မိတ်ဆွေအတုအယောင် လေးယောက်

manawphyulayMarch 18, 20111min1658

(၁) မိမိထံမှပစ္စည်းငွေကြေးကို ယူပဲယူ တတ်သူ ၊ ပြန်မပေးတတ်သူ။
(၂) လက်တွေ့မပါ စကားနဲ့ပဲ ပေးတတ်သူ။
(၃) မှန်မှန် မှားမှား အကြိုက်ကိုပဲ လိုက်ပြီးပြောတတ်သူ ။
(၄) ဘဝပျက်စီးကြောင်းတွင် အပေါင်းအသင်းဖြစ်သူ။

(၁) ယူပဲယူတတ်တဲ့ မိတ်ဆွေရဲ့သဘောသဘာဝမှာ…..
မိမိကိုနည်းနည်းပေးပြီး မိမိဆီက များများပြန်ရချင်တယ်။
သူ့အတွက်ဘေးဒုက္ခရောက်မှ ကိုယ့်ကိုသတိရတတ်တယ်။
သူ့ကိုကျိုးအတွက်ပဲ ပေါင်းသင်းတယ်။
(၂) စကားနဲ့ပဲပေးတတ်တဲ့ မိတ်ဆွေသဘာဝ
လွန်ပြီးတဲ့အရာနဲ့ ချီးမြှောက်တယ်။
မဖြစ်သေးတဲ့အရာနဲ့ ချီးမြှောက်တယ်။
အချီးအနှီးဖြစ်တဲ့ လောကွတ်စကားနဲ့ ချီးမြောက်တယ်။
ဖြစ်ဆဲကိစ္စ၌ ပျက်စီးခြင်းကိုပြတယ်

(၃) အကြိုက်ကိုလိုက်၍ပြောတတ်တဲ့ မိတ်ဆွေသဘာဝ……..
မကောင်းမှုလုပ်တာကိုလဲ ခွင့်ပြုတယ်။
ကောင်းမှုလုပ်တာကိုလဲ ခွင့်ပြုတယ်။
မိမိရှေ့တွင် မိမိကို ချီးမွမ်းပြောဆိုတယ်။
မိမိကွယ်ရာတွင် မိမိမကောင်းကြောင်းကိုပြောတယ်။

(၄) ပျက်စီးကြောင်းတွင် အပေါင်းအသင်းဖြစ်သူမိတ်ဆွေ…….
သေရည်အရက်သောက်တဲ့အခါမှာ အပေါင်းအသင်းဖြစ်တယ်။
အချိန်မခါမဲ့ လည်ပတ်တဲ့အခါမှ အပေါင်းအသင်းဖြစ်တယ်။
လောင်းကစားလုပ်တဲ့အခါမှာ အပေါင်းအသင်းဖြစ်တယ်။

8 comments

  • manawphyulay

    September 22, 2011 at 3:37 pm

    ဘယ်သူ ပိုများလဲဆိုတာ ပြောပြပေးကြပါဦး…..

  • chitsu

    September 22, 2011 at 3:52 pm

    ရှိတော့ရှိမှာပေါ့နော်

  • TTNU

    September 22, 2011 at 4:25 pm

    သူငယ်ချင်းအသစ်တစ်ယောက်ရပြီတိုင်း မနောဖြူလေးရေးထားတဲ့ ပေတန်၄ချောင်းသုံးပြီး စဉ်းစားရမယ်။ နံပါတ်
    (၁) နဲ့ (၂) တွေ များမယ်ထင်ပါတယ်။

    • manawphyulay

      September 23, 2011 at 11:07 am

      လေးခုလုံးသာ ပိုင်ဆိုင်နေရင် ဒီလိုကို ဝေးဝေးရှောင်ထားတာ အကောင်းဆုံးပါပဲ တီတီနုရေ….

  • Shwe Ei

    September 22, 2011 at 5:35 pm

    မကောင်းမှန်းသိပေမဲ့ အလုပ်ကြောင့် လူမှုရေးကြောင့် ပတ်သတ်နေရတာတွေ ရှိတာပါဘဲ။ ဂရုစိုက်ပီးပေါင်းရတာပေါ့။ မိတ်ဆွေစစ်က မရှိတာတော့မဟုတ်ဘူး လက်ချိုးရေလို့ရအောင် ရှားတယ်။

  • etone

    September 23, 2011 at 2:31 pm

    ဟန်ဆောင် ရုန်းကန်နေရတဲ့ လောကကြီးမှာ … နံပါတ်သုံးလို လူစားတွေချည်းများမယ်ထင်တယ် … ။ အဲ့လူတွေကို တနည်းအားဖြင့် သာပေါင်းညာစားလို့လည်း ခေါ်တယ် … နောက်ကွယ်မှာ အန္တရာယ်ပေးဖို့ အသင့်ရှိနေတတ်သူမျိုးပေါ့ .. ရှေ့မှာတော့ … ပါတနာအဖြစ်နေပြတတ်တယ် … ။ 🙄

  • lulaymg

    September 23, 2011 at 5:41 pm

    အမှန်တစ်ကယ်ကတော့ မိတ်ဆွေစစ် မိတ်ဆွေ မှန်ဆိုတာ ဘဲဥ အစရှာရသလို ခက်ခဲလှပါကြောင်း ။

  • winer

    September 23, 2011 at 6:30 pm

    ရှိတော့ရှိပါသည်
    ရှားပါမည်

Leave a Reply