ဆန်ရေ

zinmyotunNovember 25, 20101min1707

လောကမှာ အထူးအဆန်တွေ ဆိုတာ နေ့တိုင်း ကြုံတွေ့ ကြားသိနေရတာပါ။ ဒီလိုဘဲ ကျွန်တော် ကို်ယ်တိုင် ကြုံတွေ့ခဲ့ရတာလေ တစ်ခုကို မှတ်မှတ်ရရရှိနေဆဲပါပဲ။ အဲ့ဒီ နေ့ကပေါ့ လူတစ်ယောက် ကျွန်တော့ဆေးခန်းကို အလျင်စလိုနဲ့ တခါးလာခေါက်တယ်။ ဒီလောက် ရေးကြီးသုတ်ပျာနိုင်တဲ့ တံခါးခေါက်သံမျိူး အရင်တုန်းက တစ်ခါမှ မတွေ့ဖူးပါဘူး။ ကျွန်တော်လည်း စိတ်မရှည်တော့တာနဲ့

“ကဲ..ကဲ .. ဝင်သာလာခဲ့တော့ဟေး၊ အဲ့ဒီလောက် အရေးကြီးနေလည်း ဝင်သာလာခဲ့တော့ “ ဟုပြောလိုက်သည်။ အဖြစ်အပျက်က ကျွန်တော် အလွန်အံဩသွားတယ် အခန်းထဲကို ဝင်လာတာက ပုံမှန် ဝင်လာတက်တဲ့ ပုံစံမဟုတ်ဘဲ ကလေးမလေးတစ်ယောက် ကြောက်ကြောက်နဲ့ဝင်လာတာကို တွေ့ရတယ်။ ကလေးမလေ ကြည့်တော့လည်း အလွန်ဆုံးရှိမှ ၉ နှစ်လောက်ပဲ ရှိမယ်ထင်တယ်။ သူ့ကြည့်ရတာလည်း စိတ်ထဲမှာ တော်တော်လေး အခက်တွေ့နေတဲ့ ပုံလေပါပဲ။ ကလေးမလေးကပဲ ကျွန်တော့်ကို သေချာကြည့်ပြီး
“ ဒေါက်တာ.. သမီးနဲ့အတူလိုက် ခဲ့ပါနော်၊ သမီးမေမေလေ အိမ်မှာ တစ်ယောက်တည်း ဖျားပြီး အိပ်ယာထဲမှာ လဲနေပါတယ်၊ “ ဟု တောင်းပန်စကား ဆိုပါတယ်။ ဒါနဲ့ ကျွန်တော်က

“ဒေါက်တာက အိမ်တွေကို လိုက်မကုဘူး သမီးရဲ့၊ သမီးမေမေကိုသာ ဒီကိုခေါ်လာခဲ့ပါ” လို့ ပြန်ပြောလိုက်ပါတယ်။ သူမကပဲဆက်ပြီး

“လိုက်ခဲ့ပါဒေါက်တာရယ် သမီးမေမေက အရမ်းဖျားနေလို့ပါ၊ ဒေါက်တာလိုက်မှ ဖြစ်မှာမို့ပါ၊ သမီးမေမေ သေသွားမှာ ဆိုးလို့ပါ ဒေါက်တာရယ် “ ဟု မျက်လုံးလေး အဝိုင်းသားနှင့် လှိုက်လှိုက်လှဲလှဲ ပြောနေသည်။ သူမရဲ့ မျက်ဝန်းမှာလည်း မျက်ရည်လေးတွေ ဝိုင်းလာပါတယ်။ သူမရဲ့ အားကိုးတဲ့ အကြည့်တွေကြောင့် ကျွန်တော်လည်း အိမ်လိုက်ကုပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုနဲ့ပဲ ကလေးမလေးက ကျွန်တော့်ကို ဦးဆောင်ပြီး အိမ်ကို လမ်းပြပြီး ခေါ်ဆောင်သွားပါတယ်။ အိမ်ရောက်တော့ သူမရဲ့ မိခင်က အိပ်ယာထဲမှာ အပြင်းဖျားနေရှာပြီး ခေါင်းတောင်မထောင် နိုင်တော့ပါဘူး။ ဒါနဲ့ ကျွန်တော်လည်း အဖျားကျအောင် အစွမ်းကုန် ကုသပေးလိုက်ပါတယ်။ ကလေးမလေးသာ နာရီအနည်းငယ်လောက် နောက်ကျပြီးမှ ရောက်လာခဲ့ရင် သူမညတွင်းချင်း သေဆုံးသွားနိုင်ပါတယ်။ အဖျားကတော်တော်နဲ့ မကျတာ မိုးလင်းတဲ့ အထိပါပဲ။ မနက်ရောက်တော့ သူမကြည့်ရတာ တော်တော်သက်သာလာတဲ့ အနေအထားပါဘဲ။

“ကဲ ကျွန်တော်ပြန်လိုက်ဦးမယ်၊ နောက်နှစ်ရက်လောက်နေရင် ကျွန်တော် ပြန်လာခဲ့ပါ့မယ်၊ နေကောင်းသွားမှာပါ “ ကျွန်တော်အားပေးစကားဆိုလိုက်သည်။ ကလေးမလေး၏ မိခင်က
“ဘယ်လိုကျေးဇူး ဆပ်ရမှန်းတောင် မသိတော့ပါဘူး ဒေါက်တာရယ်” ဟု အားမရှိသည့်ကြားမှ ကြိူးစား၍ ပြောရှာသည်။ ကျွန်တော်က ဆက်ပြီး

“ခင်ဗျား တကယ်ဆို သေလူဖြစ်နေပြီ၊ ဒါပေမဲ့ ခင်ဗျားသမီးလေး အချိန်မှီ လာခေါ်လို့သာ ခင်ဗျားကံကောင်းသွားတာ၊ သူပဲ ကျွန်တော့ကို ဒီကိုရောက်အောင် ခေါ်လာတာလေ၊ ခင်ဗျားသမီးလေးကတော့ တကယ့်ကို အဖိုးတန် သမီးလေးပါပဲဗျာ”

ကျွန်တော်က ကလေးမလေး၏ မိခင်ကို ဂုဏ်ယူစွာနဲ့ ပြန်ခါနီး နှူတ်ဆက်တဲ့ အနေနဲ့ ပြောလိုက်မိတယ်။ ကလေးမလေး၏ မိခင်က ကျွန်တော့်ကို အံဩတဲ့ အကြည့်နဲ့

“ကျွန်မရဲ့ သမီးလေးက လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက ဆုံးသွားပါပြီ၊ ဟိုနံရံပေါ်က ဓာတ်ပုံက သမီးလေးရဲ့ ပုံပါ။ ဒေါက်တာ သူ့ကိုသိလို့လား”
နံရံပေါ်က ဓာတ်ပုံလေးကို ညွန်ပြရင်း ပြောသည်။
ကျွန်တော်ရဲ့ မျက်လုံးတို့က နံရံပေါ်က ကလေးမလေး ရဲ့ ဓာတ်ပုံကို သေချာကြည့်လိုက်မိသည်။ ရုတ်တရက် ကျောက်ရုပ်ပမာ မင်သက်မိသွားပြီး နောက် ကျွန်တော်တစ်ချက် ပြူံးလိုက်မိပါတယ်။ ဘာကြောင့်လဲဆိုတော့………

ကျွန်တော့်ဆေးခန်းကို အလျင်စလို တံခါးလာခေါက်တဲ့သူ၊ ကျွန်တော်ကို့ ဒီအိမ်ရောက်အောင် လမ်းပြခဲ့တဲ့ သမီးလေးဟာ ဘယ်သူလဲဆိုတာ ကျွန်တော်သိလိုက်တဲ့အချိန်မှာတော့… ၅၂၈ သွယ်သော မေတ္တာတရားက အလွန်ထူးဆန်းပါလာဆိုတာ ကျွန်တော် သဘောပေါက်လိုက်မိပါတယ်။ ဪ .. ဆန်ရေ . ဆန်ရေ… လောကမှာ မိဘမေတ္တာ စုန်ရေသာရှိပြီး သားသမီးတို့ဘက်မှတုန့်ပြန်သော ဆန်ရေ အလွန်ရှားပါးသည်ဆိုသော်လည်း.. မေတ္တာရေဆန်ကို ယနေ့ညတွင် ကိုယ်တိုင် တွေ့ကြုံခဲ့ရခဲ့ပါတကာ…………

7 comments

  • bigcat

    November 25, 2010 at 10:50 am

    တရဲ တရဲ… အဲမှားလို့ မှင်ဂျာ မှင်ဂျာ မှင်ဂျာပါဗျို့…..

    • kai

      November 25, 2010 at 10:57 am

      တကယ်ကို သရဲလား..မသိဘူး.. မနက်၆နာရီကြီး ဘာထလုပ်နေပါလိမ့်..။
      သန့်ဂစ်ဗင်းဒေး .. ဘာအချောင်နှိုက်မလို့လဲ..မသိ.. 🙂

  • weiwei

    November 25, 2010 at 10:59 am

    ဖတ်ဖူးတာကြာလှပါပြီ … ရေးတဲ့သူနံမည်လေးပါ ဖော်ပြပေးနိုင်ရင် ပိုကောင်းမယ်ထင်ပါတယ် …

  • bigcat

    November 25, 2010 at 11:00 am

    ထဆို ကိုခိုင်က ဘလက်ဖရိုင်းဒေးနေ့ ကြော်ငြာတွေစွတ်တင်တော့ ကျနော်က သန့်ဂစ်ဗင်းဒေး မနက်နဲ့ ဘလက်ဖရိုင်းဒေးမနက် မှားပြီးစောင့်နေမိတာပေါ့ဗျာ။ တော်ကြာနေအိပ်တော့မှာ။ စောင့်ရင်းနဲ့ ပို့စ်တပိုဒ် ဘာသာပြန်ပြီးသွားလို့ တင်ပြီးရင် အိပ်ပြီဗျို့။

    • char too lan

      November 26, 2010 at 8:50 am

      လေးခိုင် နဲ့ ဦးကြောင်ကြီး မနက်ဖြန်တိုးပုံတိုးနည်းလေးတွေနဲ့ ဝယ်ထားတဲ့ပစ္စည်းလေးတွေ ဓာတ်ပုံရိုက်ပီးတင်ပေးအုံးနော် ဘလက်ဖရိုင်းဒေးအမှတ်တရပေါ့ 😀

  • kopauk mandalay

    November 25, 2010 at 3:47 pm

    ရှေးတုန်းကတော့ စာဆိုရှိတယ်ဗျ။
    ပြည်မသိ ဗာရာ
    မင်းမသိ ဗြမ္မဒတ်တဲ့။
    ရှေးရှေးတုံးက အကြောင်းအရာတစ်ခုကိုပြောလို့ တိုင်းပြည်နိုင်ငံမသိရင် ဗာရာဏသီ ပြည်လို့ နာမယ်တတ်လိုက်ကြပါတယ်။
    မင်း ကိုမသိရင်တော့ ဗြမ္မဒတ်မင်းကိုနာမယ်တတ်လိုက်ပါတယ်။
    အခုအင်တာနက်မှာလဲ ရေးတဲ့သူမသိရင် အလွယ်လေးပါဗျာ။

    ဖော်ဝပ်လို့ ပေးလိုက်ပေါ့ဗျာ။

  • bouzour

    November 26, 2010 at 3:23 am

    ကျွန်တော့အနေနဲ.ကတော့ ဒီပို.စ်ကို အခုမှဖတ်မိတော့အသစ်ပေါ့ဗျာ
    တကယ်ခံစားရပါတယ် အမှန်အတိုင်းပြောရရင် မျက်ရည်တောင်လည်မိတယ်ဗျာ

Leave a Reply