out of the comfort zone ( out of the frying pan into the fire?)
မနေ့ကပဲ နင်းနင်း ရဲ့ အလင်းပြပို့စ် မှာ ဝင်အာနေသေးတယ်။
ကွန်ဖော့ဇုန် က ဘာညာကွိကွ ဆိုပြီး။
အခုတော့ ကိုယ်လဲ ကိုယ့် ကွန်ဖော့ဇုန်ကနေ ခွာရမယ့် အချိန်ရောက်လာပြီ။
အလုပ်က IT နဲ့ လုပ်တာကိုး
အလုပ်စဝင်ကထဲက ပရောဂျက် ပဲ လုပ်ရတယ်။
မိတင် တွေ ဘာတွေ တက်ရမယ် ဆိုလဲ ကိုယ်က နားထောင်သမား သာသာလောက် ပဲ။
အဖွဲ့ထဲမှာလဲ လူက သိပ်မရှိ ပြီးတော့ ကိုယ့် ပရောဂျက် က တော်တော်လေး standalone ဆန်တယ်။
ဒီတော့ လူတွေနဲ့ ဆက်ဆံရ စကားပြောရ ဆွေးနွေးညှိနှိုင်း ရတာ အတော် ရှားပါးတယ်။
ကိုယ်ကလဲ အစထဲက anti social သာသာ ဆိုတော့
အလုပ်နဲ့ လူနဲ့က တိုင်းရက်တဲ့ ပက္ကလာ ကို ဖြစ်လို့….
လုပ်သက် နည်းနည်း ရ လာတော့ လုပ်ရတဲ့ အလုပ်က နည်းနည်း ပိုကျယ်လာတယ်။
ဟိုနည်းနည်း ဒီနည်းနည်း ဟိုစပ်စပ် ဒီစပ်စပ် ပါလာရတယ်။
လူတွေ နဲ့ စကားပြောရ ဆွေးနွေးရနဲ့။
ခုကျတော့ ရုံးရဲ့ အိုင်တီ ဌာန ဖွဲ့စည်းပုံ ကို ပြောင်းမတဲ့။
ကိုယ် အသစ် ရောက်တဲ့ နေရာရဲ့ တာဝန် က အတော်ကြီး ခေါင်းမွှေးပြောင်စရာတွေ ဖြစ်လာရော
အရင်ကဆို ပရောဂျက် တစ်ခု ယူဆာ ကို အပ်ဖို့က သူတို့ ဆားဗစ်မန်နေဂျာ တွေ က တာဝန်ယူရမှာကို။
အခုကျတော့ ဒီပရောဂျက် တစ်ခု အစ အဆုံး ကို တာဝန်ရှိတာက ကိုယ်တွေ ဖြစ်လာပြီတဲ့။
မိတင် တွေ ခေါ်ရမယ်။ လုပ်လက်စ အလုပ်တွေ ရဲ့ တိုးတက်မှု အခြေအနေတွေကို စောင့်ကြည့်ရမယ်။
ယူဆာတွေက ဘာတွေ လိုချင်တယ် ဆိုတာ ကိုလဲ ကိုယ်ပဲ ယူရမယ်။
ပြဿနာ တက်ရင်လဲ ကိုယ်ကနေပြီးပဲ ပရောဂျက် ရေးတဲ့ အဖွဲ့ နဲ့ ရှင်းရမယ်။
စသဖြင့် စသဖြင့် နဲ့ တဲ့။
တကယ်ကတော့ ဒီနေရာမျိုး ဒီအလုပ်မျိုး ဆိုတာ လုပ်ချင်လို့ အရင်ထဲက မန်နေဂျာ ကို ပြောနေကျပါ။
ငါ ဒီလို လုပ်ချင်တယ် ဒီလို တာဝန်မျိုး ယူချင်တယ် ဆိုတာကို။
ဟိုဘက်ကလဲ အိုခေ လုပ်ချင်ရင် ရမယ် ဒါပေမယ့် ဒိုမိန်း ကို အရင် လေ့လာပါဦး ဆိုပြီး ပြောထားလို့ လေ့လာနေဆဲ။
ပြီးတော့ အရင် ၂ လ လောက်ကပဲ မန်နေဂျာ က ပြောသေးတာ
မင်း အနေနဲ့ ပိုပြီးတော့ proactive ဖြစ်ရမယ် တာဝန်ယူမှု တာဝန်ခံမှု ပိုရှိရမယ်
သူများတွေကို ပိုပြီး တွန်းတွန်းထိုးထိုး နဲ့ ခိုင်းတတ်ရမယ် ဆိုပြီး။
အဲ့ဒါတွေကို လူတွေနဲ့ စကားမပြောချင်တဲ့ ကိုယ်က ကိုယ့် comfort zone ထဲကနေ မထွက်ချင်ဘဲ ဒီတိုင်း မှိန်းနေလာတာ။
အခုတော့ မရတော့ဘူးရယ်။
တာဝန် က ဒီဘက်ရောက်ချလာပြီ။
ပြေးလို့လဲ မရတော့ဘူး။
ကိုယ်ကိုက ပျင်းသလား မသိပါဘူး။ တစ်ခုခု ဆို လုပ်ကို လုပ်ရတော့မယ် ပြောင်းကို ပြောင်းရတော့မယ် ဆိုတဲ့ အခြေအနေမျိုးမှသာ လှုပ်တော့တာ။
ဒီတိုင်းနေလို့ ရသေးတယ် ဆို ပေကပ်ပြီးကို နေနေတာပဲ။
အရီး ပြောတဲ့ comfort -> stretch -> risk -> danger zone အဆင့်တွေ မဟုတ်ဘဲ
comfort ကနေ danger zone ကို တန်းပြီး သွားတော့တာကိုး။
ဘာရယ်တော့ မဟုတ်ပါဘူး။ ကိုယ့် လုပ်ငန်းခွင် က 90 degree အပြောင်းအလဲ လေး ကို ဒီထဲ လာ အော် သွားတာပါ။
wish me luck.
😀 😀 😀 😀
21 comments
Yae Myae Tha Ninn
July 26, 2016 at 1:45 pm
အပြောင်းအလဲလေး လုပ်ရတာလဲ ကောင်းပါတယ် ဂျက်… တကယ်တော့ ခုန်ရတယ်လို့တော့ သိပ်မထင်မိဘူး… ဘာလို့ဆိုတော့ ပတ်ဝန်းကျင်မပြောင်းပဲ လက်ရှိမှာပဲ ပရိုမိုးရှင်းပြောမလား… Type ပဲပြောမလား… ကွာသွားတာပါ… ဇုန်ထဲကဆိုတာက လုံးဝ ဒစ်ဖာ ဖြစ်သွားတာမလား.. သိသလောက် ဝင် အာ သွားသည်… 🙂
ကျော်လွင်ဖြိုး
July 26, 2016 at 3:08 pm
comfort zone ကနေ ထွက်ရတာကို ပြောတာပါ နင်းနင်း။
ကျနော်က လူတွေနဲ့ စကားပြောရမှာကို ဝါသနာလဲ မပါ ပြောတတ်ဆိုတတ် လဲ မရှိဘူးလေ။
အဲလိုကနေ အခု ကြားပွဲစား လို အလုပ်မျိုး လုပ်ရမယ် ဆိုတော့… း)
မမချွိ
July 26, 2016 at 2:57 pm
နာ ဆို မင်းသားဂျီး ဆီမှာ ၈နှစ်ရှိပြီ။
သူပင်စင်ယူမှာ အကြောက်ဆုံးပဲ။
နာ ခွက်ပျောက်တော့မှာ။
အလုပ်အသစ်ရဲ့ ဖိစီးမှုတွေလည်း မခံချင်ဘူးး
😥
ကျော်လွင်ဖြိုး
July 26, 2016 at 3:11 pm
အနော် က ငါးနှစ် ရှိပြီ ဒီ အလုပ်မှာ။
ကုလား တစ်သိုက် နဲ့ ဖိုက်တင် ချရမယ့် အရေး တွေးတွေးပြီး ရင်ပူမဆုံး 😛
ပျင်းတကာ့ ထိပ်ခေါင်တင်
July 26, 2016 at 3:59 pm
ကျော်လည်း လက်ရှိအလုပ်မှာ ၄နှစ်ပြည့်တော့မယ်။ လှုပ်လဲလှုပ်ချင်တယ် လှုပ်ရမှာပျင်းလည်းပျင်းတယ် :k:
ကျော်လွင်ဖြိုး
July 26, 2016 at 4:01 pm
ပျင်းထား ပျင်းထား
လူ့သဘာဝ ပဲ
မလှုပ် မနေ ဆိုတဲ့ အခြေအနေ ထိ အောင် ကို ပျင်းကြတာ။
ကြိုတင် ပြင်ဆင်တာ သိပ် မရှိလှဘူးရယ်။
မြစပဲရိုး
July 27, 2016 at 1:11 am
ဘယ်သူများလဲလို့။ မောင်ဂျက် ကိုး။
အရီးက မင်းကို ဇီကလေး ကို အင်ဒုံနီယာ မှတ်နေတာ။
မင်း ပြောတဲ့
{{ လုပ်သက် နည်းနည်း ရ လာတော့ လုပ်ရတဲ့ အလုပ်က နည်းနည်း ပိုကျယ်လာတယ်။
ဟိုနည်းနည်း ဒီနည်းနည်း ဟိုစပ်စပ် ဒီစပ်စပ် ပါလာရတယ်။
လူတွေ နဲ့ စကားပြောရ ဆွေးနွေးရနဲ့။ }}
ဆိုတာကဘဲ မင်းကို Cpmfort zone က နေ Stretch zone ကို မသိမသာ တွန်းပို့နေပြီး ပေါ့။
မင်း အနေနဲ့ အဲဒီ zone က နေ ကိုယ့်ကိုယ်ကို ယုံကြည်နေတာ မို့ တာဝန်ပိုယူနိုင်ကြောင်း မန်နေဂျာ ကို တောင် ပြောခဲ့ပြီဘဲ။
အဲဒါက Risk ကို စမ်းတိုးနေတဲ့ သဘောပေါ့။
Danger zone မှာ မင်း အရည်အချင်း ရှိရှိ လုပ်နိုင်မယ် ဆိုတာ ကို အရီး တကယ်ဘဲ ယုံကြည်ပါတယ်။
သူများ က ကိုယ့် နွား လေးကို တွန်းချဖို့မလိုဘဲ၊
ကိုယ်တိုင် လဲ မတွန်းချဘဲ
ရှိပြီး နွားလေး ကို အရင်းပြု သုံးပြီး အလုပ်တွေကို အောင်မြင်အောင် ချဲ့ချဲ့ လုပ်ခဲ့ တာ ကို မြင်နိုင်ပါတယ်။
အခုလဲ နောက်ထပ် တစ်ဆင့် ရလာတဲ့ အခွင့်အရေး တစ်ခု မှာ တွေ့လာမဲ့ စိမ်ခေါ်မှု တွေကို ပျော်ပျော်ကြီး ရင်ဆိုင်လိုက်ပါလေ။
I wish you all the best and great luck in your new position.
Shine on My Boy. You can do it. :-)))
ကျော်လွင်ဖြိုး
July 27, 2016 at 8:12 am
အနော် က အရီးတို့ လိုင်း ပါ ခည။
ဟုတ်တယ်ဗျ အရီးရဲ့ stretch zone ထဲကိုတော့ ဟိုမရောက် ဒီမရောက် ဖြစ်တာ ကြာပါပြီ။
အဲဒီတုန်းကတော့ ကိုယ့် အပေါ်မှာ မန်နေဂျာ ရှိတယ်၊ စီနီယာ ရှိတယ် ဆိုတော့ အေးဆေးပေါ့။
ခုကျတော့ ကိုယ့်ခေါင်းပေါ် ဝုန်းဆို ကျလာသလို ဖြစ်တော့မယ် ဆိုတော့ နည်းနည်း မျက်စိ ပြာသွားတာပါ။
ပြီး ဒီ နေရာ ကို ရောက်တာလဲ မကြာသေးဘူး ပြောရမယ် (တရားဝင်တောင် မဖြစ်သေးရှာဘူး။)
မယားငယ်ကျနေရော တိတ်တိတ်ပုန်းတော့ တိတ်တိတ်ပုန်း ဒါပေမယ့် အကုန် လုပ်နေရတာ။ 😛 😛 😛
ဆိုတော့ကာ ဒီ နွား ကို မတွန်းချဘဲ သားစပ်ပြီး နွားမွေးမြူရေး လုပ်မလား နို့ထွက်ပစ္စည်း ထုတ်လုပ်ရေး လုပ်ရမလား ကြံစည်တော့မယ် 😀
အားပေးစကား အတွက် ကျေးဇူးပါဗျို့ း)
မမချွိ
July 27, 2016 at 8:43 am
မယားငယ် ဋီကာ မှတ်သွားတယ်သလားး
ရန်ဖြစ် ရင် သုံးရအောင်လို့။
ဖိုက်တင်း ဂျက်။
အားပေးတာမုန့်ဘူးး
ရန်ဖြစ်ခိုင်းတာသလားး
:k:
ကျော်လွင်ဖြိုး
July 27, 2016 at 9:08 am
ဖိုက်တော့ ဖိုက်ရတော့မှာပဲ ပြေးမလွတ်တော့ဘူးရယ်
မြစပဲရိုး
July 27, 2016 at 1:00 pm
အခုတော့ မယားငယ် ကျွန်မသာလျှင် တရားဝင်မယားကြီး ဖြစ်ကြောင်း ကြော်ညာ နိုင်ပြီပေါ့။
Well Done! 😉 ::-)))
အရီးက အခု လိုင်းပြောင်း သွားပါပြီ ဂျက် ရေ။
နို့ မညှစ် ဘဲ အရောင်းအဝယ်လေး ပြောင်းလုပ်နေသပေါ့။
ရှိတဲ့ နွားလေး ကိုလဲ အသာမွေးထားဆဲမို့ တစ်ခါတစ်ခါ ပစ္စည်းသယ် လှည်း ဆွဲ တာမှာ အသုံးတော့ကျနေဆဲ။
အရီး နားထဲ အမြဲ ရှိတဲ့ စကား တစ်ခွန်း။
“Stay hungry. Stay foolish.”
― Steve Jobs
မြစပဲရိုး
July 27, 2016 at 1:37 am
အမှန်တော့ မနေ့ က နင်းနင်း ရဲ့ Comfort zone လောဂျစ် မှာ ပညာရှိကြီး ဆိုတာ ပါလာ ကထဲ က ကန့်လန့်တိုက်ချင်က ထိန်းမရတာ။
အဲဒီလို ပညာရှိကြီး ဆိုတာ တွေ ပြောတဲ့ ကြက်စွပ်ပြုတ် တွေ ကို သိပ်မကြိုက်လှဘူး။
လူတွေ ကို အလကား နေရင်း ငွေကြေး ချမ်းသာစေဖို့၊ အောင်မြင်စေဖို့ တွေကိုဘဲ အတင်းကာရော နင်းကန် ကြိုးစားခိုင်းပြီး တွန်း နေတာတွေ ထင်တာဘဲ။
ကိုယ့် အကြိုက် သူ့အကြိုက် မတူတာ မို့ ကြိုက်သူ တွေ မှာလဲ သူတို့ ဟာသူတို့ အကျိုး ရှိတာမို့ ကြိုက်တာလို့ တွေးပါတယ်။
အရီးကတော့ The 7 Habits of Highly Effective People ဆိုတာမျိုး ကို ပိုကြိုက် တယ်။
(အဲဒီ ထဲမှာ Habit 1 က Be Proactive တဲ့။)
အဲဒီ ထဲမှာလူ တွေ အတွက် ရိုးသားဖို့၊ စာနာစိတ်ထားဖို့၊ သစ္စာရှိဖို့ စတဲ့ Moral character ကို ရှေ့တန်းထားပြီး ဘဝ မှာ ထိရောက်တဲ့ ရည်မှန်းချက်ချပြီး ကြိုးစား နေထိုင်နိုင်ဖို့ ကို ပြောတာ။
အဲဒီ အထဲ မှာ ကိုယ်ကြိုးစားရမယ် ဆိုရင် ဘာ အတွက် ကို ကြိုးစား တာလဲ ဆိုတဲ့ မေးခွန်း ရှိသင့်တယ်တဲ့။
ပိုက်ဆံ အတွက်၊ ကျော်ကြားမှု အတွက် နင်းကန်အချိန်ပေးပြီး မိသားစုဘဝလို၊ ကိုယ်ကျင့်တရားလို ကို စွန့်လွှတ်နေရင် အဲဒါဟာ ကိုယ့် လိုချင်တာ ဟုတ်လား လိုမျိုးပေါ့။
ဟုတ်ရင်လဲ ကိစ္စမရှိ။ ကိုယ့်စိတ် ထဲ က ကိုယ်လုပ်နေတာ တွေ ကို ပျော်ဖို့ အဓိကဘဲ။
နောက် ကိုယ် မရှိတဲ့အချိန် ကျန်သူတွေက ကိုယ့်အကြောင်း ဘာပြောကျန်ခဲ့မလဲ ဆိုတာမျိုး စဉ်းစားခိုင်းတာ။
သိပ်ကောင်းတယ်။
ပြောမယ်ဆို အများကြီး ဘဲ။
နောက်ထပ် ကြုံချိန်ကျ ထပ်ဆက်တာပေါ့။
PS – တကယ်တော့ အဲဒီလို စကားမျိုး တွေ ကို ထေရဝါဒဗုဒ္ဓတရား အစစ် တွေထဲ မှာ တွေ့နိုင်ပြီးဖြစ်တယ်။
မြစပဲရိုး
July 27, 2016 at 3:25 am
အဲဒီ The 7 Habits of Highly Effective People အကြောင်းရေးဖူး ပါတယ်လို့ တွေးမိပြီး ပြန်ရှာလို့ရတာမို့ ဒီမှာ ပြန်ဖတ်ကြည့်ပါဦး မောင်ဂျက် ရေ။
ဒေါ်အောင်ဆန်းစုကြည် နဲ့ စက်ဝိုင်းများ (၁)
http://myanmargazette.net/207616
ဒေါ်အောင်ဆန်းစုကြည် နဲ့ စက်ဝိုင်းများ (၂)
http://myanmargazette.net/207580
(မှတ်တမ်း များ အတွက် နေရာတစ်ခု အတွက် ကျေးဇူး အထူးတင်ပါတယ် သူကြီးမင်း)
ကျော်လွင်ဖြိုး
July 27, 2016 at 8:18 am
အရီးရဲ့ စက်ဝိုင်းမှာတောင် မန့် ထားသေးတာ
ဂျက်စပဲရိုး says:
ပုံ ၂ ကို ကြိုက်တယ်..
အခု reactive နေရာကနေ proactive ဖြစ်ဖို့ ကြိုးစားလိုက်ပါဦးမယ် အရီးရေ…. း)
အခုလဲ ဒီစကားပဲ ထပ်ပြောရဦးမယ်။
ပရိုအက်တစ် ဖို့ ကျနော် ကြိုးစားမည် ဆိုပြီး း)
kai
July 27, 2016 at 5:43 am
အလွယ်ဆုံးက… ကိုယ့်အသက်ကိုကြည့်ပါ..။
၄ဝမပြည့်သေးဘူးဆိုရင်.. နှလုံးသားအတိုင်းလိုက်ဟေ့…
ထွက်ချင်ရင်ထွက်.. ဝင်ချင်ရင်ဝင်.. ဆက်လုပ်ချင်ရင်ဆက်လုပ်…။
၄ဝကနေ.. ၅ဝကြားတော့..ဦးနှောက်နဲ့ နှလုံးသား…. ၂ဖက်မျှ…
ကျော်လွင်ဖြိုး
July 27, 2016 at 8:23 am
ဒဂျိရေ…
အို ဒဂျိ ရဲ့..
ခုတော့ ဘဏ် အကောင့် အတိုင်း လိုက်နေတုန်းပဲရယ်။
နှလုံးသား အတိုင်း လိုက်ဆို ခုနေ ကမ္ဘာပတ်နေပြီ ဒါမှ မဟုတ် ခွက်ဆွဲ တောင်းစားနေရပြီ ဟီးဟီး း)
အတည်အတန့် ပြောရရင်တော့ ဒီ အလုပ်ကို သဘောလဲကျပါတယ်။
စိန်ခေါ်မှု ဆိုတာမျိုး ပုစ္ဆာဆိုတာမျိုး ကိုလဲ ကြိုဆိုပါတယ်။
ဒီပို့စ်ကတော့ ရေနွေးစိမ်နေရာကနေ ရေခဲရေ နဲ့ အလောင်းခံလိုက်ရသလို ဖြစ်သွားလို့
အမလေး တ တဲ့ ပို့စ် သဘောဆိုပါတော့။ း)
(တား ကို ခင်ရင် ဖိုက်တင်း လို့ မန့် သွားပေးဘာ ဒဂျီး 😛 )
kai
July 27, 2016 at 1:15 pm
၄ဝမပြည့်သေးတာမို့.. ကမ္ဘာပါတ်ချင်.. ပါတ်ဟေ့..။
ပြောရရင်.. အမေရိကန်တွေ.. အဲလိုလုပ်ကြတာများးများရှိပါတယ်..။ :k:
မြစပဲရိုး
July 27, 2016 at 1:35 pm
ဒီမှာတော့ ပင်စားကြီး တွေ ကမ္ဘာပါတ်နေတာ။ ရွက်တောင် လွှင့်သူတွေ ရှိသေး။
အသက် လစ်မစ်ထားပြီး ကြီး ရင် ဘာမှ မလုပ်နိုင်တော့ ဆိုတာ အရှေ့တိုင်း အတွေး ထင်တာဘဲ။ 😉
Yae Myae Tha Ninn
July 27, 2016 at 8:34 am
သူကြီးနောက်ပိုင်း ပြောတာလေးတွေ သဘာဝ ကျလာတာလား… အနော်ကပဲ ပြောင်းလဲလာလို့ အကြိုက်တူလာတာလားတော့ မသိဘူး… မန့်သလေးတွေ သဘောကျသဗျာ… 🙂
အရီးရေ… မနေ့ကပို့စ်မှာက နွားကို ချောက်ထဲတွန်းချလိုက်ပါက စာရေးသူ ဆင်တဲ့ ဇာတ်လမ်းထင်ပါတယ်… သူသိတဲ့ ဇုန်ကို ဖတ်လို့ အဆင်ပြေအောင် ရေးထားတာ ထင်ပါ့… ဒါကြောင့် ယောက်ခထီး ပြောပြောနေတာကိုး ကျမ်းကိုပဲကြည့် ဋီကာ မကြည့်နဲ့ဆိုတာ… 🙂
မြစပဲရိုး
July 27, 2016 at 1:06 pm
Kill the cow ဆိုတဲ့ စာကြောင်း နဲ့ moral story သိုးဆောင်းလို ရှိ တယ် နင်းနင်း ရဲ့။
အဲဒီ ထဲ မှာ “a Chinese wise man” လို့ သုံးထားတော့ Made in China ပုံပြင်ဖြစ်မလားဘဲ။ 😉
uncle gyi
July 28, 2016 at 9:18 am
ကိုယ့်က်ိုတိုးတက်ဖို့အခွင့်အလမ်းတံခါးလာခေါက်ပြီလို့ယူဆပါလေ