အကြောင်းမကောင်းတာလား အကျိုးပေးမကောင်းတာလား။

ဆူးMarch 12, 20111min24717

ဖြစ်ခဲ့တာတော့ လွန်ခဲ့တဲ့ ၃နှစ်လောက်တုန်းက အကြောင်းအရာလေးပါ ကိုရဲအောင် (အသက် ၃၉နှစ်) ရှိုတဲ့ လူ တယောက် မီးလောင်လို့ သေသွားတဲ့ အကြောင်းအရာလေးပါ။ ဖြစ်ပုံကတော ကိုရဲ က နယ်မြို့လေး တခုမှာ ဓါတ်ဆီ ဒီဇယ် ရောင်းတာပါ။ မီးထလောင်မဲ့ နေ့က ပိုက်ဆံ အကြွေးလာပေးတဲ့ လူက ၃၅သိန်း လာပေးထားပါတယ်။ ပိုက်ဆံကို အတွင်းဘက်က အလုပ်စားပွဲမှာ သိမ်းထားပြီး ပုံမှန်အတိုင်းနေခဲ့တယ်။ နေ့အချိန် နေပြင်းတဲ့ အချိန် ဆီ အခိုးအငွေ့နဲ့ အပူရှိန်တွေ ပြင်းထန်နေပေမဲ့ ဘာမှ မဖြစ်ဘဲ အရောင်းအဝယ် လုပ်ခဲ့တာ နှစ်ပေါင်း မနည်းပါဘူး။ ထိုနေ့မှာတော့ ဘယ်သူပြစ်လိုက်လဲတော့ မသိဘူး မီးညှိထားတဲ့ ဆေးလိပ်တို အစကလေး ဆိုင်အတွင်း ဝင်လာပြီး ဆိုင်ထဲက ဆီတွေ ထပေါက်တော့တာဘဲ။ ဆိုင်ရှင်က ထွက်ပြေးရင် လွတ်နိင်ပေမဲ့ အကြွေးလာပေးတဲ့ ပိုက်ဆံ ၃၅သိန်း အထုတ်ကို သွားယူရန် ရှိသေးတဲ့ အတွက် မီးကြားထဲ တိုးဝင်ပြီး သွားယူလိုက်ခဲ့ပါတယ်။ ပိုက်ဆံထုတ်ကို ပိုက်ရင်း လူက လွင့်ထွက်သွားတာ လမ်းရဲ့ အခြားတဖက် အထိ ရောက်သွားပါတယ်။ တကိုယ်လုံး မီးဟပ်ပြီး အသားတွေ မီးလောင်ဒဏ်ခံလိုက်ရပါတယ်။ အရမ်းပူလွန်းတာနဲ့ ပိုက်ဆံထုတ်ကို နီးစပ်ရာ စိတ်ချရတဲ့ အမျိုးအိမ်မှာ ထားပြီး ထိုအိမ်က ရေကို ခေါင်းကနေ လောင်းချပြိး အပူသက်သာအောင် လုပ်ပြီး ဆိုင်ကယ်နဲ့ ဆေးရုံကို ပြေးတော့တာဘဲ။ ဖြစ်ချင်တော့ ကြံဖန်ပြီး ဖြစ်တယ် ပြောရမလား။ သူရဲ့ အသားတွေ မီးလောင်လို့ မကျက်တကျက် ဖြစ်နေတာကို ရေလောင်းလိုက်တော့ ရေပွသွားတာရယ် ဆေးရုံကို ဆိုင်ကယ် နောက်ခုံကနေ ထိုင်ပြီးတော့ သွားတာရယ်ကြောင့် လေတိုးတဲ့ ဒဏ်တွေနဲ့ ဆေးရုံရောက်တော့ အသားတွေ အတုံးလိုက် ပဲ့ထွက်နေခဲ့တယ်။ နယ်မြို့ ဆေးရုံက ဆရာဝန် တွေက အခြေအနေက ဒီလို ဖြစ်မှာတော့ သူတို့လည်း တာဝန်မယူရဲဘဲ တစ်ကိုယ်လုံး ပတ်တီး စီးပေးပြီး ရန်ကုန် ဆေးရုံကြီးကို သွားခိုင်းလိုက်တယ်။ ရန်ကုန် ဆေးရုံကြီး မှာလည်း ၂ပတ်လောက်တော့ ခံပါတယ်။ ဒါပေမဲ့ သေသွားရှာတယ်။ မသေဘဲ အသက်ရှင်မယ် ဆိုရင်တောင် မီးစလောင်တဲ့ ဆိုင်က သူရဲ့ ဆိုင်ဖြစ်တဲ့ အတွက် တရားစွဲခံထားရပြီး ထောင်ထဲ ရောက်မှာ ကျိန်းသေ ဖြစ်နေပါတယ်။ သေခြင်းတရား နောက်ကွယ်မှာလူတွေ ရဲ့ ပြောစကားကတော့ သူက အရင်ကတည်းက ဒေါသသိပ်ကြီးတာ တခုခု ဖြစ်ရင် ငါ အရေခွံစုပ်ပလိုက်မယ် ဆိုတဲ့ စကား အမြဲ ပြောလေ့ ရှိတယ် ဒါကြောင့် သေတာတောင် အရေခွံ စုပ်ပြီး သေတာလို့ လူတွေက အသုဘ မှာ အားမနာပါ့ ပြောကြတယ်။ နောက်ထပ် ပြောကြတဲ့ စကားကတော့ ၃၅သိန်း ပြန်ရလား ဆိုတာပါဘဲ။ ၃၅သိန်း ထည့်ထားတဲ့ အိတ်က မီးစွဲနေခဲ့ပါတယ် ပိုက်ဆံများ မီးတခြမ်းလောင်နေတဲ့ အတွက် ၃၅သိန်းလုံး လုံးဝ သုံးမရခဲပါဘူး။
မသေခင် ၆လလောက် အလိုက အိမ်က မိန်းမနဲ့ ပြသနာ ဖြစ်ပြီး လင်မယား ကွာရှင်းခဲ့ကြပါတယ် သမီး တယောက်လည်း ရှိပြီး သမီးကတော့ အမေ နဲ့ အတူလိုက်နေတယ်။ မီးလောင်ပြီး ဆေးရုံရောက်တော့ သူ့ကို ကြည့် ပေးမဲ့ သူမရှိတော့ ကွာရှင်းထားတဲ့ မိန်းမက ဆေးရုံကို လိုက်စောင့်ပေးရတယ်။ သေခါနီး ပူလောင်လွန်းလို့ တသက်လုံး သူအမှား လုပ်ခဲ့သမျှ လူတွေကို ပက်လက်နဲ့ လက်အုပ်ချီ တောင်းပန်ဖို့တောင် မဖြစ်နိုင်လိုု့ အနီးမှာ ရှိတဲ့ လူကို သူ့ရဲ့ လက်ကို လက်အုပ်ချီပေးပါ.. တယောက်ပြီး တယောက် သူ့အပြစ်တွေ တောင်းပန်ပါတယ် ခွင့်လွတ်ပေးပါဆိုပြီး မျက်ရည်စက်လက်နဲ့ တောင်းပန်တာတွေ မြင်တော့လည်း စိတ်မကောင်း ဖြစ်စရာ အဖြစ် ပြောကြတာတွေလည်း ရှိတာပါဘဲ။ သေခါနီး ဆေးရုံလိုက်စောင့်ပေးတဲ့ အကျိုးကြောင့် သူ့မိန်းမကို ဓါတ်ဆီ ဒီဇယ် အကြွေးချပေးတဲ့ လူတွေက သူ့ဆီက သိန်း၅ဝ ဖိုးလောက် ရစရာ ရှိသေးတယ် ဆိုပြီး ဝိုင်းတောင်းကြပြန်ကော။ သေသာ သေသွားတယ် သေခါနီးမှာကော သေသွားတဲ့ အချိန်မှာကော မပြီးဆုံးနိုင်တဲ့ ဝဋ်တခုလို ဖြစ်နေပြန်ပါကောကွယ်။
ဇနီးနဲ့ သမီး ရှိနေပေမဲ့ ကွာရှင်းရတဲ့ အထိ ဖြစ်ပုံကတော့ ကွယ်ရာမှာ ခြေပုန်းခုတ်တာတွေ လူမိပြီး မရှင်းမရှင်းတွေ ပြသနာတွေ တက်ပါများတော့ အိမ်သူ ဇနီး မခံနိုင်ဖြစ်ပြီး ကွာရှင်းရတဲ့ ဘဝ အထိ ဖြစ်ကြရတာပါဘဲ။

ကိုရဲ ရဲ့ အဘိုးအဘွားတွေက သူနေတဲ့ နယ်မြို့မှာ လူချမ်းသာတွေ ဖြစ်ကြပြီး မိဘတွေ ချမ်းသာလို့ သားသမီးတွေ ပျက်စီးတဲ့ အထဲမှာ ကိုရဲ ရဲ့ မိခင်လည်း ပါခဲ့တယ်။ ကိုရဲကို မွေးပြီး မိခင်က ကိုရဲ နှင့် သူ့အကို တို့ ညီအကို နှစ်ယောက်ကို အဘိုးအဘွားအိမ်မှာ ထားပြီး နောက်အိမ်ထောင် ထူထောင်သွားလို့ ကိုရဲက မိခင်ကို အလွန်စိတ်နာနေခဲ့ပါတယ်။ သူ၏ မိခင်ကလည်း တချိန်က ချမ်းသာလွန်းတဲ့ အတွက် အနီးအနားက ချစ်သူ ခင်သူ ပေါတဲ့ အပြင် သူကို မြှောက်ပေးပြီး ကပ်ဖားရပ်ဖားနဲ့ အကျိုးမျှော်ကိုး တိုက်တွန်းသူတွေရဲ့ စနက်ကြောင့် ပထမ အိမ်ထောင်နဲ့ ကွဲပြီး ကပ်ဖား တယောက်နဲ့ ညားသွားခဲ့ပါတယ်။
အဘိုးအဘွားတွေက စိတ်တိုပြီး အိမ်ပြန်မလာနဲ့ ဆိုတော့ သားနှစ်ယောက်ကို လှည့်မကြည့်တော့ဘဲ တစ်အိုး တစ်အိမ်ထူထောင်နေတော့ သားတွေက စိတ်နာပြီး အမေကို ပြစ်မှားကြတာတွေလည်း ရှိမှာပေါ့။ အဘွားဆုံးတော့ အဘိုးမျက်စိအောက်မှာ ကြီးပျင်းခဲ့ရပြီး အဘိုးက စည်းကမ်းတင်းကျပ်ပြီး ကပ်စေး အလွန်နည်းသူ ဖြစ်လေတော့ အဘွားရှိတုန်းကလို မချောင်တော့ဘူး ဖြစ်ပြန်ကော.. လူငယ် စရိုက် အသုံးအစွဲလေး ဖြစ်ချင်ပြန်တော့ အဘိုးက ပိုက်ဆံ မပေးရင် အဘိုးဆီက မပေးတဲ့ ပစ္စည်း တိတ်တိတ်လေး ယူပြီး သုံးစွဲ ပျော်ပါးတယ်။ အဘိုးက သိတော့ စိတ်ဆိုးပြီး အိမ်ပေါ်က နှင်ချတော့ လမ်းပေါ်မှာ ပေတေလေလွင့်ပြီး ဖြစ်သလို ဘဝ နဲ့ ရင်ဆိုင်ရင် ချစ်သူ ရီးစားရပြီး အိမ်ထောင်ပြုတော့ အဘိုးကို သွားကန်တော့တယ် အဘိုးက မင်းတို့ နေစရာ မရှိရင် ငါအိမ်မှာနေ စည်းကမ်းရှိရှိနေ ငါကျွေးထားမယ် မုန့်ဖိုးတော့ ကိုယ့်ဟာကို ရှာဆိုပြီး ဆုံးမ စကား အောက်မှာ အဘိုးနဲ့ အတူနေပေမဲ့ အဘိုးအိမ်ကို အမေ လာရင် လုံးဝ လှည့်မကြည့်ဘူး စကားမပြောဘဲ နေခဲ့တယ်။ မိန်းမကိုလည်း မှာထားတယ်။ မင်း လုံးဝ အမေကို စကားမပြောနဲ့ ငါအပေါ်လုံးဝ မကောင်းဘူး မင်း သွားပတ်သတ်ရင် မင်းနဲ့ ငါ အပြတ်ဘဲ ထိုကဲ့သို့ စကားများ မှာ ထားပြီး အိမ်ထောင်သည် ဘဝ စတင်ခဲ့ပါတယ်။ မိန်းမကလည်း ယောက္ခကို လုံးဝ အဖက်မလုပ်ခဲ့ဘူး။ ဒီလိုနဲ့ နေရင်း အမျိုးထဲက ယောကျားလေးတွေ စုပြီး သင်္ကန်းစည်းကျတော့ သားရှင်တွေ အားလုံးက ငါတို့ သင်္ကန်းစည်းတာ မိခင် ဖခင် ကျေးဇူးဆပ်ချင်လို့ ကြွေးကြော်ကြတယ်။ ကိုရဲ အမေကလည်း သူ့ရဲ့ သားများ သူ့အတွက် ဝတ်ပေးမလားလို့ သွားမေးမိတဲ့ အချိန်မှာ ကိုရဲ ရဲ့ တုန့်ပြန်စကားကတော့ ကျွန်တော် အပေါ် ကျေးဇူးမရှိတော့ မဝတ်ပေးနိုင်ဘူး ကျွှေးမွေးဘူးတဲ့ ကြီးတော် အတွက် ဝတ်ပေးမှာ မိခင် ရဲ့ မျက်ရည်နဲ့ လဲခဲ့ရပါတယ်။
ဒီလိုနဲ့ နှစ်အနည်းငယ်ကြာတဲ့ အချိန် အဘိုးကလည်း သေသွားခဲ့ပြန်ပါတယ်။ ကပ်စည်းနည်းလို့ အသုံးအစွဲ သိပ်မရှိတဲ့ အတွက် ချမ်းသာတဲ့ အဘိုးကြိး သေတော့ အမွေကိစ္စ ပြသနာတွေ ဖြစ်ကြရပြန်ကော။ သူတလူ ငါတမင်း အမွေလုကြတဲ့ ပွဲမှာလည်း ပြသနာ အကြီးအကျယ် တက်ပြီး ရန်ပွဲတွေ မဆိတ်သုန်းခဲ့ပါဘူး။ အဘိုးကြီးမှာ သားသမီး ၃ယောက် ရှိတဲ့ အတွက် သားသမီး ၃ယောက် အညီအမျှ ခွဲယူခဲ့ကြပါတယ်။ အမှန်တော့ ကိုရဲ က မလိမ့်တပတ်နဲ့ အဘိုး နေမကောင်း ဖြစ်တဲ့ အချိန်မှာ အဘ်ိုးကို စာရွက်ဖြူနဲ့ လက်မှတ်ညာထိုးခိုင်းခဲ့ပါတယ်။ လက်မှတ်ထိုးထားတဲ့ နေရာမှာ သူ့ကို အိမ်နဲ့ အတွင်းပစ္စည်း အကုန်ပေးကြောင်း ရေးထားတာ ဖြစ်နေပြီး အကုန် သိမ်းရန် ကြံစည်ခဲ့ပါတယ်။ ရှေ့နေခေါ်ပြီး အိမ်နဲ့ အတွင်းပစ္စည်း သူပိုင်ကြောင်း တရားဝင် ကြေညာတဲ့ အချိန်မှာ အဘိုးကြီးရဲ့ သားဖြစ်သူ သူ့ရဲ့ ဘကြီးတော်စပ်သူက ဥပဒေ ကြောင်းနားလည် သူ ဖြစ်လေတော့ အချေအတင် စကားများပြီး သူရဲ့ အမွေပေးစာချုပ်ကြီး တရားမဝင်ဖြစ်သွားတော့ ဒေါသပုန်ထပြီး သောင်းကျန်းတော့တာပါဘဲ။ အိမ် မရတော့တဲ့ အတွက် စိတ်တိုပြီး ကျိမ်ဆဲ ခဲ့တယ်။ ဒီအိမ်ကြီးက ကျိမ်စာတွေ မိနေတယ် ဒီအိမ်နဲ့ ဆက်စပ်နေသူတွေ ဒုက္ခ ပင်လယ်ဝေပြီး သောကများပါစေ။ စသဖြင့် ကျိမ်စာတိုက်ပြီး ထွက်သွားခဲ့တယ်။
သူရဲ့ ကျိမ်စာ ကြောင့်လေလား မသိပါ။ ထိုအိမ်ကြီးနဲ့ အတွင်းပစ္စည်းကို ရတဲ့ မိသားစုတွေ ထဲမှာ မိသားစု ၁စုမှ လွဲပြီး ကျန်တာ အားလုံး မွဲပြာကျနေခဲ့ပါတယ်။ ထိုအိမ်ကြီး ကို သူ့မိခင် မောင်နှမတွေ ရောင်းပြီး အညီအမျှ ခွဲယူလိုက် ပြီးချိန်မှာဘဲ သူ့ရဲ့ ဘကြီး နဲ့ မိခင်က မရှေးမနှောင်း သေသွားကြပါတယ်။ သေသွားတဲ့ အချိန်မှာ ကြုံးဝါးခဲ့တယ် ငါကျိမ်စာ အစွမ်းပြနေပြီ တွေ့လားကွ ဆိုပြီး ပြောခဲ့တာတွေ ကြားခဲ့ရသေးတယ်။ ဒီလိုနဲ့ မိခင်သေတော့ မိခင် ကို အသိအမှတ် မပြုပေမဲ့ မိခင်ပိုင်ခဲ့တာ သူရသင့်တယ် ဆိုပြီး အမွေသွားလုခဲ့ပါသေးတယ်။ မိခင်ကို လုံးဝ အသိအမှတ်မပြုဘဲ နေခဲ့ပေမဲ့ မိခင်ကို သေတဲ့ အထိ ပြုစုသွားတဲ့ သား တစ်ယောက် နဲ့ အပြိုင် အမွေလုပွဲမှာ လွန်ဆွဲရင်းနဲ့ အညီအမျှ သဘောတူညီ ခွဲယူလိုက်ကြပုံကတော့ မိခင် ပိုင်တဲ့ နယ်က အိမ်ကို ကိုရဲ့ အကို ကို ပေးပြီးတော့ ကိုရဲ နဲ့ အမေတူ အဖေကွဲ ညီ တယောက်နဲ့ ကား တစ်စီးစီ ခွဲယူလိုက်ကြပါတယ်။ ထို အချိန်က ကားတစီး တန်ဖိုး ၂၀ဝလောက် ပေါက်ပြီးတော့ အိမ်တလုံး တန်ဖိုး ၁၃သိန်းသာ ပေါက်ပါတယ်။ အိမ်ရတဲ့ ကိုရဲ ရဲ့ အကိုတော် ကို သိန်း ၁၅ဝ နဲ့ ဖြတ်ချပြီး ညာယူလိုက်ကြပါတယ်။
မတရား ရတဲ့ ပိုက်ဆံ မတရား ကုန်တတ်တယ် ဆိုတဲ့ စကားနဲ့ အညီ ကိုရဲ ကတော့ သူအမွေရတဲ့ ကားကို အငှားကား ဆွဲစားရင်းနဲ့ ဟုတ်သလိုလို ရှိနေပေမဲ့ ခဏခဏ သူများက ဝင်တိုက်ပြီး သူကဘဲ အလျော်ပေးလိုက်ရတာ ဖြစ်ဖြစ်သွားတော့ တတိတိနဲ့ ရှီတာတွေ ပါသွားတဲ့ အချိန်မှာ ကားကို ရောင်းပြီး ဆီအရောင်းအဝယ် လုပ်ငန်း လုပ်ဖြစ်သွားရင်း ပိုက်ဆံတွေ ပြေလည် နေတဲ့ အချိန်မှာတော့ ကျားသဘာဝ အပိုးထပြီး မိန်းမနဲ့ ကွဲတဲ့ ဘဝ ရောက်တော့တာပါဘဲ။
သေသွားတဲ့ အချိန်မှာလည်း မကျွတ်လို့ ရပ်ကွက်ထဲက လူတွေ ကို လိုက်ခြောက်လို့ ရပ်ကွက်က မနိုင်လို့ တရပ်ကွက်လုံး ပရိတ်ရွတ်ပြီး အမျှဝေတာမျိုးတောင် လုပ်ခဲ့ရတယ်လို့ ကြားခဲ့ရပါတယ်။

လောကကြီးမှာ လူတွေ ဘဝ ဇတ်ခုံတွေမှာ မျောနေကြပေမဲ့ လုပ်မိတဲ့ အရာတွေက ကောင်းသလား ဆိုးသလား မဝေခွဲနိုင်ဘဲ လောဘနောက်လိုက်ရင်းနဲ့ ကံအသစ်တွေပြု ကံအဟောင်း အကျိုးပေးကုန်လို့ ကံအသစ်တွေ အကျိုးပေးချိန်မှာတော့ ကောင်းရင် ကောင်းသလို မကောင်းရင် မကောင်းသလို အကျိုးပေးတတ်တာ တကယ်ကို လက်တွေ့ပါဘဲ။ မကောင်းတာတွေ အကျိုးပေးလို့ မကောင်းတာဘဲ ကြုံနေရင်တောင် ယခု လက်ရှိ ကောင်းတဲ့ စိတ်မွေးပြီး ကောင်းအောင်နေတဲ့ အကျိုးပေးတွေ နောင်တချိန်မှာ ကောင်းစွာ အကျိုးပေးလာပါလိမ့်မယ်။
သင်ပြုသည့်ကံ သင့်ထံ ပဲ့တင်ပြန်လာလိမ့်မည်။

17 comments

  • weiwei

    March 12, 2011 at 5:41 pm

    ခေါင်းစဉ်က “အကျိုး မပေး ကောင်းတာလား” ဆိုတာကို သိပ်မရှင်းဘူး …
    အကျိုးပေး မကောင်းတာလား လို့ ရေးချင်တာလား ?

  • တညင်သား

    March 12, 2011 at 6:46 pm

    စာတပုဒ် လုံးဖတ်ပြီးသွားတယ် ဝီဝီ ပြောမှပဲ ခေါင်းစဉ် ကိုကြည့်မိတယ် ဖတ်ရတာ ထစ်နေသလားလို့

  • meelay

    March 13, 2011 at 3:47 am

    အကြောင်းမကောင်းခဲ့တာလား …. အကျိုးပေးမကောင်းတာလား … ဆိုရင် ဖတ်ရတာ အဆင်ပြေမယ်ထင်ပါတယ် …. 🙂

  • meelay

    March 13, 2011 at 3:48 am

    ကိုတညင်သားရေ … ဝီဝီ မဟုတ်ဘူး … ဝေဝေပါ …. 🙂 အသံမပီတာတော့ ဟုတ်ပါဘူးနော် … 😛

  • တညင်သား

    March 13, 2011 at 3:15 am

    မှန်တာ ပြောရရင်တော့ အင်္ဂလိပ်လို သိပ်မတက်ဘူူး အခုလိုပြောပြတာကျေးဇူးတင်ပါတယ်.. ကိုခိုင် နံမယ်လဲ ကိုကိုင် ပဲအသံထွက် တက်တယ် ရွာထဲမှာလဲ ကို ကိုင်လို့ ခေါ်တာ တွေ့ဘူးတော့ ရဲတင်းစွာနဲ့ပဲ ကို ကိုင်လို့ ၊ ဝီဝီ လို့ ခေါ်မိတယ် အဖြစ် အပျက် လေးတခုပါ ကျွန်တော် တို့ မြို့ရုပ်ရှင်ရုံ မှာ ကုလား ကား ရုံတင်တာ နံမည် က CUJO ကျွန်တော်လဲ စိတ်ထဲ ဘာတွေ တွေးမိမှန်းမသိဘူး သူငယ်ချင်းက မေးတော့ ဖြေလိုက်တယ် ဟေ့ကောင် ဒီကား တော်တော်တို တယ် ပေ၂ဝ ပဲရှိတယ်ပေါ့……….
    ကျွန်တော် ကြိုးစားပါ့မယ်.. ကျေးဇူး meelay…..

    • bigbird

      March 13, 2011 at 5:02 am

      kai= ကိုင် k= က
      khai= ခိုင် kh=ခ kin=ကင် khin= ခင် အဲ့ဒီလိုနားလည်ပါတယ်။
      သူကြီးက သူကြီးပီပီ ပညာသားနဲ ့ရေးထားတော့ နောက်လူတွေက ဘယ်လို
      အသံထွက်ရမှန်းမသိဖြစ်နေကြတယ်။သူကြီးကိုယ်တိုင်ရှင်းပြမှတော်ရာကြလိမ့်
      မယ်ထင်ပါတယ်။

    • weiwei

      March 13, 2011 at 5:47 pm

      wei ကို ဝေလို့ အသံထွက်ပါတယ် … kai ကို ခိုင်လို့ အသံထွက်သလိုပေါ့ … ဗမာနဲ့တော့ မတူဘူး … နိုင်ငံခြားသားတွေ အသံထွက်တတ်အောင် စာလုံးပေါင်း နဲနဲပြောင်းထားလိုက်ခြင်းဖြစ်ပါတယ် …

  • ယောလေး

    March 13, 2011 at 4:30 am

    ဖတ်လို့တော့ ကောင်းတယ် ကြောက်လဲကြောက်သွားတယ်….
    မီးလောင်ခံရဖို့တော့ တစ်ခါမှကိုမတွေးဖူးဘူးး

  • kai

    March 13, 2011 at 6:03 am

    မီးလောင်ခံရရင်..လုပ်ရမဲ့… အစီအစဉ်တွေရှိပါတယ်..။ တိုးတက်တဲ့နိုင်ငံတွေမှာ .. အဆင့်တွေခွဲပြီးကို သတ်မှတ်ထားပါတယ်..။
    ဆရာဝန်မေးရင် ပိုသိသာတာပေါ့..။
    အခုဟာက… ဘေးမှာဆေးပညာနားလည်သူမရှိ..။ ရပ်ကွက်မှာ အခြေခံကျမ်းမာရေး ဝန်ဆောင်ပေးရမယ့်သူမရှိ.. အရေးပေါ်ကားမရှိ….မရှိ..မရှိ..တာတွေကြောင့်လို့ ..မသေသင့်ပဲ… သေရတယ်မှတ်ပါတယ်.။
    သေခါနီးမှာ… သူအသေခံယူခဲ့တဲ့..ငွေတွေထဲက .. နံပါတ်ကျန်တဲ့ငွေတွေကို… ဘဏ်မှာ ငွေပြန်ထုတ်ဖို့လျှောက်ခိုင်း. သူရှာခဲ့တဲ့ငွေတွေထဲက..တန်ဖိုးတခုလောက်ကို.. ရပ်ကွက်ထဲ.. ကြက်ခြေနီအဖွဲ ့ တည်ထောင်ဖို့မတည်ပေးခဲ့ရင်… နောင်သူလို မီးလောင်ခံရလို့.. အသက်ဆုံးတဲ့အထိ ဖြစ်မဲ့လူတွေအဖြစ်နည်းသွားမှာပါ..။
    အနည်းဆုံးတော့… အောက်ကပြထားတဲ့စာကို မြန်မာလိုဘာသာပြန်ပြီး အသုဘမှာ ..လက်ဆောင်ကမ်းပေးဖို့.. ငွေပေးသွားနိုင်တာပေါ့..။
    အခုတော့…
    ==
    လောကမှာသူ့ထက်ရက်စက်ပြီး.. လောဘကြီးကြီးနဲ့ငွေတွေ..သန်းချီယူထားတဲ့သူတွေရှိပါတယ်…။
    ကျမ်းမာချမ်းသာ..ဘုန်းကြီး..အသက်ရှည်လို့….။
    ဆိုတော့..
    လူငယ်တွေ..လက်တွေ့ကျကျ… စဉ်းစားဆုံးဖြတ်ကြဖို့ပါပဲ..။
    ရှေး ဂွမ်တိ..ဂွမ်တီးက.. အယူအဆ..အတွေးအခေါ်တွေထဲ.. နစ်မနေကြစေချင်ပါ..။
    ၂၁ ရာစုရောက်နေပါပြီနော..။
    =================
    kai ကို ..ခိုင်လို့..ယူအက်စ်မှာရော..ဂျပန်မှာရော..လူတွေ အသံထွက်အမှန်ခေါ်နိုင်ပါတယ်..။
    カィ= Kai = ခိုင်
    မြန်မာလိုတော့ … လုပ်မနေပါနဲ့နော…။
    ရောမန်စာနဲ့..အသံထွက်လို ..မြန်မာစာက စံညွှန်းတိတိကျကျမရှိတော့ … အကုန်ပေါက်တတ်ကရတွေချည်းပဲ..။
    ဥပမာ.. အခုရိုက်နေတဲ့ဖွန့် Zawgyi ကိုပဲ..မြန်မာလို အသံထွက်ကြည့်..
    ခိုင်ဆိုရင်လည်း.. Khaing, Khine တဲ့..
    ရှေးက.. Mg Ngwe Gaing ကို အင်္ဂလန်မှာ .. အမ်ဂျီ နဂွီး ဂိုင်း လို့အခေါ်ခံရဖူးတယ်..။
    ပန်းချီဆရာကြီး ဦးငွေကိုင် ပေါ့..။

    =================
    First Aid For Burns – Cold and Hot
    by Glen Moyer

    “Ouch!”
    In the movie E.T. the Extra-terrestrial, the film’s main character, E.T., delivers this one-word line with a pnash that only someone from another planet could manage. And to take care of the “ouch” required only the gentle touch of a softly glowing fingertip. But for us mere mortals, taking care of an “ouch” can be a bit more difficult.

    Propane Freezes
    Liquid propane vaporizes quickly and will cause extreme frostbite if it touches your body. One of the greatest dangers during refueling operations is the possible contact between your skin and propane. Should this occur take the following steps.

    Place the victim in a warm area as soon as possible to allow the injured area to warm gradually. If the area warms to rapidly, further damage may result to the tissue.

    Gently cover or drape the injured area with a clean dressing (sheet, etc.).

    To relieve pain, you can immerse area in water that is neither hot or cold, but a neutral temperature (100-105�F).

    If possible, have the victim gradually begin to exercise the injured area.

    Give the victim warm liquids (non-alcoholic).

    Do not expose the injured area to excess heat or cold such as heat lamps, hot water, snow, or ice.

    Seek immediate medical assistance.

    Heat and Fire
    Being surrounded, as we balloonists are, by a flammable liquid and a burner designed to produce millions of BTU’s, the odds are that at one time or another we may fall victim to a burn. It may be from accidentally brushing against hot burner coils, possibly from an on-board fire, or even a refueling flashfire. Whatever the cause, proper first aid can be key to a complete recovery regardless of the severity of the burn.

    Burns are classified by degrees of severity as either a 1st, 2nd or 3rd degree burn. The characteristics of each are as follows:

    1st – reddened skin with mild swelling and pain
    2nd – blisters on red, streaked, or blotchy skin with swelling, a moist oozing surface and pain
    3rd – white or charred skin, often with little or no pain because of nerve damage

    Medical experts judge the severity of burns based on the layers of skin destroyed. Human skin is divided into four layers. The epidermis or outer surface area, the dermis where our hair follicles are rooted, an underlying fat layer and finally the muscle and bone.

    Typically a first degree burn simply reddens the outer skin layer, the epidermis. A sunburn is typical of this type of burn or it may also be caused by brief contact with a hot object.

    First aid for a 1st degree burn includes cooling the skin by immersing it in cool water or applying clean, cool compresses. Pain can be treated with aspirin. An aloe vera ointment may also be applied to cool the skin and help prevent blistering.

    A second degree burn will usually involve the underlying dermis skin layer. This results not only in a reddening of the skin, but the body will also release fluids which cause blisters. Common causes of this type of burn are deep sunburns, prolonged contact with hot objects, scalding with hot liquids and steam, and flash burns from flammable liquids.

    Medical attention should be sought for care of blisters from any second degree burn. Cold water or compresses (do not use ice) will again help relieve pain. If the burn area is small enough you can immerse it in water or hold it under a running tap (not so forceful that it causes pain or breaks blisters). If the second degree burn covers more than 10-percent of the body i.e. an entire leg or back, immediate medical attention should be sought for care of blisters and for advice on how to relieve pain, protect against infection and guard against dehydration. Third degree burns involve actual destruction of all layers of skin and may require skin grafts to heal. Because nerve endings have been destroyed there may be little or no pain.

    Third degree burns are usually caused by fire or electrical shock (powerline contact). IMMEDIATE MEDICAL CARE SHOULD BE SOUGHT FOR ALL 3RD DEGREE BURNS. ALSO BE PREPARED TO TREAT THE VICTIM FOR SHOCK. If the burned area is small, less than 2 inches across, cold water may be applied. This will cool the area and cleanse it. However, with any larger burn, do not use cold water. Because the body will release fluids and form blisters, the application of cold water could cause too-sudden cooling and increase the severity of shock. Cover the burned area loosely with a lean dressing (gauze, handkerchief, shirt, etc.) and transport the victim to medical help immediately.

    Finally, NEVER apply home remedies, butter, pain relief medication, creams, ointments or sprays without a doctor’s direction. These often must be painfully scraped from the burn before medical personnel can treat the burn.

    Shock can be an almost immediate complication from any burn, and especially from a serious burn. The principle cause of what we call “shock” is a sudden decrease in blood pressure. Symptoms that the burn victim may be going into shock include pale, cold and clammy skin. Eyes will become dull and lackluster while the pulse is rapid and weak. Breathing may also be irregular and labored.

    To treat for shock keep the victim lying down. If on the ground, elevate the lower extremities, so long as this will not aggravate any injuries. You may also need to elevate the head and shoulders slightly, but be sure there are no accompanying head injuries as these may also involve spinal damage and the victim should not be moved.

    Assure adequate breathing and keep the patient’s airway clear of obstructions. Keep onlookers away and if available, administer oxygen. Loosen tight clothing around the neck, chest and waist for easier breathing and circulation.

    You should also keep the victim warm and dry by wrapping in blankets, clothes or other available materials. These should be placed under the victim as well as on top. Remember however that the objective is to maintain a body temperature as near to normal as possible, not to add heat.

    Finally don’t forget the victim’s emotional well being as well as their physical. Calm and reassure them. Never ask about their injuries and keep curious onlookers away.

    The American Red Cross and other health organizations offer a variety of first aid classes to the public. If you or someone on your crew is not trained in first aid you might consider training of this type.

  • kopauk mandalay

    March 13, 2011 at 12:20 pm

    kai ဆိုတာ ကိုခိုင်ဆိုတာသိပါ့ရဲ့
    မိတ်ဆွေမို့ နာမည်ပြောင်နဲ့ ကိုကိုကိုင်လို့ခေါ်တာပါဗျိုး

    အကြောင်းမကောင်းတာလား? အကျိုးပေးမကောင်းတာလား?
    ဒါဆိုရင်လှသွားပြီ ဖတ်ရတာ

  • manawphyulay

    March 13, 2011 at 1:30 pm

    ခေါင်းစဉ်နဲ့ ဘဝသမိုင်းကြောင်းက မလိုက်ဖက်ဘူးနော်။ အကျိုးပေးမကောင်းတာ မဟုတ်သလို အကြောင်းမကောင်းတာလည်းမဟုတ်ပြန်ဘူး။ ဘဝဆိုတာ ကိုယ်ပြုသော ကံ ကိုယ်ထံပြန်ဆိုသလိုပဲ။ ကောင်းမှုလုပ်ရင် ကောင်းတာ ခံစားရမယ်၊ မကောင်းမှုလုပ်ရင် ဘဝမကူး ဝဋ်ခံစားတတ်တယ်လို့ မြင်မိပါတယ်။ ဒီတော့ အကျိုးပေးကောင်းရဲ့သားနဲ့ ကိုယ့်ရဲ့ မကောင်းမှုပြုတဲ့ဒဏ်တွေက လာပြန်ထိတော့လည်း အကြောင်းတရားက မကောင်းပြန်ဘူးဖြစ်သွားရတာပေါ့……………

  • ဆူး

    March 13, 2011 at 1:32 pm

    ပိုစ် ခေါင်းစဉ် နာမည် အားလုံး အကြံပေးတဲ့ အတိုင်း ပြောင်းလိုက်ပါပြီ။

  • ဆူး

    March 13, 2011 at 1:43 pm

    မီးလောင်တဲ့ လူအတွက် ဖောင်ဒေးရှင်း လုပ်သင့်တာတော့ အမှန်ပါဘဲ။
    ဒီမှာတော့ ကြားမိတာ မီးလောင်တဲ့ လူတွေ ဆိုရင် ငှက်ပျောရွက် ပတ်ပေးထားတယ်။ အရွက်ကလေး နွမ်းသွားရင် လဲလဲ ပေးတာတွေ့မိတယ်။
    အဲဒီတုန်းက မီးလောင်တာ တော်တော် ကြီးတယ်လို့ သိရတယ်။ မီးလောင်တဲ့ လူ ဆေးရုံ ရောက်တဲ့ အထိ မီးမငြိမ်းသေးပါဘူး။ လောင်စာတွေ ဘုန်းဒိုင်း ဆိုပြီး ပေါက်နေတာ..အနားက အိမ်တွေ မီးကူးမှာ စိုးရိမ်နေသလို မီးကလည်း ငြိမ်းလို့ မရဘဲ ရေဘယ်လောက် ပက်ပက် တအားကြီးကြီး လောင်နေတာ.. မီးသတ်လည်း မနိုင်ဖြစ်နေကြတယ်။ မီး အပူရှိန် မြင့်လို့ အနားလည်း ဘယ်သူမှ မကပ်နိုင် ဖြစ်နေကြတာ နောက်ဆုံး အဲဒီ နဲ့ မလှမ်းမကမ်းက မြောင်းကြီး တခုထဲက ရွံ့ဘွက် အရည်တွေ နဲ့ မြို့ခံတွေ ဝိုင်းပက်မှ လုံးဝ ငြိမ်းသွားတယ် ပြောတယ်။
    အဲဒီ မြို့မှာ ကားပိုင် ဆိုတာ သိပ်မရှိဘူး ဆေးရုံနဲ့ မီးလောင်တဲ့ နေရာက မြို့ရဲ့ တောင် နဲ့ မြောက် လို ဖြစ်နေတယ်။
    အဲဒီ ဆေးရုံမှာလည်း ကားရှိပုံ မပေါ်ဘူး။
    တခုခု ဆို အထမ်းနဲ့ ဆိုက်ကားနဲ့ သွားနေကြတာ တွေ့မိတယ်။
    ဒါတောင် ခေတ်မှီလာလို့ ဆိုင်ကယ်နဲ့ အမြန်သွားနိုင်တာ.. မဟုတ်လို့တော့.. အထမ်းစင်နဲ့ သွားနေရမယ်။
    အသားကို ရေလောင်းပြီး ချက်ချင်း လေတိုးရင် အသားတွေ ပဲ့ထွက်တတ်မှန်း မသိတာလည်း ပါလိမ့်မယ် သိရင် သုံးဘီးဆိုင်ကယ်တွေ နဲ့ သွားမှာပါ။

  • manawphyulay

    March 13, 2011 at 2:26 pm

    ကြက်ခြေနီသင်တန်းတွေမှာ အဲဒါတွေလည်း ကွင်းဆင်း ဟောပြောပို့ချသင့်တယ်ထင်တယ်နော်…. ဒါမှ ရှောင်ဖို့ ပိုလွယ်မှာပေါ့။

  • unclegyi1974

    March 13, 2011 at 4:01 pm

    လူတွေကိုယ်လုပ်သမျှဖြစ်တယ်ထင်နေကြတာ
    ဖြစ်နေတုန်းမာနတလူလူနဲ့
    ကျပြီဆိုဘယ်သူမှမကယ်နိုင်အောင်ဖြစ်တတ်တာ
    သဘာဝပါ
    နောက်ပြီးကိုယ်တွေ့အပွဲပွဲနွှဲပြီးသားအပူလောင်
    ဆေးမြီးတိုတခုပြောပြပါမယ်
    အခုလောက်အကြီးအကျယ်တော့မစမ်းဖူးသေး
    ဖူးဆိုတာကြိုပြီးဝန်ခံပါတယ်
    ဆေးနည်းကလွယ်ပါတယ် ကွမ်းရွက်နဲ့သကြားပါ
    အပူလောင်တဲ့နေရာကိုလိုက်ပြီးကွမ်းရွက်နဲ့သကြား
    ကိုထောင်း၍ဖြစ်စေ ကြိတ်၍ဖြစ်စေအပူလောင်တဲ့
    နေရာပေါ်အုံပေးပါ
    ပူနေတဲ့နေရာချက်ချင်းအေးသွားပါမယ်
    ခဏနေရင်ခြောက်သွားပါမယ်နောက်တဖက်
    လှည့်ပြီးပြန်အုံပါ ခြောက်သွားရင်နောက်အသစ်
    ပြန်လုပ်ပြီးအုံပေးပါ အပူလောင်တဲ့နေရာကမပူ
    တော့တဲ့အထိအဝတ်နဲ့စည်းထားပါ
    အပူလောင်နေရာရေကြည်ဘုတောင်မထွက်ပဲ
    အနာတဖြည်းဖြည်းခြောက်သွားပါမယ်
    ယုံကြည်စွာစမ်းသပ်သုံးစွဲနိုင်ပါကြောင်း

  • ဆူး

    March 13, 2011 at 4:35 pm

    အပူလောင် နာ အတွက် ဆေးမြီးတို ပေးတာ ကျေးဇူးတင်ပါတယ် မှတ်သားထားပါ့မယ်။
    ဆေးမြီးတို ဆိုလို့ တရုတ်ပြည် သွားတော့ ဆေးဆိုင်တစ်ဆိုင်ကို လေ့လာရေး အမှန်တော့ ရောင်းချင်လို့ ခေါ်သွားတာပါ။ ဆေးဆိုင်မှာ ကျကျ နန ထိုင်ခုံတွေ နဲ့ ထိုင်ခိုင်းပြိး ဆေးတွေ အစွမ်းထက်ပုံကို စကားပြောပြီး ရှင်းပြတယ်။ တီဗွီနဲ့ လည်း ပြတယ်။ နောက်တခု ထူးခြားတာ တခုကတောာ့ ကောင်မလေး ၂ယောက် မီးဖို ကြီး တခုကို ဘီးတပ်ထားတဲ့ စင်တခုပေါ်တင်ပြီး ယူထွက်လာတယ် မီးကတော့ ရဲနေတာဘဲ အဲဒီ အထဲကို သံကြိုး အတုတ်ကြီး တချောင်း ထည့်လိုက်တယ် သံကြိုးက မီးစွဲပြီး နီ လာတော့ ရှင်းပြတဲ့ မိန်းမကြီးက သံကြိုး ကို လက်နဲ့ ကိုင်ပြတယ် သူ့လက်ဝါး တခုလုံး အပူကြောင့် နီရဲပြီး သွေးချေဥ သလို ဖြစ်နေတာကို လူတကာ လိုက်ပြတယ် ပြီးတော့ သူကြော်ညာနေတဲ့ ဆေးလူးပြီး ခဏနေတော့ လက်သုတ်လိုက်တော့ လက်က အကောင်းအတိုင်းဘဲ။ ဆေးဘဲ စွမ်းတာလား မသိတဲ့ လျှို့ဝှက်ချက်ဘဲ ရှိတာလားတော့ မသိဘူး။
    မီးဖို့ကလည်း အစစ် သံကြိုးကလည်း အစစ် လူတွေကို လိုက်စစ်ခိုင်းတယ် ကိုင်ကြည့်တာတော့ အစစ်ပါဘဲ။
    အပူကို လက်နဲ့ တို့တဲ့ အချိန်တော့ အပူဒဏ် ခံနေရတဲ့ပုံဘဲ မျက်နှာ ရှုံ့မဲ့သွားတယ်။ ပြီးတော့ အပြုံးမျက်နှာနဲ့ ဆေးတို့ပြီး ကောင်းသွားကြောင်း လိုက်ပြတယ်။

  • maungmoenyo

    March 13, 2011 at 11:30 pm

    မောင်မိုးညို တို့ ရဲ့ ငယ်စဉ်ကဆရာမ ဖြစ်ခဲ့ဘူးတဲ့ သားဖွားမီးရပ်အထူးကုလဲဖြစ်တဲ့ ဒေါက်တာဒေါ်တင်စိုး ဝန်ခံသွားဘူးတဲ့ ဖြစ်ရပ်ကလေးပါ။ မန္တလေသင်္ကြန်တခုကိုအရောက်မှာ မြို့မရေသဘင်အဖွဲ့ရဲ့ ဆိုင်းဘုတ်ကို ဖတ်ပြီး သူတော်တော်အူကြောင်ကြောင်ဖြစ်သွားမိတယ်ဆိုဘဲ။ သားအိမ်အလုံးရောဂါတမျိုးဖြစ်တဲ့ “မိုင်ယိုးမား” Myoma ကို ဒီအဖွဲ့က ဘယ်နှယ့်လုပ်သိသွားပါလိမ့်လို့….။

Leave a Reply