ဂြိုလ်မွှေသော တရုတ်ကြီးနှင့် ကိုရီးယားစစ်ပွဲ (၁၉၅ဝ -၅၃)
၁၉၅ဝ နိုဝင်ဘာ ၂၅-၂၆ တွင် အမေရိကန် နှင့် ကုလသမဂ တပ်များကို အင်နှင့်အားနှင့် အပြုတ်နှံရန် တရုတ်စစ်တပ် ကိုရီးယားစစ်ပွဲသို့ ဝင်ရောက်ခဲ့သည်။ လူသုံးသိန်းပါဝင်သော တရုတ်ထိုးစစ်ကြောင့် ယူအန်တပ်များ အငိုက်မိ ဖရိုဖရဲ ဖြစ်ရခြင်းမှာ အဓိကအားဖြင့် တရုတ်တို့ စစ်ပွဲထဲ အတိအလင်း ဝင်လာမည် နှင့် ပြသနာ မီးလောင်ရာလေပင့် လွန်စွာ ကြီးကျယ်အောင် ပြုမည်ဟု ယူအက်စ် ဗိုလ်ချုပ်ကြီး ဒေါက်ကလပ် မက်အာသာ မထင်သောကြောင့် ဖြစ်သည်။ ။။။။
၁၉၅ဝ ဇွန် ၂၅တွင် ကူမြူနစ် မြောက်ကိုရီးယားတပ်များ ဒီမိုကရက်တစ် တောင်ကိုရီးယားထဲ ကျူးကျော်ဝင်ရောက်ခြင်းဖြင့် ကိုရီးယားစစ်ပွဲ စတင်သည်။ မျှော်လင့်မထားသော တိုက်ခိုက်မှုက တောင်ကိုရီးယားတပ်များ နှင့် နိုင်ငံတွင်း အနည်းငယ်သာရှိသော အမေရိကန်တပ်များအား ကိုရီးယားကျွန်းဆွယ် အရှေ့တောင်ဖက်စွန်းရှိ ပူဆန်မြို့တဝိုက် ခံစစ်ကြောင်းသို့ တွန်းပို့လိုက်သည်။ တောင်ကိုရီးယားအား မြောက်ဖက်၏ သိမ်းပိုက်မှုမှ ကာကွယ်ရန် မဖြစ်မနေ လိုက်နာရမည့် ကုလသမဂ ဆုံးဖြတ်ချက် အတည်ပြုပြီးနောက် ယူအက်စ်နှင့် သူ့မဟာမိ်တ်တို့ ပူဆန်နယ်မြေအား ထိန်းနိုင်ရန် စစ်တပ်များ စေလွှတ်သည်။ စက်တင်ဘာတွင် တိုကျိုမှ ယူအန်တပ်များကို ကွပ်ကဲနေသော မက်အာသာ တောင်ပိုင်းထဲ ရောက်နေသည့် မြောက်ကိုရီးယားတပ်များအား ချောင်ပိတ်ဖမ်းရန် နှင့် ဆုတ်လမ်းများ ဖြတ်တောက်ရန် မြောက်ကိုရီးယား ခံစစ်ကြောင်း နောက်ပိုင်းကို ကမ်းတက်တပ်များဖြင့် ရုတ်တရက် ထိုးစစ်ဆင်သည်။ ချီတက်မှု နှေးကွေးလွန်းရွေ့ မြောက်ကိုရီးယားတို့အား ချောင်ပိတ် မဖမ်းနိုင်သော်လဲ အင်ချွန်ကမ်းတက် တိုက်ပွဲကြောင့် မြောက်ကိုရီးယားတို့ တောင်ပိုင်းမှ ဝရုန်းသုန်းကား ဆုတ်ခွာပေးရသည်။ ။။။။
တောင်ပိုင်း လွတ်မြောက်တော့မှ မက်အာသာ တပ်များ မြောက်ကိုရီးယားအား ကျူကျော်စစ် စတင်သည်။ လမ်းတလျောက် ထိတွေ့မှုများစွာတွင် မြောက်ကိုရီးယား တပ်ဖွဲ့များကို ချေမှုန်းကာ ယူအန်တပ်များ အရှိန်မှန်မှန် ချီတက်နေခြင်းဖြင့် ထိုးစစ် မှန်ကန်ကြောင်း သက်သေပြသည်။ ယူအန်တပ်များ တရုတ်နယ်စပ်အနီး ရောက်သွားလျင် လူအင်အား မကုန်နိုင်သော အာရှ အင်အားကြီး တရုတ်နိုင်ငံ တိုက်ပွဲအတွင်း ဝင်လာမည်လို့ လူအများ သိရွေ့ အောင်မြင်နေသော်လည်း မက်အာသာ၏ ထိုးစစ်ကြောင့် ဝါရှင်တန်တွင် စိတ်ပျက်လက်ပျက် ဖြစ်ကြရသည်။ ။။။။
လွန်ခဲ့သော တနှစ်က ကူမြူနစ်တို့ တရုတ်ပြည်ကို အောင်အောင်မြင်မြင် သိမ်းပိုက်ပြီး တရားဝင် တရုတ်အစိုးရအား ထိုင်ဝမ်သို့ ထွက်ပြေးစေခဲ့သည်။ တရုတ်ပြည်သူ့သမတနိုင်ငံသစ် နှင့် သူတို့ခေါင်းဆောင် မော်စီတုံးမှာ နားလည်ရန် ခက်လှသည်။ တရုတ်ပြည်နှင့် မိုင်ကိုးရာနီးပါး နယ်စပ်ရှည်သည့် မြောက်ကိုရီးယား တခုလုံး ယူအန်တပ်များအောက် ကျရောက်လျင် တရုတ် ဘာလုပ်မည်ကို မည်သူမှ မသိနိုင်ချေ။ သူ့နိုင်ငံထဲ ယူအန်တပ်များဝင်ပြီး တရားဝင် အစိုးရအား ပြန်လည်တင်ပေးလိမ့်မည်ဟု မော် တွက်ထားလေမလား။ ။။။။။
အမေရိကန် ရာစုနှစ် ကယ်တင်ရှင် ဗိုလ်ချုပ်ကြီး သုံးယောက် (အိုင်စင်ဟောင်ဝါ၊ မက်အာသာ၊ မာရှယ်) ကြယ်၁၅ပွင့် စာအုပ်တွင် သမိုင်းပညာရှင် Stanely Weintraub ရေးသားရာ၌ အောက်တိုဘာ ၈ရက်နေ့ သမတ ထရူးမင်းမှ မက်အာသာထံ ပို့သော ကေဘယ်လ်သံကြိုးစာတွင်…. “တရူတ်ကူမြူနစ်တပ်များ ဝင်ရောက်နိုင်ချေအား သတိပြု” ပါရှိသည်။ လေးရက်အကြာ အောက်တိုဘာ ၁၂ တွင် ” ဆိုဗီယက်မှ ကဗာစစ် ဆင်နွှဲရန် စိတ်မရှိလျင် တရုတ် ပါဝင်နိုင်ချေမှာ လ ျှှို့ဝှက် ကူညီမှု အကန့်အသတ်တွင်းသာ ဖြစ်နိုင်ဖွယ်ရှိကြောင်း” စီအိုင်အေ သုံးသပ်ချက် အစီရင်ခံစာက လွဲမှားစွာ တင်ပြခဲ့သည်။
တရုတ် ဝင်ရောက်လာမည်ကို စိုးရိမ်သဖြင့် ထရူးမင်းန်က မက်အာသာအား မြောက်ကိုရီးယား နှင့် တရုတ် နယ်စပ် ယာလူးမြစ်သို့ မချဉ်းကပ်ရန် အမိန့်ပေးသည်။ မြောက်ကိုရီးယား စစ်တပ်နှင့် ပိုအင်အားသေးငယ်သော တရုတ်တပ်များ ယှဉ်တွဲရွေ့ မက်အာသာ၏တပ်များအား အောက်တိုဘာလထဲက တိုက်ခိုက်နေခြင်းက ထိုယူဆချက်ကို သေချာစေသည်။ တရုတ် အပျော်ထမ်း တပ်ဖွဲ့ဝင်များမှာ တရုတ်အစိုးရ ကိုယ်တိုင်မပါသယောင် တဖက်လှည့်နှင့် ပို့ထားသည်မှာ သံသယဖြစ်ဖွယ် မရှိဟု ယုံကြည်ကြသည်။ ။။။။။
ညူကလီးယား လက်နက်ရှိသော ကဗာ့အင်အား အကြီးဆုံးနိုင်ငံနှင့် ထိပ်တိုက်တွေ့လောက်အောင် မော်စီတုံး ဆင်ခြင်တုံမဲ့လွန်းမည် မထင်ကြောင်း စီအိုင်အေ နှင့် မက်အာသာ သဘောတူညီသည်။ ကူမြူနစ်တရုတ်ဟာ မော်စကိုမှ ဂျိုးဇက်စတာလင် ပေးသော စည်းချက်အတိုင်း ကနေတာလို့ စီအိုင်အေလိုပဲ သူ ယုံကြည်ခဲ့ပုံရသည်။ ဒါပေမဲ့ အများမသိတာ ဆိုဗီယက် နှင့် ကူမြူနစ် မဟာမိတ် ဖွဲ့ထားသော်ငြား သူ့ကိုယ်သူပိုင်ကြောင်း ကဗာကို ပြရန် မော်စီတုံး စိတ်ထက်သန်နေတာကိုပဲ။ ။။။။။။
မော်အတွက်တော့ အရေးအခင်းဟာ အခွင့်အရေးနဲ့ စွန့်စားရမှု အလားအလာများနဲ့အတူ စစ်အေးခေတ် နိုင်ငံခြားရေးမူဝါဒကို ရောင်ပြန်ဟပ်ယုံတင်မက စစ်ပွဲအတွင်း ပါဝင်ခြင်းမှာ အရေးပါသော ပြည်တွင်း ကစားကွက်လည်း ဖြစ်သည်။ ။။။။။
“အခွင့်အလမ်းများ အမြတ်ထုတ်ရန် မော် မြင်ထားသည်။ ပြင်ပ ခြိမ်းခြောက်မှုက ပြည်တွင်း အာဏာစုစည်း ချုပ်ကိုင်ခွင့်ကို အထောက်အကူပြုပြီး အမေရိကန်များနှင့် တိုက်ခိုက်ခြင်းဖြင့် ကူမြူနစ် အတွင်းစည်းတွင် သူ့ဂုဏ်သိပ်ခါကို မော်မြှင့်တင်နိုင်ပေလိမ့်မည်။ ဖြစ်လာနိုင်မည့် အတိုက်အခံပြုမှုကိုပင် ဖြိုခွဲရန် ဆင်ခြေအဖြစ် တင်းမာမှု မြင့်တက်လာခြင်းကို အသုံးချရန် သူ အသင့်ပြင်ထားသည်မှာ သေချာလှသည်။ ကူမြူနစ်တရုတ်တို့၏ သူတို့ပြည်သူပြည်သားများအား ကွက်မျက်မှု အရေအတွက်မှာ ကိုရီးယားစစ်ပွဲ စတင်ပြီးနောက် သိသိသာသာ မြင့်တက်လာကြောင်း” ကူမြူနစ်စနစ် အတက်၊ အကျ စာအုပ်တွင် သမိုင်းပညာရှင် အာချီဘရောင်း ရေးထားသည်။
ထိုင်ဝမ်ကျွန်းအား ကမ်းခြေမှ ရင်ဆိုင်ထားသည့် တရုတ်တပ်များကို ကိုရီးယား နယ်စပ် အနီးသို့ မော်က ပြောင်းရွှေ့ နေရာချထားသည်။ နွေရာသီတွင် မြောက်ကိုရီးယားအား ကူညီရန် သူပြင်ထားကြောင်း သူ့အတွင်းလူများအား ပြောထားပြီး နှင့် ဆောင်းကြိုကာလ သူ့ကူမြူနစ် မဟာမိတ်တပ် ဆုတ်ခွာချိန်တွင် ဝင်ရောက်ကူညီရန် စစ်သား သုံးသိန်း ပြင်ဆင်ထားခဲ့သည်။ ။။။။။
နိုဝင်ဘာ ၂၄ တွင် မြောက်ကိုရီးယားတပ်များအား အနိုင်တိုက်ရန် နှင့် စစ်ပွဲ အဆုံးသတ်ရန် ရည်ရွယ်သော အဓိက ထိုးစစ်ကြီးကို မက်အာသာ စတင်သည်။ ခရစ်စမတ် မတိုင်ခင် အိမ်ပြန်ရမယ် ယူအက်စ် နှင့် မဟာမိတ် တပ်များအား ပြောထားခဲ့သည်။ ရှေ့သို့ ဖေါက်ထွက်သော ထိုးစစ် အောင်မြင်သော်ငြား အမေရိကန် နှင့် မဟာမိတ်တို့ ဟန်ချက်ညီညီ စုစည်းတိုက်ခိုက်နိုင်ခြင်း မရှိဘဲ မကြာခဏပင် တပ်ခြင်း အဆက်အသွယ်ပြတ်တောက် နေခဲ့သည်။ နိုင်ဝင်ဘာ ၂၅ ညသန်းကောင် မတိုင်မှိီလေးတွင် တရုတ်တို့ တန်ပြန်ထိုးစစ် ဆင်နွှဲသည်။ ။။။။။
တရုတ်ရဲ့ ရက်ရက်စက်စက် သတ်ဖြတ်မှုဒဏ် ခံလိုက်ရတဲ့ တပ်ဖွဲ့တဖွဲ့မှာ ယူအက်စ်ကြည်းတပ် တပ်မဟာ ၂ တပ်ရင်းကြီး အမှတ် ၉ ဖြစ်သည်။ အိုဟိုင်းဝိုးပြည်နယ် ကလီဗလန်းမြို့တွင် မွေး ကြီးလာသူ ဒုဗိုလ် ဂျင်းန် တာကာဟာရှီမှာ မိသားစု တစုလုံး နှင့် အခြား တသိန်းကျော်သော ဂျပန် – အမေရိကန် ကပြား တို့နှင့်အတူ ဒုတိယ ကဗာစစ်အတွင်း ယူအက်စ် ထိန်းသိမ်းစောင့်ကြည့်ရေး စခန်းများတွင် နေခဲ့ရသည်။ တပ်ရင်းကြီး အမှတ် ၉၏ လူ ၁၇ဝ ပါသော ချစ်ခြင်းမေစ်တာ တပ်ဖွဲ့တွင် တာကာဟာရှီ တပ်စုမှုးအဖြစ် တာဝန်ယူ အုပ်ချုပ်သည်။ အေးပေမဲ့ ရေမနက်လှတဲ့ ကုံချွန်မြစ်ကို သူ့တပ်ဖွဲ့ ဖြတ်ကူးပြီး အနောက်ဖက် နယ်မြေတဝိုက်အား ထိန်းချုပ်လိုက်သည်။ စောင့်ဆိုင်းနေတဲ့ တရုတ်ထိုးစစ်ကို သတိမမူမိလို့ ၎င်းတို့တွင် လက်နက်၊ ခဲယမ်း အနည်းငယ်သာပါသည်။ ။။။။။
တရုတ်တို့ တိုက်ခိုက်လာချိန်ဝယ် သူတို့ လုံးဝ အငိုက်မိသွားသည်။ တပ်ဖွဲ့ ဗိုလ်ကြီးကို ထိမှန်သွားလို့ တာကာဟာရှီက နယ်မြေကို တတ်နိုင်သလောက် ကြာကြာထိန်းပြီး ကုန်းမြင့်ပိုင်းသို့ ဆုတ်ခွာရန် သူ့လူများအား ညွှန်ကြားသည်။ ပြန်ဆုတ်နေသော သူ့လူများမှာ တရုတ်ကျည်ဆံ နှင့် ဗုံးများအကြား မရှုမလှ ကျဆုံးကုန်ပြီးနောက် တောင်ကုန်းပေါ်တွင် နေရာယူ အသင့်ပြင်ထားသည်။ ။။။။။
အအေးဆုံးဆောင်း : အမေရိကန် နှင့် ကိုရီးယား စစ်ပွဲ စာအုပ်တွင် သမိုင်းပညာရှင် ဒေးဗစ် ဟယ်ဘာျစတမ် က “တာကာဟာရှီ၏ အားအကိုးရဆုံး တပ်ကြပ်ကြီး (ပထမတန်း) အာသာ လီ မှာ စက်သေနတ်ကို သူ့ဘယ်ဖက်တွင် ဆုပ်ကိုင်ထားသည်။ တရုတ်တတပ်လုံးကို ရင်ဆိုင်နေရသော တာကာဟာရှီ ကျဆုံးသွားလျင် သူဆက်လက် ဦးဆောင်ရမည်…. ရုတ်တရက် လီထံမှ အော်သံ ထွက်လာသည်။ သူ့လည်ပင်းကို ထိမှန်သွားပြီး သွေးအိုင်ထဲ လဲနေသည်။ အမေရိကန်များထံမှ တောင်ကုန်းကို သိမ်းပိုက်နိုင်သည်အထိ တောင်ဂမူလေး အနီးသို့ တရုတ်တို့ အနီးကပ် လှံစွပ်ဖြင့် တပွဲပြီးတပွဲ ကျားတက်ထိုးသည်။ တပ်ဖွဲ့ဝင် အားလုံးနီးပါး ကျဆုံးခဲ့သည်။” ဟု ရေးထားသည်။ ချစ်ခြင်းမေစ်တာ တပ်ဖွဲ့မှာ လုံးဝ ချေမှုန်းခံလိုက်ရသည်။ တာကာဟာရှိ နှင့် အသက်ရှင်ကျန်သူ အနည်းငယ်မှာ တရုတ်လက် သုံ့ပန်း ဖမ်းဆီးခံရသော်လည်း ထွက်ပြေးလွတ်မြောက်ကာ အမေရိကန် စစ်ကြောင်းဆီ အရောက်ပြန်နိုင်ခဲ့သည်။ ။။။။။။
စစ်ပွဲထဲ ဝင်လာသော တရုတ်တို့၏ ရဲစွမ်းသက်တိ စိတ်ဓါတ်အင်အားကို မက်အာသာ မလွှဲမရှောင်သာ ဝန်ခံခဲ့ရသည်။ နိုဝင်ဘာ ၂၈တွင် ဝါရှင်တန်သို့ ပေးပို့သော စာ၌ “တရုတ်တို့မှာ အလွန်ကြီးမားပြီး တိုးတိုးလာတဲ့ အင်အား ရှိနေလို့ အရင်နဲ့ လုံးဝ မတူသော စစ်ပွဲအသစ် နဲ့ ကျွန်ုပ်တို့ ရင်ဆိုင်နေရကြောင်း” ဖေါ်ပြထားသည်။ ယူအန်တပ်များ မြောက်ပိုင်းသို့ ထဲထဲဝင်ဝင် မချီတက်ခဲ့လျင် တရုတ်တို့ စစ်ထဲ ဝင်ပါ မပါ မသိနိုင်ပေမဲ့ ထရူးမင်းရဲ့ သတိပေးချက်ကို သူ အလေးမထားခဲ့မှုက ကြီးမားသော ပျက်ဆီးဆုံးရှုံးမှု ဖြစ်စေခဲ့သည်။ ။။။။။။
စစ်ပွဲ ပဋိပက်ခမှာ ၂နှစ်ခွဲကျော် ကြာမြင့်ခဲ့သည်။ တရုတ် အကူအညီဖြင့် ယူအန်တပ်များအား စစ်ပွဲ မဖြစ်မှီ နယ်စပ် အနီးသို့ မြောက်ကိုရီးယားတို့ တိုက်ထုတ်နိုင်လိုက်သည်။ ၁၉၅၃ နွေရာသီတွင် ရန်လို ပစ်ခတ်မှုများ ပြီးဆုံး၊ စတာလင် ကွယ်လွန်၊ မက်အာသာ ရာထူးမှ အနားပေးခံရ၊ ထရူးမင်းလည်း အိမ်ဖြူတော်တွင် မရှိတော့ချေ။ ဘယ်သူတွေ ဘာပဲဖြစ်ဖြစ် မော် ကတော့ သူသေဆုံးချိန် ၁၉၇၆ ခုနှစ်အထိ အာဏာမြဲခဲ့သည်။ တရုတ်စစ်သား ၃သန်း နီးပါး စစ်ထဲ ပါဝင်ခဲ့ပြီး တရုတ်၏ တရားဝင် ထုတ်ပြန်မှုတွင် ၁၅၂၀၀ဝ (တသိန်းငါးသောင်းနှစ်ထောင်) သာရှိပေမဲ့ တရုတ် လေးသိန်းမှ တသန်းအကြား စစ်ပွဲတွင် ကျဆုံးကြောင်း ခန့်မှန်းကြသည်။ အမေရိကန် အပါအဝင် ယူအန်တပ်များ အကျအဆုံးမှာ တသိန်း ခုနှစ်သောင်း နီးပါးရှိသည်။ တသန်းထက်ပိုသော ကိုရီးယား အရပ်သားများလည်း စစ်ပွဲတွင် သေဆုံးသည်။ ။။။။။။
ယနေ့တိုင် မြောက်ကိုရီးယား နှင့် တောင်ကိုရီးယား အကြား (တရားဝင် စစ်ပြေမငြိမ်း ရသေးပဲ) စစ်ပွဲအသွင် ရှိနေဆဲ ဖြစ်သည်။ ။။။။။
ဘာသာပျံ ။။ http://www.deseretnews.com/article/865616489/This-week-in-history-China-enters-the-Korean-War.html
တရုတ်သဗုံ ကြေးမုံကြီး (ခ) အော်ကွေ့ကျီ၏ဘဲ မဟုတ်တရုတ် ကြောင်ကြီး
3 comments
ဦးကြောင်ကြီး
September 20, 2017 at 7:50 am
This week in history: China enters the Korean War
By Cody K. Carlson
For the Deseret News
Published: Nov. 26, 2014 4:40 p.m.
Updated: Nov. 26, 2014 4:43 p.m.
On Nov. 25-26, 1950, the Chinese Army entered the Korean War in earnest with a violent attack against the American and United Nations forces in North Korea. The 300,000-man Chinese offensive caught the U.N. forces off guard, largely because of U.S. Gen. Douglas MacArthur’s belief that China would not openly enter the war, and vastly expanded the conflict.
The Korean War began when communist North Korean forces invaded democratic South Korea on June 25, 1950. The unexpected surprise attack pushed the South Korean (Republic of Korea or ROK) forces and the small number of American troops in the country to the southeastern corner of the peninsula, holding a line around the city of Pusan. With a United Nations mandate approved to defend South Korea from northern aggression, the United States and its allies began sending troops to hold the Pusan perimeter.
In September, MacArthur, who commanded the U.N. forces from Tokyo, launched a surprise amphibious raid behind North Korean lines, with the intent of trapping North Korean forces in the south and cutting them off from a line of retreat. Moving too slowly, MacArthur was unable to trap the North Koreans, but the Inchon landings did force the North Koreans out of the south in a panicked rout.
With the south now liberated, MacArthur’s forces began the invasion of North Korea. The advance proved successful, as the U.N. troops moved steadily, defeating North Korean units in a series of engagements along the way. Despite his success, MacArthur’s advance caused serious consternation in Washington, as many believed that as the U.N. forces approached the border with China, the large Asian nation, with its seemingly endless reserves of manpower, would enter the fight.
One year earlier the communists had succeeded in conquering China, forcing the legitimate Chinese government into exile on Taiwan. The new People’s Republic of China, with its leader Mao Zedong, was an enigma. Nobody knew for sure what position China would take if the entirety of North Korea, which shared a nearly 900-mile-long border with China, fell to the U.N. forces. Did Mao believe that the U.N. troops would then invade his country in order to restore the legitimate government?
In the book “15 Stars: Eisenhower, MacArthur, Marshall: Three Generals Who Saved the American Century,” historian Stanley Weintraub wrote that on Oct. 8, “(President Harry) Truman cabled MacArthur … warning of ‘the possible intervention of Chinese Communist forces.’ Four days later, on Oct. 12, a contrary CIA assessment argued that ‘barring a Soviet decision for global war,’ Chinese involvement ‘will probably be confined to continued covert assistance.’ ”
So concerned with the possibility of Chinese intervention, Truman had ordered MacArthur not to approach the Yalu River, the border between North Korea and China. To be sure, MacArthur’s forces had been battling smaller units of Chinese forces fighting alongside North Korean troops since late October. The belief was that these soldiers were volunteers, no doubt countenanced by the Chinese government, but not acting for it.
MacArthur agreed with the CIA and refused to believe that Mao would be so reckless as to take on the might of the world’s greatest superpower, armed as it was with nuclear weapons. Additionally, he perhaps also believed, as the CIA did, that communist China was dancing to the tune that Joseph Stalin was calling from Moscow. What many failed to understand, however, was that despite his communist alliance with the Soviet Union, Mao was eager to prove himself to the world as his own man.
For Mao, however, the conflict reflected not only a foreign policy within the context of the Cold War, with whatever potential advantages and risks came with it, but participation in the war had an important domestic angle as well.
In the book, “The Rise and Fall of Communism,” historian Archie Brown wrote: “(Mao) saw that there would also be opportunities to be exploited. External threat could help consolidate domestic control, and by taking the fight to the Americans, Mao would strengthen his prestige among Communists internally. He was certainly ready to make use of heightened tension as an excuse for cracking down on even potential opposition. The number of executions of their own citizens by the Chinese Communists increased sharply after the Korean War began.”
To this end, Mao had been moving Chinese forces away from the coast facing Taiwan and moving them into position near the Korean border. To his inner circle, Mao stated his readiness to help the North Koreans during the summer, and by the fall, with his communist ally in retreat, he was preparing 300,000 soldiers for intervention.
On Nov. 24, MacArthur launched a major offensive, what was intended to finally defeat all North Korean forces and end the war. U.S. troops and their allies were told that they would be home before Christmas. Though the advance appeared to make headway, American and allied units failed to maintain cohesive lines and often lost contact with one another. The Chinese counter-attack began shortly before midnight on Nov. 25.
One unit that bore the brunt of the Chinese onslaught was the United States Army 2nd Division, Ninth Regiment. Born and raised in Cleveland, Ohio, Lt. Gene Takahashi had been, along with his family, among the over 100,000 Japanese-Americans interned in the United States during World War II. In Korea, Takahashi served in the Ninth Regiment’s Love Company, made up of about 170 men, where he commanded a platoon. The company had crossed the cold but relatively shallow Chongchon River and held a perimeter on its west bank. Unaware of the impending Chinese assault, the company had little ammo and few grenades.
When the Chinese attacked, Love Company was taken completely by surprise. The company’s captain had been hit, and Takahashi held the perimeter for as long as he could before ordering his men to fall back to higher ground. Rallying his men, who were dropping like flies to Chinese bullets and bombs, Takahashi set up a position on the hill.
In the book, “The Coldest Winter: America and the Korean War,” historian David Halberstam wrote: “Sergeant First Class Arthur Lee … one of Takahashi’s best men, was handling a machine gun just to his left. If Takahashi was going to die taking on what appeared to be the entire Chinese Army, he was glad it was next to Lee. … Suddenly the only sound coming from Lee was a gurgle. He had been hit in the throat and was drowning in his own blood. The others fought on, and the Chinese made charge after charge, getting closer to their little knoll all the time, until they finally pushed the Americans off the hill. Almost every man was killed.”
Love Company was completely destroyed. Takahashi and a few survivors were taken prisoner by the Chinese but were able to escape and make it back to American lines.
MacArthur was forced to admit that the Chinese had indeed entered the war in earnest. On Nov. 28, he sent a message to Washington in which he stated that “We face an entirely new war” and that the Chinese had appeared “in great and ever-increasing strength.” His disregard for Truman’s warnings had led to disaster, though it is impossible to know if China would have intervened even if the U.N. forces had not advanced so far north.
The conflict lasted two and half more years. With Chinese help, the North Koreans were able to push back the U.N. forces to the approximate pre-war border. By the time hostilities ended in the summer of 1953, Stalin was dead, MacArthur had been relieved of command, and Truman was no longer in office. Mao, however, remained in power until his death in 1976. Approximately 3 million Chinese troops took part in the war, and an estimated 400,000 to 1,000,000 were killed in the conflict, though China’s official number was only 152,000. Total U.N. military deaths, including Americans, numbered around 170,000. More than 1 million more Korean civilians were killed in the conflict.
Today, a state of war still exists between North Korea and South Korea.
kai
September 20, 2017 at 9:59 am
ထရမ့်က ထကြိမ်းလို်က်ပြီ.. ဘာတွေဖြစ်မလဲမသိရသေးပေမယ့်.. တင်းတာကတော့.. တော်တော်တင်းနေပြီ..။
ပြတ်လုလု.. ။
ဆိုတော့..
ဒီဘာသာပြန်ကို.. သတင်းစာထဲ ပုံနှိပ်ထည့်လိုက်မယ်ကကြောင်ရေ..။ ဘာသာပြန် – Big Cat ဆိုပြီး ငယ်နာမယ်ပဲ သုံးလိုက်မယ်..။
:k:
=
Trump Threatens to ‘Totally Destroy’ North Korea in First U.N. Speech
by ALI VITALI
UNITED NATIONS — President Donald Trump, in his first address to the United Nations, derided Kim Jong Un, North Korea’s leader, as a “rocket man” on Tuesday as the president warned that he may be forced to “totally destroy” the rogue nation.
“If the righteous many do not confront the wicked few, then evil will triumph,” Trump said, as he detailed the horrors of what he called the “depraved” North Korean regime.
“Rocket man is on a suicide mission,” he said, using a nickname for Kim that refers to the North Korean leader’s recent missile tests.
“The United States has great strength and patience, but if it is forced to defend itself or its allies, we will have no choice but to totally destroy North Korea.”
https://www.nbcnews.com/news/us-news/trump-un-north-korean-leader-suicide-mission-n802596
ဦးကျောက်ခဲ
September 20, 2017 at 12:50 pm
ဂြိုလ်မွှေသော ပေါက်ဖော်ကြီးဆိုရင်တော့ …
မြောက်ပိုင်းက ဗကပတွေနဲ့ တိုက်ပွဲကြီးတွေအထိ ညွှန်းရမှာ …
အဲသည့်လို အပျော်ထမ်း တပ်ဖွဲ့ဝင်တွေဆိုပြီး လွှတ်ဖူးတယ်ဗျ …
တပ်ရင်းတွေ တောခိုသွားပါတယ်ဆိုပြီးလည်း ပီကင်းအသံကလည်း လွှင့်ဖူးသေးတယ် …
ယူအန်တပ်တွေလည်း တောင်ကွီးယားဘက်က ကူလိုက်တာ ကပြားလေးတွေ ထွက်လာရော …
အထင်ကရကတော့ ခိုခိုတာကီများရဲ့ အခြစ်မြှားတွေ စူးကုန်ကြတာပဲ …
နောက်ဆုံးတော့ ခေါင်းဆောင်ကြီး ပက်ခ်ချုံဟီးလည်း ဘုရားရှိခိုးဖို့ မြေလှုလိုက်ရတယ်… :k: