Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကျ​နော်​သာ ​ဒေါ်​အောင်​ဆန်​းစုကြည်​ ​နေရာမှာဆိုရင်​ ( သို့မဟုတ်​ )ပရိဿတ်​ အာရုံ ထဲမ​ရောက်​တဲ့ မင်​းသား

naywoon niMarch 12, 20161min9839

ကျ​နော်​သာ ​ဒေါ်​အောင်​ဆန်​းစုကြည်​ ​နေရာမှာဆိုရင်​ ( သို့မဟုတ်​ )ပရိဿတ်​ အာရုံ ထဲမ​ရောက်​တဲ့ မင်​းသား

​ခေါင်​းစဉ်​က​လေးပြီး လက်​က တွန်​့ဆုတ်​ တွန်​့ဆုတ်​ဖြစ်​​နေတာ ။ ​ရေး​ကော ​ရေးသင်​့ရဲ့လား ​ပေါ့ ။ ​ခေါင်​းစဉ်​ ​ပေးထားပြီး နှုတ်​ပက်​​လေး ဖွင်​့လိုက်​ ပြန်​ပိတ်​လိုက်​ ။ စာဖတ်​​နေလည်​း ခဏပဲ ။ ဂိမ်​း​ဆော့ ​နေလိုက်​ ခဏပဲ အာရုံစုစည်​းလို့ မရ ဘူး ။ ခုရက်​ပိုင်​း သမ္မတ ​ရွေးချယ်​တာ နဲ့ ပတ်​သက်​ပြီး ကျ​နော်​​ပြောချင်​လွန်​းလို့ပါ ။ ခု ဒုတိယ သမ္မတ နှစ်​​ယောက်​​ရွေးချယ်​ပြီးခဲ့ပြီ ။ အားလုံးက ပြည်​သူ့လွှတ်​​တော်​က တင်​တဲ့ ဒုတိယ သမ္မတ ကိုပဲ အာရုံထဲမှာထား ။ Facebook ထဲမှာ ​ရှောင်​မလွတ်​ ။ သို့​ပမယ်​့ ကျ​နော်​ သွားစိတ်​ဝင်​စားတာက အမျိုးသား လွှတ်​​တော်​က တင်​တဲ့ ဒုတိယ သမ္မတ ကိုစိတ်​ဝင်​စားတာ ။ ဘာလို့လဲ ဆို​တော့ ဦးထင်​​ကျော်​ဆိုတာက စီးပွား​ရေး မဟာဘွဲ့ရ ​အောက်​စဖို့ဒ်​ တက္ကသိုလ်​ထိ ​ရောက်​ဖူးတဲ့သူ ဆရာကြီးမင်​းသုဝဏ်​ရဲ့သား ။ ဘာမှ အပြစ်​​ပြောစရာမရှိ ဒါ​ကြောင်​့ သူ့ ဂုဏ်​ပုဒ်​​တွေ ​လျှောက်​​ပြော​နေ ​ရေး​နေရင်​ သူ့​လောက်​မတတ်​တဲ့ သူ​တွေဘက်​က အမြင်​ကတ်​ခံရဖို့ဘဲရှိ​တော့တာ ။ အမျိုးသား လွှတ်​​တော်​ဘက်​က တင်​တဲ့ ဦးဟင်​နရီ ဆိုတာက​တော့ လူသိသိပ်​နဲလွန်​းသူ ။ ​ရွေးချယ်​ပွဲမတိုင်​ခင်​ မီဒီယာ​တွေရဲ့ ထင်​​ကြေးမခံခဲ့ရသူ ( ထင်​​ကြေးအ​ပေးခံရဖို့မ​ပြောနဲ့ သူ့နာမယ်​ကို​တောင်​ ၁ဝ ရက်​​နေ့ကမှစကြားဖူးသူ​တွေမရှား ) တိုင်​းရင်​းသားကို ဒုသမ္မတ တင်​မယ်​ဆို​ပေမဲ့ လုံးဝ ထင်​မှတ်​မထားတဲ့သူ ဆို​တော့ကာ ​နေဝန်​းနီ တစ်​​ယောက်​ အ​တွေး​တွေက ​ဒေါ်​အောင်​ဆန်​းစုကြည်​ ဆီကို ချည်​းကပ်​ပြီး “ငါဆို ဘယ်​​တွေးမလဲ ဘယ်​လိုလုပ်​မလဲ ” ဆိုတာ နဲနဲ ဆ ဝါး ကြည်​့လိုက်​​တော့ လားလား ​နေဝန်​းနီ အ​တွေးအတိုင်​းသာဆိုရင်​ …………
( ​အောက်​​ဖော်​ပြပါ အ​တွေးများဟာ ​နေဝန်​းနီသာ ​ဒေါ်​အောင်​ဆန်​းစုကြည်​​နေရာမှာ ဆိုရင်​ ဒီလို​တွေးပြီး ဒီလိုလုပ်​ခဲ့မှာပဲ ဆိုတဲ့​နေဝန်​းနီ အ​တွေးများသာဖြစ်​ပြီး ကာယကံရှင်​များနဲ့ မည်​သို့မှမသက်​ဆိုင်​ပါ​ကြောင်​း )
​စော​စောပိုင်​းကတည်​းက ​နေဝန်​းနီ စိတ်​ထဲ ခိုးလို့ခုလု ။ NLD ရဲ့ သမ္မတ​လောင်​းကို မီဒီယာ​တွေက သိချင်​ ပါတီက ​ရေငုံနှုတ်​ပိတ်​ ။ ​ပြော​ရေး ဆိုခွင်​့ရသူ​တွေဆီကလည်​း တစ်​စွန်​းတစ်​စ မှမထွက်​ ။ မီဒီယာ​တွေနဲ့​တောင်​ ဒီကိစ္စ စကားများကြ ။ ​ပြော​ရေးဆိုခွင်​့ ပြန်​ရုတ်​သိမ်​း ။ ဆို​တော့က စကတည်​းက အမျိုးသား လွှတ်​​တော်​က တင်​မဲ့ ဒုတိယ သမ္မတ ကိုရာထားပြီးသား ။ သူ့အတွက်​ ​ရေငုံနှုတ်​ပိတ်​ လျှို့ဝှက်​လာခဲ့တာပဲ လို့ ​တွေးမိတယ်​ ။ ဒီဘက်​ကို အာရုံ​ရောက်​သွား​အောင်​ ​ဒေါ်​အောင်​ဆန်​းစုကြည်​ကို သမ္မတ ဖြစ်​​ရေး ၅၉(စ) ရပ်​တန်​့ဖို့ လုပ်​​နေတာက ဟန်​ပြသက်​သက်​ ။ ဒီကာချုပ်​လက်​ထက်​ ဒီအ​ခြေခံဥပ​ဒေ ပြင်​မ​ပေးနိုင်​ဘူးဆိုတာ အားလုံးသိပြီးသား ။ ဥပ​ဒေ ကို ဒီအစိုးရ သက်​တမ်​းမှာ ပြင်​မှာစိုးလို့ ကာချုပ်​က သူ့သက်​တမ်​းကို​တောင်​​နောက်​ထပ်​ ၅ နှစ်​ထပ်​တိုးခဲ့​သေးတာ ။ ပထမ ဒုတိယ သမ္မတ ​ရွေးချယ်​ဖို့ မတ်​လ ၁ရ ရက်​​နေ့ကို ​ကြေငြာခဲ့တယ်​ ။ ​နောက်​ ခန်​့မှန်​တွက်​ချက်​မှု​တွေ ပြင်​းထန်​လာပြီး အမှန်​နဲ့ နီးစပ်​လာ​တော့ (၁၀) ရက်​​နေ့ဆိုပြီး​ရှေ့တိုးလိုက်​တယ်​ ။ ဘာလို့လဲဆို​တော့ မီဒီယာ​တွေက သတင်​းနှိုက်​မရ​တော့ သူတို့အထင်​​တွေ ​လျှောက်​​ရေးကုန်​ရင်​ ရှင်​းမရ​အောင်​ရှုပ်​ကုန်​မှာစိုးတာလည်​းပါပြီး ကိုယ်​့ လျှို့ဝှက်​ချက်​ကိုလည်​း ပြန်​လည်​းထမ်​းသိမ်​းရတာ ခက်​လာပုံရပါတယ်​ ။ ဘာလို့ လျှို့ဝှက်​ထားရသလဲ ။ ဟဲဟဲ မသိ​စေချင်​လို့​ပေါ့ဗျ ။ ချင်​းလူမျိုး ဦး ဟင်​နရီက ခရစ်​ယာန်​ ။ စစ်​မှုထမ်​းဖူးသူ ။ ​တွေ့ရသ​လောက်​ ကိုယ်​​ရေးအကျဉ်​းမှာ တပ်​မ​တော်​ ရာထူး အဆင်​့​ဖော်​ပြမထား ။ သိ​တော်​မူတဲ့အတိုင်​း မြန်​မာပြည်​က ဘာသာ​ရေးနဲ့ပတ်​သက်​ရင်​ ထိလွယ်​ရှလွယ်​ ။ ဒါကတစ်​ဘက်​ ။ ​နောက်​ တပ်​မ​တော်​က ဗိုလ်​ချုပ်​ကြီး​တွေ​လောက်​သာ ​မျှော်​လင်​့ထားတဲ့​နေရာ ဒုသမ္မတ ။ ဦးဟင်​နရီက အရာရှိငယ်​ ​လောက်​ပဲ ရှိနိုင်​တယ်​ ။ ဆို​တော့ကာ လျှို့ဝှက်​မထားလို့မဖြစ်​နိင်​ဘူး ။ ​ပေါက်​ကြားသွားမယ်​ဆိုရင်​ ဘာသာ​ရေးအစွန်​း​ရောက်​​တွေက​ရော တပ်​မ​တော်​ဘက်​ကပါ ကန်​့ကွက်​​တော့မှာ ဒီမှာမလိုလားအပ်​တာ​တွေ​ပေါ်လာမယ်​ ။ ဒီ​နေရာမှာ သမ္မတ ​ရွေးချယ်​ပွဲ​ကြေငြာထားတဲ့ ရက်​​ရောက်​​အောင်​ ဘာနဲ့ အချိန်​ဆွဲမလဲ ။ အာလုံးလိုလားတဲ့ တပ်​ဘက်​ကလည်​း ပြင်​မ​ပေးနိုင်​တဲ့ ၅၉(စ) နဲ့ အာရုံ​ပြောင်​း​ပေးလိုက်​တာပဲ ။ ဒါဖြင်​့ ဘာလို့ ဦးဟင်​နရီ ကို ​ရွေးလဲ ။ သမ္မတ လုပ်​နိုင်​မဲ့ အရည်​အချင်​းရှိလို့ ။ ချင်​းတိုင်​းရင်​းသားဖြစ်​လို့ ။ တိုင်​းရင်​းသား​တွေကို​ပြောချင်​တာက ဗမာလူမျိုးမှမဟုတ်​ဘူး ။ ဗုဒ္ဓဘာသာ ဖြစ်​မှ မဟုတ်​ဘူး ။ လူနည်​းစု ချင်​းတိုင်​းရင်​းသားထဲကလည်​း အရည်​အချင်​းရှိရင်​ NLD နဲ့ လက်​တွဲမယ်​ဆိုရင်​ သမ္မတ ဖြစ်​နိုင်​တယ်​ ။ ​နောက်​တပ်​မ​တော်​သား​တွေကို ဆက်​​ပြောတယ်​ ။ မြင်​လား သမ္မတ ဖြစ်​ဖို့ ဗိုလ်​ချုပ်​ဖြစ်​စရာမလိုဘူး ။ အရည်​အချင်​းရှိရင်​ NLD နဲ့ လက်​တွဲမယ်​ဆိုရင်​ သမ္မတ ဖြစ်​နိုင်​တယ်​ ။
ကျုပ်​​တော့ ဒီလိုပဲ ​တွေးလို့ရတယ်​ ။ ဒီပွဲမှာ အဓိက ဇာတ်​လိုက်​က ဦးထင်​​ကျော်​မဟုတ်​ဘူး ။ ဦးဟင်​နရီ ​ဗန်​​ဆေးယူ ……. ပါလို့ ။

​နေဝန်​းနီ
10:33PM
2016 March 11

9 comments

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    March 12, 2016 at 9:23 pm

    ဒါကတော့ ဥနီရဲ့ အမြင်ပေါ့
    ထင်ကြေးစုံ အမြင်စုံ ရှိခွင့်ရှိပါတယ်
    အဖြေမှန်ကတော့ ဘွားဒေါ် ဆီမှာပဲ ရှိလေသည်ပေါ့ ဥနီရယ်
    သေချာဒါကဒေါ့ ဘွားဒေါ်ရဲ့ အကွက်တွေထဲ
    အကုန် ချာလပတ် ရမ်းခဲ့ကြလေသည်ပေါ့ ဗျာ

  • hmee

    March 13, 2016 at 3:06 am

    ၅၉ (စ)နဲ့ ဒေါ်ခင်ဝိုင်းကြည်ကြီး အလုပ်ရှုပ်သွားတယ်။ သူ့ ဉာဏ်လောက်နဲ့များ ဒေါ်အောင်ဆန်းစုကြည်ကို ဃှဉ်ချင်သေးတယ်။ ဓကားခနဲပဲ 😀

  • kai

    March 13, 2016 at 4:11 am

    အမေရိက နိုင်ငံရေးကို ကိုယ်တွယ်ထိမ်းကြောင်းထားတာ.. ဂျူးတွေ..။
    စီးပွားရေးလောကကို.. အုပ်စီးထားတာ ဂျူးတွေ..။
    တတ်သိပညာရှင်.. ထိပ်တန်းရှေ့နေတွေဆိုလည်း.. ဂျူး…။
    အိုင်စတိုင်းလည်း ဂျူး..။ ဖေ့စ်ဘုတ်စီအီးအိုလည်း ဂျူး…။ အမေရိက ဒုသမ္မတ ဂျိုးဘိုင်ဒင်လည်းဂျူး..။

    ဆိုတော့…
    အစ္စရေးက.. သူတို့ရဲ့ပျောက်ဆုံးခဲ့တဲ့ မျိုးနွယ်စုဆိုပြီး ချင်းတွေထောင်ချီကို.. အစ္စရေးမှာနေရာချထားပေးဖူးတယ်..။
    တကယ်တော့ ချင်းအများစုဟာ.. ခရစ်ယန်တွေပါ…။ ဂျူးဘာသာမပြောင်းကြသေးပါဘူး…။
    ဘာပဲဖြစ်ဖြစ်.. ခရစ်ယန်ချင်းကြီး မြန်မာဒုသမ္မတဖြစ်လာတာ.. အကောင်းဖက်များတယ်လို့သာ… ထင်..။ :k:

  • naywoon ni

    March 13, 2016 at 11:14 pm

    kai says:
    အမေရိက နိုင်ငံရေးကို ကိုယ်တွယ်ထိမ်းကြောင်းထားတာ.. ဂျူးတွေ..။
    စီးပွားရေးလောကကို.. အုပ်စီးထားတာ ဂျူးတွေ..။
    တတ်သိပညာရှင်.. ထိပ်တန်းရှေ့နေတွေဆိုလည်း.. ဂျူး…။
    အိုင်စတိုင်းလည်း ဂျူး..။ ဖေ့စ်ဘုတ်စီအီးအိုလည်း ဂျူး…။ အမေရိက ဒုသမ္မတ ဂျိုးဘိုင်ဒင်လည်းဂျူး..။
    ဆိုတော့…
    မြန်​မာပြည်​နဲ့​တော့ ​ပြောင်​းပြန်​ ​ပြောရမှာ​တောင်​ ရှက်​စရာ သို့​ပေမဲ့ ​ငွေ​​ရောင်​ပိတ်​ကား​ပေါ်မှာ မထင်​မှတ်​တာ​တွေ မ​မျှော်​လင်​့တာ​တွေ မကြုံဖူးတာ​တွေ ​တွေ့ရ ကြုံရ ကြားရ မြင်​ရ ဦးမည်​့ ငါးနှစ်​တာ ၂၁ ရာစု ၅ နှစ်​ရာသီ ဗမာပြည်​ မှာ​လေ 🙂

  • ခင်ဇော်

    March 14, 2016 at 10:11 am

    ပိတ်ကားထက်မှာ ဆက်လက်ရှုစားတာပဲကောင်းပါတယ်။
    ကိုယ် ညာဏ်မှီတဲ့ ကိစ္စတွေမဟုတ်တော့။

    :mrgreenn:

  • Ma Ma

    March 15, 2016 at 6:56 am

    ဦးထင်ကျော်ကို ဒု-သမ္မတ ရွေးပြီး ဦးထင်ကျော်ရဲ့ Biography တွေ ဖတ်ရတဲ့အခါမှာ………..
    ဒေါ်စုလို နောက်တစ်ယောက် မရှိနိုင်ဘူးလို့ ပြောနေကြတာတွေကြောင့် စိတ်ပူနေတာတွေ လျော့ပါးသွားတယ်။

    အခုလည်း အဘနီရဲ့ အတွေးကို ဖတ်ရတော့…………..
    ကိုယ်ထင်ထားတာထက် အများကြီးတွေးထားတာပဲ။

  • Thint Aye Yeik

    March 15, 2016 at 9:57 am

    လိုက်လို့ မမှီတဲ့ အမေစုရဲ့ ပညာခန်းများကို
    တစ်နေ့ပြီးတစ်နေ့ မြင်တွေ့ခွင့် ရလေပြီ။

    .ဒေါ်စု ခေတ်မှာ လူ ဖြစ်ခဲ့ကြောင်းလည်း
    ကိုယ့်သမိုင်းထဲ ဂုဏ်ယူစွာ ထည့်ရေးနိုင်ပြီ။

    😆

  • ဝင့်ပြုံးမြင့်

    March 16, 2016 at 5:07 pm

    အင်းး ဘနီရေးတာ ကြောင်းကျိုးကိုက်တယ်။ အများကြီးကို တွေးနေတာကိုး

    • naywoon ni

      March 21, 2016 at 10:26 pm

      ဟုတ်​တယ်​ဗျ ကျ​နော်​ ဝတ္ထု တစ်​ပုဒ်​​လောက်​​ရေးမလို့ အဲ့လို လူတစ်​​ယောက်​ချင်​းစီရဲ့ အ​တွေးကို လိုက်​ပြီး ​တွေးကြည်​့​နေတာ သို့​ပေမဲ့ သူမကို​တော့ လက်​​မြှောက်​ထားရ ခုလည်​း ကြည်​့​လေ ဝန်​ကြီးဌာန ​လေးခုကို သူတစ်​​ယောက်​ထဲကိုင်​မယ်​လို သစ်​ထူးလွင်​က တက်​လာြပြီ ။ အံ့ဩစရာမရှိပါဘူး ။ ရှိသမျှဝန်​ကြီးဌာန သူတစ်​​ယောက်​ထဲ ကိုင်​မယ်​ဆိုလည်​း တိုင်​းပြည်​က လိုလိုလားလား လက်​ခံမှာပဲကို 🙂

Leave a Reply