အလွမ်းအခန်းငယ်
မိုး ရေစက်တို ့ ပြတင်းတံခါးကို လာမှန်နေသည်။ အခန်း ငယ်၏ ပြတင်းတံခါး တို ့ကို အနည်း ငယ်စိပိတ်ထားလိုက်ရသည်။ တံခါးပိတ်လိုက်ပြီး ခဏကြာတော့ လှောင် အိုက် လာပြန်သည်။ ပြတင်းတံခါး ကို အနည်းငယ်ပြန်ဖွင့် ရင်း ဆက်အိပ်ရန်ကြံနေစဉ် ပင် အောက်ထပ်စီမှ အသုဘ ဘင်ခရာ တီးမှုတ်သံကြားရပြန်သည်။ ရုံးပိတ်ရက် မိုး အေးအေး နှင့် ကွေးမည် ဟု စိတ်ကူးပြီး မှ ဤကဲ့သို ့တရုတ် အသုဘ နှင့် တိုး လျှင် ဒုက္ခ ရောက်တတ်ပြန်သည်။ ခေါင်းအုံး နှင့်နားပေါ်အုပ်ပြီး ဆက်အိပ်ရန် ကြိုးစားလိုက်သည်။ မအိပ်လို ့လဲ မရ။ ညက များထားသေးသည်မဟုတ်ပါလား။ ယခု ထိ အမူးကမပြေချင်။ ခေါင်းက ကိုက်ချင်သလို လိုဖြစ်ရာမှဘင်ခရာသံကြောင့်ပို၍စိုးလာလေသည်။
ရုံးပိတ်ရက် တစ်ချို ့တစ်ဝက်သည် လှဲနေရင်းကုန်လွန်းသွားခဲ့လေပြီ။ အလွမ်း များပေကြံနေ သော နှလုံးသား က တော့ ဆက်လက် လတ်ဆတ်နေဆဲပင်။ အခန်းတွင်း ပူလောင်မှု နှင့် အတူ အလွမ်း မီးလျှံတစ်ချို ့ကလည်း ပြန်လည် တောက်လောင်လာပြီဖြစ်သည်။ သောက်ထားသော အရှိန် ကုန်သွား သည် နှင့် အခန်း ငယ်လေး အတွင်း အလွမ်း အငွေ ့ အသက် များ ဖြင့် ရင်ဘတ်တစ်ခုလုံး ပါတင်းကျပ်နေလေ၏။ စိတ်ပြေလက်ပျောက် လုပ်စရာရှိသည် များ ထလုပ်သော်လည်း စိတ်ကတော့ မပျောက် ပါ။ ချစ်သူ အကြောင်း ကဗျာ တစ်ပုဒ်စာတစ်ပုဒ် ရေးစပ်လျှင်ကောင်းမလား ဟု ကွန်ပျူတာကို ဖွင့်လိုက်သောအခါ သူမပုံ ပြည့်တင်ထားသော desktop background ကြောင့် လှိုက်ကနဲ ဖြစ်သွားရပြန်သည်။
ဂစ်တာကို ကောက်ကိုင် ၍ တိုးကြီး သီချင်းများ အသာ တီးခတ်မိလိုက်သည်။ လွမ်း လိုက်တာ ချစ်သူရယ်။အသက်(၃၀) ပြည့် ပြီဖြစ်သော်လည်း နှလုံးသား က အရွယ်ရောက် နောက်ကျခဲ့လေသလား ထင်ရသည်။ ယခု မှ အရူးအမူး ချစ်တတ်တုံး၊ အလွမ်းကြီး လွမ်းနေတုန်းပင်။ ငယ်စဉ်က ပစ်ချထားခဲ့ရသော အချစ်များ ယခု မှ အတိုး နှင့် ပြန်လည် ဒုက္ခပေးနေခြင်းဖြစ်ပေလိမ့်မည်။ ကွန်ပျူတာတက္ကသိုလ် (၃) နှစ်သက်တမ်းတလျှောက် အချစ်ကို မေ့မေ့ပျောက်ပျောက် နှင့် နေလာခဲ့ရာမှ၊ ယခု ကြီးမှဝက်သက်ပေါက်ရလေပြီ။ ဘီအီး အရက်ပုလင်း နှင့် ပျော်ခဲ ့သူ တစ်ယောက် ရေခဲစိမ် ဘီယာ သောက်နေချိန်မှာ အတိတ်အရိပ် တစ်ချို့ကလည်းပုံမှန်ရိုက်ခတ်လာတတ်သည်။
ဘီယာကို ရေခဲထည့်ပြီးသောက်တတ်သူ တစ်ယောက် ဖြစ်လာသော်လည်း ဘီးအီးသောက်ခဲ့စဉ်က ကုန်လွန်သွားခဲ့ချိန်များ ကို နှမြောနေမိသည်။ ထို စဉ်ကတည်းက သူမသည် လည်း အနားမှာ ရှိနေခဲ ့ပြီးဖြစ်သည်မဟုတ်ပါလား။ သို ့သော်လည်း အချစ်သည် နှလုံးသားတံခါး ကို ခေါက်ရုံသာခေါက်သွားခဲ့သည်။ ယခု ဒဏ်ရာ ပြင်းထန်လာချိန်တွင် အနားမှာ သူမသည်လည်းမရှိတော့ ။ လွမ်းတတ်ချိန် တွင် လွမ်းစရာ အကြောင်းအရာများ စုပြုံရောက်လာသည်။ တစ်ယောက်တည်း အခန်းကျဉ်း ညငယ်များတွင် ဘီယာ ပုလင်း နှင့် ညကို ဖြတ်သန်း နေရပေပြီ။ ဂစ်တာမတောက်တခေါက်တီး၍ အလွမ်းညတွေ ဖြေသိမ့်ကြည့်နေရသည်။ ပြန်လာခဲ့ပါ ချစ်သူရယ်။ရုံးဖွင့်ရက်ရောက်ပြန်တော့ နှိုးစက် မြည်လာချိန်မှာသာ ပြန် အိပ်ပျော်ရင်း အိပ်မပျော်တဲ့ညများ စွာ အချစ်သည်သာ စိုး မိုး လျက်ရှိသည်။
အခန်းတစ်ခုလုံး သူမပုံရိပ်တွေ ထင်ဟပ်နေသလားမှတ်ရသည်။ တစ်ကိုယ်ရည်ညများ အားလုံး ပိုင်ရှင် သည် သူမ သာ ဖြစ်ခဲ့လေပြီ။ အိပ်ရေးပျက် မျက်လုံးများဖြင့် အလုပ်ဝင် ၍ ညနေခင်း တစ်ကိုယ်တော် အလွမ်းသမား သူငယ်ချင်း တစ်ချို ့နှင့် ဘီယာဆိုင်မှာ ။ တဒင်္ဂ အလှများ မျက်လုံးထဲဝင်လာသော်လည်း နှလုံးသား ထဲ ထိအောင် ရောက်မလာခဲ့ပါ။ ဘီယာဆိုင်က ထပြန် ပြီး အခန်းထဲရောက်တော့ သူမသည်သာ ည၏တွေး လုံး များ ဖြစ်လာပြန်ပါသည်။ ဂီတာကို ကောက်ကိုင်၍ အသံတိတ်တီးခတ်ရင်း အလွမ်းဖြေရသည်။အလွမ်း ရက် ရင့်လာခဲ့သော်လည်း အခန်းထဲမှာ တစ်ယောက်ထဲ ရှိဆဲဖြစ်လေသည်။
အားမရှိသော စကားလုံးတို ့က ဂီတ ထဲတွင်သာ သီချင်းအဖြစ်သူမကို ချစ်ကြောင်းဖွဲ ့ဆို ဖြစ်နေဆဲဖြစ်သည်။ ရပ်တန် ့၍ မရနိုင်တော့သော အလွမ်းကမ ္ဘာထဲ နစ်မျောရင်း ဘယ်လို ပဲဖြစ်ဖြစ်အခန်းထဲတစ်ယောက်ထဲလွမ်းမြဲလွမ်းလျက်ပင်။
ဗာလ