အီကိုကျကျ ဒီဇိုင်းအလှ (Part 1)
ရေးမယ် ရေးမယ်နဲ့ ကြံစည်ပြီး ကတိပေးပေးထားတဲ့ ခေးတွေလည်း များလှပါပြီ။ မမဂျီးကို ခွင့်လွှတ်ကြပါ။
အဟိ။
အဲတော့ မရေးခင်လေး ကိုယ့်အကြောင်းကို ပွါးဗျဇီအူးးး၊ ဒါမှ ရေးဖြစ်တဲ့ တွန်းအားကို သိမှာမို့လို့ပါ။
အမှန်ပြောရရင် ကိုယ်က မလှတော့ ကိုယ့်ဆီမှာရှိတဲ့ ချို့ယွင်းချက် တွေ ဖုံးစရာက သိပ်များတယ်။ ကိုယ့် ဆီမှာရှိတဲ့ အားသာချက်လေးတွေကလည်း သိထားရသေးတယ်။
သထေးသမီးလည်းမဟုတ်ခဲ့သလို ခုချိန်လည်း သထေးမ မဟုတ်တဲ့ အတွက် ဘတ်ဂျက်ကိုလည်း တွက်ရတယ်။
ဒီ ကြားထဲကမှ ကိုယ့်ကိုယ်ကို လှအောင် ဆင်ရ ပြင်ရတယ်။ တအားနင်းကြီး လှချင်တဲ့ထဲမပါပေမဲ့ စမတ်ကျတဲ့အထဲ ကြည့်ကောင်းတဲ့ စတိုင်ထဲတော့ ပါချင်တာ တစ်ပိုင်းကိုသေလို့။
:mrgreenn:
သိတတ်စကတည်းက အဝတ်အစားအသုံးအဆောင်ကို လှတာထက် ကိုယ်နဲ့ လိုက်တာပဲ ရွေးချယ်ချင်တယ်။
လူတစ်ယောက်ကို ကြည့်ရင် လှမလှထက် Smart & Fashionable ဖြစ်မဖြစ် အရင် ကြည့်တယ်။
အဲဒါကြောင့် အသက် အတော်ငယ်ငယ်ကတည်းက Pretty တို့ Beautiful တို့ ဆိုတာမျိုးထက် Cute and attractive ဆိုတဲ့ မှတ်ချက်မျိုးကို ပိုကြိုက်တယ်။
အဲလို မှတ်ချက်မျိုးပဲ ရချင်တယ်။
အဲဒီတော့ စာတွေ ဖတ်ကတည်းက အလှအပ ရေးရာလို့ ဆိုလို့ ရှိရင်…..
အရောင် အတွဲအစပ်ကို ဖတ်တယ်။ ဖက်ရှင် ရိုးရိုးရှင်းရှင်းနဲ့ ဆွဲဆောင်မှုရှိတဲ့ ပုံစံတွေ မှတ်တယ်။
ကိုယ့် အလိုအလျောက်သိမှု ညာဏ်ထဲမှာ ဘယ်သူ့ကို ဘယ်လို ဆင်ရင် ပိုလှမယ် ဆိုတာ လူ တစ်ယောက်ကို ကြည့်လိုက်တာနဲ့ အဖြေထွက်လေ့ရှိတယ်။ အဲဒါ ကြောင့် ၁ဝ တန်းအောင်ပြီး ချိန်မှာ ဒီဇိုင်နာ အရမ်းဖြစ်ချင်ခဲ့တာ။
ခက်တာက ကိုယ့် အချိန်တွေတုန်းက ဒီဇိုင်းနာဆို စက်ချုပ်တာလောက် သိတဲ့ အသိုင်းအဝိုင်းမှာ နေရတော့ စက်ချုပ်စားမှာလား တွေ ဘာတွေနဲ့ လက်လျှော့ခဲ့ရတယ်။
ကိုယ့်ဟာနဲ့ ကိုယ်တော့ လက်မလျှော့ပါဘူးး၊ ဘယ်သူ့မှ အကြံမပေးရ ကိုယ့် ဟာကိုယ် ဆင်စရာ ကိုယ့် ခန္ဓာ တစ်ကိုယ်လုံးရှိတယ်။ ဆင်ပါလေ့။
:mrgreenn:
ဒီလိုနဲ့ ရသမျှ ပိုက်ဆံဟာ အစားနဲ့ အဝတ်အတွက် ပဲ ကုန်နေတယ်။
မိတ်ကပ်တို့ မျက်နှာခြယ်ဖို့တို့ ကိုအရမ်း မရူးသွပ်ပေမဲ့ အဝတ်အစားကို ခုချိန်ထိ ရူးတာ။
အထည်များမှ အယားပြေဆိုတာ ကိုယ့်ကို ပြောသလိုပဲ။ မထိန်းနိုင်မသိန်းနိုင်ကို ဝယ်ဖြစ်တယ်။
ကြိုက်ရင် ဝယ်တယ်။
လိုက်ရင် ဝယ်တယ်။
ဓာတ်ပုံရိုက်ဖို့ ဝယ်တယ်။
ဟိုနားဒီနားဝတ်ဖို့ ဝယ်တယ်။
ဈေးသွားငါးဝယ် ဝတ်ဖို့ ဝယ်တယ်။
ပွဲနေ ပွဲထိုင် ဝတ်ဖို့ ဝယ်တယ်။
သန့်ရှင်းရေးသိပ်နိုင်တယ်လို့ နာမည်ကြီးတဲ့ ကိုယ့်တို့ သားအမိ ၂ ယောက်က ကိုယ့် ဗီရို ကို ကိုယ်မနိုင်တာ ဘယ်သူ့မှ မပြောရဲဘူးး။ ခု လူစုံတုန်းမှ ပြောပြတာ။
ခု ဝလာတော့ ပိုဆိုးး
ဝလာရင် ဝတ်လို့ ရတဲ့ အဝတ်တွေ၊ နည်းနည်းကျသွားရင် ဝတ်ဖို့ သိမ်းထားတဲ့ အဝတ်တွေ စသည်ဖြင့် ရှုပ်ရှက်ကို ခတ်နေတာပဲ
အလိုလိုသိစိတ်လို့ ကိုယ်နာမည်တတ်ထားတဲ့ ကိုယ့်အာရုံဟာ ပိုက်ဆံအတော်ကုန်စေပါတယ်။
၁) ဦးထုတ်
၂) မျက်မှန်
၃) အိတ်
၄) အဝတ်အစား
၅) ဖိနပ်
၆) ဖန်စီပစ္စည်း
၇) ပဝါ
၈) အလှပြင်ပစ္စည်း ကိုယ်နဲ့ ဘာလိုက်တယ်ဆိုတာ မြင်တော့ လိုချင်မိရော။
ကိုယ့်ကိုယ်ကို အလိုလိုက်သူမို့ လိုချင်ရင် ဝယ်မိရော။
ဒီလိုနဲ့ သူများလို ပိုက်ဆံတို့ လက်ဝတ်ရတနာတို့ စိန်တို့ ရှယ်ယာတို့ မစုမိပဲ ဘာမှဟုတ်တာတွေ အဖတ်တင်နေရော။
အဲဒီလို နှစ်ကာလကြာရှည် ထင်ရာစိုင်းလာရင်းမှ မနေ့တစ်နေ့ကမှ ပြန်တွေးမိ၊
ကိုယ့် အရင်တုန်းက ခြစ်ခြစ်ကုတ်ကုတ် ဘတ်ဂျက်လေးတွက်ပြီး ဆင်ခဲ့ရတဲ့ ကျောင်းသူဘဝကို ပြန်သတိရတော့ မှ ခု ဆင်ခြင်နေတယ်။
ကိုယ်လည်း ဆင်ခြင်ရင်း ကိုယ့် ကျောင်းသူဘဝတုန်းကလို ပုံစံ ကိုယ့်ညီမလေးတွေကိုလည်း ပြောပြရင်း ရေးချင်စိတ်ပေါက်လာလို့ ရေးမယ်လို့ ကတိပေးခဲ့တာပါ။
:hint:
ဆိုတော့ကာ၊ ကိုယ့် အတွေ့အကြုံနဲ့ ဖတ်ထားသမျှကို ရောနှော ပေါင်းစပ် ရေးမှာ ဖြစ်တဲ့ အတွက် ဆက်လက်အားပေးကြပါအူးလို့ ပြောကြားရင်း အပိုင်း (၁) ကို နိဂျုံးခုတ်လိုက်ပါတယ်။ ဟိ။
အပိုင်း (၂) ကို မကြာမီ လာမယ်နော် သိလားး၊ ဘာစရေးရမှန်းမသိလို့ ကိုယ့်ပေါင်ကို အရင်လှန်ထောင်းလိုက်တာ။
:mrgreenn:
22 comments
လုံမလေးမွန်မွန်
July 25, 2016 at 1:08 pm
Me Me Me!!!
Now thinking to send all my clothes back to hometown and just to buy some office dresses. How???
I feel dislike Myanmar dress these days. 😀
မမချွိ
July 25, 2016 at 1:19 pm
ငင်။
နေပါအူးး
စောင့်ပါအူးးး
:k:
may july
July 25, 2016 at 2:17 pm
ဟွာ လေ နာလဲ အရေ ရော အဖတ်ရော မတင်တာ ကြာဘီ လို့ ..
အာ့လေ ဘိုပြောရမဲ .. အပိုင်း (၂) ကျမှ ဆက်ကျောတော့မယ်နော် .. ခ်ခ်
မမချွိ
July 25, 2016 at 2:49 pm
အရည်လည်မှ အဖတ်တွေ့မှာမို့ အရင် အရည်လည်ပါစေအူးးး
ဟိ
:k:
Ma Ei
July 25, 2016 at 3:26 pm
.သူများက ဆယ်တန်းလောက်မှာ အမေချုပ်ပေးတာကို ဂျီးများလွန်းလို့ ကွကိုယ်ချုပ်တဲ့ ဆိုထဲက ကိုယ့်အကျင်္ ီ ကိုယ့်အကြိုက်ချုပ်ဝတ်ခဲ့တာ မဂ္ပဇင်း ဂျာနယ် ကက်တလောက်အစုံဖွ ဟိုနဲ့ ဒီနဲ့ပေါင်း ပုံမျိုးစုံဆွဲ ဒီဇိုင်းနာတို့ ဘာတို့လဲမသိခဲ့ပါဘူး …
.ပြောရရင် မင်ဂါဆောင်တာတောင် ကိုယ့်အကျင်္ ီ ကိုယ်ချုပ်ဝတ်ခဲ့တာ အဲ့လို….. 🙂
.အလုပ်ဝင်တော့လဲ ကိုယ်ဝတ်တာတွေကြိုက်လို့ MD ကအစ ချုပ်ပေးပါ ပူဆာကြတာနဲ့ ရုံးပြန် ရုံးပိတ်ရက်တွေ စက်ချုပ်ဖြစ်ရော အဲ့အပိုဝင်ငွေနဲ့ ရွှေလုပ်လို့ရခဲ့တဲ့ထိ….
.သမီးလေးရတော့ အပြင်အပ်ထည် လက်မခံနိုင် ကိုယ်နဲ့ သမီးအတွက်ဘဲချုပ် အဲ့ဒီကနေ
.ခုတော့ ကိုယ်တိုင်တောင် ရယ်ဒီမိတ်ဝယ်ဝတ်ရတာ No 13 ကနေ 15 ကနေ 17, XL ဖြစ်နေပြီ.. ချုပ်တတ်တဲ့သူဆိုတော့ ရယ်ဒီမိတ်ဝတ်ရတာမတန်ဘူးထင် နှမျောမိတယ် ချုပ်ဝတ်ရတာလောက် စိတ်တိုင်းမကျ အပ်ဝတ်ရင်ပိုဆိုး ဆိုတော့ ချုပ်တာစိတ်မကုန် လှလှပပလေးတွေတွေ့ရင် လှချင်တဲ့သူလေးတွေကို ချုပ်ပေးမိချင်နေသေးတယ်….
မမချွိ
July 25, 2016 at 3:32 pm
အင်မတန် ပါသော ဝါသနာပါ မွအိရယ်။
ခုကို ကိုယ့် အမတွေထဲ ကိုယ်တိုင် ညှပ်ချုပ်နိုင်သူတွေ အများကြီးပဲ။
လိုတဲ့ပုံနဲ့ ကိုယ်တိုင်း ကွက်တိရတာမို့ ချုပ်တာကိုပဲ ကြိုက်တယ်ရယ်။
:chit:
ဒီမှာက ချုပ်တာကပိုဈေးကြီးလို့သာ ဝယ်နေရတာ။
:a:
hmee
July 25, 2016 at 7:53 pm
ဂျိ ုကုတ်ရှိရာ ဂျိ ုကုတ်လာ။ တူရာတူရာ စုတယ်ဆိုတာ တယ်မှန်တာပဲ။ အလှကြိုက်တယ် အခုထိလည်း လှအောင်နေတယ်။ အရွယ်တူတွေ မိန်းမကြီးကြီးတွေ မြင်ရင် ကိုယ် အဲ့လို မဖြစ်စေရဘူးဘို့ အမြဲတွေးတယ်။ ယောက်ကျားပြစ်မှာ စိုးလို့လားတဲ့ ပြောကြတယ် ဘယ်လောက်လှလှ ခြံခုန်ချင်သူက ခုန်မှာပဲ။ ယောက်ကျားအတွက်မဟုတ်ဘူး ကိုယ့်ဖာသာ စမတ်ကျကျနေချင်တာ။ အဝတ်အစားဆို ဘယ်လောက် သဘောကျကျ ကိုယ်နဲ့ အဆင်မပြေရင် ကိုယ်ါကိုယ် အချိ ုး မကျစေဘူးဆို မဝတ်ဘူး။ ဘယ်ဟာနဲ့ တွဲဝတ်ရင် လိုက်မလဲ စကပ်နဲ့လား ဘောင်းဘီဆို အတိုနဲ့လား အရှည် နဲ့လား ဝတ်ကြည့် မှန်ရှေ့မှာကြည့် လိုက်ဖက်တယ် ထင်မှ ဝတ်တယ် ( ကိုယ့်မျက်စိနဲ့ လိုက်ဖက်တာ သူများ မျက်စိနဲ့တော့ မသိဘူး) ဖိနပ်လည်း အဲ့လိုပဲ။ စတိုင်ပင်နဲ့ လိုက်တဲ့ ဖိနပ်။ စကပ်တိုနဲ့လိုက်တာ ဂျင်းပင်နဲ့လိုက်တာ ( စကားစပ်တုန်း on the knee ဝတ်ပြီး ညှပ်ဖိနပ်စီးသူများ အားကြီးအမြင်ကပ်တယ်) ဈေးနှုန်းလည်းမများ အပေါစားဆို သက်တောင့်သက်သာ မဖြစ်လို့ အပေါစားမဟုတ်တဲ့ ကိုယ့် ဘတ်ဂျက်နဲ့ ကိုက်တာ စုံအောင် ဝယ်ထားတယ်။ လှချင်တာ အဲ့လို။ ဗမာ အင်္ကျီ သူများချုပ်ပေးတာ ကိုယ့်စိတ်ကြိုက် လုံးဝ မဖြစ်လို့။ တခါတခါ ကိုယ် ဝတ်ချင်တဲ့ ပုံစံက လက်ဝင်တော့ ဈေး အများကြီးပေးရတော့ တတ်နိုင်ဘူး ဒါနဲ့ သင်ပလိုက်တယ်။ လှချင် ဝါသနာလည်း အားကြီးပါတော့ ကိုယ်ချုပ်တာ ဝတ်ပြီးရင် တခြားသူ ချုပ်ပေးတာ အချိုးမကျကြတော့ဘူး။ ကြွားတာ။ 🙂 မွေးသမိခင် ဆို ကိုယ် မရှိတုန်း အပ်ထည်တွေ စိတ်တိုင်းမကျလို့ ကိုယ် အပြင်ထွက်ခါနီး ၃နှစ်စာ ချုပ်ခိုင်းတယ် ပြန်လာမှ အသစ်ချုပ်မယ်တဲ့ 🙂 ညီမတော်တွေ ဒီဇိုင်းပြောစရာ မလိုလို့ ကိုယ်ပဲ။ ကိုယ့် အကျီလည်း အားကြီး အဆန်းထွင်တယ်။ ဟီး ပြောရင်း ဇီ့ ပို့စ်ထက် ရှည်တော့မယ် ဆောတီး 😛 😛
မမချွိ
July 26, 2016 at 12:58 pm
ဒီ ကောမန့်လည်း စိမ်းချင်တယ်။
ဟုတ်တယ်။
ပြောချင်တဲ့ အချက်တွေ ဒီထဲမှာ ပါတယ်။
နောက် ပို့(စ) မှာ ဆက်ပြောမယ်။
အရုပ် မှာ လှတိုင်း ကိုယ်နဲ့မလှဘူးးး
မော်ဒယ် မှာလှတိုင်းကိုယ်နဲ့မလှဘူးး
သူများနဲ့လှတိုင်း ကိုယ်နဲ့မလှဘူးး
အဲဒါလေး ရေရွတ်ပြီး ဈေးဝယ်ရတယ်။
:k:
မြစပဲရိုး
July 25, 2016 at 11:25 pm
ကွန်ဖော့ဇုံထဲ က ဖောက်ထွက်ဖို့ အလှမပြင်ဘဲ နေကြည့်ပါလေ။ 😀 😉
ဂျက်စပဲရိုး
July 26, 2016 at 8:41 am
ကွန်ဖော့ဇုံ ထဲက ဖောက်ထွက်ဖို့ ကနေ့ ရုံးကို ရှူးစီးလာတာ
ခြေထောက်တွေ နာလို့… ဟီးဟီး
မမချွိ
July 26, 2016 at 12:59 pm
စကားမာမာပြောချင်ရင် လှအောင်နေ ဆိုလို့ လည်း လှအောင်နေရတယ်။
လှနေရင် မဆူရက်ကြဘူး ဆိုလို့လည်း လှအောင်နေရတယ်။
ဟင့်အင်း
ဟင့်အင်း
ထွက်ဘူးး
ထွက်ဘူးး။
ကွန်ဖွတ် ဇုန်ထဲမှာပဲ နေမယ်။
:k:
A mar nyo
July 27, 2016 at 9:54 am
အဝတ်အစားနဲ့ပတ်သက်ရင် အစ်မတွေဆင်တာဝတ်တယ်။ အကျီ င်္ ချ ု ပ်ရင်မမကြီးသွားပေးလိုက်တယ် ချ ု ပ်
ပေးတာဝတ်တယ်။အမှန်တိုင်းပြောရရင်ကိုယ့်ဘာသာကိုယ်တောင်ဘယ်လိုပုံစံနဲ့လိုက်မှန်းမသိ။ မမချွိပြောပြပါ။
မမချွိ
July 27, 2016 at 12:47 pm
မြင်ဖူးရင် ပြောပြမယ်။
:k:
A mar nyo
July 27, 2016 at 1:51 pm
မြင်ဘူးပါတယ် Gazette ဆုပေးပွဲတုန်းကတစ်ခါလေ မှီ(မမကြီး)နဲ့မီးလာတယ်လေ မမချွိ အဲ့တုန်းကမမချွိစကပ်လေးနဲ့လေ
မမချွိ
July 27, 2016 at 2:26 pm
အာ။
ကျန်းးး
ဖွဘုတ်နဲ့ ရွာနဲ့ နာမည်မတူတာကိုးး
သိပြီ။ သိပြီ။
ဟိ
:k:
အရင်ကကျော်စွာဦးကြီးမိုက်
July 27, 2016 at 4:03 pm
အဝတ်အစားအသုံးအဆောင်ဝယ်ဖို့အားကြီးပျင်းတာပဲ..မရှိမဖြစ်လိုမှဝယ်ဖြစ်တယ်
.ဝယ်ရင်လည်းသိတ်စိတ်မရှည်ဘူး…တွေ့တာထဲကသင့်ရင်ဝယ်လိုက်တာပဲ….
.မိန်းကလေးနဲ့တော့ဘယ်တူပါ့မလဲနော့… :))
မွသဲ ( 17082011 )
July 27, 2016 at 9:48 pm
ခုချိန်ထိတော့ စိတ်ကူးရတဲ့နေ့ တဆင်စာအပြည့်ဖက်ရှင်ကျကျဝတ်ဖြစ်ပေမဲ့ စိတ်ကူးမရတဲ့နေ့ကတော့တွေ့ရာဆွဲဝတ်သွားလိုကိတာပဲ
အဲ့စိတ်ကူးမရတဲ့နေ့ကခပ်များများရယ်
မမချွိ
July 28, 2016 at 9:09 am
အဲဒီ စိတ်ကူးမရတဲ့နေ့ အတွက် ရှပ်အဖြူနဲ့ ဂျင်း နဲ့ စဉ်ထားရာ က မဒါဝတ် ဖစ်တော့တာပဲ။
:k:
Wow
July 28, 2016 at 3:07 pm
ကိုယ်ကပြင်ပြင်ဆင်ဆင်နေတတ်လို့လား စမင်ကတ်လို့ အလွတ်ဖဲ့တာလားတော့မသိ အရင်ရုံးတုံးက Management သင်တန်းပေးတဲ့ သီရိလက်ာ က တျောက်က ကိုယ့်တဲ့တဲ့ကျြိပြီး Don’t use your beauty in businesd. တဲ့၊ စာသင်သလိုနဲ့ အပီဖဲ့တာ
မမချွိ
July 28, 2016 at 4:07 pm
သီရီလင်္ကာက ဟာမ တွေက မလှဘူးလေ။
မည်းတယ်။
ဟီးးး
မအောင့်နိုင်မအီးနိုင် ထွက်လာတယ်လို့မှတ်။
သူ အဲ့လောက်ပြောတယ်ဆိုတော့ ပိုအလှပြင်ပျော်တာပေါ့။
ဟိ
:mrgreenn:
Thint Aye Yeik
July 28, 2016 at 3:39 pm
ကိုယ်နဲ့လိုက်ဖက်ညီတဲ့ ဖက်ရှင်ကို ရွေး ဆင်တတ်တယ်ဆိုတာကိုက နည်းတဲ့ ပါရမီမဟုတ်
.ချော်တွင်းကုန်းမဟုတ်
:k:
တကယ် ပြောရရင် အဲ့လို ပါရမီ အမြင်ရှိရင် အားကျတယ်
အဟုတ်
ကိုယ်တွေကတော့. . .
ကိုယ်နဲ့လိုက်တာ ဘယ်လိုအရောင် ဘယ်လိုဝတ်စုံ ဆိုတာကိုတောင်မှ ရွေးချယ် ဆင်မြန်းခွင့်မရခဲ့တဲ့
ရှိတာဝတ် အဆင့်နဲ့ ကြီးပြင်းလာတာမို့
ဝတ်သင့်တာ ဝတ်ချင်တာကို ဘေး ခေါက်
ရှိတာ ဝတ်ပဲ
🙁
မမချွိ
July 28, 2016 at 4:10 pm
နာ တို့ ငယ်တုန်းကလည်း ရှိတာဝတ်ပါပဲအေရယ်။
အမေအဖေကို မပူဆာချင်လို့ ကျောင်းတက်နေတုန်းလည်း ရှိတာလေးနဲ့ ညာဏ်သုံးပြီး လှည့်ဖဲ့ ဝတ်ခဲ့ရဒါပါ။
😥