စေရာ…….်
ငါ့မျက်ရည်ကျတဲ့အခါ … အပိုတွေလို့နင်ပြောတဲ့အခါတိုင်း
ကမန်းတမ်းနဲ့ ကျပြီးသားမျက်ရည်တွေ ပြန်ကောက်သိမ်းရတာ အမော….
ငါဟာနင်ပေးတဲ့ပျော်စရာတွေကို အားပါးတရ သုံးဆောင်ဖို့ပြင်တဲ့အချိန်တိုင်း….
နင်ပသတဲ့ ဝမ်းနည်းခြင်းအာဟာရတွေကိုသာ ဖြည့်တင်းခဲ့ရတာပါ……
တကယ့် တကယ်တော့…
ငါဟာ ဥပေက္ခာပြုခံထားရတဲ့ စာခြောက်ရုပ်..
ငါဟာ အထီးကျန်ခြင်းမုဆိုးရဲ့ ဝမ်းစာဖြေဖို့အတွက် သားကောင်…
ငါဟာ ဥပေက္ခာပြုတတ်သူတို့ရဲ့ အခမ်းအနားနဲ့
ဝေဒနာပေးအပ်ခြင်းခံရသူ…
ငါဟာ အသက်ကိုဝဝရှုတဲ့ သက်မဲ့တစ်ကောင်…
တကယ့်တကယ်တော့…
ငါဟာ နှလုံးသားကို လျိုသပ် ကြိုးပေါင်းများစွာသွပ်သွင်းလို့..
နင့်ပါးစပ်အလှုပ်မှာ ကွေးနေအောင် ကရတဲ့…
ဖေဇော်ဂျီ အရုပ်လေးတစ်ရုပ်…….။ ။
4 comments
ဇီဇီခင်ဇော်
October 5, 2015 at 8:04 am
တင်စားချက်လေး ကောင်းထာ။
ဇော်ဂျီ လှလှလေး ပုံလေး နဲ့ တွဲတင်ရင် ပိုမိုက်မယ်ထင်~~
🙂
Mr. Pocket
October 5, 2015 at 8:53 am
ဟုတ်ကဲ့ဗျ … အကြံပေးတာကိုကျေးဇူးဗျ…
Mike
October 8, 2015 at 9:36 am
.မစ္စတာပေါ့ကက် ရဲ့ကဗျာလေးတွေမှာ အားငယ်မှုလေးတွေပြည့်နေသဗျ
.အစစ အဆင်ပြေအောင်ကြိုးစားတည်ဆောက်နိုင်ပါစေဗျာ
Alinsett @ Maung Thura
December 11, 2015 at 4:39 pm
.ဇော်က ကရင်…မောနေလျက်နဲ့တောင် ပေါ့ပေါ့ပါးပါး ဟန်…ဆောင်ရသဗျာ….
.ပေါ့ပါးစွာ…ကခုန်နိုင်ပါစေကြောင်း..