Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အောင်မြင်သော အိုင်တီပရော်ဖက်ရှင်နယ် တစ်ယောက်ဖြစ်လာဖို့ နည်းလမ်းများ

manawphyulaySeptember 25, 20101min2150

ကျွမ်းကျင်ပြီး အရည်အချင်းပြည့်ဝသော အိုင်တီပညာရှင်တစ်ယောက်အဖြစ် တက်လှမ်းနိုင်ဖို့ ပထမဦးဆုံးမှန်ကန်တဲ့ အိုင်တီခေတ်အလုပ်အကိုင် အခွင့်အလမ်းတွေအနေနဲ့ လမ်းကြောင်းတွေ ရွေးချယ်ဖို့ လိုပါတယ်။
အိုင်တီအလုပ်အကိုင်တွေအနေနဲ့ Professional Level, Mangement Level နဲ့ Executive Level ဆိုပြီး အဆင့် ၃ ဆင့် ရှိပါတယ်။ အများစုကတော့ အခြေခံအဆင့်ဖြစ်တဲ့ Professional Level အဆင့် အလုပ်အတွေ့အကြုံ အရည်အချင်းနဲ့ ကျွမ်းကျင်မှု လက်မှတ်တွေ အဆင့်ဆင့်ရရှိလာပြီဆိုမှ အထက်အဆင့်တွေကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။
Technical Level မှာ
Programmer/Software Developer
Systems Analyst/Analyst Programmer
Web Developer/Multimedia Specialist
Database Administrator
Network Technician/Network Administrator
Systems Technician/System Administrator
Instructor/Lecture
စသဖြင့် သက်ဆိုင်ရာ ကျွမ်းကျင်မှုအလိုက် လုပ်ငန်းတာဝန်တွေ ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။

အဲဒီလိုပဲ Management Level မှာ ကြည့်ရင်လည်း
IS Manager
IT Manager
EDP Manager
Project Manager
Systems Manager
Network System Manager
Training Manager
ဆိုတဲ့ လုပ်ငန်းရပ်အသီးသီးမှာ တာဝန်ခံမန်နေဂျာများအဖြစ် တာဝန်ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။

Executive Level လို့ ခေါ်တဲ့ အမှုဆောင်အရာရှိအဆင့်များမှာတော့
Vice Persident (IT)
Vice Persident(Information Service)
Chief Information Officer-CIO
Chief Technical Officer-CTO
Chief Security Officer-CSO
Technical Director
IT/IS Director
IT Project Director
စတဲ့ ရာထူးတာဝန်တွေကို ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။
အဆင့်မြင့်ရာထူးများဖြစ်တဲ့ စီမံခန့်ခွဲမှုဆိုင်ရာနှင့် အမှုဆောင်အရာရှိ အဆင့်ရာထူးများကို မထမ်းဆောင်မီ Technical အဆင့်မှာ သက်ဆိုင်ရာ ကျွမ်းကျင်မှု လမ်းကြောင်းတစ်ခုခုကို ရွေးချယ်ပြီးမှ အဆင့်မြင့်ရာထူးတာဝန်များကို ထမ်းဆောင်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် Software Development Line မှာ Junior programmer, Senior Programmer, System Analyst, Project Manager စသဖြင့် တစ်ဆင့်ပြီး တစ်ဆင့် တက်လှမ်းရမှာ ဖြစ်ပါတယ်။ Network Professional Line အနေနဲ့ဆိုရင် Network Technician, Network Engineer, Network System Manager, CTO (Network and Security) စသဖြင့် ရာထူးအဆင့်ဆင့်ကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။
ဘယ်ကျွမ်းကျင်မှု လမ်းကြောင်းကိုပဲ ရွေးချယ်ရွေးချယ် Industry ready လို့ ခေါ်တဲ့ လုပ်ငန်းခွင်အသင့် ဝင်ရောက်နိုင်ဖို့ကိုတော့ ဦးစားပေးစဉ်းစားရမှာ ဖြစ်ပြီး အလုပ်အတွေ့အကြုံ ကျွမ်းကျင်မှုများအပြင် အိုင်တီနဲ့သက်ဆိုင်တဲ့ အရည်အချင်း အသိအမှတ်ပြု လက်မှတ်တွေကို ရရှိနိုင်ဖို့ ကြိုးစားဖို့လိုပါတယ်။ ဒါမှ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ လုပ်ငန်းအဖွဲ့အစည်းကြီးတွေမှာ ထိုက်တန်တဲ့ ရာထူးတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
အို်င်တီဆိုင်ရာ အရည်အချင်းအသိအမှတ်ပြု လက်မှတ်တွေကတော့ သက်ဆိုင်ရာ Level အသီးသီးအလိုက် မိမိရဲ့ လိုအပ်ချက်အပေါ် မူတည်ပြီး ရယူလေ့လာရမှာ ဖြစ်ပါတယ်။
အထက်ဖော်ပြပါ လက်မှတ်တွေထဲမှာ ဒီပလိုမာနဲ့ ဒီဂရီလက်မှတ်တွေကတော့ Academic Oriented ဖြစ်တယ်လို့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီလက်မှတ်တွေရဖို့ ပြည်တွင်းပြည်ပ ပညာရေးအဖွဲ့အစည်းတစ်ခုခုမှာ အနည်းဆုံး (၁) နှစ်ခန့် လေ့လာသင်ယူရမှာ ဖြစ်ပြီး Certificate Level ကတော့ ၃ လ ဒါမှမဟုတ် ၆ လ စသဖြင့်ပေါ့လေ လေ့လာသင်ယူရမှာ ဖြစ်ပါတယ်။
အဲဒီအပြင် Academic Orienrted မဖြစ်တဲ့ အိုင်တီစာမေးပွဲတွေကိုလည်း ဖြေဆိုနိုင်ပါတယ်။ ဘာတွေလည်းဆိုတာတော့ သိကြမယ်ထင်ပါတယ်။ မပြောတော့ဘူးနော်။
အခုပြည်တွင်းမှာဆိုရင် National Exam တွေဖြစ်တဲ့ MCPA နဲ့ ITPEC တွေကို ဖြေဆိုနို်င်ပါတယ်။ နိုင်ငံတကာအသိအမှတ်ပြု စာမေးပွဲတွေအနေနဲ့ဆိုရင် On Line ကနေ တိုက်ရိုက်ဖြေဆိုနိုင်တဲ့ Microsoft, CISCO နဲ့ Sun Java Exam တွေကိုလည်း အသိအမှတ်ပြု စာစစ်ဌာနတွေမှာ ဖြေဆိုနိုင်ကြပြီ ဖြစ်ပါတယ်။ လုပ်ခလစာမြင့်မားတဲ့ အဖွဲ့အစည်းကြီးတွေမှာ အိုင်တီပညာရှင်အဆင့်နဲ့ ဝင်ရောက်လုပ်ကိုင်ဖို့အတွက်ဆိုရင်တော့ ခုနပြောထားတဲ့ အချက်တွေနဲ့ ကိုက်ညီပြီး ပြီးပြည့်စုံမှုရှိနေရပါမယ်။
အခြားအရေးကြီးတဲ့အချက်တွေကတော့…
(1) Membership of Professional Bodies
ကွန်ပျူတာပညာရှင်အသင်းကဲ့သို့ အဖွဲ့အစည်းတွေမှာ အသင်းဝင်လျှောက်ထားခြင်း
(2) Office Procedure/HR Regulations
ရုံးလုပ်ငန်းအဖွဲ့အစည်းအသီးသီးရဲ့ လုပ်ထုံးလုပ်နည်းတွေကို နားလည်အောင် လေ့လာထားခြင်း
(3) Knowledge of Business
စီးပွားရေးလုပ်ငန်းအသီးသီး၏ သဘောတရားများကို နားလည်အောင် လေ့လာထားခြင်း
(4) Communication Skill
လူမှုဆက်ဆံရေး ကောင်းမွန်ခြင်းနှင့် ဘာသာစကားကျွမ်းကျင်စွာ တတ်မြောက်ထားခြင်း
(5) Social Networking
မိမိဘဝတိုးတက်ရာကို လမ်းညွှန်ပေးနိုင်မည့် မိတ်ဆွေအပေါင်းအသင်းများ ရှာဖွေဆက်သွယ်ထားခြင်း
(6) Global Outlook
မိမိဒေသတစ်ခုတည်းမဟုတ်ဘဲ နိုင်ငံတကာဗဟုသုတများ သိသင့်သည်များ ကြိုတင်လေ့လာထားခြင်း
(7) Role Model
မိမိဘဝတိုးတက်ရာ တိုးတက်ကြောင်းကို ဦးဆောင်လမ်းပြပေးနိုင်မည့် စံပြုထိုက်သူတစ်ဦးဦး သတ်မှတ်ထားခြင်း (ဥပမာ – ဘီဂိတ်လ်၊ အိုဘားမား)
(8) Efforts
ကြီးမားသော ဇွဲလုံ့လဝိရိယဖြင့် ကြိုးစားအားထုတ်ခြင်း
(9) Ethic
ပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နိုင်မယ့် ကောင်းမွန်သော ကျင့်ဝတ်သိက္ခာများရှိခြင်းတို့ကို ပိုင်နိုင်ရရှိနေမယ်ဆိုရင် အောင်မြင်တဲ့ အိုင်တီပရော်ဖက်ရှင်တစ်ယောက် ဖြစ်လာမှာ အမှန်အကန်လို့ ပြောကြားခဲ့သူကတော့ MCF ရဲ့ ၁ဝ နှစ်မြောက်ပွဲမှာ ဦးငြိမ်းဦး(အတွင်းရေးမှူး-မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း) က ပြောကြားတာ ဖြစ်ပြီး လူသားတိုင်း အိုင်တီပညာရှင်များ ဖြေစေဖို့ ပြန်လည်ကောက်နုတ်တင်ပြရခြင်း ဖြစ်ပါတယ်။

နောက် ကျွန်မရဲ့အမြင်ကတော့ ကျွမ်းကျင်ပြီး အရည်အချင်းပြည့်ဝတဲ့အိုင်တီပညာရှင်တစ်ဦး ဖြစ်လာနိုင်ဖို့က မိမိကိုယ်တိုင် ကြိုးစားအားထုတ်မှု၊ နောက်တစ်ချက်က အရည်အချင်းအသိအမှတ်ပြုလက်မှတ်တွေ၊ အလုပ်အတွေ့အကြုံတွေအပြင် အဓိက တစ်ချက်က ငွေကြေးတတ်နိုင်ထောက်ပံ့မှု၊ နောက် အချိန်ပေးနိုင်မှု ဒါတွေ ပြည့်စုံနေမှသာ ပညာရှင်တစ်ယောက် ဖြစ်လာနိုင်မယ်လို့ ကျွန်မ ထင်မြင်မိပါတယ်။
ဒီလိုမျိုး ဟောပြောချက်တွေကို ကျွန်မ သွားရောက်နားထောင်ဖြစ်ခဲ့ပေမယ့် ခုချိန်ထိ ဘာမှဖြစ်မလာသေးတာကို စိတ်မကောင်းဖြစ်မိပါတယ်။ ဒါတောင် ဟောပြောတဲ့ပွဲတိုင်း မတက်ရောက်နိုင်တာကိုလည်း အားမလိုအားမရ ဖြစ်မိပါတယ်။ နောက်တစ်ချက်က ဟောပြောပွဲတွေမှာ ဝင်ကြေးဆိုတာ မကောက်ခံတဲ့အတွက်လည်း ကျွန်မတို့လို ငွေကြေးမပြည့်စုံတဲ့သူတွေအတွက် ကျေးဇူးအထူးတင်ထိုက်ကြောင်း ပြောပါရစေရှင်……