မိန်းကလေးများတွက် သတိပြုစရာ
ကာမစိတ်ကို နှိုးဆွနိူင်သော ကော်ဖီမစ်များ ဈေးကွက်အတွင်း တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် တွင်ကျယ်စွာတင်သွင်းရောင်းချနေခြင်းကြောင့် လူငယ်များ အကြားအသုံးချမှု မှားယွင်းကာမလိုလားအပ်သော လူမှုရေးပြဿနာများဖြစ်လာနိူင်စရာရှိကြောင်း၊ ယင်းကဲ့သို့ဖြစ်လာနိူင်သည့် အခြေအနေများကိုတွေးဆ၍ မိဘများနှင့်ဆရာ၊ ဆရာမတချို့မှလည်း စိုးရိမ်ပူပန်လျက်ရှိကြောင်းသိရသည်။
ကော်ဖီမစ်ထုတ်များမှာ ၂ မျိုးခွဲထားကြောင်းသိရသည်။အမျိုးသားများ သောက်ရန်တမျိုး နှင့် အမျိုးသမီးများ အတွက်တမျိုးထုတ်လုပ်ထားကြောင်းသိရသည် ။ အမျိုးအစားမှာ ဘရာဇီးကော်ဖီဖြစ်ကြောင်း၊ ရေနွေးတွင် ပျော်ဝင်မှုမြန်ကြောင်း။ အခြားကော်ဖီများနှင့် အရောင်အသွေးခပ်ဆင်ဆင်တူကြောင်း၊ သောက်နေစဉ် အချိန်အတွင်း ကာမစိတ်ကိုနိုုးကြွစေနိူင်ကြောင်း၊ ဆန့်ကျင်ဖက်လိင်နှင့် တွေ့လာပါက ကာမစိတ်များဖြစ်ပေါ်စေနိူင်ကြောင်း အင်္ဂလိပ်ဘာသာဖြင့် အညွှန်းရေးသားထားသည်။
ထိုကော်ဖီကို လူငယ်ယောင်္ကျားလေးများ အများဆုံးဝယ်ယူကြကြောင်းတွေရှိရသည်။ ူ
ယခင်က ပီကေ၊သကြားလုံးများ သာခေတ်စားနေပြီး ယခုအခါ အမျိုးသမီးမိန်းကလေးများသတိမထားမိသည့် ကော်ဖီကို အသုံးများလာကြောင်း သိရသည်။
ကော်ဖီဧ။် ဈေးနှုန်းမှာလည်း အများဝယ်ယူသုံးစွဲ နိူင်သော အနေအထားဖြစ်နေခြင်းကြောင့် လူငယ်အမျိုးသားများ ဝယ်ယူမှုနှုန်းများလာကြောင်းသိရသည်။
ကော်ဖီ၏အာနိသင်မှာ သောက်ပြီးရင် စိတ်တွေလန်းဆန်းသွားမယ်၊ ကာမစိတ်နိူးကြားတာတွေဖြစ်မယ်၊ ကိုယ့်စိတ်ကိုကိုယ်မထိန်းချုပ်နိူင်တော့ဘဲ နောက်ဆုံးအဆင့်တွင် အိပ်ပျော်သွားမည်ဖြစ်ကြောင်းသိရသည်။
နာမည်မှာ Men`s Coffee နှင့် အမျိုးသမီးများအတွက်ကို တရုတ်အမည်ဖြင့်ဖြစ်သည်။
ကဲဒီလောက်ဆို ပျိုမေတွေရော၊ ကိုကိုတွေရော ဗဟုသုတအနေနဲ့တော့တော်တော်သိသွားပြီထင်ပါတယ်
အားလုံးကို အစ်မ၊ ညီမတွေလိုသဘောထားလို့ပြောပြလိုက်တာပါ။
28 comments
bigbird
March 9, 2011 at 5:47 am
mail မှတဆင့် ကူးယူဖော်ပြပါသည်။
char too lan
March 9, 2011 at 6:15 am
ကျေးဇူးတင်ပါတယ် ဦးငှက်ရေ..
မှတ်သားထားလိုက်ပါပီ။
white
March 9, 2011 at 6:32 am
ဆိတ်ငြိမ်ရာ အရပ်မှာ သမီးရည်းစား နှစ်ယောက်သောက်မိရင်…….အင်း…
အဲဒီနေရာမှာ ယောကျင်္ာစစ်စစ်နှစ်ယောက် သောက်မိရင် ဘာဖြစ်နိုင်မလဲ…
ကြီးနှစ်ကြီး ဖြစ်တဲ့ ကိုငှက်ကြီး နဲ့ ကိုကြောင်ကြီး စမ်းသောက်ပြီး အဖြေပြောပြပါ
moethidasoe
March 9, 2011 at 8:46 am
အဖြူရေ .. ငှက်နဲ့ ကြောင် ကွန်ဒုံး သုံးမှ ဖြစ်မယ်နော် .. လက်ဆောင် ထည့်ပေးလိုက်ဖို့ မမေ့နဲ့
etone
March 10, 2011 at 2:48 am
အစ်မမှာ NGO တွေက၊ ဆေးကုမ္ပဏီတွေက လက်ဆောင်ပေးထားတာရှိတယ် မို့လား ။ အစ်မကပဲ white လက်ဆောင်ပေးလို့ရအောင် ပြန်ရောင်းလိုက် ။ 😛
white
March 10, 2011 at 6:00 am
ခေတ်ကာလကြီးက မကောင်းတော့ တစ်ခုလောက်တော့ အန္တရာယ်ကင်း ဆောင်ထားချင်ပါသည်
ဗေဒင်ကဟောထားလို့ ဒီကာလ မည်သည့်ပစ္စည်းမှ မဝယ်ပါ လက်ဆောင်ပေးလျှင် လက်ခံလို့ရပါသည်
naywoonni
March 9, 2011 at 10:08 am
အင်း… အဲဒိ စမ်းသပ်မှု ရလာဒ် မြန်မြန်သိချင်တယ်ဗျို့ 😛
juttue.gyi
March 9, 2011 at 10:09 am
မိန်းကလေးများတွက် သတိပြုစရာတဲ့ ယောကျာင်္းကလေးတွေကတော့ ဟီးးးးးးးးးး
လင်းငယ်
March 9, 2011 at 10:21 am
အဲဒါက ကောင်းလည်း ကောင်းတယ်။ မကောင်းလည်း မကောင်းဘူး။
gyinkalay
March 9, 2011 at 12:12 pm
ကဲ…ကော်ဖီကြိုက်တဲ့ပျိုမေ တွေ သတိသာထားပေတော့…..
intro
March 9, 2011 at 12:26 pm
မိန်းကလေးတွေတင်ပဲလား ဆိုတော့ မဟုတ်ဘူး၊ ယောက်ျားလေးတွေပါ သတိထားသင့်တာပေါ့ဗျာ…
တော်ကြာ စိတ်ကို ဆွပေး၊ ပြသာနာတက်အောင် လုပ်ပြီး အပိုင်ဖမ်းခံရရင် ဘယ်လိုလုပ်မလဲ?
မိန်းကလေးတွေလဲ ခြေတလှမ်းမှားရင် ဘဝပျက်နိုင်သလို၊ ယောက်ျားလေးတွေလဲ ထို့အတူပါပဲ…
အားလုံး သတိရှိထားကြပါဗျာ… (အကြံသမားဆိုတာ ယောက်ျားလေးတွေပဲ ရှိတတ်တာ မဟုတ်ပါဘူး)
mG
March 9, 2011 at 1:56 pm
အင်း…ဒီကော်ဖီတွေ ကိုတာဝန်ရှိသူတွေ လိုက်လှံရှာဖွေစစ်ဆေးနိုင်ရင် ပိုကောင်းမယ်ထင်တယ်ဗျ။
ဘာဖြစ်လို့လည်းဆိုတော့…မကြာသောအချိန်တုန်းက နိုင်ငံခြားရုံးခန်းတွေမှာ မဖြစ်သင့်တာတွေ
ဖြစ်ခဲ့ကျတဲ့ ပြသနာကိစ္စအရပ်ရပ်အကြောင်းတွေကိုပြောဆိုထားတာကိုတွေ့ရပါတယ်။
အဲ့ထဲမှာပါသလို မျက်မမြင်တွေကို အဲ့ရုံးမှာခန့်ထားတယ်ပဲထားပါအုန်းဗျ။ဒီလိုကော်ဖီတွေ အဲ့မျက်မမြင်ပါသောက်မိရင် မဖြစ်သင့်တာတွေဖြစ်လာနိုင်တယ်။
ဆူး
March 9, 2011 at 2:31 pm
သတင်းပေး အသိပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
peacemaker35183777
March 10, 2011 at 1:59 am
where can i get it?
etone
March 10, 2011 at 2:54 am
ဈေးကွက်ထဲ ပေါပေါဝယ်လို့ ရနေပြီကြားတယ် … ။
ကိုယ်တွေကသာ မသိတာ သိတဲ့လူတွေက လက်တို့ပြီး ရောင်းဝယ်ဖောက်ကားနေပါသတဲ့ .. ။
bigcat
March 10, 2011 at 6:38 am
ကိုငှက်ရေ ကျုပ်တော့ခင်ဗျားနဲ့အတူ ကော်ဖီသောက်ဖို့ သံချပ်ဝတ်စုံဝယ်ထားပြီပြီ။
ဆူး
March 10, 2011 at 1:33 pm
ကြောင်ကြီးက ညောင်ညောင်..
ငှက်ကြီးက ပိကျိ ပိကျိ အားအား ဂူးဂူး..
ဘာသာစကား မတူတော့ ကြောင် စိန်ခေါ်သံ ငှက် ကြားပါ့မလား။
bigbird
March 10, 2011 at 2:40 pm
ဒါတော့မဖြစ်နိုင်ဘူးကိုကြောင်ကြီးရေ။ ဘာလို ့လဲဆိုတော့ ကျနော်က
ကော်ဖီကိုလုံးဝ မသောက်လို ့ပါပဲဗျို ့…ကလေးဆန်တယ်ပြောမလား..
အိုဗာတင်း ပဲ သောက်တယ်။
poeaung6
March 11, 2011 at 5:18 am
အော် ကာမ ကာမ ဒီအတို်င်းတောင်အမှုအခင်းတွေများနေတာ ဒါတွေနဲ့ဆို
rat
March 11, 2011 at 5:25 am
ဝယ်လို.ရတဲ့နေရာကြတော့မရေးထားဘူး….
aye thet mon
April 16, 2011 at 1:39 pm
ကော်ဖီအထုပ်ပုံစံပါရင်ပိုကောင်းမယ်ထင်တယ်…Men’s coffee လား…… DEAN ကော်ဖီလား…. သေချာသိချင်ပါတယ်…….
windtalker
May 26, 2011 at 3:46 pm
ကောင်မလေး တွေ နဲ ့တွေ ့လို ့ကော်ဖီသောက်ချင်တယ် ပြောနေရင် ဘယ်လို လုပ်ကြမလဲ ဗျ
AKKO
May 27, 2011 at 10:15 am
ဒါကြောင့်ထင်တယ်…အခုနောက်ပိုင်း တချို့ ကောင်မလေးတွေ ကော်ဖီ ဆိုင်မထိုင်တော့ဘူး။
ဘီယာဆိုင်ပဲ ဝင်ထိုင်ကြတယ်… 😛
khinmintatthu
May 27, 2011 at 10:31 am
AKKO ပြောတာ ဟုတ်မယ်…. ကော်ဖီဆိုင် မထိုင်ကြတော့ဘူးနော်… ဘီယာဆိုင်မှာ ယောက်ျားလေးတွေနဲ့ အပြိုင်ဟဲနေကြတာ တွေ့နေရတယ်…. အဲဒါဆိုရင် ဘီယာတောင် လိုက်ထုတ်ရမယ်နဲ့တူတယ်နော်….
eros
May 27, 2011 at 10:43 am
ရဲက အဲဒါတွေ လိုက်ဖမ်းနေတယ်။ လက်ဝယ်တွေ့ရင်တော့ ဒန်တန့်တန်ပဲ။
nigimi77
May 27, 2011 at 11:57 am
မိ်န်းမတွေ သုံးတဲ့ ဆေး ကတော့ ထားလိုက်ပါတော့ ။ မလာတော့လို ့ ဆေးအားကိုးပြီးကဲနေရတဲ့
ကိုကြောင်ကြီး ကတော့ ခိုကိုးရာမဲ့တော့မယ်။ မဒမ်ကြောင်နဲ ့တော့ ……အင်း…….။
bigcat
May 28, 2011 at 2:43 am
ဟား ဟား ဟား.. Original ကြောင်ကြီးပါဗျ……..
etone
May 28, 2011 at 5:17 am
အတင်းကြီးပဲ ကြော်ငြာဝင်နေတယ် ဒုက္ခပဲ 😛