တစ်ခါကနှင့် အမှတ်တရအပိုင်းအစများ (၁)
~~ တစ်ခါကနှင့် သဲထိတ်ရင်ဖို ~~
တစ်ခါကဖြစ်ပါသည် ။
မောင်ဆာမိငယ်စဉ်က ဂီတဝါသနာပါခဲ့ဖူးသည် ။
ဟိုအော် ဒီအော် အသံကြောင်ဖြင့် ဂစ်တာတစ်လုံးအဖော်ပြုလျှက် ရပ်ကွက်ထဲ ညစဉ်နှိတ်စက်ခဲ့ဖူးသည် ။
ဒင်ဒင် ဒေါင်ဒေါင်ဟူသော ဂစ်တာခေါက်သံကြားရသည်နှင့် အပျိုလေးများမှအစ ၊ အပျိုကြီးအဆုံး အားလုံးတံခါးများပိတ်ခြင်းဖြင့် ဩဘာပေးကြလေသည် ။
မောင်ဆာမိကား .. စိတ်ဓတ်မကျပါ ။
အောက်ပါသီချင်းအား အသံကြောင်ဖြင့်ဟစ်ကြွေးလျှက်ပင် အပြုံးမပျက် ….။
“” ~~ အချစ် ရှိရင် မီးလေးဖွင့်ကာ … လက်ပြစမ်းပါဗျိုးးးးး ~~~
အချစ်ရှိရင် .. တံခါးလေးဖွင့်ကာ လက်ပြစမ်းပါဗျိုးးးး … ~~~
~~~ အချစ်နဲ့ကျနော် .. ရီးစားမဖြစ်ခင် .. ရင်းနှီးထားချင်လို့ ~~~ ~~
~~ အချစ်ရှိရင် .. မီးလေးဖွင့်ကာ တံခါးလေးဖွင့်ပါဗျိုးးးးးးးး … ~~~ “”
သီချင်သံ ဆုံးသည်နှင့် ……
” ဝုန်းးးးး ဒိုင်းးးးးး “”
ဟူသော ပြူတင်းတံခါးဆောင့်ပိတ်သံများ ပေါ်ထွက်လာစမြဲ … ။
ဤမျှပင် ပရိတ်သပ်မှ ထောပနာပြုခြင်းကိုရရှိခဲ့သည် ။
မည်သို့ပင်ဖြစ်စေ မောင်ဆာမိတစ်ယောက်မှာ ရပ်ကွက်အား နှိတ်စက်မြဲ နှိတ်စက်လျှက်ရှိလေသည် ။
တစ်ခုသော ညချမ်းအခါ၌ဖြစ်သည် ။
ရပ်ကွက်ရုံးအနီး အော်ကြီးဟစ်ကျယ်တီးခတ်နေစဉ် ရပ်ကွက်ရုံးမှ လာရောက်ပင့်ဆောင်လေတော့သည် ။
ထိုစဉ်က စစ်တပ်မှအာဏာသိမ်းပြီးကာစ ၁၉၈၉ ခန့်တွင်ဖြစ်၍ ရပ်ကွက်လူကြီးများ လက်စောင်းထက်ချိန်ပင်တည်း ။
ရပ်ကွက်ရုံးခန်းတွင်း၌ ဥက္ကဌဆိုသူ၏ ဩဝါဒအား နာရီဝက်ခန့်ကြားနာပြီးနောက် …….
မောင်ဆာမိနှင့် သေဖော်ရှင်ဖက်နှစ်ဦးအား လက်မှတ်ထိုးခံဝန်ချုပ်လုပ်ခြင်းဖြင့် ရပ်ကွက်ဆိပ်ငြိမ်မှုအားထိမ်းသိမ်းခဲ့ကြလေသည် ။
အထက်ပါကိစ္စများဖြစ်ပွားပြီးနောက် မောင်ဆာမိမှာ မိခင်ကြီး၏ညမထွက်ရအမိန့်အောက်၌ ခြေချုပ်မိခဲ့ရသည် ။
ရပ်ကွက်ကား ….. အထူးပင်ဆိပ်ငြိမ်သွားရလေ၏ ။
မောင်ဆာမိတစ်ယောက်မှာ ညမိုးချုပ်လေတိုင်း ဝါသနာပိုးများထကြွသောင်းကျန်းလျှက်ရှိသည့်အားလျော်စွာ တစ်မျိုးကြံပြန်သည် ။
ညအမှောင်ထုကိုအကာအကွယ်ယူ၍ ခြံအနောက်ဖက် ခဲ (ဂဲ) တပစ်လွတ်စာအကွာမှနေ၍ ဆိုမြဲ တီးမြဲ အော်ဟစ်ဆဲ ………..။
အဆိုနှင့်အတီး တိုင်ပင်မကိုက်
…… အသံအနိမ့်အမြင့်အလွဲလွဲအချော်ချော် ……. ညောင်နာနာ အသံသေးအသံပြာ တို့အား လေသင့်တိုင်းကြာရမည်ဖြစ်လေတော့သည် ။
တစ်ခုသော ည ကာလအခါတွင်ဖြစ်သည် ။
ဇော်ဝင်းထွဋ်သီချင်းအား စိုင်းထီးဆိုင်၏လေယူလေသိမ်းဖြင့် အော်ဟစ်ပြီးနောက် နံဘေးမှ မီးသေနေသောဆေးပေါ့လိပ်တိုအား မီးညှိလိုက်သည် ။
ဆေးလိပ်မီးညှိရင်း မျက်စိရှေ့ခတ်စောင်းစောင်းခြံထောင့်သို့ ကြည့့်မိသည်တွင် …..
“” ဟိုက်!!! ! သောက်ပလုပ်တုတ် !! “”
ပါးစပ်ထဲရှိမီးခိုးများပင် သီးသွားရသည် ။
မိမိမျက်လုံးအား ပွတ်သပ့််၍ နောက်ထပ်ပြန်ကြည့်မိသည် ။
အိမ်မက်များ မက်နေလေရော့သလား … ????
ခန္တာကိုယ်တလျောက် ကြက်သီးဖုများ ထလာခဲ့ရသည် ။
ဆောင်းငွေ့သက်သော မြောက်ပြန်လေသည် အေးစက်မှင်တက်မိနေသောမောင်ဆာမိအား ဩဘာပေးနေသယောင် …..
ကြောရိုးတစ်လျောက် ချမ်းစိမ့်၍ လာသောအအေးဓတ်သည် လက်ဖျားခြေဖျားတို့အထိစီးဆင်းလေတော့သည် ။
မြင်ရသည့်အရာမူကား …..
အမျိုးအမည်မသိသော ပုပုသေးသေး အကောင်ငယ်လေးသုံးကောင်တို့သည် ခြံထောင့်မှ ငှက်ပျောပင်စုစုထဲတွင် လိုက်တမ်းပြေးတမ်းကစားနေခြင်းဖြစလေသည် ။
ကြွက် မဟုတ်ပါ ။ ထို့အတူ ယုန်လည်းမဟုတ်ပါ ။ ယုန်သာသာ အရွယ်ရှိ ခြေလက်တို့ပါသော ၊ မတ်တပ်ရပ်လျှက်ပြေးသော ၊ ငှက်ပျောပင်အား ခြေနှစ်ခြောင်းဖြင့်ပြေးတက်တတ်သော ၊ ဦးခေါင်း ခတ်ဝိုင်းရှိလေသော နာမည်မဖော်နိုင်သော သတ္တဝါလေးများဖြစ်လေတော့သည် ။
ဤမြင်ကွင်းတို့အားထင်ရှားစွာတွေ့ရပြီးနောက် မောင်ဆာမိလည်း အိမ်အတွင်းသု့ိ ကသုတ်ကယက်ပြေးဝင်လေတော့သည် ။
မောင်ဆာမိ သရဲမကြောက်တတ်ပါ ။
ထို့အတူ သရဲဟူသည့့်သတ္တဝါအားလည်း မမြင်ဖူးပါ ။
သို့သော် ထိုခဏ၌ ကြားဖူးနားဝ ရှိသောပုံတိုပတ်စများထဲမှ “မှင်စာများ မြေဘုတ်များ” အား သတိယမိလေတော့သည် ။
စာရင်းချုပ်လေသော် …….
မောင်ဆာမိအား မိခင်ကြီးမှ ကံနိမ့်နေသည်ဟူသောအကြောင်းပြချက်ဖြင့် တရားရိပ်သာသို့ တစ်လစခန်းသွင်းခြင်းဖြင့် ပို့ဆောင်လိုက်လေသည် ။
ဤသို့လျှင် သဲထိတ်ရင်ဖိုမှသည် မဟာသတိပဌန်အကျင့်မြတ်စခန်းသို့ သွားရောက်ခဲ့ရလေသော အဖြစ်အပျက်များပင်ဖြစ်ပေတော့သည် ။
လေးစားလျှက်
ဈာန်
10 comments
kai
December 18, 2015 at 11:02 am
တကောင်… ဒေါ်လာ၁သန်းအသာလေးပဲ..။
အရှင်သာဆို.. ၁ဝသန်းလည်းဖြစ်…။
တောက်စ်..
ဒီလောက်ကံတက်နေတာကို… :k:
Shwe Ei
December 18, 2015 at 11:41 am
-သဂျီး အာ့လို ပြောမယ်မှန်းသများသိပီးသား
-ပြေးဘီ…ဝှစ်..ဝှစ် 😉
E.မြောက်မြောက်
December 18, 2015 at 11:52 am
ဒီမှင်စာ အိုင်ခုနဲ့ ပေးတွေ့လိုက်လို့ကတော့
မီလျံ ဘီစကွတ် အဲ ဘိစနက်ပဲ
မဂ္ဂဇင်းမထုတ်ပဲ မှင်စာတွေချည်း မျိုးဖောက်ပြီး
ရုံသွင်း ပြစားမယ် တကဲကဲလုပ်နေမှာ မျင်ရောင်သေး
ဇီဇီခင်ဇော်
December 18, 2015 at 11:59 am
အာ့ဒါ ….
မှင်စာလို့ ခေါ်တယ်။
ကလေးလေးတွေ အစိမ်းသေရင် ဖစ်တာ။
ပုံ/ ၁၃ ကြိုး
:k:
Mike
December 19, 2015 at 10:18 am
.ဟီဟိ..ကိုဆာမိကံတက်တာတဲ့…ဟုတ်သား..လိုက်ဖမ်းထားလိုက်ရမှာ :))
ဦးကြောင်ကြီး
December 19, 2015 at 3:05 pm
အူးဇံ ဒူးပ ျံ မူးလှံ ခြူ းစံ..
မြစပဲရိုး
December 21, 2015 at 2:47 am
ခရီးတို က ပြန်လာလို့ နောက်မှ ပြန်လာမန့် မယ်။ 🙂
အောင် မိုးသူ
December 23, 2015 at 8:44 am
ကျတော်တို့ရပ်ကွက်ထဲမှာလည်း လေးငါးကောင်ထပ်မနည်း တွေ့ဖူးကြတယ်။ မှင်စာလေးတွေ နေမှာပေါ့။
alinsett
December 23, 2015 at 11:40 am
သရဲတို့ ဘာတို့…မှင်စာတို့….
အဲ့လို ပရလောကသားဆိုတာတွေကို ..ဒီနေ့ဒီအချိန်ထိ..ကိုယ်တိုင် မျက်စိနဲ့ တပ်အပ် မမြင်ဖူးရှာတဲ့ ကျနော်…
ကံ အတော် မြင့်နေသလားမသိ….
ကျနော့်မှာဖြင့်….အပြင်မှာ မမြင်ဖူးတိုင်း… ရုပ်ရှင်ဇာတ်လမ်းတွေ…ကြည့်ကြည့်ပြီး အာသာဖြေရတာ အမော…
:k:
မြစပဲရိုး
December 23, 2015 at 9:52 pm
မှင်စာလေးတွေ က တောင် အားပေးကြတယ် ဆိုမှတော့ နဲ တဲ့ပါရမီ မဟုတ်ပါလားရှင်။
ဂီတလောက ထဲ ကိုယ်လုံးပစ် ဝင်လိုက်ရင် ပေါက် မှာကို။ :-))))