Jazz Poetry show – ခက်မာ

kaiOctober 22, 20101min1702

ဂျပ်ဇ်ကဗျာပွဲတော် (ခက်မာ)

အမေရိကအရှေ  ့ပိုုင်း ပင်ဆယ်ဗေးနီးယားပြည်နယ်ထဲမှာ ပစ္စဘတ်လိုု ့ခေါ်တဲ့ အလွန်လှပ သာယာတဲ့ မြို ့တမြို ့ရှိပါတယ်။ အနိမ့်အမြင့်မညီညာတဲ့တောင်ကုုန်းတောင်တန်းတွေက
မြို ့ကိုုဝန်းရံထားတယ်၊ အဲဒီတောင်ကုုန်းတောင်တန်းတွေကိုုဖြတ်သန်းစီးဆင်းလာတဲ့ အလဂနီမြစ်နဲ ့ မိုုနိုုဂဟီလာမြစ်နှစ်စင်းက မြို ့ရဲ ့နှလုုံးသားနေရာမှာ ပေါင်းဆုုံကြပြီး အိုုဟိုုင်းယိုုး ဆိုုတဲ့နံမည်သစ်နဲ ့ နံမည်ကျော်မစ်စစ္စပီမြစ်ကြီးဆီဆက်လက်စီးဆင်းသွားတယ်။ မြစ်သုုံးသွယ် ဖြတ်စီးသွားတဲ့ မြို ့ရဲ ့ပိုုင်နက်နယ်မြေတလျောက်မှာ ဒီဇိုုင်းအမျိုးစုုံပြီး ထောင်နဲ ့ချီတဲ့ သံမဏိ တံတားကြီးတွေက မြို ့ရဲ ့ထူးခြားတဲ့ အမှတ်အသားအဖြစ်ဝင့်ကြွားနေကြတယ်။ ပစ္စဘတ်ဟာ ပခုုံးချင်းတိုုက်မိလိုု ့တောင် ဆောရီးမပြောနိုုင်အောင်အလျင်လိုုနေရတဲ့ နယူးယောက်လိုုလည်း ပျားပန်းခပ်အလုုပ်များမနေပါဘူး။ အမေရိကရဲ ့နေရာတော်တော်များများမှာတွေ ့ရတတ်တဲ ့ လမ်းပေါ်မှာလျောက်သွားနေသူ သုုံးလေးယောက်ပြည့်အောင်မမြင်ရတဲ့ ခြောက်ကပ်ကပ်မြို ့ ငယ်ကလေးလည်း မဟုုတ်ပါဘူး။
ပြုံးရွှင်ဖော်ရွေတတ်တဲ့လူအများစုု သက်တောင့်သက်သာသွားလာလှုပ်ရှားနေတဲ့ ပစ္စဘတ်မှာ City of Asylum/ Pittsburgh လိုု ့နံမည်ပေးထားတဲ့ အဖွဲ ့အစည်းလေးရှိတယ်။
အဲဒီအဖွဲ ့အစည်းလေးက ကမ ္ဘာအရပ်ရပ်က အကြောင်းအမျိုးမျိုးကြောင့်ကိုုယ့်မိခင်နိုုင်ငံမှာ
အနုုပညာဖန်တီးဖိုု ့အခက်အခဲရှိနေသူတွေကိုု လွတ်လပ်အေးချမ်းစွာ အနုုပညာဖန်တီးနိုုင်ဖို ့  နေရာထိုုင်ခင်းအပါအဝင် စားဝတ်နေရေးအတွက်လိုုအပ်တဲ့ လစဉ်ကုုန်ကျစရိတ်ကိုုပါ ထောက် ပံ့ပေးပါတယ်။ စာရေးဆရာ၊ ကဗျာဆရာ၊ ပန်းချီဆရာ တွေဟာအဖွဲ ့ရဲ ့အစီအစဉ်နဲ ့အတိုုဆုုံး အချိန် ၃ ရက်ကနေ အရှည်ဆုုံးအချိန် ၂ နှစ်အထိ ပစ္စဘတ်မှာနေထိုုင်ပြီးအနုုပညာဖန်တီးခွင့် ရကြ ပါတယ်။ City of Asylum/ Pittsburgh ဟာ ကမ ္ဘာအနှံ ့က ကဗျာဆရာ၊စာရေးဆရာ တွေကိုု ဖိတ်ကြားပြီး ဂျပ်ဇ်ဂီတနဲ ့တွဲဖက်တင်ဆက်တဲ့ Jazz Poetry Concert ကိုုလည်း နှစ်စဉ် ကျင်းပခဲ့တာ ဒီနှစ်၂၀၁ဝမှာ ၆ နှစ်ပြည့်မြောက်ခဲ့ပါပြီ။ ကဗျာရဲ ့အသံနဲ ့အရသာကိုုဂျပ်ဇ်ဂီတရဲ  ့ အသံအရသာနဲ ့ပေါင်းစပ်ပြီး နှစ်စဉ်တင်ဆက်မှုအသစ်၊ တင်ပြပုုံအသစ်တွေနဲ ့ဂျပ်ဇ်ကဗျာပွဲ တော်ဟာ အလွန်စိတ်လှုပ်ရှားစရာကောင်းပြီး ဆွဲဆောင်မှုရှိတယ်ရယ်လိုု ့မြို ့ခံတွေကြားမှာ ပြောစမှတ်ပြုကြပါတယ်။

City of Asylum/ Pittsburgh ရဲ ့အနုုပညာဖန်တီးခွင့် အစီအစဉ်မှာပါဝင်သူ စာရေး ဆရာတယောက်အနေနဲ ့၂၀၀၉  ခုုနှစ် Jazz Poetry Concert ကစပြီး ကျမပူးပေါင်းတင်ဆက် ခွင့်ရခဲ့ပါတယ်။ မြန်မာစာရေးဆရာမတယောက်အဖြစ်ကျမဟာ ဂျော်ဂျီယာ( ရုုရှား)၊ အန္ဒိယ၊ အီရန်၊ ခရိုုအေးရှားတိုု ့က ကဗျာဆရာ၊ဆရာမတွေနဲ ့အတူ ၂၀၀၉မှာပါဝင်တင်ဆက်ခဲ့ပါတယ်။
၂၀၁ဝ မှာတော့ နယူးဇီလန်၊ Belarus ( ရုုရှား)၊ El Salvador( စင်ထရယ်အမေရိကား)၊တရုုတ် နိုုင်ငံတိုု ့က ကဗျာဆရာ၊စာရေးဆရာတွေအပါ အဝင် ဩဇာကြီးမားတဲ့ အာဖရိကန်အမေရိကန် ကဗျာဆရာကြီး Yusef Komunyakaa တိုု ့နဲ ့အတုူ ပါဝင်တင်ဆက်ခွင့်ရပြန်ပါတယ်။
ပုုံမှန်အားဖြင့် Jazz Poetry Concert ကိုု City of Asylum/Pittsburgh ရုုံးခန်းတည် ရှိရာ ဆမ်ပ်ဆိုုးနီးယားလမ်းပေါ်မှာကျင်းပလေ့ရှိပေမယ့် ဒီနှစ်မှာတော့ မိုုးကြောင့်
ကဗျာရွတ် ပွဲကိုု New Hazlett သီရေတာကိုုရွေ ့ပြောင်းခဲ့ရပါတယ်။ ထိုုင်ခုုံ ၆၀ဝ ရှိတဲ့ သီရေတာအတွင်းမှာ ထိုုင်ခုုံတွေပြည့်သွားတာကြောင့် ပရိုုဂျက်တာနဲ ့ထိုုးပြီး Live ပြနေတဲ့ သီရေတာခန်းမ အပြင်ဖက် Lobby ခန်းထဲမှာလူ ၃၀-၄ဝလောက်ကိုု စားရင်းသောက်ရင်း မိုုးတိုုးမတ်တတ်ကြည့် နေကြတာကိုုမြင်ရပါတယ်။

ဒီနှစ်ဂျပ်ဇ်ကဗျာပွဲတော်အတွက် အစီအစဉ်မှုးကတော့ Ghost Whisperer ဆိုုတဲ့ TV Series ထဲကခေါင်းဆောင်မင်းသား David Conrad ဖြစ်ပါတယ်။ ပွဲမတိုုင်ခင်တရက်မှာ ရီဟာ ဆယ်လုုပ်တာကြောင့် ရီဟာဆယ်နေ ့မှာ ဒေးဗစ်နဲ ့ကျမတိုုင်ပင်ပြီး ကျမရဲ ့“တခုုသောနွေဦး“ ဆိုုတဲ့ အက်ဆေးတိုုလေးတပုုဒ်ကိုု မြန်မာလိုုတလှည့် အင်္ဂလိပ်လိုုတလှည့်ရွတ်ကြမယ်ရယ်လိုု ့ တိုုင်ပင်လေ့ကျင့်ကြပါတယ်။ တကယ်တော့ အဲဒီအက်ဆေးတိုုလေးကိုု ၂၀၀၉  ဂျပ်ဇ်ကဗျာ ပွဲတော်မှာတုုန်းကလည်း အင်္ဂလိပ်လိုုရွတ်ခဲ့ပြီးသားပါ။ ဒါပေမယ့် City of Asylum ရဲ ့ဥက္ကဌက အဲဒီအက်ဆေးလေးကိုု ဒီနှစ်မြန်မာလိုုတလှည့် အင်္ဂလိပ်လိုုတလှည့်ရွတ်စေချင်ပြီး ဒေးဗစ် ကလည်းသဘောတူတာကြောင့် ထပ်ရွတ်ဖို ့စီစဉ်ကြတာပါ။ ဖြစ်နိုုင်ရင် “တခုုသောနွေဦး“ ထဲကစာတပိုုဒ်လောက်ကိုု မြန်မာလိုုရွတ်ချင်တယ်လိုု ့ဒေးဗစ်ကပြောပါသေးရဲ ့။
ကျမရဲ ့ကိုုယ်ပိုုင်အစီအစဉ်အဖြစ် “ မှိန်ပျပျကြယ်“ ဆိုုတဲ့ ကဗျာလေးကိုုမြန်မာလိုရွတ် ဖိုု ့ ဂျပ်ဇ်ဝိုုင်းနဲ ့ရီဟာဆယ်လုုပ်ရပါတယ်။ ရီဟာဆယ်လုုပ်နေရင်း ကျမကဒေးဗစ်ကိုု ကျမရဲ ့
“သန်းကောင်ယံအလင်း“ ဆိုုတဲ့ ကဗျာအင်္ဂလိပ်ဗားရှင်းကိုု ဖတ်ကြည့်ပါဦးဆိုုပြီး ပေးမိပါတယ်။ သူက ကဗျာထဲမှာပါတဲ ့Moon တိုု ့ Night  တိုု ့Kiss တိုု ့ရဲ ့မြန်မာလိုု အသံထွက်၊ အသုုံးအနှုံး တွေကိုုမေးပြီး အသံလိုုက်ထွက်ကြည့်ပါတယ်။ သူက “ တော်တော်မလွယ်ဘူး“
လိုု ့ပြောပြီး “တခုုသောနွေဦး“ ထဲကစာပိုုဒ်တပိုုဒ်ကိုု မြန်မာလိုုရွတ်ဖိုု ့အစီအစဉ်ကိုုဖျက်လိုုက် ပါတယ် ။
“ ရှင်မြန်မာလိုုပြောချင်ရင် အနည်းဆုုံး ပရိသတ်ကိုု မြန်မာလိုုနှုတ်ဆက်နိုုင်ပါတယ်“
လိုု ့ကျမကအားပေးတော့ သူကအားရဝမ်းသာနဲ ့“ ကျနော့်ကိုုသင်ပေးပါ“ လိုု ့တောင်းဆိုုတယ်။
သူ ့ခမျာကြိုးစားပန်းစားလေ့ကျင့်ပြီး နောက်တနေ ့ပရိသတ်ရှေ ့ရောက်တဲ့အခါ ကျမရဲ ့အက် ဆေးလေးကိုုမရွတ်ဖတ်ကြခင် “ မင်္ဂလာပါ“လိုု ့ပရိတ်သတ်ကိုုပီပီသသနှုတ်ဆက်နိုုင်ခဲ့ပါတယ်။
အစီအစဉ်အရ ကျမရဲ ့မြန်မာလိုုကဗျာရွတ်ဖိုု ့က အတော်စောင့်ရဦးမှာပါ။ ဒါပေမယ့် ဒေးဗစ်က ကျမကိုုနောက်ထပ်ကဗျာတပုုဒ်ရွတ်ကြရအောင်လိုု ့ဖိတ်ခေါ်လိုုက်တော့ ကျမက မင်းသားပီပီ၊ အစီအစဉ်မှုးပီပီ ပရိတ်သတ်ရှေ ့မှာစကားအရာတွေပြောနေတာပဲလိုု ့ထင်မိတာ။
ကျမဘေးမှာထိုုင်နေတဲ့ စင်ထရယ်အမေရိကားက စာရေးဆရာက“ ခက်မာ..သွားလေ။ မင်းကို ခေါ်နေပြီ်“ ဆိုုတော့ ကျမအူကြောင်ကြောင်နဲ ့ မီးမောင်းအောက်ရောက်သွား ပြန်ပါတယ်။ “ မင်းဒီကဗျာရွတ်မယ်မဟုုတ်လား“ လိုု ့ကျမရဲ ့“ သန်းကောင်ယံအလင်း“ ကဗျာကိုုပြပြီး ဒေးဗစ် ကမေးတော့ “ကျမဒီကဗျာရွတ်ဖိုု ့လေ့ကျင့်မ့ထားခဲ့ဘူး။“ လိုု ့ပြောမိတယ်။ ဒါပေမယ့် ပရိသတ် ရှေ ့မှာ ကျမလေ့ကျင့်မထားမိလိုု ့မရွတ်တော့ဘူးဆိုုပြီးပြန်လှည့်လာလိုု ့ မရတာကြောင့် ကျမ ယောင်လိုု ့တောင်လေ့ကျင့်ရွတ်ဖတ်မထားမိတဲ့ “သန်းကောင်ယံအလင်း“ ကဗျာကိုုုခပ်တည် တည်နဲ ့အင်္ဂလိပ်လိုု ရွတ်ရပါတော့တယ်။ ကျမအသံထွက်တွေက တော်တော်ဆိုုးနေ လိမ့်မယ် လိုု ့တော့ကြိုတင်ပြောလိုုက်မိပါသေးတယ်။ အစီအစဉ်ထဲမှာ အဲဒီကဗျာရွတ်ဖိုု ့မပါတော့ ကျမကကြည့်ရွတ်ဖိုု ့စာရွက်တောင်ပါမသွားဘူးလေ။ ဒေးဗစ်ယူလာတဲ့ စာရွက်ကိုုနှစ်ယောက်
မျှကြည့်ရွတ်နေရင်း ကိုုယ်အသံမထွက်တတ်တဲ့ စာလုုံးတွေ ့ရင်ဒုုက္ခပဲလိုု ့စိတ်ပူလိုုက်တာ။

တတိယမြောက်ကဗျာဖြစ်တဲ့ “မှိန်ပျပျကြယ်“ ကိုုတော့ မြန်မာလိုုပဲရွတ်ရတာမိုု ့အေး အေးဆေးဆေးပါပဲ။ ဒီကဗျာကလေးက ၂၀၁ဝမေလထုုတ်ရနံ ့သစ်မဂ္ဂဇင်းမှာဖော်ပြခံခဲ့ရတဲ့
ကဗျာလေးပါ။ ကျမရဲ ့ရင်ထဲကဆန္ဒတွေကိုု ဆုုတောင်းပုုံစံမျိုးတင်ပြထားတဲ့ကဗျာကိုု ဂျပ်ဇ် ဂီတဝိုုင်းခေါင်းဆောင် အိုုလီဗာလိတ်က နုုညံ့တိုုးသက်တဲ့ဂီတနဲ ့ပံ့ပိုုးပေးပါတယ်။   နေထိုုင်တဲ့ တိုုင်းပြည်၊ ယဉ်ကျေးမှုမတူတဲ့ကဗျာဆရာတွေရဲ ့ကွဲပြားခြားနားတဲ့ကဗျာစီးဆင်းသံပေါ်မူတည် ပြီး ပံ့ပိုုးပေးတဲ့ဂီတသံတွေက မြင့်တက်လှုပ်ရှားလာလိုုက်၊ နုုညံ့တိုုးသက်သွားလိုုက်နဲ ့ပေါ့။
နယူးဇီလန်က ကဗျာဆရာမက သီချင်းရေးသူတယောက်လဲဖြစ်နေသေးတာမိုု ့ ကဗျာထဲမှာ သူတိုု ့ရဲ ့ကျေးလက်ဂီတတွေညှပ်ထည့်သီဆိုုသွားတယ်။ သူ ့ဘာသာစကားနဲ ့ရွတ်တဲ့အခါ နားမလည်ပေမယ့် ဂီတဝိုုင်းနောက်က ပိတ်ကားကြီးပေါ်မှာ ရွတ်နေတဲ ့ကဗျာကိုု အင်္ဂလိပ်လို စာတန်းထိုုးပြထားတာမိုု ့ ပရိသတ်တွေက စာသားကိုုဖတ်ရင်း အသံစီးဆင်းမှုကိုုခံစားနိုုင် ကြတယ်။ ဘာလာရုုစ်( ရုုရှား) က ကဗျာဆရာမလေးက ငယ်ငယ်လှလှလေးပါ။ သူမရဲ ့ကဗျာ ရှည်ကြီးကတော့ ဟာသနဲ ့ခပ်သွက်သွက်ဖွဲ ့ထားတာမိုု ့ပံ့ပိုုးပေးတဲ့ ဂီတကလည်းမြူးသွက်လာ ပြီး ပျော်စရာကောင်းလာပါတယ်။ တရုုတ်ကဗျာဆရာကတော့ ပါဖောင်းမန် ့စ်အနုုပညာရှင်လဲ ဖြစ်ပြန်တာမိုု ့ကျယ်လောင်တဲ့ ကဗျာရွတ်ဖတ်သံနဲ ့အတူ ခန္ဓာကိုုယ်ကိုုလှုပ်ရှားသရုုပ်ဆောင် သွားတာက ထူးခြားတဲ့တင်ဆက်မှုတခုုဖြစ်နေပြန်ပါတယ်။
ဂီတဝိုုင်းခေါင်းဆောင်အိုုလီဗာလိတ် ကိုုယ်တိုုင်ကလည်း ကဗျာဆရာမိုု ့သူကလည်းသူ
့ကဗျာ တချို ့ရွတ်သေးတယ်။ Yusef Komunyakaa ရဲ ့ကဗျာတွေကဩဇာကြီးမား သလိုု သူ ့ရဲ ့အသံ ကလည်း တည်ငြိမ်အားကောင်းလှပါတယ်။ သူကအဲဒီညချမ်းအတွက် ကဗျာအများ ဆုုံးရွတ်ဖတ်ရသူပေါ့။ သူက သူရဲ ့“ ဆက်ဆိုုဖုုန်းဘွဲ ့“ဆိုုတဲ့ကဗျာကိုု နောက်ဆုုံး မှာရွတ်တယ်။ အဲဒီ ကဗျာရဲ ့နောက်ဆုုံးပိုုဒ်ကိုု ကျမကမြန်မာလိုု၊ ကျန်တဲ့ကဗျာဆရာမတွေက သူတိုု ့ကိုုယ်ပိုုင် ဘာသာစကားတွေနဲ ့ရွတ်ပေးရတယ်။ အစီအစဉ် ပြီးလိုု ့ကျမတိုု ့တတွေ ပရိသတ်ကို ဦးညွှတ်တော့ လက်ခုုပ်သံတွေက သီရေတာပွင့်မတတ်ပါပဲ။

ကဗျာအပေါ်ပရိသတ်ရဲ ့တန်ဖိုုးထားမှု၊ ကဗျာနဲ ့ဂီတအနုုပညာကိုုပေါင်းစပ်တင်ဆက် နိုုင်ခြင်းရဲ ့အင်အားတွေကိုု မျက်မြင်တွေ ့ရတဲ့ အတွက်ကျမစိတ်လှုပ်ရှားနေမိတယ်။ လက်ခုုပ် တီးအားပေးမှုကိုုတော်တော်နဲ ့မရပ်ကြတဲ့ ပရိတ်သတ်ကိုုကြည့်ပြီး ဒီလိုုပွဲမျိုးကိုုလက်ခုုပ်တီး အားပေးခွင့်မရှိနိုုင်သေးတဲ့ ကျမတိုု ့မြန်မာပြည်သူတွေကိုုမြင်ယောင်လွမ်းတနေမိတယ်။ အနုု ပညာကိုုခံစားခြင်းအားဖြင့် စိတ်ဓါတ်တွေ နုုညံ့သိမ်မွေ ့သွားရခြင်းရဲ ့အရသာဟာ လူတိုုင်း ခံစားထိုုက်တာပဲမဟုုတ်လား။ မြန်မာပြည်ထဲမှာ ဒီလိုုပွဲမျိုးရှိစေချင်လိုုက်တာ။ ခံစားစေချင် လိုုက်တာဆိုုတဲ့ အတွေးကကျမအိမ်အပြန်လမ်းအထိပါလာခဲ့ပါတယ်။

မှတ်ချက်။  ။ အောက်တိုဘာလထုတ် မန္တလေးဂေဇက်(အတွဲ၄၊ အမှတ်၇)တွင် ပုံနှိပ်ဖေါ်ပြပြီးဖြစ်ပါသည်။

2 comments

  • bigcat

    October 22, 2010 at 4:54 am

    ဆရာမဒေါ်ခက်မာက အပျိုကြီးလားဗျ။

  • kai

    October 22, 2010 at 7:17 am

    ဆရာမကို အဲလိုမေးနေတယ်လို့..ပြောလိုက်ပါမယ်ခင်ဗျ…။

Leave a Reply