Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အင်္ဂလိပ်စာ ဝေါဟာရ ကြွယ်ဝလိုသော် (၁၁) – ဆရာမျိုးကျော်မြင့်

kaiJune 18, 20151min4756

အင်္ဂလိပ်စကားကို လွယ်ကူသော ၊ လူသိများသော စကားလုံးလေးတွေကို ထိထိမိမိ အသုံးပြုပြီး လှလှပပ ပြောနိုင်ကြောင်း ရေးသားနိုင်ကြောင်း အတော်အသင့်ဖော်ပြခဲ့ပြီးပါပြီ။
Euphemisms  လေးတွေကိုအသုံးပြုပြီးတော့လည်း ယဉ်ယဉ်ကျေးကျေး သိမ်သိမ် မွေ့မွေ့ပြောနိုင် ၊ ရေးနိုင်ကြောင်းလည်း ဖော်ပြခဲ့ပြီးပါပြီ ။
ယခုလတွင်တော့ ထည်ထည်ဝါဝါ ဝေါဟာရလေးတွေကို အသုံးပြုပြီး အင်္ဂလိပ်စကားကို ခန့်ခန့်ငြားငြား ရေးတတ်ပြောတတ်နိုင်ကြောင်းတင်ပြလိုပါသည် ။
ဦးစွာပထမ  phobia  ဟူသော ဝေါဟာရလေးနှင့် ပတ်သက်သည့် စကားလုံးလေးများ အကြောင်း ဖော်ပြလိုပါသည် ။   phobia ကို မြန်မာလို အလွယ်တကူ “ကြောက်ရွှံခြင်း ” ဟုပြန်ဆိုနိုင်ပါသည် ။ သို့ဖြစ်၍  “သူဟာအမြင့် ကို ကြောက်တယ်  ” ဟူသော ဝါကျကို
သာမန်  “He’ s afraid of heights.”  ဟု ရေးနိုင်၊ ပြောနိုင်သော်လည်း  “He is suffering from acrophobia.” ဟုခန့်ခန့်ငြားငြား သုံးတတ်ရင်တော့ စာဖတ်သူ အထင်ကြီးစရာဖြစ်မည်မှာ သေချာပါသည် ။

အချို့လူများသည် ကျဉ်းကျဉ်းကျပ်ကျပ် နေရာများ ၊ အခန်းများကို သေမလောက်ပင် ကြောက်တတ်ပါသည် ။ အချို့ဆိုလျှင် ဓာတ်လှေကား မစီးရဲဘဲ ခုနှစ်ထပ်ရှစ်ထပ်ကိုပင် လှေကားကိုအားကိုး၍ သာတတ်လေ့၊ ဆင်းလေ့ရှိပါသည် ။ ထိုလူမျိုးကို  “He is afraid of closed spaces.” ဟု သာမန်ဖော်ပြနိုင်သလို “ He has claustrophobia. ” ဟု ပိုမိုခန့်ငြားသည့်ဝါကျကို သုံးမိလည်း ရပါသည် ။

မိန်းကလေး အများးစုသည်ပင့်ကူလေးများကို အလွန်အမင်း ကြောက်တတ်ပါသည် ။ ထိုမိန်းကလေးမျိုးတို့  “She is afraid spiders.” ဟု ပြောနိုင်၊ဆိုနိုင်သော်လည်း “She has arachnophobia.”  ဟု ပြောဆိုခြင်းက ပိုမိုခန့်ငြားစေပါသည် ။

မီးရှို့နေတတ်သူများအကြောင်း ကြားဖူးကြပါသည်။ ထိုလူမျိုးကို “He likes to start fires” ဟု ရေးနိုင်သော်လည်း  “He is a pyromaniac.” ဟ ုရေးပါက ပိုမိုခန့်ငြား ထည်ဝါမည် ဖြစ်ပါသည် ။

လေးနက်သော အကြောင်းအရာများကို ပြောမည် ရေးမည်ဆိုပါက မိမိရွေးချယ်ထားသော ဝေါဟာရလေများကပါ လေးနက် တည်ကြည်နေဖို့ လိုပါလိမ့်မည် ။
သေခြင်းတရားထက် လေးနက်သည့် ကိစ္စမရှိနိုင်ပါ ။ ထိုကြောင့်လူသေသည့် အကြောင်း၊ လူအသတ်ခံရသည့် အကြောင်းများကို ပြောဆိုဆွေးနွေးဖို့ လိုအပ်လာသည့်အခါ လေးနက်တည်ကြည်သည့် စကားလုံးလေးများ သုံးတတ်ရန် လိုပါသည်။

ဆိုပါစို့၊ မိမိသိသည့် လူတယောက် သူ့ကိုယ်သူ သတ်သေသွားသည့်အခါ  “He killed himself.” ဟု သာမန် သုံးလိုက်၍ ရသော်လည်း လေးနက်သည့် ဖြစ်ရပ်နှင့် သုံးလိုက်သည့်ဝေါဟာရတို့မှာ လိုက်လျောညီထွေမူမရှိပါ။ စင်စစ် “He committed suicide.”
ဟုသုံးတတ်မှ ပို၍ အဆင်ပြေပါလိမ့်မည် ။

ယခု ခေတ်ပျက်ကြီးပေမို့ အချို့လူမဆန်သူများသည် နို့စို့အရွယ်ကလေးများကိုပင် ချမ်းသာမပေးဘဲ သတ်ဖြတ်ခြင်းကို တခါတရံကြားရဖတ်ရတတ်ပါသည် ။ ထိုအခါမျိုးတွင်  “He killed a baby. ”ဟု ပြောမည်အစား “He committed infanticide. ”
ဟု၍ သုံးသင့်ပါသည် ။
မကြားမနာဝံ့ မိခင်ကို သားသမီးကပြန်၍ သတ်ဖြတ်ခြင်းကို matricide  ဟူ၍ လည်းကောင်း ၊ ဖခင်ကိုသတ်ဖြတ်ခြင်းကို patricide ဟူ၍ လည်းကောင်း သုံးစွဲကြပါသည် ။ အချို့နိုင်ငံများတွင် လူမူရေးပြဿာနာများ ကြီးထွားလာပြီး လူမျိုးတမျိုးလုံးတို့ ကျူပင်ခုတ် ကျူငုတ်ပါ မကျန် ဝါဒကို ဆွဲကိုင်ပြီး မျိုးဖြုတ်ဖြစ်ရန်ကြံစည်ကြိုးပမ်းသည့် ကိစ္စမျိုးကို  genocide  ဟူ၍ ခေါ်ဝေါ်ပါသည် ။
ဥပမာ- “Hitler has been accused genocide against the jews.”  “ဟစ်တလာဟာ ရာဇဝင်မှာဂျူးလူမျိုး တမျိုးလုံးကိုအမြစ်ဖြုတ်ပစ်ဖို့ ကြံစည်ကြိုးပမ်းခဲ့တယ် လို့ အစွပ်စွဲခံရတယ်” ဟု ပြန်ဆိုနိုင်ပါသည် ။
ပြောဆိုဆွေးနွေးနေသည့် အကြောင်းအရာများ လေးနက်လာသည်နှင့် အမျှ မိမိအသုံးပြုနေသည့် ဝေါဟာရလေးများသည်လည်း ခန့်ခန့်ငြားငြား လေးလေးနက်နက်ရှိဖို့ လိုအပ်လာသည်ကို သတိပြုမိစေလိုပါသည် ။

ယခုခေတ်မှာ  specialist  ခေတ်ဖြစ်ပါသည် ။ ဘာသာတရပ်ရပ်ကို အဆုံးစွန်ရောက်အောင် လေ့လာထားနိုင်မှ ၊ တတ်ကျွမ်းနိုင်မှ လူရာဝင်သောခေတ်ဖြစ်ပါသည် ။ ဒီတော့ ကလေးငယ်များကို ကြီးလာရင် ဆရာဝန်ကြီးလုပ်မလား ဟုမေးဖို့ မသင့်တော်ပါ ။
မေ့ဆေးအထူးကုကြီး  Anesthesiologist လုပ်မလား ။ နှလုံးအထူးကုကြီး  cardiologist  ဖြစ်အောင် ကြိုစားမလား ၊ မျက်စေ့အထူးကုကြီး  ophthalmologist  ပဲ လုပ်ချင်သလား … စသဖြင့် မေးနိုင်မှ တော်ရုံကြပေမည် ။ ဆေးကုသဖို့ဝါသနာ မပါဘူးဆိုရင် အနည်းဆုံး  Ph .D  လောက်တော့ရဖို့ ပညာသင်ထားရပေမည် ။  သို့မှသာ ငလျင်လှုပ်ခြင်းကို လေ့လာသူပညာရှင်  seismoiogist  သော်လည်းကောင်း ဘာသာစကားများ၏ ဝေါဟာရ များကို ကျွမ်းကျင်သူ ပညာရှင်  Linguist  သော်လည်းကောင်း။ အဆိပ်ဖြစ်စေသည့် အကြောင်း မျိုးစုံကို ပိုင်ပိုင်နိုင်နိုင် နားလည်သည့်ပညာရှင်  toxicoiogist  သော်လည်းကောင်း ဖြစ်လာပေလိမ့်မည် ။

ကလေးသူငယ်များ ရှိသည့် မိသားစုတိုင်း ကြားဖူးမည့် စကားလုံးတခုမှာ  -thon
ဖြစ်ပါသည် ။  အထူးသဖြင့် မူလတန်းကျောင်းများတွင် ကလေးများ ကျန်းလည်းကျန်းမာအောင် ၊ရန်ပုံငွေလည်းရှာ၍ ကောင်းအောင် လမ်းလျောက်ပွဲများကျင်း ပလေ့ရှိပါသည် ။ ထို  walkthon
ကဲ့သို့ပင်   readathon   စာဖတ်ပွဲများ   talkthon   စကားပြောပွဲများ ကျောင်းများတွင် မကြာခဏ ကျင်းပလေ့ ရှိပါသည် ။

နိဂုံးအနေနှင့်  quasi , pseudo , neo  ……….စသည့် ဝေါဟာရလေး သုံးခုအကြောင်း မှတ်သား ၊ စေလိုပါသည် ။
တစုံတခုနှင့် ထပ်တူထပ်မျှနီးပါး တူနေသည့်အခါ   quasi ကို အသုံးပြုနိုင်ပါသည် ။ ဥပမာအားဖြင့်  “They have been  living together for so long that they are in a quasi-marriage.”   “သူတို့နှစ်ယောက်ဟာ လက်မထပ်ရသေးပေမယ့်အတူနေနေတာနှစ်နဲ့ချီနေပြီဆိုတော့လက်ထပ်ထားသလိုပါပဲ” ဟု ပြန်ဆိုနိုင်ပါသည် ။
Pseudo  ကို အတုအယောင်ဟူ၍ ဘာသာပြန်လေ့ရှိပါသည် ။ ဥပမာ-
“ John is the pseudo -owner of the campnny. When  the owner is not  around  ,  he acts  like  he owns the place. ”   “ဂျွန်ဟာဒီကုမ္မဏီရဲ့ ပိုင်ရှင်အယောင်ဆောင်နေသူ ဖြစ်ပါတယ် ။ ပိုင်ရှင်မရှိတဲ့အချိန်မှာ သူပိုင်တဲ့ ကုမ္ပဏီပုံ ဖမ်းပြီး နေတတ်ပါတယ် ”  ဟု ပြန်ဆို၍ရပါသည်။
သာမန်အားဖြင့်အသစ်ဆန်းကို  new ဟူ၍ သုံးရသော်လည်း neo  ဟူသည့်ဝေါဟာရ
လေးက ပိုမိုခန့်ငြားပါသည်။  ဥပမာ- google ဆိုသည့်ဝေါဟာရလေးသည် မကြာသေး မီကမှ ပေါ်ပေါက်လာသည့်  new word ဟုသာမန်ပြောဆိုမည့်အစား
“ The word google is a neologism , a newly conied word ” ဟုခန့်ခန့်ငြားငြားလေး ပြောဆိုရင်းနှင့် နားပါဦးမည် ။

 

မှတ်ချက်။  ။ မြန်မာ့ဂဇက် ဇူလိုင် ၂၀၁၅တွင်ပုံနှိပ်ဖေါ်ပြပြီးဖြစ်သည်။

6 comments

  • ဇီဇီခင်ဇော်

    June 18, 2015 at 6:07 pm

    In MG, there is a guy who has acrophobia.
    😉

  • မြစပဲရိုး

    June 19, 2015 at 2:12 am

    pseudo ဆိုတာကို Computer Term မှတ်လို့။
    ဒီလို သုံးလို့ ရတယ်ဆိုတာ မသိဘူး။
    ပရိုဂရမ်မရေးခင်မှာ ရေးရမဲ့ Instruction တွေကို အတိုချုပ်ပြီးလမ်းပြ ရေးထားတာကို pseudo လို့ ခေါ်တာ။
    Knowledge အသစ် လေးတွေ အတွက် ကျေးဇူးပါ။

  • Ma Ma

    June 19, 2015 at 6:23 am

    ဆရာမျိုးမြင့်ကျော်ရဲ့စာတွေက တခါထဲဖတ်ရုံနဲ့မရလို့ အကြိမ်ကြိမ်အခါခါ ပြန်ဖတ်ရတယ်။
    ကိုယ်တိုင်လည်း ဖတ်၊
    သူများကိုလည်း တိုက်တွန်း၊
    ဖဘမှာလည်း ရှဲ ဖြစ်တဲ့ စာတွေပေ့ါ။

    ဆရာမျိုးမြင့်ကျော်နဲ့ တင်ပေးတဲ့ သဂျီးကို ကျေးဇူးအများကြီးတင်ပါတယ်။ 🙂

  • Alinsett @ Maung Thura

    June 20, 2015 at 9:19 am

    စာအုပ် စု ထုတ်ရင် ဝယ်သိမ်းမယ်လို့ ထပ်ပြောမယ်..နော့်

    :kwi:

    • kai

      June 20, 2015 at 2:29 pm

      ဆရာအောင်ဝေးက ထုတ်မယ်ပြောတာပဲ.။

      • manawphyulay

        June 22, 2015 at 1:18 pm

        ဒါနဲ့စကားမစပ် တဂျီး ဆရာအောင်ဝေးက ပြန်မလာတော့ဘူးလား။ အပြီးနေတော့မှာလားဟင်…

Leave a Reply