နေဝန်းနီ ဓာတ်သေဆြာဖြစ်သွားခြင်း – ၁
ကဲ ရေးပါရေးပါနဲ့ တွန်းတဲ့သူ ရှိလို့ ခေါင်းစဉ်တော့ တပ်လိုက်ပြီ။ ဘယ်ကနေစ ပြောရပါ့ ။ တစ်ကယ့်ကို မိုးကြိုးပစ်ရပါစေရဲ့ ကင်မလာတစ်လုံးနဲ့ ဓာတ်သေ ရိုက်တဲ့ ဓာ့သေဆြာ ဖြစ်သွားတာပါဗျာ ။ ယုံတယ်မဟုတ်လား ။ ကင်မလာနဲ့ ဓာသေ အကြောင်းကလည်း တစ်ဖက်ကမ်းခတ် တတ်ကျွမ်းတာဆိုတော့ အရှေ့ကျွန်းက မောင်ဂီတောင် လက်လန်သွားမယ် ။ ဓာတ်သေ ဆြာလုပ်ဖို့ ကင်မလာ လက်ထဲလာထည့်တဲ့ အချိန်ထိ ကင်မလာနဲ့ ဓာတ်သေ တစ်ခါမှမရိုက်ဖူးသေးဘူးဗျ ။ မရိုက်ဖူးဘူးဆိုတာ စက္ကူ ကတ်ထူဖြူဖြူချောချောလေးပေါ်မှာ ပုံထုတ်ကြည့်တဲ့ အဆင့်မရောက်တာပြောတာပါ။ သူငယ်ချင်း ကင်မလာလေးနဲ့တော့ ဟိုဆော့ ဒီဆော့ ရိုက်ကြည့်ဖူးတာပေါ့ ။ ဖွတ်ဖုန်း လေးနဲ့တော့ ရိုက်ဖူးတာပေါ့ ။ လက်ထဲရောက်လာတဲ့ ကင်မလာလေးက သေးသေးလေးဗျ ။ လက်ထဲတင်ပျောက်တယ် ။ ဒါပေမဲ့ ဘယ်ရမလဲ ။ နေဝန်းနီပဲ ။ ဂဇွတ် ရွာသားပဲ ။ ဟိတ်ဟန်အပြည့်နဲ့ ကင်မလာလေးကို ပွတ်သပ်လှည့်ပတ်ကြည့်ရင်းနဲ့ ထိပ်က ဖုသီးသေးသေးလေးကို နှိပ်မိသွားတယ် ။ ဒီးးး ဆိုပြီး မီးလေးပွင့် ရှေ့က ရှပ်တာ ခေါ်မလား အဲ့ဒါလေးကလည်းပွင့်ပြီး ရှေ့ထွက်လာတယ် ။ နေဝန်းနီ လန့်တောင်သွားတယ် ။ အဲ့နောက်တော့ နှိပ်လို့ရတဲ့ ခုလုပ်တွေ အကုန်စမ်းနှိပ်ကြည့် ။ ဘယ်ခလုပ်က ဘာမှတ် ၊ အနီးအဝေးလိုက်ချိန် ၊ ဖြတ်ကနဲ ရိုက်ကြည့် ရှေ့က မီးပွင့်သွားတယ် ။ နောက်ပြန်ကြည့် ။ အဲ ဒလိ ဆိုတဲ့ အမှိုက်ပုံးလေးနှိပ်ကြည့် ၊ စမ်းရိုက်လိုက် ဖျက်လိုက် ၊ လက်ထဲတော်တော် အရသာတွေ့လာတယ် ။ ကင်မလာ ပိုင်ရှင် ဆြာသမားက ” အိုကေ ပဲလား ” တဲ့ ။ အဟက် အိုကေ ပေါ့ဗျာ ။ တစ်ဘက်ကမ်းတောင်လွန်နေသေးတယ် ။
ကံကြမ္မာ၏ နိဒါန်းအစ
ဒီဇာတ်လမ်းကို စတာက နေဝန်းနီ ရဲ့ သူငယ်ချင်း ဝူးကျော်ထူး လို့ခေါ်တဲ့ လူဝကြီးက စတာပါ ။ ဟုတ်ပါတယ် ။ လူကလည်း ဝသလို လုပ်တဲ့ အလုပ်ကလည်း လဝက ကပါပဲ ။ တစ်လောလေးက သူတို့ ရုံးမှာ အထူးစီမံချက်ကျလာပါတယ် ။ တစ်မြို့နယ်လုံး ၁၈ နှစ်ပြည့်ပြီးလူ အားလုံး မှတ်ပုတင် လက်ဝယ်ရှိရေးပေါ့ ။ အဲ့ အလုပ်ရှုပ်နေတာနဲ့ သူငယ်ချင်းကြီး ခမြာ ထိုင်နေကြ လက်ဖက်ရည်ဆိုင်တောင်မလာနိုင်ရှာပါဘူး ။ နေဝန်းနီလား အေးဆေးပေါ့ ။ အလုပ်မှမရှိတာနော့ ။ သူတာဝန်ကျတဲ့ရွာ လိုက်မလား ။ လိုက်မယ်ပေါ့ ။ သူ့အလုပ်ကူတာက နည်းနည်း ရွာသူလေးတွေငမ်းရင်း ရွာမှာထမင်းစားရတာလည်း ဟင်းကောင်းတာကိုး ။ ရွာတွေရဲ့ ထုံးစံက သူတို့ချည့်သာ ဟင်းကောင်းချက်မစားတာ မြို့က ဧည့်သည်ရင် အနဲဆုံး အိမ်အောက်က ကြက်တော့ ရိုက်ချက်လိုက်တာပဲ ။ အဲ့တော့ တစ်ရက်ကျတော့ သူက ရုံးခေါ်သွားတယ် ။ ပုံစံတွေထုတ် ။ လိုအပ်တဲ့ ဘော့ပင်တို့ ကလစ်တို့ စုစည်း ။ အဲ ပြီးတော့ မောင်မင်းဂျီးသားက သူ့ချစ်ချစ်ရှိတဲ့ ပျဉ်းမနားကိုပြန်ပါလေရော ။ နယ်ကွင်းဆင်းဖို့ အားယူတာနဲ့တူရဲ့ ။ သူ့မှတ်စု စာအုပ်ဖွင့်ကြည့်မိတော့ ဆိုရှယ်လစ်ခေတ်မှာသာဆို ဝန်ထမ်းကောင်း တံဆိပ်တွေဘာတွေများရမလား မသိဘူး ။ ရွာအစဉ်လိုက်နဲ့ ဆင်းမဲ့ ရက်တွေက အင်္ဂါ မှသောကြာ ။ စနေ တနင်းဂနွေ လုံးဝ မပါ ။ တနင်းလာနေ့က ရုံးဖွင့်ရက်ပေမဲ့ လိုအပ်တဲ့ ပုံစံတွေ ဘာတွေ ယူဖို့ ။ ရွာက လုပ်လာတဲ့ ပုံစံတွေ အပ်ဖို့ ။ ထားပါ ဆပ်ဒဒေး ဆန်းဒေး နားနယ်ပေါ့ ။ အဲ့မှာ ဦးစီး ဆိုသူက မကျွေးပဲ ညှော်နံ့ပေးသဗျ ။ (အဲ့လိုဘာကြောင့်ပြောရလဲ နောက်မှရှင်းပြပါ့မယ်) ဘယ်လိုညှော်နံ့လဲဆိုတော့
အထူးစီမံ ချက်မို့ နောက်က အကူ သုံးယောက်ခေါ်ခွင့်ပေးမယ်ပေါ့ တစ်ယောက်ခေါ်သုံးရင် တစ်ရက် သုံးထောင်ပေးမယ်ပေါ့ ။ အံမယ် ဘာဆိုးလို့လဲပေါ့ ။ ဟိုလူကြီးကသာ တစ်ရက် နှစ်ထောင် ဆိုရင်လုံလောက်တယ်လို့ ပြောသွားတာ ဒီလူဂျီးက သုံးထောင် ဆိုတော့ ဘယ်ဆိုးလို့လဲပေါ့ ။ ကိုယ့် ဓာတ်ပုံ ကိုယ်တာဝန်ယူပါတဲ့ ။ဓာတ်ပုံဆရာ ခေါ်သွားပေါ့ ။ ဒါပေမဲ့ သူတို့ရှိနေတဲ့ ကင်မလာနဲ့ တစ်ယောက်ယောက်ကို ရိုက်ခိုင်းပြီး ပုံထုတ်လိုက်ကြတာပါပဲ ။ သူတို့ရုံးမှာ ဝန်ထမ်းတိုင်း ကင်မလာရှိတာ မဆန်းတော့ဘူး ။ ဒါလည်း နေဝန်းနီတို့က မသိသေးဘူး ။ သူငယ်ချင်းကတော့ သူနဲ့ အရင်ရိုက်နေကြသူကို သူ့ကင်မလာပေးပြီး ရိုက်ခိုင်းမယ်ပေါ့
ဓာတ်ပုံဘိုးက ငါးရာပဲတောင်းခိုင်းမယ်ပေါ့ ။ အဲ့ သည်လိုနဲ့ သူတို့ တစ်ယောက်တစ်ပေါက် သူ့ကင်မလာက ဘာအမျိုးအစား ငါ့ ကင်မလာက ဘာနဲ့ ကင်မလာအကြောင်း ပွားနေကြတာ ညည်းစီစီ ဖြစ်တာနဲ့ အပြင်ထွက်လာခဲ့တယ် ။ ကျွတ် နေဝန်းနီ တို့ တုံးပုံက ချက်ချင်း သဘောမပေါက်ဘူး ။ အတော်လေး ကြာမှတွေးမိတယ် ။ ဓာတ်ပုံဘိုး ။ တစ်ချို့ဆိုင်တွေက လိုင်စင်ဓာတ်ပုံရိုက်ရင် တစ်ထောင်ဘိုးမှရိုက်ပေးတယ် ။ ဆိုင်ကိုလိုက်လို့ ခြောက်ပုံ ရိုက်တဲ့ ဆိုင်ရှိသလို ရှစ်ပုံ ထုတ်ပေးတဲ့ ဆိုင်လဲရှိတယ် ။ လိုတာက သုံးပုံ ။ ပြီးတော့ ကျန်တဲ့ လိုင်စင် ဆိုက်လဲ မဟုတ်ဘူး ။ .8″ ပတ်လည် အဖြူအမည်း ။ ဒီထိလည်း အော် ရွာက လူတွေ သက်သာတာပေါ့ ။ မြို့ပေါ်လာရိုက်ရင် တစ်ထောင်ကုန်မှာ သူတို့ က ငါးရာ ဆိုတော့ သက်သာတာပေါ့ ။ အဲ့လိုပဲတွေးမိတာ ။ အဲ့ အတွေးမှားတယ်ဆိုတာ နောက်ရက် စနေနေ့နဲ့ မှာသိလိုက်ရတာပဲ ။
လူမှားပေါင်းမိပြီ
နောက်စနေနေ့ကျတော့ နေဝန်းနီ သူငယ်ချင်းက သူ့ချစ်ချစ်ရှိရာ ဆိုင်ကယ်နဲ့ သွားပါတယ် ။ သူ့တို့ ရုံးမှာ ရွာကွင်းဆင်းဖို့ အဖွဲ့ သုံးဖွဲ့ ရှိတယ်လို့ ဆိုပါတယ် ။ လက်ထောက်ဦးစီး က ပြောင်းလာကာစ နယ်မြေ မကျွမ်းကျင်သေး ။ သူနဲ့ တွဲဖက်ကျတဲ့ ဝန်ထမ်းကလည်း လုပ်သက်နုပါတယ် ။ သူတို့က ဓာတ်သေဆ်ိုင် နဲ့ မချိတ်ရသေးဘူး ။ ဓာတ်သေက ဒီတိုင်းရိုက်ရုံနဲ့ မှမပြီးတာ ။ ပုံထုတ်ရဦးမှာမို့လား ။ နောက်တစ်ဖွဲ့ကတော့ လူဇိုး ။ သူ့ကင်မလာနဲ့ သူရိုက်ပြီး သင်တန်းဆင်းကောင်လေးတွေပြင်ခိုင်း ရအောင်ထုတ်မယ် ကြွေးကြော်နေလေရဲ့ ။ နေဝန်းနီ သူငယ်ချင်းကတော့ လုပ်သက် ၂၅ နှစ်လောက်ရှိပြီ ။ သူရဲ့ တွဲဖက်ကလည်း သူ့လောက်မရှိပေမဲ့ ဆယ်နှစ်လောက်တော့ ရှိမယ်ထင်တာပဲ ။ ဓာတ်သေရုပ်မှာက နေဝန်းနီ သူငယ်ချင်းနဲ့ အမြဲလိုက်နေကျ ။ ကင်မလာကတော့ နေဝန်းနီ သူငယ်ချင်း ကင်မလာပါပဲ ။ သူက ကွန်ပြူတာဆိုင်မှာ လုပ်တာ ဆိုတော့ ဓာတ် သေ ပုံထုတ်ဖို့ ကိစ္စ ကပူစရာမလိုတော့ဘူး ။ ဆိုင်ရာစာရွက် စာတမ်းပေါ်မှာပါ ပုံကပ်ပေးမှာ ။ လုပ်နေကျ။ အေးဆေး ။ မအေးဆေးတာက လက်ထောက်ဦးစီးနဲ့ အဖွဲ့ ။ ခေါင်းဆောင်က ရောက်ခါစ ဆိုတော့ နောက်က လိုက်မဲ့ ဝန်ထမ်းနဲ့ပဲ လွဲထားပုံရရဲ့ ။ သူအိ်မ်ငှားနေတဲ့ အိမ်ရှင်က ဓာတ်သေ ဆိုင်တစ်ဆိုင်နဲ့ ချိတ်ပေးတယ် ။ အဆင်မပြေဘူး ။ ကွန်ပြူတာ စာစီစာရိုက်နဲ့ပါတွဲထားတယ် ။ ဗွီဒိုလဲ ရိုက်တယ် ဆိုတော့ လူအားမရှိဘူး ။ အဲ့တော့ ကင်မလာပေးလိုက်မယ် ။ ကွ ကိုယ်ရိုက်ခဲ့ ။ ပုံထုတ်ပေးမယ် ။ ဆိုတော့ကာ ဓာတ်သေရိုက်မဲ့ သူမရှိပြန်ဘူး ။ အဲ့ဒါ သူတို့ သူတို့ပါဗျာ ။ နေဝန်းနီ ဘာမှ မသိလိုက်ရပါဘူး ။ အပျိုဆင် ချစ်ချစ်ဆီ ပြန်နှပ်နေတဲ့ နေဝန်းနီ သူငယ်ချင်းဆီ လှမ်းဖုန်းဆက်ကြတယ် ။ အဲ့တော့ ဟိုကလည်း ပြီးစလွယ်ပါပဲ။ ဓာတ် သေ ရိုက်ဖို့ နေဝန်းနီ ကို ခေါ်သွားပေါ့ ။ အဲ့ဒိမှပဲ သူရို့မျက်နှာ မချိုမချဉ် ဖြစ်သွားပြီး နေဝန်းနီ လက်ထဲကို ဖုန်းထိုးပေးတယ် ။
သူငယ်ချင်းက သူတို့ အဖွဲ့နဲ့ လိုက်ပြီး လိုက်စင် ဓာတ် သေ ရိုက်ပေးဖို့ ပြောပြီး ဖုန်းချသွားလေရဲ့ ။
အဲ့ ဒိက စလို့ နေဝန်းနီ လူမှားပေါင်းမိပြီး ဓာတ်သေဆရာ ဖြစ်သွားပါတော့တယ် ။
နေဝန်းနီ
8 comments
•*¨နန်းတော်ရာသူ •*¨
March 16, 2015 at 11:14 pm
ဓာတ်သေရိုက်ရတာကို ဝါသနာအပါကြီးတော့မဟုတ်ဘူး။
ကျောင်းသားဘဝတုန်းကတော့ ကင်မရာသိပ်လိုချင် သူငယ်ချင်းတွေနဲ့ခနခန ခရီးတိုထွက်တာကိုး ဖလင်ကင်မရာ ရွှေရောင်လေး ဂျပန်မိတ် ခုထိရှိတုန်း။
ဒစ်ဂျစ်တယ်ကင်မရာတွေပေါ်စကတော့ ငမ်းငမ်းတက်ပဲ ရှိလာပြန်တော့လည်း သိပ်လက်မကမြင်းမိ
ခုနောက်တော့ ဖုန်းကင်မရာမြင့်ရင် စိတ်ဝင်စား လိုချင်ပြန်။
တွေ့ကရာလျှောက်ရိုက်တာတော့လည်းမဟုတ်
ခင်ဇော်
March 17, 2015 at 6:23 am
ဖတ်လို့ ကောင်းးချက် ဥနီ
ဆက်ရေးးပါ
ရွာမှာ အလှူ ရှိရင် ခေါ်ရိုက်ပါ့မယ်.
:k:
Ma Ma
March 17, 2015 at 8:13 am
ရွာထဲက ဓာတ်သေဆြာတစ်ပါးပါလား။
မှတ်ထားအုံးမှ။ :k:
Alinsett@Maung Thura
March 17, 2015 at 8:59 am
လူပေါင်း မှန်သွားတာဖြစ်မှာပါ
ဓါတ်သေပညာဆိုတာကလည်း နက်နဲတဲ့ပညာရပ်တစ်ခုမဟုတ်လား
လိုက်စားမိစေဖို့ လူပေါင်းမှန်သွားတာပေါ့
naywoon ni
March 19, 2015 at 12:53 pm
မောင်သူရလေးရေ ဇာတ်လမ်းဆုံးအောင်စောင့်ဦးလေကွယ် ။ @ မိုက်ရေ အပိုင်းငါးမှာ တင်ထားပါတယ် ။ ခြောက်မှာလဲ တင်နိုင်အောင်ကျိုးစားပါ့မယ် ။ ဖုန်းနဲ့ တင်နေတာဆိုတော့ မလွယ်လို့ပါ ။
Mike
March 17, 2015 at 10:41 am
.ခီများစမိးရိုက်ထားတဲ့ဓါတ်သေ လေးတွေတွဲတင်လေဗျာ..စာနဲ့လိုက်ဖက်အောင် :k:
ဦးကြောင်ကြီး
March 17, 2015 at 10:58 am
နေဝန်းနီ
ရွှေဖျဉ်းညီ
လေပြင်းချီ
ထွေခင်းသီ..
မေနှင်းရယ်(ရီ)
ဖေလင်းတည်
ဆွေဝင်းကြည်
မြွေဟင်းဆီ။။။
Mr. MarGa
March 19, 2015 at 11:02 am
ကိုင်း စဖတ်ပြီ 🙂