“မညှင်းစကောင်း ညှင်းစကောင်း “

“မညှင်းစကောင်း…….ညှင်းစကောင်း ”

တောင်တွေးမြောက်တွေး အပိုင်းအစလေးများ (၄)

ဒီနေ့ဖေစ်ဘုတ်မှာ ကျနော်အကိုကြီးလိုနေတဲ့  R.c Win Oo က သူငယ်ငယ်က

သူဌေးအိမ်မှာအကြွေးတောင်းခဲ့ရတဲ့အကြောင်းလေးကိုရေးလာတော့

ဈေးရောင်းအကြွေးတောင်းတဲ့အလုပ်ကိုအခုချိန်ထိလုပ်နေတဲ့ကျနော်မှာ

အကြွေးနဲ့ပါတ်သက်လို့ပြောစရာတွေရှိလာပြန်တာပေါ့။

ဒီတော့လဲအကိုကြီး ကျနော်လဲရေးအုံးမယ်ဆိုတော့ သူကလဲရေးပါလို့အားပေးတော့

ရေးဖြစ်တယ်ဆိုပါတော့။

ကျနော်ကကောက်ပဲသီးနှံအရောင်းအဝယ်လုပ်တဲ့ပွဲရုံမှာအလုပ်လုပ်နေစဉ်တုံးကပေါ့။

ကျနော်တို့ ကုန်သည်ထဲမှာဟိန္ဒူလူမျိုး ဦးလေးကြီးတစ်ယောက်ရှိပါတယ်။

သူ့ဆီကရစရာရှိတဲ့ငွေကို ကျနော်တို့က သူ့ ဆိုင်မှာသွားမကောက်ရပါဘူး။

သူကိုယ်တိုင်ဆိုင်ကိုလာပေးပါတယ်။

သူက သူ့ဆိုင်ပိတ်မှလာပေးတော့ မိုးချုပ်တာပေါ့။

သူအကြွေးလာဆပ်မယ်လို့ဖုန်းဆက်ထားတဲ့နေ့ဆိုရင်

ကျနော်တို့ဆိုင်ပိတ်တာနောက်ကျတာ အသေအချာပါဘဲ။

ကျနော်တို့ကအလုပ်ပြီးသွားလဲ သူကိုထို်င်စောင့်ရပါတယ်။

အဲ့တော့စိတ်တော့ နည်းနည်းလေတာပေါ့။

တစ်ရက်တော့ သူငွေလာပေးတဲ့အချိန် ကျနော်တို့ကပြောတာပေါ့။

“ကျနော်တို့က နေ့တိုင်း ငွေခံထွက်တာ၊

ဦးလေး လာမပေးနဲ့ ကျနော်တို့ ဆိုင်လာပြီးယူပေးမယ်လေ”လို့ပြောတော့

သူက

“ရတယ် မလာနဲ့ ချွန်ဒေါ် အခုလိုဘဲလာပေးပါမယ်”လို့

အိန္ဒိယသံခပ်ဝဲဝဲနဲ့ပြန်ဖြေပါတယ်။

ဒီတော့ကျနော်တို့လဲ ဘာမှဆက်မပြောသာတော့ပါဘူး။

နောက်တစ်ခါ ငွေလာသွင်းတော့ “ကျနော်တို့ ဆိုင်လာယူပေးရင်ရတယ်

ဦးလေးလဲ မပင်ပန်းတော့ ဘူး”လို့ထပ်ပြောကြည့်ပါတယ်။

သူကလဲ အရင်လိုဘဲ “ချွန်ဒေါ်လာပေးမယ်”လို့ဘဲပြောပါတယ်။

ဒါပေမယ့် အဲဒီနေ့က ကျနော်တို့ကို သူ့ခံစားချက်တွေပြောပြသွားပါတယ်။

“ခင်ဗျားတို့ ချွန်ဒေါ်လာတဲ့အချိန်ထိ မိုးချုပ်အောင်စောင့်ရတာ

ကိုအားနာပါတယ်။

ချွန်ဒေါ်ပေးစရာရှိတဲ့လူဆီကို ချွန်ဒေါ်ကိုယ်တိုင်လာပေးချင်တယ်။

ချွန်ဒေါ်ငယ်ငယ်က ချွန်ဒေါ်အဖေနဲ့အကြွေးလိုက်ကောက်ရတယ်။

ချွန်ဒေါ်တို့မှာစီးစရာ ဘာမှမရှိ။

ခြေကျင်သွားရတာ တစ်အိမ်ဝင်တစ်အိမ်ထွက်။

အဲတော့ကြာလဲကြာဆာလဲဆာ ညောင်းလဲညောင်းပေါ့။

တစ်ရက်သူဌေးတစ်ယောက်အိ်မ်ချွန်ဒေါ်တို့ငွေခံသွားတဲ့အချိန်

သူတို့က ထမင်းစားဘို့ပြင်နေကြတယ်။

ချွန်ဒေါ်တို့ရောက်သွားတော့ ထိုင်အုံးထမင်းစားပြီးမှပေးမယ်ဆိုတာနဲ့

အိမ်ရှေ့က ခုံတန်းလျားလေးမှထိုင်စောင့်နေရတာပေါ့၊

သူ့တို့ကတော့ မိသားစု စကားလေး ပြောလိုက် ထမင်းစားလိုက်

အေးအေးဆေးဆေးပေါ့။

ချွန်ဒေါ်တို့ သားအဖမှာတော့ ခြင်က ကိုက် ဘိုက်ကဆာ ညောင်းကလဲ ညောင်း ပေါ့။

အဲ့တော့ ချွန်ဒေါ်တို့ ဘဝကအတော်ကို အောက်ကျ နောက်ကျ နိုင်လှပါလားလို့

တွေးမိပါတယ်။

တစ်ချို့အိမ်ကျပြန်တော့လဲ ပိုက်ဆံမစစ်ရသေး ဘူး ထိုင်အုံးဆိုစောင့်ခိုင်း။

ပိုက်ဆံပေးတဲ့အခါကျတော့ အရွက်ကြီးတွေ အကောင်းတွေသိမ်းထားပြီး

ကျပ်တန်အစုတ်တွေအနုတ်တွေပေးတော့

အကြွေစေ့တွေကို တစ်စေ့ခြင်းရေပြီးယူရ။

တစ်ချို့အိမ်ကျတော့ ဧည့်သည်နဲ့စကားပြောနေသေးတယ်

ခဏစောင့်ဆိုပြီး စောင့်ခိုင်းထား။

ချွန်ဒေါ်တို့မှာက နောက်ထပ် ငွေခံသွားစရာအိမ်တွေရှိသေးတော့

ဖင်တကြွကြွ။

သူတို့ကတော့ စကားတွေဖောင်ဖွဲ့လို့အေးအေးဆေးဆေး။

တစ်ချို့အိမ်ကြပြန်တော့လည်းအသွားကြီးသွားပြီးမှ

မအားသေးဘူးနောက်နေ့မှလာခဲ့ဆိုပြန်လွှတ်လို့လွှတ်နဲ့

ကိုယ့်ပိုက်ဆံနဲ့ကိုယ် အတော်မျက်နှာငယ်ခဲ့ရတာ။

ကိုယ့်ဆီကသာသူတို့အကြွေးယူတာ သူတို့ကချွန်ဒေါ်တို့ထက်

အပုံကြီးချမ်းသာတယ်။

အဲလိုကြုံပါများတော့ ချွန်ဒေါ် အသက်ကြီးလာလို့အလုပ်လုပ်ရင်

သူများပေးစရာကို ကိုယ်တိုင်သွားပေးမယ်၊

မစောင့်စေရဘူး။

လာမယူစေရဘူး။

နောက်ပြီးပိုက်ဆံကို လည်း သပ်သပ်ရပ်ရပ် စီထားပြီး မှပေးမယ်

လို့ ဆုံးဖြတ်ထားလို့ အခုလို လာပေးတာပါ၊

ကိုယ်ခွဲမရှိလို့ တစ်ယောက်ထဲလုပ်နေရတာရယ်

ပိုက်ဆံတွေကို သေချာ စစ် ပြီး စီနေတာရယ်

စက်ဘီး နဲ့လာရတယ် ဆိုတော့ နည်းနည်းမိုးချုပ်တာတော့

စိတ်မရှိပါနဲ့” လို့ပြောပြတော့ မှ ကျနော်တို့ သူ့ အပေါ်မှာ

နားလည်လို့သွားပါတယ်။

ကျနော်တို့ ကိုယ်တိုင်လဲ နေ့စဉ်နဲ့အမျှ ငွေခံသွားနေရသူတွေ

ဆိုတော့ကိုယ်တိုင်ကြုံတွေ့နေရတာလေးတွေကိုလဲ သတိရမိပြန်ပါတယ်။

မန်းလေးမြို့မှာဘာရောင်းရောင်း အကြွေးစံနစ်နဲ့ဘဲရောင်းရတာများပါတယ်။

သိပ်ကိုလူကြိုက်များနေတဲ့ပစ္စည်းအချို့ကလွဲရင်ပေါ့။

အဲတော့ လဲ ကိုယ်အကြွေးပေးထားတဲ့ဆိုင်တွေကိုနေ့စဉ်ငွေကောက်တဲ့

အလုပ်ကို လုပ်ရပြန်ပါတယ်။

နောက်ပြီး အကြွေးဆပ်တဲ့အခါကျတော့လည်း ယူထားတဲ့စာရင်းတစ်စာရင်း

ဒါမှမဟုတ်ဘောက်ချာတစ်စောင်ကို အပြတ်ပေးတာမဟုတ်ပါဘူး။

အဲဒီထဲကို တစ်နေ့နည်းနည်းချင်းအဝင်သွင်းပေးတာပါ။

တစ်ချို့ကတော့ နေ့တိုင်းပေး။

တစ်ချို့ကတော့ တစ်ရက်ခြားတစ်ခါ။

သူပေးချင်သလိုပေးတာကို စိတ်ရှည်လက်ရှည်နေ့တိုင်းသွားယူရတာပေါ့။

ဒါကတော့ နေ့စဉ်လုပ်နေကျ သမားရိုးကျ အလုပ်ဆိုတော့ သိပ်အဆန်းတကျယ်

ကြီးတော့လဲမဟုတ်လှပါဘူး။

အဲလို ငွေခံရင်းသိလာတာကတော့ ပိုက်ဆံရှိတယ်ဆိုတဲ့ သူဌေးဘွဲ့ခံထားတဲ့

လူများ က ပိုတွက်ကပ်တယ်ဆိုတာလေးပါဘဲ။

အားလုံးလို့တော့ သိမ်းကြုံးပြီး မဆိုလိုချင်ပေမယ့်

အများအားဖြင့်ကတော့ အတူတူပါဘဲ။

ကျွန်တော် တို့ ကောက်ပဲသီးနှံတွေရောင်းတုံးက သွားပြီးငွေခံရတဲ့

မြို့မျက်နှာဖုံး တစ်ယောက်အကြောင်းလေးတော့ပြောပြချင်ပါသေးတယ်။

ချမ်းသာတာကတော့ ကျိကျိတက် ငွေပေးရင်တော့ လက်ခက်။

သူ့အိမ်ငွေခံသွားရင် ဘောက်ချာတွေအရင်ထပ်ထားရပါတယ်။

မြန်မြန်ရ ချင်ရင် စောစောသွားပြီး ဘောက်ချာထပ်ပေါ့။

အဲ့ခေတ်က ဆိုရှယ်လစ်ခေတ်ဆိုတော့  သမဝါယမဆိုင်က

ပစ္စည်းထုတ်သလို လူတွေ မတ်တပ်ရပ်ပြီး တန်းမစီရရုံတမယ်ပါဘဲ။

အဲ့ဒီအချိန်မှာ သူဌေးက ရုံးခန်းထဲမှာမရှိတာများပါတယ်။

ညနေ ငါးနာရီကျော်ကျော်လောက်သူဌေးရောက်လာပြီဆိုမှ

အဲဒီထပ်ထားတဲ့ ဘောက်ချာတွေကို

သူ့စာရေးမက သူဌေးဆီ ယူသွားပြီးပြပါတယ်။

သူဌေး ကတစ်စောင်ချင်းကြည့်ပြီး ဘယ်သူ့ ပေးမယ် မပေးဘူးဆိုပြီး

ဆုံးဖြတ်တော်မူပါတယ်။

မပေးဘူးဆိုတဲ့သူက ဘောက်ချာလေးကိုင်ပြီး ပြန်ပေါ့။

ရမယ်ဆိုတဲ့လူက ဆက်စောင့်ပေါ့။

ရမယ်ဆိုတဲ့သူရဲ့ဘောက်ချာကို သူ့စာရေးမက လက်ခံတွေနဲ့

သူတို့စာအုပ်ထဲမှာရေးထားတာတွေနဲ့တိုက်

ပြီး အိတ်အရေအတွက်တွေဘာတွေစစ်

ကျသင့်ငွေဘယ်လောက်လဲဆိုတာကို ဂဏန်းပေါင်းစက်လေးနဲ့တွက်။

ပြီးမှသူ့ သူဌေးဆီသွားပေး။

သူဌေးဆီရောက်တော့သူ့ကတစ်ခါ စာအုပ်တွေတောင်းပြီးစစ်

ဈေးနူန်းတွေမှန်ရဲ့လားဆိုတာပြန်မေး

ကျသင့်ငွေကို သူက တစ်ခါပြန်တွက်။

ပြီးပြီဆိုမှ မီးခံသေတ္တာထဲက ပိုက်ဆံထုတ်

ဘောက်ချာကြည့်လိုက်ပြန်တွက်လိုက်

ပေးမယ့်ငွေပုံလိုက်နဲ့လုပ်နေတာကြည့်ရတာ

ရုပ်ရှင်အနှေးပြကွက်ကြည့်နေရတဲ့အတိုင်းပါဘဲ။

သူသေချာပြီဆိုမှ စာရေးမကိုခေါ်ပြီး ပိုက်ဆံပေးခိုင်းပါတယ်။

ရှေ့ရောက်တော့ စာရေးမက တစ်ခါ ပြန်ပြီး သူ့ သူဌေးစစ်သလို ထပ်စစ်ပြန်ပါတယ်။

သူ့ အိမ်မှာငွေခံရင် အနည်းဆုံး နှစ်နာရီလောက်တော့ အချိန်ပေးလိုက်ရပါတယ်။

ဒါတောင်ပေးမယ်ဆိုပြီးမှ ငွေ မလောက်လို့ ဆိုပြီးပြန်လွှတ်တာမျုးိလဲရှိပါသေးတယ်။

“ယူတော့ ပြုံးပြုံးတောင်းတော့မုန်း မတောင်းပြန်တော့ဆုံး”ဆိုတာ

တကယ်မှန်တဲ့စကားပါ။

ကျနော်တို့ အလုပ်လုပ်ရတာ ဟိုးရှေးကတည်းက အခုထိ အကြွေးစံနစ်နဲ့ဘဲ

သံသရာလည်နေကြတုန်းပါဘဲ။

တစ်ခါတစ်လေတော့ လဲ ဒီအကြွေးကောက်ရ ငွေခံရတဲ့အလုပ်ကြီးကိုစိတ်ကုန်မိတာအမှန်ပါဘဲ။

ကိုယ်ယူထားတဲ့ငွေ ကိုယ်ပြန်ပေးရတာကို ဘာကြောင့်များ

သူများပေါ်ညှင်းဆဲချင်တဲ့ စိတ်ရှိတယ်ဆိုတာ စဉ်းစားလို့မရနို်င်အောင်ပါဘဲ။

နှစ်ပေါင်းများစွာ ငွေခံတဲ့အလုပ်လုပ်လာတော့

ကောင်းတဲ့သူနဲ့လဲတွေ့ရ ဆိုးတဲ့သူနဲ့လဲတွေ့ရ အမျိုးမျိုးပါဘဲ။

ကြုံရင်ထပ်ပြောပြပါအုံးမယ်။

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

22-6-2015

10 comments

  • မြစပဲရိုး

    June 22, 2015 at 1:49 am

    ကပေါက်ကြီး
    အရောင်းအဝယ် လုပ်ငန်းမှာ ကြွေးစနစ် ကတော့ ရှောင်မရ ရှိတာပါဘဲ။
    သူများတွေ ဆီမှာတော့ ဒီနေ့ခေတ် နည်းပညာရဲ့ ကျေးဇူးနဲ့ ကြွေးတောင်းဒုက္ခ အတော်လေး သက်သာသွားပြီ။
    ဘောက်ချာတွေမှာ အကြွေးပေးချိန် (ဥပမာ) နှစ်ပါတ် (ဒါမဟုတ်) တစ်လ တစ်ခါထဲပါပြီး။
    အချိန်ရောက်ရင် ငွေလွှဲဖို့ ဘဏ်နံပါတ် ပါတာမို့ ကွန်ပျူတာသုံးပြီး ဘဏ်ကို အွန်လိုင်း လွှဲနိုင်တယ်။
    သတ်မှတ်ချိန် ကျော်ပြီးမှ ပေးရင် တစ်ချို့က ဒါဏ်ကြေး သတ်မှတ်တယ်။
    ဒါဏ်မတပ်ခင် အီးမေး နဲ့ သတိပေးစာပို့တယ်။
    လူကိုယ်တိုင် သွားလာ နေစရာ ကို မလိုတော့ဘူး။

    . မြန်မာပြည်မှာလဲ ဖြစ်သင့်တာ လွန်ခဲ့တဲ့ နှစ် ၂ဝ လောက် ကထဲ ကပါဘဲ။
    ဒီ အစိုးရ ေ-ာက်သုံးမကျ လွန်းလို့ ဘာမှ ကို လုပ်လို့ မရ ဖြစ်နေခဲ့တာ။
    တကယ်တော့ နည်းပညာသိသူ တွေ၊ စနစ်အကောင်အထည်ဖော်နိုင်သူ တွေ နိုင်ငံထဲ အများကြီးပါ။
    . နိုင်ငံလုံး အတိုင်းအတာ က အစိုးရ မပံ့ပိုး လို့ မရဘူး။
    အဲဒါကို ဂရုမစိုက်ဘဲ သူတို့ စားဖို့ ချည်း လုပ်နေခဲ့တော့ ဘာဆိုဘာမှ ဖြစ်မလာဘဲ ဘိုးတော်ဘုရားခေတ် ကကို မတက်နိုင်တော့ဘူး။

    • ကိုလတ်ကြီး

      ဘဏ်စံနစ်နဲ့စပြီးလုပ်လို့ အရှိန်ရခါစ
      ၂၀၀ဝခုနှစိမှာဘဏ်တွေပြိုသွားခဲ့တယ်လေ။
      အတော်လေးနစ်နာခဲ့တယ်။
      အဲဒီမှာ ဘဏ်ကိုမယုံတော့။

      နောက်လက်တစ်လုံးခြားလုပ်တတ်သူက
      ငွေမရှိတဲ့ချက်လက်မှတ်ပေး ပြန်ပါတယ်။
      အဲတော့ကိုယ်တိုင်ငွေခံရတော့တာပေါ့။

      အခုတော့ဘဏ်စံနစ်ပြန်ထွန်းကားလာပါပြီ

  • Mike

    June 22, 2015 at 9:38 am

    .စီးပွားရေးလုပ်ငန်းထဲကကြွေးစံနစ် အကြောင်းတော့ မဝေဖန်တတ်ဘူးကိုပေါက်ရေ
    .က ျုပ်ငယ်ငယ်ကတော့ အဖေခိုင်းလို့ သူမ ျားအိမ်ငွေသွားခေ ျးရတာခဏခဏ
    .မ ျက်နှာငယ်ရချက်တော့မပြောပါနဲ့ဗ ျာ…ဒါကြောင် ကိုယ့်အလှည့် .က ျရင်သူများဆီကမခေ ျးရမငှားရအောင်နေမယ်ဆိုပြီးကြိုးစားခဲ့ပါတယ်
    .ကိုယ့်ဆီကလည်းဖြစ်နိုင်သမှ ျမခေ ျးခ ျင်ဘူး…မေတ္တာပ ျက်ရလွန်းလို့… :))

    • ကိုမိုက်ရေ

      ကိုမိုက်ကသာ သူများမှာငွေချေးရတာမျက်နှာပူတာ
      အချို့ကတော့ခပ်တင်းတင်းဘဲ
      ကျေနပ်လို့ပေးတုန်းကပေးထားပြီး
      အခုမှလာမလောနဲ့
      ရှိမှပြန်ပေးနိုင်မယ်တဲ့

      ကဲဘာပြောအုံးမလဲ

  • Ma Ma

    June 22, 2015 at 3:13 pm

    ကြွေးစနစ်အကြောင်းပြောရရင် ခေတ်စနစ်အကြောင်းလည်း ပါလာတော့မယ်။
    ခုနောက်ပိုင်းနှစ်တွေမှာ လုပ်ငန်းတွေမှာ ကြွေးဆုံးတာတွေ ပိုများလာတယ်လို့ ထင်မိတယ်။
    ငွေကို သိန်းရာနဲ့ချီ ထောင်နဲ့ချီပြီး မပေးကြလဲ ဘာမှလုပ်မရတာလား၊ မလုပ်ကြတာလား မသိဘူး။
    အဲဒီလိုနဲ့ တစ်ယောက်ပြီးတစ်ယောက် ……
    အလွယ်တကူပဲ ယူကြ၊
    အလွယ်တကူပဲ မပေးပဲ နေကြ။ :e:

    • မမရေ

      ဥပဒေ လက်တံ ပုံစံ မမှန်တော့

      ကျူးလွန်ရဲကြပါတယ်

      ပေးစရာရှိတဲ့လူက
      မကျေနပ်ရင်ကြိုက်တဲ့ဆီသွား

      ဆိုပြီးမာမာထန်ထန် တုန့်ပြန်ရဲတဲ့ခေတ်ပါ

  • ဝင့်ပြုံးမြင့်

    June 22, 2015 at 5:19 pm

    .ဟုတ်ပါတယ်။ ဥပဒေ မပြည့်စုံတာ က ဒုက္ခပေးနေတာ။ ပြီးတော့ ငွေချေးပါ ဆိုတဲ့စကားက တကယ်တော့ ငွေပေးပါ။ ပြန်မဆပ်ဘူး လို့ ဆိုလိုတာ။ အဲဒါကို သဘောမပေါက်လို့ ခံခဲ့ရဖူးတယ်။ စီးပွားရေး နားမလည်လို့ ကြွေးစနစ်အကြောင်းတော့ သိဘူး။ သေချာတာက ငွေချေးတယ် ဆိုတာ တကယ်တော့ အလကားပေးပါ လို့ ဆိုလိုတာ။ ဟိုက ပြန်မပေးလို့ ခံရရင် ညည်းက တစ်ခါသေဖူး ပျဉ်ဘိုးနားလည်ပေါ့အေ လို့ အပြောခံရပါမယ်။

    • မပြုံးရေ

      ကုန်အကြွေးဘဲဖြစ်ဖြစ်

      ယုံလို့ပေးလိုက်တာဘဲဖြစ်ဖြစ်

      ကိုယ့်လက်ကငွေ သူ့ဆီရောက်ကတည်းက

      အဆုံးလို့သတ်မှတ်လိုက်ရသလိုပါဘဲ

      ဥပဒေ ကြောင်းအရ စကားပြောမယ်ဆိုရင်

      ရှေ့နေငှားခ တရားရုံးစားရိတ်

      သွားလာစားရိတ်တွေအပြင်

      ရုံးချိန်းခဏခဏသွားရတော့
      အလုပ်ပျက်အကိုင်ပျက်

      အဲ့တော့ဘယ်သူမှတရားမစွဲတော့

      စွဲပြန်ရင်လဲ လက်ဘက်ထုပ် ကရှိသေးတယ်

      ဒီတော့မသမာသူတွေက ခေါင်းထောင်တော့တာပေါ့

  • Alinsett @ Maung Thura

    June 23, 2015 at 1:15 pm

    တခုခု ယူပြီးရင်… ယူတာနဲ့ တန်အောင် ပြန်ပေးရမယ်ဆိုတဲ့ အသိတော့…
    ကျနော့်ဆီမှာ စွဲနေတယ်…

  • အဲဒါ က လောကနိယာ မပါ ဘဲ အလင်းဆက်

    ဒါပေမယ့် အချို့ကယူသာ ယူလိုက်တယ် ပြန်မပေးချင်ကြတော့ ဘူး လေ

Leave a Reply