ဆုတောင်းနှင့် နောင်တ
ဆုတောင်းနှင့် နောင်တ
———-
ထိုရုပ်တုကို ကိုင်ပြီး ဆုတောင်းလျှင်
ဆုတောင်း ပြည့်လိမ့်မည်ဟု ယုံကြည်ကြသည်။
ထို့ကြောင့် ကျွန်တော် ထိုရုပ်တုကို သေသေချာချာ ကိုင်၍ ဆုတောင်းမိသည်။
”စင်ကြယ်သောလူတစ်ယောက် ဖြစ်ရပါလို၏”
ဆုတောင်းပြီး၍ လှည့်မထွက်ခင်မှာ ရုပ်တုအား
ကြည်ညိုစွာ ကြည့်လိုက်မိချိန်တွင်. . .
ကျွန်တော် ရုပ်တုကို ကိုင်ပြီး ဆုတောင်းမိတာ မှားပြီဟု
သိလိုက်သည်။
ရုပ်တု ကိုယ်ထည်ပေါ်တွင် . . .
.
.
.
.
.
.
.
.
.
.
.
.
ကျွန်တော့်လက်မှ
အညစ်အကြေးတို့ကြောင့်
ညစ်ထေးသွားတာကို
တွေ့လိုက်ရသောကြောင့် ဖြစ်၏။
————————–
သင့်အေးရိပ်
9 comments
ko six
July 29, 2017 at 6:19 pm
စိတ်မပူပါနဲ့။
အဲဒါ ဖြူစင်သွား မဟုတ်လား။
အရင်က အညစ်အကြေးတွေ စင်ကုန်တာ
🙂
kai
July 30, 2017 at 6:08 am
ဆုတောင်းပြည့်မယ်ထင်..
ဒီကအညစ်ဟိုစင်
ညစ်စစ်ကြီးပေါ့..။ :a:
သင့်အေးရိပ်
July 30, 2017 at 1:39 pm
ရုပ်တုကို အားနာမိတယ်
:k:
ko six
July 30, 2017 at 3:14 pm
အားတော့ နာတာပေါ့နော့။ သို့သော်လည်း
•*¨နန်းတော်ရာသူ •*¨
July 30, 2017 at 4:24 pm
ဒါနဲ့ရုပ်တုတွေကို maskတပ်ပေးထားဦးနော် :harr:
သင့်အေးရိပ်
July 31, 2017 at 4:48 pm
တော်ကြာ ရုပ်တုတွေပါ H1N1 ဖြစ်ကုန်ရင် ဒွတ်ခ
manawphyulay
July 31, 2017 at 3:56 pm
လက်ကို အမြဲစင်ကြယ်အောင် ဆေးပါ….
ခဏခဏ ဆေးပါ….
လက်ဆေးပြီးမှ ကိုင်တွယ်ပါ။ ကိုင်တွယ်ပြီးရင် လက်ပြန်ဆေးပါ…..
သင့်အေးရိပ်
July 31, 2017 at 4:47 pm
တော်ကြာ ရုပ်တုဆီက ရောဂါတွေ ကိုယ့်ဆီ ကူးလိုကူး
ကိုယ့်ဆီက ရောဂါတွေ ရုပ်တုဆီ ကူးလိုကူး
:k:
kai
July 31, 2017 at 11:49 pm
ကူးနေပြီလေ…။
….နာမ်ပဲရှီပြီး ရုပ်မရှိတဲ့ /ရုပ်ပဲရှိပြီး အသက်မရှိတဲ့ ကျင့်စဉ် ကျင့်နေကြတာပဲဟာ.. 🙂