် မဟုတ်လား။ တခြားမူလီတွေထက် ဂျပန်မူလီက အရစ်ပိုရှည်တယ်။ ဒါကြောင့် ကိစ္စတခုခု လက်ပေါက်ကပ်ပြီး အရစ်ရှည်နေရင် ဂျပန်မူလီလို့ ပြောကြတယ်။ ဂျပန်ကတ်ကြေးကိုက်ကတော့ ပုံစံတမျိုးပေါ့လေ။

    ကျနော် ဂျပန်မှာ နေတုန်းက တရက်တော့ ဂျပန်သူငယ်ချင်း တိုယိုကာဝါ အကူအညီတောင်းလာတယ်။ မြန်မာအစားအစာတွေထဲမှာ “ယာကိဆိုးဘ” နဲ့တူတာ ဘာရှိသလဲတဲ့။ ယာကိဆိုးဘဆိုတာ ပဲငံပြာရည် ဆော့စ်နဲ့ ကြော်တဲ့ ဂျပန်ခေါက်ဆွဲကြော်ပါ။ ကျနော်တို့ မြန်မာပြည်မှာ တရုတ်ခေါက်ဆွဲကြော်ပဲ ရှိတယ်။ မြန်မာ ခေါက်ဆွဲကြော်မရှိဘူးလေ။ ရှမ်းခေါက်ဆွဲလည်း ရှိတော့ ရှိတယ်၊ ဒါပေမယ့် သူက အကြော်မဟုတ်ဖူး၊ အရည်နဲ့ အသုပ်ပဲ ရမယ်။ သူ့ကို ပြောပြတော့ ထပ်ပြီး စဉ်းစားကြည့်ပါဦးကွာတဲ့။

    တိုယိုကာဝါက အင်နီမေးရှင်း ဝါသနာကြီးတယ်။ ဂျပန်လို အာနီမဲလို့ အတိုကောက်ခေါ်တဲ့ ရုပ်ပြရုပ်ရှင် ဇာတ်လမ်းတွေ ဖန်တီးတာ ဝါသနာပါလို့ သူတို့ချင်းစုပြီး အသင်းဖွဲ့ထားတယ်။ ဘွဲ့လွန်တန်းတက်နေတာတောင် ကလေးကလား ကာတွန်းရုပ်ရှင်ဇာတ်လမ်းတွေ ဝါသနာပါတုန်းပဲလားလို့ မအံ့ဩပါနဲ့။ ဂျပန်မှာ အသက် ၄၀-၅ဝ လူကြီးတွေလည်း ‘မန်းဂ’ လို့ခေါ်တဲ့ ရုပ်ပြကာတွန်းတွေ ဖတ်ကြတယ်။

    အာနီမဲဝါသနာရှင်များ အသင်းအတွက် ရန်ပုံငွေရှာဖို့ နာမည်ကြီး ဘုရားပွဲတခုမှာ မနှစ်က ယာကိဆိုးဘ သွားရောင်းတာ အမြတ်သိပ်မကျန်ဘူးတဲ့။ ဘုရားပွဲထဲမှာ ယာကိဆိုးဘဆိုင်တွေ အများကြီးမို့ ဒီနှစ်တော့ ထူးထူးခြားခြားဖြစ်အောင် တခြားဟာတခု ရောင်းကြမယ်လို့ စိတ်ကူးပြီး မြန်မာအစားအသောက်ကို စဉ်းစားကြည့်တာလို့ သူက ပြောတယ်။

    အဲဒါနဲ့ ကိုယ်နဲ့ခင်တဲ့ မြန်မာစားသောက်ဆိုင်တခုကို ခေါ်သွားပြီး မီနူးကို နှစ်ယောက်သား သဲကြီးမဲကြီး ရှာတော့ “မြိတ်ကတ်ကြေးကိုက်” ကို တွေ့ပါလေရော။

    တပွဲမှာစားကြည့်ပြီး ကြိုက်သွားတယ်။ ကြော်ပုံကြော်နည်း ကျနော့ကို မေးတော့ ဘယ်သိပါ့မလဲဗျာ။ ဒီတော့ အဲဒီ မြန်မာစားသောက်ဆိုင်က စားဖိုမှူးလုပ်တဲ့ အစ်မကို သင်ပြပေးဖို့ အကူအညီတောင်းရတာပေါ့။ သူကလည်း ဂျပန်ကျောင်းသားတွေ ရန်ပုံငွေပွဲအတွက်မို့ ကူညီမယ်လို့ ပြောပါတယ်။

    အဲလိုဆိုတော့ ဆိုင်မှာ အလုပ်မများတဲ့တရက်၊ ညနေ ၄ နာရီလောက်မှာ သင်ဖို့ ချိန်းလိုက်ကြတယ်။

    အဲဒီနေ့က ဆိုင်ကို ရောက်လာကြတဲ့ ဂျပန်အဖွဲ့ကို ကြည့်ပြီး လန့်သွားတယ်။ ယောက်ျားလေး နှစ်ယောက်၊ မိန်းကလေး သုံးယောက်၊ ဗီဒီယိုကင်မရာ၊ မှတ်စုစာအုပ်၊ အလေးချိန်ကိရိယာ၊ ချင်တွယ်ခွက်၊ အချိန်မှတ်နာရီတွေ အပြည့်အစုံနဲ့ခင်ဗျ။

    ဓာတ်ခွဲခန်းထဲကဟာတွေလားလို့ မေးတော့ သူတို့ အူကြောင်ကြောင် ဖြစ်သွားတယ်။ မဟုတ်ဖူး၊ မီးဖိုချောင်သုံးပစ္စည်းတွေလေ ဆိုပြီး သူတို့က ကျနော့ကိုတောင် အံ့ဩနေသေး။ ဂျပန်အိမ်ရှင်မတွေ ထမင်းဟင်းချက်ရင် အဲဒီလို အလေးချိန်၊ ပမာဏ၊ အချိန်နဲ့ တိတိကျကျ ချက်သတဲ့။

    ဒါပေမယ့်၊ အလွယ်နည်းလည်း ရှိကြောင်း ကောင်မလေးတယောက်က ရှင်းပြတယ်။ ဥပမာ အသားဝယ်ရင် ထည့်ထားတဲ့ ဖော့ခွက်လေးပေါ်မှာ ဘယ်နှစ်ကီလို၊ ဘယ်နှစ်ဂရမ်ဆိုတာ ဆိုင်က တံဆိပ်ကပ်ပြီးသား။ တစ်ကီလိုကို တဝက်ဝက်ရင် ၅၀ဝ ဂရမ်၊ လေးပုံတပုံဆိုရင် ၂၅ဝ ဂရမ်ဆိုပြီး ထပ်ချိန်နေစရာ မလိုတော့ဘူး။ ကျနော်တို့ မြန်မာတွေ ဈေးဝယ်ရင် ဈေးနှုန်းကိုပဲ ကြည့်တာများတယ်လေ၊ အလေးချိန်တို့ ဘာတို့ မကြည့်မိပါဘူး။

    လက်တွေ့ မကြော်ခင်မှာ ထည့်မယ့် ပစ္စည်းအမယ်တွေကို အလေးချိန်၊ ပမာဏ အရင်ပြခိုင်းပြီး ကြော်နည်းကို ပါးစပ်နဲ့ ပြောတာ ရေးမှတ်ကြပါတယ်။

    ဆိုင်က မီးဖိုကျဉ်းကျဉ်းမို့ ကြော်ပြမယ့် အစ်မရယ်၊ တိုယိုကာဝါနဲ့ ကာတိုတို့ နှစ်ယောက်ရယ် သုံးယောက်ပဲ ဝင်ကြတယ်။ ကာတိုက ဗီဒီယိုရိုက်တယ်။ စပြီဆိုတာနဲ့ ဆီဘယ်လောက် မီလီလီတာ ထည့်တယ်လို့ တိုယိုကာဝါက အော်ပြောရင် အပြင်က ကောင်မလေးတွေက မှတ်စုထဲမှာ မှတ်တယ်။ ပြီးရင် သူတို့ကလည်း ဆီဘယ်လောက် မီလီလီတာလို့ ပြန်အော်ပြောတယ်။ အထဲက ဂေါ်ဖီထုပ် ဘယ်နှစ်ဂရမ်ဆိုရင် အပြင်ကလည်း အချိန်ကိုပါ မှတ်ပြီးတာနဲ့ ဂေါ်ဖီထုပ် ဘယ်နှစ်ဂရမ်ဆိုတာ ပြန်အော်တယ်။ အဲဒီလို အပြန်အလှန် အော်ပြောတာက နားကြားလွဲမှာစိုးလို့ သေချာအောင် ပြန်အတည်ပြုတာပါ။

    အဲဒါနဲ့ တပွဲကြော်ပြီးသွားရော။ သူတို့ချင်း ဗီဒီယိုကြည့်၊ မှတ်စုစာအုပ်နဲ့တိုက်ပြီး ပြန်ဆွေးနွေးကြတယ်။ ကြော်ပြရတဲ့ အစ်မလည်း တော်တော် စိတ်လေသွားရှာတယ်။ ဒီလို အတိအကျ တခါမှ မကြော်ခဲ့ဖူးပါဘူးလို့ ညည်းတာပေါ့။

    နောက်တပွဲ ကြော်ပြန်ရော၊ ဒီအတိုင်းပဲ အားလုံး မှတ်သားပြီး ပထမပွဲနဲ့ ပြန်တိုက်ကြည့်ကြတယ်။ ပြီးတော့ တိုယိုကာဝါကြော်တာကို အစ်မက ဘေးက ကြည့်ပေးရတယ်။ နောက်တပွဲကျ ကာတိုရဲ့ အလှည့်။ နောက်ဆုံးပွဲကတော့ အစ်မကို အပြင်ထွက်ခိုင်းပြီး သူတို့ဖာသာ ကြော်ကြတယ်။

    အားလုံးပြီးတဲ့အခါ ၅ ပွဲစလုံးကို မြည်းကြည့်ကြတယ်။ သူတို့ဖာသာ ကြော်ထားတဲ့ပွဲကို ကျနော်နဲ့ အစ်မက မြည်းကြည့်ပြီး တူမတူ၊ ကောင်းမကောင်း ပြောပြရတယ်။

    ပြီးတာနဲ့၊ ၅ ပွဲစာ ကျသင့်တဲ့ ပိုက်ဆံကိုရှင်း၊ ဆိုင်က ငွေရပြေစာကို ကောင်မလေးတယောက်က ငွေစာရင်းစာအုပ်ထဲမှာ တိပ်နဲ့ကပ်ပြီး သိမ်းတယ်။ လိုအပ်တဲ့ ပစ္စည်းတွေကို ဝယ်ဖို့ ကောင်မလေး နှစ်ယောက်က စာရင်းလုပ်တယ်။ တပွဲအတွက် ထည့်ရတဲ့ ပစ္စည်းပမာဏကို မူတည်ပြီး ပွဲ ၁၀ဝ စာ ဆိုရင် ဘယ်လောက်လိုမယ်ဆိုတာကို တွက်ချက်၊ ဘယ်ဆိုင်မှာ ဘယ်သူက သွားဝယ်မယ်ဆိုတာ ဆွေးနွေးအတည်ပြုပြီး လူစုခွဲကြရော။

    ဘုရားပွဲနေ့မှာ ဟိုနေ့က ၅ ယောက်အပြင် တခြား အသင်းဝင်တွေပါ လာကြတယ်။ တိုယိုကာဝါက ခေါင်းဆောင်၊ တတန်းပိုကြီးတဲ့ ကာတိုက ဒုတိယခေါင်းဆောင်၊ ကျန်တဲ့ အသင်းသူအသင်းသားတွေကို ဘယ်သူက ဘာတာဝန်၊ ဘာလုပ် ဆိုပြီး တာဝန်ခွဲတဲ့အခါ “ဟိုက်” “ဟိုက်” “ဟိုက်” ဆိုတဲ့ အသံတွေပဲ ကြားရတယ်။ စောဒကတက်တာ၊ ဆင်ခြေပေးတာ၊ ဝေဖန်တာ၊ လေကန်တာတွေ မရှိဘူး။ အဲဒီလို အပြန်အလှန် ဆွေးနွေးငြင်းခုန်တာတွေက အရင်နေ့ အစည်းအဝေး တခုမှာ ပြီးခဲ့ပြီးပြီ။ ဒီနေ့က အလုပ်လုပ်ရမယ့်နေ့။ ခေါင်းဆောင် တာဝန်ပေးတဲ့အတိုင်း တသွေမတိမ်း လုပ်ရုံပဲ။ မလုပ်ချင်ရင် စောစောစီးစီး ထွက်သွား။

    အဲဒီနေ့က ကောင်မလေး တယောက်က ခေါက်ဆွဲဖတ်နဲ့ အမယ်ပစ္စည်းတွေကို အလေးချိန် ချိန်ပြီး အဆင်သင့်လုပ်ပေးတာကို တိုယိုကာဝါနဲ့ ကာတိုတို့ နှစ်ယောက် တလှည့်စီ တဒယ်ပြီး တဒယ်ကြော်တာ လက်မလည်ဘူး။ ဒယ်ဆိုပေမယ့် တကယ်က ယာကိဆိုးဘကြော်တဲ့ သံပြားအပြန့်ကြီးပါ။ ကျန်တဲ့ ကောင်လေး၊ ကောင်မလေးတွေက ကြော်ပြီးတဲ့ ခေါက်ဆွဲတွေ ဖော့ခွက်ထဲထည့်၊ ငွေလက်ခံ၊ ဇယ်စက်သလို လုပ်တာတောင် မနိုင်ဘူး။ ဆိုင်ရှေ့မှာ လူတွေ တန်းစီနေတာ အရှည်ကြီးပဲ။

    ဂျပန်တွေရဲ့ အကျင့်က စုပြုံတိုးဝှေ့တာ ဘယ်သောအခါမှ မရှိဘူး။ သေရေးရှင်ရေးတောင် စနစ်တကျ တန်းစီပြီး ထွက်တာ မြင်ဖူးတယ်။

    ဘုရားပွဲတခုက ဆိုင်မှာ အခုလို လူတွေ တန်းစီဝယ်တယ်ဆိုရင် ကောင်းမှန်းသိတယ်။ ရှားရှားပါးပါး စားရခဲတဲ့ အာရှနိုင်ငံတခုက အစားအသောက်မို့ စားကြည့်ချင်တဲ့လူတွေ၊ စားပြီးသူတွေက ကောင်းတယ်ပြောလို့ လာဝယ်သူတွေနဲ့ စည်ကားနေတာပေါ့။ ပြီးတော့ ဂျပန်တွေရဲ့ နောက်အကျင့်တမျိုးကလည်း အဲလို တန်းစီနေတာတွေ့ရင် ကိုယ်ပါ ဝင်တန်းစီကြတာလေ။

    လူတွေတန်းစီနေလေလေ၊ ရောင်းကောင်းလေလေနဲ့ အဲဒီနေ့က ကုန်ကြမ်းပြတ်သွားလို့ နှစ်ခါလောက် ထွက်ဝယ်ကြရသေးတယ်။ မြန်မာအစားအသောက်ကို ဝိုင်းပြီး အားပေးကြတော့ ကျနော်လည်း ဘေးက အချောင် ပီတိဖြစ်နေတာပေါ့။

    စာရင်းချုပ်လိုက်တော့ ယန်း တသိန်းတသောင်းကျော် (ဒေါ်လာ ၁,၀၀ဝ ကျော်) လောက် အမြတ်ကျန်တယ်။ တခါမှ အဲဒီလောက် များများ မမြတ်ဖူးတော့ အားလုံးပျော်တာပေါ့နော်။ ဒီတော့၊ အောင်ပွဲခံပြီး စားကြသောက်ကြမယ်။

    အားလုံးစားသောက်ပြီးရင် ကျသင့်ငွေကို ရတဲ့ အမြတ်ထဲက ထုတ်ပေးလိမ့်မယ်လို့ ကျနော်ထင်တာ မှားတယ်။ ကျနော်တယောက်သာ အာနီမဲအသင်းဝင်မဟုတ်ပဲ ကူညီတဲ့ ဂုဏ်ထူးဆောင် ဧည့်သည်မို့ အသင်းက ဧည့်ခံကျွေးမွေးပါတယ်။ ကျန်တဲ့လူတွေအတွက် အစားတပွဲဖိုးပဲ အသင်းကပေးတယ်။ ဘီယာ၊ ဆာကေ၊ သောက်စရာအတွက် ကိုယ့်ဖာသာ ရှင်းရတယ်ခင်ဗျ။

    ဒီလောက်နဲ့ ပွဲမပြီးသေးပါဘူး။ ဂျပန်မူလီမို့ အရစ်က ရှည်တယ်။ နောက်တနေ့မှာ ကျနော်နဲ့ချိန်းပြီး ပထမ သွားခဲ့တဲ့ ၅ ယောက်က သင်ပေးတဲ့ မြန်မာအစ်မဆိုင်ကို သွားကြတယ်။ ဘူတာနားက ပန်းဆိုင်မှာ ပန်းစည်းတစည်း ဝယ်၊ ဂျပန်တွေ လက်ဆောင်ပေးရင် သုံးတဲ့ စာအိတ်ထဲမှာ ယန်း ၃,၀၀ဝ ထည့်ပြီး အစ်မရဲ့ ကူညီသင်ပြမှုကြောင့် သူတို့ ဘယ်လို အောင်မြင်မှုရခဲ့ကြောင်း သေသေချာချာ ရှင်းပြပြီးမှ ဦးညွှတ်ပြီး ပန်းစည်းနဲ့ စာအိတ်ကို ပေးကြတယ်။

    အခုလို သေသေချာချာ မှတ်တမ်းတင်ထားတဲ့အတွက် နောက်နှစ်တွေမှာလည်း သူတို့အသင်းက ကတ်ကြေးကိုက်ရောင်းပြီး ရန်ပုံငွေ နှစ်တိုင်းရှာနိုင်ကြောင်း သိရပါတယ်။

    အဲဒီပွဲမှာ ကျနော်သင်ခန်းစာ ရခဲ့တာကတော့ ဂျပန်တွေ အလုပ်လုပ်ရင် တပွဲတိုး မဟုတ်ဘဲ၊ ရေရှည်အတွက် စနစ်တကျ ပြင်ဆင်လုပ်ကိုင်ကြောင်း ကိုယ်တိုင် မြင်တွေ့ရတာပါပဲ။ အသင်းလိုက် လုပ်ဆောင်ရာမှာ တွက်ကပ်ငြိုငြင်တာ မရှိဘဲ ခေါင်းဆောင်ပြောတဲ့အတိုင်း ညီညီညွတ်ညွတ် လုပ်ကြတယ်။ ပြီးရင်လည်း ကျေးဇူးတင်ထိုက်သူ၊ ဂုဏ်ပြုထိုက်သူကို မမေ့မလျော့ ကျေးဇူးသိတတ်တယ်။

    ကျနော့မှာလည်း အဲဒီလို ဝင်ပြီး ကူညီပေးတာတောင် မြိတ်ကတ်ကြေးကိုက် ကြော်နည်း တတ်မလာဘူးဗျာ။ ပြီးတော့၊ ခုထက်ထိ ကျနော်နားမလည်နိုင်တာက ဘယ်နေရာမှ ကတ်ကြေးနဲ့ ကိုက်တာမတွေ့တော့ ဘာဖြစ်လို့ ကတ်ကြေးကိုက်လို့ ခေါ်မှန်း မသိရပါဘူးဗျာ။

    ဘာပဲဖြစ်ဖြစ်လေ၊ “ဂျပန်ကတ်ကြေးကိုက်” ကတော့ အသေးစိတ်ကအစ စနစ်တကျ လုပ်သွားတာ မှတ်သားမိပါတော့တယ်။

    • kai

      December 19, 2014 at 2:32 pm

      ထုံစံအတိုင်း.. ဆရာလုပ်လိုက်ဦးမယ်..။
      ယာကိဆိုတာက.. ကင်တာ..
      ဆိုးဘ ဆိုတာက.. မြန်မာပြည်မှာမပေါက်တတ်..မစားတတ်တဲ့အပင်ကနေလုပ်တဲ့..ခေါက်ဆွဲ..
      ဟို..မြန်မာပြည်ကိုချစ်ပါ ဆိုတဲ့.. အမျိုးသမီးကတော့.. မြန်မာ့ဘိန်းတွေနေရာအစားထိုးစိုက်မယ်ဆိုပြီး..မြန်မာပြည်ထဲ..မျိုးတင်သွင်း.. စိုက်ဖူးတယ်..။ ခေါ်တော့.. ပန်းဂျုံ..တဲ့..။

      ဆိုတော့..
      ယာကိဆိုးဘနဲ့.. တူတာရယ်လို့.. မြန်မာပြည်မှာမရှိ..
      ဂျပန်က.. အူဒုန်လို.. ဆန်အပြားကြီးကို.. ကပ်ကြေးနဲ့ကိုက်ကိုက်.. ပြီး…. ကျော်ရတဲ့.. မြိတ်ကပ်ကြေးကိုက်…နဲ့တော့.. တော်တော်မနီးစပ်ဖူး…ထင်..။
      ဘာပဲဖြစ်ဖြစ်.. ကြီုက်ရင်ပြီးတာပဲနော..
      စကားအတင်းစပ်..
      . မလေးရှားရဲ့ခေါက်ဆွဲကြော်နဲ့.. မြိတ်ကပ်ကြေးကိုက်.. ဘာကွဲသလဲတော့ သိချင်..။ :k:

      • ခင်ဇော်

        December 19, 2014 at 2:49 pm

        မလေးရှားရဲ့ ခေါက်ဆွဲကြော်က ငရုပ်ဆီနီထည့်ကြော်တယ်။
        မြိတ် ကတ်ကြေးကိုက်က မပါဘူးးး
        လိုချင်ရင် ဆန်ပြားကြော်နည်းမျိုးစုံရှာပေးမယ်။
        ဟိ။
        :k:

  • padonmar

    December 19, 2014 at 10:27 pm

    တော်တော်လိုက်တဲ့ သူကြီးနဲ့ ရွာသူ
    ဘာလေးရေးလိုက်ရေးလိုက် သူတို့ အစားအကြောင်းကို အရင်မြင် အရင်မန့်။

Leave a Reply