ငယ်ငယ်တုန်းကပေါ့
စ ။ ငယ်ငယ်တုန်းကပေါ့. . .
မြန်မာနိုင်ငံ အထက်ပိုင်း ဧရာဝတီ မြစ်အနောက်ဘက်ကမ်း
ပေါ်မှာ ရှိတဲ့ မြစ်ကြီးနား ဆိုတဲ့မြို ့မှာ လုလုရဲ ့ဘဝကိုစခဲ့ တယ် ။
၁။ ငယ်ငယ်တုန်းကပေါ့
မှတ်မိပါသေးတယ် . .
မနက်စောစော အဖွား ဈေးသွားရင် အဖွားရဲ ့လက်ကို ဆွဲပြီး
ဈေးကိုမရမက လိုက်သွားတယ် ။(မလိုက်ရရင်ခြေကန် ပြီးငိုတာပေါ့)ဈေးရောက်ရင် အဖွားနဲ ့ရှမ်းခေါက်ဆွဲ စား ရတယ်လေ။
အဖွားက ပဲပြားနဲ ့ပဲပင်ပေါက် ချက်စားမယ်ဆို ရင်
ဈေးသည် ကို “ယောင်းမ ရယ် ကျမ မြေးကပဲပင်ပေါက်မကြိုက်ဘူး တဲ့ ပဲပြား ပဲ ထည့်ပေးပါ “။ဆိုတော့ လုလုမျက်နှာပြုံးဖြီးဖြီးပေါ့ ။
နောက် အိမ်ပြန်တော့မယ်ဆိုရင် မုန် ့စိမ်းပေါင်းလည်းယူပြန်ချင်တယ် ၊ ကောက်ညှင်းပေါင်းလည်းစားချင်သေးတယ်၊ ရွှေထမင်း ကိုလည်း အလွတ်မပေးချင်ပြန်ဘူး နောက်ဆုံးတော့ ရသလောက် ကို ပူဆာ ခဲ့ပြီး အိမ်ရောက်တော့ မောင်ငယ်လေး နဲ ့သူကများတယ် ငါ့ကျ နဲတယ်နဲ ့ဗိုလ်ကျသံတွေဆူညံပွက်လောရိုက်ပြီးမှ မနက် မနက် တိုင်းရဲ ့မရိုးနိုင်တဲ့ သံစဉ် တွေကို ထုတ်လွှင့်ခဲ့ကြတာ ကိုတွေးမိတော့ လွမ်းရပြန်တယ် ။
၂။ ငယ်ငယ်တုန်းကပေါ့ . . .
မြစ်ဆိပ်ကမ်းဘက်သွားပြီးတနေကုန် တနေခန်း နှုတ်ခမ်းတွေပြာ အသားတွေ မဲတဲ့အထိ ရေထဲ ဒိုင်ပင် ထိုးချ ပြီးရေကူး ရတာလောက်ပျော် တာမရှိ ခဲ့ဘူး ။ အဖွား နဲ ့အဒေါ်တွေ ဘယ်လောက်တားတား လူကြီးတွေလစ် ပြီဆိုတာနဲ ့မောင်နှမ နှစ်ယောက် ခေါင်းချင်းဆိုင်အကြံထုတ်ပြီ တစ်ယောက်က မလိုက်ချင် ဘူး ဆိုလည်း မရ ရအောင် ဆွဲခေါ် ဝါသနာ ကတူကြပြန်တော့ ဘယ်သူ ့ကိုမှ ကြာကြာ ခေါ်နေဖို ့မလိုပြန်ဘူးး။ နေပူကျဲကျဲ အောက်မှာ မြစ်ရေစိမ် ခဲ့ ကြတော့ အိမ်ပြန် ရောက်တဲ့အချိန်ဆို အသားကမဲ မျက်လုံးကနီ နှုတ်ခမ်းကပြာ တကိုယ်လုံး ကာလာ ရောင်စုံနဲ ့နောက်ဖေး ပေါက်ကနေ ကုတ်ချောင်းချောင်းနဲ ့
ခိုးဝင် ခဲ့ ကြတာ မိလို ့ကတော့ အဖွားကဆူ အဒေါ်က ရိုက် “အမလေးးးသွားချင်ဦးဟ နောက်တခါ သွား ဦး ” မျက်ရည်လည်ရွှဲ နဲ ့ကိုယ့်ကိုယ် ကို ဆုံးမ မိပြန်ရော ။ ဒါလည်းခဏ ပါ ရိုက်ခံရတဲ့အနာ သက်သာ လာပြီဆို ပိုးကထလာပြီ အမှတ်မရှိသွားဦးနောက်တခါ ပေါ့ ်။ မြစ်ရေသာ သွားသွားကူးနေတာ အဲ့တုန်းက ခြေဗလာနဲ ့ရေထဲဆင်းတာဆိုတော့ ပုလင်းကွဲ ရှတာ နှစ်ခါ အနားမကျက်ခင် တပတ်လောက်မှာ လမ်းကမလျှောက်နိုင် မနေတတ်မထိုင်တတ်နဲ ့ အိမ်ဘေး လမ်းဖက်ကနေ ဘောကွင်းတွေကိုင်ပြီးကလေး တစု ဖြတ်သွားတာမြင်ရင် ရေကူးချင်တာတပိုင်းသေ တော့မယ် ။ အနာသက်သာပြီဆို တည်းက ရေထဲ ဆင်းပြီဆို ကြက်ပေါင် ဖိနပ် မချွတ်တမ်းကို စီးထား တော့တယ် ။ အဲ့ဒါ ခုချိန်ထိ အကျင့်ပါပြီ ရေချိုးခန်းထဲ ချိုးရင်တောင် ဖိနပ် က ချွတ်ဖို ့မေ့နေ တတ်တယ် (ဤကား စကားချပ် ) ။ အဲ့တုန်းက မှတ်မှတ်ရရ မြစ်ကြီးနား၊ မြို ့ဂုဏ်ရည် ရုပ်ရှင် ရုံမှာ “နှလုံးလှလူမိုက် “ရုပ်ရှင်ကားလာပြတယ် ။(မင်းမော်ကွန်း နဲ ့ခိုင်သင်းကြည် )အဒေါ်တွေ ခေါ်သွားလို ့အဲ့ ရုပ်ရှင် သွားကြည့်မိကတည်းက တစ်လလောက် မြစ်ဆိပ်ရေသွားမချိုး ဘူး ။ဇာတ်ကားထဲကလို မိကျောင်းကြီး ထွက်ကိုက်မှာစိုးလို ့လေ (ဇာတ်ကားမှာ မင်းမော်ကွန်းက မိကျောင်းတွေ ကိုလိုက်ဖမ်း လိုက်သတ် တဲ့ ဇာတ်ဝင်ခန်းတွေပါတာကိုး :-):-)
၃ ။ ငယ်ငယ်တုန်းကပေါ့ . . .
လုလု မှာ အိမ်နားကသူငယ်ချင်းတွေဆိုရင် ယောက်ျားလေးတွေ များတယ် ကျောင်းမှာဆို မိန်းကလေး တွေနဲ ့ပေါင်း ရတယ် ။ အိမ်ကအစ်ကို အစ်မ တွေနဲ ့ဆို အသက်က အရမ်းကွာတယ် လေးနှစ်လောက် ငယ်တဲ့မောင်လေးကိုသူငယ် ချင်းလို ပေါင်းရတော့ မောင်လေးရဲ ့သူငယ်ချင်းတွေက လုလု ရဲ ့သူငယ်ချင်းတွေဖြစ်သွားတာပေါ့ ။ တခါတလေ အစ်ကို ကမြစ်ဆိပ်မှာငါးမျှားသွားဖို ့ပြင်ဆင်နေတာ တွေ ့ရင် သူ ့အနားက မခွာတော့ဘူး လိုက်ချင်လို ့မူယာမာယာတွေ များနေတတ်တယ် ငါးသာမျှားချင်တာ တီကောင် တွေဆို အရမ်းရွံ တယ် မကိုင်ရဲဘူး တွန် ့တွန် ့နဲ ့အသည်းယားလွန်းလို ့ကြောက်တာလည်း ကြက်တီးတောင်ထတယ် ။ ငါးမျှားလိုက်ချင်တော့ ရေပုံး ကိုင်ပေးမယ် ၊ငါးစာ ခွက်ကိုင်ပေးမယ် ဘာဘာညာညာ အရဲစွန် ့ပြီးပြောရတာပေါ့ ။ “အေး လိုက်ခဲ့ “ဆို ကိုယ့်လောက်ပျော်တဲ့သူ လောက မှာ မရှိလောက်ဘူးလို ့ တောင် သွေးနှာထင် ရောက် လိုက်သေးတယ် :-):-) ။ နောက်ဝါသနာ က အစ်ကိုက ရပ်ကွက်အစွံ မြစ်ဆိပ်ကမ်း တောစပ် တလျှောက် ငှက်ပစ်သွားဦးမယ် ဟေ့ ဆိုလည်း လိုက်ချင်ပြန်ရော ။ လူကလက်တောက်လောက် လုပ်ချင်တာ တွေက တုတ်နဲ ့ဓါး နဲ ့တကယ့်ပေသီးး ။ ဘယ်လောက်တောင် ဆိုးခဲ့လည်း ဆို တနေ ့အစ်ကိုက ဂျင် (ကြိုးနဲ ့ရစ်ပြီး ပစ်ပေါက်ကစား ရတဲ့ ကစားစရာ တခု ) ကို မန်ကျည်းကိုင်း တကိုင်းခုတ်ပြီး ဂျင် အသေးအကြီးဆိုဒ် စုံ လုပ်နေတာကို အားကျပြီး တစ်ခုလောက် လုပ်ပေးဖို ့သွားပူဆာတာ မရတာနဲ ့ကိုယ့်ဟာကိုယ်ဓါးတစ်ချောင်းယူပြီး သွားခုတ်လိုက်တာ လုလု ရဲ ့လက်ညိုးထိပ်လေး ပါသွားပါရောလား ။ နာလိုက်အရမ်းပဲ တော်သေးတာပေါ့ အရိုးတွေမထိသွားလို ့နို ့မို ့ဖြတ် လိုက်ရမယ် သာဆိုရင် မတွေးရဲ စရာပဲ ။ ခုနေများ တွေးကြည့်မိတာ ငယ်ငယ်တုန်းက တော်တော် စပ်စလူး ထခဲ့တာပဲလို ့ ။
၄။ ငယ်ငယ်တုန်းကပေါ့ . . .
ှ အိမ်မှာ ဝက်တွေကြက်တွေ မွေးထားတာ တနေ ့ အစ်ကိုက ကြက်တစ်ကောင် သတ်ပြီး ချက်ထားတာ မမ က ဗိုလ်ကျပြီး ဟင်းအိုးကိုအရင်ဖွင့် ကြည့်ပြီး ပြောသေးတယ် ” အဲ့ ကြက်ခေါင်းက ငါ စားမှာနော် ” တဲ့ လုလု ကကြက်ခေါင်းတစ်ခါမှ မစား ဖူးဘူး မမက အဲ့လိုပြော ထားတော့ ဘယ်လိုအရသာလဲ ဆိုတာ သိချင်လာတယ် ဒါနဲ ့သူမရှိတဲ့ အချိန် မီးဖိုချောင်ထဲ အသာလေးသွား ဟင်းအိုးကိုအသံမမြည်အောင်ဖွင့် ့ ခြံထဲကခူးလာတဲ့ ငှက်ပျော ရွက်ထဲ ကြက်ခေါင်းကိုထည့်
ပြီးတာနဲ ့မီးဖိုချောင်ပတ်ဝန်းကျင် ကို ဘယ်ကြည့် ညာကြည့် ဘယ်ပြန်ကြည့် ညာပြန်ကြည့် လမ်းရှင်း မှ ပြေး စနစ်နဲ ့အိမ်ထောင့်က မန်ကျည်းပင် နားကို သုတ်ခြေတင် ပြေးတော့တာပဲ မန်ကျည်းပင်နားရောက်တာတောင် မရပ်သေးဘူး
ကြက်ခေါင်းထုတ်ကို လက်က ကျစ်နေအောင် ဆုပ်ထားပြီး အပင်ပေါ်ကို ကုတ်ကပ်ပြီးတွယ်တက် လိုက်တာ (အဲ့ အပင်က တက်လို ့လွယ် ထိုင်လို ့ကောင်းတယ် လူမမြင်နိုင်ဘူး) အပင်ပေါ်ရောက်ပြီဆိုမှ အထုပ်ကို အသာဖြည် ကြက်ခေါင်းကို ကြည့်လိုက်တော့ အမောက်ကထောင် နှုတ်သီးကဖြတ်ထားလို ့နဲနဲ တို နေပြီ ကြည့်ရင်းနဲ ့စိတ်ထဲက တော့
မရိုးမရွဖြစ်လာပြီ ကြောက်တာလိုလို မသတီ တာလိုလို ပေါ့ “စားကြည့်မယ်ကွာ မမ တောင် သည်လောက် ထိကြိုက်တာ” ဆိုု့
မျက်လုံးစုံမှိတ်ပြီး ခေါင်းကို ကိုက်ချ လိုက်တာ အထဲက ဦးနှောက်ဖြူဖြူပျော့စိစိတွေထွက် ကျလာ တော့ ဆက်ကိုက်ဖို ့မပြောနဲ ့ ပါးစပ် ထဲရှိတာအမြန်ထွေးထုတ် ပြီးအဲ့ကြက်ခေါင်းကို ဝေးနိုင်သမျှအဝေးဆုံး ထိ လွှင့်ပစ်လိုက်တော့တယ် ။ ုသူများဦးထားတာကို စပ်စပ်စုစုလောဘ ကြီး ခဲ့ပြီး စားရဲတာလည်း မဟုတ်ဘဲ နဲ ့။ ညနေ ထမင်းစားချိန်ရောက်မှ မမ က သူ ့ကြက်ခေါင်း ပျောက် လို ့စိတ်တွေဆိုး ဟိုလူ ့မေး ၊ဒီလူ ့မေးနဲ့ ကျန်တဲ့သူတွေတော့ မသိလို ့မသိဘူးပြော ၊ လုလု ကတော့ တအံ့တဩ အသံနဲ ့မသိဘူး ဘာဘူး ညာဘူး နဲ ့ရွှီး ရတာပေါ့ ။တကယ် ခု တွေးမိတော့လည်း ရယ်စရာ ဘဝရဲ ့တစိတ်တပိုင်း အဖြစ်လေး ပါပဲ ။
၅။ ငယ်ငယ်တုန်းကပေါ့ . . .
မောင်ငယ်လေးနဲ ့လုလု နဲ့ အတည့်အတူနေ မမြင် ချောင်းကြည့် ရတဲ့ နှစ်ယောက် ပေါ့ ။ အိမ်မှာနှစ်ယောက် တည်း ရှိတဲ့အချိန်ဆို စ ရင်း နောက်ရင်း ကနေ ထသတ် ကြပါလေ ရော ။ ငယ်တဲ့သူက ငယ်လို ့ဗိုလ်ကျချင်တယ် ၊ကြီးတဲ့သူ ကလည်းကြီးလို ့ဆရာလုပ်ချင်တယ် အဲ့နှစ်ယောက် တွေ ့လိုက်တိုင်း အေးချမ်းပြေလည်နေတယ် ဆိုတာ မရှိဘူး ပြဿနာဖြစ်တိုင်း အဒေါ်တွေက ရှင်းရ အဖွားက ရှင်းရနဲ ့ဘယ်သူမှအငြိမ်မနေ ရဘူး ။ကျောင်းမှာဆို မောင်လေးက သူငယ်တန်း လုလုက ဒုတိယတန်း ၊ တနေ ့ ကျောင်းကျန်းမာရေးအဖွဲ ့လာတော့ ကျောင်းသူ/သား အားလုံး ကိုယ်အလေးချိန် ချိန် ကြတော့ တစ်ကျောင်းလုံးမှာ မောင်ငယ်လေး က အနည်းဆုံး အပေါ့ဆုံး အသေးဆုံး ဖြစ်နေတယ် ။ တခါတလေ လုလု ရှိတဲ့ကျောင်းခန်းထဲလာပြီး တိုင်တယ် သူ ့ကို သူတို ့အတန်းခေါင်းဆောင် ဖက်တီး က ထုတယ် အနိုင်ကျင့် နေတယ် ဆိုပြီးးလုလုလည်း မောင်ငယ်လေး နောက်က လိုက်သွားး ဟိုဖက်တီး “နင် ငါ့မောင်လေး ကိုအနိုင်ကျင့် နေတယ်ဆို (သူ ့ခေါင်းကိုတချက်ခေါက် ) နောက်တခါ အနိုင်ကျင့်တယ် ကြားလို ့ကတော့ နင့်ခေါင်းကဆံပင် ကိုပြောင်အောင်နှုတ်ပစ်မယ် ဟင်း ဘာမှတ်နေလဲ “(ခါးထောက်ပြီး မျက်နှာတည်နဲ ့ပြော ) အဲလို သူများ နားမှာဆို ချစ်လိုက်ကြတာ ကာကွယ်ပေးရတာ အမော အိမ်ရောက်ပြီဟေ့ ဆိုရင် သူ နဲ ့ကိုယ် ရန်သူပဲ ။ တခြားမောင်နှမ တွေရော အဲ့လို ပဲလား မသိဘူး ။
မုန် ့လင်မယား မြင်တိုင်း မမေ့ နိုင်တဲ့အဖြစ်လည်း ရှိသေးရဲ ့ ။ လုလု ရဲ ့အဒေါ် အငယ် ဆုံးနဲ ့သူ ့သူငယ်ချင်း ယောက်ကလျှာ တစ်ယောက်နဲ ့မုန်ဖိုးလေး ရှာမယ်ဆိုပြီး အိမ်ရှေ ့မှာ တဲလေး ထိုးပြီး မုန် ့လင်မယား ကြော်ရောင်း ကြတာ တစ်ညနေ လုလုနဲ ့မောင်လေး နဲ ့ဟိုပြော သည်ပြော နဲ ့စနောက်ရင်း ရန်ဖြစ် စကားများ နေကြရင်း ဒေါ်လေးငယ် တို ့အကြော်တဲ နားကိုရောက်လာကြတယ် ၊ ဒေါ်လေး တို ့လည်း အခုမှ စကြော် ခါစ ပဲရှိသေးတယ် ၊ မောင်လေး က မြင်းချီးခြောက် ခဲနဲ ့လုလု ကိုပစ် လိုက်တာ လုလုကိုကျော်ပြီး ဒေါ်လေး တို ့ရဲ ့မုန် ့နှစ်ရည် အိုးထဲ တန်းတန်းမတ်မတ် ကျပါ လေရော လား ။ အဲ့ ချိန်မှာ ဒေါ်လေးကို လာလာ ကြောင် နေတဲ့ အရက်သမားက အချိန်မှန် ပုံမှန်ရောက်လာတယ် ရေချိန်လည်းကိုက်နေ ပုံရတယ် ။ လုလုတို ့မောင်နှမ ဒေါ်လေးရဲ ့ကြိမ်းမောင်းဆူဆဲ ဒဏ်ကနေ ခဏ အနားရတယ် ။ ဒေါ်လေးတို ့မှာ ဟိုအမူးသမား ကိုလည်း ဈေးရောင်းချင် ၊လုလုတို ့ကိုလည်း ရိုက်ချင် ၊ မုန် ့နှစ်ရည် အိုးမှာလည်း မြင်းချီးခြောက် အမြန် ဆယ် ထုတ် လိုက်ပေမယ် သဲ တရှပ်ရှပ်နဲ ့ကျန်ခဲ့တော့ ဒေါသ တွေအလိပ် လိုက် ဘယ်လို ထွက်ရမှန်းမသိ ဖြစ်နေမှာပေါ့ ။ ဟိုအမူးသမားလည်း ကျန်တဲ့မုန် ့လင်မယား အကုန်ဝယ်မယ် အိုးထဲက ဟာတွေပါ ကြော်ပေးဆိုတာနဲ ့ဒေါ်လေးတို ့နှစ်ယောက် မုန် ့နှစ်ရည်အကြောင်း ဖွင့် ပြောရခက် ၊ငြင်းရခက် နဲ ့နောက်ဆုံး ဝယ်နေကြဖောက်သည်တော့ အပျက်မခံနိုင်လို ့နဲ ့တူတယ် မုန် ့နှစ်ရည် ကိုအပေါ်ယံ အသာ ခပ်ပြီးရတဲ့အထိ ကြော်ပေး လိုက်တယ် လို ့ပြောသံကြားလိုက်ပါတယ် ။ ဟိုလူ စားတာကို မြင်ယောင်ကြည့်ပြီး စိတ်ထဲက အော်ကလီ ဆန် လာတယ် ။
၆။ ငယ်ငယ်တုန်းကပေါ့. . .
လုလု မှာ သူနာပြုဆရာမ အဒေါ်တစ်ယောက်လည်း ရှိသေးတယ် ။ သူကအရမ်း စည်းစနစ် ကြီးတယ် ။ သူ ့ကိုဆို လုလုတို ့မောင်နှမတွေ အားလုံးက ချစ်ကြောက် ရိုသေ ရတယ် ။ ဘယ်တော့မှမရိုက်ဘူး တခါတလေ ဗိုက်ခေါက်ဆွဲ လိမ်တတ် တာတော့ရှိတယ် ။ လုလုတို ့မောင်နှမတွေကို မှတ်ဉာဏ်ကောင်းအောင်ဆို ပြီး ရွှေဖရုံ သီးတွေ ကို ဟင်းလိုတမျိုး ၊ဆန်ပြုတ် လိုတဖုံ ၊ ကန်စွန်းဥ ပြုတ်သလိုပြုတ်ပြီး ပဲဆီ စိမ်းနဲ ့တို ့စားခိုင်းတာက တနည်း အဒေါ် ကိုကြောက်လို ့သာစား ရတာ မမြင်ချင် မကြားချင် တော့အောင်ကိုမုန်းနေပြီ ။ သူ ကဉာဏ် ကောင်းအောင် ကျွေးတာ လုလု မှာ ဉာဏ်မကောင်းချင်လည်း နေပါစေတော့ အနံ ့တောင်မခံ ချင်တော့ အခုချိန် ထိပါပဲ ။
၇။ ငယ်ငယ်တုန်းကပေါ့ . .
လူကြီးတွေရဲ ့စကားကိုချည်း နားထောင် ၊ အာခံရင် အရိုက်ခံ နေရတော့ မြန်မြန်လူကြီးဖြစ်ရင် ကောင်းမယ် လို ့ပဲတွေးနေ မိတယ် ။ နေရာတကာချုပ်ခြယ် တယ် ဆိုပြီး စိတ်ညစ် ခဲ့ရတာတွေ အခုချိန်ပြန် လိုချင်လည်း ဘယ်လိုမှ မဖြစ်နိုင်တော့ ဘူး ။ မနက်အိပ်ယာထပြီဆိုတာနဲ ့စားချင်တာစား ၊ ဆော့ချင်သလိုဆော့ ၊ ရွာရိုးကိုးပေါက်မက လျှောက်သွား ပြီး
သူများခြံထဲက သရက်သီးတွေကို ခဲ နဲ ့လှမ်းထု ၊ မန်ဂို သီး မြည့်နေတာမြင်ရင် တုတ်နဲ ့လှမ်းရိုက် ၊ လှည်းလမ်းဘေး က ဇီးသီးပင်လည်း မရ ရအောင် ခြွေချ စားရတာမရတာ အဓိက မဟုတ်ဘဲ စိတ်ချမ်းသာသလို လုပ်နေရတာ ကိုပျော်တာ ။တနေ ကုန် မနားတမ်း စပ်စလူးထပြီး ဆော့ခဲ့တာတွေလည်း ည အိပ်ယာ ဝင်ချိန်မှာ အပူအပင် ကင်းမဲ့စွာ အိပ်ပျော် နိုင် ခဲ့ တယ် ။ အဲ့လို ဘဝ ကိုအခုချိန်မှာ ရွှေတွေ ငွေတွေ ဘယ်လောက်ပဲ ပုံအောပေး ပေး ပြန်မရနိုင် တော့ ဘူး ။ ကလေးဘဝတုန်းကလူကြီးတစ်ယောက်ဖြစ်အမြန် ဖြစ်ချင်တဲ့ဆန္ဒ ခုချိန်မှာ ပြည့်ခဲ့ပေမယ့် ကလေးတစ်ယောက်ပြန်ဖြစ် ချင်တဲ့
ဆန္ဒတော့ ဘယ်တော့မှပြည့်မှာမဟုတ်တော့ ။ အေးချမ်းသာရာ မယ့်ဘဝကို ရှာဖွေရင်း အသက်တွေပဲပေးဆပ် ကြရမယ် ။
၈။ ငယ်ငယ်တုန်းကပေါ့ . . .
လုလု လူကြီးတစ်ယောက်ဖြစ်ချင်တယ် ။
အခုတော့ ပူပင် သောက မရှိတဲ့ ကလေး တစ်ယောက်ပြန်ဖြစ်ချင်တယ် ။
လုလု (တောင်ကြီး )
26.3.2015
28 comments
Mr. MarGa
March 26, 2015 at 9:21 am
ပြန်လွမ်းသွားပြီ ငယ်ဘဝကို
ဆိုးတာက
အခုထိ ဂျင်မပေါက်တတ်ဘူး 🙁
ပြီးတော့
ရွယ်တူတန်းတူ မောင်နှမ မရှိတော့ တစ်ကိုယ်တော် ဆော့ခဲ့ရတာ
စာအုပ်ပုံကြား ခေါင်းထိုးခဲ့တာ
လွမ်းမိပါသေး………….
lu lu
March 26, 2015 at 9:27 am
လုလု တို ့မောင်နှမ များတော့ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ ့
စာအုပ်ဖတ် ဖို ့ကို စိတ်ကမရောက်တော့ဘူးး
တွေးမိတိုင်းလည်းငယ်ဘဝကိုလွမ်းမိပါတယ်
:-(:-(:-(
ခင်ဇော်
March 26, 2015 at 9:49 am
http://myanmargazette.net/177167
ဒါက တညားရဲ့ ငယ်ဘွ ကညင်းဂျောထတုန်းကပေါ့။
:k:
lu lu
March 26, 2015 at 11:08 am
ကလေး တုန်းက လူတိုင်း ကညင်းကျော ထကြတာပဲနော်
😆
Alinsett@Maung Thura
March 26, 2015 at 9:56 am
အဲ့လိုပါပဲ
လူတိုင်းမှာ ငယ်ဘဝကိုယ်စီနဲ့
:kwi:
ကျနော်လည်း ဘာထူးလဲ ငယ်ငယ်က ကြီးချင်တယ်
ကြီးလာတော့ ငယ်ချင်တယ်
:k:
lu lu
March 26, 2015 at 11:03 am
ငယ် လို ့တော့မရတော့ဘူး
ပိုကြီးဖို ့ပဲ ရှိ မယ်
ဆက်ဆက် ရေ
Mike
March 26, 2015 at 9:57 am
.အင်း..လူတိုင်းမှာတော့ကိုယ်စီငယ်ဘဝပျော်စရာအမှတ်တရလေးတွေရှိမှာပါပဲ
.ငယ်ငယ်တုန်းကတော့ စားလို့ရသမျှအသီးအနှံ ဆိုဘယ်သူပိုင်ပိုင် ရအောင်ကြံစည်စားကြတာလည်းပျော်စရာ
.လွမ်းသွားတယ်ဗျာ
.ဒါလည်းမလွန်ဆန်နိုင်တဲ့အမှန်တရားတစ်ခုပေါ့
♫♪♫ငယ်စဉ်က ကလေးတို့ဘဝဟာ♫♪♫ ပျော်ပါးဖို့ရာ လွယ်ပါတယ်♫♪♫…… :))
lu lu
March 26, 2015 at 11:06 am
သူများခြံထဲက ဘာသီးပဲဖြစ်ဖြစ် မရရ အောင် ခူး
ခဲနဲ ့ထု အိမ်ရှင်အော် မှ လိမ့်နေအောင်ပြေးးး
ဒါတွေက ခုတော့လွမ်းစရာတွေပေါ့
ခင်ဇော်
March 26, 2015 at 10:00 am
ချစ်စရာ လုလုလေးနေမှာ …
ငယ်ငယ်တုန်းကပေါ့။
:mrgreenn:
ခု အလွဲလေးတွေရော ရေးအူးးး
ဟိ။
:mrgreenn:
lu lu
March 26, 2015 at 11:01 am
ခု တော့ စပ်စလူးအကြီးစား ပေါ့
အသက်ကြီးလာလေ လွဲ လို ့ကောင်းလေ ပါပဲ
😆
Kaung Kin Pyar
March 26, 2015 at 10:28 am
အားပေးဖတ်ရှုသွားပါတယ်..လုလုရေ…
တောင်ကြီးရောက်မှ ဆုံမယ်နော်…
:chit:
lu lu
March 26, 2015 at 10:59 am
ဟုတ် ကျေးဇူးပါ
တောင်ကြီးရောက်ရင် လာတွေ ့ပါ့မယ်
ငယ်ငယ် တုန်းက လို စပ်စလူးပဲနော့ ဟီးဟီးး
sorrow
March 26, 2015 at 12:16 pm
လုလုတွေက စိတ်ကြီးတတ်တယ်ခင်ဗျ… အိမ်ကအမေလဲ လုလု…ဖြူဖွေးလဲလုလုပဲ …. အဲ့ဒုတိယသမီးတွေက ချောတတ်တယ်ဗျ ….
lu lu
March 26, 2015 at 1:55 pm
စိတ်က ကြီးတာအမှန်
ချော တတ်တယ် ဆိုလို ့မုန် ့ကျွေးချင်တာလဲ အမှန် ပဲ
ဟီးဟီးးး
😆
တောင်ပေါ်သား
March 26, 2015 at 12:46 pm
ဪ မြစ်ကြီးနားသူလေးကိုး
ခဏ ခဏ ရောက်ဘူးတယ်
အဒေါ်က သစ်ထုတ်ရေးက ၊ သူ့အိမ်က မြစ်ဆိပ်နဲ့ ကားလမ်းပဲခြားတာ ၊
မြစ်ကြီးနားမှာ အကြိုက်ဆုံးက ရေစိမ်ခေါက်ဆွဲ ၊ ဒီသင်္ကြန်တော့ ရွှေကူ ဗန်းမော် ရောက်မယ် ၊
lu lu
March 26, 2015 at 1:58 pm
မြစ်ကြီးနားမှာ အကြိုက်ဆုံးက မြစ်ဆိပ်ထဲ ရေသွားကူးရတာပဲ
ဗန်မော် ရွှေကူ ရောက်ဖူးတယ်
မြစ်ကျဉ်းလည်းအရမ်းလှတယ်
ဒုတိယ မြစ်ကျဉ်းလားမသိဘူး
လုံမလေးမွန်မွန်
March 26, 2015 at 2:20 pm
ပျော်စရာကြီးနော်…. နယ်မှာနေရတဲ့ ကလေးဘဝများ သိပ်ပျော်စရာကောင်းတာပဲ…
lu lu
March 26, 2015 at 3:31 pm
ဖွံ ့ဖြိုးတိုးတက်လာလေ စိတ်ကျဉ်းကြပ်ရလေပဲ
ကလေးတွေလည်း အရင်ကလို လွတ်လပ် မှုှုတွေမရှိတော့ဘူး
:buu:
naywoon ni
March 26, 2015 at 7:50 pm
လွမ်းအောင်ဖန်နေတာလား ဟင် ! မြစ်ကြီးနားမှာ ခွစ္စ မတ်နေလားမသိ စားခဲ့ရတဲ့ ကြ်သားဆန်ပြုတ် ။ အရည်မပါ ။ ငှက်ပျောဖက်နဲ့ ထည့်ကျွေးတာ လွမ်းမိတယ် ။
lu lu
March 27, 2015 at 6:14 am
အရည်မပါတဲ့ဆန်ပြုတ်ဆိုမစားတတ်တာအမှန်
ကချင်တွေက မုန် ့တွေသိပ်မလုပ်စား တတ်ဘူးး
အများအားဖြင့် ရှမ်း အစားအစာ ကို စားကြတာ
😆
uncle gyi
March 28, 2015 at 11:10 pm
မှန်တယ်လုလု
ငယ်တုန်းကလူကြီးအရမ်းဖြစ်ချင်ကြတဲ့လူငယ်တွေချည်းပဲ
တကယ်ဖြစ်လာတော့တန်ဖိုးတွေကွဲကုန်ရော
Courage
March 29, 2015 at 9:28 am
ကြူနူးစရာ ငယ်ဘဝလေးတွေအကြောင်းကို ဝေမျှပေးတဲ့အတွက် ကျေးဇူးပါ။
မလုရဲ့ ကောင်းမှုကြောင့် ကျွန်တော်လဲ စိတ်ကူးယဉ်ရွက်လှေကြီးနဲ့ အတိတ်ကမာ္ဘကို ပြန်ရောက်သွားမိလေရဲ့။
lu lu
March 29, 2015 at 7:53 pm
ဟုတ် ခုလို ဝင်ရောက်အားပေးသွားတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် လူတိုင်းမှာတော့ ကြည်နူးစရာကောင်းတဲ့ငယ်ဘဝတွေကို ကိုယ်စီပိုင်ဆိုင်ထားကြတာ ပါ
:kwi:
ဦးကြောင်ကြီး
March 30, 2015 at 11:49 am
..ကျီးလျင်မှီ ငဲလျင်ချီဒဲ့.. ကေအိုင်အေ လုမ ဒလောက် ငယ်ခြင်ယဉ် ကိုယ့်ထပ်တနှစ်နီးပါး ကျီးဒဲ ကကြောင့်ကို မှီလိုက်ပါရား…။ လူလစ်ယဉ် teaဇို့..
lu lu
March 30, 2015 at 4:28 pm
😥
Ma Ei
March 30, 2015 at 4:41 pm
ငယ်ငယ်တုန်းကပေါ့…
ဘုန်းဘုန်းကျောင်းလိုက်သွား လူကြီးတွေအလစ်ပြန်ဆင်းပြီး
ကျောင်းဝန်းထဲက မန်ကျည်းပင်ပေါ်တက် ဂွေးတောက်နွယ်တွေနဲ့ လွဲဆော့ ပျော်စရာကောင်းချက်ကွယ်…
lu lu
March 31, 2015 at 8:45 am
တူတူပဲပေါ့ နော်
အောင် မိုးသူ
March 31, 2015 at 3:32 pm
ငယ်ငယ်တုန်းက အကြောင်းတွေစဉ်းစားမိတိုင်း ……