Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြေပဲယိုလေးတကိုက်နှစ်ကိုက် (၈) – Cost-Cutting ချွေတာတယ်ဆိုတာ ရှက်စရာလား

padonmarJune 13, 20161min105113

………………………………………………………………………………..
တချိန်တုံးက အစိုးရရုံများမှာ ကပ်ထားတဲ့ (ကပ်ရုံကပ်ပြီး မလိုက်နာတဲ့) ဆောင်ပုဒ်တွေ အများကြီး ရှိပါတယ်။
ဥပမာ- လာဘ်ပေးရန်မလို၊ ကူညီပါရစေ။…စသည်စသည်ပေါ့။
အဲဒီထဲ TV မှာပါ လွှင့်တဲ့ ဆောင်ပုဒ်တခု ရှိသေးတယ်။
“ရေကို မူလချွေတာကြ၊
လျှပ်စစ်ကိုလည်း ချွေတာပြီး
လောင်စာကိုပါ ချွေတာပါ။.”…..တဲ့။
ထုံးစံအတိုင်း ကပ်ထားပြီးရင် လိုက်နာဖို့ မလိုဘူးလေ။

-ရေဆို ခွက်အပြည့်ထည့်သောက် ၊ပိုတာကို ဘေးပက်ထည့်လိုက်ရုံ။
ပလပ်စတစ် တခါသုံးခွက်နဲ့ သောက်ရင်လည်း ပလပ်စတစ်ခွက်ဟောင်းတွေ တောင်ပုံရာပုံ အမှိုက်ထဲသာရောက်။

-လျှပ်စစ်ကလည်း လူမရှိတဲ့ လမ်းမကြီးတွေမှာ ထိန်ထိန်ညီး။
ရုံးခန်းမီးတွေ ရုံးဆင်းသွားရင် နေ့အလားဖွင့်ခဲ့။
အလုပ်မလုပ်လည်း ပပဝတီတွေက ခုနစ်ဆောင်တိုက်ခန်း မလင်းမှာစိုးလို့ အပြည့်ထွန်း၊
(မီတာခလာတော့မှ ကိုယ့်အိမ်ဆို အမေက များတယ်အော်၊
အများဆိုင်နေရာဆို သိတောင်မှ မသိလိုက်ကြ။)

-လောင်စာကတော့ တတောလုံးပြောင်ပြီး ရေကြီး မြေပြိုတောင် ဖြစ်နေပြီလေ။

ကိုယ့်ထက် အဆများစွာ ချမ်းသာတဲ့ မြေပဲတိုင်းပြည်မှာ…
ရေပူရေအေးစက်ဘေး ကပ်ထားတဲ့ တခါသုံးရေခွက်က စက္ကူ သေးသေးလေးကို ကတော့ပုံခေါက်ပေးထားတယ်။

2

 

1
ရေလည်း အပိုအများကြီး ထည့်သောက်လို့မရအောင် ထိန်းပြီးသား။

4

 

3
ကမာ္ဘ့မြေဆီလွှာကို ဒုက္ခပေးမယ့် ပလပ်စတစ်ခွက်လည်း မဟုတ်၊
ဆွေးမြည့်လွယ်တဲ့ စက္ကူ။ဒါတောင် ကြီးကြီးမဟုတ်။

-Marks & Spencer department store က ဈေးဝယ်အိတ်မှာ Please reuse to help protect the environment လို့ ရေးပြီး စက္ကူအိတ်တွေကို အထပ်ထပ်ပြန်သုံးခိုင်းတယ်။

5

-ထိုင်ဝမ်ဒီပ ဖားအောက်တောရကျောင်းမှာ တံပျက်စည်းက ဝယ်မသုံးပါဘူး။
သစ်ခက်ခြောက်တွေကို စုစည်းပြီး တံပျက်စည်းလုပ်သုံးတယ်။

6
(တရုတ်ပြည် ရွှေလီကျယ်ဂေါင်ဖက်မှာလည်း အဲသလို သစ်ခက် တံပျက်စည်း သုံးတာ Ko Pauk Mandalay ရဲ့ ဓာတ်ပုံတွေထဲ တွေ့ဖူးပါတယ်)
ရွှေပြည်ကြီးမှာတော့ ရှေးက ဘိုးဘွားမိဘတွေရဲ့ အိမ်တွင်းဖြစ် အုန်းလက် တံပျက်စည်းတွေအစား အလွယ်ရတဲ့ ပလပ်စတစ်တံပျက်စည်းတွေ ဝယ်သုံးလာပြီ။
ရှေးက အမေတို့ အဖွားတို့ အကျီင်္ချုပ်လို့ ပိုတဲ့ ဖြတ်စတွေကို ကြက်မွေးလုပ်၊ခြေသုတ်လုပ်ပြန်သုံးတာတွေ လုံးဝနီးပါး ပျောက်ပြီး တရုတ်က ယိုးဒယားကလာတဲ့ မော်တာကြမ်းသုတ်တံတို့ ပလပ်စတစ်ကြက်မွေး၊ပလပ်စတစ် ခြေသုတ်တို့ အစားထိုးပြီး အလွယ် ဝယ်သုံးကုန်ပြီ။

-ထိုင်ဝမ်ဖားအောက် ကျောင်းမှာပဲ ပုလင်းလေးထဲ အသီးတွေ စိမ်ထားတာ တွေ့လို့ စပ်စုတော့ အပင်တွေက ကြွေကျတဲ့ အသီးတွေကို (လူမစားတာတွေပါ) အလဟဿ အဖြစ်မခံပဲ ကောက်ပြီး Chemical တခုထည့်စိမ်ထားရင် ဆပ်ပြာရပါတယ်တဲ့။ ပန်းကန်ဆေးဆပ်ပြာအဖြစ်သုံးတာပါ။

7
ကျမတို့ အမေတွေ အဒေါ်တွေ သံပုရာသီး ညှစ်ပြီးရင် အခွံလေးကို ဆားနဲ့ထပ်၊လေလုံအောင် သိမ်းထားပြီး သံပုရာသီးသနပ် လုပ်စားကြတယ်။
အခုတော့ အဲသလို လုပ်ပြရင်လည်း အိမ်မှာ ဆက်လုပ်မယ့်သူမရှိတော့ဘူး။
Shopping center ကပဲ အလွယ်တကူ ဝယ်စားကြတော့တယ်။

-တချိန်က India လွတ်လပ်ရေး ရခါစမှာ ဟိုတယ်တွေမှာတောင် အာလူးဟင်းကလွဲပြီး အကောင်းစားဟင်းအမယ်များစွာ မှာစားခွင့်မရှိဘူးလို့ ဖတ်ဖူးပါတယ်။တိုင်းပြည်ဆင်းရဲနေသေးချိန် ဖြုန်းတီးခွင့် မပေးတာပါ။
(အခုနေများ အဲသလို အမိန့်ထုတ်ရင် သံခမောက် ဆောင်းထားရပါလိမ့်မယ်)

ကိုယ့်ထက် အစစအရာရာ ချမ်းသာနေတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာတောင် မကုန်သင့်တာ မကုန်ရအောင် ချွေတာနေကြသေးရင် ကျမတို့ ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်နေတဲ့ မဟာရွှေပြည်တော်ကြီးမှာရော ချွေတာတယ်ဆိုတာကို ရှက်နေကြအုံးမှာပါလား လို့ မေးစမ်းချင်ပါတယ်။

(Paper cup Photos -credit to Hnin Wut)

13 comments

  • ခင်ဇော်

    June 13, 2016 at 12:06 pm

    Innisfree ဆိုတဲ့ ကိုရီးယားဆိုင်မှာဆို ပစ္စည်းဝယ်ပြီး အိတ်ယူမလား မေးတယ်။
    အိတ်မယူဘူးဆိုရင် Handcream လေးတွေ ပေးတယ်။
    ဆိုတော့ ဘယ်သူမှ အိတ်မတောင်းတော့ပဲ သူတို့ Handcream လေးတွေပဲ ယူတယ်။
    ဟိ။
    အဲဒီ ဘူးတွေ ကုန်ရင် လွှင့်မပစ်ပဲ သူတို့ ဆီ ပြန်လာပေးရင် ဒစ်စကောင့်ပေးတယ်။
    ဟိ။

    :k:

  • ဂျစ်စူ

    June 13, 2016 at 1:26 pm

    ရှက်ဘူး shark bull
    ☺

  • kai

    June 13, 2016 at 4:36 pm


    ကယ်လီဖိုးနီးယားမှာ.. သောက်ရေသန့်ဗူးအပါအဝင်.. အချိုရည်ဗူး၊ ဘီယာဘီ၊ပုလင်းစတာတွေမှာ.. စာကလေးကပ်ထားပေးတယ်..။
    CA-CRV တဲ့..။
    အဲဒါပါတဲ့ ဗူးတွေကို.. ပြန်သွင်းရင်.. ပိုက်ဆံပြန်ရတယ်..။
    ကျောင်းသားကလေးတွေကို မုန့်ဖိုးရအောင်လုပ်တဲ့နည်းအပြင်.. ပတ်ဝန်းကျင်ထိမ်းသိမ်းတတ်အောင် သင်သွားပေးတာပါပဲ..။
    ( ရေးဖူးတယ်..)

    မြန်မာပြည်မယ်.. ရေမြောင်းပိတ်နေတာတွေကို.. ကြည့်တော့.. ပလပ်စတစ်ဗူးခွံတွေတော်တော်များနေတာ သတိထားမိတယ်..။
    ယူအက်စ်လိုနည်းကို ကော်ပီယူသင့်တယ်လို့ထင်..။

    Beverage Container Recycling Home Page – CalRecycle
    http://www.calrecycle.ca.gov/bevcontainer/
    California Integrated Waste Management Board
    May 9, 2014 – Beverage containers covered under the act are subject to California Redemption Value (CRV), which is 5 cents for containers less than 24 ounces, 10 cents for containers 24 ounces or larger.
    ‎Find a Recycling Center · ‎Recyclers · ‎Biannual Report of Beverage … · ‎Retailers
    =
    Beverage Container Recycling

    Welcome to California’s Beverage Container Recycling Program. Whether you’re a consumer who wants to redeem your empty bottles and cans for cash, a recycling center operator who needs the latest industry updates, or anyone else with an interest in beverage container recycling, you’ll find the information you need on these pages.

    CalRecycle, officially known as the Department of Resources Recycling and Recovery, administers the California Beverage Container Recycling and Litter Reduction Act. Beverage containers covered under the act are subject to California Redemption Value (CRV), which is 5 cents for containers less than 24 ounces, 10 cents for containers 24 ounces or larger. Thanks to the CRV cash incentive, more than 300 billion aluminum, glass, and plastic beverage containers have been recycled since the program began in 1987.

  • Thint Aye Yeik

    June 15, 2016 at 11:37 am

    တစ်ခါသုံး သောက်ရေခွက်ကို စက္ကူ လေးနဲ့ လုပ်ထားကို သဘောကျချက်…
    ဒီမှာလည်း အဲ့ဒါမျိုး လုပ်ရင် ကောင်းမယ်။

    .ကျနော်တော့ အဆောင်မှာ နေတာ.. လူပေါင်းစုံ စုနေရတော့…တော်တော်များများဟာ စွမ်းအင် ချွေတာရ ကောင်းမှန်းလည်း မသိကြ…ရေ ချွေတာရကောင်းမှန်းလည်း မသိကြ…
    ကမ္ဘာကြီးရဲ့ ဘယ်ထောင့် ဘယ်နေရာကိုမှ ချွေတာ ပေးရကောင်းမှန်း၊ ကယ်တင် ထိန်းသိမ်းပေးရကောင်းမှန်း မသိကြတဲ့ လူငယ် လူရွယ်တွေ တပုံကြီးကို နေ့စဉ် မြင်နေရတာ….

    သွားတိုက်ဖို့လုပ်ရင်… ဘေစင်က ရေပိုက်ခေါင်းကို ဖွင့်ချလိုက်တယ်။
    သွားတိုက်ဆေးကို ရေစိုအောင် တစ်ချက်တို့ရုံပဲ…တို့တာကို…။ တို့အပြီးမှာ..ရေပိုက်ကို ပြန်မလှည့် မပိတ်…။
    ဆိုတော့…သွားတိုက်နေစဉ် နှစ်မိနစ် သုံးမိနစ်အတွင်းမှာ…ဘေစင်ထဲ…ရေတွေ ကျနေတာ..အလဟသ…
    ကျနော့်မှာဖြင့် ဘေးကနေ မြင်နေရရင်..နှမြောလိုက်တာ…။

    မီးတွေဆိုလည်း..မလိုအပ်ပဲ…အိမ်သာထဲလည်း ထိန်နေအောင် ဖွင့်ထားတာ။
    အမှန်ဆို…အိမ်သာထဲ ဝင်ခါနီးမှ ထောက်ခနဲ ဖွင့်ပြီး ဝင်လိုက်လည်း ရတာပဲ။
    အိမ်သာထဲက ပြန်ထွက်တဲ့အခါ…အပြင်ဘက်ကနေ မီးခလုပ်ကို ပိတ်ခဲ့ရုံနဲ့ စွမ်းအင်ကို ချွေတာတဲ့သူ ဖြစ်သွားမှာကို မတွေးကြ။

    ဒါ..ကျနော်နေတဲ့ အဆောင်တစ်ခုထဲမှာပဲ။
    တခြားအဆောင်ပေါင်းများစွာထဲက…အလုပ်သမားလူငယ်တွေရော..
    အဲ့လိုပဲ…လား။

    အခုတော့…
    ကိုယ့်ကိုယ်ကိုပဲ..ပြင်လို့ ရတယ်။ သူတို့ကို…အစစအရာရာ လိုက်ပြောနေရင်..ရန်ချည်း ဖြစ်နေရမှာမို့…

    ဒါမယ့်…ကိုယ် လုပ်သလို…ရေတွေ မီးတွေ ချွေတာတာကို…လိုက် ချွေတာတဲ့ ချာတိတ် တစ်ယောက်နှစ်ယောက်တော့ ရှိတာ အမြတ်။

    သူများနိုင်ငံတွေ တိုးတက်သွားတယ်ဆိုတာ…
    သူတို့ရဲ့ စိတ်ဓါတ်အဆင့်အတန်းကိုက…အစကတည်းက မနိမ့်ကျခဲ့လို့…လို့… မြင်နေမိတယ်။

    ကျနော်တို့မှာတော့….

  • အောင် မိုးသူ

    June 15, 2016 at 4:28 pm

    ဟိုးအရင်မြန်မာက လူကြီးတွေက ကိုယ်တွေ ပိုချွေတာ ပိုစည်းကမ်းရှိကြသလားလို့နော်။ ကျွတ်ကျွတ်အိတ်ဆိုလည်း သုံးပြီးသားလေးတွေ လှမ်းပြီး အခြောက်ခံ ပြန်ခေါက်သိမ်းထားတယ်။ ထမင်းတွေ ပိုရင် ထမင်းခြောက်လှမ်းထား ဘူးထဲထည့်ထားတယ်။ သံပုရာသီး နည်းနည်းပုပ်တာလေးတွေ သန့်စင်ပြီး ဆားစိမ်ကြတယ်။ နောက ်အရင်တုန်းက ကျွတ်ကျွတ်အိတ်သိပ်မသုံး သတင်းစားစက္ကူရယ် အင်ဖတ်တွေ သုံးတယ်။ အဲ့ဒါတွေကအစ။

    • kai

      June 15, 2016 at 5:05 pm

      အဲဒီတုံးက.. သယံဇာတတွေထုတ်မရောင်းသေးတော့.. ပိုမွဲတယ်လေ…။
      နောက်…သတင်း..မီဒီယာတွေမှာလည်း.. ပြည်တွင်းမကောင်းသတင်းတွေမဖေါ်ပြသမို့.. မြန်မာဆိုတာ.. ကမ္ဘာမှာ..အယဉ်ကျေးဆုံး.. အငြိမ်းချမ်းဆုံး.. သဘာဝဘေးအန္တရာယ်တွေမရှိတဲ့.. မေတ္တာတိုင်းပြည်ကြီးလို့လည်း.. ထင်သပေါ့..။
      နိုင်ငံခြားဆိုတာ.. အင်မတန်ရိုင်းစိုင်းတဲ့သူတွေနေတယ်ထင်တာကိုး..။ ( ကျုပ်လည်းပါခဲ့သဗျ… )
      နိုင်ငံခြားက.. တိုင်းမ်မဂ္ဂဇင်းလေးတအုပ်ရရင်ပဲ… စာအုပ်အဖုံးလုပ်ရ.. အမြတ်တနိုးနံရံမှာကပ်ရလည်း ဖြစ်ခဲ့လောက်အောင် ပစ္စည်းရှား/မွဲခဲ့တာကိုး…။

      အခုက.. သယံဇာတ..မြေပေါ်မြေအောက်အကုန်ထုတ်ရောင်းနေတော့.. နည်းနည်းလုပ်အား.. ပြောအားရှိလာသပေါ့..။ :k:
      ရန်ကုန်ရောက်တုံး.. ဆိပ်ကမ်းအဝင်အထွက်တွေလေ့လာကြည့်နိုင်ခဲ့တာ… ရင်ထဲနင့်နေတာပဲ..။
      အိပ်စပို့.. ဇီးရိုးရက်တွေ.. အများးးးးကြီး…။
      သဘောင်္တွေက.. ကုန်အဝင်ပဲရှိတယ်.. အထွက်ခါလီပြန်ကြရတာ….
      အင်း.. ဘိန်းသာမကယ်ရင်.. မြန်မာပြည်.. ကမ္ဘာအဆင်းရဲဆုံးကို.. ၂ပြန်ဖြတ်အောင်မွဲတယ်..။
      ရှက်ရှက်တို့ရဲ့.. ရှက်စရာ..။ 😥

  • ဝင့်ပြုံးမြင့်

    June 15, 2016 at 5:31 pm

    ကြုံတုန်း အာတီဒုံ ကြီးနောက်ဦးမှ။ အမြတ်ခွန်ရုံးရှေ့မှာ နေတဲ့လူဆိုတော့ နည်းနည်းပါးပါးတော့ သိတာပေါ့။ အိမ်တစ်လုံးရောင်းရင် အမြတ်ခွန်သွင်းရတယ်။ ၁၅သိန်း သွင်းရမှာကို နားလည်မှုနဲ့ ရသိန်းပဲ သွင်းလို့ ရတယ်။ အဲဒါ ချွေတာရေးလား ဟိဟိ။

    • kai

      June 16, 2016 at 6:12 am

      အမေရိကားကျ.. အခွန်ဆောင်ပြီးငွေဖြူဖြစ်နေဖို့ ပိုအရေးကြီးသမို့.. အခွန်ဆောင်ဖို့ငွေပေးတာကို ပိုထက်သန်ကြတယ်..။
      သဘောက..အိမ်တလုံးရောင်းလို့.. ၁၅သိန်းအမြတ်ခွန်သွင်းရင်.. အခွန် ၃၀%ဆိုပါစို့..။
      ငွေဖြူ သိန်း၅၀-၁၅သိန်း = ၃၅သိန်း ရှိတယ်ဆိုတဲ့အဓိပ္ပါယ်..။
      ရသိန်းပဲသွင်းတော့.. ငွေဖြူ.. သိန်း၂ဝကျော်ကျော်ပဲဆိုတဲ့ အဓိပ္ပါယ်…။

  • အိမ်မှာဆို ကိုယ်က ကျွတ်ကျွျတ်အိတ်လေးကို ရေဆေးပြီး ချိတ်ထားရင် ရေတစ်စက်စက်ကျနေတာ ရှုပ်တယ်ဆိုပြီး အမှိုက်ပုံးထဲ ထည့်ပစ်တယ် . . Change ဆိုတာ လုပ်ဖို့ဆိုရင် ပါဝါရှိဖို့လိုတယ်လို့ ထင်မိတယ် . . . လောလောဆယ်တော့ recycle paper bead jewelery တွေလုပ်ဖို့ အားသန်နေတယ် . n .

  • ဦးကြောင်ကြီး

    June 17, 2016 at 9:55 am

    ခိုနီဒုံဂ ျီးကို မစန့်က ျင်ကြ…

  • uncle gyi

    June 17, 2016 at 4:47 pm

    ခွေ ျတာတာသိတဲ့နေ့မြန်မာပြည်တိုးတက်တဲ့နေ့ပဲ

    • kai

      June 17, 2016 at 6:25 pm

      ချွေတာကြတဲ့နေ့လို့မရေးပဲ.. သိတဲ့နေ့လို့ရေးသမို့.. ကျေးဇူးတင်..။
      ဟုတ်ပ…။
      တိုးတက်တဲ့ နိုင်ငံကြီးသားတွေက.. ချွေတာတာကို သိတာ…။
      တချို့ဟာတွေကျ.. မချွေတာဘူး..။ တမင်ကို သုံးပစ်ဖြုံးပစ်တယ်..။ အစိုးရက.. လူတွေသုံးအောင်ဖြုံးအောင်.. ပေါ်လစီထားလုပ်တယ်..။
      အလုပ်အကိုင်အခွင့်အလန်းကို ဖေါ်နိုင်အောင်.. တယောက်ယောက်အလုပ်ရသွားအောင်.. ရည်ရွယ်လုပ်တယ်..။ တပြိုင်ထဲ.. နိုင်ငံကြီးသားစိတ်..။ ကမ္ဘာမြေကိုစောင့်ရှောက်တဲ့စိတ်ကိုလည်း.. မွေးမြူတယ်..။ သိထားတယ်..။

      အဲလိုမြန်မာတွေ.. ဖြစ်လာသင့်သပေါ့..။
      မနက်ဖြန်.. သို့မဟုတ်.. ဘယ်သောအခါ..။ :k:

  • Shar Thet Man

    May 10, 2018 at 11:33 am

    အိုင်ဒီယာလေးတွေသိပ်မိုက်တာပဲ….တစ်နေ့နေ့ကျရင်ဒါလေးတွေပြန်သုံးမယ်

Leave a Reply