မလွဲသင့်သောအတွေးတစ်ချက်
အိမ်ထောင်သည်တွေအပေါ်သာယာမိသူတွေဟာ
အတိတ်ဘဝက ကံကြောင့်လို့သတ်မှတ်ကြသလို
ကျူးလွန်သူကာယကံရှင်တွေကတော့ အချစ်ကြောင့်လို့ လွှဲချတတ်ကြတယ်။
ယောက်ျား၊မိန်းမ နှစ်မျိုးစားလုံးဟာဆန့်ကျင်ဖက်လိင်ရဲ့ဆွဲဆောင်မှုအပေါ်သာယာတတ်ကြပါတယ်။
*အိမ်ထောင်သည်ဘဝမှာတော့ ယောက်ျားတွေကချည့်ဖောက်ပြန်မှုပိုများလာရခြင်းဟာ
ပိုလွတ်လပ်မှုရှိခြင်း၊ဖျော်ဖြေမှုများခြင်းနဲ့သားသမီးဗာရီယနည်းပါးခြင်း တို့ကြောင့်လည်းသက်ဆိုင်ပါတယ်။
မိန်းကလေးတွေဘက်ကစ၍ဆွဲဆောင်တာမျိုးချည့်အပြစ်ပြောလို့မရပါဘူး။
လက်တည့်စစမ်းချင်တဲ့ယောက်ျားတွေဟာလည်းဒုနဲ့ဒေးပါ။
အိမ်ထာင်သညေ်ယာကျ်ားဘက်က တည်ငြိမ်အေးဆေးပါလျက်မိန်းကလေးတွေဘက်က စတင်ဆွဲဆောင်ကာ ဖောက်ပြားကြခြင်းတွေများသလို၊
အိမ်ထောင်သည်ယောက်ျားတွေက စဆွဲဆောင်လို့ နှလုံးသားကျွံဝင်ပြီး အရှက်ကွဲကြရတဲ့မိန်းကလေးတွေလည်းရှိတတ်ကြပါတယ်။
ဘယ်ဘက်ကပဲ စကျူးလွန်သည်ဖြစ်စေ စိတ်ဆင်းရဲသောကကြီးစွာဖြစ်ရတာက အိမ်ထောင်သည်ရဲ့ဇနီးနဲ့သားသမီးတွေပါ။
သားသမီးတွေဟာ ဖခင်ကြောင့်အရှက်ရရသလို၊
ဇနီးဖြစ်သူမှာတော့ အရှက်ရခြင်းထက် ခင်ပွန်းသည်ရဲ့ ချစ်ခြင်းမေတ္တာဆုံးရှုုံးရလေခြင်းဆိုတဲ့ သောကနဲ့ သားသမီးတွေမျက်နှာငယ်မယ့် မဖူလုံမယ့်အရေး၊ဖခင်ဆိုတဲ့အရံတံတိုင်းကြီးပျောက်ဆုံးမယ့် ိစု်းရိမ်မှုအရေးက ပိုတတ်ကြပါတယ်။
*အိမ်ထောင်သည်မိန်းမတွေအဖို့မှာတော့ ဖောက်ပြန်နိုင်ချေနည်းပါးကြပါတယ်။
စိတ်နှလုံးသားက ယိမ်းယိုင်သည့်တိုင် မိသားစုဗာရီယ၊မိရိုးဖလာဓလေ့အစရှိတဲ့ ခြိမ်းေြုခာက်မှုတွေကြောင့် လက်မလွန်ခင် ချွန်းအုပ်တတ်ကြပါတယ်။
ဒါ့ထက် မြန်မာ့ဓလေ့အရ အိမ်ထောင်သည်မိန်းမတွေကို ကျူးလွန်လိုစိတ်နည်းပါးကြတာလည်းပါပါတယ်။
ယနေ့ခေတ်အနေနဲ့ကတော့ အင်တာနက်လူမှုကွန်ယက်စာမျက်နှာတွေမှတဆင့် အိမ်ထောင်သည် ၊ အပျိုလူပျို မခွဲခြားပဲ ဆွဲဆောင်သိမ်းသွင်းရ လွယ်ကူလာတာတွေကြောင့် ဖောက်ပြားမှုတွေပိုဖြစ်လာကြပါတယ်။
မမြင်ကွယ်ရာနေရာ စာတိုတွေမှတဆင့် တစ်ဦးနဲ့တစ်ဦးသာယာလွန်ကျူးလာကြပါတယ်။
အချစ်စိတ်မွှန်နေတဲ့ကာလတွေမှာ မိသားစုဆိုတာမျက်စိထဲ၊အတွေးထဲကပျောက်နေတတ်ကြပါတယ်။
ဒါကြောင့်မို့ မိမိတို့ရဲ့ဖောက်ပြန်လိုစိတ်ကို အချစ်ဟု အမည်တပ်ထားသူတွေဘက်ကလည်း နှလုံးသားဆိုတာ အချိန် နေရာ လူမရွေး ညွတ်နူးသာယာတတ်တဲ့သဘောရှိတာမှန်ပေမယ့်
မိမိတို့သားသမီးတွေ အဖေရင်း၊အမေရင်းစုံလင်စွာမနေရမယ့်အခြေအနေကို တွေးမြင်ယောင်ပြီး ခဏတာပျော်ရွှင်မှုကို ဖျောက်နိုင်သလောက် ဖျောက်ကြသင့်ပါတယ်။
19 comments
kai
September 17, 2016 at 2:06 pm
ယောကျာ်းက.. ချမ်းသာတဲ့ဒဏ်ကို မခံနိုင်ဘူးတဲ့..။
မိန်းမက.. ဆင်းရဲတဲ့ဒဏ်ကို မခံနိုင်ဘူးတဲ့..။
အဲလိုပြောကြတာပဲ..။
•*¨နန်းတော်ရာသူ •*¨
September 17, 2016 at 2:17 pm
ဆင်းရဲတာ ချမ်းသာတာမပါပဲ နှလုံးသားဆိုတဲ့ခေါင်စဉ်အောက်ကျွံဝင်မိတကြတာတွေလည်းရှိတယ်။အထူးသဖြင့် လူမှုကွန်ယက်တွေက ပိုအထောက်အကူပြုနေတယ်။အခုတလော တော်တော်မျများများ အိမ်ထောင်ရေးပြဿ နာတွေရင်ဆိုင်နေကြရတယ်။တစ်ချို့က အချစ်မျက်ကန်းဆိုသလို အင်္ဂလန်မှာကျောင်းတက်လာတဲ့အပျိုမမက လှိုင်သာယာက ပန်းရံဆရာကလေးအဖေကို ခွဲမရ၊ပြုမရ၊တားမရ၊ဆီးမရ လည်းကြားရရဲ့ 🙂
kai
September 17, 2016 at 3:06 pm
အသက်ပြည့်ကြတယ်ဆိုရင်တော့.. နှလုံးဟားရဲ့ဆုံးဖြတ်ချက်တွေက.. (တချိန်ကျ) မှန်ချင်လည်းမှန်နေတတ်တာပဲ..။ ဤဒွန္ဒယာကြီးကား.. ဘာမှအတတ်ပြော၍မရ..။
ဥပဒေအရကတော့.. အိမ်ထောင်ရှင်ဟာ.. ဟိုမှာဒီမှာဖက် ကိစ္စပြီးပြတ်ပြီးသလားကြည့်ရ..ကြည့်ယုံသာပါပဲ..။
•*¨နန်းတော်ရာသူ •*¨
September 17, 2016 at 6:17 pm
အသက်ကြီးကြီး၊ရုပ်ကြမ်းကြမ်း၊ကျူးကျော်ရပ်ကွက်က ကလေး၃ယောက်အဖေ၊လက်ရှိအိမ်ထောင်ပေါင်းဆဲဆိုတော့ အကွက်ကျကျလုပ်ကြံဖို့လို့သာပဲသတ်မှတ်မိတယ်။
တစ်ဖက်ကတော့ အချစ် ဆိုတဲ့ခေါင်စဉ်အောက်ဘာမှမမြင်နိုင်။
ကာယကံရှင်ရဲ့အမျိုးတယောက်ကလာငြီးပြလို့ လူမှုကွန်ယက်ဇာတ်လမ်းတွေပေါ့ ကြောက်စရာ 🙂
မင်း ခန့် ကျော်
September 17, 2016 at 10:24 pm
ချမ်းသာခြင်း
ဆင်းရဲခြင်းထက်
ပါတ်ဝန်းကျင်
မျိုးရိုးဗီဇ နဲ့များပိုဆိုင်မလားလို့သူကြီး။
kai
September 18, 2016 at 1:44 pm
ယူထားကြပြီးမှ.. တကျက်ကျက်.. နေ့တိုင်းစိတ်ညစ်နေကြရတာနဲ့စာရင်.. အချိန်မနှောင်းကြခင်(အရွယ်တွေရှိတုံး) .. ကိုယ်လမ်းကိုယ်လျှောက်တာ ၂ဖက်လုံးအတွက်.. ပိုမကောင်းလားလို့လည်း.. တွေးမိတယ်..။
ဒါက လူသားဆန်တာတမျိုးပဲ..။
ယောကျာ်းက လွှမ်းမိုးတဲ့ မြန်မာ့ဓလေ့မှာ.. မြန်မာမိန်းမတွေ ပိုသတ္တိရှိကြစေချင်တယ်..။
ဆိုတော့…
လူမျိုးတော်တော်များများနဲ့ ခင်မင်ရင်းနှီးဖူးတယ်..။
သိသလောက်တော့..
မြန်မာလူမျိုး၊ မူလဗီဇက.. လိင်ကိစ္စ..တက်မက်မှုနည်းပါတယ်..။
ဘဝကြင်ဖော်ဆိုပြီး.. အပြန်အလှန်.. သစ္စာရှိတာများပါတယ်..။
•*¨နန်းတော်ရာသူ •*¨
September 18, 2016 at 9:47 pm
အဲ့ဒါတော့သူကြီးလွဲပြီ။
ဒီလိုအွန်လိုင်းဇာတ်လမ်းတွေကမွှန်တုန်းခဏပဲ။ကောက်ရိုးမီးလို ဟုန်းခနဲဆုံးဖြတဟုန်းခနဲဆုံးဖြတ်မိကြပေမယ့် သွေးအေးသွားတဲ့အခါ စိတ်ပျက်စရာကစိတ်ပျက်စရာက္စတွေပါ။အထူးသဖြင့် အိမ်ထောင်သားသမီးအပေါ်တစ်သက်လုံးနောင်တရပြီ။ အနောက်ကလူနေမှု၊စိတ်ခံစားချက်၊တွေးခေါ်ပုံနဲ့လုံးဝခြားနားတယ်လေ။
•*¨နန်းတော်ရာသူ •*¨
September 18, 2016 at 9:52 pm
ကိုမင်းခန့်ကျော် မျိုးရိုးဗီဇကိုချည့်လွှဲချလို့လဲမရဘူးဗျ။ဒါမျိုးက typing နဲ့ဆွဲဆောင်ကောင်းရင်တောင် အဖြူထည်တောင်အရောင်ပျက်တတ်တာမျိုးပါ။
ကိုပေါက်(မန္တလေး)
September 18, 2016 at 9:41 pm
စပ်မှန်းသိပေမယ့် ငရုတ်သီးစားသလို
ပူမှန်းသိပေမယ့် အရက်သောက်မိသလို
သလို
သလို
သလိုတွေကြောင့်
•*¨နန်းတော်ရာသူ •*¨
September 27, 2016 at 4:49 pm
နှလုံးသားဆိုတာ တယ်လဲအထိခိုက်မခံသကိုး 🙂
•*¨နန်းတော်ရာသူ •*¨
September 18, 2016 at 9:48 pm
တော်ကီအောက်ကခံစားချက်များပေါ့လေးလေးပေါက်ရေ 😀
hmee
September 19, 2016 at 3:52 am
ကိုယ့်တာကို လုံအောင်လုပ်ကြရမှာပဲ။
•*¨နန်းတော်ရာသူ •*¨
September 19, 2016 at 2:11 pm
မထင်မှတ်တဲ့လူတွေပါ မထင်မှတ်စရာဖြစ်လောက်အောင်လွယ်နေတဲ့အိုင်တီခေတ်ပေကိုးမွမှီရေ
ဇီဇီခင်ဇော်
September 20, 2016 at 9:20 am
ခုဆို မထင်ထားတဲ့ နေရာတွေကပါ ကြားရတာ။
😥
•*¨နန်းတော်ရာသူ •*¨
September 20, 2016 at 11:59 am
ဇာတ်လမ်းတွေထက်တောင်ဆန်းကျယ်ပါရဲ့
Thint Aye Yeik
September 22, 2016 at 11:10 am
အိမ်ထောင်ရေး ဖောက်ပြန်မှု ဆိုတာကြီးက ကြားရတာကိုက ရှက်စရာကြီးပါလေ…။
အိမ်ထောင်ရေး ဖောက်ပြန်ကြတဲ့ ယောကျာ်း မိန်းမတွေကို မြင်မိရင်
တစ်လင်တစ်မယားစနစ်နဲ့ အနှစ် သုံးဆယ်ကျော်တဲ့အထိ… (တကျက်ကျက် ရန်ဖြစ်နေလျှက်က)
မကွဲမကွာ…နေလာကြတဲ့ ကျနော့်အဖေနဲ့အမေကို ကျေးဇူးတင်မိတယ်။
.ရှေးလူကြီးတွေက… အခု လူငယ်တွေထက် ပို စည်း စောင့်နိုင်ကြသလိုပဲနော်..။
•*¨နန်းတော်ရာသူ •*¨
September 27, 2016 at 4:50 pm
နည်းပညာရဲ့ဘေးထွက်ဆိုးကျိုးတွေကလဲ လူတွေကို အလွယ်ဖောက်ပြန်စေသွားတယ်။မမြင်ကွယ်ရာလိုဖြစ်နေတယ်မို့လား။
A mar nyo
September 22, 2016 at 2:35 pm
အခုခေတ်ကလည်း အင်တာနက်ကချစ်ကြပြီး အိမ်ထောင်ရှိမှန်းသိလည်း ဇွတ်တိုးနေကြတာတွေဆိုတော့
မျက်မြင်ပဲကျောင်းဆရာမဆိုပြီး အင်တာနက်ကနေအိမ်ထောင်ရှင်ကလေးအဖေနဲ့ ကြိုက်နေတာ တွေးမိတာလေးကတော့ ဒီလိုဆရာမက ကျောင်းသားတွေကို အကျင့်စာရိတ္တနဲ့ပတ်သက်ပြီးဘယ်လိုများသင်ကြားမလဲလို့
•*¨နန်းတော်ရာသူ •*¨
September 27, 2016 at 4:51 pm
ဟုတ်ကဲ့ အခုနောက်ပိုင်းကြားလိုက်သမျှ အွန်လိုင်းဇာတ်လမ်းတွေချည့်ဖြစ်နေတယ်