Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နွေဦးရာသီ . . .

kotun winlattMarch 5, 20161min3754

နွေဦးရာသီ
@@@@@
နှင်းမှုန်များဖြင့် စီချယ်အပ်သော ချမ်းအေးသည့် နံနက်ခင်းတို့သည်
တဖြည်းဖြည်း ဆုတ်ခွာသွားခဲ့ကြလေပြီ …။ နှင်းမှုန်များ၏နေရာတွင်
တာဝန်ယူပေးကြမည် နွေဦးနံနက်ခင်းတွင် အိမ်ရှေ့ဗာဒံပင်မှ
ရွက်ဟောင်းတို့သည် တလွင့်လွင့် ကြွေကျနေကြလေပြီ…။ ကြွေကျသွားသည့်
ရော်ရွက်ဝါတို့၏နေရာတွင် ရွက်သစ်လေးတွေ စိမ်းစိမ်းလန်းလန်းဖြင့်
ဝေဆာလာကြတော့မည်။ အိမ်ဝင်းအတွင်းရှိ သရက်ပင်တို့မှာလည်း
အဖူးအဝါဖျော့ရောင်လေးများဖြင့် ဝေဝေဆာဆာ …။ မြင်နေကြ အရှေ့အနောက်
တောင်မြောက် အရပ်လေးမျက်နှာတို့တွင် နွေသရုပ် မြူခိုးတို့ကား
မှိုင်းမှိုင်းမှုန်မှုန် …. အိမ်ရှေ့လမ်းလေးမှ ဖုန်မှုန့်တို့သည်ကား
တလူးလူးတလွှင့်လွှင့် ….. နွေဦးရာသီ စလေပြီ ….။ ငယ်ငယ်က
အလယ်တန်းကျောင်းသားဘဝက ဆရာတစ်ဦးက အတန်းထဲမှာရှိတဲ့
ကျောင်းသားကျောင်းသူများကို မိမိတို့ အားသန်ရာစာပေများကို
စီကုံးရေးသားပြီး သူ့အားပြသစေသည်။ ထိုအချိန်က ကျနော်ရေးဖြစ်ခဲ့တဲ့
နွေကဗျာလေးကို သွားပြီးအမှတ်ရမိ၏။ ကျနော်ရေးဖြစ်တဲ့ ကဗျာလေးက ” တပေါင်း
တန်ခူး ၊ လေတဟူးဟူး၊ လေရူးတွေတိုက်၊ – င်တွေနှိုက်” ဟူသတတ် …။
ဆုလာဘ်အဖြစ် အတန်းရှေ့မှာ နားရွက်ဆွဲထိုင်ထ အခေါက်သုံးဆယ်
ချီးမြှင့်ပေးမှုခံရလိုက်ရသည်။ စာရေးခြင်းအတတ်ပညာကား ထိုကတည်းကဟု ဆိုလျှင်
လွန်အံ့မထင်…။

ငယ်ငယ်ကနွေဦးရာသီရောက်ပြီဆိုလျှင် ပျော်ကြသည်။ တစ်နှစ်တာပတ်လုံး သင်ကြား
လေ့လာ မှတ်သား ကျက်မှတ်ထားသမျှသော စာတွေကို စာမေးပွဲခန်းအတွင်း
စာရွက်လွှတ်များပေါ်ချရေးပြီး လွတ်လပ်ခွင့် သုံးလခွဲရကြသည်မဟုတ်လား။
ကျနော်တို့ ငယ်ငယ်က အခုခေတ်လို ဘာကျူရှင်မှ မရှိ … ကျောင်းဖွင့်မှ
ကျောင်းက သင်ပေးတဲ့စာကို ရေး၊ မှတ်၊ ကျက် ဒါပါပဲ …။ ကျန်တဲ့အချိန်
ပြေးလွှားဆော့ကစားပေါ့။ မိဘတွေရဲ့ အလုပ်ကို ကူညီနိုင်တာ ကူညီ ….။
ပျော်ခဲ့ပါသည် နွေဦးရာသီ…. ဒီလိုနွေဦးရာသီရောက်ပြီဆိုလျှင်
လေရူးလေးတွေကလည်း တဖြူးဖြူးတိုက်ခတ်လာတတ်သည်မဟုတ်လား။ ဒီတော့ ကျနော်တို့
စက္ကူစွန်လေးများ(လေတံခွန်)ကို လုပ်ကြလေပြီ။ ကျနော်သည်ကား
လက်မှုအတတ်ပညာတွင် အင်မတန် နုံချာ ညံ့ဖျင်း( အမှန်က ဘာမှ ဟုတ်တိပတ်တိ
မလုပ်တတ်)သူတစ်ယောက် … ဒီတော့ သူငယ်ချင်းဖြစ်သူတစ်ဦးဦးကို
အကူအညီတောင်းရသည်။ လေတံခွန်တစ်ခုရဖို့ သတင်းစာတစ်စောင်ကို အရင်ရှာ၊
ပြီးရင် လေတံခွန်မှာ အတိုင်နဲ့ အကွေးတန်းလုပ်ဖို့ အုန်းဆံတံမြက်စည်းမှ
အုန်းဆံလေးတွေကို ချိုးရင်ချိုး ဒါမှမဟုတ် ဝါးခြမ်းကို
အချောင်းသေးသေးလေးဖြစ်အောင် ဓါးဖြင့်အချောသပ်၊ ထိုလေတံခွန်မှ အတိုင်
အကွေးတို့အပေါ်မှ ချုပ်ရန်( ဖိကပ်ထားရန်) ကော်အဖြစ်ကား အိမ်မှ
ထမင်းစေ့များ၊ လေတံခွန်အမြီးအဖြစ်တပ်ရန် စက္ကူလေးများကို
ညောင်ရွက်ပုံအဖြစ် ဖန်တီးရန်အတွက် ကတ်ကြေးတစ်ချောင်း … ဒီလိုဆို
လေတံခွန်တစ်ခု ဖန်တီးရန် ကိရိယာ စုံလင်ချေပြီ။ စက္ကူလေတံခွန်တစ်ခုအဖြစ်
ဖန်တီးပြီးပါက စက္ကူလေတံခွန်၏ ထိပ်ပိုင်း အောက်ပိုင်းကို
အပ်ချည်ကြိုးလေးဖြင့် တွဲကာ ဇက်ကြိုးတပ်ရသည်။ ထိုဇက်ကြိုးတွင်မှ
အပ်ချည်စကို ထပ်ချည်နှောင်ပြီး အပ်ချည်လုံးကို ကိုင်ကာ လမ်းမတစ်လျှောက်
ပြေးကြလေတော့သည်။ လေတံခွန်လေး လေထဲမှာ အမြီးလေးရမ်းကာ ရမ်းကာဖြင့်
တလွှင့်လွှင့်တက်နေလျှင် ပျော်မဆုံး မော်မဆုံး ….။ ဒီထက်အရွယ်လေးရလာတော့
အမြီးပါသည့် လေတံခွန်ကို မကြိုက်တော့သလို စက္ကူလေတံခွန်ကိုလည်း
မနှစ်သက်တော့ …။ ကြွပ်ကြွပ်အိပ်လေးဖြင့် ပြုလုပ်သည့် စွန် (
လေတံခွန်ကဲ့သို့ အမြီးမပါ)ကို နှစ်သက်လာသည်။ အပ်ချည်လုံးလေးကို
ကိုင်ကာပြေးပြီး လေထဲမှာ ဝဲနေသည့် လေတံခွန်လေးကာ လှည့်ကြည့်ရသည့် အရသာထက်
ရစ်လုံးကို ကိုင်ကာ ကြွပ်ကြွပ်အိတ်စွန်လေး လေထဲမှာ ဝဲလည် ဝဲလည်နှင့်
လေပေါ်သို့ တက်သွားသည်ကိုကြည့်နေရသည်ကိုက အရသာတစ်မျိုးပင် ….။
ယခုခေတ်မှာတော့ ကလေးတော်တော်များများ စက္ကူလေတံခွန်လေးများ လမ်းမပေါ်မှာ
ဆွဲပြေးပြီး ဆော့ကစားနေတာမျိုးမမြင်ရ မတွေ့ရသလောက်နီးပါးပင် ….။
ပြောင်းလဲခြင်းပေလားတော့ မပြောတတ် …..။

ထိုနည်းတူစွာ ဟိုးယခင်က ကျနော်တို့ဒေသမှ နွေဦးရာသီကား နံနက်ပိုင်းတွင်
နှင်းမကျသော်လည်း အအေးဓာတ်လေးကားရှိနေသေးသည်။ နွေရာသီပူပြင်းမှုကိုကား
သင်္ကြန်နောက်ပိုင်းမှသာ သိသာလာလေ့ရှိသည်။ တန်ခူးလအထိ ညပိုင်းတွင်
အအေးဓာတ်ရှိနေသေးသဖြင့် စောင်ခြုံအိပ်ရသေး၏။ ယခုမူ အအေးဓာတ်
သိသိသာသာလျှော့ကျလသလို နေ့ပိုင်းအပူချိန်သည်လည်း သိသိသာသာ
ပူပြင်းလာလေပြီ။ ရာသီဥတုပြောင်းလဲမှုကြောင့်ဟု ပညာရှင်များဆိုကြလေသည်။
ဟုတ်ပေလိမ့်မည်… သဘာဝပတ်ဝန်းကျင်သည်လည်း ယိုယွင်းခဲ့လေပြီ …
ကျနော်တို့ငယ်စဉ်က ကျနော်တို့ဒေသဝန်းကျင်တွင် စိမ်းစိမ်းစိုစို
သစ်တောကြီးများရှိနေခဲ့သည် မဟုတ်လား…။ ယခုတော့ ဒေသဝန်းကျင်တွင်ကား
မြင်လေရာ ရှု့လေရာ ကွင်းပြောင်ပြောင် ဖြစ်ခဲ့လေပြီ…။ လူတို့၏
စွမ်းအားဖြင့် သစ်တော့တို့ ပျောက်ဆုံးခဲ့လေပြီ။
သဘာဝပတ်ဝန်းကျင်ယိုယွင်းမှုကြောင့် ရာသီဥတုလည်း ဖောက်ပြန်ရလေပြီ…။
အယ်လ်နီညိုတဲ့ …. အပူပြင်းဆုံးကာလတွေကို
ကျနော်တို့ဖြတ်ကျော်ကြရတော့မည်။

နွေဦးသည်ကား ပူပြင်းမှုအတွက် ရှေ့ပြေးအဖြစ် ဝင်ရောက်လာခဲ့ချေပြီ…..။
လေရူးလေးတွေကလည်း တောင်မြောက်အရှေ့အနောက် ကလူ၏သို့ မြူအိသို့ …..
ခရမ်းလွန်ရောင်ခြည်ပါဝင်မှုများပြားသည့်နေရောင်ခြည်ကလည်း စူးရှရှ …….။
ကျနော့်မှာ အိမ့်ရှေ့ လမ်းတစ်ဘက်တွင် လာရောက်စွန့်ပစ်ထားကြသည့် သစ်တော
တစ်တောစာမျှရှိမည့် ရွေဘော်စာများ လွှစာမှုန့်များကို ငေးရင်း …….
အယ်လ်နီညို ၊ ခရမ်းလွန်ရောင်ခြည်တို့အား လွှစက်ဝိုင်းသံများ၊
စက်ရွေဘော်သံများ နားဆင်ရင်း လူသားတို့ လောဘစိတ်များဖြင့်
အချိုးချကြည့်နေမိတော့သည်။

လေးစားစွာဖြင့် ……
k.t.w.l

4 comments

  • Thint Aye Yeik

    March 7, 2016 at 5:00 pm

    ဖတ်ပြီးးးးးးးး. . .

    ပူလာသည့် နွေဦးအကြောင်း စဉ်းစားမိရင်းကနေ
    ”အိုက်သည်”ဆိုသည့် စကားလုံးအား အတွေးပွါးချင်လာသည်။

    မြန်မာစကားထဲတွင် အိုက်သည် ဟု ဆိုကြလေ့ရှိ. . .
    ပူအိုက်သည် ဟု ဆိုလိုရင်းနဲ့ သုံးကြလေ့ရှိ. . .

    .တပြိုက်နက်ထဲမှာပဲ. . .
    တစ်စုံတစ်ခု နိမ့်ဆင်းကွေးကျလာခြင်းကို ဆိုလိုသည့်အခါမှာလည်း
    အိုက်သည် ဟု သုံးကြပြန်သည်။

    ဥပမာ- ခေါင်မိုးမျက်နှာကျက်ကြီး အောက်ကို အိုက် ကျ နေတယ် တို့ ဘာတို့။

    ဆိုတော့ သံတူကြောင်းကွဲတွေ. . .နဲ့ ရှုပ်ထွေးနေသော
    မြန်မာစကားလုံးများ ဒီ့ထက် ကွဲပြားစွာ ကြွယ်ဝ ဖြစ်တည်လာဖို့
    လိုနေပြီထင့်. . .

    • kotun winlatt

      March 7, 2016 at 10:33 pm

      ဆရာကြီး ဦးအောင်သင်းပြောဘူးတာလေးရှိတယ်ဗျ . . . ဆရာကြီး ဦးဖေမောင်တင်က မေးဘူးတယ်တဲ့ စိတ်ဆိုတာကို မြန်မာလို ဘယ်လိုခေါ်သလဲတဲ့လေ . . စိတ်ဆိုတာ ပါဠိစကား စိတ္တက လာပါသတဲ့ . . . စိတ်ကို မြန်မာလို ဘယ်လိုခေါ်သလဲတဲ့ ဆိုတော့ကာ . . .

    • kai

      March 8, 2016 at 8:04 am

      လူလူချင်းအတန်းအစားခွဲတဲ့… စာလုံးတွေကျကြွယ်ဝလှသား..
      ဒါနဲ့တင် ဇတ်ခွဲပြီး..မတိုးတက်နိုင်တာ..။
      အင်္ဂလိပ်.. I, you ကို.. ဗမာလိုခေါ်ကြည့်..။
      မင်း၊ ငါ၊ ခင်ဗျား၊ ကျနော်၊ ကျွန်တော်၊ ကျွန်မ၊ ကျမ၊ ကျွန်ု၊ နင်၊ သင်၊ ကျုပ်၊ အရှင်၊ ဘုရား၊
      ဒါတောင်.. ဦးလေး၊အဒေါ်၊အကို၊အမ၊ဆရာ၊ဘကြီး၊ အဒေါ်ကြီး၊ အမေ၊ အဘ၊ အကိုကြီး၊ ညီလေးဆိုပြီး တွေ့ကရာလူတွေ အမျိုးလိုက်တော်ခေါ်နေရာတာမပါသေးဘူး..။

      ဇတ်ခွဲစနစ် ဆန့်ကျင်ကြ..။ :k:

      • kotun winlatt

        March 8, 2016 at 3:43 pm

        မြတ်စွာဘုရားရှင်ဟောကြားတော်မူတာကတော့ ရုပ်နဲ့ နာမ်ပဲရှိပါသတဲ့လေ . . .
        (ဟဲ ဟဲ)

Leave a Reply