အတ္တ
ငါသိ ငါတတ်၊ ငါသာ မြတ်၏
သည်ဇမ္ဗူပေါ်၊ ငါလူတော်ဟု
မော်ကြွားဝင့်ဝါ၊ ငါမှ ငါလေ…။
မျက်လုံးစုံမှတ်၊ မသိစိတ်က
ဟစ်လို့ ကြွေးကြော်၊ ငါလူတော်တတ်
ငါလူနပ်ကြီး၊ အယူသည်းလို့
ထီးထီးကြီးကျန်၊ အတ္တဆန်လည်း
ဟန်ရပ်ကိုယ့်ဖို့ မဟုတ်လား…။
အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ သင်္ခါရတရားတွေ
အပြုံးမပေးတတ်၊ အရှုံးမပေးတတ်ရင်
`မင်း` နှလုံးသွေးရပ်သွားမယ် သတိထား….။
5 comments
unclegyi1974
December 14, 2010 at 3:34 pm
မနော ကဘယ်ကနေပြီးဘယ်ကို
လက်ညှိုထိုးပြီးဒီကဗျာကိုရွတ်နေတာလဲဟင်
MaMa
December 15, 2010 at 2:35 am
အောင်မလေး ကြောက်စရာကြီးပါလား။
manawphyulay
December 15, 2010 at 5:50 am
ကိုယ့်ဘာသာပြောတာပါ……………
အာဖျံ ကွီး
December 15, 2010 at 8:03 am
ဟ ….
Post ထက် မနောဖြူလေးပြောတာ ပိုကြိုက်တရ်။
(ကိုယ့်ဘာသာပြောတာပါ……………) တဲ့ …………………….
တစ်ကရ်လေးစားပါတရ် ……………
အရေးကြီးတာအဲဒါပဲ ………………
လူတွေက ပြောလိုက်ရင် ဘယ်သူ.ကိုပြောတာ၊ ဘယ်သူ.ကိုဆုံးမတာ၊ ငါ့ကိုပြောတာမဟုတ်ဘူးနဲ. အပိုအတ္တဝင်တတ်ကြတရ်။ သူရောကိုယ်ရောပေါ့လေ။ အဲဒီအပိုအတ္တကြောင့်ပဲ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေကို ဆုံးရှုံးကြရတရ် …………………….
အစ်မကိုလေးစားပါတရ်။။။
char too lan
December 15, 2010 at 9:31 am
မှတ်ကြ ~~မှတ်ကြ~~ငါလဲမှတ်နေတယ်~~~~