Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အေမီ (သို့) Gone Girl (2014)

ဇီဇီMay 23, 20151min130440

မိန်းမ တစ်ယောက်ဆီမှာ…….
ချမ်းသာကြွယ်ဝမှုရယ်၊ အချစ်ရယ်၊ ဒေါသရယ်၊ သွေးအေးမှုရယ်၊ အညှိုးကြီးမှုရယ်၊ ညာဏ်ကောင်းမှုရယ် အကုန် ရှိနေရင် အဲဒီ မိန်းမနား နေရတဲ့ သူတွေ ဘဝဟာ မချောင်လည်တော့ပါဘူးးး။

အေမီ ပေါ့…!!!
မြင်တဲ့သူ လိုချင်လောက်အောင် လှတယ်။
အောင်မြင်နေတဲ့ စာရေးဆရာမတစ်ယောက်။
မိဘက အရမ်းချမ်းသာတယ်။
သူမ ချစ်တဲ့ အမျိုးသားကို ရယူပိုင်ဆိုင်ထားနိုင်တယ်လေ။
ဒါက အေမီ ကို လူတွေ မြင်ရတဲ့ အပိုင်းးး

.

.

.

တစ်ရက် သူ့ အမျိုးသားက အိမ်ကနေ ခဏထွက်သွားပြီး ပြန်လာချိန် အေမီ ပျောက်ခြင်းမလှ ပျောက်သွားတယ်။

ယောင်္ကျားလည်း ထူပူပြီး ရဲကို တိုင်မိတော့ ရဲအရာရှိတွေ လာစစ်ရာက စ အေမီမှန်းသိတဲ့ အချိန် အမှု ပိုကြီးသွားခဲ့တယ်။

ခု ရောက်နေတဲ့ နေရာက အေမီ ယောင်္ကျားရဲ့ မြို့၊ သူ့အသိုင်းအဝိုင်းမှာ ရောက်နေတဲ့၊ အေမီ ပျောက်သွားတာကိုးးး

လိုက်ရှာရင်း ရတဲ့ သဲလွန်စတွေဟာ တစ တစ…

သူ့ ယောင်္ကျား ရဲ့ အပြစ်ဖြစ်…

ကျောင်းသူလေးနဲ့ ဖောက်ပြန်ပြီး မိန်းမ ကို ရိုက်နှက်တဲ့အပြစ်…

ကိုယ့်နယ်မြေကို ခေါ်လာပြီး ကိုယ့်မိန်းမ ကို ပစ်ထားတဲ့ အပြစ်…

အလုပ်မရှိဘူး အကြောင်းပြ စိတ်လေပြီး မိန်းမကို ရစ်တဲ့ အပြစ်တွေ…

ကိုယ်ပိုင်ဝင်ငွေမရှိပဲ မိန်းမရဲ့ ခရက်ဒစ်ကာတ် နဲ့ လိုချင်တာတွေ အများကြီး ဝယ်ထားတဲ့ အပြစ်တွေ ကအစ နောက်ဆုံးးး…

ကိုယ်ဝန်ရခါစ မိန်းမ (အေမီ) ကို သတ်ပြီး ဖျောက်ဖျက်ထားတဲ့ အပြစ် ထိ ပေါ်ပေါက်လာပါတယ်။

.

.

.

အေမီ ယောင်္ကျားမှာ အမွှာ ညီမ တစ်ယောက်ရှိတယ်။

မောင်နှမ ၂ ယောက် အရမ်းချစ်တော့ တိုင်ပင်ပြီး အဲလို အမှုမျိုးတွေ ဖြစ်ရင် ယောင်္ကျားဘက်က လိုက်ပေးတဲ့ ရှေ့နေ အကျော်အမော်တစ်ယောက်ကို ငှါးရပါတော့တယ်။

အဲဒီ ရှေ့နေရဲ့ လမ်းညွှန်မှုနဲ့ အေမီရဲ့ ကျောင်းနေဖက်တို့ ရည်းစားဟောင်းတို့နဲ့ တွေ့ဆုံ စုံစမ်းပြီးမှ သိလိုက်ရတဲ့ အေမီ ရဲ့ အခြားတစ်ဖက်… Dark side of Amy…!!!

သိလိုက်ပြီး မကြာခင်မှာပဲ မထင်မှတ်ပဲ အေမီ ပြန်ရောက်လာတယ်။

သွေးသံ ရဲရဲ နဲ့ တစ်ကိုယ်လုံး ပေပွပြီးး ပြန်လာတယ်။

အဲဒီ နေရာက စ ပြီး လူတွေ မသိ ခဲ့ တဲ့ အေမီ ရဲ့ နောက် ဇာတ်ရုပ်တစ်ခုကို သိလာရတော့တာပါပဲ။

ကျနော် ဆက်မပြောတော့ပါဘူးးး

သိချင်ရင် ဆက်ကြည့်ပါလို့။

Gone-Girl1

Rating 8.2/10 မို့ ကြည့်လို့ ကောင်းဖို့ သေချာပါတယ်။

ဒါပေမဲ့လည်း RA ပါ။ ကလေးတွေ မကြည့်သင့်ပေါ့။ စကားလုံးတွေကြောင့်ပါ။

ပြကွက်မှာ ဘာမှ ဆိုးဆိုးရွားရွား မပါပါဘူးး…

ကျနော်ကတော့ Ben Affleck ကားမို့ မကြည့်မိပေမဲ့ မင်းသမီး Rosamund Pike ကို ကြိုက်မိလို့ ကြည့်ဖြစ်တာပါ။

သိလွယ်အောင်ပြောရရင် အဲဒီမင်းသမီးက ဂျိမ်းစဘွန်းကား မှာDie Another Day (2002) မင်းသမီးပါ။

အမူအရာ အရ ၂ ယောက်လုံး အကောင်းကြီးမဟုတ်ပေမဲ့ ဇာတ်ရုပ် အရ တော့ သူတို့နဲ့ အရမ်းလိုက်ဖက်ညီလို့ အစ/အဆုံး မပျင်းတမ်း ကြည့်ဖြစ်သွားတယ်။
.

.

.

အစ ကတော့ အိမ်ထောင်ရေး အကြောင်း ပြောချင်တယ်။

ဒါပေမဲ့ အဲဒီ အကြောင်း ဆွေးနွေးမိရင် ရုပ်ရှင် ရသပျက်မယ် ဆိုးလို့ ဒီ တစ်ခေါက် လျှော်လိုက်ပါပြီ။

ဒီ ကားကြည့်ပြီး အဲဒီ အိမ်ထောင်ရေး ဆိုတာကို တွေးမိတာထက် ထက်မြက်တဲ့ မိန်းမတစ်ယောက်ရဲ့ ကာရိုက်တာကို ထင်ထင်ရှားရှားပြသွားလို့ပါပဲ။

ဇာတ်ကွက်တိုင်းဟာ လိုအပ်လို့ ပြတဲ့ ဇာတ်ကောင်စရိုက်ညွှန်းတဲ့ ဇာတ်ကွက်တွေ မို့ Rating  မြင့်တဲ့ ကားတွေ ကို ကြည့်တိုင်း…

အချိန်ရမှ…

အနောက်အရှက်ကင်းမှ…

စိတ်အေးမှ … တစ်ခန်းမှ မလွတ်အောင် ကြည့်ဖြစ်တယ်။

.

.

.

တဂျီး ပြောသလို မြန်မာတွေ အိမ်ထောင်ရေးမှာ အရမ်းအလေးအနက်ထားတယ်တဲ့။

ဟုတ်မှာပါ။

ဒါပေမဲ့ မြန်မာ အမျိုးသမီး တွေရဲ့ အလေးအနက်ထားမှုမှာ အန္တရယ်မရှိဘူးလို့မြင်ပါတယ်။

အလေးအနက်ထားသရွေ့ အန္တရယ်မရှိပါဘူးးး

အေမီလို ချစ်တတ်၊ ညှိုးတတ်၊ မြင်တတ်ပြီး လွတ်လပ်မှုရှိတဲ့ မိန်းမတစ်ယောက် က အိမ်ထောင်ရေးကို လေးနက်ထားမိတော့ ရလာတဲ့ ရလာဒ်က ကြောက်စရာကောင်းပါတယ်။

.

.

.

ရုပ်ရှင်ပြီးတဲ့ အချိန်မှာ သူများတွေက အေမီ ကို အမြင်ကပ်ပေမဲ့ ကျနော် အေမီကို ချစ်တယ်။

.

အေမီ နဲ့ ဦးနှောက်၊ အသိအမြင်၊ စရိုက်တူတဲ့ အမျိုးသမီးကြီးတစ်ယောက် နဲ့ ကျနော် ၂ နှစ်လောက် နေဖူးတယ်လေ။

40 comments

  • အောင် မိုးသူ

    May 23, 2015 at 9:22 am

    အဲ့သည်ကားကို ကောင်းမှန်းလည်းသိတယ် ဝယ်လည်းဝယ်ထားတယ်။ ခက်တာက အေးအေးဆေးဆေး မကြည့်ဖြစ်တာကြာပြီ။ အိမ်မှာ 4HD နဲ့ အင်တာနေရှင်နယ် လိုင်းတွေလည်း ဝယ်ထားပါရက်နဲ့ အိမ်က မေမေနဲ့ ကလေးတွေက ညဆို အပိုင်စီးထားတာလည်းပါရဲ့။ အခွေတွေဆိုတာ ဝယ်ပြီး စင်တစ်စင်နဲ့ ပြည့်တော့မယ်။ မကြည့်ဖြစ်တာ များနေပြီ။

    • ခင်ဇော်

      May 23, 2015 at 1:38 pm

      မိုးးသူရေ စိတ်အေးးလက်အေးးမှ ကြည့်တာကောင်းးတယ်..
      🙂

  • Kaung Kin Pyar

    May 23, 2015 at 10:28 am

    ဒီကား မကြည့်ဖူးဘူး။
    မချွိညွှန်းလို့ ဒီနေ့သွားရှာကြည့်ဦးမယ် 🙂

    • ခင်ဇော်

      May 23, 2015 at 1:37 pm

      ကင်းးကောင် လေးး ကြိုက်မှာာ.. 🙂

  • မြစပဲရိုး

    May 23, 2015 at 12:51 pm

    ရုပ်ရှင် ကြည့်ဖို့ အထိ မအောင့်နိုင်လို့ ဇာတ်လမ်းဖတ်လိုက် ပြီ။ lol:-)))

    အိုး လာ လား။
    သူ့ဟာက အကွက်ချ လိမ်ညာတတ်တဲ့ စိတ်ရောဂါ ပါ ရှိနေတာပါလား ဇီဇီ ရဲ့။
    ဒီ မိန်းမ မကောင်းမှန်း သိပါသော်လည်း affair လုပ်ခဲ့တဲ့ မင်းသား ခံရတာ ဝမ်းသာမိသား။
    ဒါပေမဲ့ မဆိုင်တဲ့ တစ်ယောက် ကြားက တရားခံ လုပ်လိုက်တာကတော့ မတရားပါလေ။
    တစ်ခါခံ ခဲ့ဘူးတာလဲ မမှတ်ဘဲ နောက်ထပ် သွားရှုပ် မိလိုက်တာကိုး။
    ဒီလို ကားလေး က ကြည့်ဖို့ကောင်းပါတယ်။
    အညွန်းလေး အတွက် ကျေးဇူးပါ။

    သူကြီး က တစ်ခုခု ဆို မြန်မာတွေ မှာဘဲ ရှိနေသလို ပြောတာ။
    ဒီလို အနောက်တိုင်း က လူ ဆိုတာလဲ လူ တွေ ပါ။
    “လူ” ထဲမှာ အကျင့် တွေ မျိုးစုံ ရှိတာ မို့ ဘယ် နေရာမှာ ဖြစ်ဖြစ် စရိုက်စုံ၊ အတွေးစုံ၊ အပြုအမူစုံ ရောနေတာ ကို မသိလေသလား၊
    ဒါမှမဟုတ် မသိချင်ဟန် ဆောင်ပြီး တစ်ခုခု မကောင်းဆို “မြန်မာ” တွေ မှာဘဲ ရှိတယ်လို့ ဝါးလုံးရှည်ရမ်းနေရော့ သလား။
    ဒါမှမဟုတ် သူ့ နားက အနောက်တိုင်းသား တွေက အင်မတန် မွန်မြတ်ပြည့်စုံ ပြီး အပြစ်အနာကင်း အတွေးအခေါ် ကောင်း သူတွေ ချည်းဘဲလား။ 🙄

    • ခင်ဇော်

      May 23, 2015 at 1:31 pm

      နာ့ အရီးးကတော့ မြန်ချက်…!!

      ကျနော်ကလေ တကားးလုံးး သူတို့ လှည့်ကွက်ထဲ မဝင်ပဲ
      အစ
      အဆုံးး
      အေမီ ကိုပဲ ချစ်ပြီးး ဘရာဘိုနေမိတာ
      ကိုယ့်ကိုယ်ကို ပါ ဆိုက်ကို လို့ ထင်လာတဲ့ အထိပဲ…
      သူ့ အကွက်တွေ ကို ကျနော် မှန်းး လို့ ရနေတယ် ဆိုတာ ယုံလားးဟင်??

      :mrgreenn:

      • Wow

        May 24, 2015 at 8:14 am

        ဒါနဲ့ နာတော့ နိလောက်ဘယ်လိုမှ အရည်အချင်းမရှိလို့ ကြေးစားအသီးခွဲပေးပါလား ကခင်ဇော် :mrgreen:

        • ခင်ဇော်

          May 24, 2015 at 8:20 am

          ငင်…
          ဂျောက်ချဘီ..
          ဓာတ်သေတင်ပြီးး ကြေငြာလိုက်တော့ မယ်ညော်…
          ရှိသမျှ အသည်းးသာမက..
          ကလီစာတွေပါ လှီးးပြီးး ဆီပြန်ချက်စားးသည်တို့ ဘာတို့…
          နာ လိမ္မာနေဘာဘီအေ…
          :k:

          အေမီ ရဲ့ ဖြစ်ရပ်ထက် ဉာဏ်ရည်ကို ကြိုက်တာအေ့…
          ဝါးးက ဉာဏ်ကောင်းးတယ်..
          စိတ် မမာတာ…
          :chit:

        • Wow

          May 24, 2015 at 8:22 am

          အေးဆို.. အာ့ဂျောင့် ကိုယ်ချည်းခံရပေါ့ 😥

        • ခင်ဇော်

          May 24, 2015 at 8:24 am

          ကျားးးသော
          မ သော
          ဘူ့ မှ ပစ်မယုံ နဲ့..!!
          🙁

    • Ma Ma

      May 23, 2015 at 2:16 pm

      ဖြူဖြူမဲမဲ ကြီးကြီးငယ်ငယ် ဆင်းရဲဆင်းရဲ ချမ်းသာချမ်းသာ ပညာတတ်တတ် မတတ်တတ် လူဆိုတာ လူပါပဲလို့ ခံယူထားတာမို့ သွေးသောက်ညီအမကို ထောက်ခံတယ်။

      ရုပ်ရှင်ကိုကြည့်ဖြစ်မှာ မဟုတ်ဘူး။
      စာအုပ်လည်း မဖတ်နိုင်လို့ အဲဒီဇာတ်လမ်းလေးကို ပိုစ့်တင်ပေးဖို့ စိတ်ကူးမရှိဘူးလား……… 🙂

      • ခင်ဇော်

        May 23, 2015 at 3:33 pm

        ချစ်မ သိချင်ရင် နောက် အပြည့် ရေးးပေးးမယ်နော်
        🙂

        • Ma Ma

          May 23, 2015 at 5:37 pm

          🙂 🙂 🙂

    • Wow

      May 24, 2015 at 8:12 am

      အဲ့ကားကျိပီးပေါ့ … လေးပေမဲ့ အာရုံစိုက်ကျိရတဲ့ကား…
      အေမီက အပျိုထဲက အကွက်ချယောက်ကျားတွေကို ဒုက္ခပေးတတ်တာမလား… အာ့တော့မကြိုက်ဖူးအေ… ယောက်ကျားဖောက်ပြန်တာကို အပြစ်ပေးတာက တမျိုးပေါ့…

      • ခင်ဇော်

        May 24, 2015 at 8:14 am

        စိတ်ရောဂါ တစ်မျိုးးပါ့အေ..
        အုန်းးကောင်းးတာတော့ လွှတ်ကြိုက်…
        :k:

  • တောင်ပေါ်သား

    May 23, 2015 at 1:03 pm

    High Class က ကံစမ်းမဲပေါက်တဲ့ EVD လေးကို

    ဒီဇာတ်ကားနဲ့ ဖွင့်ပွဲလုပ်လိုက်မယ်

    ဒီအခွေ လှည်းတန်းမှာ ဝယ်လို့ရပါစေ ၊

    အိမ်ထောင်ရေးကားမျိုး မကြည့်ပေမယ့်

    မမချွိ ညွှန်းတာမို့ 🙂

    • ခင်ဇော်

      May 23, 2015 at 1:32 pm

      ကြည့် ကြည့် ပါ ကိုဂျီးးမျိုးးသန့်ရေ..
      ကြည့်ပျော်ပါတယ်
      🙂

  • မြစပဲရိုး

    May 23, 2015 at 1:08 pm

    ဒီကား က မင်းသားကိုရော မင်းသမီး ကိုပါ ကောင်းကောင်း သိတယ်။
    ဒါပေမဲ့ သိပ်မမှတ်မိလို့ ဝီကီ ရတယ်။
    ဒီ မင်းသား ပါတဲ့ Changing Lanes ကို ကြည့်ဖူးတယ်။
    ဂျနီဖာလိုပက်ဇ်နဲ့ ဂွီးနက်ပက်ထရို တို့ရဲ့ Ex ကိုး။ :-))

    အဲဒီ မင်းသမီးကိုလဲ အသေအချာ မြင်ဖူးတယ်မှတ်တာ Pride & Prejudice ထဲ က အစ်မ လုပ်တဲ့တစ်ယောက်ဘဲ။
    နောက် ဘွန်း ကားထဲ လူကြမ်းမင်းသမီး ကိုလဲ မှတ်မိတယ်။
    သူ့မျက်နှာက နဲနဲ မာ တော့ အဲဒီ ဇာတ်ရုပ်တွေ နဲ့ လိုက်သား။
    သူ့ကို ကြိုက်ပါတယ်။

    • ခင်ဇော်

      May 23, 2015 at 1:36 pm

      ဟုတ်တယ် အရီးးး
      ဖြူရော်ရော် ဂွင်းးနစ် က ခောတ်ကောင်းးတုန်းးး
      ဘရက်ပစ် ရယ်
      မက်ဒေမန် ရယ်
      ဘင်ရယ် ဆက်တိုက်တွဲတာာာ

      ဘင် က ဂျေလို နဲ့ မှ နာမည် ပိုထွက်သွားးတယ်
      Jenny in the block သီချင်းးမှာ သူတို့ ၂ ယောက် ရဲ့ အသွားးအလာ ကို လိုက်ချောင်းးတဲ့
      သတင်းးသမားးတွေ ကို စောင်းးဆိုထားးတာ..
      အမ်တီဗီမှာ ခိုးးရိုက်ထားးတာတွေ ပါ ထည့်ရိုက်ထားးတယ်..
      🙂

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    May 24, 2015 at 5:40 am

    ၂​ယောက်​လုံးအ​တော်​အို​နေဂျဘီကိုး
    🙂

    အသိထဲမယ်​ အဲ့လိုနာမည်​​တွေ အဲ့လိုစရိုက်​​တွေ​ပေါသဗျ

    ချမ်​းထှာ​ညော်​ ….. ​ကျော..

    • ခင်ဇော်

      May 24, 2015 at 6:29 am

      သွားး မ စ ပါနဲ့ညော်…!!
      မိမိဂီလေးး နစ်(ခ) လို ဖြစ်မှာ မမြင်ရက်လို့ …
      :k:

  • surmi

    May 24, 2015 at 10:23 am

    ရုပ်ရှင်တွေဝေးနေတယ်ဗျာ 🙁
    မကြည့်ရတာကြာတော့ ဘာကြည့်ရမှန်းတောင်မသိ
    စိတ်ထင်ပြောရရင်
    မကြည့်ဖြစ်တာ ဆယ်နှစ်ပျော်ပြီထင်တာဘဲ 🙁

    • ခင်ဇော်

      May 24, 2015 at 2:30 pm

      ဆာဆာ ရေ…

      ကျောတို့တော့ နားးရက် ဆို တခြားး မသွားးဖြစ်ရင် တီဗီ ရှေ့ အစားးလေးးနဲ့ ထိုင်တာ အကျသ့်ပါ..

      :mrgreenn:

  • ​ဒေါ် လေး

    May 24, 2015 at 3:11 pm

    အန်တီမမ ပြောတာ ထေက်ခံပါတယ် ကြည့်ဖြစ်မှာ မဟုတ်လို့
    ဆက်ရေးပါဗျို့
    စကားမစပ် ဖွဘုတ်ထဲမလဲ ဖောက်ပြန်သူတွေအကြောင်း ဖတ်ရတာ
    မူးတောင်မူးလယ် (ဆရာဝန်မလေးအကြောင်း)

    • ခင်ဇော်

      May 24, 2015 at 4:56 pm

      ဆက်ရေးးရင် ကြည့်တဲ့သူကျ အရသာရှိဘုလေ။

      :mrgreenn:

  • ဂျက်စပဲရိုး

    May 25, 2015 at 8:22 am

    Drama ကား
    ဇာတ်လမ်းကြီးကြီးနဲ့ကား
    စကားပြောများတဲ့ ကားတွေ ကို
    အပျင်းတစ်ပြီး မကြည့်ဖြစ်တာ ကြာဘီ း)
    အိမ်ထဲက အိမ်ပြင် မထွက်ဖြစ်တဲ့ တစ်နေ့ ကြည့်မယ်ဗျာ ဒီ ဇာတ်ကား ကို း)

    • ခင်ဇော်

      May 25, 2015 at 9:27 am

      မပျင်းစေရဘူးးး
      အာမ ခံ တယ်။
      ယူတတ်ရင် သကောင့်သားတွေ အတွက် သင်ခန်းစာ အကြီးကြီး ရအူးမှာ။

      :k:

      • ဂျက်စပဲရိုး

        May 25, 2015 at 9:28 am

        သင်ခန်းစာ တွေ က တော့ ကြေညက် နေပါပြီလေ…
        ထူးတော့ပါဘူး 😛 😛
        စကား အတင်းစပ်.. Ex Machina ဆိုတာလေး လဲ ကြည့်ပါလား း)
        စိတ်ဝင်စား စရာ ပဲ

        • ခင်ဇော်

          May 25, 2015 at 5:42 pm

          ကြည့်လိုက်မယ် …
          ကျေးးကျေးးး
          rating မြင့်တယ်…

  • မြစပဲရိုး

    May 26, 2015 at 2:08 am

    ကွကိုယ် တစ်ပုဒ် တင်ဖို့ အချိန်မရှိလို့ ကျုပ် တူမတော် ပို့စ် မှာဘဲ ကပ်ပြီး တင်လိုက်ပါတယ်။
    ရွာထဲ မယ် မကြာခဏ ပြောပြောနေလေ့ ရှိတဲ့ “Win-Win / Win-Lose / Lose-Lose Situations” အသုံးအနှုန်း များရဲ့ အခြေခံ “game theory” ကို
    တီထွင်သူ အသက် ၈၆နှစ် ရှိတဲ့ စီးပွါးရေးပညာ နိုဘယ်ဆုရှင် သချာင်္ပညာရှင်ကြီး “John Nash” တစ်ယောက် ကွယ်လွန်သွားပါပြီ။
    ကား အက်စီးဒန့် ကြောင့်ပါ။ သူ့မိန်းမ ပါ အတူတူဆုံးသွားတာ။ နော်ဝေးက ပေးတဲ့ ဆုတစ်ခု ကို ယူပြီး အပြန် လေဆိပ်ကနေ တက်စီ စီးတုန်းမှာ ဖြစ်သွားတာ။

    သူက အိုင်စတိုင်း ပရော်ဖက်ဆာ လုပ်ခဲ့တဲ့ တက္ကသိုလ်မှာ သချာင်္ထူးချွန်ဆု နဲ့ ကျောင်းတက်ခဲ့တဲ့ ကျောင်းသားပါ။
    သူ့နားထဲ အသံတွေကြားကြား နေတာ ကနေ အဲဒီ အသံတွေ နဲ့ စကားပြောရင်း ကျောင်းခန်းတွေ ရဲ့ ကျောက်သင်ပုန်း ပေါ်မှာ ဖော်မြူလာတွေ ချချ ရေးနေတတ်တာမို့
    သူ့ကို စိတ်ရောဂါသည် တစ်ယောက်လို့ သတ်မှတ်ထားတာကနေ နောက်ဆုံး သူ့ရဲ့ “game theory” က အသုံးတဲ့ အောင်မြင်သွားပါတယ်။
    အခု စတော့ရှယ်ယာ ဈေးကွက် မှာ အတွက် သုံးနေတယ်လို့ နားလည်မိတယ်။
    အဲဒီ သီအိုရီ နဲ့ဘဲ နိုဗယ်ဆုရပါတယ်။

    သူ့ရဲ့ ဘဝဇာတ်ကြောင်း ကို ရိုက်ထားတဲ့ အော်စကာဆုရ ရုပ်ရှင်ကား က “A Beautiful Mind” ပါ။
    ရုပ်ရှင်ထဲ မှာတော့ ဇာတ်ပိုဆန်အောင် မရှိတဲ့ လူတွေ ကို မြင်မြင် နေပြီး သူတို့ နဲ့ စကား တွေပြော နေတတ်သူ လို့ သရုပ်ဖော်ပါတယ်။
    တစ်ခါ သူ့ကလေး ကို ရေချိုးပေးနေရင်း အဲဒီလူနောက် စကားပြောပြီး လိုက်သွားတာ ကလေး ရေမွန်းပြီး သေမလို ဖြစ်ပြီး မိန်းမ နဲ့ ကွဲတယ်။
    အဲဒီလို ဖြစ်နေမှန်း သူ့ဟာသူသိတော့ သူ့စိတ် ကို ထိန်းရင်း မိန်းမကလဲ ပြန်လာ support လုပ်ရင်း နောက်ပိုင်းတော့ ပြန်ကောင်းသွားတယ်။
    ရုပ်ရှင်ရဲ့ အဆုံးသတ်က တော့ နိုဗယ်ဆုယူပြီး ပြန်ထွက်အလာမှာ သူမြင်နေကျ လူတွေ ကို မြင်လိုက်တယ်။
    ဒါပေမဲ့ သူတို့ဆီသွားပြီး စကားမပြောတော့ဘဲ မိန်းမ နဲ့ အတူတူ ခန်းမ အပြင်ကို စကားပြောပြီး ထွက်သွားတာ နဲ့ ဆုံးလိုက်တယ်။

    မင်းသားက Russell Crowe။ အတော်လေးတူအောင် သရုပ်ဆောင်နိုင်တာ။
    စိတ်ဝင်စား ရင် ကြည့်ချင်ကြည့်နိုင်အောင်ပါ။
    ပျင်းဖို့ကောင်းရင်လဲ ကောင်းနိုင်ပါတယ်။

    • ခင်ဇော်

      May 26, 2015 at 5:26 am

      Credit to Ko Navana

      https://www.facebook.com/ko.navana/posts/10207431355803719:0

      တရားခံ နှစ်ယောက်ကို တစ်ယောက်တစ်ခန်းစီ သီးခြားခွဲပြီး ချုပ်ထားတယ်..။ တစ်ယောက်နဲ့တစ်ယောက်လည်း ဆက်သွယ်ခွင့်-စကားပြောခွင့်- တိုင်ပင်ခွင့် ပေးမထားဘဲ သီးခြားခွဲပြီး စစ်ဆေးတယ်..။

      ၁)..တစ်ယောက်ယောက်က ဝန်ခံပြီး တစ်ယောက်က ငြင်းရင်.. ဝန်ခံတဲ့တစ်ယောက်က ထောင်လေးနှစ်ကျပြီး ..ငြင်းတဲ့သူကလွတ်မယ်..။

      ၂) နှစ်ယောက်စလုံး ဝန်ခံရင်တော့.. နှစ်ယောက်စလုံးအပြစ်မလွတ်ဘဲ..
      ထောင် ၂ နှစ်စီကျခံရမယ်..။

      ၃) နှစ်ယောက်စလုံး ဖင်ပိတ်ငြင်းကြရင်တော့.. ထောင် ၃ နှစ်စီ ကျမယ်ဆိုပါစို့..။

      ဝန်ခံမယ်ဆိုတဲ့ ရှုထောင့်ကကြည့်ရင်.. ကိုယ်ဝန်ခံ-သူဝန်ခံဆိုရင်လည်း ထောင်ကျမယ် (၂ နှစ်)..။ ကိုယ်ဝန်ခံပြီး သူဝန်မခံဘူးဆိုရင်လည်း ကိုယ်ထောင်ကျမှာပဲ ( ၄ နှစ် )..။

      အဲ့ဒီတော့.. ဝန်ခံမယ်ဆိုတာကို ဘယ်သူမှ မရွေးချင်ကြတော့ဘဲ.. နှစ်ယောက်စလုံး ဖင်ပိတ်ငြင်းဖို့ပဲ အားသန်ကြတော့သတဲ့..။

      အဲ့ဒါကို.. game theory မှာ.. Nash Equilibrium .. လို့ ခေါ်ပါတယ်..။

      အဲ့ဒီလူ့သဘော သဘာဝ ကို သချင်္ာနည်းနဲ့ ပုံသေနည်းထုတ်.. တွက်ချက်ပြနိုင်ခဲ့လို့.. နိုဘယ်လ်ဆု ရခဲ့သူတွေထဲက.. John Nash တစ်ယောက် ဒီနေ့ပဲ.. ကွယ်လွန်သွားခဲ့ပါပြီ..။

      သူ့အကြောင်းကို မင်းသားကြီး ရပ်ဆဲခရိုးနဲ့ Beautiful Mind ဆိုတဲ့ ရုပ်ရှင်ရိုက်ကူးခဲ့ပြီး အော်စကာဆုရတဲ့အထိ အောင်မြင်ခဲ့ပါတယ်..။

      ကဲ.. Nash အမှတ်တရ.. Normal-form game ပုံစံလေး တင်ပေးလိုက်ပါတယ်..။ prisoner’s dilemma လို့လည်းခေါ်ပါတယ်..။

      ကျနော်တို့ ခင်ဗျားကို သတိတရရှိနေမှာပါ.. Nash ရေ..။

      • မြစပဲရိုး

        May 26, 2015 at 12:18 pm

        အရီး ပွိုင့် လုပ်ရေးပြချင်တာလေး ထပ်ဖြည့်ချင်ပါတယ်။
        (အဲဒီ အကြောင်း ဟိုးတုန်းက ရွာထဲ နဲနဲ ရေးခဲ့ဖူးတယ်)

        တကယ်တော့ တရားခံ နှစ်ယောက် လုံး ဝန်မခံ ဘဲ ငြင်းတဲ့ အကြောင်းရင်း ပါ။
        {ဝန်ခံမယ်ဆိုတာကို ဘယ်သူမှ မရွေးချင်ကြတော့ဘဲ.. နှစ်ယောက်စလုံး ဖင်ပိတ်ငြင်းဖို့ပဲ အားသန်ကြတာ}
        ဘာကြောင့်လဲ?
        တစ်ဖက်လူကို မယုံကြည် တဲ့ စိတ်ကြောင့်ပါဘဲ။
        နစ်ဖက်လုံး အတွက် ဝင်း-ဝင်း အခြေအနေ (ထောင်နှစ် အနဲ ဆုံး) ရှိနေပါရက် နဲ့ အဲဒါကို မရွေးတာ က
        “ငါက ဝန်ခံပြီး ဟိုကငြင်းရင် ငါထောင်ကျ မယ်” ဆိုတဲ့ “ငါ” ကို ရှေ့ထုတ်လိုက်တဲ့ အတ္တ ကိုလဲ မြင်နိုင်တယ်။
        သူများ ကို မယုံတာ မှာ ကိုယ်လွတ်ချင်တာ ကို ပေါင်းလိုက်တော့ အဲဒီ အတ္တတွေကဘဲ lose-lose အခြေအနေ ကို ဖန်တီးလိုက်တယ်။

        တကယ်လို့ အဲဒီမှာ သားအမိ ဆိုပါစို့။
        တစ်ယောက်က ငါ နာရင် နာပါစေ သူလွတ်ချင်လွတ် ဆိုပြီး ဝန်ခံ ပါလိမ့်မယ်။
        သူ့ အတွက် lose situation ထားလိုက်ခြင်း မှာ နှစ်ဖက် win-win ဖြစ်သွားနိုင်တယ်။

        ဒီလို သိပ္ပံ ရပ် သီအိုရီ တွေ နဲ့ ဝိဇ္ဇာရပ် စိတ်ပညာတွေ ဆက်နွယ်နေတာ အတော်လေး စိတ်ဝင်စားဖို့ကောင်းတယ်။
        ဆက်ချင်သောလည်း နောက်ကြုံ မှဘဲ။ :-)))

        • မြစပဲရိုး

          May 26, 2015 at 12:42 pm

          အစ်မအေး ကိုယ့်မှတ်ချက်လေး စိမ်းထားတော့ သူ စိမ်းထားလေး ပိုတန် အောင် ထပ် ရွှီးလိုက်ဗျစီ။ :-))

          သူ့ရဲ့ “စိတ်” ပို့စ်မှာ အစ်မအေး တိုက်တွန်းထား တဲ့ မေတ္တာတရား ကို ရှေ့ထားလိုက် ရင်
          တစ်ဖက်လူက သားသမီး မဟုတ်တောင်မှ မေတ္တာစိတ် နဲ့ သံသယ တွေ ပျောက်သွားမယ်။
          အဲဒီမှာ ဝင်း-ဝင်း အခြေအနေ က ရှေ့ ကိုရောက်ပြီး အဲဒါ ကို ပိုမြင်လာလိမ့်မယ်။
          ဒီတော့ အဲဒါကို ရွေးဖို့ အားပိုသွားမယ်။

          တကယ်လို့ များ ….
          တစ်ဖက် က သူမျှော်လင့်ထားသလို ဝန်မခံတာမို့ ဟိုတစ်ယောက်လွတ်ပြီး သူဘဲ ထောင်ကျပြီ ဆိုပါစို့။
          သူ့မှာ မေတ္တာစိတ် အားကောင်းနေပြီး ဖြစ်လို့ သူငယ်ချင်း လွတ် သွားတာ ကို ဝမ်းမြောက်စိတ် မွေးပါလိမ့်မယ်။

          အဲဒီအချိန် ဟို လွတ်သွားတဲ့ တစ်ယောက် ကလဲ သူလွတ်တာ ဟိုတစ်ယောက် ဝန်ခံ လိုက်လို့ ဆိုတာသိသွားမယ်။
          သူ့ သူငယ်ချင်းအပေါ် အရင် သူထားခဲ့တဲ့ သံသယ ပျောက်သွားပြီး အဲ လူ ကို မေတ္တာစိတ် ဝင်သွားမယ်။
          အဲဒီ မေတ္တာစိတ် က နေ နောင်အခါမှာ ပေါ်လာမဲ့ သူ့ရဲ့ သံသယ တွေ ကို နဲ သွားစေပါလိမ့်မယ်။

          ဒီလို တစ်ယောက်ချင်းက ဘဲ စလုပ် ရင်း အများ မှာ မေတ္တာ စိတ်များ လာနိုင်မယ်။

          ခက်တာ က တကဲ့ လက်တွေ့ထဲ တစ်ယောက်ချင်း စဖို့ ကို ခက်နေတော့တာဘဲ။
          🙄

  • kai

    May 27, 2015 at 10:10 am

    ကျုပ်ကတော့.. အဲဒီကားမှာ..
    မော်တယ်မှာ.. အေမီ့ပိုက်ဆံတွေ စုံတွဲကလုသွားတာ..တော်တော်နှစ်ထောင်းအားရဖြစ်မိ..
    ကျုပ်သာဇတ်လမ်းဆွဲသူဆို.. အေမီကိုပါသတ်ပလိုက်တယ်..။ :k:

    • ခင်ဇော်

      May 27, 2015 at 11:15 am

      အဲဒီ အခန်းမှာ အေမီကို ညံ့လို့ အားမရပါဘူးဆို။
      .

      .
      .

      ကျန်းကျန်းးး
      အရေးဟယ် အကြောင်းဟယ် ဆိုတော့ မဟာ ဖို ဝါဒ မသိစိတ်ထဲက ထွက်လာတာ။
      ဟိဟိ။

      :mrgreenn:

  • အောင် မိုးသူ

    September 1, 2015 at 10:45 am

    ကြည့်ပြီးသွားပြီနော် အေမီလို ထက်မြက်တဲ့ မိန်းမက ကြောက်စရာလည်းအကောင်းသား။ သူ့ယောက်ျားလို့ ယောက်ျားမျိုးအတွက်တော့ သူ့လုပ်ရပ်မှန်တယ်လို့ ထင်မိတာပါပဲ။

    • ဇီဇီခင်ဇော်

      September 1, 2015 at 12:03 pm

      နာလည်း အဲလို ယူဆတာ ဘူ့မှပြောရဲဝူးးး
      တိတ်တိတ်နေရတယ်

      ဟိ

      :mrgreenn:

  • kai

    September 1, 2015 at 1:24 pm

    Z for Zachariah (2015)
    PG-13 | 95 min | Drama, Sci-Fi, Thriller | 28 August 2015 (USA)

    Ratings: 6.3/10 from 1,796 users Metascore: 68/100
    Reviews: 12 user | 58 critic | 25 from Metacritic.com

    In the wake of a disaster that wipes out most of civilization, two men and a young woman find themselves in an emotionally charged love triangle as the last known survivors.

    Director: Craig Zobel
    Writers: Nissar Modi (screenplay), Robert C. O’Brien (novel)
    Stars: Chiwetel Ejiofor, Chris Pine, Margot Robbie | See full cast and crew »

    အဲဒီကားလေး.. အခုပဲကြည့်ပြီးတယ်…
    စိတ်ဝင်စားစရာ..။

    • ဇီဇီခင်ဇော်

      September 1, 2015 at 2:40 pm

      ကြည့် ကြည့် အူးမယ်
      🙂

Leave a Reply