Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Living together နဲ့ မြန်မာ လူငယ်များ

Zaw WonnaJanuary 29, 20111min61528
nycitylights.wordpress.com
စင်္ကာပူမှာ ရည်းစားက အတူနေတဲ့ပုံတွေကို အင်တာနက်မှာ ဖွလို့ တိုက်ပေါ်က ခုန်ချပြီး ကိုယ့်ကိုယ်ကို
သတ်သေသွားတယ် ဆိုတဲ့ မြန်မာကောင်မလေး အကြောင်း ကြားရတော့ စဉ်းစားမိတာလေးတွေပါ။ လက်မထပ်ခင်
အတူနေကြတယ် ဆိုတာက စင်္ကာပူ မပြောနဲ့၊ မြန်မာပြည်မှာတောင် သိပ်မဆန်းတော့တဲ့ ကိစ္စပါ။ ဒါပေမဲ့ ဆန်းတာက
ဒီခေတ်မှာ အဲဒီလို အတူနေဖို့ လိုက်လျောမိတဲ့ မိန်းကလေးတွေအတွက် Risk တွေ ပိုများလာတာပါ။ ကူးစက်ရောဂါ၊
ကိုယ်ဝန်ကနေ မီဒီယာအထိ တိုးလာပါတယ်။ အဲဒီလို ပြောမိတာနဲ့ ကျနော့်ကို ကွန်ဆာဗေးတစ်လို့ မထင်စေချင်ပါဘူး။
Living together ဆိုတာကို အခြေအနေနဲ့ အချိန်အခါ တစ်ခု အတွင်းမှာ ဆိုရင် ဖြစ်သင့်တဲ့ကိစ္စလို့ ကျနော် ယုံကြည်ပါတယ်။ ဥပမာ – မိသားစု၊ ဘဝတက်လမ်း ဆိုတာတွေကို ငဲ့ကွက်နေရလို့  လက်ထပ်ဖို့ အဆင်သင့် မဖြစ်သေးတဲ့ အရွယ်ရောက် စုံတွဲတွေ၊ နှစ်ဦးစလုံးကလည်း သစ္စာရှိမယ်ဆိုရင် မဆိုးဘူးလို့ ထင်ပါတယ်။
ဒီလိုမဟုတ်ပဲ လူငယ်တွေ အနေနဲ့ စိတ်အလိုလိုက်ချင်တာ တစ်ခုတည်းနဲ့တော့ ပေါ့ပေါ့တန်တန် သဘောမထား စေချင်ပါ။
ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့ မိန်းကလေးကိုမှ ယောင်္ကျားလေးတွေက တန်ဖိုးထားတတ်ကြတယ် ဆိုတာကိုလည်း
မမေ့သင့်ပါ။ တည်ငြိမ်ရင့်ကျက်မှု ရှိပြီးဖြစ်တဲ့ မိန်းကလေးတွေ အနေနဲ့တော့ ဒီကိစ္စကို မှန်ကန်စွာ ဆုံးဖြတ်နိုင်ပါလိမ့်မယ်။
ဒီနေရာမှာ မိန်းကလေးတွေ သိထားသင့်တယ်လို့ ထင်တဲ့ ကျနော်အပါအဝင် မြန်မာ ယောကျင်္ားလေးတွေ အများစုရဲ့
အကြောင်းကို သိသလောက် အထုပ်ဖြည်ပြ ချင်ပါတယ်။
ကျနော်တို့ဟာ
၁။ အခြေအနေ ပေးမယ်ဆိုရင် လက်မနှေးကြတဲ့ သူတွေ ဖြစ်ပါတယ်။
၂။ လွယ်လွယ်ကူကူနဲ့ ရရှိတဲ့ အရာတစ်ခုကို (ဘယ်လောက် တန်ဖိုးရှိပါစေ) တန်ဖိုးမထားတတ်ပါဘူး။
၃။ အဟောင်းကို ရိုးအီလွယ်ပြီး အသစ်အဆန်းကို စိတ်ဝင်စားတတ် ကြပါတယ်။
၄။ ကိုယ်တိုင်ကသာ အိုချင်တိုင်းအိုမယ်၊ လက်ထပ်ရမယ့် သတို့သမီးကိုတော့ အပျိုစင်မှ လိုချင်ကြပါတယ်။
၅။ အိမ်ထောင်သက် ဘယ်လောက်ရှည်ပါစေ၊ ဇနီးဖြစ်သူရဲ့ ရည်းစားဟောင်းတွေနဲ့ ပတ်သက်လာရင် သဝန်တိုစိတ်က
ရှိနေတတ်ကြပါတယ်။
၆။ ကိုယ့်ရည်းစားက လိုက်လျောတာကို အလှူရှင်မှန်းသိအောင် မဏ္ဍတ်တိုင် တက်ချင်တတ်ကြ ပါတယ်။
၇။ တစ်ယောက်နဲ့ အထက် ရည်းစားတွေကို တပြိုင်တည်း ထားနိုင်ရင် ကိုယ့်ကိုယ်ကို ဟုတ်လှပြီလို့ ထင်တစ်လုံး
ရှိတတ်ကြပါတယ်။
၈။ မိန်းကလေး တစ်ယောက်ကို အညှာလွယ်တယ်လို့ မြင်မိရင် အခြားယောက်ျားတွေနဲ့ ဆိုရင်လည်း ဒီလိုပဲ ရှိမှာလို့
ကောက်ချက်ချတတ် ကြပါတယ်။
၉။ ရည်းစားထားတိုင်း အိမ်ထောင်ပြုဖို့ ရည်ရွယ်တာ မဟုတ်သလို လက်ထပ်ရေးကို ရှေ့ရေး (ရည်မှန်းချက်)နဲ့ နောက်ရေး
(ကိုယ့်မိသားစု) တွေရဲ့ နောက်ဆုံး ဦးစားပေး အနေနဲ့ စဉ်းစားလေ့ ရှိကြပါတယ်။
၁၀။ သူများနဲ့ ဖြစ်ပျက်ပြီးသား မိန်းကလေး တစ်ယောက်ကို လက်ထပ်ယူ ရတာမျိုးဆိုရင် ကိုယ့်ကိုယ်ကို ကယ်တင်ရှင်ကြီး
တစ်ဦး၊ သဘောထားကြီးသူ တစ်ဦးအဖြစ် ထင်နေတတ်ကြပါတယ်။
ဒီအချက်အားလုံးဟာ မြန်မာယောကျင်္ားလေးတွေ အားလုံးအတွက် အမှန်လို့ မယူနိုင်ပေမဲ့ ဒါတွေက ယေဘုယျ
အားဖြင့်တော့ ဒီလိုပဲ ဖြစ်ပါတယ်။ ခေတ်တွေ ဘယ်လိုပဲ ပြောင်းပေမဲ့ မပြောင်းနိုင်သေးတဲ့ အရာတွေလည်း ရှိနေဆဲပါ။
မြန်မာ လူငယ်တွေ အားလုံး ဝေဖန်ဖို့နဲ့ ဆင်ခြင်ဖို့ တင်ပြလိုက်ပါတယ်။           ။

28 comments

  • nigimi77

    January 29, 2011 at 4:36 am

    မှန်တယ်။ ကျုပ်လဲပါတယ်။

    ၁ ။ ၃ ။ ၄ ။ ၈ ။ ၉

  • bigcat

    January 29, 2011 at 4:43 am

    ရှိသေးသကွဲ့… ကိုယ်နဲ့ဖြစ်ပြီဆို မိန်းခလေးဖက်က အကြွင်းမဲ့သစ္စာရှိတာကို လိုချင်ကြတယ်၊ မှားသွားရင် ခွင့်လွှတ်သည်းခံနိုင်စွမ်း မရှိဘူး။ ကိုယ်ကဖောက်မိရင်တော့ နဲနဲပါးပါးပါ၊ အဖြစ်သည်းလွန်ရန်ကောလို့ တွေးတတ်ကြတယ်။ သူများတွေဖြစ်တာကိုပြောတာနော် ကိုကြောင်ကြီးမပါဘူး။ ဝမ်းချုပ်နေတာ ဟုတ်ဘူးနော်။ အကျင့်ကိုက အော်ရီဂျင်နယ်ကောင်းတာ…

    • zawana

      January 29, 2011 at 5:55 am

      ဟုတ်တယ်ဗျ …. ဘယ်လောက် သဘောထားကြီးတဲ့ လူပဲ ဖြစ်ဖြစ် ကိုယ်ကသာ ရှုပ်ချင်တိုင်း ရှုပ်မယ် … မိန်းကလေး ဘက်က သစ္စာမဲ့တယ်လို့ သံသယ ရှိတာနဲ့ စွန့်ပစ်ဖို့ ဝန်မလေးကြဘူး …. ကျူပ်တို့ ယောကျင်္ားတွေလည်း တော်တော် အတ္တကြီးတဲ့ အမျိုးပဲဗျ ….

  • အာဖျံ ကွီး

    January 29, 2011 at 5:05 am

    living together အခြေအနေက နှစ်ယောက်စလုံးနဲ.သက်ဆိုင်တရ် / နှစ်ယောက်စလုံးကသဘောတူတရ်
    ဆိုပေမဲ့ မိန်းကလေးတွေအတွက်ပဲ တော်တော်အန္တရယ်များတရ်။ တာဝန်ပိုကြီးတရ်။
    ယောက်ျားလေးတွေရဲ. ယေဘုယသဘောထားတွေကို မိန်းကလေးတော်တော်များများက သိနှင့်ပီးသားဖြစ်ပေမဲ့ …. တစ်ဘက်သားရဲ.စိတ်ဆန္ဒကို အလွန်ဆန်နိင်ကြဘူး။ အလိုလိုက်ချင်စိတ်ဘက်က အားသာတတ်ကြတရ်။

    beginning time of living together condition မှာမိန်းကလေးဘက်က ကိုယ့်ကိုကိုယ် ဘယ်လောက် ထိန်းသိမ်းနိင်သလဲဆိုတဲ့ (Self Control) ရှိဖို.လိုအပ်သလို …
    သူတပါးတောင်းဆိုမှုကို ဘယ်လောက်ထိ ကောင်းကောင်းမွန်မွန် အောင်အောင်မြင်မြင်နဲ. ငြင်းဆိုနိင်သလဲဆိုတဲ့ (Resistance Skill) ဆိုတာလဲရှိဖို.လိုအပ်တရ်။

    အဲဒါကြောင့် … မှားကြပီဆိုရင် … မိန်းကလေးဘက်ကပဲ စမှားတရ်လို.ပြောချင်ပါတရ်။
    အဲဒီတော့ … ဆင်ခြင်စေချင်ပါတရ်။

    အဲဒါကြောင့် တိုင်းပြည်မိခင်လောင်းတွေ၊ မတစ်ထောင်တစ်ကောင်းဘွားတွေရဲ.မိခင်လောင်းတွေ …
    ဘာကိုမှလျှော့လျှော့ပေါ့ပေါ့၊ မဆင်မခြင်မစဉ်းစားပဲ ….
    လေးလေးနက်နက်၊ ဉာဏ်ရှိရှိနဲ. သားကောင်းသမီးမွန်တွေကို မွေးဖွားပေးနိင်ကြပါစေ။

  • yuyu

    January 29, 2011 at 6:49 am

    အထက်ကအစ်ကိုများအားလုုံးကို ကျေးဇူးတင်ပါတယ်
    မိန်းကလေးကအဓိကပဲဆိုတာသိပ်မှန်ပါတယ် ဒီpost လေးကို ဆယ်ကျော်သက်မိန်းကလေးများပိုပြီးဖတ်မိစေချင်ပါတယ် ဆင်ခြင်ထုံတရားဟာ အသက်အရွယ်အပိုင်းအခြားနဲ့လဲသက်ဆိုင်လို့ပါ

  • cobra

    January 29, 2011 at 7:27 am

    နောက်တချက်ရှိသေးတယ်
    မိန်းကလေးတယောက်ကိုဖြတ်တော့မယ်ဆိုရင်
    အကွက်ကျကျစဉ်းစားပီးလုပ်ဆောင်တတ်ကျတယ်
    ဘယ်တော့မှလည်းတယောက်တည်းမစဥင်္းစားဘူး
    သူငယ်ချင်းတွေနဲ ့ပေါင်းပီစဉ်းစားတယ်ပေါင်းပီးလုပ်ဆောင်ကြတယ်။

  • shwe

    January 29, 2011 at 9:01 am

    ကျေးဇူးတင်ထိုက်ပါတယ် . မိန်းခလေးတို့သတိထားဘို့ ပါ ။

  • kai

    January 29, 2011 at 9:41 am

    အပေါ်က အချက်တွေအားလုံးကို .. မိန်းကလေးဖက်က အနေနဲ့ …စဉ်းစားလိုက်ရင်ဘယ်လိုဖြစ်မလဲ..။
    ယူအက်စ်ရော..ဂျပန်ရောမှာ .. မိန်းကလေးတွေက … အင်အားရှိပြီး ငယ်ရွယ်တဲ့ အသက်တန်းမှာ .. လစ်ဗန်းတူဂဲသားနေချင်စိတ်က ..သူတို့က ပိုများမယ်လို့ ထင်မိပါတယ်..။ ဘာလို့လဲဆိုတော ့.. သူတို့က .. ယောကျာ်းနဲ့.. ပိုများများ အိပ်ချင်ကြတာကိုး..။

    ကျုပ်အထင်ပြောရရင်တော့ .. လစ်ဗင်းတူဂဲသားနေတာ ..ပိုဖြစ်သင့်ပါတယ်.။
    မယူခင်စပ်ကြားမှာ .. အဲဒီလိုနေဖူးမှ..အတွင်းအစင်းတော်တော်သိနိုင်မှာမို ့ပါ..။ ငွေရေးကြေးရေးကိစ္စကလည်း ..ရှင်းရှင်းလင်းလင်းဖြစ်မယ်ပေါ့..။
    ယူပြီးမှဆိုရင်တော့ .. ဥပဒေတွေနဲ့သက်ဆိုင်လာပြီမို ့.. နစ်နာကြေး..ဘာကြေးတွေ ရှုပ်တတ်လို့ပါပဲ..။

    လစ်ဗင်းတူဂဲသားက ..အနောက်တိုင်း.ယဉ်ကျေးမှုလည်းမဟုတ်ပါဘူး..။
    လူတွေရဲ့လူနေမှုဘဝတွေတိုးတက်လာတာနဲ့ .အတူတူလိုက်လာတဲ့..လူ့ယဉ်ကျေးမှုစီးကြောင်းထဲက တခုလို့ပဲမြင်ပါတယ်..။
    မြန်မာပြည်ရဲ့ ..လူနေမှုတွေမြင့်လာတာနဲ့အမျှ.. ဒါတွေကိုရင်ဆိုင်ရပါမယ်..။
    လူငယ်တွေဟာ.. ကျောင်းတက်ချိန်မှာလည်း … မိဘတွေနဲ့ခွဲနေကြပြီး .. လူငယ်ဘဝကိုလည်း .. ကို်ယ်တိုင်ငွေရှာ..ကို်ယ်တိုင်သုံးနဲ့သွားကြမှာမို ့ပါ..။
    မိဘတွေအနေနဲ့..ဒါကို သဘောပေါက်ပြီး .. ထိမ်းကြောင်းပေးယုံပါပဲ..။

    အခြေခံကျကျပြောရရင်.. မိန်းကလေးက ငယ်တုံးမှာ ကလေးမရသွားဖို့ပါပဲ..။
    ငယ်ငယ်ရွယ်ရွယ်နဲ့.. အိမ်ထောင်သည်ဘဝ..ကလေးတွဲလောင်းနဲ့က .. လူဖြစ်ရကျိုးရှုံးပါတယ်..။

    ဆိုတော့ ..ပျော်နိုင်တဲ့အရွယ်မှာပျော်ပါ..။ ခံစားပါ..။
    မိန်းကလေးက ..ကိုယ့်ကို..အလိုလိုက်မဲ့ယောကျာင်္းလေးတယောက်အမြဲရှာထားပါ..။
    ယောကျင်္ားလေးကလဲ.. ကိုယ်က.. ချစ်ရမဲ့ ကောင်မလေးတယောက်ရအောင်ရှာထားပါ..။

  • intro

    January 29, 2011 at 9:52 am

    အချို့တွေဆိုရင် သူတို့ကွယ်ရာမှာ ဖြစ်ခဲ့တာတွေကို ပြန်ပြောတတ်ကြတာတွေလဲ ရှိတယ်… ဒါကြောင့်အပြင်မှာ သူ့ကောင်မလေး မျက်နှာကို မြင်လိုက်ရရင်ကို သူပြန်ပြောတဲ့ စကားတွေကို ကြားယောင်ပြီး… တန်ဖိုး ထားချင်စိတ်နည်းသွားရော… အခန့်မသင့်လို့ သူတို့နှစ်ယောက် ပြတ်သွားကြရင်လဲ အဲသည့် ကောင်မလေးကို လိုက်ဖို့ စိတ်မဝင်စားတတ်ကြတော့ဘူး…

  • Yin Nyine Nway

    January 29, 2011 at 10:19 am

    ဟုတ်တယ်…. မနေခင်ကတည်းက စဉ်းစားကြဖို့လိုတယ်
    ပြီးတော့ နှစ်ဦးသဘောတူနေကြပြီ ဒီလိုဖြစ်လာရင်
    နှစ်ဘက်စလုံးအကျိုးမရှိဘူးလို့ ထင်ပါတယ်

  • nyimalay

    January 29, 2011 at 10:49 am

    နံပါတ် 8 ကိုတော့ လုံးဝသဘောမကျပါဘူး။ အဲ့ဒီလိုယောကျာင်္းလေးမျိုးကိုလည်းအမြင်ကပ်တယ်……… ကြည့်မရပါဘူး…..
    ကျန်တဲ့အချက်တွေကတော့ထားပါတော့………….. 🙁

  • nigimi77

    January 29, 2011 at 10:54 am

    ဆရာခိုင် အတွေး အကြွင်းမဲ့ ထောက်ခံသည်။

  • shweminthar

    January 29, 2011 at 11:27 am

    ဒီပို့စ် နဲ့ ကွန်မန်း တွေကိုကြည့်လိုက်ရင် ဘဲ ကျနော်တို့ အမျိူးသားတွေ ဟာ ..
    ကိုယ်တွေ ရဲ့ အားနည်းချက်တွေကို မိန်းခလေးများ သိရှိစေရန် သွေရင်းသားရင်းမောင်နှမ များလို သဘောထားပြီး ပြောပြသွားပါတယ်။
    ကဲ ဒီတော့ ကျနော်တို့ အမျိုးသား တတွေဟာ အပေါ်က အားနည်းချက်များကို ချပြသွားသည့် တိုင်အောင် ထင်သလောက်မဆိုးသေးပါဘူး ဆိုတာကိုလဲ သတိပြုမိစေလိုပါတယ်။

  • teacher

    January 29, 2011 at 1:52 pm

    I think this is very important for our culture.
    We must careless.

  • naywoonni

    January 29, 2011 at 3:27 pm

    ပြောတတ်တော့ဘူး …. မပြောအပ်တော့ ဘူး ဒီညမှာ သာလွန်းတဲ့ မောင့် ………လပြည့်ဝန်း

  • naywoonni

    January 29, 2011 at 3:54 pm

    ဂွတ်မယ်ထင် ဒူးသာ ဒူး

  • ogre

    January 30, 2011 at 9:54 am

    ပိုးစိုးပက်စက်မှန်တယ်….အတူတူပဲ…အတွေးကိုပြောတာနော်

  • k19

    January 30, 2011 at 1:16 pm

    မှန်တယ်မှန်တယ်…အဲဒါမဖြစ်သင့်ဘူး…ဆက်ရေးပါ…အားပေးပါတယ်……ကောင်မလေးတွေလဲဒီစာကိုဖတ်မိကျပါစေဗျာ…

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 30, 2011 at 3:03 pm

    လင်မယားဆိုလို ့ပြောရဦးမယ်
    အောင်ပုတို ့ရွာမှာ
    မိန်းမက လင်ယူရင်
    ကိုယ်ယူမဲ့လင်ရဲ ့အိမ်ကိုသွားပြီး
    ငရုပ်သီးတစ်ဆုံ ထောင်းပြရတယ်
    ငရုပ်စေ့တွေကို ညက်အောင်ထောင်းပြရတယ်
    ယောက်ကျားဆိုတဲ့သူကလဲ
    ကိုယ်ယူမဲ့ မိန်းမဆိုတာရဲ ့အိမ်ကိုသွားပြီး
    ကြိုးတစ်ချောင်းကို ကျစ်ပြရတယ်
    သုံးလွန်းတင်မှကြိုးဆိုတာလေ
    ပြီးမှ သဘောတူပြီးပေးစားကြတာ
    ဒါက ရွာမှာ
    ခု
    အောင်ပုတို ့ ဂျာမဏီမှာ
    နေတဲ့ရပ်ကွက်မှာ လူငယ် လူရွယ်တန်းတွေချည်းဘဲ
    အသက်ကြီးကြီး အဖိုးအဖွားတွေကို တွေ ့ရင် ရိုသေသလိုဘာလိုလို
    ဟန်လုပ်ကြတယ်
    မြန်မာပြည်မှာရှိတဲ့
    ကိုယ့်အဖေ အမေကို ဘယ်လိုသဘောရှိသည်မသိ
    ကလေးသားသားလေးတွေကို တွေ ့ရင်
    ကလေးချစ်တတ်သလိုလိုဘာလိုလို
    အတင်း
    ပွေ ့ယူ ချီပြီး ချော့မြူ ကလူကျီဆယ်လုပ်တတ်ကြတယ်
    ခဏတာသာ ဟန်လုပ်၍ 🙁 🙁
    အတူတူနေတယ်ဆိုတာတောင် ကောင်းတယ်ဆိုရပေမပေါ့
    ဆက်ပြီးပြောရမလားဟင် ??????

    • kai

      February 1, 2011 at 3:05 am

      ကာလီဒါသရဲ့.. ဣတ္ထိယသျှတ္တရကျမ်းမှာတော့ .. အဲဒါတွေကို …မိန်းမမာယာထဲထည့်ထားတယ်..။
      သားသားလေးတွေ့ရင် .. ချော့မြူတာ..ထိပ်ဆုံးကပါသပေါ့..။

      မိန်းမတွေအကြောင်းကျမ်းကြေလွန်းတဲ့ကာလီဒါသခမြာ… ပြည့်တန်ဆာက ဖြောင်လိုက်လို့..သေရပါတယ်..။
      ဆိုလိုတာက … တိုးတက်လိုစိတ်ရှိတဲ့..ခေါင်းဆောင်ဖြစ်လိုတဲ့ယောက်ျားတွေဟာ .. ချစ်အတူနေ(Living together)ကိစ္စကို … မိန်းမတွေထက် ပိုသတိထားသင့်တယ်လို့ပါပဲ..
      ကျန်တာတော့ ..ဆက်စဉ်းစားကြ..။

  • jarnuu

    January 30, 2011 at 5:30 pm

    မိန်းကလေးတွေအတွက် ဆင်ခြင်စရာလေးတွေပါပဲ
    ခုလို အသိပေးပြောပြလို့ ကျေးဇူးတင်ပါတယ်

  • :)

    January 31, 2011 at 2:51 am

    The main purpose of sex is reproduction. Should not use this for the other reason.

  • char too lan

    January 31, 2011 at 9:47 am

    စဉ်းစဉ်းစားစား ဆင်ဆင်ခြင်ခြင်နဲ့ တစ်ယောက်ကိုတစ်ယောက်တန်ဖိုးထားပီး သိက္ခာရှိရှိချစ်ကြရအောင်…………….
    post ရော comment တွေပါအာလုံးကောင်းတယ် ကျေးဇူးတင်ပါတယ်

  • narziparty2009

    January 31, 2011 at 6:37 pm

    မိန်းကလေးတွေအများစုကိုယ်.ကိုကိုယ်ထိန်းထိန်းသိမ်းသိမ်းနေစေချင်လိုပါတယ်။
    ပြီးရင်ကိုယ်.ဘက်ကပဲနစ်နာမှာပါ။
    ဘာလိုအကြောင်းနဲ.ပဲကွဲကွဲကောင်မလေးပဲထိခိုက်မှာပါ

  • Living together ကထားပါတော့။ နှစ်ကိုယ်တူကြည်ဖြူလို့ပဲဟာ။ သူက ဘာဖြစ်လို့ ရှည်ပြီး ပုံတွေရိုက်ရတာလဲ။ (စင်ကာပူက ကောင်မလေးကိုပြောတာ)

  • zawana

    February 1, 2011 at 1:10 am

    Hidden cam တွေကလည်း ပေါလာတော့ မိန်းကလေးတွေအဖို့ Plaza က Fitting room မှာ အဝတ်အစား ဝတ်ကြည့်တာက အစ စိတ်မချရတော့ပါဘူး။

  • etone

    February 1, 2011 at 7:30 am

    living together နေရင် မိန်းကလေးဘက်က အရမ်းနစ်နာပါတယ် ။ ယုံကြည်ကိုးစားမိပြီး ချစ်တဲ့လူကို ပုံအပ်ကာ စွန့်စားပြီး တူနှစ်ကို တဲအိုပျက်မှာ နေမယ်ဆိုပေမဲ့ …. xxx သားက မြေခွေးကြံ ကြံသွားရင် ဒူးနဲ့ မျက်ရည်သုတ်ပြီး အရှက်တကွဲဖြစ်ရမှာပါ ။ အဲ့ဒီအချိန်ကျမှ မိဘအိမ်ပြန်တက်မယ်ဆိုလည်း မဖြစ်တော့ပါဘူး ။ living together နေတာ အများစုက နောက်မီးလင်းတဲ့လူမျိုးတွေပါ ။ မယားငယ် ၊ လင်ငယ်ထားပြီး စာချုပ်စာတန်းမလုပ်ချင်တော့ နှစ်ယောက်ကြည်ဖြူရင်ပြီးရော နေလိုက်ကြတာပါ…။ တစ်ချို့ လူလွတ်တွေကြတော့လည်း မခွဲနိုင်တဲ့အဆုံး လက်မထပ်ခင်စပ်ကြား living together နေကြပါရော… အဲ့လိုလူမျိုးတွေအတွက် အကြံပေးချင်ပါတယ် နောက်လည်း ယူမှာပဲအတူတူ တရားရုံးတက်လက်မှတ်ထိုးပြီး နေကြတာ ပိုကောင်းပါတယ် ။ နောက် ပိုက်ဆံအဆင်ပြေတော့မှ wedding တွေ၊ဘာတွေ လူသိရှင်ကြားလုပ်ပေါ့ ။

Leave a Reply