Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

California ရဲ့အဓိကစိန်ခေါ်မှုတွေအတွက် ဖြေရှင်းဖို့ကြိုးစားခဲ့သူ ၆ဦး။

kaiApril 17, 20243min9880

California ရဲ့အဓိကစိန်ခေါ်မှုတွေအတွက် ဖြေရှင်းဖို့ကြိုးစားခဲ့သူ ၆ဦး(သို့မဟုတ်) James Irvine Foundation Leadership Award ဆုရသူ ၆ဦးနဲ့ ဆွေးနွေးတဲ့အစီအစဉ်ကို ၂၀၂၄ခုနှစ်၊ မတ်၂၆က Ethnic Media Services က စီစဉ်ခဲ့သည်။ ဆုရသူ၆ဦးက သူတို့ဆောင်ရွက်ခဲ့သော အလုပ်များနှင့်အကြောင်းရင်းများကို ဆွေးနွေးခဲ့သည်။

Elizabeth Baham, Reach University က California ရင်ဆိုင်နေရသည့် အကြီးမားဆုံးစိန်ခေါ်မှုများထဲက စာသင်ကျောင်းများတွင်ဆရာရှားပါးခြင်းအကြောင်းကို ပထမအချက်အနေဖြင့်ဆွေးနွေးခဲ့သည်။ ဆရာနေရာ တစ်သောင်းခန့်လစ်လပ်လျက်ရှိပြီး နောက်၃နှစ်တွင် ၂၀% ဆရာများက ပင်စင်ယူခြင်းအပါအဝင် ဆရာအလုပ်ကိုစွန့်ခွာသွားမည်ဟု အချက်အလက်များအရ ခန့်မှန်းရပြီး အချိန်ပိုင်းအစားထိုးဆရာများဖြင့် စာသင်ခန်းများတွင်စာသင်ကြားပေးနေသော်လည်း အတန်းတခုစီ၏စံနှုန်းမီစွာသင်ကြားနိုင်မှုများကိုစဉ်းစားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ” ဆရာရှားပါးခြင်းဟာ စာသင်ခန်းကကျောင်းသားအရေအတွက်အနည်းအများအပေါ် သက်ရောက်မှုရှိတယ်။ ကျောင်းသားတွေရဲ့ Academic နဲ့ extracurricular သင်ကြားမှုအပိုင်းတွေကိုလျော့နည်းစေတယ်။ အရည်အသွေးကျစေတယ်။ ကျောင်းသားတဦးစီရဲ့ ကျောင်းစာအပေါ် အာရုံစိုက်မှုနဲ့ ကျောင်းသားကိုပံ့ပိုးပေးမှုကို ကန့်သတ်ထားစေတယ်။ ကျောင်းသားတွေရဲ့ Academic အောင်မြင်မှုကို တားဆီးထားတယ်။ ဒါတွေအားလုံးက ကျမတို့တွေသိကြပါတယ်” ဟု ပြောခဲ့သည်။ Héctor Camacho Jr က ” စာသင်ကျောင်းတွေမှာ အခြားဝန်ထမ်းတွေပမာဏက သူအရည်အတွက်နဲ့သူရှိပေမယ့် ဆရာရှားပါးခြင်းက စံနှုံးမီတဲ့ teaching credential တွေ၊ Certificate တွေရဖို့ကို တက်ဖို့အခွင့်အရေးမရှိကြတာဟာအကြောင်းရင်းဖြစ်တယ်။ ဘာလိုတက်ဖို့အခက်အခဲရှိသလဲဆိုရင် အချိန်မပေးနိုင်တာရယ်၊ ကောလိပ်တက်ဖို့ ကုန်ကျစားရိတ်ရယ်‌ကြောင့်ဖြစ်တယ်” ဟု ဆက်ပြီးဆွေးနွေးခဲ့သည်။ ၆၈% calssified employees များသည် အသားအရောင်ရှိသောလူမျိုးများဖြစ်ကြပြီး စာသင်ကျောင်းများတွင် လူမျိုးစုမျိုးစုံပါဝင်သောဆရာများပါဝင်သည့် California ၏ စာသင်ခန်းစနစ်များလိုအပ်ချက်ကို ထောက်ပြခဲ့သည်။ Elizabeth Baham က ” လတ်တလောမှာ စာသင်ကျောင်းတွေမှာ ကျောင်းသားတွေဟာ အရည်အချင်းနဲ့ကျွမ်းကျင်မှုရှိတဲ့ဆရာတွေကို လိုအပ်တယ်။ Cultural competence ယဉ်ကျေးမှုတွေကိုနားလည်သိရှိပြီး ညှိုနှိုင်းဆောင်ရွက်တတ်တဲ့၊ ကိုယ့်ကိုယ်ကိုယ်ဘယ်သူဆိုတာကို သတ်မှတ်ဖော်ပြနိုင်တဲ့ဆရာမျိုးလိုအပ်တယ်” ဟု ဆိုသည်။

The Source LGBT + Center သည် Visalia မြို့နှင့် Tulare, Kings, Fresno Counties များတွင်ရှိသည်။ Brian Poth, the executive director of The Source LGBT + Center က ” ကျနော်တို့အဓိက ကြုံတွေ့နေရတဲ့စိန်ခေါ်မှုကတော့ LGBT တွေအတွက် Cultural competence care ပါပဲ။ Central California က မြို့တွေမှာ LGBT တွေအတွက် critical resources တွေအလွန်နည်းပါတယ်။ လုံခြုံစိတ်ချရပြီးကောင်းမွန်တဲ့ health care တွေအတွက် ကျနော်တို့ဆီက LGBT တွေဟာ Los Angeles နဲ့ San Francisco မြို့တွေကို ကားမောင်းပြီးသွားရတယ်” ဟု ဆိုသည်။ “Central California ဟာ ပြည်နယ်ရဲ့အခြားဒေသများနဲ့ မတူဘဲ အလွန် Conservative အယူအဆများပြီး ဘာသာရေးအလွန်ဦးစားပေးသည့်ဒေသဖြစ်တယ်။ ကျနော်တို့ဒေသမှာ mental health providers တွေဟာ ခုထိ conversion therapy တွေလုပ်နေတုန်းပဲ။ ကျနော်တို့ center က သက်ကြီးတွေနဲ့ လူငယ် LGBT တွေအတွက် Cultural competence အတွေ့အကြုံတွေကိုရဖို့ကို ဦးစားပေးလုပ်ကိုင်နေပါတယ်။ သူတို့ဟာ သူတို့ကိုယ်တိုင်ဖြစ်တည်မှုအတိုင်း ရှိနေဖို့နဲ့ လက်ခံအသိအမှတ်ပြုခံရဖို့ အခွင့်အလမ်းတွေကိုပေးပါတယ်။” ဟု Brian Poth က ဆိုသည်။ The Source LGBT + Center ရှိ လူတိုင်းသည် LGBT ဟု အတည်ပြုကြပြီး စိတ်ကျန်းမာရေးနှင့်ကျန်းမာရေးဝန်ဆောင်မှုများကိုအခမဲ့ပေးလျက်ရှိပြီး HIV+ ဟုအတည်ပြုပြီးပါက နှစ်ရက်အတွင်း ဆရာဝန်နှင့်တွေ့ပြီးကုသနိုင်ရန်စီစဉ်ပေးလျက်ရှိသည်။

Visalia မြို့တွင်ကြီးပြင်းခဲ့သော Nick Vargas က အထက်တန်းကျောင်းမှာပင် သူ့ကိုယ်သူ Gay ဟု သိခဲ့ပြီး Stanford တက္ကသိုလ်မှာတက်ပြီးသည့်အခါ ထိုမြို့သို့ပြန်လာမည်ဟု စိတ်မကူးခဲ့ချေ။ သို့သော် San Francsico တွင်နှစ်နှစ်နေပြီး ထိုမြို့သို့ပြန်လာခဲ့သောအခါမှာ Nick သည် Visalia ဟာ လွန်ခဲ့တဲ့၁၀နှစ်မှာ ကျန်ခဲ့တုန်းပါလားဟု တွေးမိသည်။ ” HIV ကူးစက်မှုကိုတားဆီးတဲ့ PrEP ပေးနိုင်တဲ့သူကို ကျနော် ရှာမတွေ့ဘူး။ LGBTQ တွေအတွက် အသိပညာပြည့်စုံတဲ့ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းတွေရှိတဲ့ကျန်းမာရေးနဲ့ စိတ်ကျန်းမာရေးစောင့်ရှောက်မှုတွေ မရှိဘူး။” ဟု Nick ကဆိုသည်။ Anti-LGBT legislation များနှင့် LGBTQ+ များ၏ အခွင့်အရေးနှင့်လုံခြုံစိတ်ချမှုအတွက် အန္တရာယ်ရှိသော်လည်း Brian နှင့် Nick သည် LGBTQ+ များ၏ တန်းတူညီမျှရေးကိုဆက်လက်ဆောင်ရွက်လျက်ရှိသည်။ The Source သည် Los Angeles နှင့် Sacramento ကြားတွင် အကြီးဆုံး LGBTQ+ Center ဖြစ်သည်။ Programs ၃၀ကျော်ရှိပြီး ဒေသတွင်းအစိုးရအဖွဲ့များ၊ လူထူအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး County ၃ခုတွင် လူပေါင်း၂၆၀၀၀ ကို ဝန်ဆောင်မှုပေးခဲ့သည်။

AAPI သည် အာရှနှင့်ပစိဖိတ်ကျွန်းသားများ၏ တန်းတူညီမျှအခွင့်အရေးအတွက် လူထုအခြေပြူအဖွဲ့အစည်းပေါင်း၄၀ခုနှင့်အလုပ်အတူတွဲလုပ်လျက်ရှိပြီး ၂၀၂၀နှစ်တွင်အာရှလူမျိုးများမုန်းတီးမှုများကြုံတွေ့လာသောအခါ Stop AAPI Hate ကို ပူးတွဲတည်ထောင်ခဲ့သည်။” ဒီနေ့ ဒီနိုင်ငံမှာရင်ဆိုင်နေရတဲ့ပြဿနာက လူမျိုးရေးခွဲခြားမှုပဲဖြစ်တယ်။ သမ္မတလောင်းနှစ်ယောက်က ရွေးကောက်ပွဲအတွက်ယှဉ်ပြိုင်ကြရာမှာImmigrants တွေက တန်ဆာခံဖြစ်သွားကြတယ်။ သမ္မတအရွေးခံမယ့် Trump က Immigrants တွေဟာ ဒီနိုင်ငံရဲ့သွေးတွေထဲ အဆိပ်ခတ်တာပဲလို့ပြောတယ်။ သူပြောတဲ့ဒီစကားကို Iowa caucus က မဲခွဲဆုံးဖြတ်တာ ၇၀%ကနေ၈၀% က သဘောတူကြတယ်” ဟု လက်ရှိရင်ဆိုင်နေရသော လူမျိုးရေးခွဲခြားမှုကို Manjusha Kulkarni က ထောက်ပြခဲ့သည်။ AAPI သည် California Stop the Hate ၏ regional lead အဖြစ်ပါဝင်နေပြီး အဖွဲ့အစည်းပေါင်း ၄၂ခုနှင့်ပူးပေါင်းပြီး ရန်လိုမုန်းတီးခြင်းများကိုရပ်တန့်တားဆီးရန်ဆောင်ရွက်လျက်ရှိသည်။ အာရှလူမျိုးများနှင့်သာမက AAPI Manjusha Kulkarni သည် ယခုအခါ California ပြည်နယ် တခုလုံးတွင် လူမည်းများ၊ လက်တီနက်စ်များ၊ LGBTQ+ ကွန်မြူနတီများပါဝင်သောအဖွဲ့အစည်း၁၀၀နှင့်ပါလက်တွဲပြီး ကွန်မြူနတီအလိုက်လိုအပ်ချက်များအတွက် ဆောင်ရွက်ပေးလျက်ရှိသည်။ Stop AAPI Hate ကို တည်ထောင်သူ Manjusha Kulkarni သည် သူမ၏ မိဘများကိုယ်တိုင် Immigrants များကို ခွဲခြားဆက်ဆံခံရခြင်းကို ကြုံတွေ့ခဲ့ရသူဖြစ်သည်။ Policy မူဝါဒအပြောင်းအလဲနှင့် Civic engagement များသည် Immigrants များအတွက် အလွန်အရေးကြီးပြီး နိုင်ငံ၏သမ္မတကို နိုင်ငံသားများမဲပေးရာတွင် အလွန်အရေးကြီးသောကြောင့် မဲပေးသည့်သတင်းအချက်အလက်နှင့် မဲပေးပုံအဆင့်ဆင့်ကို လေ့လာသင့်ကြောင်းကို ဆွေးနွေးခဲ့သည်။

Campaign for College Opportunity ကို အနှစ်၂၀ လုပ်ကိုင်ခဲ့သူ Michele Siqueiros က ကောလိပ်ကျောင်းများတွင် အသားအရောင်နှင့်လူမျိုးခွဲခြားမှုများနှင့်ပတ်သက်ပြီး တန်းတူညီမျှရှိရေးကို ဆွေးနွေးခဲ့သည်။ ၆တန်းကျောင်းသူအရွယ်က US တွင်ပြောင်းရွှေ့ပညာသင်ခဲ့သူဖြစ်ပြီး Immigrants မိဘများ၏ရုန်းကန်ရမှုကို Michele Siqueiros က သေချာသိရှိနားလည်ခဲ့သည်။ Campaign for College Opportunity သည် ဝင်ငွေနည်းမိသားစုများမှ ကောလိပ်တက်မည့်ကျောင်းသား၊ ကျောင်းသူများကို ကူညီပေးနေသောအဖွဲ့့ဖြစ်သည်။ ” California ကလူမျိုးစုံပါတယ်။ ဘာအသားအရောင်ရှိသူဖြစ်ဖြစ်၊ ဘာလူမျိုးပဲဖြစ်ဖြစ်၊ ဝင်ငွေနိမ့်မိသားစုကလာပါစေ တကယ်တော်တဲ့ကျောင်းသားကို အခွင့်အရေးပေးခြင်းနဲ့ California ရဲ့တန်ဖိုးကို ထိန်းကြပါ” ဟု Michele Siqueiros က ပြောကြားခဲ့သည်။

UC San Diego ACTRI Center for Community Health သည် ဆယ်စုနှစ်နှစ်စုကြာ UC San Diego တွင် social justic နှင့် health equityရရှိရေးအတွက်ဆောင်ရွက်ခဲ့သည်။ မက်ဆီကိုနယ်စပ်တွင်ရှိသည်ဖြစ်ရာ ပြောင်းရွှေ့အခြေချသူများနှင့် ဒုက္ခသည်များအတွက် ကျန်းမာရေးဆိုင်ရာ အတားအဆီးများကိုကျော်လွှားနိုင်ရန် ကူညီပေးလျက်ရှိရာ နိုင်ငံသစ်သို့ရွှေ့ပြောင်းသူများကြုံတွေ့ခံစားရသည့် ဖမ်းပြီးပြန်ပို့ခံရမည်ကိုကြောက်ရွံခြင်း၊ ပြောင်းရွှေ့နေရသဖြင့် စိတ်သောကရောက်ခြင်း၊ ယဉ်ကျေးမှုမတူသဖြင့်စိတ်ဖိဆီးခြင်းများအားလုံးသည် စိတ်ကျန်းမာရေးကိုထိခိုက်နိုင်ကြောင်း Blanca Meléndrez က ဆွေးနွေးခဲ့သည်။ ပြောင်းရွှေ့အခြေချသူများနှင့် ဒုက္ခသည်များကြုံတွေရသည့်ပြဿနာများကို ရေရှည်ဖြေရှင်းနိုင်ရန်အတွက် အခြား ကွန်မြူနတီအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ Housing stability, အစားအစာနှင့် အလုပ်အကိုင်ကိစ္စများကိုလည်း ကူညီပေူလျက်ရှိသည်။ ” ကျမနဲ့ မိဘတွေဟာ Undocumented immigrants အနေနဲ့ ဒီနိုင်ငံကိုရွှေ့ပြောင်းလာတဲ့အခါမှာ ခွဲခြားဆက်ဆံခံခြင်းတွေကြုံခဲ့ရတယ်။ အစားအစာအတွက်ပူပန်ရတာတွေရှိခဲ့တယ်။ ကျန်းမာရေးအတွက် resources တွေဘယ်လိုရမယ်ဆိုတာ မသိခဲ့ဘူး။ အဖေက အသက်၄၉မှာ ကင်ဆာနဲ့ဆုံးခဲ့တယ်။ Immigrants တွေရဲ့ကြုံတွေ့မှုကိုသိရှိတဲ့အတွက် လိုအပ်တာတွေကို ဝန်ဆောင်မှုပေးတယ်” ဟု Blanca Meléndrez ကဆိုသည်။ လောလောဆယ် nutrition program တွက် Southern California ရှိ အိမ်ထောင်စုပေါင်း ၅၅၀၀၀ ကို ဝန်ဆောင်မှုပေးခဲ့သည်။

Immigrant မိသားစုမှပေါက်ဖွားလာသူ Amina Sheik Mohamed ကလည်း သူမ တာဝန်ထမ်းဆောင်ပေးသော ကွန်မြူနတီမှာ Immigrants များုဖစ်သဖြင့် လိုအပ်ချက်များကိုနားလည်သဘောပေါက်သူဖြစ်သည်။ Amina Sheik Mohamed က ကွန်မြူနတီမှလူမျိုးစုံအဖွဲ့အစည်းများပါဝင်ဆွေးနွေးသည့် Coalition table အ‌‌ကြောင်းကိုဆွေးနွေးခဲ့ပြီး “Immigrant မွတ်စလင်အမျိုးသမီးတယောက်အနေနဲ့ အခုလို အသိအမှတ်ပြုခံရတာ အရမ်းအဓိပ္ပာယ်ရှိပါတယ်။ ကျမတို့မှာ မျှော်လင့်ချက်မရှိခဲ့ဖူးဆိုရင် အခုလိုအခြေအနေထိကို ကျမတို့မရောက်ပါဘူး” ဟု သူမကဆိုသည်။

” James Irvine Foundation ဆုဟာ ကွန်မြူနတီတွေမှာ အလွန်လိုအပ်နေတဲ့စိန်ခေါ်မှုတွေကို အတွေးအခေါ်တွေနဲ့စဉ်းစားပြီး ထိထိရောက်ရောက်ဖြေရှင်းနိုင်တဲ့သူတွေကို ချီးမြှင့်ပါတယ်။ လူတွေရဲ့ဘဝကိုပိုပြီးကောင်းအောင်ဆောင်ရွက်ပေးနိုင်ပြီး California ကိုပိုပြီးကောင်းမွန်အောင်လုပ်ပေးတာပါပဲ” ဟု Cindy Downing, The James Irvine Foundation က ပြောကြားခဲ့သည်။

2024 James Irvine Foundation Leadership Award Recipients–Tackling Six Critical
Challenges Facing California
Tuesday, March 26th – Ethnic Media Services invite you to a California Ethnic Media News Briefing