မွေးမေလေ့ နဲ့ သိမ်းထုတ်သေချာ
မယုံမရှိနဲ့။
အဲ။ မယုံလည်း ရှိစေတော့။ ဟိဟိ။
:mrgreenn:
ကိုယ်တွေ သားအမိဟာ၊ မီးဖိုထဲဝင် ဟင်းချက်ရမယ် ဆိုရင်တော့ အချင်းချင်းလွှဲချပြီး ပြေးတဲ့ အကျင့်က အစ အတော်တူတာ။
ကိုယ်တွေ မလုပ်ချင်တဲ့ အရာတွေ မလုပ်တတ်တဲ့ အရာတွေက အများကြီး….
– ဟင်းမချက်ချင်ဘူးးး၊ ဟင်းစပ်ပဲ စပ်ချင်တယ်။
– ဈေးမသွားချင်ဘူးးး၊ အသားနဲ့ ဟင်းသီးဟင်းရွက် ဈေး ပြောတာ
– ချည်ထိုး၊ ပန်းထိုး၊ ဆွယ်တာထိုး ဘာမှ မတတ်ဘူးး
– အသက်မွေးဝမ်းကျောင်း ပညာရပ် ဘာမှ မတတ်ဘူးး (ဒီဇိုင်းထုတ်တာကလွဲရင်)
:bb:
မိန်းမတို့ လုပ်သင့်တယ် ဆိုတဲ့ အလုပ်တွေထဲမယ် အိမ်ရှင်းတာကိုပဲ သဘောကျတယ်။
မွေးမေလေ့နဲ့ ညီတာလည်း ဒီ ဟာရှိတာ။
သူကတော့ ပိုတော်တယ်။
ပရိဘောဂ နေရာချတာတို့…
ပန်းအိုးထိုးတာတို့…
အရောင်စပ်တာတို့ … အင်မတန် အမြင်ရှိတာ။
တော်တန်ရုံအိမ် သူ့လက်ထဲရောက်ရင် အတော်လှသွားရော။ ဈေးကြီးပစ္စည်းနဲ့မဟုတ်ပဲ ရှိတာလေးနဲ့ အလှပြင်တာ။
ကိုယ်ကတော့ အဲလောက်စိတ်မရှည်ပဲ အိမ်တစ်အိမ်ရောက်တာနဲ့ ဘာကို ရှင်းပစ်ရင် ဘယ်ဟာဘယ်နားရွှေ့ပစ်ရင် ပိုလင်းမယ် ပိုကြည့်ကောင်းမယ် ဂလောက်ပဲ သိတာ။
ဘာလို့ဆို အင်တီးရီးယား ဒက်ဂိုရေးရှင်း ဒီဇိုင်းတွေ အင်မတန်ဝါသနာပါတာကိုးးးး
စလုံး က နေ မခွာနိုင်တဲ့ထဲမယ် အဲဒါလည်း ပါတယ်။
ဖုန်မရှိ၊ ပစ္စည်းပေါ၊ ဒီဇိုင်းလေးတွေ က လက်တကမ်းတင် ရနေတော့ လုပ်ထားပြီးရင် အလှမပျက်ဘူးးးး
သိပ်ကြိုက်တာ။
အဲ။ ၂ ယောက်ပေါင်းမိတော့ အမျိုးတွေ အိမ်က လှမ်းခေါ်ခိုင်းတဲ့ သန့်ရှင်းရေးသားအမိဖြစ်ကရော။
:op:
တစ်ချို့က ရှိတယ်လေ။ “ဒီလောက်လုပ်တတ်တယ်ဆို ဒီ အိမ် လာလုပ်စမ်းဘာ့၊ ကြည့်စမ်းရအောင်” ဆိုတဲ့ အချိုးမျိုးလေ။ ဆွေမျိုးချင်းတောင် ရှိပါတယ်။
အဲဒီ အတွက်များ မျက်နှာပျက်မယ်မထင်နဲ့။ အင်မတန်တက်ကြွတာ။
“သူများ က ခေါ်ခိုင်းလို့ စီးပိုးတယ် ကျောချင်တယ်လို့ မမှတ်ရဘူး” တဲ့။ “သူများကို လှအောင် စိတ်ကြည်အောင် လုပ်ပေးလိုက်ရတာ ကိုယ့် အတွက် အမြတ်” တဲ့။
ဟုတ်ကဲ့။ ကိုယ်လည်း တတ်သလောက် မှတ်သလောက် လိုက်ကူတာပါပဲ။
မငြိုငြင်ပါဘူးးး
ဘယ် အချိန် စိတ်ညစ်တုန်းဆို ကိုယ် ဖယ်ဖို့ စုထားတဲ့ အကျိုးအပျက် အပုံကို ပြန်လာနှိုက်ပြီး….
“ဟယ်၊ ဒါလေးက နှမြောစရာ”
“ဟင်၊ ဒါက ဘယ်တုန်း က ဘယ်သူက ဘယ် အမှတ်တရ” စသည်ဖြင့် ရှေးရှေးတုန်းက အမှတ်တရ ပြန်လည် တူးဖော်ရေးတွေ လုပ်တဲ့ ဆွေမျိုးတွေကိုပါ။
အဲလောက် မြတ်နိုးတတ်ရင် အဲဒီပစ္စည်းက မကျိုးမပဲ့၊ ဖုန် အလိမ်းလိမ်းဖြစ်မနေဘူးလေ။
:p:
ကိုယ်ကတော့ ပစ္စည်းတစ်ခုကို ကိုယ် က မေ့လျော့နေခဲ့တာ ၁ နှစ်လောက် ရှိပြီဆိုရင် အဲဒီ ပစ္စည်းဟာ ကိုယ့် အတွက် တကယ် အသုံးဝင်တဲ့ ပစ္စည်းမဟုတ်ဘူး လို့ ယူဆတယ်။
ဆိုတော့ ကိုယ့် အတွက် အသုံးလည်းမဝင်တော့တဲ့ အချိန်မှာ …
အသုံးဝင်တဲ့ သူများလည်း မပေးနိုင်၊
လွှင့်လည်း မပစ်နိုင်၊
အသုံးတည့်တဲ့ နေရာလည်း မစဉ်းစားတတ် စတဲ့ အဲဒီ လို ပစ္စည်းတွေနဲ့
အိမ်တစ်အိမ်မှာလည်း ပြည့်ကျပ်ပြီး ရှုပ်ပွနေတတ်တယ်။
အဲလိုနဲ့ ကိုယ်က ဘယ်လောက် ရှင်းပေးပေး သူတို့ဟာသူတို့ ကိုယ်မသိအောင် တစ်မျိုး ကိုယ့်ရှေ့ တစ်မျိုး ပြန်ကောက်တဲ့ဟာတွေနဲ့ ဒုံရင်း ဒုံရင်းပါပဲ။
:chee:
မွေးမေလေ့က လွှင့်ပစ်တာ သိပ်ကြမ်းတာ။
တော်တော်တန်တန် အသုံးမဝင်ရင်၊ ပျက်ပြီဆိုရင် သံယောဇဉ်မတွယ် ၊ သိမ်းမထားး၊ မနှမြောပဲ “ဝဲပလိုက်တော့” ဆိုတာချည်းပဲ။
သူပြောနေကျ စကား ရှိတယ်။
ဘာတဲ့။
“ငါ့ မယ် မင်္ဂလာဦး ပစ္စည်းရယ်လို့ သိမ်းထားတာဆိုလို့ နင်တို့ အဖေပဲ ကျန်တော့တယ်” တဲ့။
မှတ်သားဖွယ်။
:n:
သူ့ဘဝကလည်း ဟုတ်တယ်လေ။ ၁၉ နှစ်သမီး ဒက်ဒီနဲ့ ယူပြီးကတည်းက ပို့(စ)တင် ကျတဲ့နောက် လိုက်ရတာ။
အပြောင်းအလဲတွေ အရမ်းများခဲ့တော့ ဘယ်သူ့ကိုမှ ဘယ်အရာကိုမှ မတွယ်ပဲ စိတ်ဖြတ်တတ်တာ အကျင့်ကိုပါလို့။
ကိုယ့်ဒက်ဒီက ကပ်စီး ဇီဇာ အစွန်းရောက်၊
ဆိုတော့ သူတို့ အစွန်းရောက် ၂ ယောက် ကိုယ်ကတော့ မျှတတယ်လို့ (ကွကိုယ် ထင်တာပဲ) :mrgreenn:
………….
ဆိုတော့ ဒက်ဒီကလည်း သူ့ပစ္စည်းတွေ ရှင်းဖို့ ဆို ကိုယ့်ကိုပဲ အပ်တယ်။
မွေးမေလေ့ ကလည်း အိမ်ရှင်းလင်းဖို့ ဆို ကိုယ့်ကိုပဲ ပြန်သုံး (or) လွှင့်ပစ် (or) သိမ်းထား စတာတွေ ရွေးချယ်ခွင့်ရတယ်။
အိမ်မှာ ဖိနပ်စုတ်၊ ထီးစုတ်၊ နာရီစုတ်၊ ဖျာအစုတ်၊ ပဲ့ရွဲ့နေတာတွေ တို့ မြင်ရင် မွေးမေလေ့ ဆီက အဆူခံရတာမို့ အဲဒါမျိုးဆိုရင် ရှင်းရင်း သတ်သတ် တစ်ပုံပုံထားရပါတယ်။
ဆေးခန်းနဲ့ အိမ် တွဲရက်မို့ ဒက်ဒီရဲ့ ဆေးခန်းက ထွက်သမျှ စက္ကူဘူးး၊ ပုလင်းလွတ်, သတင်းစာ၊ ဂျာနယ်၊ မှန်သမျှကလည်း ကေဇီ ရဲ့ ဘတ်ဂျက်ပါ။
ခိခိ..
😳 😳 😳
ကိုယ်တွေ သားအမိအမြို့မြို့ အနယ်နယ်ပြောင်းတော့ ပေးတဲ့ အိမ်တွေကလည်း အမျိုးမျိုးပေါ့။
ဒီကြားထဲကမှ လှပအောင် နွေးထွေးအောင် ပြုပြင်ယူရတာ။
ဒီ အိမ်အတွက် ချုပ်ထားတဲ့ လိုက်ကာတွေက ဟိုအိမ်ရဲ့ ပြတင်းပေါက်နဲ့ မတော်တာတို့။
ဟိုအိမ်က သစ်သားဆက်တီ အတွက် အစွပ်က ဒီ အိမ်က ကြိမ်ခုံတွေနဲ့ မတော်တာတို့ အမျိုးမျိုးပါပဲ…
တစ်ချို့အိမ်က ကျယ်တယ်။ တစ်ချို့က ကျဉ်းတယ်။
ဒါအပြင် ဖွဲ့စည်းပုံမကောင်းတဲ့ အိမ်က နေရာချရ အလွန်ခက်ပါတယ်။
ခါတလေတော့ ကိုယ်နေရမဲ့ အိမ်ကို အရင် လာကြည့်နိုင်ပေမဲ့ တစ်ချို့နယ်တွေကျ ပစ်စည်းတွေပါ ရွှေ့တဲ့ အချိန်မှ ရောက်တာမျိုးကိုးးး
ကြိုကြည့်နိုင်တဲ့ အိမ်ကို ဘယ်နေရာ ဘယ်ပစ္စည်းထားမယ် စဉ်းစားထားလို့ တန်းပြောနိုင်ပေမဲ့….
ညကြီးမိုးချုပ်များ ရောက်လို့ကတော့ ဘာမှ မလုပ်နိုင်သေးခင် အိပ်ယာ အရင်ခင်းပြီး အရင် အိပ်ရတာပါ။
😕 😕 😕
ပျိုးနေတာများ များပလားတော့မသိ။ ဘယ်လောက် သိမ်းထုတ် သေချာလုပ်ခဲ့ရတယ် ဆိုတာ ပြောပြတာ။
ဘယ်လောက်သေချာတုန်းဆို ခုနေ အဖွဲ့နဲ့များ တစ်နေရာရာသွားရင် ကိုယ့်ပစ္စည်းသူများနောက်ပါဖို့ မပြောနဲ့ သူများ ပစ္စည်းတွေပါ ကိုယ့်ထဲ ကောက်သိမ်းခဲ့တာချည်းပဲ။
ဟေးဟေးဟေးးး… အဲလို သေချာတာ။
နောက်ပြီး နယ်ဘက်က အိမ်လေးတွေမှာ ကြွက်လျှောက်တန်းလို့ ခေါ်တဲ့ သစ်သားတန်းတွေ နံရံမှာ ရှိပါရော့လားး…!!!
လွယ်လွယ်နဲ့ အဲဒီအပေါ်ကို တင်မိတဲ့ ပရုတ်ဆီပုလင်းတို့ လျက်ဆားပုလင်းတို့ဆို မွေးမေလေ့ လက်ချက်မိပါတယ်။
ဝှီး တာပါ။
အဲလို တင်တာ သူမကြိုက်ပါဘူးး
နံရံမှာ သံရိုက်ပြီး ဟိုဟာချိတ် ဒီဟာချိတ်လည်း တို့လို့တွဲလောင်းလည်း မကြိုက်တာမို့ ပစ္စည်းတစ်ခုခု ဆို နေရာသတ်မှတ်ပြီးမှ ထားတတ်တဲ့ အကျင့်ကပါသွားတယ်။
တစ်ယောက်ကို အံဆွဲသော်လည်းကောင်း၊ ဘီရိုသော်လည်းကောင်းပေးထားပြီး ရင် အဲဒီထဲကို ထည့်ပြီး ပိတ်ထားခြင်းအားဖြင့် အိမ်ရဲ့ မြင်ကွင်းကို ရှင်းခိုင်းထားတာပါ။
ပြက္ခဒိန် တို့ နံရံကပ် နာရီတို့ လည်း တစ်ခုပဲချိတ်ရပါတယ်။
အများကြီး လျှောက်ချိတ်ထားတာမကြိုက်ပါဘူးး။
မွေးသဖခင်က အားရင် တူနဲ့သံနဲ့ ဟိုနားရိုက် သော့တွဲလေးချိတ်၊ ဒီနားရိုက် ဂျူတီကုတ်လေးချိတ် စသဖြင့်လုပ်တတ်လို့ အားဂျီး ငြင်းကြခုန်ကြတယ်ရယ်။
ပြီးတော့ ဒက်ဒီက သော့ဂလောက်မရှိတဲ့ သော့တွေ တွဲသိမ်းတာမျိုး ရှိတတ်ပေမဲ့ မွေးမေလေ့က သော့သီးသန့်၊ သော့ဂလောက်သီးသန့်မြင်ရင် အသုံးမဝင်ပဲ အိမ်ရှုပ်တယ်ဆိုပြီး ဝဲ တာမို့ ကိုယ်က ကြားက သော့နဲ့ သော့ခလောက် တွဲတဲ့ အလုပ်ပါ လုပ်ရတာပါ။
:ff:
ပရိဘောဂနေရာချရင် သုံးသင့်တဲ့ အခြေခံအချက်လေး မွေးမေလေ့ ပြောလွန်းလို့ စိတ်ထဲမှတ်ထားနေမိတာရှိတယ်။
တစ်ယောက်နဲ့တစ်ယောက် ပိုင်ဆိုင်တဲ့ နေရာ၊ ပရိဘောဂ မတူတဲ့ အတွက် တစ်သမတ်တည်းပြောလို့မရဘူးပေါ့။
.
.
.
– ပရိဘောဂ ကို အတတ်နိုင်ဆုံး အရောင်တူတာ တစ်ခန်းစီမှာ ထားရတယ်။
ဥမပါ- ဧည့်ခန်းမှာ ဆို ဆက်တီ/ဆိုဖာ/ကုလားထိုင်နဲ့ တီဗီစင်ကို အရောင်ကွဲတာ အတတ်နိုင်ဆုံး ရှောင်ပြီး အရောင်မတူရင်လည်း အစွပ်ဆင်တူလေးတွေ လုပ်ထားတာမျိုးပေါ့။
အဲဒီလိုပဲ အိပ်ခန်းဆိုလည်း ကုတင်နဲ့ စာကြည့်စားပွဲ လိုက်ဖက်ညီရင် အမြင်အရ ပိုရှင်းလင်းပါတယ်တဲ့။
.
.
.
– အလင်းဝင်တဲ့ ဘယ်ပြတင်းပေါက်၊ ဘယ် တံခါးပေါက်ကိုမှ တစ်ဝက်တစ်ပျက်သော်လည်းကောင်း၊ အပြည့်သော်လည်းကောင်း ဘယ်ပရိဘောဂကိုမှ မကာစေပါဘူးး
.
.
.
– စာအုပ်စင်၊ ဆက်တီ စတာတွေ ကို အတတ်နိုင်ဆုံး နံရံကပ်ထားရတယ်။
ဘယ်ပရိဘောဂ ကိုမှ ကန့်လန့်ထားတာမကြိုက်ဘူးးး။ ရှိထားတဲ့ အခန်းကိုပိုကျဉ်းစေတဲ့ အမြင်ကို ရှောင်ရှားပါသတဲ့။
.
.
.
– အခန်းထဲမှာ ဆို ကုတင် တို့ ဘီရိုတို့ ကိုလည်း ထောင့်ကိုပဲ ကပ်တယ်။
တခြား ပရိဘောဂ ထားလို့ ပိုပြေလည် တယ် တဲ့။
.
.
.
– အိမ် အတွက် ပစ္စည်းတို့ ပရိဘောဂတို့ နဲ့ ပတ်သက်ရင် တကယ် မရှိမဖြစ်မှ ဝယ်ပါတယ်။
ပိုက်ဆံ အတွက် စဉ်းစားတာရော၊ လက်ယားပြီး ဝယ်မိပြီးမှ အိမ်မှာ ပိုနေရင် ထားရခက်၊ မျက်စိရှုပ်၊ သန့်ရှင်းရတာ အလုပ်ပိုလို့ပါ။
ဆိုတော့ လိုတာလေးတွေကို အိမ်မှာရှိတဲ့ ပစ္စည်းထဲက ဘယ်ဟာလေး ပြန်သုံးလို့ ရလဲပဲ စဉ်းစားကြရတာပါ။
ပြီးတော့ ရှင်းလိုက်လို့ ထွက်လာတဲ့ အသုံးမပြုပစ္စည်း၊ ပရိဘောဂတွေဆိုရင် ရောင်းတန်တာရောင်းးး၊ ပေးတန်တာပေးး၊ ပြန်သုံးလို့ ရတာပြန်သုံး စံနစ်ပဲ လုပ်တယ်။
အိမ်မှာ မထားတော့ဘူးး။ အဲဒီ အပိုပစ္စည်းတွေက ဘယ် အချိန်ဒုက္ခပေးတုန်း ဆို တစ်နယ်နဲ့တစ်နယ် ရွှေ့ရတော့မယ် ဆို သယ် စားရိတ် အင်မတန်ထောင်းပါတယ်။
.
.
.
– ကြမ်းခင်း အိမ် ဆို ဘာမှ မခင်းတော့ဘူးးး၊
ဖယောင်းရယ် ရေနံဆီရယ် ကြိုပြီး အဝတ်ဖတ်နဲ့ ကြမ်းတိုက်ရတယ်။ ဖရောင်းတိုင်က ထွက်တဲ့ ဖယောင်း ဆို ဘူးထဲ စုစုထားရတာ။ ကြမ်းတိုက်ဆီ ကြိုဖို့။
အဲဒီကြမ်းပေါ်ကို ပုဆိုးစုတ်လေးကို ဖိနပ်အရွယ်ခေါက်ပြီး လမ်းလျှောက်ရင်း ပွတ်ဆွဲသွားရတယ်။ စကားပြောရင်းလည်း စကိတ်စီးသလို ကြမ်းတိုက်ရတယ်။
.
.
.
– သံမံတလင်း အိမ် ဆို ဖယောင်းပုဆိုး အရောင် နုနု အဆင် မပါသလောက် စိတ်စိတ် ဒီဇိုင်း ခင်းတယ်။
ဆပ်ပြာရည်ကျဲကျဲနဲ့ သန့်အောင် တိုက်ပြီးမှ အဝတ်ခြောက်နဲ့ ပြန်သုတ်ရတယ်။ ဟောဟဲ။
အဆင်ကြမ်း အရောင်တောက်ရင် မျောက်စိနောက်ပြီး မူးလို့တဲ့။ လိုက်ကာနဲ့ လိုက်ဖက်တဲ့ အဆင် သူကိုယ်တိုင် ရွေးတယ်။
.
.
.
– ကော်ဇော မခင်းဘူးတဲ့၊
နင် တို့ နဲ့ ဆို ငါ့ ကော်ဇော က ခြေသုတ်ဖုံဖြစ်မှာတဲ့ဗျာ။ အမှန်ပါပဲ။ နင်းကောင်းကောင်းနဲ့ နင်းကြတာ။ :mrgreenn:
ကိုယ်တွေ မှာ ဖုန်စုတ်စက်ဆိုတာ အဲဒီတုန်းက မကြားဖူး မမြင်ဖူးတော့ ကော်ဇောကို သန့်အောင် လုပ်ဖို့ ဆိုတာ လျှော်ဖို့ ဆိုတာ အင်မတန် မလွယ်တာပါ။ ဖုန်ပေါတဲ့ ဒေသ နိုင်ငံ မို့ ကော်ဇောက ဖုံတွေကို စုတ်ယူ စုယူထားတယ် ဆိုပြီး ဝယ်ကို မဝယ်တာ။
:)) :)) :))
အိမ်ရှင်းဖို့ ဆို လက်လှည့်သင့်ရာ အခန်းလေးတွေကို ရှင်းသွားရတယ်။ အကြာကြီး ပွပြီး မှ ရှင်းတာမျိုးကို မကြိုက်လို့။
ဘုရားကျောင်း ကို အရင် ဆုံး ရှင်းရတယ်။
ပန်းတွေ အရင်စွန့်ပြီး ကြေးအိုး ၂ လုံးကို မန်ကျည်းမှည့်နဲ့ အရင် ပွတ်ထား (ဒါမှ မဟုတ် သံပုရာသီး)
အဲဒီ အချိန်မှာ ဘုရားပန်း အသစ်တွေကို အရွယ်တော်ဖြတ်ပြီး ၂ ပိုင်းခွဲ။ ရေဆေးး
ပြီးတဲ့ အချိန် ကြေးအိုးတွေကို ပြာ နဲ့ ပွတ်လိုက်ရင် ဝင်းသွားရော။
ဒီနေရာမှာ မွေးမေလေ့ ကန့်လန့်တိုက်တာရှိသေးတယ်။
ဘုရားပန်းအိုးကို ၂ လုံးပဲ ထားသတဲ့လေ။
၃ လုံး ဆို အလယ်မှာ ကွယ်လို့လည်းမကောင်း နောက်မှာလည်းထားရခက်သတဲ့။ ၂ အိုး ကို အလှဆုံးပြင်ပြီး ဘေး ၂ ဖက်ထားရတာ လှသတဲ့။
ဘုရားကျောင်းမှာ သပ္ပာယ်ဖို့ ပဲ လိုသတဲ့။
ကိုယ့်မှာ ဒီ အထိ အကျင့်ပါပြီး အဲဒီ အတိုင်းပဲ ပြင်တတ်တယ်။
ပန်းအိုးပြင်ထားပြီးမှ သောက်တော်ရေခွက်တို့ ဆွမ်းသပိတ်တို့ ဆေးပြီး ရေစစ်ထားတုန်း ဖုံတို့ ပန်းခြောက်တို့ ရှင်းရတယ်။
ခင်းထားတဲ့ သင်္ကန်း တွေ လဲ ရတယ်။
………..
ဧည့်ခန်းးရှင်းရမယ်ဆို လိုက်ကာတို့ ကုလားထိုင်စွပ် တို့ တယ်လီဖုံး အုပ် တို့ကို ဇလုံထဲ ထည့် ဆပ်ပြာရည်စိမ်ထားလိုက်တယ်။
လိုက်ကာတွေ လျှော်ပြီး လှန်းထားပြီးမှ…
မျက်နှာကျက်ကို လှဲကျင်း…
ပြီးမှ ကုလားထိုင်တွေ ဖုန်သုတ်…
နေရာ အထားအသို ပြောင်းချင်ရင် အဲဒီ အချိန်ပြောင်းတယ်…
ကြမ်းပြင် လှဲကျင်းပြီး မှ ကြမ်းတိုက်ထားလိုက်ရတယ်…
……….
အိပ်ခန်း ကိုတော့ နေပူတဲ့နေ့လေးတွေမှာ ရှင်းတတ်တယ်…
အစွပ်တွေ ချွတ်ပြီး ခေါင်းအုံး၊ ဖက်လုံး၊ စောင်တွေ အရင် နေပူလှန်းထားလိုက်ရရော…
မှန်တင်ခုံက သနပ်ခါးကျောက်ပျဉ်နဲ့ သနပ်ခါးတုံးတွေ ရေစိမ်ထားး…
ဘီးတို့ ဘရပ်(ရှ) တို့မျက်ခုံးမွှေးခြစ်တံတို့ကို ဇလုံတစ်ခုထဲမှာ ဆပ်ပြာရည် နည်းနည်းနဲ့ စိမ်ထားလိုက်…
မျက်နှာကျက်က ပင့်ကူမျှင်တွေ အရင် လှဲကျင်းး…
မှန်တင်ခုံကို ဖုန်သုတ်၊ ရေဝတ်လေးနဲ့ တိုက်ထား…
မှန်ကို ဆပ်ပြာရည်နဲ့ အဝတ်နဲ့ အရင် ပွတ်ပြီး မှ သတင်းစာရွက် နဲ့ ရေပြောင်အောင်ပြန်တိုက်မှ မှန်က ဘာ အမှုန်မှ မကျန်ပဲ ပြောင်ရောင်ပါတယ်။
စာကြည့်စားပွဲများ ရှိရင် စာအုပ်တွေ စီပြီး ဖုန်သုတ်ထား…
ကုတင် ရွှေ့စရာ ရှိရွှေ့… မွေးသဖခင် က ကုတင်အောက်မှာ ပစ္စည်းတွေ ထားတာမကြိုက်။ ခြင်အောင်းသတဲ့။ ဖုံ စုသတဲ့။
အဲဒီ ရှင်းထားတာတွေ ပြီးမှ ကြမ်းပြင်ကို တံမျက်စည်းလှဲရုံပဲ…
ပြီးတဲ့ အချိန် ဘီးတို့ ဘရပ်(ရှ) တို့ က ချေးတွေ ကျွတ်လောက်ပြီ…
ဆေးပြီး သတင်းစာခင်းထားတာအပေါ် ရေစစ်ထား…
ကျောက်ပျင်တို့ သနပ်ခါး တုံးတို့ ကိုပါ ဆေး ရေစစ်ထားး…
မှန်တင်ခုံမှာ နေရာချထား..
ပြီးရင် နေလှန်းထားတဲ့ ခေါင်းအုံး တွေကို အစွပ်လေး စွပ်ပြီး အိပ်ရာ ခင်းပြီးမှ ပြီးတယ်….
……….
အဲ။ ဗီရို ရှင်းတုန်းကို အဝတ်တွေ၊ မဝတ်ချင်တာတွေ၊ မတော်တာတွေ သပ်သပ်ရပ်ရပ်ခေါက်ပြီး ပုံးတစ်ပုံးထဲထည့်ရပါတယ်။
အဲဒီ ပုံး ဟာ မီးဘေး၊ ရေဘေး၊ ဒုက္ခသည်တွေ အတွက် လာကောက်ခံတဲ့ အချိန်ဆို အဲဒီ ပုံးထဲက နှိုက်ပေးရတာပါ။
ရေမွှေးပုလင်းတွေဆို ဘီရိုထဲ ထည့်သိမ်းထားတာ။ ရေမွှေး အငွေ့ပြန်ချင်းပြန် ဘီရိုထဲ ဆိုတော့ မွှေးတာပေါ့တဲ့။
အဲ၊ ဒါမှ မဟုတ်ရင် သူ့ကြိုက်တဲ့ ဆပ်ပြာဆို အခဲအတိုင်းလေး မဖောက်ပဲ ထည့်ထည့်ထားတယ်။ လတ်ဆတ်တဲ့ အနံ့ရအောင်လို့တဲ့။
ပရုပ်လုံး ခနခန မဝယ်ဘူးရယ်။
……….
မီးဖိုခန်း ကတော့ ရှင်းရတာ အချိန်အကြာဆုံးနဲ့ အပင်ပန်းဆုံးပါပဲ။
မျက်နှာကျက်က ကျပ်ခိုးတွေ အရင် လှမ်းယူပြီး ရှင်းရတယ်။ အဲဒီ အချိန်က မီးသွေးမီးဖို သုံးရသကိုးး
ကြောင်အိမ်ထဲက ပစ္စည်းတွေ အရင် ထုတ်ပြီး စားပွဲပေါ်မှာ အုပ်ထားပြီးမှ ကြောင်အိမ်ကို ရေဝတ်နဲ့ လိုက်သုတ်ရတယ်။
ပြီးရင် သတင်းစာ ၂ ထပ်လောက် ခင်းပြီးမှ ပစ္စည်းတွေ အစားအသောက် အခြောက်အခြမ်းတွေ နေရာ တကျပြန်ထားရတာ။
ပြီးရင် မီးဖိုထဲက ပြာတွေ စု ပြီး ဝန်းထဲက ပြာပုံထားနေကျ နေရာမှာ သွားပုံရတယ်။ ကိုယ့် ကြောင်တွေ ရဲ့ အိမ်သာလေ။
ပြီးရင် မီးဖိုကို တံမျက်စည်းအကြမ်းနဲ့ လှဲပြီး နေရာတကျပြန်ထားးးရရော။
ပန်းကန်တွေကို ရေစိမ်ထားတုန်းမှာမှ ပန်းကန်စင်ကို ရေဆေးရတယ်။ ခြောက်အောင် သုတ်ရတယ်။
ပြီးရင် ဆန်ဆီဆားတွေကို ဖုန်သုတ်၊ နေရာ တကျပြန်စဉ်၊
မီးသွေး ထားတဲ့နေရာကို လှဲကျင်း ပြီးမှ ကျန်တဲ့ ကြမ်းပြင်ကို လှဲရတယ်။
အမှိုက်၊ ဖုန်ကင်းပြီ ဆိုမှ အိုးတွေ ပန်းကန်တွေ တိုက်ပြီး ပန်းကန်စင်ပေါ်ပြန်တင်ပြီးရင် လူက ပြိုင်းနေပြီ။
မပြီးသေးဘူးးး ထမင်းစား စားပွဲကို ကူးရတယ်။ ဇွန်းတွေ ရေနွေးနဲ့ ဆပ်ပြာ စိမ်ထားတုန်း ရေဝတ်နဲ့ ထမင်းစား စားပွဲကို လိုက်တိုက်ရတယ်။
ထမင်းစား စားပွဲပေါ်မှာ ဇွန်းခြင်းကလွဲရင် ဘာတင်တာမှ မကြိုက်ဘူးး။
ဇွန်းခြင်းပါ ဆေးပြီးမှ ဇွန်းတွေ ပြန်ထည့်ပြီး ရေစစ်ပြီးမှ စားပွဲပေါ်တင်ရတယ်။
ပန်းကန်ဆေးမယ် ဆို ရေရှားတဲ့ အရပ်ဆို ရေကို ချွေတာရတယ်လေ။
ဇလုံကြီးထဲ ဆပ်ပြာရည်တွေ ထည့်ပြီး အဲဒီထဲကို သံပုရာသီး ညှစ်ပြီးသားကို ထည့်ထားပြီးမှ ဆေးရင် ပန်းကန်က ပိုပြောင်တယ်။
သောက်ရေအိုးစင်က ပန်းကန် မှာ ရေတွေရှိနေရင် နဲ့ ရေခွက်ကို အညှိတက်နေရင် ပြောလို့ အဲဒါတွေ ဆေးဖို့ကိုလည်း မေ့လို့မရ။
ရေခဲသေတ္တာ ခေတ်ရောက်တော့ ဆေးရတာ ပိုဆိုးပါပြီ။
စကားမစပ်။ ရေခဲသေတ္တာ ဆေးနည်းလေး ရှာတွေ့လို့ အောက်မှာ ပုံပြထားတယ်။
http://shwenyein.blogspot.sg/2011/12/blog-post_17.html
ရေခဲသေတ္တာ အနံ့ ဆိုးမထွက်ချင်ရင် မီးသွေးခဲ တို့၊ ညှစ်ပြီးသား သံပုရာခွံတို့ ထောင့်လေးတွေမှာ ထည့်ထားရတယ်တဲ့။
မီးသွေးတော့မသိဘူးးးး၊ သံပုရာသီး ကတော့ ဟုတ်တယ်။
အနံ့ကို စုပ်သွားတာ ဒူးရင်းသီးထည့်ထားပြီး တောင် တစ်ရက်အတွင်း အနံ့ပျောက်သွားရော။
……….
အပြင်နေရာ တွေရော လွတ်မယ် ထင်ပါသလား မိတ်ဆွေ???
ကျနော့ မွေးသဖခင်ဟာ အပင်စိုက် အတော်ဝါသနာပါပါတယ်။ ပြောင်းတဲ့ နေရာတိုင်းး မွေးမေလေ့က ကြောင်တွေ သယ်သလို ဖခင်က အပင်တွေ သယ်ပါတယ်။
အဲ။ မနက်အလုပ်မသွားခင် ပန်းပင်တွေ ရေလောင်းပြီးမှ သွားပါတယ်။
ဒါပေမဲ့ သူချစ်တာ အောက်ခြေသိမ်း ထိမပါပါဘူးးး
😐 😐 😐
နေရာချတာ မွေးမေလေ့ ဖြစ်ပြီး အမှိုက်ကောက်ရတာ ကျနော်ပါ။
ကိုယ်တွေက လှချင်သကိုးးး
အပြင်သန့်ရှင်းရေးလုပ်မယ်ဆိုရင် ပန်းညှပ် ကတ်ကြေးတစ်လက် ရယ်၊ ပန်းစိုက် ခရင်း တစ်လက်ရယ် အရင် ယူပြီးမှ အပြင်ထွက်ပါတယ်။
အပင်မှာ ရှိတဲ့၊ ညှိုးရော်၊ ပဲ့ရွဲ့ နေတဲ့ အရွက်တွေ အကိုင်းတွေ ကို အရင်းကနေ ညှပ်ပစ်ပါတယ်။ ပြီးရင် ဝန်းထောင့်က ဆာလာအိတ်ထဲ သွားထည့်ထားပါတယ်။
ပြီးရင် မြေကြီးကို ခရင်းလေးနဲ့ ဆွထားခဲ့။
အဲဒါတွေပြီးမှ ရေကို ဖွဖွလေး လိုက်လောင်းရပါတယ်။
ဘာလို့ ဆို ရေအားဂျီးလောင်းလို့ မြေကြီးတွေ အောက်မှာ ရေနဲ့ပွရင် မွေးမေလေ့က ပြောလို့ပါ။
ရေလောင်းပြီးမှ မြေကြီးကို တံမြက်စည်းအကြမ်းနဲ့ လှဲရပါတယ်။
ဟုတ်ကဲ့။ ပြီးပြီထင်သလား မိဆွေ???
မပြီးသေးပါဘူးး အဟင့်။ :cryy:
မယ်တော်ကြီး ဂမုန်း တို့ ဘာဂမုန်း ညာဂမုန်း ရှိသမျှ ဂမုန်းရွက်ဖုန်တင်တာတွေကိုပါ ရေဝတ်နဲ့ လိုက်သုတ်ရတာပါ။
ဆိုတော့ အပြင်ပန်း ပြီးတဲ့ အချိန်ဆို လူက ပြိုင်းပြီး မလှုပ်နိုင်တော့ဘူးး
အဲ။ အပြင်မှာ အလုပ်မစခင်……..
အိမ်သာ ထဲကို ဒက်တောတို့ အစက်တော တို့ကို ဆပ်ပြာမှုန့်နဲ့ ရေဖျော်ပြီး လောင်းထားခဲ့ရတာတွေကို တိုက်ဆေးရသေးတယ်။
ကြွေခွက်တွေဆိုရင်တော့ ရေထွက်ပေါက်ပိတ်ပြီး ချွတ်ဆေးနဲ့ ဆပ်ပြာမှုန့် ရောထားတဲ့ ရေစိမ်ထားလိုက်တယ်။
တစ်နာရီလောက်ဆိုရင် တိုက်ပြီး ရေဆေးချလိုက်ရင် ပြောင်တာပဲ။
ပြီး မှ ရေချိုးရတယ်။
………………….
အဲဒီဟာတွေပြီးရင် မလိုတဲ့ ပစ္စည်းပုံထားရတဲ့ အထဲကမှ ဘယ်ဟာပြန်သုံးလို့ ရမတုန်းဆိုတာ ပြန်ခွဲရပါတယ်။
ဥပမာ:
သတင်းစာ ဆိုရင် အံဆွဲ၊ ကြောင်အိမ်တွေမှာ ခင်းလို့ ရတာတွေမို့ အကောင်းအတိုင်း သန့်အောင် ပြန်သိမ်းရတယ်။
ပုံး၊ ပုလင်း၊ ဘူးလေးတွေ ခြင်းလေးတွေ တောင်းလေးတွေကို အပင်တွေ အတွက် ဘယ်လို ပြန်သုံးလို့ ရသလည်း စဉ်းစားပြီး ဖယ်ရတယ်။
……
အဲ ကျန်တာ လိုချင်တာ မရှိတော့ဘူး ဆိုရင် မွေးမိခင်ရယ် သူ့ လူတွေ ခေါ်ပါတယ်။
တစ်မြို့ရောက်တိုင်း ဘယ်က ရှာလာမှန်းမသိတဲ့ ရီဆိုင်ကယ်လာတွေပေါ့ ခင်ဗျာ၊
ဗမာလိုဆို ဂါလာဂုနိ ခေါ်သလား၊ ပုလင်းခွံ အိတ်ခွံသည်လို့ ခေါ်သလားးး ??? 🙄
သူမို့ ရှာရှာဖွေဖွေ ပေါင်းတယ်။ အဲဒီ တစ်မိသားစု၊ ဒါမှ မဟုတ် တစ်ယောက်ယောက်က လာကောက်ပါပြီ။
သူတို့ ပြန်ရင်တော့ အိမ်မှာ အသုံးမတည့်ပဲ သိမ်းထားရသော ပစ္စည်းမကျန်ပဲ အိမ်က သန့်ရှင်း၊ ရှင်းလင်းပြီး ကျန်ခဲ့တော့တာပါပဲ။
:loll:
36 comments
အောင် မိုးသူ
May 20, 2015 at 10:22 am
စုံဆန်စိနေတာပဲ အဲသည်အလုပ်ဟာ ပြောသာပြောတယ် အလွန်ပင်ပန်းတဲ့ အလုပ်ဆိုတာ သိတယ်။ ဘာလို့ဆို ကိုယ်တိုင်လည်း လုပ်နေတာလေ။ အိမ်မှာတော့ တစ်ရက်ရှင်းပဲ။ တစ်ရက်ရှင်းဆို တစ်ရက်ရှင်းပြီးရင် နောက်တစ်ရက် ထပ်ရှုပ်လို့လေ။ မေမေက အရင်က စက်ချုပ်တော့ ပိတ်စအစအန အိတ်တွေ တစ်ပုံကြီး။ လွှင့်ပစ်ပါဆိုလည်း မပစ်ဘူး။ အဲပိတ်စတွေကို စပ်ချုပ်ထားတဲ့ ခြင်ထောင် စောင်တွေ တစ်ပုံကြီး။ တိုလီမုတ်စဆို ပွထနေတာ။ ကိုယ့်အလှည့်ကျမှသာ မကြီးပြောသလို စိတ်ကြိုက်ပြင်ဆင်တော့မယ် ခုတော့ စုပေါင်းနေနေရတာမို့။
ခင်ဇော်
May 20, 2015 at 1:03 pm
တစ်ပတ်လောက်များ ပုံမိရင် ရှင်းရတာ ပိုဆိုးးး
:a:
စလုံး အစိုးရကို ချစ်တဲ့ တစ်ချက်ရှိတယ်။
နိုင်ငံကို ကိုယ့် အိမ်လေးလို သဘောထားပြီး ဘယ်နား လှအောင် သာယာအောင် အဆင်ပြေအောင် လုပ်ရမလဲလို့ ရှာကြံ လုပ်နေတာ။
:chit:
အောင် မိုးသူ
May 20, 2015 at 1:10 pm
အဲ့ဒါတော့ တော်တယ် စလုံးက။ ဒါပေသိ သူ့နိုင်ငံကလည်း ကျဉ်းတာကိုး။
ခင်ဇော်
May 20, 2015 at 1:21 pm
လုပ်ပေးချင်စိတ် ရှိတဲ့ စေတနာရှိတဲ့ အစိုးရဖြစ်ဖို့ပဲ လိုတာပါကွယ်။
🙂
Ma Ma
May 20, 2015 at 10:36 am
တော်တော်စည်းစနစ်ရှိတာပဲ။
ဖတ်ရတာနဲ့တင် စိတ်ချမ်းသာစရာ။
ဒါပေမယ့် ကိုယ့်ဆီမှာတော့ နှမျောတသတွေချည်းရွတ်ပြီး ဘာမှမပစ်ရက်လို့ ကြွက်သိုက်ကအရှုံးပေးရမယ်။
ခင်ဇော်
May 20, 2015 at 1:06 pm
လွှင့်ပစ်ရမှာ နှမြောရင် သများက တော့ ရောင်းပစ်တာပဲ။
ပိုက်ဆံ မြင်ရင် တက်ကြွတယ်လေ။
:k:
ဒီမှာလည်း အဲလို ဆိုင်တွေ ရှိတယ်.။
ခု ဆို ဘယ်လောက် ကောင်းလည်း ဆို ဘရန်းဒက် အဝတ်ဆိုင်တွေလေ ကြေညာထားတာ။
.
.
ကိုယ် မဝတ်ချင်တဲ့ အဝတ်တွေ လာပေးးး
သူတို့ ဒိုနေးရှင်းပုံးထဲထည့်ရင် သူတို့ ရဲ့ ဘရန်းဆိုင်မှာ ဝယ်လို့ရတဲ့ ဒေါ်လှ ၁ဝ သို့ ၂ဝ ဘောက်ချာပြန်ပေးတယ်။
ဝတ်ချင်းဝတ်၊ ဘီရိုထဲမှာ သူတို့ ဘရန်းပဲ ဝယ်ဖြစ်အောင် ပေါ့လေ။
ကောင်းတယ်နော်??
🙂
Ma Ma
May 20, 2015 at 3:18 pm
(သူတို့ ဒိုနေးရှင်းပုံးထဲထည့်ရင် သူတို့ ရဲ့ ဘရန်းဆိုင်မှာ ဝယ်လို့ရတဲ့ ဒေါ်လှ ၁ဝ သို့ ၂ဝ ဘောက်ချာပြန်ပေးတယ်။)
အင်မတန်ကောင်းတဲ့နည်းစနစ်ပဲ။
အဲဒီနည်းသဘောကျတယ်။ 🙂
ခင်ဇော်
May 20, 2015 at 3:40 pm
ဟုတ်တယ်။
ပလိုမိုးရှင်း တစ်မျိုးပဲ။
ခိခိ
:mrgreenn:
Mike
May 20, 2015 at 11:50 am
.ဒီတခါ ကေဇီပြန်လာရင် အိမ်ရှင်းဖို့ငှားရမယ်..ကျုပ်အိမ်ကတော့ မအူကုန်အမှိုက်ပုံမှာအိမ်လုပ်နေသလိုပဲ :))
ခင်ဇော်
May 20, 2015 at 1:07 pm
လာရှင်းပေးမယ်။
သများရှင်းပြီးသားထဲကတော့ ပြန်မကောက်ရဘူးနော်။
ခိခိခိ
:mrgreenn:
တောင်ပေါ်သား
May 20, 2015 at 1:54 pm
မိုင်မားသားကလည်း အဲသလို အပစ်သမား
ကလေးတွေခမျာ ဟိုနား ဒီနားချမိတဲ့ သူတို့ပစ္စည်းလေးတွေကို
အဖွားအမှိုက်ထုပ်ထဲ လိုက်လိုက်ရှာရတာ ၊
အနော့ ရည်းစားဦးပြန်စာလေးတောင် ကလေး၃ကောင်ရနေမှ
ဘာအလွမ်းသယ်နေစရာလည်းဆိုပြီး လွှင့်ပစ်သတဲ့ ၊
နောက်မှ သိရတဲ့အနော် မားသားကို တစ်ရက်တိတိ စိတ်ကောက်ပစ်လိုက်သေးတယ် ၊
အဲ့သလောက် အပစ်ရက်စက်တာ ၊ 🙁
ခင်ဇော်
May 20, 2015 at 2:01 pm
ပြောပါတယ်။
အဲလောက် တန်ဖိုးထားရင် ပစ်တတ်တဲ့သူရှေ့ ကနေ လုံလုံခြုံခြုံသိမ်းပါဆို။
ခိခိ။
ကိုယ် သတိမရ နှစ်ချီနေတဲ့ ပစ္စည်းတွေဟာကိုယ့် အတွက် အသုံးမလိုတော့ တာတွေမို့ ခုပဲ ရှင်းထုတ်လိုက်ပါလို့။
ဟိဟိ။
ဂါလာဂုနိ လုပ်စားရင် ရပြီထင်တယ်။
ဟိဟိ…
:k:
ဝင့်ပြုံးမြင့်
May 20, 2015 at 2:13 pm
.ကေရေ မတော့ ကိုယ့်အကြောင်းကိုယ် ဖတ်နေရသလိုပဲ။ အမလည်း အဲဒီလို အပစ်ကြမ်းတယ်။ ဒီ့ထက်တောင် ဆိုးသေးတယ်။ တီဗီ မကြည့်နဲ့ ပြောနေတာ ပြောမရလို့ တီဗီကို အမှိုက်ပုံ သွားလွှင့်ပစ်လိုက်တယ်။ အမ အမေနဲ့ အမ အကြီးအကျယ် ကွဲကြပြဲကြတာလည်း အဲဒီ အပစ်ကိစ္စပဲ။ သူက အမှိုက်ပုံထဲမှာ နေချင်တယ်။ အမက မျက်စိရှုပ်ရင် မရဘူး။ ပြီးတော့ အမ အပစ်ကြမ်းတာက သန့်ရှင်းမှုဦးစားပေးအတွက်တော့လည်း မဟုတ်ဘူး။ မမှီ တို့လို မဟုတ်ဘူး။ တနေ့တနေ့ အဲဒီအမှိုက်တွေအတွက် အချိန်ပေးရတာ မတန်လွန်းလို့ပါ။ ခုထိ နေ့တိုင်း အိမ်ရှင်းရတာ တစ်ရက်ကို ၃နာရီလောက်ရှိတယ်။ ပစ္စည်း တစ်ခု လိုချင်ရင် ရှာလိုက်ရတာ။ အဲဒီဒဏ်ကို သီးမခံနိုင်တာ။ ဒါနဲ့ အကုန်ပစ်တယ်။ ဪ … ရှိတဲ့ ယောက်ျားနဲ့ ကလေးတွေတောင် လွှင့်ပစ်ချင်တာပါဆို။
ခင်ဇော်
May 20, 2015 at 2:18 pm
ဟမ်မငေးးး
နာ့ အမ နောက် ခါ ဆို အဲလို စိတ်လိုက်မာန်ပါ မပစ်ပါနဲ့။
ကလေးတွေ ငယ်တုန်းတော့ ဒီ လိုပဲ ဟိုနားရှုပ် ဒီနားရှာရဖြစ်အူးမှာပဲ။
မျက်စိထဲ ပိုက်ဆံတွေသာ မြင်လိုက်ပါ အမရယ်။
လိုအပ်တာကို ဝဲ မိရင် ပြန်ဝယ်နေရတယ်။
ဟီးဟီး
:k:
ဒေါ် လေး
May 20, 2015 at 3:02 pm
ကေဇီ ရေးထားတာ စုံလင်နေတာဘဲ
အစ်မလဲ အပစ်ကြမ်းပ နှမျောတော့လဲ အိမ်ကရှုပ် အာရုံနောက်
ကလေးတွေ ကျောင်းပိတ်ရက်ဆို ဖွတာဖွတာ ဆိုတာလေ
ဒီကလဲ သူတ်ု့ကို စိတ်တ်ု တခါတလေ လဲ သူတို့က ဒီရက်လေးဘဲဆော့ရတာ
ဆိုပြီး ကိုယ့်ဘာသာ စိတ်လျော့ ဒီလိုနဲ့ တရက်ပြီးတရက်
ခင်ဇော်
May 20, 2015 at 3:36 pm
ရှင်းပြီးရင်
မလိုတာ ပုံပြီး
၁) လုံးဝ မလိုတော့ဘူး (သို့) သုံးမရတော့ရင် ပစ်
၂) လို ကောင်း လိုနိုင်တယ် ဆိုရင် ထားဦး
၃) အရင်က လိုကောင်း လိုနိုင်တယ် ထားထားတာကို ၃ ကြိမ်လောက် ပြန်တွေ့နေရရင် ပစ်မဲ့ ထဲထည့်
၄) မလိုတော့ဘူး ကောင်းသေးရင် ရောင်းလို့ရတဲ့ထဲထည့်
ခိခိ
အဲလိုနဲ့ ရှင်းတာပဲ
:mrgreenn:
weiwei
May 20, 2015 at 3:12 pm
အမလဲ အပစ်ကြမ်းတဲ့အထဲပါတယ် ..
နမြောစိတ် လုံးဝမရှိ .. မလိုဘူးထင်ရင် ပစ်လိုက်ဖို့ ပေးလိုက်ဖို့ လုံးဝ ဝန်မလေးဘူး …
ဒါပေမယ့် ဖုန်တွေကို သန့်ရှင်းရေးလုပ်ရတာကိုတော့ အလွန်ဝန်လေးတာ … ရန်ကုန်မှာက နေ့တိုင်း တံခါးအားလုံးပိတ်ထားတာတောင်မှ ဖုန်အလိမ်းလိမ်းတက်တယ် (ဖုန်တွေက အမဲတွေ)
ခင်ဇော်
May 20, 2015 at 3:42 pm
ဟီးဟီးးး
သန့်ရှင်းရေး လုပ်မှတော့ ဖုန်ကြောက်လို့လည်း မရဝူးးး။
ရေဝတ်ကမှ နိုင်တယ်။
ဖုံကို ဒီတိုင်းသုတ်ရင် ပျံ့ပြီး ကပ်တယ်။
ရေစိုဝတ်နဲ့မှ တခြားအရောက်နည်းပြီး သန့်နိုင်တာ။
ပုံ/
ဖုံများရှင်
:mrgreenn:
ဦးကျောက်ခဲ
May 20, 2015 at 3:45 pm
သိမ်းထုပ်သေချာအကြောင်းကတော့ ပြောမပြောချင်ဘူး…
ကျောက်စ်အဖွားက ရှေးအဖွားကြီးဆိုတော့ ပင်နီဆလင်ပုလင်းခွံတောင် ရေဆေးပြီးသိမ်းပါတယ် ။ အဖွားရဲ့ ပုသိမ်အိမ်မှာဆို တောင်းစုတ်ပလုံးစုတ်ကအစ မပစ်ရက်တာမို့ အလွန်မျက်စေ့နောက်…
.
အဲ… မွေးသမိခင်ကတော့ နံရံမှာ ဟိုတွဲလောင်းသည်တွဲလောင်းကို အလွန်သဘောကျ ၊ ရှာရလွယ်သတဲ့ ။ ဒါပေသည့် အရေးကြီး စာရွက်စာတမ်းဆိုရင်တော့ သူအသိမ်းလွန်တာနဲ့ ဘယ်တော့မှ လွယ်လွယ်ရှာမရ…
.
မဒမ်ကတော့ စတိုင်တမျိုး ။ ပစ္စည်းပေါက်စနကို အိတ်သေးသေးနဲ့ထုပ် ၊ ပြီးရင် အားလုံးစုပြီး အိပ်ကြီးကြီးနဲ့ပြန်ထုပ် ၊ ရှုပ်နေတာပဲ ။ တခုခုဆို ဖွလို့မဆုံး …
.
ကျောက်စ်လား …
အဲ့ လေဒီသုံးပါးရဲ့ တိုတိုစစတွေကို ငယ်ထဲက ယနေ့အထိ ကြုံတိုင်း ဝဲတယ်…ခွိ
:k:
ခင်ဇော်
May 20, 2015 at 3:47 pm
ကျောက် ပြောတာ မျက်စေ့ထဲ မြင်ပြီး ရီလိုက်ရတာ။
ဟီးဟီးး
ကိုကိုကျောက် အ ဝဲ သန်တာ စလုံးမှာ မြင်ကတည်းက သိ။
ဘာမဆို ပစ် လိုက်တော့လေ ဆိုတာချည်းးး
:k:
Crystalline
May 20, 2015 at 5:26 pm
ကွန်ကွန်မကောင်းလို့ နောက်မှလာပစ်မယ်.. :mrgreenn:
အခုမှသတိရ.. လိုက်ကာလျော်မယ်ဆိုတာ.. ၅ပတ်လောက်ရှိပြီ..မေ့နေတာ.. :mrgreenn:
ဝဲတာကတော့ ပက်စက်တယ်.. အဝဲကောင်းလို့.. စွန်ကုပ်ပဲ့လို့ ပြင်မယ့်.. လော့ကက်လေး.. ဘယ်ဝဲမိမှန်းမသိတာ…
နောက်တခါသူများကိုမပေးခင် သေချာစစ်မှလို့ သတိထားတဲ့ကြား.. ပုတီးလေးပါသွားပြန်… အာ့လေးကတော့ပြန်ရလို့တော်သေး… :((
ခင်ဇော်
May 21, 2015 at 11:47 am
ရွဲ့တာလားး
ဟွန့်။
:mrgreenn:
အဲလာမိုး ဝဲမယ် ဆိုရင် လေ လာကောက်တဲ့ သူ လွှတ်လိုက်မယ်။
:mrgreenn:
မွသဲ ( 17082011 )
May 20, 2015 at 5:34 pm
ဒီလိုမိန်းမပီသတဲ့ယောက်ခမမျိုးမရလိုက်တာ နာတာပဲ။သားမရတော့လဲသမီးပေါ့ ချွိသများကိုလက်ခံမာလားငင် မွေးမေလေ့ကိုယောက်ခမတော်ချင်လို့
ခင်ဇော်
May 21, 2015 at 11:48 am
ချစ်သဲ။
သများကို တော့ နေ့တိုင်း ဟင်းချက်ကျွေးပါနော်။
အာ့ဆို အကုန်ရောင်း အဲလေ အကုန်ရှင်းပေးမယ်..
:k:
မြစပဲရိုး
May 20, 2015 at 11:39 pm
ဘုရားစင် ကြည့်ပြီး ယုံလိုက်ပါတယ် ဇီဇီ ရယ်။
အမေ က တော်တော့ သမီး ကို ပုံစံကျ အောင် ထားနိုင်သလား? သမီး ကဘဲ တော်လို့ အမေ့ခြေရာနင်းနိုင်သလား?
အရီးလဲ မီးဖိုချောင် မညစ်ပတ်အောင် တော်ရုံ ဟင်းတွေ ကို ထုထောင်း ပြီးမချက်ပါဘူး။
အစားမစားရရင်နေ အိမ်ကိုတော့ ညှော်နံ့ မခံပါဘူး။ lol:-)))
ဝန်ခံရရင်
အရီး မှာ မိန်းမ မပီသ တဲ့ ချွတ်ယွင်းချက် အကြီးကြီး ရှိပါတယ်။
အမေ့ အိမ်တုန်း က ခို နိုင်သမျှ ခို နေတာမှ ဘာမှ မလုပ်ဘူး။
လုပ်ရမှာကြောက်လို့လဲ အိမ်မှာကို မကပ်ဘူး။
အမေ့ အိမ်က ထွက်တော့ အဲဒီ အလုပ် တွေ ကို တာဝန်ကျေတော့ လုပ်ပါတယ်။
ဝါသနာတော့ ပါကို မပါဘူး။
အိမ်မှာ အလုပ်ခွဲဝေလုပ်ကိုင်ခြင်း ရှိတော့ အိမ်သန့်ရှင်းရေး ကို ဘေးကတစ်ယောက် လုပ်တယ်။
ဒါပေမဲ့ အိမ်ထဲ ပန်းအိုးလေးတွေ မျိုးစုံ ထားပြီး အလှဆင်တာမျိုးတော့ ကိုယ်လုပ်ပါတယ်။
အမေ့အိမ် မှာတုန်းက အဝတ်အစား တွေ ကိုတော့ သူများကို ပေးတတ်တယ်။ သိမ်းမထားဘူး။
ကျန်တာ ကတော့ အမေရှင်းတာမို့ မသိဘူး။
သူ့ကြည့်ရတာလဲ ဝဲ ပစ်တဲ့ ပုံဘဲ။
ကိုယ့်ဟာကိုလဲ ခွဲ နေရော ပစ္စည်းတွေ ကို မပစ်ဘူး။
. ကြည့်ရတာ အရှင်းအလင်း မကြိုက်လို့လားမသိ။
. ပထမ အိမ်မှာနေတုန်းက အပေါ်မှာ ထပ်ခိုး လိုလဲ ထပ်ရှိတာ မသုံးတာဆို အားလုံး အဲဒီထဲထည့်ထည့်ထားတာ အိမ်လဲ ပြောင်းဖို့ လုပ်ရော မနဲ ရှင်းပြီး ဝဲ လိုက်ရတာ။
အဲဒီမှာ မသုံးတာတွေ အကုန်နီးပါး ပစ်လိုက်တယ်။
အခုတော့ သိပ်ပြီး အမှိုက်မစု အောင် သတိထား နေကြည့်နေတယ်။
ဘယ်လောက်ခံမယ် မသိ။
တစ်ခု တော့ရှိတယ်၊ ဒီမှာက ရီဆိုင်ကယ် အတွက် အမြဲ အမှိုက်သိမ်း တာရှိတာမို့လဲ ရှင်းလင်းရေးမှာ အထောက်အကူပြုမယ်။
ဒါတောင် စုထားတဲ့ ပလပ်စတစ်ကျွတ်ကျွတ်အိတ် တွေရယ်၊ ရေဆေးပြီးသိမ်းထားလေ့ရှိတဲ့ ဖန်ပုလင်း တွေရယ် ပြချင်တယ်။
ကျောက်စ် ရဲ့ ဖွားဖွား နဲ့ ပြိုင်ဖို့။ :-))
သန့်ရှင်းရေး tips လေး တွေ ကို အသေအချာမှတ်သွားပါတယ်။
သက်ငယ်စကား သက်ကြီးကြား ပေါ့။
ကျေးဇူးပါ ဇီ။
(ကြည့်ရတာ အနောက်တိုင်း က ရေခဲခန်း တွေ က အောက်မှာ ရှိပြီး အာရှ မှာ ကျ အပေါ်မှာ ရှိတယ် ထင်တယ်။)
ခင်ဇော်
May 21, 2015 at 11:44 am
ဒါလေးပဲ ရှိတာ အရီးရေ။
ကျန်တာတော့ ဘုရားစူး မိန်းမ ပီသချက်။
ဟိဟိ။
ဒီမှာက လွှင့်ပစ်ချင်တဲ့ ပစ္စည်းတွေ လိုက်ကောက်တဲ့ အဖွဲ့တွေ ရှိသလို ပြန်ဝယ်တဲ့ နေရာတွေလည်း ရှိတယ်။
အဲဒါကြောင့် တော်သေးးး
:k:
padonmar
May 21, 2015 at 12:50 am
အဲသလောက် မသိမ်းထုပ် မသေချာဖူးဘူး။
ကြည့်လိုက်ရင် တနေရာရာမှာ တယောက်ယောက်က ပြန်သုံးလို့ ရတယ်ချည်း ထင်နေမိတော့ ပြန်သုံးပေးမယ့်လူလက်ကိုပဲ ဝဲချင်နေမိတယ်။
ခင်ဇော်
May 21, 2015 at 11:35 am
ဟုတ်တယ်။ အဲဒါလေး နောက်တစ်ပို့(စ) မှာ အဆက်ရေးမလို့ အာတီဒုံ။
:chit:
ခင်ဇော်
May 21, 2015 at 7:59 am
ရှာရှာဖွေဖွေ သင်မသိသေးတဲ့အရာတွေ
=============================
မီးကင်ကြည့်မှ မြင်ရသော လျှို့ဝှက်စာ
**************************
ကြက်သွန်နီနှင့် ဆပ်ပြာကိုဆတူရော၍ ထောင်းပြီး ရေအနည်းငယ်ဖြင့်ဖျော်ပါ။ အရည်ကြည်ကို စုတ်တံဖြင့်တို့ပြီး စက္ကူပေါ်တွင်စာရေးပါ ။ ခြောက်သွားပါက မီးကင်ပြီးမှ ပြန်ကြည့်နိုင်မည်ဖြစ်သည်။
ဖိုက်ဘာပစ္စည်းများ အရောင်တင်နည်း
**************************
သွားတိုက်ဆေးနှင့် အုန်းဆီ ဆတူရော၍ ဂွမ်းဖြင့်ပွတ်တိုက်ပေးပါ။
ဟင်းအိုး ဆားငံသွားလျှင်
*****************
မီးသွေးခဲ ရဲရဲတစ်ခဲအား ဆားငံနေသော ဟင်းအိုးထဲတွင် ၂မိနစ်ခန့် ထည့်ထားပြီး ပြန်ဆယ်လိုက်ပါ။
ဘုရားပန်းများ တာရှည်ခံအောင်ထားနည်း
*****************************
ပန်းအိုးထဲသို့ ဘာမီတွန်(သို့) သကြား(သို့) ကန့်မှုန့်အနည်းငယ်(သို့) အကြွေစေ့-ကြေး ထည့်ပေးပါ။
ဘောလ်ပင် မှင်မလိုက်လျှင်
*****************
အရက်ပျံပုလင်းထဲသို့ ဘောလ်ပင်ကို ၃မိနစ်ခန့် စိမ်ထားလိုက်ပါ။
ဖန်ခွက်အတွင်း ရေနွေးပူထည့်သော် မကွဲစေရန်
*************************
ဇွန်းတစ်ချောင်းအား ဖန်ခွက်ထဲသို့ အရင်ထည့်ထားပြီးမှ ရေနွေးကို ဖြည်းညှင်းစွာ လောင်းထည့်ပါ။
ရေခဲတုံး တာရှည်ခံအောင်ထားနည်း
*************************
သီတင်းစာ စက္ကူ (သို့) တစ်ရှူးစက္ကူ ဖြင့် ရေခဲတုံးကို လုံခြုံစွာပတ်ထားပါ။
ဆံပင်များ မကျွတ်စေရန်
*****************
ကန့် (သို့)လက်ချားကို ရေနွေးပူပူတွင် ဖျော်၍ အေးသွားမှ ဆံပင်ကို လိမ်းပေးပါ။
သံပုရာသီးအစေ့ကို ပျားရည်ဖြင့် သွေး၍ ဆံပင်ကို လိမ်းပေးပါ။
ဖန်ထည်ပစ္စည်းများ အရောင်တင်နည်း
**************************
ဆားရေ ပူပူဖြင့်ပြုတ်၍ ဆေးပေးပါ။
ငွေထည်ပစ္စည်းများ အရောင်တင်နည်း
***************************
အာလူးပြုတ်ရည်တွင် စိမ်၍ပွတ်တိုက်ပေးပါ။
ရွှေထည်များ အရောင်တင်ရန်
********************
ဇဝက်သာ တစ်ဇွန်းကို ရေအေးဖြင့်ရော၍ ရွှေထည်များကို ပွတ်တိုက်ပေးပါ။
မှန်များ ကြည်လင်ပြီး ဝင်းပလာအောင် အရောင်တင်နည်း
***************************
အဝတ်သန့်သန့်ကို အရက်ပျံဆွတ်၍ (သို့) သီတင်းစာစက္ကူကို ရေဆွတ်၍ မှန်ကို ပွတ်တိုက်ပေးပါ။
်
အဝတ်အထည်များ ပိုမိုဖြူစင်တောက်သွား စေရန်
*****************************
သံပုရာရည် ၄/၅ စက်ခန့်ထည့်ပြုတ်ပြီးမှ လျှော်ပါ။
သံပုရာသီး အရည်ပိုထွက်စေရန်
**********************
မီးနွေးနွေးဖြင့်ကင်ပြီး / မာသောအပြား တစ်ခုခုဖြင့် အနည်းငယ်ဖိ လှိမ့်ပြီးမှ အရည်ညှစ်ပါ။
နှင်းခူ အစို/အခြောက် ပျောက်လိုသော်
**************************
ဆေးရွက်ကြီးကို ပြာချ၍ ရေနံဂျီးဖြင့် လိမ်းပေးပါ။
သန်းများ သေစေသောနည်း
*******************
ရှာလကာရည်(1/2)အောင်စ နှင့် နနွင်း(1/4)အောင်စ ရော၍ ဆံပင်ကို နာရီဝက်ခန့် သုတ်လိမ်း ပေးပါ။
ခြေဖနောင့်ကွဲသော် ပျောက်စေသောနည်း
*****************************
ဆန်ဆေးရေဖြင့် ၁၅မိနစ်ခန့် ညအိပ်ရာဝင်တိုင်း စိမ်၍ ဆေးပေးပါ။
အဝတ်များ ဖားဥစွဲသော် ပျောက်စေရန်
**************************
ဖားဥစွဲသော အဝတ်ပေါ်တွင် ပိတ်စအဖြူတင်၍ ရေဖြန်းပြီး မီးပူဖြင့် ဖိတိုက်ပေးပါ။
ရှောက်သီးများ တာရှည်ခံအောင်ထားနည်း
*****************************
ရှောက်သီးများကို ထင်းရှူးသေတ္တာထဲ ထည့်ပြီး လွှစာဖုံး၍ထားပါ။
ကြွက်များ မလာစေရန်
****************
ရှိန်းခိုကို အရည်ဖျော်၍ ပတ်ဖြန်းပေးပါ။
ပုရွက်ဆိတ်များ မလာစေရန်
*******************
သခွားသီးအခွံများ ချထားလိုက်ပါ။
ပိုးဟပ်များ မလာစေရန်
****************
လေးညှင်းပွင့်ကိုထောင်း၍ ဖြူးပေးထားပါ။
မြွေများ မလာစေရန်
**************
ဆေးဒါန်းအား ရေဖျော်၍ ပတ်ဖြန်းပေးပါ။
ကြက်သားအရိုးပျောက်ချက်နည်း
***********************
ထန်ရည်တစ်ပုလင်းကို ၃ရက်ခန့် နေပူလှန်းပြီး အဝတ်ပါးပါးဖြင့်စစ်၍ ကြက်သားကိုနယ်ပီး ချက်ပါ။
ငါးသလောက် အမြန်နူးစေသောနည်း
**********************
ကြွေဇွန်း / ကြွေပုဂံကွဲထည့်၍ ချက်ပေးပါ။
ထမင်းအိုး တူးသွားလျှင် အနံပျောက်စေရန်
*****************************
တူးနေသောထမင်းအိုးထဲသို့ ငရုပ်သီး အတောင့်၂ဝခန့် ထိုးစိုက်ပြီး နာရီဝက်ခန့် အဖုံး ဖုံးထားပါ။
မျက်နှာ အဆီမပြန်လိုပါက
*******************
မျက်နှာသစ်လျှင် ရှောက်ရည်အနည်းငယ်ခန့် ထည့်ပြီးသစ်ပါ။
ကြိမ်ကုလားထိုင်မှ ကြိမ်များလျှော့နေသော်
*****************************
ရေနွေးပူပူထဲသို့ ဆိုဒါမှုန့်ရော၍ ကြိမ်များကို ပတ်ဖြန်းပြီး နေပူလှန်းထားပါ။
ကွမ်းတံတွေးစွန်းပေလျှင် ပျောက်စေရန်
***************************
စွန်းပေနေသော နေရာသို့ ခရမ်းချဉ်သီးဖြင့် ပွတ်တိုက်ပေးပါ။
ညှောင့် / ဆူးစူးလျှင်
**************
ပုလင်းထဲ ရေနွေးပူထည့်၍ ဆူးစူးသော နေရာကို ပုလင်းဝဖြင့်တေ့ပြီး ဖိထားပါ။
ကြွက်နို့ ပျောက်စေသောနည်း
*********************
ကြွက်နို့အား နူးစေရန် ရေစိမ်ထားပြီး ကြောင်နှုတ်ခမ်းမွှေးဖြင့် ထိုးစိုက်ထားပါ။
ဂျင်းကိုလှီးဖြတ်ပြီး ထုံးအနည်းငယ် သုတ်ပြီး ကြွက်နို့ကို ၁နာရီတစ်ကြိမ်ခန့် ပွတ်ပေးပါ။
ဝက်ခြံပျောက်စေသောနည်း
*******************
ကြက်ဟင်းခါးသီးအစေ့ / သနပ်ခါးကို ဆားဖြင့်ရော၍ သွေးလိမ်းပါ။
နွားနို့ မချဉ်အောင်ထားနည်း
*******************
ငရုပ်သီးစိမ်း ၁ဝတောင့်ခန့်ကို အညှာဖြုတ်၍ထည့်ပေးထားပါ။
မျက်နှာပေါင်းတင်နည်း
****************
ကြက်ဥအကာရည်ကို ဂျုံမှုန့်ဖြင့်ရောဖျော်ပြီး မျက်နှာပေါ်ကို နာရီဝက်ခန့် သုတ်လိမ်းထားပါ ပြီးလျှင် အဝတ်သန့်သန့်ကို ရေနွေးစွတ်ပြီး ပွတ်တိုက်ပေးပါ။
အပူလောင်သော်
************
၁။သွားတိုက်ဆေး နိုင်နိုင်လိမ်းပေးပါ
၂။ကွမ်းရွက်ကို သကြားဖြင့်ရောထောင်းပြီး ဒါဏ်ရာပေါ်သို့ အုံပေးထားပါ
ဆက်ပါဦးမည်…..
Credit to the Express Time
ဂျက်စပဲရိုး
May 21, 2015 at 9:56 am
အဟင့် သူ့ အိမ်ရှင်းတာ ကို ဖတ်ရရုံနဲ့တင် မောသွားတယ်။
အနော့်မှာများ ကိုယ့် အခန်းလေး ကိုယ် တံမြက်စည်း လှည်းရတာကို စိတ်မရှည်လို့ ဟီးဟီး
ပစ္စည်းတွေ မပစ်ရက်တဲ့ ဟာကတော့ တစ်မိသားစုလုံးပဲ ဗျို့…
ရန်ကုန်မှာဆို မူလီလေး သံလေး က အစ ပုံး တစ်ပုံး နဲ့ သိမ်းထားတာ
ကျွတ်ကျွတ်ကြိုး တွေ ကျွတ်ကျွတ်အိတ် တွေ လဲ မကျန်စေရဘူး။
ဒီမှာကျတော့လဲ အဲ့လို အိတ်အဟောင်းတွေ ပြန်ခေါက်သိမ်း
စာအုပ် တွေ သိမ်း
အဝတ်ဟောင်းတွေ သိမ်း
(ဘယ်က ရထားတဲ့ ဘာတွေ မှန်း မသိတာတွေ ရှိသေးတယ်။ သုံးလဲ မသုံး ပစ်လဲ မပစ်ရက်တွေ)
ပြီး တိုလီမုတ်စ ဝယ်ထားတာတွေ သိမ်း
ပိုဆိုးတာက တောကျင့် တောကြံ က မပျောက်သေးဘဲ တစ်ခုခု ဝယ်ရင် အများကြီး ဝယ်ထားတာ က တစ်ဒုက္ခ
သွားတိုက်တံ ဆို ၁ဝ ချောင်းလောက်
သွားတိုက်ဆေး ဆို ၃ ၄ ဗူးလောက်
မုန့်ဆိုလဲ လေးငါးထုပ်
သုံးတော့ဖြင့် ကိုယ် တစ်ယောက်ထဲ…
အာ့ အိမ်ပြောင်းတုန်းကတောင် အိမ်ရှင် က မေးနေသေးတယ်
ကိုယ့် အရှုပ်ထုပ် ပုံကြီး ကြည့်ပြီး
မင်း single သေချာပါတယ်နော်
တိတ်တိတ်ပုန်း မိန်းမ ရနေတာတော့ မဟုတ်လောက်ပါဘူး ဆိုပြီးတော့ 😛 😛 😛
ခင်ဇော်
May 21, 2015 at 11:34 am
ဟယ်။
နာ့ အဖေ အတိုင်းပဲ။
ဘာမှ လည်း ပစ်စရာမရှိဘူးး သူ့မေးလိုက်ရင် ထားလိုက်ပါအူး လို့ ပဲပြောတယ်။
သုံးလား ဆိုတော့လည်း သတိတောင် မရတဲ့ ပစ္စည်းတွေ အများကြီးး
:mrgreenn:
surmi
May 22, 2015 at 12:35 pm
ဒုက္ခ ဒုက္ခ
ဒီကကောင်က ရှင်းပဟေ့ဆိုရင် လွှင့်ပစ်မှာတွေပြန်စီစစ်နေတာနဲ့ဘဲ ရှင်းတာနဲ့သိပ်မတူ ။
အစုတ်အဟောင်းတွေထဲက ပြန်သုံးလို့ရတာလေးတွေဘဲ တွေးပြီး ချီတုန်ချတုန်ဖြစ်နေပါရောလား 🙁
ဒါမျိုးတွေက ဖြတ်သန်းလာရတဲ့ဘဝပုံစံတွေနဲ့ အချိုးတူမယ်ထင်ပါရဲ့ ။
ကျုပ်ကတော့ အိမ်မှာအိမ်ရှင်းရင် ကျုပ်မသိဘဲလုံးဝမလုပ်ခိုင်းဘူး
ကျုပ်အရှုပ်ထုတ်တွေ လွှင့်ပစ်လိုက်မှာစိုးလို့
ခင်ဇော်
May 22, 2015 at 2:21 pm
ဟယ်။
ဆာဆာ့ အရှုပ်ထုတ်ကြီး ဆာဆာမသိအောင် လာဖွ အူးမှပဲ။
:mrgreenn:
Wow
May 22, 2015 at 3:17 pm
အိမ်ရှင်းတာတော့မှန်မှန်ရှင်းပါတယ် စိတ်ကောင်းဝင်ရင်၊ ချက်တာလဲ အဲ့လိုပဲ စိတ်ကောင်းဝင်ရင် ချက်ပီး စိတ်ကောင်းမဝင်ရင်မချက်…
ခင်ဇော်
May 22, 2015 at 3:40 pm
အဲ ဒီ စိတ် ပေါ့။
အဲဒီ စိတ်။
:mrgreenn:
Wow
May 22, 2015 at 3:52 pm
စိတ်ကလဲ များသောအားဖြင့် ကောင်းတာဟုတ်ဖူးရယ်